← Chapters

ထုန်းရှန့်တောင်၌ အခြေချခြင်း

Vol. 28 Ch. 301

ထုန်းရှန့်တောင်၌ အခြေချခြင်း

Vol. 28 Ch. 301

​ရှန့်ထန်း တာအိုကျောက်စိမ်း ငါးသန်းကို ပေးချေပြီးနောက် ထန်ထျန်းနှင့် လန်တင်းအင်မော်တယ်အရှင်တို့က အခြားကိစ္စရပ်အချို့ကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။

​"ကျန်တဲ့ တပည့်သစ်တွေအတွက် စီစဉ်ပေးရမှာက တစ်လလောက်တော့ ကြာဦးမှာ"

​"သူတို့ကို နှစ်သိမ့်ပေးဖို့ အချိန်လိုသလို ပါရမီစစ်ဆေးတာ၊ ခွဲဝေမှုစံနှုန်း သတ်မှတ်တာတွေကိုလည်း အသစ်ပြန်လုပ်ရဦးမယ်"

​"ဒါပေမဲ့ မင်းအတွက် အစီအစဉ်ကတော့ အတည်ပြုပြီးသားပဲ။ "

"ငါ မင်းအတွက် ထုန်းရှန့်တောင် မှာ နေစရာ ကြိုတင်စီစဉ်ပေးထားတယ်။ အဲဒါက တောင်ထိပ် တပည့်တွေအတွက် သီးသန့်သတ်မှတ်ထားတဲ့ နေရာပဲ"

​"ဘာလိုအပ်တာမျိုးရှိရှိ ငါ့ကို အချိန်မရွေး ပြောလို့ရတယ်။ စည်းမျဉ်းဘောင်အတွင်းကနေ မင်းအတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမယ်"

လန်တင်းအင်မော်တယ်အရှင်က ပြော သည်။

​ထန်ထျန်း ခဏစဉ်းစားပြီးနောက် "တခြား ထွေထွေထူးထူး တောင်းဆိုစရာတော့ မရှိပါဘူး။ "

"တစ်ခုပဲရှိတာက ကျွန်တော် ထျန်းဖူနန်းတော်ကို လာတုန်းက ကိုယ်ရံတော်အချို့ ခေါ်လာခဲ့တယ်။ "

"ဖြစ်နိုင်ရင် သူတို့ကိုပါ ကျွန်တော်နဲ့အတူ ခေါ်သွားချင်ပါတယ်"

​လန်တင်းအင်မော်တယ်အရှင်က ပြုံး လျက် "ဒါကတော့ သဘာဝကျတာပေါ့"

​"ဒါပေမဲ့ ငါသိထားသလောက်တော့ မင်းအနားမှာ ကုရှောင်းရွှယ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်၊ သူက တပည့်အဆင့်အတန်းနဲ့ ဝင်လာတာလေ။ "

"အကယ်၍ မင်းက သူ့ကိုပါ ခေါ်သွားမယ်ဆိုရင်တော့ သူက နောက်ထပ်ပြုလုပ်မယ့် တပည့်ခွဲဝေမှု အစီအစဉ်တွေမှာ ပါဝင်ခွင့်ရတော့မှာ မဟုတ်ဘူး။ "

"မင်း ဘယ်လိုလုပ်ချင်လဲ"

​ထန်ထျန်း ခဏမျှ တွေးတောပြီးမှ "ဒါဆိုရင်တော့ သူ့ကို ကျွန်တော်နဲ့အတူပဲ လိုက်ခွင့်ပြုလိုက်ပါ"

​"အရှင်လည်း သိတဲ့အတိုင်း အခုချိန်မှာ ကျွန်တော့်ကို မကြည်ဖြူတဲ့သူတွေ အများကြီးရှိနေသလို ကျွန်တော့်အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်ကိုလည်း သဘောမကျတဲ့သူတွေ ရှိနေတယ်။"

" သူ့ကို အပြင်မှာ တစ်ယောက်တည်း ထားခဲ့ရင် မကောင်းတာတစ်ခုခု ဖြစ်လာမှာကို ကျွန်တော် စိုးရိမ်လို့ပါ"

