← Chapters

ဓားစံအိမ်၊ လော့ကျိုး၏တိုက်ပွဲ(၂)

Vol. 34 Ch. 510

ဓားစံအိမ်၊ လော့ကျိုး၏တိုက်ပွဲ(၂)

Vol. 34 Ch. 510

ဆရာဟုန်က ခေါင်းငြိမ့်သည်။

"ငါတို့ဓားစံအိမ်ရဲ့ လျှို့ဝှက်ပညာရပ် အခိုးခံရကတည်းက... ငါတို့ကလည်း သေချာပေါက် ပြန်လည်ရယူပြီး သူခိုးကို သုတ်သင်ရမှာပေါ့။ ဒီတစ်ကြိမ်မှာ ငါကိုယ်တိုင် လှုပ်ရှားမှုပြုမယ်။ ငါ့ရဲ့ ဓားစံအိမ်လည်း လှုပ်ရှားမှုပြုလိမ့်မယ်.."

"ကျေးဇူးတင်ပါတယ် ဆရာဟုန်.."

ဂိုဏ်းချုပ်ရှင်းက ဝမ်းသာစွာပြောသည်။ ထို့နောက် ဆက်လက်ရှင်းပြ၏။

"လော့ဒေသမှာ အတူတူစုစည်းနေကြတဲ့ လေလွင့်သိုင်းသမား အဖွဲ့အစည်းတစ်ခု ရှိတယ်။ ကြည့်ရတာ သူတို့ရဲ့ ရည်ရွယ်ချက်က မကောင်းလောက်ဘူး။ စွမ်းအားကလည်း ထင်ထားတာထက်တောင် ကျော်လွန်တယ်။ သူတို့မှာ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်တောင် ပိုင်ဆိုင်ထားလောက်တယ်.."

"ကျွန်တော့်အထင်တော့ အဲ့ဒီ့လေလွင့်သိုင်းသမား အဖွဲ့အစည်းက ဝမ်ရှင်းအကယ်ဒမီနဲ့ ပတ်သက်နေလိမ့်မယ်။ ကျွန်တော်တို့ ချီမင်ဂိုဏ်းနဲ့ လော့ဒေသရဲ့ တော်ဝင်မိသားစုတွေက အဲ့ဒီ့ လေလွင့်သိုင်းသမား အဖွဲ့အစည်းကို ဝိုင်းဝန်းသုတ်သင်ဖို့ ပြင်ဆင်ထားတယ်.."

"ဒါပေမယ့် စွမ်းအားကြီးရန်သူတွေ ပုန်းအောင်းနေမှာစိုးလို့ ခင်ဗျားရဲ့အကူအညီကို တောင်းခံလိုပါတယ် ဆရာဟုန်.."

ဆရာဟုန်၏ မျက်လုံးများက အေးစက်သည့် အလင်းတစ်ခု လက်သွား၏။

"အဲ့ဒီ့နိမ့်ကျတဲ့ လေလွင့်သိုင်းသမားတွေက ပုန်ကန်ဖို့ ကြိုးစားနေတာလား။ သူတို့မှာ ဒီလိုရဲတင်းတဲ့ စိတ်ဓာတ် ရှိကတည်းက ငါတို့စိတ်ဝိဉာဉ်ဂိုဏ်းတွေကလည်း အချင်းချင်း ဒီအတိုင်းထိုင်ပြီး ကြည့်နေလို့ဘယ်ရမလဲ.."

"ကျေးဇူးတင်ပါတယ် ဆရာဟုန်.."

ဂိုဏ်းချုပ်ရှင်းမှာ စိတ်သက်သာရာ ရသွား၏။

"ကျွန်တော့်အထင်တော့ အဲ့ဒီ့လေလွင့်သိုင်းသမားအဖွဲ့အစည်းက ယွီကျိုးမှာရှိတဲ့ လေလွင့်သိုင်းသမားအဖွဲ့အစည်းနဲ့လည်း ပတ်သက်နေလိမ့်မယ်။ ဖြစ်နိုင်တာက ရွှီယန်ကလည်း အဲ့ဒီ့အဖွဲ့အစည်းက ပျိုးထောင်ထားတဲ့ ပါရမီရှင် ဖြစ်လိမ့်မယ်.."

