← Chapters

လင်းနယ်မြေ၌ နာမည်ကျော်ကြားခြင်း၊ ချီမင်ဂိုဏ်း၏ဒေါသ

Vol. 34 Ch. 503

လင်းနယ်မြေ၌ နာမည်ကျော်ကြားခြင်း၊ ချီမင်ဂိုဏ်း၏ဒေါသ

Vol. 34 Ch. 503

ရှိနေကြသည့် သိုင်းသမားများအားလုံး အံ့သြမှုမှ သတိပြန်လည်လာကြချိန်၌ ရွှီယန်နှင့် သူ၏အဖွဲ့သည် လုံးဝပျောက်ကွယ်သွားပြီး ဖြစ်သည်။

"လူတွေရော... ရွှီယန် ဘယ်ကိုရောက်သွားတာလဲ... အဘိုး... ရွှီယန်တို့ ဘယ်နေရာကို သွားကြတာလဲ.."

ယွဲ့အာက ပတ်ဝန်းကျင်ကို စိုးရိမ်စွာကြည့်၏။

"ငါလည်းမသိဘူး.."

အဘိုးအိုမှာ အနည်းငယ် အရှက်ရစွာ ခံစားလိုက်ရသည်။ သူ၏ခွန်အားနှင့် အချိန်အတော်ကြာအောင် မှင်သက်နေခဲ့ပြီး တစ်ဖက်လူ ထွက်ခွာသွားခြင်းကိုပင် နားလည်ခြင်းမရှိလိုက်ပေ။

"အဘိုး... အဘိုးက တကယ်ပဲ ဇရာကျလာပြီ.."

ယွဲ့အာက ခြေထောက်စောင့်စွာ ပြောသည်။

အဘိုးအိုက ခေါင်းကိုရမ်းကာ ပြုံးရင်းက မြေးမဖြစ်သူ၏ ဆံပင်များကိုသပ်၏။

"ဟုတ်တယ် အဘိုးကအိုမင်းလာခဲ့ပြီ.."

"ယွဲ့အာပါ.. ယွဲ့အာကမှ ပိုအိုလာတာ.."

အဘိုးဖြစ်သူ၏ လက်ကိုဆွဲကာ ယွဲ့အာသည် လေထဲသို့ ပျံတက်သွား၏။ ပတ်ဝန်းကျင်သို့ စတင်ရှာဖွေသည်။

"သူဘယ်နေရာကို သွားတာလဲ... ဘယ်ကို ရောက်သွားပြီလဲ.."

ချွေဟွားယွီလည်း မိုင်၁၀၀ အချင်းဝက်အတွင်းအား အလျှင်အမြန် စတင်ရှာဖွေ၏။ သို့ပေမယ့် မည်သည့်သဲလွန်စကိုမှ ရှာတွေ့ခြင်း မရှိပေ။ လမ်းတစ်လျှောက်တွင် သူသည် ယွဲ့အာတို့ မြေးအဘိုးနှစ်ယောက်နှင့် ကြုံတွေ့ခဲ့၏။

"အိုး... ကောင်မလေး... နင့်ကိုကြည့်ရတာ နည်းနည်းထူးခြားသလိုပဲ.."

ချွေဟွားယွီက ယွဲ့အာကို အံ့သြစွာကြည့်သည်။ သူသည် ချဉ်းကပ်လာရင်းနှင့် အစိမ်းရောင်သစ်ကိုင်းတစ်ခုကို ထုတ်ကာ ပြော၏။

"ကောင်မလေး... လာခဲ့... ဒီသစ်ပင်လေးကို ကိုင်ကြည့်လိုက်။ နင့်မှာ ဘာထူးခြားတာရှိလဲ ဆိုတာကို ငါစစ်ဆေးကြည့်မယ်.."

"အရောင်စုံတဲ့အင်္ကျီနဲ့ လူထူးလူဆန်းကောင်... ငါနဲ့ဝေးဝေးမှာနေ.."

ယွဲ့အာက မျက်မှောင်ကျုံ့သွားသည်။ သူမသည် နောက်ကိုဆုတ်ရင်းက သစ်ကိုင်းကို ထိခြင်းမရှိပေ။

"ကောင်မလေး... မကြောက်နဲ့... ဒါက နင့်ရဲ့အခွင့်အရေးပဲ.."

