← Chapters

အခန်း (၁၀၅၉-၁၀၆၀)

Vol. 62 Ch. 1059-1060

အခန်း (၁၀၅၉-၁၀၆၀)

Vol. 62 Ch. 1059-1060

အပိုင်း (၁၀၅၉)

ဤအချိန်မှာတော့ ရန်ယင်ယင်က ရှမ့်လန် လိမ်ညာနေသည်ဟု မည်သို့ စွပ်စွဲရမည်နည်း။

သူမက ထူးခြားသည့် အမျိုးသမီးတစ်ယောက် ဖြစ်၏။ ထို့အပြင် ဉာဏ်ကောင်း၏။ သူမက မှောင်မိုက်နေသည့် မြေအောက်ဂူထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့၏။ သို့ပေမည့် သူမက လူတို့၏ စိတ်နှလုံးနှင့် ခံစားချက်များကို အကဲခတ်သည့် နေရာတွင် အတော်ဆုံး ဖြစ်၏။

တကယ့်ကို ကောက်ကျစ်စဉ်းလဲသူ တစ်ယောက်က အမှားနှင့် အမှန်ကို ခွဲခြားချင်မှ ခွဲခြားနိုင်ပေလိမ့်မည်။ သို့သော်လည်း လွန်ကဲပြီး ထူးဆန်းသည့် အခြေအနေထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသည့် သူမကဲ့သို့သော အမျိုးသမီးတစ်ယောက်အတွက် အမှန်နှင့် အမှားကို ခွဲခြားနိုင်သည့် မွေးရာပါ စွမ်းရည် ပိုင်ဆိုင်ထားသည်။

ဥပမာအားဖြင့် အတိတ်တုန်းက ရှမ့်လန်၏ စကားများက မည်မျှပင် မှန်ကန်ပြီး နူးညံ့ချိုမြိန်နေစေကာမူ သူမက အမြဲတမ်း စကားနှစ်ခွန်းနှင့်ပဲ ပြန်ပြောလေ့ရှိ၏။ “ရှင် ဘယ်သူ့ကို လာလိမ်ဖို့ ကြိုးစားနေတာလဲ ရှမ့်လန်၊ ရှင်က ပါးစပ်ဟလိုက်တာနဲ့ မုသားတွေချည်းပဲ ပြောတယ်။ အမှန်တရား တစ်ခုမှ မပါဘူး။”

ရှမ့်လန် လိမ်ညာခဲ့သည့် အကြိမ်တိုင်းနီးပါး သူမက မြင်အောင် ကြည့်နိုင်၏။ ရှမ့်လန် အမှန်တရားကို ပြောသည့်အချိန်၌ပင်လျှင် ရှမ့်လန်၏ အတွင်းစိတ် ရည်ရွယ်ချက်များကို သူမက မြင်အောင် ကြည့်နိုင်၏။ ထို့ကြောင့် ရှမ့်လန်က ဘာကိုမှ မချန်ထားဘဲ အရာအားလုံးကိုပြောချိန် သူ၏စကားဖြစ်ဖြစ်၊ သူ၏ စိတ်နှလုံးပဲ ဖြစ်ဖြစ် ရှမ့်လန် ပြောသမျှ အရာအားလုံးက မှန်ကန်ကြောင်း သူမက ချက်ချင်း သိမြင် ခွဲခြားနိုင်ခြင်းပင်။

ဤအရာက စစ်မှန်သည့် ရှမ့်လန်ပင်။ ရှမ့်လန်က တော်ဝင်ရန် အင်ပါယာနှင့် မတူပေ။ တကယ်တော့ သူက အရှင်ကျန်းလီနှင့်လည်း မတူပေ။ သူက အရမ်းကို အားနည်းသော်လည်း မရေတွက်နိုင်သည့် လူများက သူ့ကို ယုံကြည်ကြ၏။ သူတို့က သူ့အတွက် အသက်များကိုပင် ပေးဆပ်ဖို့ ဆန္ဒရှိခဲ့ကြ၏။

နင်ယွမ်ရှန်းက သူ့အတွက် နှစ်အနည်းငယ်ကြာ ရူးချင်ယောင်ဆောင်ပြီး ဒုက္ခများစွာ ခံစားခဲ့၏။ နင်ကျန်းက ရှမ့်လန်အတွက် သူ၏အသက်နှင့် သူ၏ တိုင်းပြည်ကိုပင် စွန့်လွှတ်လုနီးပါး လုပ်ခဲ့၏။ နင်ချီက တစ်ချိန်တုန်းက ရှမ့်လန်၏ ရန်သူ ဖြစ်ခဲ့သော်လည်း အဆုံးသတ်မှာတော့ ရပ်တည်ချက် ပြောင်းလဲခဲ့ပြီး လက်တစ်ကမ်း၌ ရနိုင်မည့် ထီးနန်းကိုပင် စွန့်လွှတ်ခဲ့၏။ ထီးနန်းအတွက် နင်ချီ မည်မျှ ပေးဆပ်ခဲ့ရသနည်း ဆိုသည်ကို အားလုံး သိရှိပြီး ဖြစ်သည်။

ယခု အရာအားလုံး ရှင်းလင်းသွားချိန်မှာတော့ လူတစ်ယောက်အဖြစ် ရှမ့်လန်၏ ပုံရိပ်က ရုတ်တရက် ထင်ရှားပီပြင်၏။ သူက ပြည့်စုံ၏။ တကယ်ပင် ဘုရင်တစ်ပါးနှင့် မတူချေ။ ဘယ်ဘုရင်က သူ၏ လက်အောက်ငယ်သားများကို ကာကွယ်ရန် ကိုယ့်အသက်ကို စွန့်စားရဲမည်နည်း။

မည်သည့် ဘုရင်က အသက်အန္တရာယ် ဘယ်လိုဖြစ်နေမှန်း မသေချာသည့် သူ၏ လက်အောက်ငယ်သား များကို ကယ်တင်ရန် အန္တရာယ်တွင်းထဲသို့ ခုန်ချမည်နည်း။ ထို့ကြောင့်လည်း မရေတွက်နိုင်သည့် လူများက သူ့အတွက် သေပေးဖို့ ဆန္ဒရှိနေကြခြင်းပင်။

ထိုတင်သာ မကသေးချေ။ လွန်ခဲ့သည့် သုံးနှစ်ကျော်က သူ၏ အထောက်အထား ပေါ်ပေါက်လာတုန်းက လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်လာလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ရှမ့်လန်က နောက်လိုက် တစ်သိန်းကျော်တို့၏ အသက်ကို ကယ်တင်ရန် ကိုယ့်ကိုယ်ကိုယ် နင်ဟန်နှင့် ကျိရွှမ်တို့၏ လက်ထဲသို့ အပ်နှံခဲ့သေး၏။

ရန်ယင်ယင်က မျက်လုံးကို မှိတ်၏။ ထိုအချိန်မှာတော့ ရှမ့်လန်က ကျုပ် ခင်ဗျားကို သေချာပေါက် ကုပေးနိုင်သည် ဆိုသည့် ကတိစကားများကို မပြောခဲ့ချေ။

သူမက အတိတ်ကို ပြန်တွေးနေ၏။ ငယ်ရွယ်စဉ် အခိုက်အတန့်များကို ပြန်လည် ပြောင်းပြီး သတိရနေ၏။ လမ်းလျှောက်နေသည့် အလောင်းကောင် ဖြစ်သွားခဲ့သည့် သူမ၏ မိခင်ကို ပြန်လည်ကာ တွေးတောမိသည်။

ရန်ယင်ယင်၏ မိခင်က တော်ဝင်ရန်အင်ပါယာ၏ အကြီးဆုံး မင်းသမီးပင်။ သူမက လက်ရှိ ဧကရာဇ်ဘုရင်၏ ညီမတော် ဖြစ်၏။ သူမက ကျန်းလီနှင့် လက်ထပ်ရမှာ ဖြစ်ပြီး စေ့စပ်ပြီးသားပင်။ သမိုင်းအစဉ်အလာအရ ကျန်းမိသားစုနှင့် ကျိမိသားစုတို့က မျိုးဆက်များစွာ လက်ထပ် မဟာမိတ်ပြုခဲ့၏။ သို့သော်လည်း ကျန်းလီက စေ့စပ်ကျောင်းလမ်းမှုကို ဖျက်သိမ်းခဲ့ပြီး ရှမ့်လန်၏ မိခင်ဖြစ်လာမည့် အချစ်ဆုံး အမျိုးသမီးနှင့် လက်ထပ်ခဲ့၏။ ထို့ကြောင့် ဤမင်းသမီးကြီးက စေတီတောင် ဂိုဏ်းချုပ်နှင့် လက်ထပ်ခဲ့ရ၏။

