← Chapters

ဂရုတစိုက်ကြည့် ဆရာမင်းကို တစ်ကြိမ်ပဲပြပေးမှာ(၂)

Vol. 34 Ch. 502

ဂရုတစိုက်ကြည့် ဆရာမင်းကို တစ်ကြိမ်ပဲပြပေးမှာ(၂)

Vol. 34 Ch. 502

ဒေါသတကြီး အော်သံတစ်ခုနှင့်အတူ လျှပ်တပြက်အတွင်း သူသည် သိုင်းပညာလျှို့ဝှက်အတတ်ကို အသုံးပြုလိုက်ပြီး လှံနှင့်အတူ ရွှေရောင်မုန်တိုင်းတစ်ခုကို သယ်ဆောင်ကာ လေထဲသို့ ခုန်တက်သွားသည်။

"ဖျက်စမ်း.."

ရွှီယန်က အေးစက်စွာပြုံး၏။ တောင်ငယ်မှ ပြောင်းလဲသွားခဲ့သည့် ကြီးမားသည့် ဓားကြီးသည် အရှိန်အဟုန်ပြင်းစွာ သက်ဆင်းလာခဲ့သည်။

ထိုဓားကြီးသည် အသွားမရှိပေ။ သို့ပေမယ့် အနှိုင်းမဲ့ကာ ရပ်တန့်နိုင်ခြင်း မရှိသည့် ထက်မြမှုကို ပိုင်ဆိုင်ထားပြီး သတ်ဖြတ်နိုင်စွမ်းမှာ ကြီးစိုးလှ၏။

"မဟုတ်ဘူး.."

ချီမင်ဂိုဏ်းမှ ဒုတိယအကြီးအကဲမှာ အေးစက်စွာ ခံစားလိုက်ရသည်။ ထိုဓားချက်သာ သက်ဆင်းလာပါက လုရှင်ထင်းသည် သေချာပေါက် သေဆုံးရမှာဖြစ်သည်။

သူ၏ခန္ဓာကိုယ်က လျှပ်တပြက် ရွေ့လျားသွားပြီး အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ ခွန်အားကို ထုတ်လွှတ်ကာ သက်ဆင်းလာသည့် ဓားကြီးကို တစ်ခါတည်း တိုက်ခိုက်သည်။

လီရွှမ်၏ မျက်ခုံးများက မြင့်တက်သွား၏။ ထိုနိမ့်ကျသည့် ဝင်ရှုပ်သူကို ဖျက်ဆီးလိုက်တော့မှာ ဖြစ်သည်။ သို့ပေမယ့် သူ၏မျက်လုံးများက နန်းတော်နံဘေးရှိ အရောင်တောက်ပသည့် အဝတ်အစားနှင့် လူအပေါ်သို့ ကျရောက်သွားသည်။

ချွေဟွားယွီက လက်ကို လှုပ်ရှားလိုက်ပြီးနောက် မြစိမ်းရောင် တောင်ပံမွှေးများသည် လျှပ်တပြက်အတွင်း ထက်မြကာ အေးစက်သည့်လက်နက်များသဖွယ် ပြောင်းလဲသွားပြီး ချီမင်ဂိုဏ်းမှ ဒုတိယအကြီးအကဲဆီသို့ ပြေးဝင်သွားသည်။

"ပွဲကို မနှောင့်ယှက်နဲ့.."

ချွေဟွားယွီမှာ လုရှင်ထင်း၏ သေခြင်းရှင်ခြင်းအတွက် ဂရုစိုက်ခြင်းမရှိပါ။ ဒီအချိန်၌ သူသည် သက်ဆင်းလာနေသည့် ကြီးမားသည့် ဓားကြီး၏ ခွန်အားကို စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေမိ၏။

ဤသည်မှာ တစ်ခါမှ မြင်ဖူးခြင်းမရှိသည့် ဓားတာအိုဖြစ်သည်။ တစ်ယောက်ယောက်က ဝင်ရှုပ်သည်ကို အဘယ်ကြောင့် လက်ခံနိုင်မည်နည်း။

