← Chapters

သေစမ်း ... တကယ့်ကို မောက်မာလွန်းတယ်

Vol. 28 Ch. 308

သေစမ်း ... တကယ့်ကို မောက်မာလွန်းတယ်

Vol. 28 Ch. 308

​ထန်ထျန်း၏ ညွှန်ကြားချက်ကို ကြားလိုက်ရသောအခါ လီဟုန်မှာ မျက်လုံးပြူးသွားမိသည်။

​"သခင်လေး..."

"တကယ်ပဲ အဲဒီအတိုင်း ရေးရမှာလား"

သူက မယုံကြည်နိုင်စွာ မေးလိုက်သည်။

​ထျန်းဖူနန်းတော်သို့ ရောက်ရှိလာကတည်းက ထန်ထျန်းသည် အရင်ကကဲ့သို့ ခပ်အေးအေးနေတတ်သည့် ပုံစံကို ဖျောက်ဖျက်ပြီး မောက်မာလာခဲ့သည်မှာ အမှန်ပင်။

သို့သော် ဤမျှအထိတော့ မဟုတ်ခဲ့ဖူးပေ။

​အရင်က ထန်ထျန်း ပြောဆိုလုပ်ကိုင်ခဲ့သည်များမှာ အကြောင်းပြချက် တစ်ခုခုကြောင့် ဖြစ်ပြီး အနည်းငယ် ထိန်းသိမ်းခဲ့သေးသည်။

သို့သော် ယခုတစ်ကြိမ်မှာမူ ဗြောင်ကျကျ တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။

​သို့သော် ထန်ထျန်းကတော့ ဤစကားလုံးများတွင် ဘာမျှ မှားယွင်းသည်ဟု မခံစားရပေ။

"ဘာဖြစ်လို့လဲ"

" မသင့်တော်တာ ရှိလို့လား"

ထန်ထျန်းက အေးဆေးစွာ မေးလိုက်သည်။

​လီဟုန်က ခြောက်ကပ်ကပ် ရယ်ရင်း "သခင်လေး... တကယ်လို့ အဲဒီအတိုင်း လုပ်မယ်ဆိုရင်တော့ အဲဒီတပည့်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာပဲ။"

" လူငယ်တွေဆိုတော့ ဒေါသကလည်း ကြီးကြတယ်လေ၊ သခင်လေး ဒီလိုမျိုး စိန်ခေါ်လိုက်ရင် သူတို့ သေချာပေါက် ရောက်လာကြမှာပဲ"

​ထန်ထျန်းက ဂရုမစိုက်ဟန်ဖြင့် ပြုံးလျက် "ဒေါသကြီးရင် သူတို့ ဒေါသကို ငါကပဲ လျှော့ပေးလိုက်မယ်။"

" ငါက လူတိုင်း လွယ်လွယ်နဲ့ အပြစ်ပြောလို့ရတဲ့သူလို့ တကယ် ထင်နေကြတာလား"

​"နောက်ပိုင်းမှာ တချိန်လုံး လာပြီး စိန်ခေါ်ခံနေရတာ အနှောင့်အယှက် ပေးခံနေရတာထက်စာရင်... "

"တစ်ခါတည်းနဲ့ ဝအောင် လုပ်ပေးလိုက်တာက ပိုကောင်းပါတယ်။ "

"အဲဒီလူတွေကို တစ်ခါတည်းနဲ့ နာသွားအောင်၊ ကြောက်သွားအောင် လုပ်လိုက်မှ နောက်ပိုင်းမှာ ဒီလို ပြဿနာတွေ ရှိတော့မှာ မဟုတ်ဘူး"

​အခြေအနေက ဤအဆင့်သို့ ရောက်နေပြီဖြစ်ရာ အကယ်၍ ဤအတိုင်းသာ ဆက်သွားလျှင် နောက်ထပ် ပြဿနာပေါင်းများစွာ တသီတတန်းကြီး လိုက်လာပေလိမ့်မည်။

