← Chapters

အခန်း (၁၀၅၁-၁၀၅၂)

Vol. 62 Ch. 1051-1052

အခန်း (၁၀၅၁-၁၀၅၂)

Vol. 62 Ch. 1051-1052

အပိုင်း (၁၀၅၁)

ဟီလာက ဒိုဟာကို ဒေါသတကြီးဖြင့် လှမ်းကြည့်၏။ သူမက ဒိုဟာကို ဆဲရေးချင်သော်လည်း နောက်ဆုံး ဘာမှ မပြောခဲ့တော့ချေ။ သူမက ရှမ့်လန်ကို အတင်းအကျပ် သွားရောက် ကယ်တင်ချင်သည် ဆိုသော်လည်း နောက်ဆုံး ထိန်းချုပ်ထားရ၏။ သူတို့ဘက်တွင် ထိပ်တန်း သိုင်းပညာရှင် အလုံအလောက် မရှိချေ။

သူတို့ဘက်တွင် ချောင်ယောင်းအာ တစ်ဦးတည်းသာ ရှိ၏။ စေတီတောင်ဘက်တွင် အထူးစစ်သည် ဒါဇင်ပေါင်းများစွာနှင့် ရှေးဟောင်းဝတ်စုံဝတ် မဟာပညာရှင် ၁၀ ဦးကျော် ရှိနေသေး၏။ မဆင်မခြင် လုပ်ဆောင်ပါက ရှမ့်လန်ကို မကယ်တင်နိုင်သည့်အပြင် ရှမ့်လန်၏ နောက်ထပ် အစီအစဉ်များကိုပါ ပျက်ဆီးသွားစေနိုင်၏။

“ပြန်ကြရအောင်။” ချောင်ယောင်းအာက ပြောသည်။

ဟီလာက စေတီတောင်၏ သင်္ဘောအုပ်စု ပျောက်ကွယ်သွားရာ လမ်းကြောင်းကို ကြည့်ရင်း ခြေဆောင့်၏။ မင်းသမီး ဒိုဟာ ပြောသည်က မှန်ပေ၏။ သူတို့ နုရှောင့်မြို့ကို အမြန်ဆုံး ပြန်ရမည်။ မဟုတ်ပါက ရန်သူ့ကို အခွင့်အရေး ပေးသလို ဖြစ်ပေလိမ့်မည်။

…………..

မီးတောက်မြို့တော်

အိမ်ရှေ့စံမင်းသား၏ ကတိကဝတ်မှာ ရင်ကွမ်းက နဂါးနောင်တကို အသုံးပြုပြီး နုရှောင့်မြို့ကို ဖျက်ဆီးပစ်မှ သာလျှင် အစည်းအဝေး ကျင်းပရန် ဖြစ်၏။ သို့သော်လည်း ရင်ဝူမင် သဘောတူလိုက်ပြီးနောက် အစည်းအဝေးကို သတ်မှတ်အချိန်အတိုင်း ကျင်းပခဲ့၏။

ဤအစည်းအဝေးက တကယ့်ကို အရေးကြီး၏။ ဆယ်စုနှစ်များစွာတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျောက်စိမ်းဖြူမြို့တော်က ကိုယ်စားလှယ် တက်ရောက်ခဲ့ခြင်း ဖြစ်၏။ ထိုအရာက အိမ်ရှေ့စံမင်းသား အလိုရှိတိုင်း နေ့ရက် ရွှေ့ဆိုင်းနိုင်မည့် ညီလာခံမျိုး မဟုတ်တော့ချေ။

ရင်ဝူမင်၏ဆန္ဒ ပြည့်ဝသွားခဲ့၏။ သူက ဤအစည်းအဝေးကို စေတီတောင်၏ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့၏။ ကောင်းကင်ပင်လယ်နန်းဆောင်က ရွှဲ့ပြည်နယ်မှ ဆုတ်ခွာသွားခဲ့ပြီး မိုင်တစ်သောင်း သဲကန္တာရကိုသာ အစွမ်းကုန် ရှာဖွေရန် ဆုံးဖြတ်ခဲ့သော်လည်း နန်းဆောင်သခင်ကျိုးရှီ ကိုယ်တိုင် ဤအစည်းအဝေး ကို တက်ရောက်ခဲ့၏။

လျှို့ဝှက်ဆန်းပြားလွန်းသည့် ရှန့်ကုန်းကျောင်းတော်မှ ကျောင်းထိုင်ဆရာတော်လည်း ထိုနေရာတွင် ရှိ၏။ ကျောက်စိမ်းဖြူမြို့၏ ကိုယ်စားလှယ်က ဆီးနှင်းကဲ့သို့ ဖြူဖွေးလွန်းသော အမျိုးသမီး တစ်ဦးဖြစ်ပြီး သူမ၏ မျက်နှာကို မမြင်ရသော်လည်း ဆီးနှင်းဖြူရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။

ဤသည်က လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း အလွန် အရေးကြီးသည့် သဘာဝလွန် အင်အားစုများ၏ အစည်းအဝေးကြီးပင်။ သို့သော်လည်း လုပ်ငန်းစဉ် တစ်ခုလုံးက တံခါးပိတ် ကျင်းပခြင်း ဖြစ်သောကြောင့် မည်သည့်အရာကို ဆွေးနွေးခဲ့ကြောင်း မည်သူမှ မသိကြချေ။

ပြင်ပလောကမှ လူများကလည်း ဤအစည်းအဝေးကို ဂရုမစိုက်ကြချေ။ တခြားသောအရာများက သူတို့၏ စိတ်ထဲတွင် ပို၍ အရေးကြီးနေသောကြောင့်ပင်။ ရင်ဝူမင် တက်ရောက်ခြင်းက စေတီတောင်နှင့် ချန်နိုင်ငံသစ်တို့၏ ပူးပေါင်းမှုကို တရားဝင် ကိုယ်စားပြုခဲ့ခြင်းပင်။ ထိုအရာက တော်ဝင်ရန် အင်ပါယာ၏ အရှေ့လောက အုပ်ချုပ်မှုကို စွန့်ခွာကာ လွတ်လပ်ရေးကို ဦးတည်သွားခြင်းကို ကိုယ်စားပြု၏။

သို့နှင့် တော်ဝင်ရန်မင်းဆက်၏ ကြီးမားသည့် အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ချန်နိုင်ငံသစ်သည် တော်ဝင်ရန်မင်းဆက်အပေါ် လုံးဝ သစ္စာရှိကြောင်းနှင့် ဧကရာဇ်အတွက် မည်သည့် အခက်အခဲကိုမဆို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ရင်ဝူမင်က လူသိရှင်ကြား ကြေညာခဲ့သော်လည်း နှစ်ဦးနှစ်ဖက်လုံးက တဖြည်းဖြည်း ဝေးကွာသွားခဲ့ပြီ ဖြစ်ကြောင်း လူတိုင်း သိရှိကြပေလိမ့်မည်။ အနည်းဆုံးတော့ ဤကဲ့သို့သော အရေးကြီး နိုင်ငံရေး တိုက်ပွဲတွင် ရင်ကွမ်းနှင့် စေတီတောင်သခင်တို့က အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

…………..

ချန်မြို့တော်ရှိ ရင်ကွမ်း...