"ဝမ်ရှင်းအကယ်ဒမီရဲ့ အဲ့ဒီ့အကြွင်းအကျန်တွေက ခင်ဗျားတို့ရဲ့ လျှို့ဝှက်ဓားပညာကို ခိုးယူခဲ့ရုံတင်မကဘူး။ ပုန်ကန်ဖို့လည်း ရည်ရွယ်နေတယ်။ သူတို့ရဲ့အပြစ်က ချမ်းသာပေးလို့မရဘူး.."

"ပြောတာကောင်းတယ်.."

ဆရာဟုန်က မတ်တပ်ရပ်ကာ အေးစက်စွာ ကြေညာချက်ထုတ်သည်။

"သေသင့်တဲ့ပြစ်မှုနဲ့ ဝမ်ရှင်းအကယ်ဒမီက အကြွင်းအကျန်တွေက ထပ်ပြီးတော့ တစ်ကျော့ပြန်လာဖို့ စိတ်ကူးယဉ်နေကြတာပဲ။ သူတို့က သေဖို့ထိုက်တန်တယ်.."

ထိုနေ့တွင် ဓားစံအိမ်မှ ဂိုဏ်းသခင်နှင့် အကြီးအကဲနှစ်ယောက်တို့သည် လော့ဒေသသို့ ထွက်ခွာခဲ့ကြ၏။ တစ်နေ့တွင် လော့ဒေသ၌ ကမ္ဘာတုန်ဟီးသည့် လှုပ်ရှားမှုတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ချီမင်ဂိုဏ်းနှင့် လော့ဒေသရှိ မိသားစုကြီးများက ရုတ်တရက် လှုပ်ရှားမှုပြုခဲ့ကြခြင်း ဖြစ်၏။ လျှို့ဝှက်သည့် စခန်းများကို ဝင်ရောက်တိုက်ခိုက်ကာ လေလွင့်သိုင်းသမားများစွာတို့ကို သတ်ဖြတ်ခဲ့သည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့် သိုင်းသမားများပင်လျှင် အနည်းငယ် သေဆုံးခဲ့ရသည်။

"ဘုန်း.."

လော့ကျိုးရှိ မျိုးဆက်စုံ မဟာမိတ်အဖွဲ့မှာ ရုတ်တရက်ပေါ်သွားခဲ့၏။

"ဘယ်သူ့ဆီက သတင်းပေါက်ကြားခဲ့တာလဲ.."

လော့ဒေသ၏ မဟာမိတ်ခေါင်းဆောင်က ဒေါသတကြီးပြောသည်။

"ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေမှာ သတိကြီးကြီး လုပ်ဆောင်ခဲ့ပေမယ့် လော့ဒေသက ယွီကျိုးလိုမဟုတ်ဘူး။ ချီမင်ဂိုဏ်းနဲ့ တော်ဝင်မိသားစုကြီးတွေက တစ်ခုခုသတိထားမိပြီးဖြစ်မှာကို စိုးရိမ်ရတယ်.."

"အခု ပေါ်သွားပြီဆိုတော့ တိုက်ခိုက်ကြတာပေါ့.."

လော့ဒေသ၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်က လေးနက်စွာပြောသည်။

"ဒါဆိုလည်း တိုက်တာပေါ့... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ တော်ဝင်မိသားစုတွေ ဘယ်လောက်အထိ စွမ်းအားကြီးလဲဆိုတာကို ကြည့်ကြမယ်.."

လော့ဒေသ၏ မဟာမိတ်ခေါင်းဆောင်က အေးစက်စွာပြောသည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။

"လင်းနယ်မြေမှာ ငါတို့ လေလွင့်သိုင်းသမားတွေအတွက်လည်း နေရာတစ်ခု ရှိသင့်တယ်။ ဖိနှိပ့်ခံရတာ၊ ခေါင်းပုံဖြတ်ခံရတာ သို့မဟုတ် ကျွန်ပြုခံရတာကို ဆန့်ကျင်လိုတဲ့ ဘယ်သူမဆို ဘဝမှာ ပိုင်ဆိုင်သမျှ အရာအားလုံးကို လောင်းကြေးထပ်ပြီး အနာဂတ်မျိုးဆက်ရဲ့ လေလွင့်သိုင်းသမားတွေရဲ့ ငြိမ်းချမ်းမှုအတွက် တိုက်ခိုက်ကြရမယ်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို ဝင်ရောက်ပြီး ငါတို့အတွက် နေရာတစ်ခုကို ရှာဖွေကြရအောင်.."