ချွေဟွားယွီက အပြုံးတစ်ခုကို ဖော်ထုတ်ကာ သူ့ကိုယ်သူ ညင်သာလှပြီဟု တွေးမိလိုက်၏။

"သစ်ကိုင်းကို ဖယ်လိုက်။ ငါ့မြေးမမှာ မင်းတို့ယွီလင့်စံအိမ်နဲ့ ပတ်သက်ချင်လိုစိတ် ဘာမှမရှိဘူး.."

အဘိုးအိုက သူ၏တောင်ဝှေးကို ဆန့်ထုတ်ရင်းက သစ်ကိုင်းကို ဖယ်ထုတ်လိုက်၏။

ချွေဟွားယွီက အဘိုးအိုကို ခဏတာစူးစိုက်စွာ ကြည့်သည်။ သစ်ကိုင်းကို ရုတ်သိမ်းပြီးနောက် ပြော၏။

"အဘိုးကြီး... ဒီဆုံးဖြတ်ချက်အတွက် သူမရဲ့ဘဝတစ်ခုလုံး နောင်တရစေလိမ့်မယ်နော်.."

"မင်းရဲ့မလိုအပ်တဲ့ စိုးရိမ်မှုတွေကို ငါတို့မလိုအပ်ဘူး.."

အဘိုးအိုက ထူးမခြားနားစွာ ပြောသည်။

ချွေဟွားယွီက ခေါင်းငြိမ့်၏။ သူသည် နားလည်လိုက်လေသည်။ ဒီမိန်းကလေးသည် စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်သည့် ပါရမီရှင်တစ်ယောက် ဖြစ်ဟန်ရ၏။

"အဘိုးကြီး... ခင်ဗျားကိုကြည့်ရတာ သာမန်လေလွင့်သိုင်းသမားတစ်ယောက်နဲ့ မတူဘူး.."

ချွေဟွားယွီက ထိုကဲ့သို့ ပြောပြီးနောက် ပြုံးကာ နောက်သို့လှည့်ပြီး ပြန်ခဲ့၏။

သူသည် ခေါင်းလှည့်လိုက်သည်နှင့် မျက်နှာက လေးလံသွားခဲ့သည်။ အဘိုးအိုသည် သန်မာလှ၏။ သူ့ထက် များစွာ ပိုမိုသန်မာသည်။

'စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်ရဲ့ အမြင့်ဆုံးမှာရှိတဲ့ လေလွင့်သိုင်းသမားတစ်ယောက်လား... လက်ရှိလင်းနယ်မြေမှာ လေလွင့်သိုင်းသမားတွေလည်း အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်အထိ ကျင့်ကြံနိုင်ကြတာလား..'

ချွေဟွားယွီမှာ အတွေးနက်သွားသည်။

"ယွဲ့အာ... သွားရအောင်.."

အဘိုးအိုက နောက်သို့လှည့်ကာ ထွက်ခွာသွား၏။

"အဘိုး... ရွှီယန်တို့က ဘယ်လိုလုပ်ပြီး ဒီလောက် အပြေးမြန်တာလဲ... သူ့ကိုရှာမတွေ့တော့ဘူး.."

ယွဲ့အာမှာ မကျေနပ်စွာ ရှိနေပါသည်။

"ကံပါတယ်ဆိုရင် ငါတို့ပြန်တွေ့ကြလိမ့်မယ်... လင်းနယ်မြေမှာ သူ့ရဲ့နာမည်က သေချာပေါက် ကျော်ကြားလာမှာလို့ ငါထင်တယ်.."

အဘိုးအိုက တည်ငြိမ်စွာပြောသည်။

သူ၏စိတ်ထဲတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ထည်ဝါသည့် ပုံရိပ်နှင့် နဂါးတစ်ကောင်ကဲ့သို့ သက်ဆင်းလာမှုတို့သည် အချိန်အတော်ကြာအောင် ပျောက်ကွယ်မသွားဘဲ ရှိနေ၏။

ရွှီယန်မှာ တောင်ကိုဓားအဖြစ် အသုံးပြုခဲ့ပြီး အလွန်အံ့သြစရာကောင်းနေပြီး ဖြစ်သည်။ သို့ပေမယ့် နောက်တစ်ယောက်မှာ လှုပ်ရှားမှုပြုသည်နှင့် ပိုမိုကာပင် ကမ္ဘာကိုတုန်ဟီးစေနိုင်၏။

လက်တစ်ဝှေ့နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးက နဂါးများသဖွယ် ရွေ့လျားလာပြီး လှိုင်းတစ်လှိုင်းက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အများအပြားကို ပျောက်သွားစေခဲ့သည်။