ဤသည်က သူတို့အတွက် အရေးကြီးဆုံးက သဘာဝလွန် အင်အားစုများ၏ အစည်းအဝေးပင်။ အိမ်ရှေ့စံမင်းသား ရင်ဝူမင်သာ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါက ထိုအရာက တော်ဝင်ရန်အင်ပါယာ၏ အလျှော့ပေးမှု ကို ကိုယ်စားပြုပေလိမ့်မည်။ ထိုအချိန်တွင် လောကကြီးက ဧကရာဇ်၏ အားနည်းမှုကို မြင်တွေ့သွားမှာဖြစ်ပြီး ထိုအချိန်တွင် လောကပေါ်ရှိ နိုင်ငံများနှင့် သဘာဝလွန် အင်အားစုအားလုံးတို့က အံ့အားသင့်ပေလိမ့်မည်။

ရင်ကွမ်းက ချန်နိုင်ငံသစ်၏ မြို့တော်မှ မထွက်ခွာခဲ့ချေ။ သူက အစည်းအဝေး၏ ရလဒ်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။

ချန်နိုင်ငံသစ်၏ မြေအောက်ခန်း တစ်ခုထဲမှာတော့ ရင်ကွမ်းက လူတစ်ဦးနှင့် လျှို့ဝှက် တွေ့ဆုံနေသည်။

ထိုသူက တော်ဝင်ရန်မင်းဆက် အနောက်ပိုင်း တပ်တော်၏ စစ်သေနာပတိချုပ် ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသား ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားလိမ့်မည် မဟုတ်ချေ။ သူ သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။ ကြယ်တံခွန် ဤလောကပေါ်သို့ ကျရောက်လာချိန်တွင် မိုးသီးများကဲ့သို့ ပေါက်ကွဲခဲ့ သောကြောင့် မိုင် ၁၀၀ အတွင်း အသက်ရှင်ရန် ခဲယဉ်းပြီး ပေါက်ကွဲမှုကြောင့် မသေဆုံးလျှင်တောင်မှ အဆိပ်ငွေ့များကြောင့် သေဆုံးနိုင်၏။

သို့သော်ငြား သူက မသေဆုံးခဲ့ချေ။ ရင်ကွမ်းနှင့် စေတီတောင် သခင်တို့ စေလွှတ်လိုက်သော လူများက သူ့ကို ကယ်တင်ခဲ့ခြင်းပင်။ သူ့ကို ကယ်တင်ခဲ့စဉ်က သူက ဒဏ်ရာအများအပြားဖြင့် သေလုမျောပါး အခြေအနေတွင် ရှိ၏။ သူ့ကို ကယ်တင်နိုင်ခဲ့သော်လည်း သူ၏ အမြင်အာရုံများက ဆိုးဝါးစွာ ထိခိုက်ခဲ့၏။ သူ၏ လည်ချောင်း ကလည်း မီးလောင်ခံထားရသကဲ့သို့ ခံစားနေရပြီး အသံကလည်း အက်ကွဲနေသည်။

“အိမ်ရှေ့စံမင်းသား... အခြေအနေ သက်သာရဲ့လား။” ရင်ကွမ်းက မေး၏။

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက တိတ်ဆိတ်နေသည်။

ရင်ကွမ်းက ဆို၏။ “အိမ်ရှေ့စံမင်းသား... ခင်ဗျားက ဉာဏ်ကောင်းတဲ့လူပဲ။ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ဘူးလား။ အခုချိန်မှာ ရှမ့်လန်က ဧကရာဇ်ရဲ့ အကြီးမားဆုံး ရန်သူ မဟုတ်တော့ဘူး။ ကျုပ်တို့ ချန်နိုင်ငံနဲ့ ခင်ဗျားတို့ ကျင်းနိုင်ငံပဲ။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက အက်ကွဲနေသည့် အသံဖြင့် ပြောသည်။ “ကျုပ်တို့ ကျင်းနိုင်ငံက မဟုတ်ဘူး။ ချန်နိုင်ငံသစ်နဲ့ စေတီတောင်ပဲ ဖြစ်မှာပါ။”

ရင်ကွမ်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ဒါဆိုရင် ဧကရာဇ်က ဘာလို့ ကျင်းနိုင်ငံကို အရင်ဆုံး စတေးဖို့ ရွေးချယ်ခဲ့တာလဲ။ ဥက္ကာခဲတွေ ကျလာမယ်ဆိုတာ သူ ရှင်းရှင်းလင်းလင်း သိနေရက်သားနဲ့ ဘာလို့ ခင်ဗျားရဲ့ စစ်သည် ခြောက်သိန်းကို သေတွင်းထဲပို့ပြီး ကျင်းနိုင်ငံကို ထိခိုက်အောင် လုပ်ခဲ့တာလဲ။”

ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားက လှောင်ပြောင် ပြုံးလိုက်မိသည်။ “ရင်ဘုရင် ... တင်းယွမ်မြို့ရဲ့ အနောက်ဘက်မှာ ဥက္ကာခဲတွေ ကျလာမယ်ဆိုတာ ခင်ဗျားလည်း သိနေတာပဲ မဟုတ်လား။ ကျုပ်တို့ ပျက်စီးသွားတာကို ခင်ဗျားလည်း ဘေးက ထိုင်ကြည့်နေခဲ့တာပဲလေ။”

ရင်ကွမ်းက အေးစက်စက်နှင့် ပြော၏။ “ကျုပ်မှာ ကျင်းနိုင်ငံကို ကယ်တင်ပေးဖို့ တာဝန်မရှိဘူး။ ဒါပေမဲ့ ဧကရာဇ်မှာတော့ ရှိတယ်။ သူက ခင်ဗျားတို့ကို မြက်ပင်လို သဘောထားခဲ့တာ။ ကျင်းနိုင်ငံ အနေနဲ့ စိတ်မပျက်မိဘူးလား။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “ရင်ဘုရင်... ခင်ဗျား ဘာလိုချင်တာလဲဆိုတာ ကျုပ် သိတယ်။ ဒါပေမဲ့ စိတ်ကူးယဉ်မနေနဲ့။ ခင်ဗျား အောင်မြင်ဖို့ မဖြစ်နိုင်ဘူး။ ဧကရာဇ်က အရမ်းကို အင်အားကြီး လွန်းတယ်။ ကျန်းလီတောင်မှ ရှုံးနိမ့်ခဲ့တာ။ ခင်ဗျား ဆိုရင် ပြောနေစရာတောင် မလိုဘူး။”

“ကျုပ် ဝန်ခံပါတယ်။”

ရင်ကွမ်းက ပြောလိုက်၏။ “ကျန်းလီရဲ့ သိုင်းပညာက ပြိုင်ဘက်ကင်းတယ်။ ရှေးဟောင်းယဉ်ကျေးမှုအပေါ် သူ့ရဲ့ သုတေသနပြုမှုကလည်း ပြိုင်ဘက်ကင်းတယ်။ ရှေးဟောင်း သွေးမျိုးဆက်တွေအပေါ် သူ့ရဲ့ လေ့လာ တွေ့ရှိမှုကလည်း နှိုင်းယှဉ်လို့မရအောင် အားကောင်းလွန်းတယ်။ ဒါပေမဲ့ သူ့ရဲ့ ဉာဏ်ပညာက လက်တွေ့ရလဒ်တွေအဖြစ် ပြောင်းလဲမသွားခဲ့ဘူး မဟုတ်လား။

သူ့ရဲ့ မဟာဗျူဟာက အရမ်းကို အမျှော်အမြင်ကြီးမားတယ်။ သူ့မှာ ကောင်းကင်တပ်တော်တွေ၊ ရှေးဟောင်း ရေတပ်တွေ၊ ရှေးဟောင်း သွေးမျိုးဆက် တပ်တော်တွေ၊ ရွှေရောင်သွေးမျိုးဆက်နဲ့ မဟာဗျူဟာမြောက် တပ်တော်တွေ ရှိခဲ့တယ်။ ဒါပေမဲ့ အဲလို အင်အားကြီးတဲ့အရာတွေက အစပျိုးရုံပဲ ရှိသေးတယ်။ သူ သေဆုံးသွားခဲ့ရပြီ။ ဒီရလဒ်တွေက သူများကို အကျိုးရှိစေခဲ့တာပဲ။”

ကျင်းနိုင်ငံအိမ်ရှေ့စံမင်းသားက တိတ်ဆိတ်သွားသည်။

ရင်ကွမ်းက ဆက်ကာ ပြော၏။ “သိုင်းပညာအရဆိုရင် ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ ရှေးဟောင်း ကိရိယာတွေနဲ့ စစ်ရေးအင်အားအရဆိုရင် ဘယ်သူက ပိုပြီး သန်မာတယ်လို့ ခင်ဗျား ထင်လဲ။ လွန်ခဲ့တဲ့ ၂၇ နှစ်က ကျန်းလီရဲ့ တပ်တော်လား။ ဒါမှမဟုတ် အခုလက်ရှိ ချန်နိုင်ငံသစ်နဲ့ စေတီတောင် ပူးပေါင်းထားတဲ့ အဖွဲ့လား။”

ကျင်းနိုင်ငံ အိမ်ရှေ့စံမင်းသားက တိတ်ဆိတ်စွာဖြင့် သဘောတူညီမိ၏။ အရှင်ကျန်းလီက မဟာဗျူဟာကိုသာ အလွန်အမင်း အာရုံစိုက်ခဲ့၏။ ထို့ကြောင့် လက်ရှိ စေတီတောင်နှင့် ရင်ကွမ်းတို့၏ ပူးပေါင်းအင်အားက အတိတ်က တော်ဝင်ရန် အင်ပါယာ ထက်ပင် သာလွန်နေသည်မှာ အမှန်ပင်။