ရန်ယင်ယင်၏ မိခင်က အလွန်လှပ၏။ သူမကို တော်ဝင်ရန်အင်ပါယာ၏ အလှဆုံး အမျိုးသမီးဟုပင် တင်စားကြ၏။ ထိုသို့မဟုတ်ပါက သူမက ကျန်းလီ၏ စေ့စပ်ထားသူ ဖြစ်လာမည် မဟုတ်ချေ။ ထို့အပြင် ထိုအချိန်တုန်းက သူမ၏ အဆင့်အတန်းက မင်းသမီး ကျိရွှမ်နှင့် ဆင်တူ၏။ သူမက သဘာဝလွန် အင်အားစု ခြောက်ခုကြားတွင် တော်ဝင်ရန် ဧကရာဇ်၏ ပြောရေးဆိုခွင့် ရှိသူပင်။

လမ်းလျှောက်နေသည့် အလောင်းကောင် ဖြစ်သွားသည့်တိုင်အောင် သူမက လှပနေဆဲပင်။ ရန်ယင်ယင်၏ မှတ်ဉာဏ်များထဲတွင် သူမဖခင်က သူမ၏ မိခင်အပေါ် အလွန်ကောင်း၏။ နှလုံးသားကို ထိခိုက်စေနိုင်အောင် ကောင်းမွန်၏။ အဘယ်ကြောင့်ဆိုသော် သူမ ရန်ယင်ယင်ကို မွေးဖွားပြီးတည်းက သူမ၏မိခင်က အသိစိတ် အားလုံး လွတ်သွား၏။

ထို့ကြောင့် သူမ မှတ်မိသည့် အချိန်မှစ၍ သူမ၏ မိခင် မင်းသမီးကြီးက စကားမပြောတတ်သော၊ မျက်နှာ အမူအရာ ဘာတစ်ခုမှ ပြောင်းလဲခြင်း မရှိသည့် ပြိုင်ဘက်ကင်း အလှပဂေး တစ်ဦး ဖြစ်သွားခဲ့၏။ သူမက နူးညံ့လွန်းသည့် အရုပ်လေးတစ်ခုနှင့် ဆင်တူသည်။

ရန်ယင်ယင်၏ စိတ်ထဲတွင် ထာဝရ ပေါ်ပေါက်လာသည့် မြင်ကွင်းတစ်ခု ရှိ၏။ ထိုအရာက သူမ အဖေက သူမ၏အမေကို ရေချိုးပေးနေခြင်းပင်။ နေ့စဉ်နေ့တိုင်း ရေချိုးပေးလေ့ရှိပြီး တစ်နာရီခွဲခန့် ကြာတတ်၏။ ခန္ဓာကိုယ်၏ လက်မတိုင်းကို စင်ကြယ်အောင် ဆေးကြော၏။ ထို့အပြင် ရေချိုးပေးနေစဉ် အကြည့်များက အဆုံးမဲ့သည့် စွဲလမ်းမှု၊ နူးညံ့သိမ်မွေ့မှု၊ ချစ်ခင်မေတ္တာများနှင့် ပြည့်နှက်နေ၏။

ဤမြင်ကွင်းက မြင့်မြတ်သည့် အခမ်းအနားဆန်ဆန် ခံစားချက်မျိုးနှင့် ပြည့်နှက်စေ၏။ စွဲလမ်းမှုက ဖော်ပြ၍ မရနိုင်အောင်ပင်။ ထိုနောက်ပိုင်း စေတီတောင်ဂိုဏ်းချုပ်က နောက်ထပ် မည်သည့် အမျိုးသမီး တစ်ယောက်ကိုမှ လက်မထပ်ခဲ့သလို သားယောက်ကျားလေးလည်း ထပ်မံ ရယူခြင်း မရှိခဲ့ချေ။ ထိုအရာက သူမအဖေက သူမ အမေကို လုံးဝ စွဲလမ်းရူးသွပ်နေသည်ဟု ရန်ယင်ယင်ကို ခံစားရစေခဲ့သည်။

ထို့ကြောင့်လည်း သူမအဖေ သူမအမေကို ရေချိုးပေးသည့် မြင်ကွင်းက စိတ်ထဲတွင် ရှင်းလင်း ပြတ်သားစွာ စွဲထင်ကျန်ရစ်နေခြင်းပင်။ ထိုအရာက မြင်ကွင်းတစ်ခုတည်း မဟုတ်ပေ။ မရေတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ခြင်းပင်။ သို့သော်ငြား မြင်ကွင်းတိုင်းက ထပ်တူညီနေသောကြောင့် တစ်ခုတည်းလို ခံစားရစေ၏။

သို့သော်ငြား ကြီးပြင်းလာပြီးနောက် ရန်ယင်ယင်က တဖြည်းဖြည်း ပိုမို နားလည်လာ၏။ ပထမအချက်၊ သူမ၏အမေက အသိစိတ်လွတ်နေသည့်အတွက် နေ့တိုင်း ရေချိုးဖို့ မသင့်တော်ဘူး ဆိုသည်ကို သူမ သိလာ၏။ ဦးနှောက်က အများကြီး သွေးယိုယွင်းလာ၏။ နေ့တိုင်း ရေချိုးခြင်းက သွေးများကို အရေပြား သွေးကြောပြင်ထဲသို့ စီးဆင်းစေပြီး ဦးနှောက်ဆီ သွေးရောက်ရှိမှု လျော့နည်းစေ၏။ ထို့ကြောင့် အကြာကြီး ရေချိုးပြီးလျှင် သူမက မူးဝေနေတတ်ခြင်းပင်။

ဒုတိယအချက် နွေရာသီမှာတောင် အဖေက အမေ့ကို ရေနွေးနှင့် တစ်ကြိမ်ကို တစ်နာရီကြာအောင် သေချာပေါက် ရေချိုးပေးတတ်၏။ ထိုအရာက သူမ အမေ၏ ဦးနှောက်အတွက် ပို၍ အကျိုးယုတ်စေခဲ့၏။

မိန်းမကို အသိစိတ် ပြန်ဝင်စေချင်လျှင် ထိုသို့ လုပ်ပါမည်လား။

ထို့အပြင် သူမ အမေကို ရေချိုးပေးနေတုန်း သူမအဖေ၏ အကြည့်များက မှားယွင်းနေသည်ဟု ရန်ယင်ယင် ခံစားမိ၏။ ဤကဲ့သို့ ပြင်းပြသည့် စွဲလမ်းမှု၊ ပိုင်ဆိုင်လိုစိတ်နှင့် ပြည့်နှက်နေပုံရပြီး သာမန် လင်မယားကြားက ခံစားချက်မျိုးနှင့် မတူချေ။

ထိုတင်သာ မကသေးချေ။ ရေချိုးသည့်အခါတိုင်း သူမ အမေ၏ လှပသည့် ခန္ဓာကိုယ်ကို နှင်းဆီရောင် သန်းလာအောင်လုပ်ရ၏။ ထိုမှ သူမက တက်ကြွလန်းဆန်းစိတ်များနှင့် ပြည့်ဝနေသလိုပင်။ ထို့အပြင် နေ့တိုင်း သူမ အမေ၏ ခန္ဓာကိုယ်ကို ဆွဲပြီး လေ့ကျင့်ခန်း အများကြီး လုပ်ခိုင်းတတ်၏။

ထိုအကြောင်းပြချက်ကြောင့် ရန်ယင်ယင်က စိတ်လှုပ်ရှားခဲ့ရ၏။ အချိန်အကြာကြီး လဲလျောင်းနေမည် ဆိုလျှင် ကြွက်သားများ အားနည်းပြီး ယိုယွင်းလာလိမ့်မည်။ သို့သော်ငြား သူမ အမေအတွက် သူမ အဖေ လုပ်ပေးသည့် လေ့ကျင့်မှုများက အရမ်းကို စုံလင်ပြီး လေ့ကျင့်ခန်း ပမာဏကလည်း များ၏။ ထိုအရာက ခြေလက်များ ယိုယွင်းမလာအောင် ကာကွယ်ပေးရုံ မကချေ။ သူမ၏ ခန္ဓာကိုယ်ကို ပြီးပြည့်စုံသည့် အခြေအနေတစ်ခု၌ ထိန်းသိမ်းထားနိုင်ရန်ပင်။