ချီမင်ဂိုဏ်းမှ ဒုတိယအကြီးအကဲ၏ မျက်နှာက ပြောင်းလဲသွားသည်။ သူသည် လက်သီးတစ်ချက်ကို ထုတ်လွှတ်ကာ ဝင်ရောက်လာနေသည့် ငှက်တောင်မွှေးများကို ဖျက်ဆီးလိုက်၏။

သို့ပေမယ့် ထိုကိစ္စကြောင့် သူ၏ လှုပ်ရှားမှုမှာလည်း ဆိုင်းငံ့သွားရသည်။ ထိုဆိုင်းငံ့မှုက လုရှင်ထင်းကို ကယ်တင်ရန်အတွက် နှောင့်နှေးသွားပြီဟု ဆိုလို၏။

"ရပ်လိုက်...."

ချီမင်ဂိုဏ်းမှ ဒုတိယအကြီးအကဲက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်၏။ ရွှီယန်မှာ သူ့ကို ဂရုစိုက်ခြင်း လုံးဝမရှိပေ။

ဓားကြီးမှာ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ သက်ဆင်းလာခဲ့၏။ ရွှေရောင်အလင်းမှာ ကွဲကြေသွားပြီး ကြီးမားသည့်လှံမှာ လွင့်စင်သွားခဲ့သည်။

လုရှင်ထင်းမှာ မကျေနပ်စွာ အော်ဟစ်ရင်းမှ ဓားကြီးအောက်တွင် ပြာအဖြစ် ပြောင်းလဲသွားခဲ့၏။ ရွှီယန်သည် ရန်သူများကို သတ်ဖြတ်ချိန်၌ ရုပ်ကြွင်းအင်္ဂါများကို ဘယ်တုန်းကမှ ချန်ထားရစ်ခဲ့ခြင်း မရှိပေ။

"သေသင့်တဲ့ကောင်.."

ချီမင်ဂိုဏ်းမှ ဒုတိယအကြီးအကဲ၏ လူသတ်ငွေ့တို့သည် ဆူပွက်လာခဲ့၏။

လုရှင်ထင်းမှာ ဒီဗိုင်းအလင်းဖြာခန္ဓာကိုယ်အား ပိုင်ဆိုင်ထားပြီး ဂိုဏ်း၏ အစစ်အမှန်ဆက်ခံသူ ဖြစ်လေသည်။ အခုတော့ သေဆုံးသွားခဲ့၏။ တစ်ချက်တည်းနှင့် အသတ်ခံခဲ့ရသည်။

ဒီအချိန်၌ ကြည့်ရှု့နေသူများအားလုံးမှာလည်း ရွှီယန်၏ ဓားပညာကြောင့် အံ့သြနေကြသည်။ မျက်လုံးများ ပြူးကျယ်စွာဖြင့် မယုံကြည်နိုင်စွာ ရှိနေကြ၏။ နာမည်ကျော်ကြားသည့် ချီမင်ဂိုဏ်းမှ အစစ်အမှန်ဆက်ခံသူသည် နေရာတွင် တစ်ချက်တည်း သေဆုံးခဲ့ရသည်လား။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ ကျူ့လျန်နှင့် အခြားစိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားများအားလုံးလည်း အေးစက်စွာ ခံစားလိုက်ရသည်။ လုရှင်ထင်းမှာ သူတို့ခေါ်ထားသည့် အကူအညီဖြစ်၏။ ယခုသေသွားခဲ့လေပြီ။

"သူ့ကိုသတ်ကြ... ဘာတန်ကြေးပဲ ပေးရပေးရ သေရမယ်.."

ကျူ့လျန်၏ မျက်လုံးများက သွေးရောင်တို့ လွှမ်းလာခဲ့၏။ စုကျိန်ကို စူးရဲစွာကြည့်ရင်းက ပြောသည်။

"ဒီကိစ္စမှာ မင်းတို့စုမိသားစုလည်း တာဝန်မကင်းဘူး။ ရွှီယန်သာလွတ်သွားရင် ဘယ်လိုအကျိုးဆက်တွေ ပေါ်လာမယ်ဆိုတာကို သိတယ်မလား.."

စုကျိန်လည်းပဲ ထိုသဘောတရားကို နားလည်ပါသည်။

"သူ့ကိုသတ်ကြ... ဘာတန်ကြေးပဲပေးရပေးရ ဒီနေ့မှာ ရွှီယန်သာ မသေဘူးဆိုရင် စုမိသားစု သုတ်သင်ခံရလိမ့်မယ်.."