​လန်တင်းအင်မော်တယ်အရှင်က ခေါင်းညိတ်သည်။ "ငါလည်း အဲဒီအချက်ကို ထည့်စဉ်းစားပေးထားပါတယ်။"

" ထျန်းဖူနန်းတော်ရဲ့ အခြေအနေက အရမ်းရှုပ်ထွေးတယ်။ စည်းမျဉ်းတွေ ဘယ်လောက်ပဲ ပြည့်စုံပါစေ၊ စည်းမျဉ်းကို လှည့်ကွက်သုံးပြီး ကျော်လွှားမယ့်သူတွေ အမြဲရှိနေတတ်တာပဲ"

​"ဒါပေမဲ့ မင်း သေချာစဉ်းစားပါဦး။ အဲဒီလိုလုပ်လိုက်ရင် ကူရှောင်းရွှယ်အနေနဲ့ ထျန်းဖူနန်းတော် တပည့်တွေ ရရှိမယ့် အကျိုးခံစားခွင့်တွေကို ရတော့မှာ မဟုတ်ဘူးနော်"

​ထန်ထျန်းက ပြုံး၍ "သူ့ရဲ့ လုံခြုံရေးနဲ့ ယှဉ်ရင် ဘာမှ အရေးမကြီးပါဘူး။ "

"သူ့ကို ကျွန်တော့်နားမှာပဲ ရှိနေပါစေ။ သူ့ရဲ့ နောင်အနာဂတ် ကျင့်ကြံမှုအတွက် လိုအပ်တာတွေကို ကျွန်တော်ပဲ တာဝန်ယူပါ့မယ်"

​အရင်က ထန်ထျန်းသည် ကုရှောင်းရွှယ်ကို သူမ၏ ပါရမီနှင့် အစွမ်းအစများကို ပြသစေပြီး ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖန်တီးစေချင်ခဲ့သည်။

သို့သော် သူမနှင့် စိတ်ချင်းဖွင့်ဟ တိုင်ပင်ပြီးနောက်တွင်ရော ဤကြီးမားသော ဘေးအန္တရာယ်ကို ကြုံတွေ့ပြီးနောက်တွင်ပါ သူမကို တစ်ယောက်တည်း လွှတ်ထားရန် မသင့်တော်တော့ဟု ခံစားလိုက်ရသည်။

​၎င်းအပြင် ရှောင်းရွှယ်၏ အခြေအနေမှာ အမြဲတမ်း သံသယဖြစ်စရာ ရှိနေသည်။

ဖြစ်နိုင်သည်မှာ ကြီးမားသော လျှို့ဝှက်ချက်များ ပါဝင်ပတ်သက်နေနိုင်သည်။

ထို့ကြောင့် အနားမှာပဲ ထားခြင်းက အကောင်းဆုံးပင်။

​"ကောင်းပြီလေ။"

" မင်းက အဲဒီလို ဆုံးဖြတ်ပြီးမှတော့ ငါ အဲဒီအတိုင်း စီစဉ်ပေးလိုက်မယ်"

​လန်တင်းအင်မော်တယ်အရှင်က ပြောရင်းနှင့် ရုတ်တရက် ပြုံးလိုက်ပြီး "ဒါပေမဲ့ ငါ မင်းကို ကြိုတင် သတိပေးထားရမယ်။"

" တောင်ထိပ် တပည့်တွေဆိုတာ တစ်ယောက်မှ သာမန်လူတွေ မဟုတ်ကြဘူး။"

" ထုန်းရှန့်တောင်ကို ရောက်သွားရင် မင်းရဲ့ အစွမ်းအစကို လာပြီး စမ်းသပ်မယ့်သူတွေ သေချာပေါက် ရှိလိမ့်မယ်"

​"အဲဒီလို ကိစ္စတွေကိုတော့ ငါ ဝင်ပါလို့ မရဘူး၊ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းအပေါ်မှာပဲ မူတည်လိမ့်မယ်။ "

