← Chapters

ကောင်းကင် ထိပ်ဆုံး

Vol. 28 Ch. 304

ကောင်းကင် ထိပ်ဆုံး

Vol. 28 Ch. 304

​မိုရှောင်းရှောင်း၏ ရှင်းပြချက်အရ ကောင်းကင် ထိပ်ဆုံး ဆိုသည်မှာ အမှန်တကယ်တွင် အဘယ်အရာဖြစ်ကြောင်း ထန်ထျန်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

​တိတိကျကျ ပြောရလျှင် ၎င်းမှာ အရာဝတ္ထုတစ်ခု မဟုတ်ဘဲ အခြားကမ္ဘာတစ်ခု ဖြစ်သည်။

​ချင်းယွဲ့ဂိုဏ်းနှင့် ထျန်းဖူနန်းတော်၏ ဆက်ဆံရေးကဲ့သို့ပင် "ကောင်းကင် ထိပ်ဆုံး" ဆိုသည်မှာ ပို၍ မြင့်မားသော အဆင့်အတန်းရှိသည့် နယ်ပယ်တစ်ခု ဖြစ်သည်။

ထိုနေရာသည် ဤလောကတစ်ခုလုံး၏ စစ်မှန်သော အထွတ်အထိပ် တည်ရှိရာနေရာဟု ဆိုနိုင်သည်။

​ထို့ကြောင့် ထိုနေရာသို့ သွားရန်မှာ လွယ်ကူသည်တော့ မဟုတ်ပေ။

​"ပဥ္စမဦးလေး ပြောပြချက်အရတော့ အကြောင်းရင်းကို သေချာမသိရပေမဲ့ ကျွန်မတို့ အခုရှိနေတဲ့ ဒီကမ္ဘာကြီးမှာ ချို့ယွင်းချက်တွေ ရှိနေတယ်တဲ့"

​မိုရှောင်းရှောင်းက ဆက်ပြောသည်။ "အဲဒီ ချို့ယွင်းချက်က အပြင်လောကနဲ့ ထျန်းဖူနန်းတော်ကြားက ကွာဟချက်မျိုးနဲ့ ဆင်တူတယ်။ "

"အပြင်လောကလို အင်မော်တယ်စွမ်းအင် ချို့တဲ့တဲ့နေရာမှာ သာမန်ကျင့်ကြံသူတွေအနေနဲ့ အင်မော်တယ်အဆင့်ကို တက်လှမ်းဖို့ ဘယ်လောက် ခက်ခဲလဲဆိုတာ အစ်ကိုထန် သိမှာပါ"

​ထန်ထျန်း ခေါင်းညိတ်လိုက်သည်။

အ​ပြင်လောကတွင် ဝိညာဉ်စွမ်းအင်မှာ ကြွယ်ဝသော်လည်း အင်မော်တယ်စွမ်းအင်မှာ အလွန်ပင် ရှားပါးလှသည်။

၎င်းအပြင် အင်မော်တယ်ဖြစ်ဖို့ စည်းမျဉ်းများမှာလည်း ပြည့်စုံမှု မရှိပုံရသည်။

ထို့ကြောင့် သာမန်ကျင့်ကြံသူများအတွက် အင်မော်တယ် ဖြစ်ရန်မှာ အလွန်ခက်ခဲလှ၏။

​ဥပမာအားဖြင့် အရင်က ချီယွမ် ဆိုလျှင် ထျန်းဖူနန်းတော် မှ ချင်းယွဲ့ဂိုဏ်းသို့ သွားစဉ်ကပင် အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်သို့ ရောက်နေသော်လည်း နှစ်ပေါင်း ရာချီ ကြာသည်အထိ အင်မော်တယ်တစ်ပိုင်း အဆင့်မှာပင် ရပ်တန့်နေခဲ့ပြီး နောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်ခဲ့ပေ။

ချင်းယွဲ့ဂိုဏ်းမှ အစစ်အမှန် အင်မော်တယ် များမှာလည်း ထျန်းဖူနန်းတော် မှ လာကြသူများသာ ဖြစ်ပြီး အပြင်လောကတွင် ကျင့်ကြံအောင်မြင်ခဲ့သူများ မဟုတ်ကြချေ။