ကျန်ရှိသည့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှာတော့ ရွှီယန်၏အစွမ်းကို မြင်တွေ့ရပြီးနောက် ချက်ချင်းလှုပ်ရှားမှုပြုရဲခြင်း မရှိပါ။ တစ်ဖက်လူကို သုတ်သင်ရန် ကျရှုံးပါက အကျိုးဆက်မှာ ဆိုးရွားလှမှာဖြစ်၏။

"ဘုန်း.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုမှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများသည် ဒီအချိန်၌ ရွှီယန်ဆီသို့ စုစည်းလာကြ၏။

"ရွှီယန်... မင်းကဒီနေ့မှာ သေဖို့ကံပါလာပြီးပြီ.."

ချီမင်ဂိုဏ်း၏ ဒုတိယအကြီးအကဲက အမွှေးများအား ပစ်လိုက်သည့်လားရာဆီသို့ ခေါင်းလှည့်ကြည့်သည်။ ဤသည်မှာ စိတ်ဝိဉာဉ်ကိရိယာတစ်ခု ဖြစ်၏။

ပြီးနောက် သူသည် အရောင်စုံသည့်ဝတ်စုံနှင့် ချွေဟွားယွီကို တွေ့လိုက်ရပြီး မျက်လုံးများက စူးရှသွားသည်။

"မင်းက ရွှီယန်ကို ကူညီမလို့လား.."

ဒုတိယအကြီးအကဲက နက်ရှိုင်းသည့်အသံဖြင့် မေး၏။

"မဟုတ်ပါဘူး... ငါကပွဲပျက်သွားမှာစိုးလို့ ဝင်ပါလိုက်ရုံပဲရှိတာ။ အခု ပွဲကလည်းပြီးသွားပြီဆိုတော့ ကိစ္စမရှိတော့ဘူး။ ဒီလို စွမ်းအားကြီးတဲ့ဓားချက်က တကယ့်ကို အံ့သြဖို့ကောင်းတယ်.."

ထိုစကားများနှင့်အတူ ချွေဟွားယွီသည် ချိနဲ့သည့်အသွင်သို့ ပြောင်းလဲသွားပြီး အစေခံမလေးတစ်ယောက်၏ အကူအညီဖြင့် နန်းတော်အတွင်းသို့ ဝင်ရောက်သွား၏။

"ရွှီယန်ကိုသတ်.."

ချီမင်ဂိုဏ်း၏ ဒုတိယအကြီးအကဲမှာ စိတ်သက်သာရာရသွား၏။

"ဘုန်း.."

ဒီအချိန်၌ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ စွမ်းအားက ကြောက်စရာကောင်းစွာ ထွက်ပေါ်လာခဲ့သည်။

ရှိနေကြသည့် သိုင်းသမားအားလုံး၏ မျက်နှာများက ဖြူရော်သွားခဲ့၏။ တုန်ယင်စွာဖြင့် နောက်သို့ဆုတ်ခွာကာ အချို့ဆိုလျှင် မြေပြင်ပေါ်၌ပင် တွားသွားကာ ထွက်ပြေးကြရသည်။

"အဘိုး... အဘိုးဝင်ကယ်မှရမယ်။ မြန်မြန်လေးလုပ်.."

ယွဲ့အာက အဘိုးဖြစ်သူအား အလျှင်အမြန်ပြောသည်။

"အလျှင်မလိုနဲ့.."

အဘိုးအိုက ကြီးမားသည့် ကြောင်ကြီး၏ ကျောပေါ်သို့ လှမ်းကာကြည့်၏။ လီရွှမ်က လက်ဖက်ရည်ခွက်ကို ချကာ ဝန်းရံလာသည့် စွမ်းအားကြီးရန်သူများကို ကြည့်သည်။

"ပါရမီရှင်တွေရဲ့ တိုက်ပွဲမှာ စည်းမျဉ်းတွေရှိတယ်။ မင်းတို့တွေက စည်းမျဉ်းကို ချိုးဖျက်ချင်ကြတာလား.."