"မင်း တောင့်ခံနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ငါကတော့ မင်း ကျန်တဲ့ အကြွေးတွေကို ဘယ်တော့ ပြန်ဆပ်မလဲဆိုတာကိုပဲ စောင့်နေမယ်နော်၊ ဟားဟား"

​ထန်ထျန်းကလည်း "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်ချီ။ "

"စိတ်ချပါ၊ ကျွန်တော့်ဘာသာ ကျွန်တော် ကိုင်တွယ်ဖြေရှင်းပါ့မယ်"

​လန်တင်းအင်မော်တယ်အရှင်က ခေါင်းညိတ်ပြပြီးနောက် နှစ်ယောက်သား အခြားအကြောင်းအရာအချို့ကို ဆက်လက် ပြောဆိုကြကာ လန်တင်းလည်း ထွက်ခွာသွားတော့သည်။

​မကြာမီမှာပင် ထန်ထျန်းကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သော ကြင်နာတတ်သည့် အင်မော်တယ်အရှင်က နောက်တစ်ကြိမ် ပြန်ရောက်လာသည်။

သူက ထန်ထျန်းကို ထုန်းရှန့်တောင်သို့ လိုက်ပါပို့ဆောင်ပြီး အခြေချပေးရန် တာဝန်ယူရသူ ဖြစ်သည်။

​စကားပြောကြည့်ရာမှ ထန်ထျန်းက သူ၏ အမည်ကို သိလိုက်ရ၏။

​မင်ကွမ်းအင်မော်တယ်အရှင်

သူက မည်သည့် အင်အားစုအောက်တွင်မှ မရှိဘဲ အဓိက နန်းတော် မှ ပျိုးထောင်ထားသော အကြီးအကဲတစ်ဦး ဖြစ်သည်။ လက်ရှိတွင် အရှင်ချီ၏ လက်အောက်၌ အမှုထမ်းနေပြီး တောင်ထိပ် တပည့်များ၏ နေ့စဉ် ကိစ္စများကို စီမံခန့်ခွဲသည့် တာဝန်ကို ယူထားရသူ ဖြစ်သည်။

​"ငါတို့ အခုပဲ သွားကြမယ်"

​မင်ကွမ်းအင်မော်တယ်အရှင်၏ ဦးဆောင်မှုနှင့်အတူ ထန်ထျန်းက နောက်ဆုံးတွင် ထိုအခန်းထဲမှ ထွက်လာနိုင်ခဲ့သည်။

အပြင်သို့ ရောက်မှသာ သူက ဤခမ်းနားကြီးကျယ်လှသော နန်းတော်ကြီး၏ ပုံစံအပြည့်အစုံကို မြင်လိုက်ရသည်။

အဆောက်အအုံ တစ်ခုလုံးမှာ အနက်ရောင်ဖြစ်ပြီး အလွန်ပင် လေးလံသော ဖိအားများကို ပေးစွမ်းနေသည်။

ကြည့်ရသည်မှာ ဤနေရာက အရေးကြီးသော ကိစ္စရပ်များကို စီရင်ချက်ချသည့် နေရာဖြစ်ပုံရပြီး ချင်းယွဲ့ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးဌာနချုပ်နှင့် ဆင်တူလှသည်။

​ထိုနေရာမှ ထွက်လာပြီးနောက် ထန်ထျန်းက ကုရှောင်းရွှယ်၊ လီဟုန် နှင့် အခြားသူများကို တွေ့လိုက်ရသည်။

မင်ကွမ်းအင်မော်တယ်အရှင်က သူတို့ကို ကြိုတင် ခေါ်လာခဲ့ခြင်း ဖြစ်သည်။

​ထန်ထျန်း ဘာမှမဖြစ်ဘဲ ပြန်ထွက်လာသည်ကို မြင်သောအခါမှ အားလုံးမှာ သက်ပြင်းချနိုင်တော့ပြီး စိုးရိမ်ပူပန်နေသည့် မျက်နှာများမှာ ပြေလျော့သွားကြသည်။

အထူးသဖြင့် ကုရှောင်းရွှယ်မှာ ငိုတော့မည့် ပုံစံပင် ပေါက်နေသည်။

​"ငါ ဘာမှမဖြစ်ပါဘူး။ "