ဟုတ်ပေ၏။ ထိုအရာက ချစ်ခြင်းမေတ္တာ မဟုတ်ပေ။ ပြီးပြည့်စုံသည့် ပိုင်ဆိုင်မှုတစ်ခုပင် ဖြစ်၏။ အဖေက အမေ၏ အသိစိတ် ပြန်လည်ရရှိရန် ဘယ်တုန်းကမှ မလိုလားခဲ့ချေ။ သူမကို ပကတိ အလှတရားအတိုင်း ထိန်းသိမ်းထားချင်ရုံ သက်သက်ပင်။

သူမ၏ အဖေနှင့် အမေ လိင်ဆက်ဆံမှု မကြာခဏ ရှိသည်ဆိုသည်ကိုတောင် သူမ သိရှိနေ၏။ ထိုအရာက သူမ တမင်တကာ သိချင်လို့ သိခြင်း မဟုတ်ချေ။ ငယ်ရွယ်တုန်း မတော်တဆ တွေ့ရှိခဲ့ခြင်းပင်။ ထိုအချိန်တုန်းက သူမ ဘာမှ နားမလည်ခဲ့ချေ။

သူမအမေက အသိစိတ် လုံးဝလွတ်နေပြီး လမ်းလျှောက်နေသည့် အလောင်းကောင်လို ဖြစ်နေ၏။ မည်သည့် ခင်ပွန်းသည်က နေ့တိုင်း တောင်းဆိုနေမည်နည်း။ သို့ပေမည့် နေ့တိုင်းနီးပါး လိင်ဆက်ဆံနေသည်။ ထိုအရာက လက်စားချေသည့် ပိုင်ဆိုင်မှု ပုံစံမျိုးနှင့် ပိုမတူညီနေပေဘူးလား။

သူမ၌ နက်နက်ရှိုင်းရှိုင်း မတွေးရဲသည့် မှတ်ဉာဏ်တွေ ရှိနေ၏။ မဟုတ်လျှင်တော့ ငရဲနှင့် ကောင်းကင်အကြားတွင် စည်းပါးပါးလေးသာ ခြားတော့၏။ နတ်ဘုရား နှင့် နတ်ဆိုးကြားတွင် စည်းပါးပါးလေးသာ ခြားတော့၏။

မင်းသမီး ရန်ယင်ယင်က အချိန်အကြာကြီး အသံမထွက်ခဲ့ချေ။ ထိုအစား မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာ၏။ မကြာခင်မှာပင် သူမ၏ ဖောက်ထွင်းနိုင်သည့် မျက်နှာပေါ်၌ မီးလောင်ရာ အနည်းငယ် ပေါ်လာ၏။ သူမက ကိုယ့်မျက်ရည်များကိုပင် ကိုယ် မခံနိုင်ပေ။

“ကျွန်မ ရှင့်ကို ကတိပေးတယ်။”

ရန်ယင်ယင်က ပါးစပ်ကို ဟကာ စကားပြော၏။ သို့သော်ငြား အသံမထွက်ချေ။ “ဒါပေမဲ့ ကျွန်မမှာ အခြေအနေ တစ်ခု ရှိတယ်။”

ရှမ့်လန်က ခေါင်းညိတ်၏။

ရန်ယင်ယင်က ပြောလိုက်သည်။ “ကျွန်မကို ကယ်ဖို့ မတောင်းဆိုဘူး။ ကျွန်မ ပုံမှန် ပြန်ဖြစ်လာမယ်လို့လည်း မမျှော်လင့်ဘူး။ မျှော်လင့်ချက်မထားရင် စိတ်ပျက်အားငယ်စရာတွေ မရှိဘူး။ ကျွန်မအမေကို ကယ်တင်ဖို့လည်း မလိုချင်ဘူး။ ဘာလို့လဲဆိုတော့ ဒီလောကမှာ အကြီးကျယ်ဆုံး နဲ့ အခက်ခဲဆုံးအရာက အံ့ဖွယ်အမှု ဆိုတာကို ကျွန်မ သိနေလို့ပဲ။

ကျွန်မရဲ့ တစ်ခုတည်းသော အခြေအနေက အနာဂတ်မှာ ကျွန်မအမေကို လွတ်မြောက်ခွင့် ပေးဖို့ပဲ။ သူက လမ်းလျှောက်နေတဲ့ အလောင်းကောင် ဖြစ်နေတာတောင် ဂုဏ်သိက္ခာရှိရှိနဲ့ လမ်းလျှောက်နေတဲ့ အလောင်းကောင် ဖြစ်နေချင်တယ်။ နေ့တိုင်း ရုပ်သေးရုပ်လို ကစားစရာ အလုပ်မခံရစေဖို့။ သူ့ကို မလေးမစား လုပ်တာ၊ ညစ်ညမ်းတာတွေ မလုပ်တော့စေဖို့။”

ရုပ်သေးရုပ် - ရန်ယင်ယင်၏ စကားလုံးများက တကယ့်ကို တိကျ၏။ ဤအချိန်၌ စေတီတောင် ဂိုဏ်းချုပ်၏ ဇနီးသည်၊ မင်းသမီးကြီးက တကယ်ပင် ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ ဖြစ်နေ၏။ သူမက တစ်ရာ ရာခိုင်နှုန်း အသက်ရှိနေသည့် ဆီလီကွန် အရုပ်တစ်ရုပ်ကဲ့သို့ပင်။ ထို့အပြင် သူမကို အသုံးပြုပြီးတိုင်း သန့်ရှင်းရေး လုပ်ပေးဖို့နှင့် ထိန်းသိမ်းပြုပြင်ပေးဖို့ လိုအပ်၏။

“ကျွန်မမှာ လုပ်ပိုင်ခွင့်အာဏာ ရှိနေတုန်း သွားကြစို့။” စေတီတောင်မင်းသမီးက မတ်တပ်ထရပ်၏။ ပြီးနောက် အပြင်ဘက်သို့ ထွက်သွားသည်။

ထိုစဉ်မှာတော့ ရှမ့်လန်က ဂူသင်္ချိုင်းထဲတွင် ကျန်ရစ်ခဲ့၏။

“အရှင်မင်းသမီး ဘယ်သွားမလို့လဲ။” မျှော်လင့်ထားသည့်အတိုင်း သူမ ဂူသင်္ချိုင်းထဲမှ ထွက်လာသည်နှင့် ပုံရိပ်တချို့က ရိပ်ခနဲ ပေါ်လာသည်။

ရန်ယင်ယင်က မျက်မှောင်ကြုတ်လိုက်၏။

“အရှင်မင်းသမီး... ခန္ဓာကိုယ်က အရမ်းကို ထူးခြားတယ်။ ဂူသင်္ချိုင်းထဲမှာ နေတာ အကောင်းဆုံးပါပဲ။ အပြင် လေထုက အရမ်းကို ညစ်ပတ်တဲ့အတွက် ခန္ဓာကိုယ်နဲ့ အရေပြားကို ထိခိုက်စေလိမ့်မယ်။” စေတီတောင်မှ အမျိုးသမီး အစေခံတချို့က ဦးညွှတ်သည်။

သူတို့၏ သဘောထားများက တကယ်ကို လေးစားသမှုရှိပြီး မျက်လုံးများကလည်း ချစ်ခြင်းမေတ္တာများနှင့် ပြည့်နှက်နေ၏။ ယခင်က ရန်ယင်ယင် အပြင်ထွက်ချင်သည် ဆိုသည့်အချိန်တိုင်း ဤအကြည့်များနှင့် သူမကို တားဆီးခဲ့၏။ သူမက ဤလူများကို အခက်တွေ့အောင် မလုပ်ခဲ့ပေ။

“ကျွန်မ ဂူသင်္ချိုင်းထဲမှာ နေရတာ ကြာနေပြီ။ အပြင်ထွက်ပြီးတော့ လတ်ဆတ်တဲ့လေကို ရှူချင်တယ်။” ရန်ယင်ယင်က ပြော၏။

“မဖြစ်ဘူး... လုံးဝ မဖြစ်ဘူး။ မင်းသမီးက မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ပါ။ အနည်းငယ်လောက်တောင် ထိခိုက်စေလို့ မဖြစ်ဘူး။” အထိန်းတော် တချို့က ချက်ချင်း ဒူးထောက်ပြီး ရန်ယင်ယင်၏ လက်ကို ဆွဲဟန် ပြုသည်။

“ကျွန်မ ဒီတံခါးကနေ မဖြစ်မနေ ထွက်မယ်ဆိုရင် ရှင်တို့က အားသုံးပြီး တားဆီးမှာလား။” ရန်ယင်ယင်က မေး၏။