မျိုးဆက်စုံမဟာမိတ်အဖွဲ့က ပေါ်လာပြီးနောက် ထိုကြေညာချက်ကို ထုတ်ပြန်၏။ လေလွင့်သိုင်းသမားများပူးပေါင်းပြီး ကိုယ့ပိုင် နေရာတစ်ခုအား ရယူရပေမည်။

ထာဝရငြိမ်းချမ်းမှုအတွက် တိုက်ခိုက်ရပေမည်။

စစ်ပွဲသည် ကြီးမားစွာ ထွက်ပေါ်လာခဲ့၏။ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ်များ ဝင်ပါလာကြသည်။

အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတို့ပင်လျှင် လှုပ်ရှားမှုပြုခဲ့၏။

ဤသည်က ချီမင်ဂိုဏ်း၏ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အကြီးအကဲတစ်ယောက်ကို သတ်ဖြတ်ခဲ့လေသည်။

လော့ဒေသ၏ မဟာမိတ်ခေါင်းဆောင်သည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၏ ခွန်အားကိုပြသပြီး အလွန် သန်မာလှသည်။ သူသည် ချီမင်ဂိုဏ်း၏ မဟာအကြီးအကဲကိုပင် ဖိနှိပ့်နိုင်၏။

မျိုးဆက်စုံမဟာမိတ်အဖွဲ့ ပေါ်ပေါက်လာပြီး သူတို့၏ သန်မာသည့် စွမ်းအားကို ပြသပြီးနောက် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ ဖိနှိပ့်ခြင်းကို ခံထားရပြီး ရန်ကြွေးဆပ်ရန် ရည်ရွယ်ထားသည့် လေလွင့်သိုင်းသမားအချို့သည် စစ်ပွဲအတွင်းသို့ စတင်ကာ ဝင်ရောက်လာကြသည်။

ချီမင်ဂိုဏ်းပဲဖြစ်ဖြစ်၊ လော့ဒေသ၏ မိသားစုကြီးများပဲဖြစ်ဖြစ် မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို အလွန် စွမ်းအားကြီးမည်ဟု ထင်မထားခဲ့ပေ။ တစ်ဖက်ရန်သူသည် လှုပ်ရှားမှုပြုသည်နှင့် သူတို့ကို တန်ပြန်တိုက်ခိုက်နိုင်ကာ အသာစီးပင် ရနိုင်လေသည်။

"သူတို့က ဘာလို့ဒီလောက်တောင် သန်မာရတာလဲ... စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား လေလွင့်သိုင်းသမားတွေမှာ ဘယ်လိုလုပ်ပြီး ဒီလောက်စွမ်းအားကြီးတဲ့ ကျင့်စဉ်တွေ ပိုင်ဆိုင်ထားတာလဲ.."

"ကြည့်ရတာ အဆုံးမဲ့ကြယ်တာရာအကယ်ဒမီရဲ့ သိုင်းပညာတွေဖြစ်မယ်။ အဲ့ဒီ့က အကြွင်းအကျန်တွေ ပြဿနာရှာနေတာ.."

လော့ဒေသရှိ တော်ဝင်မိသားစုများနှင့် ချီမင်ဂိုဏ်းသည် အံ့ဩမိသလို ဒေါသလည်း ထွက်နေကြသည်။ အစက သူတို့သည် ကြီးစိုးသည့် ခွန်အားဖြင့် ရန်သူကို ဖိနှိပ့်နိုင်မည်ဟု တွေးထင်ထားကြ၏။ သို့ပေမယ့် အဲ့ဒီ့အစား အရေးနိမ့်ခဲ့လေသည်။

သူတို့၏ အရေးနိမ့်မှုကို တွေ့ရသည်နှင့် လော့ဒေသရှိ လေလွင့်သိုင်းသမားများသည် မျှော်လင့်ချက်ကို တွေ့လိုက်ရပုံ ပေါ်၏။ ရလဒ်အနေနှင့် ပိုမိုပိုမိုကာ များပြားသည့် လေလွင့်သိုင်းသမားများ တိုက်ပွဲအတွင်းသို့ ဝင်ပါလာကြသည်။ ရည်ရွယ်ချက်မှာ အခွင့်အရေးအချို့ရှာပြီး တော်ဝင်မိသားစုများကို ဖျက်ဆီးရန် ဖြစ်၏။

နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့လျှင်တောင် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အရင်းအမြစ် တစ်စိတ်တစ်ပိုင်းကို ဖဲ့ယူနိုင်ပါက ကောင်းပေလိမ့်မည်။

လော့ဒေသတစ်လျှောက် စစ်ပွဲကြီးပျံ့နှံ့လာပြီး တတိယတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများစွာ ဖျက်ဆီးခံရကာ သူတို့၏ အရင်းအမြစ်များကို လေလွင့်သိုင်းသမားများက လုယက်ခဲ့ကြသည်။

ပိုမိုပိုမိုကာ များပြားသည့် လေလွင့်သိုင်းသမားများ ဝင်ပါလာသည်နှင့်အမျှ လော့ဒေသရှိ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများမှာ ပိုမို တစ်ဖက်သက်ကျလာခဲ့သည်။

သို့ပေမယ့် မကြာခင်တွင် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ စစ်မှန်သည့် ခွန်အားတို့ ပေါ်လာခဲ့သည်။ သူတို့သည် သိုင်းသမားတပ်ဖွဲ့ တစ်ခုကို ဖွဲ့စည်းကာ လေလွင့်သိုင်းသမားများအား တန်ပြန်သတ်ဖြတ်ခဲ့၏။

နောက်ဆုံး မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ လက်ရွေးစင်များနှင့် ထိပ်တိုက်တွေ့ဆုံသည်အထိ ဖြစ်သည်။ နှစ်ဖက်စလုံး ရှုံးနိမ့်မှုများ ဖြစ်ပေါ်ခဲ့၏။

ရလဒ်အား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ၏ တိုက်ပွဲက အဆုံးအဖြတ်ပေးမှာဖြစ်သည်။

"ဘုန်း.."

လော့ဒေသ၏ မဟာမိတ်ခေါင်းဆောင်မှာ အလွန်စွမ်းအားကြီးမား၏။ သူသည် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများအကြားတွင် အားနည်းခြင်း မရှိပေ။ ချီမင်ဂိုဏ်း၏ မဟာအကြီးအကဲကို အတင်းတွန်းလှန်ခဲ့၏။

လော့ဒေသ၏ တိုက်ပွဲအတွက် မျိုးဆက်စုံ မဟာမိတ်အဖွဲ့က အခြား အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို စေလွှတ်ခဲ့ပြီး ထိုသူသည် တော်ဝင်မိသားစုကြီးများမှ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တိုက်ပွဲဖြစ်နေ၏။ သို့ရာတွင် အရေးနိမ့်နေပါသည်။

"ဒီနေ့မှာ ငါမင်းကိုသတ်မယ်.."

လော့ဒေသ၏ မဟာမိတ်ခေါင်းဆောင်က ကြီးစိုးသည်အရှိန်အဝါဖြင့် ချီမင်ဂိုဏ်း၏ မဟာအကြီးအကဲဆီသို့ ပြေးဝင်သွားသည်။

သူသည် ထိပ်တန်း စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ ထိုအကြီးအကဲကို သတ်ဖြတ်ကာ လော့ဒေသရှိ လေလွင့်သိုင်းသမားများ၏ ရဲစွမ်းသတ္တိကို မြှင့်တင်ရပေမည်။

"မောက်မာတဲ့ကောင်.."

ချီမင်ဂိုဏ်း၏ မဟာအကြီးအကဲမှာ ဒေါသကို ဖိနှိပ့်ထားနိုင်စွမ်း မရှိတော့ပေ။

"ဝမ်ရှင်းရဲ့ အကြွင်းအကျန်တွေ... တစ်ယောက်မှ ချမ်းသာခွင့်မပေးနဲ့.."

"ဟန့်... ငါက ဝမ်ရှင်း သိုင်းပညာအကယ်ဒမီရဲ့ ကျင့်စဉ်တွေကို ကျင့်ကြံတာမှန်တယ်။ ဒါပေမယ့် ဝမ်ရှင်းသိုင်းပညာအကယ်ဒမီက မဟုတ်ဘူး။ မျိုးဆက်စုံမဟာမိတ်အဖွဲ့က ဝမ်ရှင်းသိုင်းပညာ အကယ်ဒမီ မဟုတ်ဘူး.."