"ငါတို့ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက စည်းမျဉ်းပဲ။ ဒီနေ့မှာ မင်းတို့အားလုံးသေရမယ်.."

ချီမင်ဂိုဏ်းမှ ဒုတိယအကြီးအကဲက လူသတ်ငွေ့ဆန်စွာ ကြေညာ၏။

"ဟန့်... စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေလား... ဒါတွေက ပုရွဲဆိတ်သာသာပဲ။ ဒီလောကကြီးမှာ ငါ့ရဲ့စကားကမှ စည်းမျဉ်းပဲ.."

လီရွှမ်က အသာပြောသည်။ သူသည် ဖန်းဟောင်ကိုကြည့်ကာ ပြော၏။

"ဂရုတစိုက်ကြည့်... ငါတစ်ကြိမ်ပဲ ပြပေးမှာ။ နက်ရှိုင်းလွန်းရင် မင်းတို့တွေနားမလည်ဘဲ နေလိမ့်မယ်။ အဲ့ဒါကြောင့်မလို့ နည်းနည်းပဲပြလိုက်မယ်.."

"ဟုတ်ကဲ့ပါဆရာ.."

ဖန်းဟောင်မှာ ဝမ်းသာသွား၏။ မုန့်ချုံ၊ စုလင်းရှုံနှင့် ရွှီယန်ပင်လျှင် အားလုံးမှာ သူတို့၏ ဆရာဖြစ်သူအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။ ဆရာသည် လှုပ်ရှားမှုအား ထပ်မံ ပြုပြန်တော့မည်ဖြစ်၏။

လီရွှမ်မှာ ကြောင်နီ၏ကျောပေါ်တွင် ထိုင်နေပြီး မတ်တပ်ရပ်ရန်ပင် စိတ်ကူးမရှိပေ။ လက်ကိုဝှေ့ရမ်းလိုက်ပြီးနောက် လျှပ်တပြက်အတွင်း ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အရှိန်အဝါက စုစည်းလာခဲ့၏။

ကောင်းကင်မှ အလင်းတန်းများ သက်ဆင်းလာပြီး အခင်းအကျင်းကိရိယာများအဖြစ် ပြောင်းလဲသွားသည်။

"ဘုန်း.."

"မဟာအခင်းအကျင်း စတင်ပြီ.."

"ကောင်းကင်ရဲ့အရှိန်အဝါကို အခင်းအကျင်းအတွက် အသုံးပြုပြီး လောကကြီးရဲ့ သဘာဝအံ့ဖွယ်တွေကို ငါအသက်သွင်းတယ်။ အခင်းအကျင်း ပေါ်ပေါက်လာချိန်မှာ သက်ရှိအားလုံး ချုပ်ငြိမ်းသွားရမယ်.."

လီရွှမ်က ရေရွတ်စွာ ပြော၏။ သူ၏အသံမှာ ကျယ်လောင်ခြင်း မရှိပေ။ သို့ပေမယ့် ရှိနေကြသည့် လူများအားလုံး ရှင်းလင်းစွာ ကြားရ၏။

နန်းတော်ငယ်အတွင်းသို့ ဝင်ရောက်ခါစ ရှိသေးသည့် ချွေဟွားယွီမှာ ပြန်လှည့်လာခဲ့သည်။ သူ၏မျက်နှာသည် အံ့သြမှုတို့ဖြင့် ပြည့်နှက်နေ၏။

"ဒါက ဘယ်လိုအတတ်ပညာမျိုးလဲ... ဘယ်လိုသိုင်းပညာမျိုးလဲ... လောကကြီးရဲ့ ဖြစ်စဉ်တွေကို ထိန်းချုပ်ထားတာလား.."

သူသည် လုံးဝကို အံ့သြသွားခဲ့၏။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ အဓိကတပည့်တစ်ဦးအဖြစ် နှင့်ပင်လျှင် သူသည် ယခုမျှ ကြောက်စရာကောင်းသည့် အတတ်ပညာမျိုး၊ စွမ်းအားကြီးသည့် သိုင်းပညာမျိုးကို တစ်ခါမှ ကြားဖူးခြင်းမရှိပါ။

"ဒါကဘာလဲ.."