“ဒီ အစေခံအိုကြီးက မလုပ်ရဲပါဘူး။” အထိန်းတော် တချို့က ပြောသည်။

ပြီးနောက် ပုံရိပ်တစ်ခုက လျင်မြန်စွာ ထွက်ခွာသွား၏။ စေတီတောင်ဂိုဏ်းချုပ်ထံ သတင်းပို့သည်က သေချာ၏။ အဘယ်ကြောင့် ဤသို့ လုပ်ရသနည်း။ ဤမျှထိ လွန်လွန်ကဲကဲ လုပ်စရာ လိုနေသည်လား။

“ကောင်းပြီ။ ကျွန်မ အပြင်မထွက်တော့ဘူး။” ရန်ယင်ယင်က ပြော၏။ ပြီးနောက် သူမက ဂူသင်္ချိုင်းထဲသို့ ပြန်လည် ဝင်ရောက်၏။

မြေကြီးပေါ်တွင် ဒူးထောက်နေသည့် အထိန်းတော်ကြီးများက သက်ပြင်းရှည်ကြီးကို ချမိ၏။ သို့သော်ငြား သတင်းပို့ရန် ပြေးထွက်သွားသူက ရပ်တန့်မသွားဘဲ အရှိန်ပင် မြှင့်နေသေး၏။ ထိုအရာက ပိုတောင် ပုံမှန် မဟုတ်ချေ။

သူမက ဤဂူသင်္ချိုင်းထဲမှ ထွက်ချင်ရုံလောက်ပင်။ မြေအောက်မြို့တော်ကြီးမှ ထွက်ချင်တာ မဟုတ်ပေ။ ထို့အပြင် သူမ မထွက်တော့ဘူး ပြောပြီးပြီ ဖြစ်၏။ သူမက လိုက်လျောပေးခဲ့၏။ သို့ပေမည့် အဘယ်ကြောင့် တစ်ဖက်ကို သွားရောက်ကာ သတင်းပို့ချင်နေသေးသနည်း။

ရန်ယင်ယင်က တိုးညင်းစွာဖြင့် သက်ပြင်းချ၏။

“ရွှီ... ရွှီ...” သူမက လျှပ်စီးကဲ့သို့ လျင်မြန်သည့် အရှိန်ဖြင့် ဓားကို ဆွဲထုတ်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် အထိန်းတော် လေးယောက်၏ ခေါင်းကို တိုက်ရိုက် ထွင်းဖောက်လိုက်၏။

ပြီးနောက် အင်္ကျီလက်စကို ခပ်ဖွဖွ ခါလိုက်၏။ ရွှေရောင်ကြိုးမျှင်လေး တစ်ခုက ပျံသန်းထွက်ခွာသွား၏။ အလင်းရောင် လက်ခနဲ ဖြစ်ပြီးနောက် သတင်းပို့ရန် အပြင်သို့ ပြေးထွက်သွားသည့် သူက ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး ချက်ချင်း သေဆုံးသွားသည်။

နောက်မှ စောင့်ကြည့်နေသည့် ရှမ့်လန်က ကြောင်အသွား၏။ ရန်ယင်ယင်က အလွန်ပင် အာရုံခံစား လွယ်၏။

ရှမ့်လန်သည်ကလည်း လူကို အကဲခတ်ရာတွင် အလွန်တော်၏။ သို့သော်ငြား ရန်ယင်ယင်က သူမ၏ နေထိုင်မှုဝန်းကျင်ကြောင့် အာရုံခံစားလွယ်ပြီး အစွန်းရောက်သည့် လူတစ်ယောက် ဖြစ်ကြောင်း သူမ၏ လုပ်ပုံကိုင်ပုံများက သာမန်လူများနှင့်မတူကြောင်း သိသာ၏။ သို့သော်လည်း ဤမျှထိ ကြမ်းတမ်းပြီး ပြတ်သား ရက်စက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

သူမက ဆုံးဖြတ်ချက် ချလိုက်သည်နှင့် မည်သည့်အရာကိုမှ တွန့်ဆုတ်မနေတော့ချေ။ သူမ၏ လောကကြီးက အဖြူရောင် သို့မဟုတ် အမဲရောင်သာ ဖြစ်နေသလိုပင်။ တတိယအရောင် ဟူ၍ မရှိချေ။ ထို့အပြင် ရှမ့်လန်၏ အစီအစဉ်က စေတီတောင် ဂိုဏ်းချုပ် မရှိသည့် အချိန်ကို အသုံးပြုချင်ခြင်းပင်။

ရန်ယင်ယင်က သူမ၏ အထောက်အထားကို အသုံးပြုပြီး သူ့ကို ရှေးဟောင်းအပျက်အစီး တည်ရှိရာဆီသို့ အလွယ်တကူ ခေါ်ဆောင်သွားမည်။ သို့သော်လည်း ရန်ယင်ယင်က ဤမျှထိ တည့်တိုးဆန်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သူမက လူတွေကို တိုက်ရိုက် သတ်ပစ်ခဲ့၏။ ထိုအရာက ရှမ့်လန်၏ အစီအစဉ်နှင့် လုံးဝ ကွဲပြားလွန်းနေ၏။

“ယင်ယင်.... ရပ်၊ ရပ်အုံး။”

ရှမ့်လန်က ပြောသည်။ “ခင်ဗျား ကျုပ်ကို ရှေးဟောင်းအပျက်အစီးဆီကို ဘယ်လိုခေါ်သွားဖို့ စီစဉ်ထားတာလဲ။”

“ဝှစ်...”

ရန်ယင်ယင်က လျှပ်စီးကဲ့သို့ နောက်တစ်ကြိမ် တိုက်ခိုက်ပြန်၏။ ရုတ်တရက် အမှောင်ထုထဲမှ လူတချို့ ပြုတ်ကျလာ၏။ အားလုံးက ဂူသင်္ချိုင်းထဲတွင် ဖြစ်ပျက်သမျှကို ခိုးနားထောင်သူများပင်။

“ရှင် စီစဉ်ထားတာကို အရင်ပြော။” ရန်ယင်ယင်က မေး၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်... ကျုပ်က မိန်းမတစ်ယောက်အဖြစ် ရုပ်ဖျက်လို့ ရတယ်။ ဥပမာအားဖြင့် ခင်ဗျားရဲ့ အစေခံလိုပေါ့။”

ရန်ယင်ယင်က ပြော၏။ “ရှင်က ကျောက်စိမ်းဖြူမြို့တော်က သံတမန်အဖြစ် ဟန်ဆောင်သင့်တယ်။ ရှင့်ရဲ့ ရာထူးက ပိုမြင့်လေ ပိုပြီး လျှို့ဝှက်ဆန်းကြယ်လေ။ ဒါဆိုရင် ရှင့်ကို စစ်ဆေးဖို့ သူတို့ ပိုပြီး ခက်ခဲလိမ့်မယ်။”

ရှမ့်လန်က ကြောင်အသွား၏။ ကျောက်စိမ်းဖြူမြို့တော် သံတမန်အဖြစ် ဟန်ဆောင်ရမည် ဟုတ်လား။ သူက နှင်းကျသည့် မြင်ကွင်းကို မည်သို့ ဖန်တီးရမည်နည်း။ အေးစက်သည့်လေတွေကို မည်သို့ ဖန်တီးရမည်နည်း။

ထို့အပြင် ကျောက်စိမ်းဖြူမြို့တော်က အမျိုးသမီး သံတမန်က အဘယ်ကြောင့် ရန်ယင်ယင် နောက်ကို လိုက်ပြီး မြေအောက်မြို့တော်ကို ဝင်မည်နည်း။ ထို့အပြင် ထိုအကြောင်းကို စေတီတောင်တပ်တော်ဆီ မည်သို့ ရှင်းပြရမည်နည်း။

“ဘာကို ရှင်းပြရမှာလဲ။ ကျွန်မက စေတီတောင်ရဲ့သခင်မပဲ။ ကျောက်စိမ်းဖြူမြို့တော်ရဲ့ သံတမန် စေတီတောင်ကို အလည်လာနေတယ်ဆိုတာ တစ်ယောက်ယောက် သိပြီးသားပဲ။ ကျောက်စိမ်းဖြူ မြို့တော်က လူကို ဘယ်သူက တားရဲမှာလဲ။ ကျွန်မကို ဘယ်သူက တားရဲမှာလဲ။” ရန်ယင်ယင်က ပြောသည်။

ပြီးနောက် သူမက ဂါဝန်တစ်ထည်ကို မွှေနှောက်ရှာဖွေ၏။ “ရော့... ဒါကို ဝတ်လိုက်။”

အပိုင်း (၁၀၆၀)