​ထူးခြားသော နယ်မြေအချို့ကို ရှာတွေ့ခြင်း သို့မဟုတ် အစွမ်းထက်သော အင်မော်တယ် ပစ္စည်းများကို ရရှိခြင်းမှလွဲ၍ ဤအတားအဆီးကို ချိုးဖျက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

​သို့သော် ပါရမီက အစွန်းရောက်လှလျှင်တော့ တစ်မျိုးပေါ့။

ထန်ထျန်းကဲ့သို့သောသူမျိုးမှာ အင်မော်တယ် ဖြစ်သွားစဉ်က မည်သည့် အခက်အခဲမျှ မရှိဘဲ အလွန်ပင် ချောမွေ့စွာ အောင်မြင်ခဲ့သည်။

​"အပြင်ကမ္ဘာရဲ့ ကန့်သတ်ချက်က အင်မော်တယ်အဆင့် ဆိုရင်..."

​"ထျန်းဖူနန်းတော်ရဲ့ ကန့်သတ်ချက်ကတော့ အင်မော်တယ်ဧကရာဇ် အဆင့်ပဲ။"

" ကောင်းကင် ထိပ်ဆုံးကို သွားနိုင်ဖို့ လမ်းနှစ်လမ်းပဲ ရှိတယ်"

မိုရှောင်းရှောင်းက ဆက်ပြောသည်။

​"ပထမတစ်လမ်းကတော့ ကံကြမ္မာ ၊ နတ်ဘုရားပစ္စည်းတွေ ဒါမှမဟုတ် ကိုယ့်ရဲ့ အရည်အချင်းနဲ့ ဒီလို ချို့ယွင်းချက်ရှိတဲ့ ကမ္ဘာမှာတောင် အင်မော်တယ်ဧကရာဇ် အဆင့်ကို ကျော်လွန်ပြီး ထိပ်ဆုံးကို အင်အားသုံး တက်လှမ်းတာပဲ။ "

"အဲဒီအချိန်ကျရင် 'ကောင်းကင် ထိပ်ဆုံး' ရဲ့ တံခါးတွေက သူ့အတွက် အလိုအလျောက် ပွင့်လာပြီး ကြိုဆိုကြလိမ့်မယ်"

​"ဒုတိယ နည်းလမ်းကတော့..."

​"ထျန်းဖူနန်းတော် နတ်ဘုရားသားတော် ဖြစ်လာဖို့ပဲ"

​ထန်ထျန်း မှင်တက်သွားကာ "နတ်ဘုရားသားတော်လား"

​"ဒီလို တပည့်နေရာမျိုး ရှိတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးပါလား"

​မိုရှောင်းရှောင်းက ပြုံးလျက် "အစ်ကိုထန် မကြားဖူးတာ မဆန်းပါဘူး။ ကျွန်မကိုယ်တိုင်တောင် ပဥ္စမဦးလေး ပြောပြမှ သိတာပါ။ ထျန်းဖူနန်းတော် မှာ ဒီလောက်ကြာအောင် နေခဲ့တာတောင် ဒီလို တည်ရှိမှုမျိုး ရှိမှန်း မသိခဲ့ဘူး။ "

" 'နတ်ဘုရားသားတော်'၊ 'အင်မော်တယ်ဧကရာဇ် အထက်အဆင့်' နဲ့ 'ကောင်းကင် ထိပ်ဆုံး' ဆိုတာတွေက ထျန်းဖူနန်းတော် ရဲ့ အဆင့်မြင့်ဆုံး လျှို့ဝှက်ချက်တွေပဲလေ"

​"ဒါကြောင့်..."

​"တကယ်တော့ ကျွန်မ အရမ်းသိချင်နေတာ၊ အစ်ကိုထန်က ဒါတွေကို ဘယ်ကနေ သိလာတာလဲ"

​ထန်ထျန်း မေးစေ့ကို အသာပွတ်ရင်း "ဒါက လအင်မော်တယ်က ပြောပြတာလို့ ငါပြောရင် မင်း ယုံမလား"

​မိုရှောင်းရှောင်း ခဏမျှ မှင်တက်သွားပြီး "ရှင် ဆိုလိုတာက ဝမ့်ယွဲ့လှိုဏ်ဂူရဲ့ လပြည့်ညမှာ အင်မော်တယ်နန်းတော် ပေါ်လာပြီးမှ ထွက်ပေါ်လာတတ်တဲ့ လအင်မော်တယ် ဒဏ္ဍာရီကို ပြောတာလား"

