← Chapters

ဂရုတစိုက်ကြည့်။ ဆရာမင်းကို တစ်ကြိမ်ပဲ ပြပေးမှာ

Vol. 34 Ch. 501

ဂရုတစိုက်ကြည့်။ ဆရာမင်းကို တစ်ကြိမ်ပဲ ပြပေးမှာ

Vol. 34 Ch. 501

ချီမင်ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူဖြစ်ကာ ဒီဗိုင်းအလင်းဖြာခန္ဓာကို ပိုင်ဆိုင်ထားပြီး ကောင်းကင်လူသားကြီးအဆင့်နှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် သိုင်းသမားများကို သတ်ဖြတ်ခဲ့သည့် နာမည်ကျော်ကြားသော ပါရမီရှင် လုရှင်ထင်းသည် ယခုအချိန်၌ အခြားသိုင်းသမားများ၏ မျက်လုံးထဲတွင် သူသည် ဟိတ်ဟန်ကင်းမဲ့စွာဖြင့် ဒေါသတကြီး ရန်သူကို အနိုင်ယူလိုနေသည့် လူပြက်တစ်ယောက်သဖွယ် ဖြစ်လာခဲ့သည်။

တစ်ဖက်ရှိ ရွှီယန်မှာတော့ တည်ငြိမ်ရင့်ကျက်သည့် အသွင်အပြင်ဖြင့် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ မောက်မာစွာ ရပ်နေသည်မှာ နိမ့်ကျသည့် အရာတစ်ခုအား ခေါင်းငုံ့ကြည့်နေသည့်နှယ် ရှိသည်။

ချီမင်ဂိုဏ်း၏ ဒုတိယအကြီးအကဲက ခံစားချက်အား ထုတ်ဖော်ပြောကြားခဲ့သည့် သိုင်းသမားကို သတ်ဖြတ်ခဲ့လေသည်။ ထို့ကြောင့် ကျန်ရှိသည့် သိုင်းသမားများမှာ နှုတ်ဖြင့်ပြောကြားရဲခြင်း မရှိကြတော့ပေ။ သို့ပေမယ့် အတွေးများမှာတော့ တူညီနေဆဲရှိ၏။

စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများပင်လျှင် တူညီသည့် သံသယတို့ ဝင်လာခဲ့သည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ကျူ့လျန်တို့ အဖွဲ့မှာလည်း ဤသည်မှာ ပေါက်ကရနိုင်လွန်းသည်ဟု ခံစားရ၏။

သူတို့သည် မိမိ၏အတွေးများကို တစ်စွန်းတစ်စမျှ ထုတ်ဖော်ပြောကြားရဲခြင်း မရှိကြဘဲ လေးနက်သည့်အသွင်ဖြင့်သာ ရှိနေကြ၏။

ရွှီယန်သည် ယခုမျှ မောက်မာနေသည်မှာ သူ့တွင် အားကိုးစရာတစ်ခုခု ရှိ၍လား။ ဤသည်က ချီမင်ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူ လုရှင်ထင်းသည် သူ့ထက် နိမ့်ကျသည်ဟု မဆိုလိုပေဘူးလား။

"မဟုတ်ဘူး..."

"လုံးဝမဖြစ်နိုင်ဘူး.."

ရွှီယန်သည် ဒီအတိုင်း ဟန်ဖို့နေခြင်းသာ ရှိ၏။ ဟန်ဆောင်ပန်ဆောင်နှင့် မောက်မာပြနေခြင်းသာ ရှိသည်။

"သတိထား... ရွှီယန် ဉာဏ်များနေတာဖြစ်မယ်... လုရှင်ထင်းကို ချောင်းမြောင်းတိုက်ခိုက်ဖို့အတွက် ပိုပြီးသန်မာတဲ့ရန်သူ ပုန်းအောင်းနေလောက်တယ်.."

ကျူ့လျန်က ချီမင်ဂိုဏ်း၏ ဒုတိယအကြီးအကဲဆီသို့ လေးနက်စွာ လှမ်းပြောသည်။

"ငါစောင့်ကြည့်ထားလိုက်မယ်.."

ဒုတိယအကြီးအကဲက အေးစက်စွာ ဖြေကြား၏။ သူ၏ ဒီဗိုင်းဝိဉာဉ်ခွန်အားအား အရပ်မျက်နှာ အားလုံးတို့ဆီသို့ ဖြန့်ကျက်လိုက်၏။ တိုက်ပွဲပြင်၏ အစိတ်အပိုင်းအတိုင်းကို လွှမ်းခြုံသွားသည်။ သူ၏စောင့်ကြည့်မှုမှ မည်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

တစ်ယောက်ယောက်သာ လှုပ်ရှားမှုပြုလုပ်ကာ လုရှင်ထင်းကို သတ်ဖြတ်ဖို့ ကြိုးစားပါက အရင်ဆုံးသူ့ကို ဖြတ်ကျော်ရန် လိုအပ်မှာ ဖြစ်သည်။

ထို့အပြင် သူသည် မကြာသေးခင်က အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စေခြင်း ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်ခဲ့သဖြင့် ယုံကြည်ချက်တို့ အပြည့်ရှိနေ၏။

"ရွှီယန်... နိမ့်ကျတဲ့ကောင်... ငါရှေ့မှာများလာပြီး မောက်မာရဲတယ်။ သေလိုက်တော့.."