ရှမ့်လန်က နှင်းဖြူရောင် ဂါဝန်ကို ဝတ်ဆင်၏။ ပြီးနောက် သူမက လက်အိတ်များကို စွပ်၏။ ပြီးနောက် စေတီတောင် မင်းသမီးက ရှမ့်လန်ကို ကျောက်စိမ်းဖြူမြို့တော်မှ အမျိုးသမီးသံတမန်နှင့် တူညီသည့် ဆံပင်ပုံစံဖြစ်အောင် ဖြီးသင်ပေး၏။ နောက်ဆုံး နှင်းဖြူရောင် ရေခဲမျက်နှာဖုံးပင်။

ရန်ယင်ယင်၌ မျက်နှာဖုံး အများအပြား ရှိ၏။ အချိန်များစွာတွင် သူမက မျက်နှာဖုံး သို့မဟုတ် မျက်နှာကာ ပါးပါးကို ဝတ်ဆင်ရ၏။ သို့သော်လည်း နှင်းဖြူရောင် ရေခဲမျက်နှာဖုံးက ထူးခြား၏။ သူမတွင် တကယ် မရှိချေ။ နောက်ဆုံးမှာတော့ သူမက အေးစက်သည့် ကျောက်စိမ်းမျက်နှာဖုံး တစ်ခုကို ရှာတွေ့၏။ ရှမ့်လန်၏ မျက်နှာပေါ် တင်ပေး၏။ အေးစက်သည့် အငွေ့အသက်များက ရှမ့်လန်ကို ရိုက်ခတ်လာ၏။

ပြင်ဆင်ပြီးနောက် ရန်ယင်ယင်က အနည်းငယ် ကြောင်အသွား၏။ သူမက မရည်ရွယ်ဘဲ လုပ်လိုက်သော်လည်း ဤမျှထိ တူညီနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ပထမဦးဆုံး အနေနှင့် ရှမ့်လန်က မိန်းမဝတ်နှင့် ဤမျှထိ အပြစ်အနာအဆာ ကင်းလိမ့်မည်ဟု သူမ မထင်ခဲ့ချေ။ ထိုအစား သူက မိန်းမထက်ပင် ပို၍ လှသေးသည်။

သူမက မယုံကြည်နိုင်အောင် ဖြစ်မိနေ၏။ ထို့အပြင် ရှမ့်လန်နှင့် ကျောက်စိမ်းဖြူမြို့တော်မှ အမျိုးသမီး သံတမန်နှင့်က တကယ် တူညီ၏။ ဂါဝန်တူတူ ဝတ်ပြီး မျက်နှာဖုံးတူတူ တပ်လိုက်ချိန်တွင် သူတို့က တစ်ပုံစံတည်း ဖြစ်သွား၏။

“ကျောက်စိမ်းဖြူမြို့တော်က အမျိုးသမီး သံတမန်က ရှင့်ရဲ့ ညီမလား၊ အစ်မလား။” ရန်ယင်ယင်က မေးသည်။

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်အမေက ကျောက်စိမ်းဖြူမြို့တော်က မင်းသမီးပါလို့ ခင်ဗျားကို ပြောပြီးပြီပဲ။ ဒါပေမဲ့ ကျောက်စိမ်းဖြူမြို့တော်မှာ ကျုပ်ရဲ့ ဩဇာအာဏာ မရှိဘူး ဆိုတာ ခင်ဗျား သိတဲ့အတိုင်းပဲ။”

“ရင်ဝူချယ် ပြောတာ မှန်တယ်။ ကျောက်စိမ်းဖြူမြို့တော်ကတော့ ကျုပ်ကို ကာကွယ်ချင်ရင် လွန်ခဲ့တဲ့ ၃ နှစ်က ကျုပ် အမဲလိုက် မခံရလောက်ဘူး။ သူတို့က မမြင်ချင်ယောင် ဆောင်နေမှာ မဟုတ်ဘူး။”

ပြီးနောက် ရှမ့်လန်က ငုံ့ကြည့်ကာ ပြောသည်။ “ကျုပ် ရင်ဘတ်မှာ တစ်ခုခု ခံထားဖို့ လိုမလား။”

“မလိုပါဘူး။”

ရန်ယင်ယင်က ပြော၏။ “ကျောက်စိမ်းဖြူမြို့တော် သံတမန်ကလည်း အရမ်းပြားတာပဲ။ ရှင့်ရဲ့ မိန်းမဝတ် ပုံစံက ဘာအပြစ်အနာအဆာမှ မရှိပါဘူး။ ရှင် လုံးဝ ပြားချပ်နေရင်တောင် အပြစ်အနာအဆာ ရှိမှာ မဟုတ်ဘူး။”

ရန်ယင်ယင်က လက်အိတ်ကို ဝတ်၏။ သူမ သတ်ထားသည့် လူများက အပုံလိုက်ပင်။ သူမက ဓားမြှောင်ကို အသုံးပြုပြီး အလောင်း တစ်ခုစီ၌ အပေါက်တစ်ပေါက်စီ ဖောက်၏။ ပြီးနောက် ပုလင်းတစ်လုံးကို ထုတ်ပြီး အစိမ်းရောင်အရည်များ လောင်းထည့်၏။ မကြာခင်မှာ အလောင်းများက ပြည်အိုင်ကဲ့သို့ပင် ပြောင်းလဲသွား သည်။

ထိုအရာက သူမ စေတီတောင်မင်းသမီး ဖြစ်ကြောင်းနှင့် သူမက လောက၏ နံပါတ်တစ် အဆိပ်ပိုးကောင်ကို မွေးမြူထားကြောင်း လူတွေကို သတိရသွားစေ၏။ ပြီးနောက် သူမက မီးခိုးရောင် အရည်ကို အလောင်း ပြည်ရည်ထဲသို့ လောင်းထည့်ပြီး မီးမြှိုက်ပစ်ထည့်၏။ အစိမ်းရောင် မီးတောက်တစ်ခု ပေါ်လာပြီး အရည်များက လုံးဝ ခမ်းခြောက်သွား၏။ မျက်စိတစ်မှိတ်အတွင်း အလောင်းများက ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွား၏။ သူတို့က ဤလောကကြီးဆီမှ လုံးဝဥသုံ ပျောက်ကွယ်သွားခဲ့ခြင်းပင်။

“သွားကြစို့။” ရန်ယင်ယင်က ပြော၏။ ပြီးနောက် သူမက ရှေ့သို့ ပြေးထွက်သွား၏။

ရှမ့်လန်ကလည်း သူမ နောက်မှ လိုက်လာ၏။ သူက အရမ်းကို နှေးကွေးလွန်း၏။ ရန်ယင်ယင်က ဘာမှမဆိုချေ။ ရှမ့်လန်ကို သူမ၏နံဘေးတွင် အသာပွေ့ဖက်ကာဖြင့် မီးခိုးငွေ့တစ်မျှင်ကဲ့သို့ လွင့်ပျံ ထွက်ခွာ၏။ ထိုအရာက သူများ၏ သိုင်းပညာ အလွန် အဆင့်မြင့်ကြောင်း သတိရသွားစေ၏။ သူမက နင်ဟန်အောက် မနိမ့်ကျချေ။ မျိုးရိုးဗီဇ ပြောင်းလဲလေလေ သူမ၏ သိုင်းပညာက ပိုမို သန်မာလေပင်။

"နာကျည်းမှုက တိုက်ခိုက်ရေး စက်ရုပ် ဖြစ်နေပြီ။ အခုက ကျွန်မတို့ နာကျည်းမှုကို မကယ်တင်နိုင်ဘူး။ သူက တိုက်ခိုက်ရေး စက်ရုပ်တစ်ခုလို ဖြစ်နေပြီ။ ပြီးတော့ အခု လောလောဆယ် သူ့ကို ကယ်တင်ရမယ့်အချိန် မဟုတ်သေးဘူး။ လောလောဆယ်တော့ သူ ဘေးကင်းနေပါသေးတယ်။” ရန်ယင်ယင်က ပြောလိုက်သည်။

ရန်ယင်ယင်က ရှမ့်လန်နှင့်အတူ ရှေ့သို့ လွင့်ပျံ ထွက်သွားစဉ်မှာပင် ပုံရိပ်တစ်ခုက သူမ၏ လမ်းကို ပိတ်ဆို့၏။ ထိုအရာက ရှမ့်လန်ကို စောင့်ကြည့်သည့် တာဝန်ယူထားသော အမျိုးသမီးစစ်သည်ပင်။

“ရှင်လည်း ကျွန်မကို တားအုံးမလို့လား။” ရန်ယင်ယင်က မေး၏။

ထိုအမျိုးသမီးစစ်သည်၏ မျက်နှာက ပျက်ယွင်းသွား၏။ သူမက ရန်ယင်ယင်၏ ခါးအောက်တွင် ပွေ့ဖက်ခံထားရသည့် ရှမ့်လန်ကို ကြည့်သည်။ “ဒီ... ဒီမိန်းမက ဘယ်သူပါလိမ့်။”