​ထန်ထျန်း ခေါင်းညိတ်ပြသည်။

​"ဟုတ်တယ်။ သူနဲ့ ငါ ခဏလောက် စကားပြောဖြစ်ခဲ့တယ်၊ သူ့ရဲ့ တကယ့်ကိုယ်ခန္ဓာကို ရှာချင်ရင် 'ကောင်းကင် ထိပ်ဆုံး' ကို လာခဲ့ပါလို့ ပြောသွားတယ်။ "

"ဒါနဲ့... ခုနက ငါ မင်းကို တိုက်တဲ့ ဝိုင်က လအင်မော်တယ် ငါ့ကို လက်ဆောင်ပေးသွားတာလေ"

​ထန်ထျန်းက တကယ့်အဖြစ်အပျက်ကို သေသေချာချာ ပြောနေသော်လည်း မိုရှောင်းရှောင်းကတော့ မအောင့်နိုင်ဘဲ တဟားဟား ရယ်မောလိုက်တော့သည်။

​"တော်ပါတော့ အစ်ကိုထန်ရယ်"

​"ကျွန်မက ရှင့်ရဲ့ လျှို့ဝှက်ချက်ကို တကူးတက စုံစမ်းချင်တာ မဟုတ်ပါဘူး၊ စပ်စုချင်ရုံ သက်သက်ပါ။"

" ဒါပေမဲ့ ရှင်ပြောတဲ့အချက် တစ်ခုတော့ မှန်နိုင်တယ်။"

" လအင်မော်တယ် ဆိုတာ တကယ်ရှိခဲ့ရင် 'ကောင်းကင် ထိပ်ဆုံး' လို နေရာမျိုးမှာပဲ ရှိနေမှာပါ"

​မိုရှောင်းရှောင်းက ထန်ထျန်း၏ စကားကို နောက်ပြောင်နေသည်ဟုသာ ထင်ပြီး လုံးဝ မယုံကြည်ပေ။

ထန်ထျန်းလည်း ဘာပြောရမှန်း မသိတော့။

သူ အမှန်အတိုင်း ပြောသည့်အခါတိုင်း လူတွေက အမြဲတမ်း အထင်လွဲကြသည်။

သူက တကယ်ကို ရိုးသားတဲ့သူပါဆို။

​"ခုနက မင်းပြောတဲ့ နတ်ဘုရားသားတော် နေရာကို..."

​"ဘယ်လိုမှ ရနိုင်မှာလဲ"

ထန်ထျန်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

​အင်မော်တယ်ဧကရာဇ် အထက်အဆင့် ဆိုသည်မှာ အလှမ်းဝေးသေးသည်။

အခွင့်အရေး အရှိဆုံးကတော့ ဤ "နတ်ဘုရားသားတော်" နေရာပင်။

​"ကြည့်ရတာ အစ်ကိုထန် စိတ်ဝင်စားသွားပြီထင်တယ်"

မိုရှောင်းရှောင်းက ပြုံး ၍ ပြော သည်။

​ထန်ထျန်းက "အင်း" ဟု အသံပြုကာ "မင်းပဲ ပြောခဲ့တယ်လေ၊ အဲဒီနေရာက ပိုပြီး မြင့်မားတဲ့ အထွတ်အထိပ်ကို ရောက်နိုင်သလို ဖြစ်နိုင်ခြေတွေ ပိုများတယ်ဆိုတာ။"

" အခွင့်အရေး ရှိပါလျက်နဲ့ မသွားဘူးဆိုရင် တစ်သက်လုံး နောင်တရနေမှာပေါ့"

​မိုရှောင်းရှောင်း ခေါင်းညိတ်သည်။ "အစ်ကိုထန် ပြောတာ မှန်ပါတယ်။"

" ဒါပေမဲ့... နတ်ဘုရားသားတော်ရဲ့ အခြေအနေက ထျန်းဖူရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်ဖြစ်လို့ ပဥ္စမဦးလေးတောင် သေချာမသိဘူး။ "