အဘိုးအိုမှာလည်း အံ့သြသွား၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားတို့သည် စုစည်းလာပြီး မိုးပေါ်မှ သက်ဆင်းလာခဲ့သည်။

ပြီးနောက် အခင်းအကျင်း ကိရိယာများအဖြစ် ပြောင်းလဲသွားခဲ့၏။ လျှပ်တပြက်အတွင်း ချီမင်ဂိုဏ်းမှ ဒုတိယအကြီးအကဲ ကျောက်စိမ်းနတ်ဘရားဂိုဏ်းနှင့် စုမိသားစုတို့မှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ အားလုံးတို့သည် အခင်းအကျင်းကြီး အတွင်း၌ ပိတ်မိသွားကြသည်။

"မင်းကဘယ်သူလဲ.."

ချီမင်ဂိုဏ်း၏ ဒုတိယအကြီးအကဲက ဒေါသတကြီးဖြင့် မေး၏။ သူသည် ကျင့်ကြံခြင်းအတတ်ကို အသုံးပြုကာ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ ခွန်အားအပြည့်ကို ထုတ်ဖော်ထားသည်။ သို့ရာတွင် အစီအမံအတွင်း၌ ပိတ်မိနေပြီး သုတ်သင်ခံရတော့မည့်အလား ခံစားနေရ၏။

ကျူ့လျန်နှင့် အခြားလူများမှာ ပိုမိုကာပင် ထိတ်လန့်နေကြသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်စုသည် ပူးပေါင်းတိုက်ခိုက်ကာ အခင်းအကျင်းကြီးကို ဖျက်ဆီးလိုကြ၏။

သို့ပေမယ့် လောကကြီး၏ ထိုဆန်းကြယ် အခင်းအကျင်းကို လှုပ်ခါစေခြင်းပင် မရှိပေ။

ဖန်းဟောင်မှာလည်း တူညီစွာပင် စိတ်ထဲ၌ တုန်ခါနေ၏။

ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဆန်းကြယ်အခင်းအကျင်းလေလား။ အတွေးတစ်ချက်နှင့် အခင်းအကျင်းတစ်ခုကို ပေါ်ပေါက်စေနိုင်သည်လား။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားတို့က အခင်းအကျင်းကိရိယာများ ဖြစ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဆန်းကြယ်မှုများကို အခင်းအကျင်းဖြစ်စေသည်။ ဤသည်မှာ ချီမန်သိုင်းပညာ၏ ထူးကဲမှုဖြစ်၏။

'ငါကအရမ်းကို အားနည်းလွန်းတယ်... ဆရာက ငါ့ကိုအမြဲတမ်း ငါ့ရဲ့ ကိုယ်ပိုင် ချီမန်လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်စေလိုခဲ့တယ်။ ဒါပေမယ့် မလုပ်နိုင်သေးဘူး..'

'ဒါကြောင့်မလို့ ချီမန်သိုင်းပညာရဲ့ နက်ရှိုင်းမှုကို နားမလည်နိုင်ဘဲ ငါ့အပေါ်မှာ သက်ရောက်မှု အရမ်းကြီးမားမှာကို စိုးရိမ်နေခဲ့တယ်။ အဲ့ဒါက အခြားလူတွေရဲ့ နည်းလမ်းအတိုင်းလိုက်မိစေပြီး ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်လုပ်နိုင်မှာ မဟုတ်တော့ဘူး..'

'ဒါပေမယ့် သူ့ရဲ့ အပေါ်ယံပြသလာတဲ့ စွမ်းရည်ကတောင် ငါ့ကိုကြီးမားစွာ သက်ရောက်နေပြီးပြီ။ ခဏတာအတွင်း ရုန်းထွက်လို့မရ ဖြစ်နေတယ်..'

ဖန်းဟောင်သည် အရှက်ရစွာ ခံစားလိုက်ရ၏။

'ငါက အရမ်းကိုနုံခြာတာပဲ..'

ရွှီယန်၊ မုန့်ချုံနှင့် စုလင်းရှုံတို့ အားလုံးတို့လည်း အံ့သြနေကြသည်။ ဆရာဖြစ်သူမှာ အနည်းငယ်သာ ပြသခဲ့ခြင်းဖြစ်ပေမယ့် အံ့သြဖို့ကောင်းလှပါသည်။

'ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့စွမ်းအား... ဒါတွေက ဒီဗိုင်းဆန်းကြယ်စွမ်းအားအတိုင်း ပါပဲလား..'