လော့ဒေသ၏ မဟာမိတ်ခေါင်းဆောင်က အေးစက်စွာရယ်၏။ သူ၏ သိုင်းပညာအတတ်ကို ထုတ်ဖော်ထားကာ စွမ်းအားကြီးမားသည့် ခွန်အားက ချီမင်ဂိုဏ်း၏ မဟာအကြီးအကဲကို အကြိမ်ကြိမ် နောက်ဆုတ်သွားရစေသည်။

"မင်းဘာသာ ဝမ်ရှင်းရဲ့ အကြွင်းအကျန်ပဲဖြစ်ဖြစ်၊ မျိုးဆက်စုံ မဟာမိတ်အဖွဲ့ပဲဖြစ်ဖြစ်... အားလုံးက နိမ့်ကျတဲ့ လေလွင့်သိုင်းသမားတွေပဲ။ မြင့်မြတ်တဲ့လူတွေကို ဆန့်ကျင်ရဲတယ်။ ဒီနေ့မှာ စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ စွမ်းအားက အန်တုလို့ရတဲ့အရာ မဟုတ်ဘူးဆိုတာကို မင်းတို့အားလုံး သိသွားအောင် ငါပြပေးမယ်.."

ရုတ်တရက် မောက်မာသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဝှစ်.."

ဓားအလင်းတစ်ခု ကောင်းကင်ကို ဖြတ်သန်းလာပြီး သစ်ပင်တစ်ပင်ကို အမြစ်မှ ကျွတ်ထွက်စေလောက်အောင် ကြမ်းကြုတ်သည့် စွမ်းအားနှင့် လော့ဒေသ၏ မဟာမိတ်ခေါင်းဆောင်ဆီသို့ ပြေးဝင်လာ၏။

"ဘုန်း.."

မဟာမိတ်ခေါင်းဆောင်၏ မျက်နှာက ကြီးစွာပြောင်းလဲသွားသည်။ သူသည် ကိုယ့်ကိုယ်ကိုယ် အလျှင်အမြန်ခုခံ၏။

သို့ပေမယ့် ဓားချက်တွင် မယုံကြည်နိုင်စရာကောင်းလှသည့် အဖျက်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်။ လျှပ်တပြက်အတွင်း သူ၏ အကာအကွယ်ကို ချိုးဖျက်သွား၏။

"မကောင်းတော့ဘူး.."

ထိတ်လန့်စွာ ခံစားလိုက်ရပြီးနောက် မဟာမိတ်ခေါင်းဆောင်သည် အသဲအသန် တန်ပြန်တိုက်ခိုက်မှုများ ပြုကာ ဓားချက်ကို ကာနိုင်လိုက်သည်။ သို့ပေမယ့် သူ၏ပုံရိပ်မှာ နောက်သို့ဆက်တိုက် ဆုတ်နေခဲ့ရပြီး ဆိုးရွားသည့်အခြေအနေသို့ ကျရောက်သွား၏။

"မဟာဖျက်ဆီးခြင်းဓားချက်ပဲ... ဓားစံအိမ်ရဲ့ ဆရာဟုန်ရောက်လာပြီ.."

လော့ဒေသ၏ မဟာမိတ်ခေါင်းဆောင်က အံကိုကြိတ်ရင်းက ပြောသည်။

ဆရာဟုန်က ဓားကိုကိုင်ဆောင်ရင်း ရွေ့လျားလာပြီး သူ၏နောက်တွင် ဓားစံအိမ်မှ အကြီးအကဲနှစ်ယောက်တို့ ပါရှိသည်။ သူတို့သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများကို ပြေးဝင် သတ်ဖြတ်၏။

"ဝှစ်.."

ခဏတာအတွင်း အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် နေရာမှာတင် သတ်ဖြတ်ခံလိုက်ရသည်။

"ဘယ်ငမိုက်သားကိုမှ ချမ်းသာမပေးနဲ့။ ဒီနေ့မှာ မင်းတို့အားလုံးရဲ့ အသက်နဲ့ ငါ့ရဲ့ဓားကိုသွေးမယ်.."