အနည်းဆုံးတော့ "ညီလေးကို ရိုက်တော့ အစ်ကိုကြီး ရောက်လာ၊ သားကို ရိုက်တော့ ဘိုးဘေး ရောက်လာ" ဆိုသလိုမျိုး ဖြစ်နေပေလိမ့်မည်။

​ထန်ထျန်းက ပြဿနာများကို မုန်းသည်။

ပြဿနာများက မရှောင်လွှဲနိုင်တော့လျှင်မူ ထိုပြဿနာအားလုံးကို တစ်ခါတည်း အမြစ်ပြတ် ဖြေရှင်းပစ်ရန်သာ သူ ရွေးချယ်တတ်သည်။

​ထန်ထျန်း ပြောသည့် စကားများကို ကြားပြီးနောက် လီဟုန် တိတ်ဆိတ်သွားသည်။

ဤကဲ့သို့ ရဲရင့်ပြီး မောက်မာသော စကားမျိုးကို ထန်ထျန်း တစ်ယောက်သာ ပြောဝံ့ပေလိမ့်မည်။

အကြောင်းမှာ ထန်ထျန်းက သူ့ ခွန်အားအပေါ်တွင် အကြွင်းမဲ့ ယုံကြည်မှု ရှိနေသောကြောင့်ပင်။

​"ကောင်းပါပြီ"

" ဒါဆိုရင် သခင်လေး ပြောတဲ့အတိုင်းပဲ ကျွန်တော် လုပ်လိုက်ပါ့မယ်"

လီဟုန်က ကျယ်လောင်စွာ ပြန်ပြော လိုက်သည်။

​ခဏအကြာတွင် ချင်းရွှီခြံဝင်း၏ တံခါးမကြီးရှေ့တွင် အလံတိုင် အကြီးကြီး တစ်ခုကို ထောင်လိုက်လေသည်။

လေထဲတွင် တဖျတ်ဖျတ် လွင့်နေ၏

......

​နဂါးတံခါး ပျက်စီးသွားပြီး တစ်လခန့်အကြာတွင် ယခုနှစ် တပည့်သစ်များ၏ ပါရမီစစ်ဆေးမှုနှင့် ခွဲဝေမှုများမှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကြားထဲတွင် ကြီးမားသော အပြောင်းအလဲများ ရှိခဲ့သော်လည်း ထျန်းဖူနန်းတော် အဆင့်မြင့်ပုဂ္ဂိုလ်များ၏ စီမံခန့်ခွဲမှုအောက်တွင် အဆင်ပြေချောမွေ့ခဲ့သည်ဟု ဆိုရမည်။

​ပါရမီ စစ်ဆေးပေးသူများမှာ အနည်းဆုံး အင်မော်တယ်ဘုရင် အဆင့်ရှိသူများဖြစ်ရာ သူတို့၏ ဆုံးဖြတ်ချက်ကို သံသယဝင်သူ အလွန်နည်းပါးသည်။

လူအနည်းငယ်ကသာ မကျေမနပ် ဖြစ်နေကြသော်လည်း အကြီးအကဲများကို အပြစ်မတင်ဝံ့သဖြင့် နောက်ဆုံးတွင် သူတို့ ကျရှုံးရသည့် အကြောင်းရင်းအားလုံးကို ထန်ထျန်းပေါ်၌သာ ပုံချလိုက်ကြတော့သည်။

​"ဒါတွေ အားလုံးက ထန်ထျန်းကြောင့်ပဲ..."

