← Chapters

အခန်း (၁၀၆၁-၁၀၆၂)

Vol. 62 Ch. 1061-1062

အခန်း (၁၀၆၁-၁၀၆၂)

Vol. 62 Ch. 1061-1062

အပိုင်း (၁၀၆၁)

စွမ်းအင် ဝဲကတော့က လူတစ်ယောက်၏ ဦးနှောက်ကို ကိုင်တွယ်ဖို့ အထူး ပြုလုပ်ထားသော ရှေးဟောင်း လက်နက်တစ်ခု ဖြစ်၏။ လူတစ်ယောက်၏ မှတ်ဉာဏ်နှင့့် စိတ်ဆန္ဒကို ဖြိုခွင်းရန် အကြမ်းတမ်းဆုံးသော နည်းလမ်းဖြင့် အသုံးပြုထားခြင်းပင်။

သို့သော်လည်း ထိုအရာက ကွန်ပျူတာ တစ်လုံးလိုပင်။ ဗိုင်းရပ်စ်က မည်မျှ ကြမ်းတမ်းနေပါစေ ကွန်ပျူတာကို မဖွင့်ထားလျှင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ရှမ့်လန် နိုးထလာချိန်မှာတော့ ဉာဏ်ရည်တုက ရှမ့်လန်၏ အမိန့်အတိုင်း လိုက်နာပြီး ရှမ့်လန်၏ မှတ်ဉာဏ်များကို တဖြည်းဖြည်းချင်း သော့ဖွင့်ပေးသည်။

hard disk ကို ဖုံးကွယ်ထားပြီး နောင်မှ ဖြည်းဖြည်းချင်း ပြန်ဖွင့်သည့် ကွန်ပျူတာ တစ်လုံး ကဲ့သို့ပင်။ ထို့ကြောင့် ရှမ့်လန်၏ အတိတ်မေ့ရောဂါက ၁၀၀ ရာခိုင်နှုန်း စစ်မှန်၏။ သူ၏ ဤနည်းလမ်း တစ်ခုတည်းကသာလျှင် စေတီတောင် ဂိုဏ်းချုပ်ကို လုံးဝ ဖုံးကွယ်ထားနိုင်မှာ ဖြစ်၏။

“အစ်ကိုရန်... ရှေးဟောင်းအပျက်အစီးထဲက လျှို့ဝှက် ဓာတ်ခွဲခန်းတွေနဲ့ လျှို့ဝှက်စခန်းတွေကို ဖွင့်ဖို့ ရှမ့်လန်ကို ဘယ်အချိန်မှာ အသုံးပြုဖို့ စဉ်းစားထားတာလဲ။” ရင်ကွမ်းက ပေါ့ပေါ့ပါးပါး မေးသည်။

“လောစရာ မလိုပါဘူး။”

စေတီတောင် ဂိုဏ်းချုပ်က ပြောသည်။ “ဒီအချိန်မှာ ကျုပ်တို့ တည်ငြိမ်မှုကို ရှာဖွေရမယ်။ မဆင်မခြင် တိုးတက်မှုမျိုးကို ပြုလုပ်လို့ မဖြစ်ဘူး။ ကျုပ်တို့မှာ ရှိနေတဲ့ အရာတွေကို သေသေချာချာ နားလည်အောင် လုပ်ပြီးမှ အသစ်အဆန်းတွေကို ဖြည်းဖြည်းချင်း ဖော်ထုတ်ရမယ်။”

“ဟုတ်တယ်။ အစ်ကိုရန် စဉ်းစားထားတာ ဟုတ်တယ်။”

ရင်ကွမ်းက မေး၏။ “ရှမ့်လန်ရဲ့ မှတ်ဉာဏ်တွေ လုံးဝ ပျောက်ဆုံးသွားတာ မဟုတ်ဘူးနော်။ သူက အစိတ်အပိုင်း အများစု ဆုံးရှုံးသွားတာ။ ကျန်တာတွေက အပိုင်းအစအဖြစ် ဖြစ်ကုန်တာ။ ဒါဆိုရင် သူ တန်ဖိုးရှိတဲ့ စကားတွေ ဘာတွေ ပြောသေးလဲ။”

စေတီတောင် ဂိုဏ်းချုပ်က လှမ်းကြည့်ကာ ပြောသည်။ “ဘာလို့လဲ။ အစ်ကိုရင်ကွမ်း... ရှမ့်လန်က မပြောသင့်တာတွေ ပြောမိမှာကို စိုးရိမ်လို့လား။”

ဤလူက တကယ် ထက်မြက်၏။

ရင်ကွမ်းက ပြောသည်။ “အကိုရန်ကလည်း နောက်နေပြန်ပြီ။”