လုရှင်ထင်းက အော်ကာ ကောင်းကင်ကို ဖြတ်သန်းပြီး သူ၏လှံကို လွှဲရမ်းလိုက်သည်။ ရွှီယန်မှာ လက်နှစ်ဖက်ကို နောက်သို့ပစ်ထားဆဲရှိပြီး သူ၏ပုံစံက ထူးမခြားနားစွာ ရှိနေ၏။

သို့ပေမယ့် ရုတ်တရက် လေတိုးသံများနှင့်အတူ မြက်ပင်များ၊ သစ်ပင်များ၊ သဲများနှင့် ကျောက်တုံးများအားလုံး လွင့်ပျံလာခဲ့သည်။ အားလုံးတို့သည် ထက်မြသည့် ဓားများအဖြစ် ပြောင်းလဲသွားကြ၏။

"ကောင်းကင်နဲ့ ကမ္ဘာမြေက အရာအားလုံးက ငါ့ရဲ့ဓားပဲ..."

"ဒါကဘာလဲ..."

"ငါလဲမသိဘူး.."

"အုန်း.."

သိုင်းသမားများ၏ အံ့ဩနေသည့် အကြည့်များအောက်တွင် ပတ်ဝန်းကျင်ရှိ မြက်များနှင့် သစ်ပင်များသည် အမြစ်ကျွတ်လာပြီး ဓားများအဖြစ် ပြောင်းလဲသွားခဲ့၏။ ဓားအလင်းက အရပ်မျက်နှာအားလုံးတို့ဆီသို့ လင်းလက်လာခဲ့သည်။

"သေသေချာချာကြည့်... ဓားတာအိုဆိုတာ ဒါကိုပြောတာ.."

ရွှီယန်က မောက်မာစွာ ပြောသည်။

သူသည် လှုပ်ရှားမှုတစ်စုံတစ်ရာ ကင်းမဲ့ပေမယ့် တစ်ဖက်တွင်တော့ သစ်ပင်များ၊ မြက်များဖြင့် ပြုလုပ်ထားသည့် ဓားများသည် ထူးခြားဆန်းကြယ်စွာ ထက်မြလာခဲ့သည်။

ထောင်နှင့်ချီသည့် ဓားများသည် တိုက်ခိုက်လာခဲ့သည့် လုရှင်ထင်းဆီသို့ လှိုင်းတစ်ခုသဖွယ် ပြေးဝင်သွား၏။

"နိမ့်ကျတဲ့ အကွက်တွေ.."

လုရှင်ထင်းက ကျယ်လောင်စွာ အော်လိုက်ပြီးနောက် ရွှေရောင်အလင်းက တောက်ပလာကာ သူ၏လှံကို ဝှေ့ရမ်းပြီး စွမ်းအားကြီးမားသည့် တိုက်ခိုက်မှုကို ထုတ်ဖော်၏။ ဝင်ရောက်လာနေသည့် ဓားအလင်းလှိုင်းများကို ဆက်တိုက်ဖျက်ဆီးသည်။

သူသည် ပါးစပ်ကသာ အထင်သေးစွာ ပြောနေပေမယ့် စိတ်ထဲတွင်တော့ ထိတ်လန့်နေမိ၏။ ဤသည်မှာ မည်ကဲ့သို့သော ဓားပညာမျိုး ဖြစ်သနည်း။

"အံ့သြဖို့ကောင်းလွန်းတယ်... ဒါက အံ့သြဖို့ကောင်းလွန်းတယ်... ဘယ်လိုသိုင်းပညာမျိုးလဲ... သူဒီလောက်မောက်မာနေတာ အံ့သြစရာမရှိဘူး.."

ချွေဟွားယွီမှာ အံ့သြသွား၏။ ရှိနေကြသည့် သိုင်းသမားများ အားလုံးမှာလည်း ပြောစရာစကား မဲ့နေကြသည်။

ဒီအချိန်၌ သူတို့၏စိတ်ထဲတွင် အတွေးတစ်ခု ပြေးဖြတ်သွားခဲ့၏။ ငါသာ ထိုကဲ့သို့သော ဓားသိုင်းပညာမျိုး ရှိပါက တူညီစွာ မောက်မာလောက်မှာဟူ၍ ဖြစ်သည်။

"အဘိုး... အဲ့ဒါက ဘယ်လိုဓားသိုင်းမျိုးလဲ.."