ရှမ့်လန်က သူမကို လက်ပြ၏။ “ဟိုင်း...” ဟူ၍ နှုတ်ဆက်၏။

ချက်ချင်းပင် ခမ်းနားထည်ဝါသည့် အမျိုးသမီးစစ်သည်၏ ဆံပင်များက ထောင်ထသွား၏။ သူမ၏ ဘဝကိုပင် သူမ သံသယ ဝင်လာမိ၏။ သုံးစက္ကန့်တိတိ ကြာမြင့်ပြီးနောက် ထိုအမျိုးသမီးစစ်သည်က ဓားကို ဆွဲထုတ်ကာ ပြော၏။ “ကျွန်မ မင်းသမီးကို အနောက်ကနေ လိုက်ပြီး ကာကွယ်ပေးပါ့မယ်။”

ရန်ယင်ယင်က ခေါင်းညိတ်၏။ ပြီးနောက် သူမက ရှမ့်လန်ကို မြေအောက်မြို့တော် ထွက်ပေါက်သို့ ခေါ်ဆောင်သွား၏။ အပြင်ဘက်တွင် လှေကားထစ်ပေါင်း ထောင်ချီ ရှိနေသေး၏။ ရန်ယင်ယင်က ရှမ့်လန်ကို အောက်သို့ချပေးပြီး ကြည့်သည်။

“ကျောက်စိမ်းဖြူမြို့တော်က အမျိုးသမီး သံတမန်အဖြစ် သရုပ်ဆောင်တာက မာနကြီးပြီး အထက်တန်းကျကျ နေဖို့ပဲ။”

ရှမ့်လန်က ချက်ချင်းပဲ အထာဖမ်း၏။

အစပိုင်းတွင် ရန်ယင်ယင်က ရှမ့်လန်၏ ခြေလှမ်းများနှင့် အမူအရာများ၌ အပြစ်အနာအဆာ ရှိနေမည်ကို စိုးရိမ်မိ၏။ အဆုံးသတ်မှာတော့ ရှမ့်လန် လမ်းလျှောက်လာသည်ကို ကြည့်ရင်း သူမက မျက်စိကျိန်းမတတ်ပင် ဖြစ်၏။ ပြီးပြည့်စုံလွန်းနေသည်။

အနည်းဆုံး လမ်းလျှောက်သည့်နေရာတွင် သူမက ကျောက်စိမ်းဖြူမြို့တော် သံတမန် တုပပြိုင်ပွဲတွင် ဒုတိယ နေရာလောက် ရနိုင်လောက်၏။ ရှမ့်လန်၏ ဉာဏ်ရည်တု စနစ်က မှတ်တမ်းတင်ထားသည့် ရလဒ်များကို တုပခဲ့ခြင်း ဖြစ်၏။ သူက မီလီမီတာအထိ တိကျ၏။ ဟုတ်ပေ၏။ မည်သည့် အပြစ်အနာအဆာမှ မရှိခဲ့ချေ။

“ဂျိန်း...”

သူတို့က လှေကားထစ်များအဆုံးသို့ ရောက်ချိန်မှာတော့ မြေအောက်မြို့တော် တံခါးကြီး ပွင့်သွား၏။ တံခါးကြီးက ၃ မီတာကျော် ထူ၏။ ယုံနိုင်စရာပင် မရှိချေ။ သူတို့ ထွက်လာသည့် ခဏမှာပင် မျက်လုံးပေါင်း ထောင်ချီက လှမ်းကြည့်၏။ ဤနေရာက စေတီတောင်၏ လျှို့ဝှက်စခန်း တစ်ခုပင်။

တကယ်တော့ ဤမြေအောက် ဂူသင်္ချိုင်းက ရန်ယင်ယင်အတွက် ပြင်ဆင်ထားခြင်းပင်။ သူမက အေးစက်သော စရိုက် ရှိသောကြောင့် မြေအောက် ဂူသင်္ချိုင်းထဲတွင် လူအများအပြား မရှိချေ။ သို့သော်လည်း မြေပြင်ပေါ်တွင် မရေတွက်နိုင်သည့် စေတီတောင် ဂိုဏ်းသား စစ်သည်တော်များ ရှိနေသလို မရေတွက်နိုင်သည့် ထိပ်တန်း သိုင်းပညာရှင်များနှင့် ဒါဇင်ပေါင်း များစွာသော အထူးစစ်သည်များ ရှိလို့နေသည်။

ရန်ယင်ယင်ကို မြင်လိုက်ရသည့်အချိန်မှာတော့ သူတို့က ကြောင်အသွား၏။ အဘယ်ကြောင့်ဆိုသော် မင်းသမီး က ယခင်က တစ်ကြိမ်မှ အပြင်ဘက်သို့ မထွက်ဖူးသောကြောင့်ပင်။ ထို့အပြင် ကျောက်စိမ်းဖြူ မြို့တော်မှ သံတမန်က မင်းသမီး နောက်မှ လိုက်ပါလာ၏။ ဘာတွေ ဖြစ်နေသနည်း။

သူမက ကျောက်စိမ်းဖြူမြို့တော်က သံတမန်မှန်း အဘယ်သို့ သိသနည်း။ သူမ ပေါ်လာတုန်းက ရင်သပ် ရှုမောဖွယ်ရာ ကောင်းသောကြောင့် မည်သူမှ မမေ့နိုင်ကြပေ။ ဤနေရာက တောင်ဘက်ဒေသ ဖြစ်ပြီး အလွန်ပူပြင်း၏။ သို့သော်လည်း ထိုနေ့က နှင်းများ ကျခဲ့ပြီး လေထုက အေးစက်ခဲ့၏။

“မင်းသမီးကို ဂါရဝ ပြုပါတယ်။” စေတီတောင်၏ စစ်သည် ဒါဇင်ပေါင်းများစွာက ချက်ချင်း ဒူးထောက်ချသည်။

ညအချိန် ဖြစ်ပြီး နှင်းမထွက်သေးချေ။ ရန်ယင်ယင်က ခံနိုင်ရည် ရှိသေးသော်လည်း အပြင်ဘက်လေထုက သူမကို အန္တရာယ် ဖြစ်စေ၏။ သူမက အလွန် နေရခက်နေ၏။ အရေပြားများ ပူလောင်နေပြီး အသက်ရှုရ ခက်ခဲ၏။

“နှင်းလင်းယုန်တွေ ပြင်ဆင်လိုက်ကြတော့။ ပြီးရင် စေတီတောင်ကို သွားပြီး ငါ့အဖေကို သတင်းပို့ဖို့ လူလွှတ်လိုက်။ ငါ့မှာ အရေးကြီး ကိစ္စ ရှိတယ်။ သံတမန်ကို တောင်ဘက်ဒေသထိ ခေါ်သွားဖို့ လိုတယ်။” ရန်ယင်ယင်က ငြင်းဆန်၍ မရနိုင်သော တင်းမာခက်ထန်သည့် လေသံဖြင့် ပြောဆိုသည်။

မြေပြင်ပေါ်ရှိ စစ်သည်တော်များက မတူညီသည့် တာဝန်များ ရှိ၏။ သူတို့တွင် ရန်ယင်ယင်ကို စောင့်ကြည့်ရန် တာဝန် မရှိချေ။ သူတို့၏ တာဝန်က ဤမြေအောက် ဂူသင်္ချိုင်းကို ကာကွယ်ရန်သာပင်။

“အမိန့်အတိုင်းပါပဲ။”

ခဏကြာချိန်မှာတော့ နှင်းလင်းယုန် သုံးကောင် ပေါ်လာ၏။ သို့သော်လည်း ရှမ့်လန်သည် ယခင်က လင်းယုန် မစီးဖူးချေ။ သူက ရန်ယင်ယင်နှင့် နှင်းလင်းယုန် တစ်ကောင်တည်းကို အတူတူ လိုက်စီး၏။ ဘေးဘယ်ဝဲယာ ရှိရှိ လူများက ကြောင်အသွား၏။ ကျောက်စိမ်းဖြူမြို့တော်၏ သံတမန်က တခြားသူနှင့်အတူ စီးပါ့မည်လား။ သို့ပေမည့် ဤကိစ္စကို သူတို့ နားမလည်သော်လည်း မမေးရဲချေ။ မြင့်မြတ်ပြီး တန်ခိုးအာဏာ ကြီးမားသူများက လုပ်ချင်ရာကို လုပ်ကြခြင်းပင်။ ပုံစံခွက်ထဲတွင် ရှိနေကြခြင်း မဟုတ်ချေ။