ကျန်းလီ၏ကျဆုံးမှုက တစ်လောကလုံးကို စားသုံးရလောက်အောင် လုံလောက်ခဲ့၏။ ကျင်းနိုင်ငံကလည်း ယခုအခါ အသီးအပွင့်များ ခံစားနေရ၏။ တော်ဝင်ရန်အင်ပါယာနှင့် အဆင့်မြင့် သဘာဝလွန် အင်အားစု အနည်းငယ်တို့က အကျိုးဖြစ်ထွန်းစေခဲ့၏။

ရင်ကွမ်းက ဆက်လက်ကာ ပြောကြားလိုက်သည်။ “ဧကရာဇ်က အသက် ၈၀ နီးပါး ဖြစ်နေပြီ။ သူက နောက်ထပ် ဘယ်နှစ်နှစ်လောက် အသက်ရှင်နိုင်အုံးမှာလဲ။ အိမ်ရှေ့စံမင်းသားက ဉာဏ်ပညာ ကြီးမားတယ် ဆိုပေမဲ့ ဧကရာဇ်ကို ယှဉ်ပြိုင်နိုင်ပါ့မလား။ ပြီးတော့ ကျုပ် ပြောနိုင်တာတစ်ခုက ဧကရာဇ် နန်းစံနေတဲ့ ကာလမှာ ကျုပ် စစ်ကို စတင်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာပဲ။ ဧကရာဇ် နတ်ရွာစံပြီး အိမ်ရှေ့စံမင်းသား ဆက်ခံတဲ့ အချိန်ကျရင် ကျုပ်ကို တားဆီးနိုင်မယ့်သူ ရှိမယ်လို့ ခင်ဗျား ထင်လား။”

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက ခေါင်းခါယမ်းကာ ပြော၏။ “မရှိဘူး။ ဧကရာဇ်က အရမ်းကို အင်အားကြီး လွန်းတယ်။ သူက ခင်ဗျား စိတ်တိုင်းကျ ြစ်လာအောင် ခွင့်ပြုပေးမှာ မဟုတ်ဘူး။ ရင်ဝူမင်က သဘာဝလွန် အင်အားစု အစည်းအဝေးကို တက်ရောက်ချင်နေတာလား။ ခင်ဗျားက လွတ်လပ်ရေး လိုချင်နေတာလား။ ဒါက စိတ်ကူးယဉ် အိပ်မက် သက်သက်ပါပဲ။”

ထိုအချိန်မှာပင် ပြင်ပဆီမှ အလျင်အမြန် လျှောက်လှမ်း ဝင်ရောက်လာသည့် ခြေသံများကို ကြားရသည်။ “အရှင်... မီးတောက်မြို့တော်က သတင်းရောက်လာပါပြီ။”

ရင်ကွမ်းက ဝမ်းသာအားရ ဖြစ်သွား၏။ “ပြောစမ်း။”

“သဘာဝလွန် အင်အားစုတွေရဲ့ အစည်းအဝေးကို တရားဝင် စတင်လိုက်ပြီ။ ကျုပ်တို့ရဲ့ ဆက်ခံသူက စေတီတောင်ကို ကိုယ်စားပြုပြီး အစည်းအဝေးကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ တော်ဝင်ရန် အင်ပါယာက အလျှော့ပေးလိုက်ပါပြီ။”

ရင်ကွမ်း၏ နှလုံးသားက ဒိုင်းခနဲ ခုန်သွား၏။ သူ၏ လက်များပင် တုန်ယင်သွားခဲ့၏။ ဤနေ့ရက်သို့ နောက်ဆုံး ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ နဂါးနောင်တ၏ စစ်ရေးအရ ဟန်တားနိုင်စွမ်းနှင့် စေတီတောင်၊ ချန်နိုင်ငံသစ်တို့၏ ပူးပေါင်းအင်အားကို ရင်ဆိုင်ရချိန်မှာတော့ တော်ဝင်ရန် အင်ပါယာက အလျှော့ပေးခြင်းမှ လွဲ၍ တခြား ရွေးချယ်စရာ မရှိတော့ချေ။ မောက်မာသည့် တော်ဝင်ရန် အင်ပါယာ၌ ဤကဲ့သို့ နေ့ရက်မျိုး ရှိလာလိမ့်မည်ဟု သူ မတွေးမိခဲ့ချေ။

ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက အပြင်မှ သတင်းကို ကြားချိန်မှာတော့ တုန်လှုပ်သွားခဲ့မိ၏။ သူက မယုံကြည်နိုင်အောင် ဖြစ်မိနေ၏။ သူ၏ စိတ်နှလုံးထဲတွင် တော်ဝင်ရန်ဧကရာဇ်က လျှို့ဝှက် ဆန်းကြယ်ပြီး အင်အားကြီးမားလွန်းသူ ဖြစ်၏။ ကျင်းနိုင်ငံ၏ တပ်တော် တစ်ခုလုံး စတေးခံလိုက်ရသည် ဆိုလျှင်တောင်မှ သူက သစ္စာဖောက်ရန် မည်သည့် အတွေးမှ မတွေးခဲ့ချေ။

သို့သော်လည်း ဧကရာဇ်က ဤအတိုင်းပင် အလျှော့ပေးလိုက်လေသည်လား။ ဤသည်က သဘာဝလွန် အင်အားစုများ၏ သာမန် အစည်းအဝေး တစ်ခုမျှသာ မဟုတ်ချေ။ ဤသည်က တော်ဝင်ရန် အင်ပါယာ၏ အက်ကွဲနေခြင်းကို ကိုယ်စားပြုသည်။ ဤအရာက ဧကရာဇ် အားနည်းနေပြီ ဖြစ်ကြောင်းနှင့် ယိမ်းယိုင်နေပြီ ဖြစ်ကြောင်း လူတိုင်းကို ခံစားမိစေလိမ့်မည်။

ဤအချိန်မှာတော့ ကျင်းနိုင်ငံ၏ အိမ်ရှေ့စံမင်းသားက သူ၏ ဒဏ္ဍာရီလာ စံပြပုဂ္ဂိုလ်ကြီး၏ ပုံရိပ်တစ်ခုလုံး ရိုက်ချိုးခံလိုက်ရသကဲ့သို့ ခံစားရ၏။

ရင်ကွမ်းက ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြုံးကာ ပြောသည်။ “အိမ်ရှေ့စံမင်းသား... ကျုပ် ရင်ကွမ်းက အခုချိန်မှာ စိတ်တွေ ရှုပ်ထွေးနေပြီ။ ဆက်မပြောချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ပါ။ နောက် ရက်အနည်းငယ် ကြာရင် ကျုပ် လာတွေ့ပါမယ်။”

ပြီးနောက် ရင်ကွမ်းက ထွက်ခွာသွား၏။

ရင်ဝူမင်က စေတီတောင်ကို ကိုယ်စားပြု၍ အဆင့်မြင့် အင်အားစုများ၏ အစည်းအဝေးသို့ တက်ရောက်ခဲ့၏။ ဤသည်က လောကကြီးကို ဖောက်ကွဲပစ်လိုက်သည့် နောက်ထပ် နျူကလီးယား တစ်လုံးပင်။ နိုင်ငံတိုင်းက လှုပ်ခတ်သွားခဲ့၏။ သူတို့က မီးတောက်မြို့တော်ကို မယုံကြည်နိုင်သလို လှမ်းကာ မျှော်ကြည့်နေမိသည်။

ဤသတင်းက တင်းယွမ်မြို့၏ စစ်ပွဲထက်ပင် ပိုမို၍ တုန်လှုပ်ဖွယ်ရာ ကောင်း၏။ ဧကရာဇ်က အလျှော့ပေး လိုက်သည်လား။ အင်အားကြီးမားပြီး ပြိုင်ဘက်ကင်းသည့် ဧကရာဇ်က အလျှော့ပေးလိုက်လေပြီလား။ တကယ် အိုမင်းပြီး အားနည်းသွားလေပြီလား။