ယွဲ့အာက အဘိုးဖြစ်သူကို အံ့သြစွာကြည့်သည်။ ဒီအချိန်၌ အဘိုးဖြစ်သူမှာလည်း အံ့ဩနေ၏။ သူ၏မျက်လုံးများက ပြူးကျယ်နေပြီး မျက်နှာမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နက်နေပါသည်။

"အဲ့ဒါက ဓားလမ်းစဉ်လား။ မြက်တွေ၊ သစ်ပင်တွေ၊ သဲတွေ၊ ကျောက်တုံးတွေ အားလုံးကို ဓားအဖြစ် အသုံးပြုနိုင်တယ်။ ဘယ်လိုဖြစ်နိုင်မှာလဲ.."

သူသည် စွမ်းအားကြီးမားသည့် ဓားပညာကျင့်ကြံသူ တော်တော်များများကို မြင်ဖူးခဲ့သည်။ သို့ပေမယ့် မည်သူ့တွင်မှ ယခုကဲ့သို့ ကြောက်စရာကောင်းသည့် ဓားပညာမျိုး ပိုင်ဆိုင်ထားခြင်းမရှိပါ။

အရာအားလုံးကို ဓားတစ်ခုအဖြစ် ပြောင်းလဲသည်လား။ ထိုကဲ့သို့သော အရာမျိုးကို ကြားဖူးခြင်းပင်မရှိပေ။

"သေလိုက်တော့.."

လုရှင်ထင်းမှာ အလွန် ဒေါသထွက်နေ၏။ သို့ပေမယ့် သူ၏ကျင့်စဉ်ကို မည်မျှပင်အသုံးပြုကာ ဒီဗိုင်းအလင်းဖြာခန္ဓာအား မည်မျှပင် အသက်သွင်းထားစေကာမူ ဓားလှိုင်းဆီမှ ရုန်းထွက်မရနိုင်ဘဲ ရှိနေ၏။

"ဒီကောင်က သေကိုသေရမယ်.."

ကျူ့လျန်နှင့် အခြားလူများ၏ မျက်နှာများပေါ်၌ အကြောက်တရားတို့ ပေါ်လာကြသည်။ ရွှီယန်သာ သေဆုံးခြင်းမရှိပါက သူတို့အနေနှင့် စိတ်မသက်မသာ ခံစားနေရမှာဖြစ်သည်။ တစ်နေ့တွင် တစ်ဖက်လူ၏ လက်ထဲ၌ သေချာပေါက်သေဆုံးရမည် ဖြစ်၏။ အရမ်းကြီး စွမ်းအားကြီးမားလာခြင်း မရှိခင်တွင် အခွင့်အရေးရှာပြီး သတ်ရပေမည်။

ချီမင်ဂိုဏ်း၏ ဒုတိယအကြီးအကဲမှာလည်း အံ့သြသွားသည်။ သို့ပေမယ့် သူသည် ရွှီယန်ကို ချက်ချင်းသတ်ဖြတ်လိုခြင်း မရှိပါ။ အဲ့ဒီ့အစား အခြားစိတ်ကူးတို့ ရလာခဲ့၏။

"ဒီလောက်စွမ်းအားကြီးတဲ့ ဓားပညာ... ငါဒီကောင့်ကို ဖမ်းရမယ်... ပြီးရင် ဒီဓားပညာက ချီမင်ဂိုဏ်းရဲ့အပိုင်ဖြစ်လာလိမ့်မယ်.."

သူသည် ရှေ့သို့တက်ကာ အချိန်မရွေး လှုပ်ရှားမှုပြုရန် အဆင်သင့်ဖြစ်နေ၏။

လုရှင်ထင်းမှာ တိုက်ခိုက်နေဆဲ ရှိသည်။ သူသည် ဓားလှိုင်းအကြားမှ ချိုးဖျက်နိုင်ခြင်း မရှိပေမယ့် ခဏတာအတွင်း အန္တရာယ်ကျရောက်မည် မဟုတ်လောက်ပါ။

ချီမင်ဂိုဏ်းမှ ဒုတိယအကြီးအကဲ၏ ပြောင်းလဲမှုကို တွေ့ရပြီးနောက် ရွှီယန်၏ မျက်လုံးများက အနည်းငယ် ပြောင်းလဲသွား၏။ သူသည် ကိုယ့်ကိုယ်ကိုယ်နှာခေါင်းရှုံ့ကာ အချိန်ကျပြီဟု ခံစားလိုက်ရသည်။ လေထဲသို့ မြင့်တက်သွားပြီး မလှမ်းမကမ်းရှိ တောင်ငယ်တစ်ခုကို ကြည့်လိုက်သည်။