"ဒါပေမဲ့ သေချာတာတစ်ခုက နတ်ဘုရားသားတော်က မြင့်မြတ် သားတော် ထက် အဆင့်မြင့်တယ်။ "

"ဒါကြောင့် အရင်ဆုံး 'မြင့်မြတ် သားတော်' ဖြစ်အောင် အရင်လုပ်ရမယ် ထင်တယ်"

​ထန်ထျန်း နားလည်သွားသည်။

​"မြင့်မြတ် သားတော်" အကြောင်းကို သူ အနည်းငယ် သိထားသည်။

၎င်းမှာ လျှို့ဝှက်ဆန်းကြယ်လှသော နတ်ဘုရားသားတော်မှလွဲလျှင် ထျန်းဖူနန်းတော်တွင် အဆင့်အတန်း အမြင့်ဆုံးနှင့် အရှိန်အဝါ အကြီးဆုံးသော တပည့်နေရာ ဖြစ်သည်။

တောင်ထိပ် တပည့် ဆိုသည်မှာ သူတို့အတွက် ပျိုးခင်းမျှသာ ဖြစ်ပြီး ရှန်းယွမ် စင်မြင့် ဆိုသည်မှာလည်း သူတို့အတွက် အရန်နေရာမျှသာ ဖြစ်သည်။

​ဤအချက်ကို ကြည့်ခြင်းဖြင့် "မြင့်မြတ် သားတော်" ဖြစ်ရန်မှာ လုံးဝ မလွယ်ကူကြောင်း သိနိုင်သည်။

​"ဒါဆို ငါ့ရဲ့ အခု အခြေအနေနဲ့ 'မြင့်မြတ် သားတော်' ဖြစ်လာဖို့ ဖြစ်နိုင်ခြေ ရှိလား။ "

"ဒါမှမဟုတ် ဘယ်လို လမ်းကြောင်းတွေ ရှိလဲ"

ထန်ထျန်း မေးလိုက်သည်။

​မိုရှောင်းရှောင်းက ပြုံးလျက် "သေချာပေါက် ရှိတာပေါ့။"

" မြင့်မြတ် သားတော် နေရာကို ထျန်းဖူနန်းတော် တပည့်တိုင်း ရယူနိုင်ခွင့် ရှိတယ်၊ ပါရမီနဲ့ အစွမ်းအစ လုံလောက်ရင် ရတာပဲ။ "

"အခု ရှင်က 'တောင်ထိပ် တပည့်' ပဲလေ"

​"တောင်ထိပ် တပည့်တွေမှာလည်း အဆင့် သုံးဆင့် ရှိသေးတယ်။"

" ကျင်းချွဲ့ခြံဝင်း ၊ ကျီဝေခြံဝင်း နဲ့ ကုံးချန်ခြံဝင်း ဆိုပြီးတော့ပေါ့"

​"နှစ်တိုင်း ထုန်းရှန့်တောင်မှာ 'ထုန်းရှန့် ညီလာခံ' ကျင်းပလေ့ရှိတယ်။ အဲဒီမှာ စွမ်းဆောင်ရည် ပြနိုင်ဆုံးသူတွေက 'ရှန်းယွမ် စင်မြင့်' ထဲကို ဝင်ခွင့်ရကြမယ်။ "

"ဒါပေမဲ့ ကုံးချန်ခြံဝင်းက တပည့်တွေပဲ အဲဒီညီလာခံကို ပါဝင်ခွင့်ရှိတာ။ "

"ဒါကြောင့် ရှင် အရင်ဆုံး ကုံးချန်ခြံဝင်းထဲကို ရောက်အောင် အရင်လုပ်ရမယ်"

​နားထောင်ပြီးနောက် ထန်ထျန်း တိတ်ဆိတ်သွားသည်။

​ဤ "ကောင်းကင် ထိပ်ဆုံး" ဆိုသည့် နေရာက သူထင်ထားသည်ထက် ပိုဝင်ရခက်ပုံရသည်။

နတ်ဘုရားသားတော်၊မြင့်မြတ် သားတော်၊ ရှန်းယွမ် စင်မြင့်။ ကျင်းချွဲ့၊ ကျီဝေ၊ ကုံးချန်။