ထို့နောက်တွင်တော့ မရေတွက်နိုင်သည့် လျှို့ဝှက် သံတမန်များက ရင်ကွမ်းနှင့် လျှို့ဝှက် ဆွေးနွေးရန် သူ၏ နန်းတော်သို့ ရောက်ရှိလာကြ၏။ အမှန်စစ်စစ် ဤလျှို့ဝှက်ဆွေးနွေးပွဲများမှ မည်သည့် ရလဒ်မှ ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။ သူတို့က မည်သည့် စာချုပ်ကိုမှ လက်မှတ်ရေးထိုးမည် မဟုတ်သလို၊ မည်သည့် သက်သေ အထောက်အထားကိုမှ ချန်ထားလိမ့်မည် မဟုတ်ချေ။ သူတို့က ရင်ကွမ်းနှင့် အဆက်အသွယ် အချိတ်အဆက်ရရန် ကြိုးစားနေခြင်းမျှသာ ဖြစ်၏။

သို့သော်လည်း ဤအရာက တကယ့်ကို အရေးကြီးလှလေ၏။ ဤသည်က လောကကြီး၏ ဦးတည်ချက် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း ဆိုလိုခြင်းပင်။ ထို့ကြောင့် ရင်ကွမ်းက အလုပ်များနေပေ လိမ့်မည်။ သူက လျှို့ဝှက် သံတမန် အမျိုးမျိုးနှင့် တွေ့ဆုံရမှာဖြစ်ပြီး ထို့အပြင် သူတို့က မိမိ၏ အထောက်အထားများကို ထုတ်ဖော် ပြသမည် မဟုတ်သော သံတမန်မျိုး ဖြစ်ကြ၏။

“အရှင်... သူတို့ ရောက်နေကြပြီ။ ဒါဇင်နဲ့ချီပြီးတော့ ရှိနေပါပြီ။ သူတို့ အရှင့်ကို စောင့်မျှော်နေကြပါတယ်။”

ရင်ကွမ်းက မေးသည်။ “ရင်းနှီးတဲ့ မျက်နှာတွေ ပါသေးလား။”

“ရင်းနှီးတဲ့ မျက်နှာတွေ မပါပါဘူး။ တော်ဝင်ရန် အင်ပါယာက သိပ်ကို အင်အားကြီးလွန်းတယ်။ ဧကရာဇ်ရဲ့ ပြိုင်ဘက်ကင်းတဲ့ အချိန်ကာလက ရှိနေတုန်းပဲ။ တခြားနိုင်ငံတွေက ထင်ထင်ရှားရှား မလှုပ်ရှားရဲသေးပါဘူး။”

ရင်ကွမ်းက ပြော၏။ “အလောတကြီး လုပ်စရာ မလိုဘူး။ သူတို့ကို စောင့်ခိုင်းထားလိုက်။”

ပြီးနောက် သူက လျှို့ဝှက်ခန်းကို ဖွင့်ပြီး အိပ်မက်ဆိုးကျောက်တုံး၏ လျှို့ဝှက်ကုဒ်ကို လှည့်၏။ ယန္တရား အထပ်ထပ်ကို ဖွင့်ပြီးနောက် နောက်ဆုံး နဂါးဥက ထွက်ပေါ်လာခဲ့၏။ ရင်းနှီးနေသည့် ခံစားချက်ကြီးက ပြန်လည် ရောက်ရှိလာခဲ့သည်။

အကြောင်းရင်း တစ်ခုခုကြောင့် နဂါးဥနှင့် ထိမိသည်တိုင်း ရင်ကွမ်းက အလွန်ထူးဆန်းသည့် ခံစားချက် တစ်ခုကို ရလေ့ရှိ၏။ ထိုအရာက တကယ့်ကို နက်နဲဆန်းကြယ်လွန်းသည့် စွမ်းအား တစ်ခုကို ပိုင်ဆိုင် ထားသကဲ့သို့ပင် ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ထူးခြားလွန်းသော အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွား၏။

ဤခံစားချက်က အနည်းငယ် စွဲလမ်းစေသည်။ ထို့ကြောင့် သူက အားလပ်သည့် အချိန်တိုင်း နဂါးဥနှင့် ကစားလေ့ ရှိ၏။ သူက စွမ်းကုန် ကြိုးစားခဲ့ပြီး ရှေးဟောင်း ကျမ်းစာအုပ်ပေါင်း မရေတွေက်နိုင်အောင် ရှာဖွေခဲ့သော်လည်း နဂါးဥကို အကောင်ဖောက်နိုင်မည့် နည်းလမ်းအား ရှာမတွေ့ခဲ့ချေ။ သူ့တွင် တခြား သဲလွန်စဟူ၍ မရှိခဲ့ချေ။ ရင်ကွမ်းက သူ၏နဖူးကို နဂါးဥပေါ်တွင် တင်ပြီး ဖြည်းညင်းစွာ ပြောသည်။ “အကောင်ပေါက်လာတဲ့ အချိန်ကျရင် ငါက လောကကြီးကို အုပ်စိုးမယ့် အချိန်ပဲ။”

………….

နောက်ပိုင်းကာလများမှာတော့ ရင်ကွမ်းက တကယ့်ကို အလုပ်များနေ၏။ သူက လျှို့ဝှက် သံတမန် အမျိုးမျိုးနှင့် တွေ့ဆုံ၏။ သို့သော်လည်း အားလပ်ချိန်ရသည့်အချိန်တိုင်း နဂါးဥနားတွင်သာ ရှိနေတတ်၏။ ဤသည်က မိခင်တစ်ဦးက ဝမ်းဗိုက်ထဲတွင် ရှိနေသည့် ကလေးငယ်နှင့် ပြောဆိုဆက်ဆံနေသည်နှင့် တူ၏။

နဂါးအကောင်ပေါက်လာသည့် အချိန်တွင် အတွင်းမှ နဂါးက သူ့ကို သခင်အဖြစ် သတ်မှတ်ပြုလာစေရန် ဤနည်းလမ်း တစ်ခုတည်းသာ ရှိသည်ဟု ရင်ကွမ်းက ခံစားမိ၏။ ဤကာလက သူ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အချိန်ပင်။ သူက စစ်မှန်သည့် စစ်သူရင် ကစားသမား တစ်ဦး ဖြစ်လာခဲ့၏။ ပြောရမည် ဆိုလျှင် ဤအရာက တကယ့်ကို ကံကြမ္မာတရားပင်။ ကျန်းလီ သေဆုံးသွားချိန်၌ သူက ချန်နိုင်ငံသစ်၏ ဧကရာဇ် ဖြစ်လာခဲ့၏။ ကျန်းလီ၏ အလောင်းကို နင်းလျှောက်ပြီး သူက ကြီးပွားလာခဲ့သည်ဟု ဆိုနိုင်သည်။

ယခုအခါတွင်မူ သူက ကျန်းလီ၏ သားဖြစ်သူ အလောင်းကို နင်းပြီး ကြီးပွားလာခဲ့ပြန်၏။ အမှန်တော့ ရှမ့်လန်က မသေသေးချေ။ သို့သော်လည်း ကြီးမြတ်သည့် ချန်အင်ပါယာ၏ ဧကရာဇ်က အကျဉ်းသား တစ်ဦးအဖြစ် လျှောကျသွားခဲ့၏။ ရှမ့်လန်က လွတ်လပ်သည့် ဆန္ဒမရှိသော တိရစ္ဆာန် တစ်ကောင်နှင့် ဆင်တူသွား၏။ ဤအခြေအနေက သေဆုံးသွားသည်နှင့် ဘာများ ကွာခြားတော့မည်နည်း။

ထို့ကြောင့် ကျန်းလီနှင့် သူ၏သားတို့က ရင်မိသားစု၏ ကျေးဇူးရှင်များ ဖြစ်လာကြ၏။ ရင်ကွမ်းက သက်ပြင်းကို အသာချမိ၏။

“အစ်ကိုကြီး... ခင်ဗျားသာ မသေသေးရင် ကျုပ် ခင်ဗျားကို သစ္စာဖောက်ဖြစ်မှာ မဟုတ်ဘူး။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တွန်းအားမပေးရင် ကိုယ့်မှာ ဘယ်လောက်ထိ အလားအလာ ရှိတယ်ဆိုတာ မသိနိုင်ဘူးလေ။ ခင်ဗျား သေပြီးတဲ့နောက်မှာမှ ကျုပ်ရဲ့ စစ်မှန်တဲ့ ကိုယ်ရည်ကိုယ်သွေး တွေကို ရှာတွေ့ခဲ့တာပဲ။”