"ဒီအရှင်က မင်ကွမ်းအင်မော်တယ်အရှင်ပဲ ငါတို့ရဲ့ နေစရာအသစ်ဆီကို သူ လိုက်ပို့ပေးပါလိမ့်မယ်"

ထန်ထျန်းက ပြုံးလျက် ရှောင်းရွှယ်၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။

​"ကျွန်မကို လန့်သေအောင် လုပ်တာပဲ"

ရှောင်းရွှယ်က ခေါင်းလေးငုံ့ကာ ထန်ထျန်း၏ အင်္ကျီစကို ဘယ်တော့မှ လွှတ်မပေးတော့မည့်အလား တင်းတင်းဆုပ်ကိုင်ထားသည်။

​ခဏနားပြီးနောက် အားလုံး စတင်ထွက်လာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် ခမ်းနားသော တောင်တန်းကြီးအချို့၊ ပေါက်ကွဲပျက်စီးသွားသော နဂါးကျွန်း၏ အကြွင်းအကျန်များ၊ တောအုပ်ကြီးများနှင့် ရေ ကန်ကြီးများကို ဖြတ်ကျော်လာခဲ့ကြသည်။

​ထို့နောက်တွင်တော့ အလွန်ကြီးမားသော တောင်ထိပ်ကြီးတစ်ခုမှာ သူတို့ရှေ့မှောက်တွင် ပေါ်လာတော့သည်။

ထိုတောင်ထိပ်မှာ မတ်စောက်ခြင်းမရှိဘဲ တောင်ပေါ်တွင် အင်မော်တယ်မြူများ ဝန်းရံနေသည်။ ကောင်းကင်နှင့် မြေကြီး၏ ထူးခြားသော စွမ်းအင်စီးဆင်းမှုများ ပါဝင်နေပုံရပြီး အဝေးကကြည့်ရုံနှင့်ပင် ဤနေရာက ပါရမီရှင်များ စုဝေးရာ ထူးခြားသော အရပ်ဖြစ်ကြောင်း ခံစားမိစေသည်။

​"ဒါက ထုန်းရှန့်တောင်ပဲ"

​မင်ကွမ်းအင်မော်တယ်အရှင်က လက်ကို ဝှေ့ယမ်းကာ ထန်ထျန်းတို့ တစ်စုလုံးကို စွမ်းအင်ဖြင့် မကာ ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားသည်။

အသက်ရှိုက်ချိန် အနည်းငယ်အကြာတွင် သူတို့က တောင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

​ဤနေရာမှာ အတော်အတန် ပြန့်ပြူးသော နေရာဖြစ်ပြီး သစ်တောများနှင့် ရေတံခွန်များကြားတွင် လှပသော အဆောက်အအုံများမှာ သဘာဝနှင့် တစ်သားတည်းကျစွာ တည်ရှိနေသည်။ ပတ်ဝန်းကျင်မှာ အလွန်ပင် အေးချမ်းသာယာလှ၏။

အင်မော်တယ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များ၏ သိပ်သည်းဆမှာလည်း အလွန်မြင့်မားသဖြင့် ဤနေရာတွင် နေထိုင်ရုံနှင့်ပင် ကျင့်ကြံမှုနှင့် ခန္ဓာကိုယ်ကို သိသိသာသာ တိုးတက်စေနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ဝမ့်ယွဲ့လှိုဏ်ဂူ ၏ ထိုဂူနှင့်တော့ လုံးဝ ယှဉ်၍မရပေ။

​"ဒီနေရာက ဒီနှစ် အသစ်တက်လာတဲ့ တောင်ထိပ် တပည့်တွေအတွက် သီးသန့်ပေးထားတဲ့ နေရာပဲ"

မင်ကွမ်းအင်မော်တယ်အရှင်က မိတ်ဆက်ပေးသည်။​"ခန့်မှန်းချက်အရ တပည့်သစ်က ၂၀၀ လောက်ရှိမယ်။"