စေတီတောင် ဂိုဏ်းချုပ်က ခေါင်းခါယမ်းလိုက်၏။ “သူက လျှို့ဝှက်ချက်ဆန်တဲ့ စကားလုံး တချို့ကိုတော့ ပြောတယ်။ ဥပမာအားဖြင့်... ဆော်ရွှန်ဧကရာဇ်၊ ပျောက်ဆုံးနိုင်ငံတော်ရဲ့ အပျက်အစီး၊ မိစ္ဆာတြိဂံနယ်မြေ၊ ပြီးတော့ ဘိုးဘေးလော်။”

ရင်ကွမ်းက ပြောသည်။ “တခြား ဘာမှ မရှိဘူးလား။”

ရင်ကွမ်း၏ အမြင်တွင် နဂါးဥက ရှမ့်လန်၏ မှတ်ဉာဏ်ထဲတွင် သေချာပေါက် အလွန် နက်ရှိုင်းစွာ ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူက မှတ်ဉာဏ် အပိုင်းအစတစ်ခု ဖြစ်သွားလျှင်ပင် အလွယ်တကူ ကောက်ယူနိုင်သည့် အလွန် တောက်ပသည့် အပိုင်းအစ တစ်ခု ဖြစ်နေပေလိမ့်မည်။

စေတီတောင် ဂိုဏ်းချုပ်၏ မျက်နှာက တည်ကြည်လေးနက်သွား၏။ သူက ခပ်မြန်မြန် မေး၏။ “အစ်ကို ရင်ကွမ်း... ခင်ဗျား သူ့ကို ဘာတွေ ပြောစေချင်တာလဲ။”

ရင်ကွမ်းက ပြောလိုက်သည်။ “သူ ခင်ဗျားကို လုံးဝ တုန်လှုပ်စေမဲ့ စကားမျိုး တစ်ခွန်းမှ မပြောခဲ့ဘူးလား။”

စေတီတောင် ဂိုဏ်းချုပ်က ခေါင်းခါယမ်း၏။

ရင်ကွမ်းက မျက်လုံးများကို မှိတ်၏။ နဂါးဥ အကြောင်း စကားတစ်လုံးမှ မဟနိုင်သောကြောင့် သူ ဘာမှ မပြောရဲချေ။ သို့သော်လည်း ရှမ့်လန်၏ မှတ်ဉာဏ် ပျက်ဆုံးသွားပြီးနောက် ထိုအရာကို လျှို့ဝှက်ထားရန် မလိုအပ်ချေ။ ထိုကြောင့် နဂါးဥသည့် စကားလုံးကို ပြောနိုင်ခြေ အလွန်များ၏။

သို့ပေမည့် ရှမ့်လန်က ဤစကားနှစ်လုံးကို မပြောခဲ့ချေ။ ဘာကို သက်သေပြနေသနည်း။

“အစ်ကိုရန်... ဒီသစ္စာဖောက် ရှမ့်လန်က ခင်ဗျားနဲ့အတူ သရုပ်ဆောင်နေတာပဲ။ ကျုပ်မှာ သက်သေ မရှိဘူး။ ဒါပေမဲ့ သူ ခင်ဗျားနဲ့ သရုပ်ဆောင်နေတယ်လို့ ကျုပ် ခံစားမိတယ်။” ရင်ကွမ်းက တုန်ယင်နေသည့် အသံဖြင့် ပြောသည်။

စေတီတောင် ဂိုဏ်းချုပ်၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူက ရင်ကွမ်းကို နက်နက်ရှိုင်းရှိုင်း ကြည့်၏။ တစ်ဖက်လူက လျှို့ဝှက်ချက် တစ်ခုကို ဖုံးကွယ်ထားမှန်း ထင်ရှား၏။ သို့သော်လည်း ဤအချိန်၌ ထိုအရာက အရေးမကြီးတော့ပေ။

............

သူက ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံဆီမှ လင်းယုန်ငှက်ကြီးတစ်ကောင် ထိုးဆင်းလာ၏။

စေတီတောင် ဂိုဏ်းချုပ်က လင်းယုန်ငှက်ကြီးပေါ်သို့ လျှင်မြန်စွာ ခုန်တက်ပြီး တောင်ပင်လယ် ရှေးဟောင်းအပျက်အစီး နယ်မြေဆီသို့ အမြန်ဆုံး ပျံသန်းသွားသည်။

“မြန်မြန်... အချိန်က အရမ်းမြန်ရမယ်။ မဟုတ်ရင် အရမ်းကို နောက်ကျသွားလိမ့်မယ်။”