အပိုင်း (၁၀၅၂)

ထိုအချိန်၌ အပြင်ဘက်ဆီမှ အလျင်အမြန် လျှောက်လှမ်းလာသည့် ခြေသံများကို ကြားရ၏။ ရင်ကွမ်း၏ နားထင်ကြောများက ဆတ်ခနဲ လှုပ်ခါသွား၏။ အကြောင်းရင်းမှာ ခြေသံက မကောင်းသည့် နိမိတ်ကို ပြနေသောကြောင့်ပင်။ အနည်းငယ် ပြာယာခတ်နေပုံ ပေါ်၏။ သတင်းဆိုးများ ဖြစ်နေမည်လား။

“အရှင်... အခြေအနေ မကောင်းပါဘူး။ ဒုတိယမင်းသားက နဂါးနောင်တနဲ့ နုရှောင့်မြို့တော်ကို ဖျက်ဆီးဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ပါဘူး။ သူ ရှမ့်လန်ရဲ့ ထောင်ချောက်ထဲကို ရောက်သွားပါတယ်။ နဂါးနောင်တကို နုရှောင့်မြို့တော်ဆီ ပစ်လွှတ်လိုက်တယ် ဆိုပေမဲ့ မပေါက်ကွဲခဲ့ပါဘူး။ ရှမ့်လန်က နေ့ခင်းကြောင်တောင်မှာ အဲဒါကို ခိုးယူသွားခဲ့ပါတယ်။”

ချက်ချင်းပဲ ရင်ကွမ်းက ကြောင်အသွားခဲ့မိ၏။ တော်ဝင်ရန်မြို့တော်တွင်ရှိစဉ်က တင်းယွမ်မြို့ စစ်ပွဲရလဒ်ကို သိရတော့ ရင်ကွမ်း၏ တုန်လှုပ်မှုက ဟန်ဆောင်မှုသာ ဖြစ်၏။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ တကယ့်ကို ကြောင်အသွားခဲ့ခြင်းပင်။

ရှမ့်လန်က နဂါးနောင်တကို ခိုးယူချင်သည်ဟု ပြောခဲ့၏။ သူတကယ်ပဲ လုပ်နိုင်ခဲ့သည်လား။ ထို့အပြင် သူက ဤကဲ့သို့သော နည်းလမ်းကို လုပ်လိုက်သည်လား။ ဉာဏ်ရည်ဉာဏ်သွေးက တကယ့်ကို နတ်ဆိုးတစ်ပါး နှင့် ဆင်တူလွန်းနေ၏။

“ရှမ့်လန် ဘယ်မှာလဲ .... သူ လွတ်သွားပြီလား။” ရင်ကွမ်းက တည့်တိုးပင် မေးမြန်းသည်။

“မလွတ်ပါဘူး။ ဒုတိယမင်းသားက ပြတ်ပြတ်သားသားပဲ ရှမ့်လန်ကို ရိုက်နှက်ပြီး သတိမေ့အောင် လုပ်ထားပါတယ်။ အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်။ မကြာခင် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က လူတွေ ရောက်ရှိလာခဲ့ကြပါသေးတယ်။”

ရင်ကွမ်းက ပြော၏။ “ကောင်းတယ်။ ဝူချယ်... ဝူချယ် လုပ်တာ ကောင်းတယ်။”

ရှမ့်လန် မလွတ်မြောက်သရွေ့ နုရှောင့်မြို့တော်က နဂါးနောင်တကို ရရှိသွားသည် ဆိုလျှင်တောင် အသုံး မဝင်ချေ။ သူတို့အနေနှင့် ပစ်လွှတ်၍လည်း မရသလို အသက်သွင်းလျှင်လည်း အရာမထင်နိုင်ပေ။

“အင်း... ဆီးနှင်းသိမ်းငှက်ကို ပြင်ဆင်လိုက်။” ရင်ကွမ်းက အမိန့်ပေးသည်။

“ကောင်းပါပြီ။”

ပြီးနောက် ရင်ကွမ်းက နဂါးဥကို အလုံခြုံဆုံးနှင့် လျှို့ဝှက်ဆုံးသော နေရာတွင် ဝှက်ထား၏။ ပြီးနောက် သူက ဆီးနှင်းသိမ်းငှက်ကို စီးနင်းကာဖြင့် အရပ်မျက်နှာတစ်ခုဆီသို့ ဦးတည် ထွက်ခွာသွား၏။

“ရှမ့်လန်... မင်းက တကယ့်ကောင်ပဲ။ အခုတော့ ငါ မင်းနဲ့ တွေ့လို့ ရပြီပဲ။”

……….

ရှမ့်လန် ပြန်လည်နိုးထလာချိန်မှာတော့ သူက မြေအောက်မြို့တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုနေရာက ဧရာမ ဂူသင်္ချိုင်းကြီး ဖြစ်ပြီး စေတီတောင်မင်းသမီးနှင့် သူ တွေ့ဆုံခဲ့ရာ နေရာလည်း ဖြစ်၏။ ယခင်က ဤနေရာသည် မှောင်အတိကျနေသော်လည်း ယခုအချိန်မှာတော့ ဖယောင်းတိုင်ပေါင်း မရေတွက်နိုင်အောင် ထွန်းညှိထားသောကြောင့် နေ့ခင်းဘက်အလား လင်းထိန်နေသည်။

ရှမ့်လန်က မျက်လုံးဖွင့်လိုက်သည့် အချိန်တွင် မည်သို့ တုံ့ပြန်ရမှန်းမသိအောင် ဖြစ်သွား၏။

“လင်းလိုက်တာ... သိပ်ကို လင်းတာပဲ။”

ရှမ့်လန်က မျက်လုံးကိုအုပ်ကာ ပြောသည်။ “ကျုပ်ရဲ့ မျက်လုံးတွေ... ကျုပ်ရဲ့ အားနည်းပြီး မျက်ရည်ဝဲနေတဲ့ မျက်လုံးလေးတွေ...”

သို့သော်ငြား သူ၏ဟန်ဆောင်မှုကို မည်သူမှ သဘောကျဟန် မရှိချေ။ သူ၏ရှေ့တွင် လူသုံးယောက် ရပ်နေ၏။ ရင်ကွမ်း၊ စေတီတောင်သခင်နှင့် ရင်ဝူချယ်တို့ပင် ဖြစ်၏။

“ဖြောင်း... ဖြောင်း... ဖြောင်း...”

စေတီတောင်သခင်က ပြောသည်။ “ရှမ့်လန်... မင်းကို ငါ လက်ခုပ်တီးပေးရမလား။ သိပ်ကောင်းတဲ့ အစီအစဉ်ပဲ။ နေ့ခင်းကြောင်တောင်ကြီးမှာတောင် ငါတို့ရဲ့ နဂါးနောင်တနှစ်ခုကို ခိုးယူသွားနိုင်ခဲ့တယ်။”

ရှမ့်လန်က လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “သည်းခံပါ။ သည်းခံပါ။ ဒါတွေအားလုံးက မိတ်ဆွေကောင်း တွေရဲ့ ကျေးဇူးကြောင့်ပါပဲ။”

စေတီတောင်သခင်က ပြောသည်။ “မင်း ဒီလောက် ဉာဏ်ကောင်းနေမှတော့ နဂါးနောင်တနှစ်ခုကို ခိုးပြီးတာနဲ့ ဘာလို့ ထွက်မပြေးရတာလဲ။”

ရှမ့်လန်က သက်ပြင်းချလိုက်၏။

“လူဆယ်ယောက်မှာ ကိုးယောက်က ကံဇာတာရဲ့ ဖေးမမှုမရကြဘူးလေ။ နဂါးနောင်တနှစ်ခုကို ခိုးယူလိုက်ရုံနဲ့တင် ကျုပ်ရဲ့ဉာဏ်တွေက ကုန်ခမ်းသွားခဲ့ပြီ။ ပြီးတော့ ဒီလောကကြီးက ဒီလိုပဲ။ ကံတရားက (၇၀) ရာခိုင်နှုန်း၊ ကြိုးစားအားထုတ်မှုက (၃၀) ရာခိုင်နှုန်းပဲ ရှိတာ။