စံအိမ်အတွင်းတွင် လီရွှမ်သည် ကုလားထိုင်ပေါ်၌ ထိုင်ကာ အေးအေးလူလူဖြင့် ရှိနေ၏။ ရွှီယန်တို့မှာ လက်ရှိအတွေ့အကြုံမှ ရရှိခဲ့သည်များကို ပြန်လည်သုံးသပ်နေပါသည်။

အထူးသဖြင့် ဖန်းဟောင်ဖြစ်၏။ သူသည် အံ့သြနေဆဲရှိ၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ထည်ဝါသည့် စွမ်းအားမြင်ကွင်းနှင့် ၎င်းကိုအသုံးပြုကာ အခင်းအကျင်းကိရိယာအဖြစ် ပြောင်းလဲခဲ့ခြင်းမှာ စိတ်ထဲတွင် ရစ်ဝဲနေလေသည်။

မည်မျှထည်ဝါကာ စွမ်းအားကြီးမားလိုက်သနည်း။ သူ့ကိုစွမ်းအားမဲ့စွာ ခံစားရစေသည်မှာ သူ့အနေနှင့် ပြုလုပ်နိုင်မှု မရှိသေးခြင်း ဖြစ်သည်။ လေ့လာကာ နားလည်မှုရရန်အတွက် အချိန်ယူရဦးမှာပါ။ ဆရာဖြစ်သူကဲ့သို့ ထိန်းချုပ်နိုင်ခြင်း မရှိမှာလည်း ဖြစ်နိုင်၏။

ဖန်းဟောင်မသိသည်မှာ လီရွှမ်အနေနှင့် ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမှာ နှလုံးသားဓားအဆင့်နှင့် လျှို့ဝှက်‌ဆေဘာအဆင့်တို့ပါ ထည့်ပေါင်းထားခြင်းကြောင့် ဖြစ်သည်။

လက်ကိုဝှေ့ရမ်းလိုက်သည်နှင့် သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ထည်ဝါသည့်စွမ်းအားကို ဓားနှင့်ဆေဘာတို့အဖြစ် ပြောင်းလဲနိုင်၏။

ဓားနှင့်ဆေဘာတို့ကို အသုံးပြုကာ အခင်းအကျင်း၏ လက်နက်ကိရိယာ ဖြစ်စေခဲ့သည်။ ပြီးနောက် ချီမန်အတတ်နှင့် ပေါင်းစပ်ပြီး ယခုကဲ့သို့ ထည်ဝါကာ အံ့သြစရာကောင်းသည့် မြင်ကွင်းမျိုး ဖြစ်တည်လာခြင်းဖြစ်၏။

လုရှင်ထင်းမှာ သေဆုံးခဲ့လေသည်။ ချီမင်ဂိုဏ်း၏ ဒုတိယအကြီးအကဲမှာလည်း သေဆုံးခဲ့၏။

စုမိသားစုနှင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ သုတ်သင်ခံရမှုနှင့်အတူ ယွီကျိုးရှိ အခြေအနေသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

ချီမင်ဂိုဏ်းက အလွယ်တကူ လက်လျှော့မည် မဟုတ်သည်မှာ ရှင်းလင်း၏။ ရွှီယန်က ပြသခဲ့သည့်ဓားတာအိုမှာလည်း လူများ၏ အာရုံကိုဆွဲဆောင်ပြီး ရန်ပွဲများကို ဖြစ်ပေါ်စေလောက်မှာ ဖြစ်သည်။

လင်းနယ်မြေရှိ ထိုပါရမီရှင်များသည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ ဂုဏ်သိက္ခာအတွက်ပဲဖြစ်ဖြစ် သူတို့၏ အနှိုင်းမဲ့သည့် အဆင့်အတန်းကို ထိန်းသိမ်းရန်ပဲဖြစ်ဖြစ် အခြားအကြံအစည်များ ရှိ၍ပဲဖြစ်ဖြစ် ရွှီယန်ကို စိန်ခေါ်ကြမှာ သေချာ၏။

'ငါ့ရဲ့ဒီလှုပ်ရှားမှု ပေါ်သွားပြီးပြီဆိုတော့ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းက စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဘယ်လိုတွေးကြမလဲမသိဘူး... သူတို့ရဲ့တုံ့ပြန်မှုက ဘာဖြစ်မလဲ..'