ထိုတောင်မှာ ကြီးမားခြင်းမရှိပေ။ ပေ၂၀လောက်သာ မြင့်မား၏။ ကျောက်တောင်ငယ်တစ်ခု ဖြစ်ကာ အရွယ်အစားမှာ အဆင်ပြေလေသည်။

'ဒီနေ့မှာ ဒီတောင်ကို အသုံးပြုပြီး လုရှင်ထင်းကို သတ်ရမယ်။ အဲ့ဒါဆိုရင် စိတ်ဝိဉာဉ်နယ်မြေ သိုင်းသမားတွေ စစ်မှန်တဲ့သိုင်းပညာက ဘာလဲဆိုတာကို သိသွားလိမ့်မယ်..'

သူသည် လက်ကိုမြှောက်ကာ တောင်ငယ်ဆီသို့ ဝှေ့ရမ်းလိုက်၏။ ထိုအပြုအမူက ရှိနေကြသည့် သိုင်းသမားများကို မှင်သက်သွားစေသည်။

ရွှီယန်သည် ထိုတောင်ငယ်ကို အမြစ်ဖြုတ်ကာ လုရှင်ထင်းဆီသို့ ပစ်ပေါက်ချင်သည်လား။ သို့ပေမယ့် လူတစ်ချို့၏ ခေါင်းထဲတွင် မဖြစ်နိုင်သည့် အတွေးတစ်ခု ဝင်လာခဲ့သည်။

ရွှီယန်သည် ထိုတောင်ကို ဓားတစ်ချောင်းအဖြစ် ပြောင်းလဲချင်သည်လား။ တောင်တစ်ခုကို မည်ကဲ့သို့ ဓားတစ်ချောင်းအဖြစ် ပြောင်းလဲနိုင်မည်နည်း။

ယွဲ့အာမှာ ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ရွှီယန်၏ လှုပ်ရှားမှုတိုင်းကို အနီးကပ် ကြည့်ရှု့နေပါသည်။

တစ်ဖက်လူ၏ တောင်ငယ်အား ပစ်မှတ်ထားပုံကို တွေ့ရပြီးနောက် သူမသည် ပြောစရာစကားတို့ ပျောက်ဆုံးသွားခဲ့၏။

"သူဒီတောင်ကိုလည်း ဓားတစ်ချောင်းအဖြစ် ပြောင်းလဲနိုင်မှာလား... တောင်က ဘယ်လိုလုပ်ပြီး ဓားဖြစ်နိုင်မှာလဲ.."

အဘိုးအို၏ အသက်ရှူမှုမှာ လေးလံလာပြီး သူ၏စိတ်အစဉ်သည် အံ့သြမှုတို့ဖြင့် ပြည့်နက်နေပါသည်။ ချွေဟွားယွီမှာ နန်းတော်ငယ်အတွင်းမှ ထွက်ခွာလာခဲ့ပြီးဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။

'ဒါက အံ့သြဖို့ကောင်းလွန်းတယ်။ မယုံကြည်နိုင်စရာကောင်းလွန်းတယ်... လင်းနယ်မြေမှာ နောက်ထပ်မကောင်းဆိုးဝါးဆန်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်ပေါက်လာတော့မှာလား..'

"ဓား... မြင့်တက်စမ်း..."

ရွှီယန်က အသံနိမ့်စွာဖြင့် အမိန့်ပေးလိုက်သည်။

"ဝုန်း.."

သိုင်းသမားများ၏ အံ့ဩနေသည့် အကြည့်များအောက်တွင် တောင်ငယ်ကိုယ်တိုင်သည် မြေပြင်မှကျွတ်ထွက်ကာ ကောင်းကင်သို့ပျံသန်းပြီး ကြီးမားသည့် မီးခိုးရောင်ကျောက်ဓားကြီးတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။

"မင်းတို့အားလုံး သေသေချာချာကြည့်ကြ... ဒါက ဓားတာအိုပဲ.."

ရွှီယန်က လုရှင်ထင်းကိုကြည့်သည်။

"ငါ့ရဲ့ ဒီဓားအောက်မှာသေရတာ မင်းအတွက် ဂုဏ်ယူစရာပဲ.."

လုရှင်ထင်းမှာ ကြီးစွာထိတ်လန့်သွား၏။ ထိုအရာအားလုံးတို့သည် သူ၏ နားလည်မှု အတိုင်းအတာအတွင်းမှ ကျော်လွန်နေပါသည်။

"မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်ဘူး... ဒါကပုံရိပ်ယောင်တွေပဲ။ မင်းငါ့ကို လှည့်ဖျားဖို့ကြိုးစားနေတာ.."

All Chapters