ရန်ယင်ယင်က ရှမ့်လန်နှင့် အမျိုးသမီး စစ်သည်တော်တို့ကို ဦးဆောင်၍ နှင်းလင်းယုန် နှစ်ကောင်နှင့်အတူ တောင်ပင်လယ်ရှိ ရှေးဟောင်းအပျက်အစီး ဝင်ပေါက်ဆီသို့ ပျံသန်းသွား၏။

၆ နာရီခန့် ကြာမြင့်ပြီးနောက် သူတို့က တောင်ပင်လယ်ရှိ ရှေးဟောင်းအပျက်အစီး ဝင်ပေါက်နှင့် မိုင်တစ်ထောင် လောက်သာ လိုတော့သည်။

ရန်ယင်ယင်က ရှမ့်လန်နှင့် အတူ ဆင်းသက်၏။ “ရှင့်ရဲ့ အဝတ်အစားတွေကို ပြန်လဲလိုက်။ ပြီးရင် ကျွန်မ ရှင့်ကို အခေါင်းထဲထည့်ပြီး ရှေးဟောင်းအပျက်အစီးထဲ ခေါ်သွားမယ်။”

ရန်ယင်ယင်က ပြောသည်။ “ရှင် ပြောတာ မှန်တယ်။ ကျွန်မ အဖေက ရှင့်ရဲ့ အကြံပြုချက်ကို အရမ်း စိတ်ဝင်စားတယ်။ အဲဒီ လျှို့ဝှက် ဓာတ်ခွဲခန်းကို ဖွင့်ဖို့ ရှင့်ကို တကယ် အသုံးပြုချင်တာပဲ။ ဒါပေမဲ့ သူက မစွန့်စားချင်ဘူး။ ကျွန်မကလည်း မစွန့်စားချင်ဘူး။ ရှင် မသန်မစွမ်း ဖြစ်သွားရင် ကျွန်မတို့ အစီအစဉ်တွေကို ဘယ်လို ဆက်လုပ်ကြမလဲ။”

ရန်ယင်ယင် ပြောသည်က ရှမ့်လန်ကို ရုတ်တရက် သတိဝင်သွားစေ၏။ စေတီတောင် ဂိုဏ်းချုပ်က လျှို့ဝှက် ဓာတ်ခွဲခန်းကို ဖွင့်ရန် ရှမ့်လန်၏ ဝင်ရောက်ပိုင်ခွင့် အာဏာကို အသုံးပြုဖို့ ဘယ်တုန်းကမှ မစဉ်းစားဟု ပြောခဲ့၏။ ထိုတုန်းက ဤလူကြီး စကားများကို နားထောင်ရသည်မှာ အလွန်ပင် ရိုးသားနေပုံ ပေါ်ခဲ့၏။

တစ်နာရီ၏ လေးပုံတစ်ပုံ ကြာပြီးနောက် ရှမ့်လန်က အဝတ်အစားများကို ပြန်လဲ၏။ သူ့ကို အမျိုးသမီး စစ်သည်က ကျောက်စိမ်းခေါင်းထဲသို့ ထည့်ကာ သယ်ဆောင်သည်။

ပြီးနောက် သူတို့ သုံးဦးက နှင်းလင်းယုန်များကို နောက်တစ်ကြိမ် စီးနှင်းပြီး တောင်ပင်လယ်ဒေသရှိ ရှေးဟောင်းအပျက်အစီးဆီသို့ ဦးတည်သွား၏။

တောင်ပင်လယ်ရှိ ရှေးဟောင်းအပျက်အစီး ဝင်ပေါက်နှင့် ပို၍ နီးလာလေ ကောင်းကင်ပေါ်တွင် နှင်းလင်းယုန်များ ပို၍ များလာလေပင်။ ပင်လယ်ပြင်ပေါ်တွင် စစ်သင်္ဘောများက များပြားစွာ ရှိနေသည်။ တချို့က ရှေးစစ်သင်္ဘောများပင် ဖြစ်၏။ ဤပင်လယ်ပြင် တစ်ခုတည်းတွင် စေတီတောင်၏ ရေတပ်တော်က မယုံကြည်နိုင်လောက်အောင် အားကောင်းနေ၏။ နေကို ကွယ်နိုင်လောက်သည့် အလားပင်။

“ကောင်းကင်ဘုံ... ဒီ ၃ နှစ် အတွင်း ရှေးဟောင်းအပျက်အစီးထဲက ရတနာတွေနဲ့ လက်နက်တွေ ဘယ်လောက်တောင် သူတို့ တူးဖော်ခဲ့တာလဲ။”

စေတီတောင်ဂိုဏ်းချုပ်နှင့် ရင်ကွမ်းတို့က အရေးကြီးသည့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်နေ၏။ လွန်ခဲ့သည့် ၁၀ နှစ် ခန့်က ရင်ကွမ်းက ကျန်ရှိနေသည့် ထူးခြားသော သွေးမျိုးဆက် ပိုင်ရှင်များနှင့် သွေးမျိုးဆက်ဗီဇ ပြောင်းနိုင်သည့် အလားလာ ရှိသူများကို စုစည်းပြီး စေတီတောင်သို့ လွှဲပြောင်းပေး၏။ ထိုတင်သာ မကသေးချေ။ ဗလာသွေးမျိုးဆက် ပိုင်ရှင်များနှင့် အခြားသော သူများလည်း ပါဝင်သည်။

အတိုချုပ်အရပြောရမည် ဆိုလျှင် နဂါးအဖြစ် ပြောင်းလဲလာနိုင်သည့် သွေးမျိုးဆက် ပိုင်ရှင် အားလုံးကို အကြီးအကျယ် စုဆောင်းထားခဲ့ပြီး စမ်းသပ်မှုပြုလုပ်ရန် စေတီတောင်သို့ ပို့ဆောင်ခဲ့၏။ အထူး စစ်သည်တော်များအဖြစ် အသွင်ပြောင်းလဲပြီးသည်နှင့် စေတီတောင်က ၇ ယောက် ရရှိပြီး ရင်ကွမ်းက ၃ ယောက် ရရှိမည် ဖြစ်၏။

ယခု နောက်ထပ် အထူးစစ်သည်တော် တစ်သုတ်ကို ချန်နိုင်ငံသစ်၏ တပ်မတော်ထဲသို့ ဝင်ရောက်ခွင့်ပြုပြီး စုစုပေါင်း ၂၀၀၀ ရှိ၏။ ဤအထူးစစ်သည်တော်များက ထိပ်တန်း အထူးစစ်သည်တော်များလောက် စွမ်းအား မကြီးမားသော်လည်း သွေးဝိညာဉ်တပ်တော်ထက် များစွာ သာလွန်သည်။

အဘယ်ကြောင့်ဆိုသော် စေတီတောင်က သွေးမျိုးဆက် ပြောင်းလဲခြင်း အပိုင်းတွင် အစွန်းရောက်သည်အထိ လုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုများကို လျင်မြန်စွာ ရယူလိုစိတ် ပြင်းပြသောကြောင့်ပင်။

ကျန်းလီ သေဆုံးပြီးနောက် စေတီတောင်က သွေးမျိုးဆက်အပိုင်းတွင် ရလဒ် အများဆုံး ရရှိခဲ့၏။ ထို့ကြောင့် ရှမ့်လန်က ဗလာသွေးမျိုးဆက်ပိုင်ရှင်များကို ပြုပြင်ပြီး နိဗ္ဗာနစစ်သည်များကို ဖန်တီးချိန်မှာတော့ စေတီတောင် ဂိုဏ်းချုပ်က အထင်အမြင်သေးခဲ့သလို ၊ စိတ်လှုပ်ရှားခြင်းလည်း ဖြစ်ခဲ့၏။

သူတို့ အထင်သေးရခြင်းက ရှမ့်လန်က ကစားစရာ ဂိမ်းတစ်ခုကို ဆော့ကစားနေသည်ဟု ခံစားရသောကြောင့်ပင်။ သူတို့ စိတ်လှုပ်ရှားခြင်းက ဤအရာက စေတီတောင် အတွက်သာ သီးသန့်ဖြစ်ပြီး တခြားသောသူများ ကျူးကျော်၍ မရနိုင်ဟု ခံစားရသောကြောင့်ပင်။ ထို့ကြောင့် သူတို့က ဝူကြွယ်ကို စိတ်လွှတ်ပြီး နိဗ္ဗာနစစ်သည်ပြောင်းလဲခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် အားလုံးကို လွှဲပြောင်းပေးရန် ရှမ့်လန်ကို ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

……..