ဤစကားမှာ လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားနေသော စကားစုတစ်ခု ဖြစ်လာခဲ့သည်။

သူတို့၏ သူငယ်ချင်းများ သို့မဟုတ် ဆွေမျိုးများကလည်း ၎င်းကို အပြည့်အဝ ယုံကြည်နေကြသည်။

​"မပူနဲ့... ငါ ထုန်းရှန့်တောင်ကို ရောက်တာနဲ့ မင်းအတွက် လက်စားချေဖို့ ထန်ထျန်းကို သေချာပေါက် ရှာလိုက်မယ်"

​"ဟမ့်... ငါ တံခါးပိတ် ကျင့်ကြံနေတဲ့ နှစ်လအတွင်းမှာ အပြင်လောက က တပည့်တစ်ယောက်က ကောင်းကင်စာရင်းရဲ့ နံပါတ် (၂) နေရာကို ယူသွားတယ် ဟုတ်လား၊ တကယ်ကို မယုံနိုင်စရာပဲ"

​"ကောင်းကင်စာရင်းရဲ့ ထိပ်တန်း (၁၀) ယောက်ဆိုတာ သခင်လေးယွီလိုမျိုး အသုံးမကျတဲ့သူတွေ မဟုတ်ဘူးဆိုတာ ငါ သိအောင် လုပ်ပြရမယ်"

​စီနီယာ တပည့် အများအပြားသည်လည်း ထန်ထျန်းကို အသုံးချကာ နာမည်ကြီးချင်သည့် စိတ်ဖြင့် ရှေ့ဆုံးမှ တက်ကြွနေကြသည်။

​"ဂျူနီယာလေးတို့ ခဏ ဖယ်ပေးကြဦး၊ ဒီ ထန်ထျန်းကိုတော့ ငါပဲ အနိုင်ယူမယ်၊ ဘယ်သူမှ လာမတားနဲ့... "

​"မလောပါနဲ့ဦး၊ ငါ အရင်သွားပြီး သူ့ရဲ့ အရည်အချင်းကို စမ်းကြည့်ပါရစေ။ တစ်ယောက်ယောက်က စွမ်းရည် မပြည့်ဝဘဲ ရှုံးသွားရင် ငါတို့ မျက်နှာပျက်ရဦးမယ်"

​"တောက်... မင်းရဲ့ မရိုးသားတဲ့ စိတ်ကူးတွေကို သိမ်းထားလိုက်စမ်းပါ။ ထန်ထျန်းကို ဘယ်သူ အရင်ရလဲ၊ အဲဒီလူ အနိုင်ယူတာပဲ"

​တောင်ထိပ်တပည့်အဖြစ် အဆင့်တက်လာသော တပည့်အသစ်နဲ့အဟောင်းများ အားလုံးမှာ ထန်ထျန်းကို အရင်ဆုံး အနိုင်ယူနိုင်ရန် လက်ယားနေကြသည်။

နာမည်ကြီးချင်သည့် ကိစ္စမှာ မည်သည့် ကမ္ဘာတွင်မဆို ဖြစ်ပျက်တတ်သည် မဟုတ်ပါလား။

​သို့သော် ထိုအချိန်တွင် တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"နေပါဦး... ထန်ထျန်းက ငါတို့ ဒီလို အုံနဲ့ကျင်းနဲ့ လာတာကို သိရင် ကြောက်ပြီး ပုန်းနေမှာ မဟုတ်ဘူးလား"

​ထိုစကားကြောင့် လူတိုင်း တိတ်ဆိတ်သွားသည်။

ဟုတ်ပေသည်။ ယခုအခါ ထန်ထျန်းကို နင်းခြေရန် ပြင်ဆင်နေသူများမှာ တပည့်အားလုံး၏ ထက်ဝက်နီးပါး ရှိနေပြီဖြစ်သည်။

ဤမျှ အင်အားစုကြီးကို မြင်လျှင် အသိဉာဏ်ရှိသူ မည်သူမဆို ပုန်းနေကြမည်သာ ဖြစ်သည်။

ထန်ထျန်းလည်း ထိုသို့ပင် ဖြစ်ပေလိမ့်မည်။

​သို့သော် မကြာမီတွင် တစ်စုံတစ်ယောက်က အေးစက်စွာ ရယ်မောလိုက်သည်။

"ထုန်းရှန့်တောင်က ဒီလောက်လေးပဲ ကျယ်တာ၊ သူ တစ်သက်လုံး ပုန်းနေနိုင်မယ်လို့ ငါ မယုံဘူး"