" တရားဝင်တပည့်အဆင့်ကနေ တက်လာတဲ့သူက ၃၀၀ ဝန်းကျင်ရှိမယ်။ "

"အားလုံးပေါင်းရင် ၅၀၀ လောက်ပေါ့။ "

"ကိုယ်ရံတော်တွေ၊ နောက်လိုက်တွေနဲ့ ပေါင်းရင်တောင် အများဆုံး ၁၀၀၀ ပဲ ရှိမှာဆိုတော့ ဒီနယ်မြေ က မင်းတို့အတွက် လုံလောက်ပါတယ်"

​ထန်ထျန်း ခေါင်းညိတ်လိုက်သည်။

တစ်နှစ်လျှင် ၅၀၀ ဆိုပါက ၁၀ နှစ်လျှင် ၅၀၀၀ ရှိမည်။

လီဟုန် စုံစမ်းထားသည့် သတင်းများအရ တောင်ထိပ် တပည့်များက အင်မော်တယ်ဘုရင် ဖြစ်သွားလျှင်သော်လည်းကောင်း ကျင့်ကြံချိန် နှစ်၂၀ ပြည့်သွားလျှင်သော်လည်းကောင်း အဆင့်အတန်း ကုန်ဆုံးပြီး ထျန်းဖူနန်းတော်တွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ထို့ကြောင့် ထုန်းရှန့်တောင်တွင် နေထိုင်သော တောင်ထိပ် တပည့် စုစုပေါင်းမှာ ၃၀၀၀၀ ဝန်းကျင်ခန့် ရှိပေလိမ့်မည်။

​ခဏအကြာတွင် မင်ကွမ်းအင်မော်တယ်အရှင်က ထန်ထျန်းတို့ကို မိုးမခတောအုပ်တစ်ခုသို့ ခေါ်လာသည်။ လှပသော ခြံ ဝင်းအချို့က ထိုနေရာ၌ တည်ရှိသည်။

​ခြံ ဝင်းတစ်ခု၏ ရှေ့သို့ ရောက်သောအခါ မင်ကွမ်းအင်မော်တယ်အရှင်က "မင်းတို့ ဒီမှာ နေလို့ရပြီ"

​"ကျန်တဲ့ တပည့်တွေ အခြေမကျသေးတာကြောင့် မင်းတို့ ခဏလောက်တော့ ဒီနယ်မြေ ထဲကနေ အပြင်ကို လျှောက်မသွားနဲ့ဦး။"

" အရေးကြီးတဲ့ ကိစ္စရှိရင် ငါ့ကို ကြိုပြောပါ"

​မင်ကွမ်းအင်မော်တယ်အရှင်က ထန်ထျန်းကို သတိထားရမည့် အချက်အချို့ ပြောပြပြီးနောက် သူ၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ပေးကာ ပျံသန်းထွက်ခွာသွားတော့သည်။

နဂါးကျွန်း ကိစ္စကြောင့် သူ ကိုင်တွယ်ဖြေရှင်းရမည့် အလုပ်တွေက တောင်ပုံရာပုံ ရှိနေသေးသည်။

​ရှေ့မှ ခြံ ဝင်းကို ကြည့်ကာ ထန်ထျန်းက သက်ပြင်းအသာ ချလိုက်သည်။

နောက်ဆုံးတော့ အခြေကျသွားပြီပေါ့။

​ဝမ့်ယွဲ့လှိုဏ်ဂူ က ခေတ္တတည်းခိုတဲ့ ဇရပ်လိုမျိုးဆိုရင် ဒီနေရာကတော့ ထျန်းဖူနန်းတော်မှာ သူ ရေရှည်နေထိုင်ရမယ့် အိမ်အစစ်ပဲ ဖြစ်သည်။

​"ကဲ သွားကြစို့၊ ငါတို့ရဲ့ အိမ်အသစ်ကို သွားကြည့်ရအောင်"

ထန်ထျန်းက ပြုံး၍ ပြောလိုက်ပြီး အစီအရင် ကို ဖွင့်ကာ အထဲသို့ လှမ်းဝင်လိုက်လေတော့သည်။

All Chapters