အခု စေတီတောင် အကြီးအကဲနှင့် အဆင့်မြင့် မဟာပညာရှင် တစ်ဒါဇင်ကျော်လောက်က ကျုပ်ကို အချိန်ပြည့် ဝိုင်းထားတာ။ ကျုပ်ရဲ့လူတွေက ကယ်ချင်တယ်ဆိုရင်တောင် အခွင့်အရေး မရှိပါဘူး။ တော်ကြာ မတော်တဆ ကျုပ်ကို သတ်မိသွားရင် ဘယ်လိုလုပ်မလဲ။ မသတ်မိရင်တောင် ကျုပ်ရဲ့ခန္ဓာကိုယ်မှာ ခြစ်ရာလေး တစ်ခုလောက် ဖြစ်သွားမယ်ဆိုရင် သူတို့ သည်းခံနိုင်မှာ မဟုတ်ဘူးလေ။”

စေတီတောင်သခင်က လှောင်ရယ်,ရယ်ရင်း ပြောသည်။ “ရှမ့်လန်... မင်း ငါတို့ကို အရှက်ခွဲလိုက်တယ် ဆိုတာ သိလား။”

ရှမ့်လန်က ပြောလိုက်၏။ “တောင်းပန်ပါတယ်။ ကျုပ် ဒါကို တမင်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။”

စေတီတောင်သခင်က ပြောသည်။ “ဘာကို လိုချင်တာလဲ ဆိုတာ ပြောပြနိုင်မလား။”

ရှမ့်လန်က ပြော၏။ “ကျုပ် လိုချင်တာ ရိုးရိုးလေးပါပဲ။ ကျုပ် ခင်ဗျားတို့ကို မနိုင်ပါဘူး။ ဒါပေမဲ့ နုရှောင့်မြို့တော် ကို ကာကွယ်ချင်တယ်။ ဒါကြောင့် ကျုပ်မှာ မဟာဗျူဟာမြောက် ဟန်တားနိုင်စွမ်းရှိဖို့ နဂါးနောင်တကို လိုအပ်တယ်လေ။ အကာအကွယ်အဖြစ် ယူထားရုံပါပဲ။ ပြီးတော့ နဂါးနောင်တနှစ်ခုကို ပစ်ခတ်နိုင်မှာ မဟုတ်ပါဘူး။”

စေတီတောင်သခင်က ပြောသည်။ “ဒါပေမဲ့ ငါက အဲဒီနဂါးနောင်တနှစ်ခုကို ပြန်လိုချင်တယ်။ ဘာလုပ်သင့်တယ်လို့ ထင်လဲ။”

ရှမ့်လန်က တုန်လှုပ်သွားခဲ့၏။ “ခင်ဗျားတို့ ကျုပ်ကို ခြိမ်းခြောက်နေတာလား။ ဒီ နဂါးနောင်တနှစ်ခုကို ပြန်မပေးရင် ကျုပ်ကို သင်းကွပ်ပစ်မယ်ပေါ့။”

စေတီတောင်သခင်က ပြောသည်။ “အဲလို သဘောမျိုးပါပဲ။”

ရှမ့်လန်က ပြော၏။ “မလုပ်ပါနဲ့... ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ဂိုဏ်းချုပ်ကြီးရယ်... ခင်ဗျားဆီမှာ နဂါးနောင်တ နှစ်ခုပဲ ဆုံးရှုံးသွားသေးတာပါ။ ခင်ဗျားဆီမှာ အများကြီး ကျန်ပါသေးတယ်။ ပြီးတော့ ကျုပ်က ခင်ဗျား လက်ထဲမှာ ရှိနေတုန်းပဲ။ ကျုပ် ပြန်မရောက်မချင်း အဲဒီ နဂါးနောင်တနှစ်ခုကို ပစ်ခတ်နိုင်မှာ မဟုတ်ဘူး။ ဘာလို့ အဲလောက်ကြီး တွက်ကပ်နေရတာလဲ။”

ရင်ဝူချယ်က အေးစက်စက်နှင့် ပြောသည်။ “ဂိုဏ်းချုပ်... အဖေ... ရှမ့်လန်လို လူမျိုးကို ကိုင်တွယ်ဖို့အတွက် နည်းလမ်းတစ်ခုပဲ ရှိတယ်။ သူ့ကို စကားပြောခွင့် မပေးနဲ့။ တစ်ခါတည်း သတ်ပြီး အရေးယူလိုက်ပါ။”

ရှမ့်လန်က ငြိမ်သွား၏။ “ကျုပ် နဂါးနောင်တနှစ်ခုကို ခိုးတာက ခိုးတာပေါ့။ ဒါပေမဲ့ ဒါတွေအားလုံးက ခင်ဗျားတို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့တာပဲလေ။”

ထိုစကားကို ကြားချိန်မှာတော့ တည်ရှိနေသည့် လူသုံးဦးလုံး၏ မျက်နှာများက ရှုံ့မဲ့သွားခဲ့သည်။

‘ရှမ့်လန်... မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။ ငါတို့ရဲ့ ဒဏ်ရာကို လာပြီး ဆားသိပ်ချင်နေတာလား။ မင်းက အမြဲတမ်း သေလမ်းရှာရတာကို ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်လား။’

ရင်ဝူချယ်က ပြော၏။ “ဒီလူက အရမ်းကို နုနယ်ပြီး ဘယ်တုန်းကမှ နှိပ်စက်မခံရဖူးဘူး။ ဒါကြောင့် ဒီလောက် အကြောက်အလန့်မရှိ ဖြစ်နေတာပဲ။ ကျုပ်ရဲ့အစီအစဉ်က ရိုးရိုးလေးပါပဲ။ သူ့ရဲ့ လက်ချောင်းတစ်ချောင်းကို ဖြတ်မယ်။ နုရှောင့်မြို့တော်ကို ပို့လိုက်မယ်။ ပြီးရင် နဂါးနောင်တကို ပြန်ပေးဖို့ ဖိအားပေးမယ်။ သူတို့သာ သဘောမတူဘူးဆိုရင် လက်ဆယ်ချောင်းလုံး ကုန်သွားတဲ့အထိ ဆက်ဖြတ်မယ်။ နောက်ဆုံးကျရင် သူ့ကို သင်းကွပ်ပစ်မယ်။

နုရှောင့်မြို့တော်က လူတွေက သူ့ကို ကောင်းကင်ဘုံရဲ့သားတော်လို့ သတ်မှတ်ထားခဲ့တာ။ နဂါးနောင်တထက် သူ့ရဲ့အသက်က ပိုပြီး အရေးကြီးလိမ့်မယ်။ ကျုပ်တို့ ရှမ့်လန်အပေါ် သဘောကောင်း နေလို့ နုရှောင့်မြို့တော်က ဒီလောက် မောက်မာနေတာပဲ။ ဒါကြောင့် စကားဆက်မပြောနဲ့တော့။ သူ့ရဲ့ လက်ချောင်း တစ်ချောင်းကို အရင်ဖြတ်ပြီး နုရှောင့်မြို့တော်ဆီ ပို့လိုက်။ ဒါက ဟန်တားမှု တစ်မျိုး ဖြစ်လိမ့်မယ်။”

ရှမ့်လန်က အံ့အားသင့်သွား၏။ ပြီးနောက် လက်သီးကို ချက်ချင်းဆုပ်၏။ ထိုသို့ လုပ်လိုက်ခြင်းအားဖြင့် လက်ချောင်းများ ပြတ်မသွားတော့မည့်အလားပင်။

“အဖေ... ဂိုဏ်းချုပ်... ဒီတစ်ခါတော့ ကျုပ်ရဲ့စကားကို နားထောင်ပေးပါ။ ဒါက ရှမ့်လန်လို လူမျိုးကို ကိုင်တွယ်ဖို့အတွက် ထိရောက်ဆုံး နည်းလမ်းပဲ။” ရင်ဝူချယ်က ပြတ်ပြတ်သားသား ပြောသည်။

ရှမ့်လန်က ပြောလိုက်၏။ “မလုပ်ပါနဲ့။ ခင်ဗျားတို့တွေထဲက တစ်ယောက်ယောက်ကများ ကျုပ်ရဲ့ ဆံပင်တစ်ပင်ကို ထိခိုက်အောင် လုပ်ရဲရင်တော့ ကျုပ်ရဲ့လူတွေက ခင်ဗျားတို့မြို့အပေါ် သေမင်းတမန်ဗုံး ကြဲချဖို့ ဝန်လေးမှာ မဟုတ်ဘူး။ သူတို့ရဲ့စိတ်ထဲမှာ လူသန်းပေါင်းများစွာရဲ့အသက်က ကျုပ်ရဲ့ လက်ချောင်း တစ်ချောင်းစာ လောက်တောင် တန်ဖိုးရှိတာ မဟုတ်ဘူးနော်။”