ဆရာဟုန်က ဓားကိုမြှောက်လိုက်သည်နှင့် စွမ်းအားကြီးမားသည့် ဓားအလင်းက ကောင်းကင်၌ ဖြာထွက်လာခဲ့သည်။ သူ၏ခွန်အားသည် သိသာစွာပင် ချီမင်ဂိုဏ်းမှ မဟာအကြီးအကဲထက် များစွာသာလွန်၏။

လော့ဒေသ မဟာမိတ်ခေါင်းဆောင်၏ နှလုံးသားက လေးလံသွားသည်။ ဓားစံအိမ်သည် အမှန်တကယ်ကို သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ရှိ ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု ဖြစ်၏။ ဆရာဟုန်၏ ဂုဏ်သတင်းမှာလည်း အမှန်တကယ်ကို ထိုက်တန်ပေသည်။ သူသည် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်ပေ။

"မဟာမိတ်ခေါင်းဆောင်... ကျွန်တော်ကူပေးမယ်.."

မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဝင်ရောက်လာခဲ့၏။

ပြင်းထန်သောတိုက်ပွဲသည် ဆက်လက်ဖြစ်ပွားပြီး ဒီတစ်ကြိမ်တွင် မဟာမိတ်ခေါင်းဆောင်၌ အကူအညီရလာလျှင်တောင် ဆရာဟုန်၏ တိုက်ခိုက်မှုအောက်တွင် နောက်ဆုတ်နေရဆဲ ရှိသည်။ နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေပေမယ့် သူတို့၏ ခန္ဓာကိုယ်များ၌ ဒဏ်ရာတို့ လွှမ်းခြုံလာ၏။

အစက အသာစီးရနေခဲ့သည့် မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် ယခုအချိန်၌ ရှင်းလင်းစွာပင် ရှုံးနိမ့်ပေတော့မည်။

မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်များ မဟုတ်သည့် လေလွင့်သိုင်းသမား များစွာတို့သည် တိုက်ခိုက်မှုတို့ ရပ်တန့်ကာ ဆက်လက်ဝင်ပါရဲခြင်း မရှိကြတော့ပေ။

အချို့ဆိုလျှင် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ မျက်နှာသာပေးမှုကို ရရန်အတွက် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များကိုပင် တန်ပြန်တိုက်ခိုက်ခဲ့ကြသည်။

လော့ဒေသ မဟာမိတ်ခေါင်းဆောင်မှာ ချောင်းဆိုးရင်းမှ သွေးများစီးကြလာ၏။ မျက်နှာက ဖြူရော်စွာဖြင့် လေးလံစွာ အသက်ရှူနေသည်။ သူ့ကိုလာရောက်ကူညီသည့် သိုင်းသမားမှာလည်း လက်တစ်ဖက် ဆုံးရှုံးခဲ့ပြီးဖြစ်ကာ ဒဏ်ရာအပြင်းအထန် ရနေ၏။

မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ဆယ်ယောက်ကျော်တို့ သေဆုံးခဲ့လေသည်။ အများစုတို့ကို ဓားစံအိမ်မှ အကြီးအကဲများက သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။

"ဓားစံအိမ်.."

မဟာမိတ်ခေါင်းဆောင်က အသက်ကို တင်းရှူရင်းက ကျိန်ဆဲသည်။ ဒီတိုက်ပွဲတွင် မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် ရှုံးနိမ့်တော့မည့်ဟန် ရ၏။

သူတို့၏ လော့ကျိုးတွင် ရှည်လျားစွာ တည်ရှိခဲ့သော စခန်းသည် ဖျက်ဆီးခံရဖို့ အန္တရာယ်ကြုံလာခဲ့သည်။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အခြေခံနှင့် ခွန်အားသည် အမှန်တကယ်ကို ကြီးမားလှ၏။

"နိမ့်ကျတဲ့ လေလွင့်သိုင်းသမားတွေ... မင်းတို့ရဲ့ နိမ့်ကျတဲ့ အဆင့်အတန်းကို ကောင်းကောင်းနားလည်ထားသင့်တယ်။ ပုန်ကန်ဖို့ကြိုးစားတာက ကိုယ်ကိုယ်တိုင်ရဲ့ ပျက်စီးခြင်းလမ်းစဉ်ကို ရှာဖွေတာပဲ။ ဒီနေ့မှာ မင်းတို့အားလုံးကို ငါဖျက်ဆီးပေးမယ်.."