​"မှန်တယ်၊ တပည့်အသစ်တွေ တောင်ပေါ်တက်လာရင် လူခွဲဝေမှု အခမ်းအနား ရှိသေးတယ်၊ အဲဒီအချိန်ကျရင် သူ ဘယ်လိုမှ ပုန်းနေလို့ မရတော့ဘူး"

​"ဟမ့်... သူက လိပ်လို ခေါင်းလျှိုနေရင်တောင် ငါက မြေကြီးကို သုံးပေအထိ တူးပြီး သူ့ကို ဖော်ထုတ်ပစ်မယ်"

​လူတိုင်းက ကြုံးဝါးနေကြသည်။

သူတို့က ပါးစပ်မှသာ ပြောနေခြင်း မဟုတ်ဘဲ တိတ်တဆိတ်လည်း ပြင်ဆင်နေကြပြီ ဖြစ်သည်။

ထုန်းရှန့်တောင်ပေါ် ရောက်သည်နှင့် ထန်ထျန်းကို ရှာရန် အစွမ်းကုန် ကြိုးစားကြမည် ဖြစ်သည်။

ထန်ထျန်းကို ပထမဆုံး အနိုင်ယူနိုင်သူ၏ နာမည်မှာ ထျန်းဖူနန်းတော် တစ်ခုလုံးတွင် ဟိန်းထွက်သွားမည် ဖြစ်ရာ ဤဆွဲဆောင်မှုကို မည်သည့် တပည့်မျှ မတွန်းလှန်နိုင်ပေ။

​လူတိုင်းက ရင်ခုန်စွာ စောင့်ဆိုင်းနေကြစဉ် နောက်ဆုံးတွင် တောင်ထိပ်တပည့်များ တောင်ပေါ်သို့ စတင်တက်လာကြပြီ ဖြစ်သည်။

တက်ကြွနေသော တပည့်အသစ်နဲ့အဟောင်းများကို ကြည့်ပြီး စီမံသူဟဲ မှာ အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။ ဤကောင်တွေက ဘာတွေ ဒီလောက် စိတ်လှုပ်ရှားနေကြတာလဲ

​ထန်ထျန်းက ပုန်းနေမှာလား

ကောင်းပြီလေ... အကယ်၍ သူသာ ထိုအလံကို မမြင်ခဲ့လျှင် သူလည်း ထိုသို့ပင် ထင်မိပေလိမ့်မည်။

သို့သော် သူကတော့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

ရွှေရောင်အလံ၊ အနီရောင် စာလုံးကြီးများ၊ အတိုင်းအဆမရှိသော မောက်မာမှုနှင့် အဆုံးမဲ့သော တိုက်ခိုက်လိုစိတ်။

​သူ ထိုစာလုံးအနည်းငယ်ကို မြင်လိုက်ရသည့်အချိန်တွင် လန့်ပင် လန့်သွားခဲ့သည်။

အခုခေတ် လူငယ်တွေကတော့ တကယ်ကို ရဲတင်းလွန်းလှသည်။

​"တောင်ပေါ်ရောက်ရင် လူတိုင်း ထုန်းရှန့်တောင်ရဲ့ စည်းမျဉ်းတွေကို တိတိကျကျ လိုက်နာရမယ်။ "

"တစ်စုံတစ်ယောက်က ကျူးလွန်ဖောက်ဖျက်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်"

စီမံသူဟဲက စည်းမျဉ်းများကို ဖတ်ပြပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။

​သို့သော် တပည့်များ၏ စိတ်ထဲတွင်တော့ ဤအရာများကို အာရုံမရှိကြပေ။

"စီမံသူဟဲ... ထုန်းရှန့်တောင်မှာ တခြားတပည့်တွေကို စိန်ခေါ်လို့ ရမလား"

"ထန်ထျန်းကို ရှာပြီး အနိုင်ယူဖို့အတွက် အနှောင့်အယှက် ဖြစ်မလား"