ရင်ဝူချယ်က အေးစက်စက် ပြောလိုက်သည်။ “ငါ့မယုံဘူး။ ချန်နိုင်ငံအသစ်က လူတွေကလည်း အတိုင်းအတာ တစ်ခုထိ မင်းရဲ့ပြည်သူတွေပဲ။ သူတို့က အရင်တုန်းက ချန်အင်ပါယာကြီးရဲ့ ပြည်သူတွေပဲလေ။ မင်းက သူတို့ကို သတ်ပစ်မှာလား။ ပြီးတော့ ဒီသေမင်းတမန်ရောဂါကသာ ပြန့်နှံ့သွားရင် ဝူ၊ ချောင်နဲ့ ရွှဲ့ပြည်နယ်မှာရှိတဲ့ လူတွေအများကြီး သေကုန်လိမ့်မယ်။ မင်း အဲဒါကို လိုလားလို့လား။”

ရှမ့်လန်က ပြော၏။ “ကျုပ် မလိုလားပါဘူး။ ဒါပေမဲ့ ချောင်ယောင်းအာနဲ့ ဟီလာ တို့ကတော့ လိုလားလိမ့်မယ်လို့ ထင်တယ်။ သူတို့ရဲ့စိတ်ထဲမှာ ကျုပ်ကလွဲပြီး တခြား ဘယ်သူမှ မရှိဘူးလေ။”

ရင်ဝူချယ်က ပြောသည်။ “ဟုတ်လား။ ဒါဆိုရင် စမ်းသပ်ကြည့်ချင်တယ်။”

ထိုသို့ ပြောပြီးနောက် ရင်ဝူချယ်က ဓားမြှောင်ကို ဆွဲထုတ်ကာ ရှမ့်လန်ဆီသို့ လျှောက်လာ၏။ ရင်ကွမ်းနှင့် စေတီတောင်သခင်တို့က တားဆီးလိုစိတ် မရှိသည့်အလား နှုတ်ဆိတ်နေ၏။

ရှမ့်လန်က ပြောသည်။ “ဂိုဏ်းချုပ်ရန်... ကျုပ်တို့ သဘောတူညီမှုတစ်ခု လုပ်ကြမလား။ ကျုပ် ခင်ဗျားရဲ့ နဂါးနောင်တနှစ်ခုကို ခိုးယူခဲ့တယ် မဟုတ်လား။ ကျုပ် ခင်ဗျားကို နဂါးနောင်တ (၁၀) ခု ပြန်ပေးမယ်။ အချိန်က လဝက်အတွင်း၊ ဒါတင်မကသေးဘူး။ ခင်ဗျားရဲ့သမီးကိုလည်း ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ကုသပေးမယ်။ ပြီးရင် မြေပြင်ပေါ်ကို ခေါ်လာလို့ရအောင် ကျုပ် လုပ်ပေးမယ်။ ဘယ်လိုလဲ။ ကျုပ် ကတိ သစ္စာပြုနိုင်တယ်။ ကျုပ်သာ မလုပ်နိုင်ရင် ခင်ဗျား ကျုပ်ရဲ့ လက်ချောင်းတစ်ချောင်း မဟုတ်ဘူး။ ဘယ်ဘက်လက် တစ်ခုလုံးကို ဖြတ်ယူလို့ရတယ်။”

ထိုစကားကို ကြားချိန်မှာတော့ စေတီတောင်သခင်ကြီး မျက်နှာက အနည်းငယ် တုန်လှုပ်သွားခဲ့၏။ မျက်လုံးများကလည်း ကျဉ်းမြောင်းသွား၏။ သေချာသည်မှာ သူ၏နောက်ဘက်ဆီမှ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအရာက စေတီတောင်မင်းသမီးပင် ဖြစ်၏။

ရင်ဝူချယ်က ပြောသည်။ “ဦးရီးတော်ရန်... ခင်ဗျား သဘောမတူလိုက်နဲ့။ ရှမ့်လန်ကို ဘာအခွင့်အရေးမှ မပေးနဲ့။ သူက သရဲတစ္ဆေလိုပဲ သိပ်ပြီး ကောက်ကျစ်လွန်းတယ်။ သူ့ကို အခွင့်အရေး ပေးလိုက်တာနဲ့ ခင်ဗျား သူ့ရဲ့ ထောင်ချောက်ထဲကို ရောက်သွားလိမ့်မယ်။ ဒီတော့... သဘောမတူပါနဲ့။”

စေတီတောင်သခင်က မည်သို့မှ တုံ့ပြန်ခြင်း မရှိချေ။

ရှမ့်လန်က ဆက်ပြော၏။ “လဝက်အချိန်၊ နဂါးနောင်တ (၁၀) ခု၊ ပြီးတော့ ခင်ဗျားသမီးကို ကုသပေးမယ်။ ဒီသဘောတူညီချက်က မတန်ဘူးလား။ ကျုပ် ပြောတဲ့အတိုင်း သေချာပေါက် လုပ်ပေးမယ်။”

ရင်ဝူချယ်က အော်ဟစ်လိုက်သည်။ “ဦးရီးတော်ရန်... ခင်ဗျားက လောဘကြောင့် မျက်စိကွယ်နေပြီ။ ရှမ့်လန်ကို အခွင့်အရေး လုံးဝ ပေးလို့မဖြစ်ဘူး။”

ထိုစကား ထွက်ပေါ်လာသည်နှင့် စေတီတောင်သခင်၏ မျက်နှာက ရှုံ့မဲ့သွား၏။ ပြီးနောက် သူက တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမှ မဆိုတော့ချေ။ သူ၏ရှေ့တွင် ဖြစ်ပျက်သမျှ အရာအားလုံးကို တိတ်တဆိတ် သဘောတူညီလိုက်သည့်အလားပင်။ ထင်ရှားသည်မှာ သူရော၊ ရင်ကွမ်းပါ ရှမ့်လန်ကို သွေးထွက်သံယို သင်ခန်းစာတစ်ခု ပေးချင်နေကြ၏။ သို့မှသာလျှင် နောက်ထပ် ထင်ရာစိုင်းတော့မှာ မဟုတ်ချေ။

ရင်ဝူချယ်က ယုတ်မာစွာ ရယ်လိုက်၏။ “ရှမ့်လန်... အခုတော့ ဘယ်သူမှ တားဆီးမှာ မဟုတ်တော့ဘူး။ နောက်တစ်ဆင့်အနေနဲ့ ငါ ဖြည်းဖြည်းချင်း မင်းကို လှီးဖြတ်ပစ်မယ်။ လက်ချောင်း ဆယ်ချောင်းက နှလုံးနဲ့ ဆက်စပ်နေတာဆိုတော့ အရမ်းကို နာကျင်မှာပဲ။ မင်း သည်းခံထားနော်။

ရှမ့်လန်... မင်းက သိပ်ပြီး နုနယ်တဲ့ လူတစ်ယောက်ဆိုတော့ ဒီလိုနာကျင်မှုမျိုးကို တစ်ခါမှ မခံစားဖူးဘူး မဟုတ်လား။ ဒါအပြင် လက်ချောင်းတွေ ပြတ်သွားပြီး ငါတို့က နုရှောင့်မြို့တော်ကို ပို့လိုက်မှာ။ မင်း ဘယ်တော့မှ ပြန်ဆက်ခွင့်ရမှာ မဟုတ်တော့ဘူး။ မင်းရဲ့ အနှိုင်းမဲ့ ချောမောတဲ့ ခန္ဓာကိုယ်ကြီးက လုံးဝ မသန်မစွမ်း ဖြစ်သွားလိမ့်မယ်။ ကဲ... နာကျင်လွန်းလို့ အော်ဟစ်ငိုကြွေးနိုင်ပြီ။ ဒီအသံက ငါတို့အတွက် တေးသွားတစ်ပုဒ်လို ဖြစ်နေတော့မယ်။”