လီရွှမ်မှာ မနေနိုင်ဘဲ တွေးမိ၏။ ဤသည်မှာ လင်းနယ်မြေတွင် မကြားဖူးသည့် အတတ်ပညာတစ်ခုဖြစ်သည်။

'ဒီဗိုင်းဆန်းကြယ်စွမ်းအား(ဒီဗိုင်းစကေး)... အဲ့ဒါကို ဘယ်အချိန်မှ ငါရရှိနိုင်မှာလဲ..'

လီရွှမ်က သက်ပြင်းချသည်။ ထိုအရာအားလုံးတို့အတွက် ရွှီယန်အပေါ်ကို မူတည်ပေလိမ့်မည်။

ရှင်းလင်းစွာပင် ဒီဗိုင်းဆန်းကြယ်စွမ်းအားကို နားလည်သဘောပေါက်ရန် လွယ်ကူခြင်းမရှိပေ။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ ဒီဗိုင်းဆန်းကြယ်စွမ်းအား၊ မူလစိတ်ဝိဉာဉ်စုဆောင်းခြင်းနှင့် ဒီဗိုင်းအတတ်တို့ ပေါက်ဖွားခြင်းတို့ပါဝင်၏။

သူသည် ဒီဗိုင်းစိတ်ဝိဉာဉ်ကို သန့်စင်ကာ ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ ပေါက်ဖွားလာအောင် မည်ကဲ့သို့ ပြုလုပ်နိုင်မည်လဲ။

'အရမ်းကြီးတော့ အချိန်မကြာလောက်ဘူး မလား..'

လီရွှမ်သည် နက်ရှိုင်းစွာ တရားထိုင်နေသည့် ရွှီယန်အား ခေါင်းလှည့်ကြည့်သည်။ တစ်ဖက်လူသည် သိုင်းပညာများကို အကျဉ်းချုံ့ကာ သုံးသပ်နေ၏။

ထို့အပြင် ခုနက သူ၏လှုပ်ရှားမှုကို ကြည့်ရှု့ကာကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ခံစားရပြီး သဲလွန်စအချို့ ရခဲ့ဟန်တူသည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစု၏ အရေးကိစ္စများကိုတော့ ဖန်းဟောင်က ယွိကောင်းကဲ့သို့ လူများအား လက်လွှဲပေးထား၏။ သူကတော့ ကျင့်ကြံမှုနှင့် ဉာဏ်အလင်းပွင့်အောင် လေ့လာမှု၌ အလုပ်ရှုပ်နေပါသည်။ မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ပြီး ခန္ဓာကိုယ်တစ်ဝိုက်၌ ဆန်းကြယ်အငွေ့အသက်တို့ ဝန်းရံနေ၏။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ထည်ဝါသည့်စွမ်းအားက သူ့ဆီသို့ စီးဝင်လာသည့်ဟန် ရသည်။ သို့မဟုတ် အခင်းအကျင်းတစ်ခု လွှမ်းခြုံနေဟန်ရ၏။

မုန့်ချုံနှင့် စုလင်းရှုံတို့မှာလည်း တိုက်ပွဲကြောင့် လှုံ့ဆော်မှုကိုခံလိုက်ရပြီး စတင်ကျင့်ကြံမှု ပြုကြသည်။

ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှူတို့လည်း တူညီစွာဖြစ်၏။ ကြောင်နီပင်လျှင် စဉ်းစားချင့်ချိန်ကာ သုံးသပ်နေဟန် ရှိသည်။

ဟကလေးနှင့် ယွီရှောင်လုံမှာ ကြောင်တောင်နေကြ၏။ ဤသည်မှာ အလွန်စွမ်းအားကြီးကာ အံ့သြဖို့ကောင်းလှသည်ဟု ခံစားရသည်။ သို့ပေမယ့် စတင်မှုပြုကာ မည်ကဲ့သို့ ကျင့်ကြံရမည်ကို မသိဖြစ်နေ၏။ ဤနည်းအားဖြင့် သူတို့သည် စိတ်ဓာတ်ကျနေကြသည်။

အထူးသဖြင့် ယွီရှောင်လုံ ဖြစ်သည်။ သူသည် မိမိ၏ပါရမီကို သံသယဝင်နေ၏။

ပါရမီရှင်များ၏ တိုက်ပွဲအဆုံးတွင် ယွီကျိုးရှိ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှာ တိတ်ဆိတ်သွားခဲ့၏။

All Chapters