ဆရာဟုန်၏ ရှည်လျားသည့် မုတ်ဆိတ်များက လေထဲတွင် လွင့်လူးနေပြီး ဓားအလင်းက ကောင်းကင်ကို ဆန့်ကျင်ကာ ဖြာထွက်နေသည်။ ကြမ်းကြုတ်သည့် ဓားချက်တစ်ခု လေထဲမှ သက်ဆင်းလာခဲ့၏။

"မဟာဖျက်ဆီးခြင်းဓားချက်..."

လော့ဒေသ မဟာမိတ်ခေါင်းဆောင်က အံကိုကြိတ်ကာ တားဆီးသည်။ သူသည် အကူအညီလည်း မဲ့နေ၏။ ဒီဓားချက်ကို ကာကွယ်နိုင်ခြင်းမရှိပါက သေဆုံးရတော့မှာဖြစ်သည်။

"ပါးစပ်ဖွင့်လိုက်တာနဲ့ ငါတို့ကို နိမ့်ကျတဲ့ လေလွင့်သိုင်းသမားတွေဆိုပြီးတော့ပဲ သမှုတ်နေတယ်။ ဒါပေမယ့် မင်းတို့ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက သိုင်းသမားတွေကရော ဘာတွေမို့လဲ.."

ထိုအချိန်၌ သက်ပြင်းချသံတစ်ခု ပေါ်လာခဲ့သည်။

လ၏အလင်းရောင် ဖြာထွက်နေသည့် တောင်ဝှေးတစ်ချောင်းသည် လေထဲတွင် ဓား၏အသွားကို ဝင်ထောက်၏။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ‌ဓားအလင်းမှာ ပျက်စီးသွားခဲ့သည်။

ဆရာဟုန်၏အကြည့်က ဝင်ရောက်တိုက်ခိုက်လာသည့် အဘိုးအိုအပေါ်သို့ စူးစိုက်စွာ ကျရောက်သွား၏။

ထိုအဘိုးအို၏နောက်တွင် လရောင်ကဲ့သို့ ငွေရောင်အလင်းတစ်ခု ဖြာထွက်နေ၏။ သို့ပေမယ့် ထိုလသည် ပြည့်စုံခြင်းမရှိကာ လခြမ်းတစ်ခုနှင့် တူသည်။

ထိုသို့ဆိုလျှင်တောင် အဘိုးအို၏ အရှိန်အဝါမှာ သံသယဝင်စရာမကောင်းလောက်အောင် အလွန့်အလွန် သန်မာလှ၏။

"ခင်ဗျားက ဘယ်သူလဲ.."

အဘိုးအိုက ထိုးမခြားနားစွာ ပြော၏။

"မင်းပြောပြောနေတဲ့ ဝမ်ရှင်းရဲ့ အကြွင်းအကျန်ဆိုတာပေါ့.."

"ကောင်းတယ် အရမ်းကောင်းတယ်... ဒီနေ့မှာ ခင်ဗျားတို့ အကြွင်းအကျန်ကောင်တွေကို ကျုပ်သတ်ပစ်မယ်.."

ဆရာဟုန်က နှာခေါင်းရှုံ့ကာ ဓားကိုဆွဲပြီး ပြေးဝင်သွား၏။ သို့ရာတွင် အဘိုးအိုက တောင်ဝှေးကို ချိန်ရွယ်လိုက်ချိန်၌ ကောင်းကင်၌ တောက်ပသည့် လအလင်းက ပေါ်လာ၏။ စွမ်းအားကြီးမားသည့်အားက သက်ဆင်းလာကာ အနှိုင်းမဲ့သည့် မဟာဖျက်ဆီးခြင်းဓားချက်သည် ထိုမပြည့်စုံသည့် လကို ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။

"ဘုန်း.."

ခဏတာ တိုက်ခိုက်ပြီးနောက် ဆရာဟုန်မှာ အရေးနိမ့်နေပြီး ဖြစ်၏။ သို့ပေမယ့် သူတို့၏ခွန်အားမှာ အရမ်းကြီးကွာခြားခြင်းမရှိရာ အဘိုးအိုအနေနှင့် အနိုင်ရရန် အလွန်ခက်ခဲလှပါသည်။

All Chapters