ရင်ဝူချယ်က ရှမ့်လန်၏ ရှေ့သို့ရောက်ရှိလာပြီး ဓားမြှောင်ကို မျက်နှာရှေ့တွင် ထားကာ ဓား၏ထက်မြနေမှုကို အပြည့်အဝ ခံစား၏။ သူက ရှမ့်လန်၏ ကြောက်ရွံ့တုန်လှုပ်မှုကို မြင်ချင်သလို အော်ဟစ်ငိုကြွေးပြီး အသနားခံသည် ကိုလည်း ကြားချင်သည်။

သို့သော်လည်း ရှမ့်လန်က တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမှ မဆိုဘဲ သူ၏လက်ကို စားပွဲပေါ်သို့ တင်လိုက်၏။

“ဖြတ်လိုက်လေ။ လက်ချောင်းတစ်ချောင်းမကလို့ ဆယ်ချောင်းလုံး ဖြတ်မယ်ဆိုရင်လည်း ကျုပ် အဖြတ်ခံ လိုက်မယ်။”

ရှမ့်လန်၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုနှင့် ပုံကြီးချဲ့ ဟိတ်ဟန်အမူအရာအားလုံးက ပျောက်ကွယ်သွား၏။ သူက အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျားတို့ တန်ကြေးကို ပေးဆပ်နိုင်တယ် ဆိုရင်ပေါ့ .....။”

ရင်ဝူချယ်က မဲ့ပြုံးပြုံးလိုက်၏။ “မင်း ငါတို့ရဲ့ ခြိမ်းခြောက်ချင်နေတာလား။ အနက်ရောင်သေမင်းဗုံး ဟုတ်လား။ မင်း အဲဒါကို ပစ်ရဲမယ်လို့ မယုံဘူး။ ဒါကြောင့် စမ်းကြည့်ချင်တယ်။”

ပြီးနောက် ရင်ဝူချယ်က ဓားမြှောင်ကို ရှမ့်လန်၏ ဘယ်ဘက်လက်သန်းပေါ်သို့ တင်၏။ ပြီးနောက် ဖြည်းညင်းစွာ ပြောသည်။ “မင်းရဲ့ လက်သန်းလေးကို နှုတ်ဆက်လိုက်တော့...”

ရှမ့်လန်က ပြော၏။ “ကျုပ်က ကျန်းလီရဲ့သားတင် မဟုတ်ဘူး။ ကျောက်စိမ်းဖြူမြို့တော် မင်းသမီးရဲ့ သားလည်း ဖြစ်တယ်။ ကျုပ်က ကျောက်စိမ်းဖြူမြို့တော် အရှင်သခင်ရဲ့ မြေးပဲ။ ခင်ဗျား ကျုပ်လက်ချောင်းကို တကယ်ဖြတ်ချင်တာလား။”

ရင်ဝူချယ်က လှောင်ပြုံး ပြုံးကာပြောသည်။ “ဘယ်သူက ယုံမှာလဲ။ မင်းအမေရဲ့ နောက်ခံက မရေရာဘူး။ ဘယ်သူက သူ့ရဲ့အထောက်အထားကို သိမှာလဲ။ သူက တကယ်ပဲ ကျောက်စိမ်းဖြူမြို့တော်ရဲ့ မင်းသမီး ဖြစ်ခဲ့ရင် ကျန်းလီ သေတုန်းက ကျောက်စိမ်းဖြူမြို့တော်က ဘယ်ရောက်နေတာလဲ။ မင်းအမေ မင်းကို မွေးပြီး သေသွားတုန်းက ကျောက်စိမ်းဖြူမြို့တော် ဘယ်ရောက်နေတာလဲ။

မင်း ဒုက္ခမျိုးစုံ ကြုံတွေ့နေရပြီး မင်းရဲ့ အထောက်အထားပေါ်သွားလို့ တော်ဝင်ရန်အင်ပါယာ လိုက်လံဖမ်းဆီးတုန်းက ကျောက်စိမ်းဖြူမြို့တော်က လူတွေ ဘယ်ရောက်နေလဲ။ ငါ မှတ်မိတာ မမှားဘူးဆိုရင် ဖမ်းဆီးပွဲမှာ ပါဝင်ဖို့ လှေတစ်စင်းတောင်မှ လွှတ်လိုက်သေးတယ်။ ကျောက်စိမ်းဖြူ မြို့တော် က မင်းသေတာ၊ ရှင်တာကို ဂရုမစိုက်ဘူး။ အိပ်မက်မက်မနေနဲ့။”

ရှမ့်လန်က ပြောသည်။ “ကျောက်စိမ်းဖြူမြို့တော်က အရှေ့ဘက်မှာတင် မဟုတ်ဘူး။ အနောက်ဘက် မှာလည်း ရှိတယ်။ ဒီနှစ်ခုက တစ်ခုတည်းဖြစ်သလို တစ်ခုနဲ့တစ်ခုကလည်း လွတ်လပ်ကြတယ်။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ကျုပ် ရှင်းပြမနေတော့ဘူး။ ခင်ဗျားတို့ တန်ကြေးကို ပေးဆပ်ရဲရင် ဖြတ်လိုက်ပါ။”

“ကောင်းပြီ။ ဒါဆိုရင် အော်ပေတော့ပဲ။” ရင်ဝူချယ်၏ ဓားမြှောင်က ရုတ်တရက် ကျဆင်းလာခဲ့၏။

“နေအုံး”

ရှမ့်လန်က တားဆီးလိုက်သည်။ “ဂိုဏ်းချုပ်ရန်... ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အခွင့်အရေး မပေးချင်ဘူးလား။ ကျုပ် ခန့်မှန်းတာမမှားရင် ကျောက်စိမ်းဖြူမြို့တော်ရဲ့ သံတမန်က မကြာခင် ရောက်လာတော့မယ်။ ခင်ဗျား တကယ်ပဲ ဒီလမ်းကို ဆက်သွားချင်တာလား။ ကျောက်စိမ်းဖြူမြို့တော်နဲ့ လုံးဝ ရန်ဘက် ပြုချင်တာလား။ ကျောက်စိမ်းဖြူမြို့တော် သံတမန် မကြာခင်ရောက်လာတော့မှာမို့ ခင်ဗျား နောင်တရမဲ့အလုပ်ကို မလုပ်ဖို့ မျှော်လင့်မိတယ်။ အဲဒီအချိန်ကျရင် နောင်တရဖို့ ဆေးဆိုတာ မရှိတော့ဘူး။”

စေတီတောင်သခင်က မျက်လုံးကို မှိတ်ထားပြီး စကားမပြောသလို သူ၏သဘောထားကိုလည်း မပေးချေ။

ရင်ဝူချယ်က အော်ဟစ်၏။ “ဂိုဏ်းချုပ်ရန်... သူ့ရဲ့စကားတွေကို မယုံနဲ့။ သူ့ကို အခွင့်အရေး မပေးနဲ့။ သူ့ရဲ့လက်ချောင်းတွေကို အရင် ဖြတ်ပစ်လိုက်မယ်။”

စေတီတောင်သခင်က တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။

မကြာခင်မှာပဲ စေတီတောင်သခင်က ပြော၏။ “သဘာဝလွန် အင်အားစု အစည်းအဝေး ပြီးသွားတာ ရက်အနည်းငယ် ရှိနေပြီ။ ကျောက်စိမ်းဖြူမြို့တော်ရဲ့ သံတမန် လာမယ်ဆိုရင် နောက်ထပ် နာရီ အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်။ ရှမ့်လန်... ငါ မင်းကို (၄) နာရီ အချိန်ပေးမယ်။ ကျောက်စိမ်းဖြူမြို့တော်ရဲ့ သံတမန် မင်းအတွက် ရောက်လာတယ်ဆိုရင် မင်းရဲ့ လက်ချောင်းကို ဆက်ပိုင်ဆိုင်ခွင့် ရှိလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့...”

ရှမ့်လန်က ဖြေ၏။ “၄ နာရီ... ဟုတ်လား။”

သူ၏စိတ်ထဲတွင် အမြန်တွက်ချက်နေ၏။ ပြီးနောက် ပြုံးလိုက်သည်။ “ကောင်းပြီ (၄) နာရီပေါ့။ တူတူ စောင့်ကြတာပေါ့။ ၂ နာရီတောင် ကြာချင်မှ ကြာမှာပါ။”

…………..

All Chapters