တစ်စုံတစ်ယောက်က အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

​စီမံသူဟဲက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး "ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုကို ထျန်းဖူနန်းတော်က အမြဲတမ်း အားပေးပါတယ်။ "

"သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကလွဲရင် အရင်က မင်းတို့ လုပ်နိုင်တာမှန်သမျှကို ထုန်းရှန့်တောင်မှာလည်း လုပ်လို့ရတယ်"

​တပည့်များ အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

ထန်ထျန်းကို နင်းခြေရန် လမ်းကြောင်းပေါ်တွင် မည်သည့် အတားအဆီးမျှ မရှိတော့ဟု သူတို့ ထင်နေကြသည်။

သူတို့၏ ပုံစံကို ကြည့်ပြီး စီမံသူဟဲလည်း ဘာမျှ ဆက်မပြောတော့ပေ။

အားလုံးက ဆိုးသွမ်းသူတွေချည်းပဲမို့ ဆူညံချင်သလောက် ဆူညံကြပါစေတော့။

​ဤကလေးတွေ ဆူညံတာက နဂါးကျွန်းလိုမျိုး ထုန်းရှန့်တောင်ကြီးကိုတော့ ပေါက်ကွဲသွားအောင် မလုပ်နိုင်ပါဘူးဟု သူ တွေးလိုက်သည်။

​"မင်းတို့ အခုမှ ရောက်ခါစဆိုတော့ ထုန်းရှန့်တောင်ကို သိပ်မသိသေးဘူး။ "

"ဒါကြောင့် ဒီနေ့ တစ်ရက်ကိုတော့ မင်းတို့ စိတ်ကြိုက် သွားလာခွင့် ပေးလိုက်မယ်"

"လူစုခွဲကြတော့"

​စီမံသူဟဲက တပည့်များကို လွှတ်ပေးလိုက်သည်။

တပည့်များ၏ စုပြုံနေသော ခံစားချက်များမှာ ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။

​"ထန်ထျန်းကို သွားရှာကြစို့"

"ငါ့မှာ အတိအကျ သတင်းရှိတယ်၊ ထန်ထျန်းက ထုန်းရှန့်တောင်ကို ရောက်နေတာ ကြာပြီ၊ သူ မိုးမခတော ထဲမှာ ပုန်းနေတာ သေချာတယ်"

"သူ တစ်နေရာရာမှာ သေသေချာချာ ပုန်းနေမှာပဲ၊ ဘယ်နေရာကိုမှ လက်လွတ်မခံဘဲ ရှာကြစမ်း"

"ဟားဟား... ကောင်းပြီ၊ ဘယ်သူ အရင်ရှာတွေ့လဲ၊ အဲဒီလူပဲ အနိုင်ယူမယ်"

​လူတိုင်းက မိုးမခတောအတွင်း၌ ပိုက်စိပ်တိုက် ရှာဖွေမှုများ စတင်လိုက်ကြသည်။

သို့သော် ရှာဖွေမှု စတင်ရုံရှိသေး တစ်စုံတစ်ယောက်က ထန်ထျန်း၏ နေအိမ်ကို ရှာတွေ့ပြီဟု အော်ပြောလိုက်သည်။

​"ဒီလောက်တောင် မြန်လား"

"ဟားဟား... သူ့ရဲ့ ပုန်းကွယ်နိုင်စွမ်းကလည်း အညံ့စားပါပဲလား"

​လူတိုင်း ရင်ခုန်စိတ်လှုပ်ရှားသွားပြီး ထန်ထျန်းရှိရာ ခြံဝင်းဆီသို့ စုပြုံရောက်ရှိလာကြသည်။

သို့သော် ခြံဝင်း၏ အပြင်ဘက်ရှိ အလံကြီးပေါ်မှ အနီရောင် စာလုံးကြီးများကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများ ပြူးထွက်ကုန်ကြသည်။

​"သေစမ်း..."

"တကယ်ကို မောက်မာလွန်းတာပဲ"

All Chapters