​လှေကားထစ် ခြောက်ခုလုံးကို တစ်ဆင့်ပြီးတစ်ဆင့် တက်သွားရပေလိမ့်မည်။

၎င်းမှာ သူက "တောင်ထိပ် တပည့်" ဖြစ်နေ၍သာ ခြောက်ဆင့် ရှိခြင်း ဖြစ်သည်။

အကယ်၍ သာမန်တရားဝင် တပည့်သာ ဆိုလျှင်တော့ ဘယ်နှစ်ဆင့်တောင် ဖြတ်ကျော်ရမည် မသိပေ။

​"ဒါဆို ကုံးချန်ခြံဝင်းကို ဘယ်လို ဝင်ရမလဲ"

ထန်ထျန်း ထပ်မေးသည်။

​မိုရှောင်းရှောင်းက "ဒါကတော့ သိပ်မခက်ပါဘူး။ "

"ထုံးစံအတိုင်းဆိုရင် အသစ်တက်လာတဲ့ တောင်ထိပ် တပည့်တွေကို အစပိုင်းမှာတင် အကြမ်းဖျင်း ခွဲဝေပေးလေ့ရှိတယ်။"

" နှစ်တိုင်းမှာ ကုံးချန်ခြံဝင်းထဲကို တိုက်ရိုက် ဝင်ခွင့်ရတဲ့သူတွေ ရှိတယ်။ "

"အကယ်၍ ရွေးချယ်မခံရရင်တောင် နှစ်ကုန်တိုင်းမှာ ထုန်းရှန့်တောင်က တပည့်တွေကို စစ်ဆေးမှု လုပ်လေ့ရှိတယ်၊ အစွမ်းထက်တဲ့သူတွေက အဆင့်တက်ခွင့် ရတာပဲ။ "

"အစ်ကိုထန်ရဲ့ ပါရမီနဲ့ အစွမ်းဆိုရင် ဘာမှ ပြဿနာ ရှိမှာမဟုတ်ဘူးလို့ ကျွန်မ ယုံတယ်"

​ထန်ထျန်းက ပခုံးတွန့်ပြကာ မိုရှောင်းရှောင်း၏ စကားကို ငြင်းလည်းမငြင်း၊ လက်လည်းမခံပေ။

အကယ်၍ သူမ ပြောသလိုသာ ဆိုလျှင်တော့ ကောင်းပေမည်။

ကုံးချန်ခြံဝင်းထဲကို တိုက်ရိုက်ဝင်နိုင်လျှင် လှေကားထစ် သုံးဆင့်ကို တစ်ခါတည်း ကျော်ဖြတ်နိုင်မည် မဟုတ်ပါလား။

သက်တောင့် သက်သာ ဖြစ်တာက အကောင်းဆုံးပင်။

​"အဲဒီ... ထုန်းရှန့် ညီလာခံက ဘယ်တော့ ကျင်းပတာလဲ"

​မိုရှောင်းရှောင်းက "နှစ်တိုင်း နှစ်ကုန်ပိုင်းမှာပဲ"

သူမက ပြန်ဖြေပြီးနောက် ပြုံးလျက် "အစ်ကိုထန်... ရှင် ကြည့်ရတာ ဒီနှစ်မှာတင် ထုန်းရှန့် ညီလာခံကို ပါဝင်ချင်နေပုံပဲနော်။"

" တောင်ထိပ် တပည့်တွေကို အထင်မသေးနဲ့။ "

"ကုံးချန်ခြံဝင်းထဲ ဝင်နိုင်တဲ့သူတွေက တစ်ယောက်မှ သာမန်မဟုတ်ကြဘူး။ "

"နှစ်တိုင်း ရှန်းယွမ် စင်မြင့်ထဲ ဝင်နိုင်တဲ့ အနည်းငယ်သော သူတွေကတော့ ချွင်းချက်မရှိ အားလုံး အင်မော်တယ်ဘုရင် တွေပဲ၊ တချို့ဆို အင်မော်တယ်ဘုရင် ဖြစ်ခါနီးသူတွေတောင် ပါတယ်"

​ထန်ထျန်း ခေါင်းညိတ်လိုက်သည်။

​အင်မော်တယ်ဘုရင် ဟုတ်လား

​ဒါဆိုရင်တော့ စမ်းကြည့်လို့ ရတာပေါ့...

All Chapters