“အစ်ကိုရန်... ရှမ့်လန်က မှတ်ဉာဏ် အများစု တကယ်ပဲ ပျောက်ဆုံးသွားခဲ့ပြီလား။ ပြီးတော့ သူ့ဦးနှောက်ထဲက ကိုယ်ပိုင် အသိစိတ်က တဖြည်းဖြည်းနဲ့ သင်းကွပ်ခံလိုက်ရတာလား။” ရင်ကွမ်းက မေး၏။

စေတီတောင် ဂိုဏ်းချုပ်က ပြောလိုက်သည်။ “ကျုပ်တိုရဲ့ စွမ်းအင် ကိရိယာနဲ့ ပတ်သက်ပြီး မတော်တဆ တစ်ခုခုများ ဖြစ်ခဲ့ဖူးလို့လား။”

ရင်ကွမ်းက ခဏလောက် စဉ်းစား၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်၏။ တကယ်ပင် မတော်တဆမှု တစ်ခုမှ မရှိခဲ့ဖူးချေ။ ထိုကိရိယာ၏ စွမ်းအင်ဝဲကတော့ တိုက်ခိုက်မှုကို ခံရသူက မည်သူမဆို သေလျှင်သေ၊ မသေလျှင် မှတ်ဉာဏ် အားလုံး ပျောက်ကွယ်ခြင်းသာ ရှိ၏။ သို့မဟုတ် လမ်းလျှောက်နေသည့် အလောင်းကောင် ကဲ့သို့ ပြောင်းလဲသွား၏။

“အစ်ကိုရန်... ခင်ဗျားက တကယ့်ကို လုံလောက်အောင် ပြတ်သားတာပဲ။”

ရင်ကွမ်းက ပြောသည်။ “အမှားယွင်း အနည်းငယ်ရှိပြီး ရှမ့်လန်ရဲ့ ဝိညာဉ် လုံးဝ ပျက်စီးသွားခဲ့ရင် နဂါးနောင်တ ကို အသက်သွင်းလို့ ရမှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်တို့ရဲ့ မဟာဗျူဟာမြောက် ဟန်တားမှုက လုံးဝ ဆုံးရှုံးသွားလိမ့်မယ်။”

စေတီတောင် ဂိုဏ်းချုပ်က ပြော၏။ “ကျုပ်တို့မှာ ရွေးချယ်ခွင့် မရှိဘူး။ သူက ကျုပ်တို့နဲ့ အရမ်းကို နီးကပ်လာပြီ။"

စွမ်းအင်ဝဲကတော့ထဲ၌ မင်းသမီး ရန်ယင်ယင်ကို ကယ်တင်နိုင်မည့် နည်းလမ်း ရှာတွေ့နိုင်မည်ဟု ရှမ့်လန်က အဆက်မပြတ် ပြောနေ၏။

ထိုအရာက စေတီတောင် ဂိုဏ်းချုပ်ကို တကယ်ပင် အကြပ်ရိုက်စေခဲ့၏။ သူက သူ့သမီးကို အလွန် ချစ်သည့် ဖခင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားခဲ့ခြင်းပင်။ သူ့သမီးကို ကယ်တင်ရန် အခွင့်အရေး မျက်စိရှေ့တွင် ရောက်နေသည်ကို မြင်နေရပါက ဘယ်ဖခင်က လက်လွှတ်ချင်မည်နည်း။ တစ် ရာခိုင်နှုန်းအောက် အခွင့်အရေး ရှိလျှင်တောင်မှ ထိုအရာကို အသုံးပြုရပေလိမ့်မည်။

ရှမ့်လန်က ကောက်ကျစ်၏။ ဉာဏ်ရည်နှင့် ကောက်ကျစ်မှုကို အပြီးတိုင် ဖယ်ရှားပစ်ပြီး ဝိညာဉ်နှင့် စိတ်ဓာတ်ကို မပျက်စီးအောင် ထိန်းသိမ်းထားနိုင်မည်ဆိုလျှင် အကောင်းဆုံး အသုံးချစရာ ပစ္စည်း ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် စေတီတောင် ဂိုဏ်းချုပ်က ရေလိုက်ငါးလိုက်နေပြီး ရန်ယင်ယင်ကို ကယ်တင်သည့် စိတ်ထိခိုက်စရာ မြင်ကွင်းမျိုးကို ဖန်တီးခဲ့ခြင်းပင်။

သို့ပေမည့် တကယ့် လက်တွေ့ ရည်ရွယ်ချက်မှာတော့ ရှမ့်လန်၏ မှတ်ဉာဏ် အများစုကို ဖျက်ဆီးပစ်ဖိုနှင့် ရှမ့်လန်၏ ဉာဏ်ပညာကို လုံးဝ ဖျက်ဆီးပစ်ဖို့ပင်။ ဟုတ်ပေ၏။ ရှမ့်လန်ကို လမ်းလျှောက်နေသည့် အလောင်းကောင်အဖြစ် တိုက်ရိုက် ပြောင်းလဲပစ်လိုက်လျှင် သူ၏စိတ်ဓာတ်နှင့် ဝိညာဉ် လုံးဝ ပျောက်ဆုံးသွားမှာကို စိုးရိမ်ရသောကြောင့် သူက ရှေးဟောင်း စွမ်းအင် လက်နက်ကို အမြင့်ဆုံးထိ မတင်ခဲ့ချေ။ ၃၀ ရာခိုင်နှုန်း လောက်ထိသာ တင်ခဲ့၏။

ဤနည်းအားဖြင့် သူက ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို ပစ်နိုင်၏။ ရှမ့်လန်၏ အကြံအစည်ကို လုံးဝ ဖျက်ဆီးနိုင်ရုံသာမက ရန်ယင်ယင်ကိုလည်း လုံးဝ စိတ်ပျက်အားငယ်စေပြီး နေ့ခင်းကြောင်တောင် အိမ်မက်မက်နေခြင်းက ရပ်တန့်သွားစေပေလိမ့်မည်။

ရင်ကွမ်းက တကယ်တော့ စိတ်လှုပ်ရှားမိ၏။ ရှမ့်လန်၏ ပြိုင်ဘက်ကင်းသည့် ဉာဏ်ရည်နှင့်ဆိုလျှင် ဦးနှောက်နှင့် မှတ်ဉာဏ်များ ဤမျှ လွယ်လွယ်ကူကူ ပျက်စီးသွားနိုင်ပါ့မည်လားဟု ခံစားရသောကြောင့်ပင်။ သို့သော်လည်း သူက စေတီတောင် ဂိုဏ်းချုပ်ကို ယုံကြည်၏။ ဤကိစ္စနှင့်ပတ်သက်လျှင် ဂိုဏ်းချုပ်ရန်ကို လှည့်စားဖို့ မည်သို့မှ မဖြစ်နိုင်ချေ။

ရှမ့်လန်၏ မှတ်ဉာဏ်တွေက အကောင်းတိုင်း ရှိနေလျက်နှင့် ရှေ့တွင် အသိပျောက်ချင်ယောင် ဆောင်နေမည်လား။ လုံးဝ မဖြစ်နိုင်သလို ဂိုဏ်းချုပ်ရန်၏ မီးတောက်ရွှေမျက်လုံးများကို ဖုံးကွယ်ထားရန် ဆိုသည်က မဖြစ်နိုင်ချေ။

ထို့သို့ဆိုလျှင် တကယ်တမ်း ဤသို့ ဖြစ်သွားပြီလား။ တကယ် ဖြစ်သွားခဲ့ခြင်းပင်။ ရှမ့်လန်၏ အတိတ်မေ့ခြင်း၊ စိတ်နှင့်လူ မကပ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ထုံထိုင်းအားနာခြင်း အားလုံးက အစစ်အမှန်တွေချည်းသာ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် စေတီတောင် ဂိုဏ်းချုပ်က အရမ်းကို ကောက်ကျစ်ပြီး စွမ်းအားကြီးသောကြောင့်ပင်။ ထိုသူ၏ ရှေ့တွင် သရုပ်ဆောင်ဖို့ ဆိုသည်က မဖြစ်နိုင်ချေ။

ဤစွမ်းအင် ဝဲကတော့ ဆိုသည့် အရာထဲသို့ ရှမ့်လန် မဝင်ခင် သူ၏ ဉာဏ်ရည်တု အေအိုင်ကို ရှမ့်လန်က အမိန့်ပေးခဲ့၏။ စွမ်းအင် ဝဲကတော့ထဲကို ဝင်သည်နှင့် ဉာဏ်ရည်တုက ရှမ့်လန်၏ ဦးနှောက်ကို လုံးဝ ကာကွယ်ပေးထား၏။ ဤနည်းအားဖြင့် မည်သည့် ထိခိုက်မှုမှ ဖြစ်မည် မဟုတ်ချေ။

All Chapters