ရွှီယန်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။

ဒီအခင်းအကျင်းသည် အလွန် စွမ်းအားကြီးမားလှ၏။ နဂါးတစ်ကောင်သဖွယ် ထည်ဝါစွာဖြင့် ကောင်းကင်မှ သက်ဆင်းလာပြီးသည်နှင့် လျှပ်တပြက်အတွင်း အခင်းအကျင်းးကြီးဖြစ်ပေါ်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ ဆန်းကြယ်မှုများက ပြသလာခဲ့သည်။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအားလုံးတို့မှာ ထွက်ပြေးရန်အတွက် နောက်ကျနေပြီးဖြစ်ကာ အတွင်းထဲတွင် ပိတ်မိသွားခဲ့၏။

"မင်းတို့ ပုရွဲဆိတ်လိုကောင်တွေက ငါ့ရဲ့နာမည်ကိုသိဖို့ ထိုက်တန်လို့လား.."

လီရွှမ်က ထူးမခြားနားစွာ ပြော၏။ လက်ချောင်းများကို စုလိုက်သည်နှင့် အခင်းအကျင်းကြီးက မာန်ဖီလာလာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားက နဂါးတစ်ကောင်ကဲ့သို့ ဖြစ်လာကာ စွမ်းအားတို့ ပြသလာခဲ့သည်။

အခင်းအကျင်းအတွင်းတွင် အနီရောင်အလင်းက တောက်ပလာပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ သက်ဆင်းလာခဲ့၏။

"အား.."

"အတူတူပေါင်းပြီးတော့ ချိုးဖျက်နိုင်အောင်လုပ်ကြ..."

သို့ပေမယ့် မည်သို့ပင် ကြိုးစားစေကာမူ ခဏတာအတွင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအားလုံးတို့သည် ပြာအဖြစ် ပြောင်းလဲသွားပြီး အခင်းအကျင်းကြီးအတွင်း၌ သုတ်သင်ခံလိုက်ရ၏။

သိုလှောင်အိတ်များသာလျှင် ရွှီယန်ဆီသို့ ပျံသန်းလာပြီး လက်ထဲသို့ ကျဆင်းသည်။

ရွှီယန်မှာ နှလုံးသားထဲ၌ စိတ်သက်သာရာရသွား၏။

ဆရာသည် ဒီစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအားလုံးတို့ကို လက်တစ်‌ဝှေ့ဖြင့် သတ်ဖြတ်ခဲ့ပေမယ့် သိုလှောင်အိတ်များကိုတော့ အထိအခိုက်မရှိစွာ ချန်ထားခဲ့လေသည်။

ထိုထိန်းချုပ်နိုင်သည့် စွမ်းအားသည် သူ့အနေနှင့် လက်လှမ်းမှီနိုင်ရန် ဝေးကွာလှ၏။

လီရွှမ်မှာ လက်ကိုဝှေ့ရမ်းပြီးနောက် အရာအားလုံး ပြန်လည် တည်ငြိမ်သွားခဲ့ပြန်၏။ သို့ပေမယ့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့မှာ သုတ်သင်ခံရလိုက်ပြီး ဖြစ်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် အပ်သံမကြားအောင် တိတ်ဆိတ်နေ၏။

ရှိနေကြသည့် သိုင်းသမားအားလုံးတို့လည်း စကားပြောထွက်ရန်ပင် မတတ်နိုင်အောင် အံ့သြနေကြသည်။

အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်း၏ အဓိကတပည့်ဖြစ်သည့် ချွေဟွားယွီ၏ မျက်လုံးများက ပြူးကျယ်နေပြီး သူသည် အချိန်အတော်ကြာအောင် သတိပြန်လည်လာခြင်း မရှိဘဲ ဖြစ်နေ၏။

နှလုံးသားထဲ၌ အေးစက်စွာ ခံစားနေရသည်။ သူ့သာအခင်းအကျင်းအတွင်းသို့ ကျရောက်ပါက တူညီစွာပင် လျှပ်တပြက်အတွင်း သုတ်သင်ခံရမှာ ဖြစ်သည်။

'အနှိုင်းမဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်..'

သူ၏ခေါင်းထဲ၌ ထိုအတွေးတစ်ခု ဝင်လာခဲ့သည်။ ဤသည်မှာ ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။

အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းမှ အသန်မာဆုံး ပုဂ္ဂိုလ်များပင်လျှင် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်ပေ။ တစ်ဖက်လူသည် အားစိုက်ထုတ်မှုပင် မပြပါ။ လက်ကိုဝှေ့ရမ်းလိုက်ရုံသာ ရှိ၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ထည်ဝါသည့်စွမ်းအားက နဂါးတစ်ကောင်သဖွယ် သက်ဆင်းလာပြီး အဆုံးမသတ်နိုင်သည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာ မည်မျှ ကြောက်စရာကောင်းသည့် အတတ်ဖြစ်သနည်း။

ယွဲ့အာ၏ မျက်လုံးများက ပြူးကျယ်နေပြီး ပါးစပ်ကပွင့်ဟနေကာ အချိန်အတော်ကြာအောင် ဆွံ့အနေပါသည်။

သူမ၏ဘေးရှိ အဘိုးအိုမှာ တုန်ခါနေ၏။ သူ၏ နှုတ်ခမ်းက လှုပ်ရှားနေပြီး သွေးနတ်ဆိုးကပ်ဘေးကို ကြုံတွေ့ခဲ့ရကာ မာနကြီးမားသည့် ပါရမီရှင်များ၏ ပြိုင်ပွဲကို ကြည့်ရှု့ခဲ့ပြီး စွမ်းအားကြီးပုဂ္ဂိုလ်များစွာ၏ တိုက်ပွဲကြီးများတွင် ပါဝင်ခဲ့ဖူးပေမယ့် ထိုအရာအားလုံးတို့သည် ယခုမြင်ကွင်းလောက် အံ့သြစရာမကောင်းလှဟု တွေးမိလိုက်၏။

ဤသည်မှာ မည်သည့်အတတ်ပညာ ဖြစ်သနည်း။ မည်သည့်သိုင်းပညာ ဖြစ်သနည်း။ လင်းနယ်မြေတွင် ယခုမျှကြောက်စရာကောင်းကာ စွမ်းအားကြီးမားသည့် သိုင်းပညာမျိုး ဘယ်တုန်းက ပေါ်လာရသနည်း။ တစ်ခါမှ ကြားဖူးခြင်းပင် မရှိပေ။

အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများတွင်ရော... မဖြစ်နိုင်ပေ။ မည်သည်မှာ အထွတ်အထိပ် စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်သနည်း။ ဤသည်မှာ အထွတ်အထိပ်စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်သည်။

လီရွှမ်မှာ သိုင်းသမားများအားလုံး၏ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး တိတ်တဆိတ် ကျေနပ်သွား၏။ လှုပ်ရှားမှုကို ပြုလုပ်ပြီးနောက် သူသည် များစွာ စိတ်ကျေနပ်မှု ရသွားသည်။

ဆွံ့အနေသည့် လူစုကိုချန်ထားခဲ့ကာ ကြောင်နီကနောက်သို့လှည့်ပြီး ထွက်ခွာသွား၏။ ရွှီယန်တို့က အနောက်မှ လိုက်သည်။

ဖန်းဟောင်မှာ အခင်းအကျင်းပညာရပ်အား ဆက်လက်လေ့လာရန် စိတ်အားထက်သန်နေပြီး ယွိကောင်းကို အကြောင်းကြားစာသာ ပို့လိုက်၏။ မျိုးဆက်စုံမဟာမိတ်အဖွဲ့အား ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစု၏ ပိုင်နက်နှင့် ပိုင်ဆိုင်မှုများကို သိမ်းယူရန် ခိုင်းစေခြင်း ဖြစ်သည်။

သို့ပေမယ့် လေလွင့်သိုင်းသမားများ၏ အမည်ဖြင့်တော့ လုပ်လို့မရပေ။ ခဏတာအတွင်း သူတို့သည် အခြားဒေသမှ စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ပါဝင်လာမှုအား ရှောင်ရှားနိုင်ရန် နှိမ့်ချနေသင့်ပေသည်။

All Chapters