ရှမ့်လန်ကသာ တစ်ခါမှ မကြုံဖူးလောက်အောင် အတိတ်မေ့ချင်ယောင် ဆောင်နေသည်ဆိုလျှင် အကျိုးဆက်က တကယ်ကို ကြောက်စရာ ကောင်းပေလိမ့်မည်။

ထင်မှတ်ထားသည့်အတိုင်း နာရီအနည်းငယ်အကြာတွင် မြေအောက်ဂူသင်္ချိုင်းကို စောင့်ကြပ်ရန် တာဝန်ကျသည့် အထူးစစ်သည်တော်တစ်ဦးက သူ့ထံ ပျံသန်းလာ၏။ သူက စေတီတောင် ဂိုဏ်းချုပ်နှင့် အဝေးကြီး လိုသေးသော်လည်း လှမ်းအော်ကာ ပြော၏။

“ဂိုဏ်းချုပ်... မင်းသမီးက သတင်းပို့ခိုင်း လိုက်ပါတယ်။ သူ့ဆီမှာ အရေးပေါ်ကိစ္စရှိလို့တဲ့။ ပြီးတော့ သူက ကျောက်စိမ်းဖြူမြို့တော်က သံတမန်ကို တောင်ပင်လယ်ဒေသဆီ ခေါ်သွားပါတယ်တဲ့။”

စေတီတောင် ဂိုဏ်းချုပ်၏ မျက်နှာက ပျက်ယွင်းသွားသည်။ “သောက်ကျိုးနည်း...။”

အဆိုးဝါးဆုံး အရာများ ဖြစ်ပျက်ခဲ့ပြီဖြစ်၏။ ရှမ့်လန်က ထွက်ပြေးချင်ခဲ့၏။ ရှမ့်လန်က သူ၏သမီးကို အသုံးပြုပြီး စွမ်းအင် ဝဲကတော့ကို ဖြတ်သန်းချင်နေခြင်းပင်။

သူက ကျင်းကန်တောင် ရှိရာအရပ်ဆီသို့ သွားချင်နေခြင်း ဖြစ်၏။ မင်းသားကျင်းကို ကယ်တင်ချင် နေခြင်းပင်။ တကယ်ကို အရေးကြီး၏။ အလုံးစုံ အရေးကြီးနေပြီ ဖြစ်၏။ အချိန်မီ ရောက်ရန်သာ မျှော်လင့်ရ၏။ ဤခွေးကောင်လေး စွမ်းအင်ဝဲကတော့ကို မဖြတ်သန်းနိုင်ခင် သူ တားဆီးရမည်။

စေတီတောင် ဂိုဏ်းချုပ်က စေတီတောင်၏ လျှို့ဝှက်စခန်းတစ်ခုဆီသို့ ထိုးဆင်း၏။ “နဂါးအရှိန်အဝါ ပစ်လွှတ်စင်တွေ ပြင်ဆင်ထား။ တောင်ဘက်အရပ်ဆီကို ပစ်လွှတ်လိုက်။”

အထူးစစ်သည်တော်များက ချက်ချင်း ကြောင်အသွား၏။ ဂိုဏ်းချုပ် ရူးသွပ်သွားသည်လား။ နှင်းလင်းယုန်စီးပြီး ပျံသန်းသည်ကိုတောင် နှေးသည်ထင်နေသည်လား။ တကယ်ကြီး နဂါးအရှိန်အဝါကို အသုံးပြုကာ ပျံသန်းရန် စဉ်စားနေသည်။

“မြန်မြန် မြန်မြန်... ငါ အချိန်မီ ရောက်ဖို့ မျှော်လင့်မိတယ်။ ရှမ့်လန်ကို လွတ်သွားစေလို့ မဖြစ်ဘူး။ မြန်မြန် မြန်မြန်...။” စေတီတောင်ဂိုဏ်းချုပ်က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် နဂါးအရှိန်အဝါကို ပြင်ဆင်ရန် ချက်ချင်း အမိန့်ပေး၏။

အထူးစစ်သည်တော် တချို့တို့က အခေါင်းပွ သတ္တုဘောလုံး တစ်လုံးကို သယ်ဆောင်လာခဲ့၏။ ဟုတ်ပေ၏။ နဂါးအရှိန်အဝါ ကိရိယာကို အသုံးပြုခြင်းက ခန္ဓာကိုယ်ကို တိုက်ရိုက်ပစ်လွှတ်တင်ခြင်း မဟုတ်ချေ။ ထိုအစား လူကို ဘောလုံးတစ်ခုထဲသို့ ထည့်၍ ပစ်လွှတ်ခြင်း ဖြစ်သည်။

“သတ္တုဘောလုံးကို မသုံးနဲ့။ နဂါးနောင်တအတုကို သုံး။” စေတီတောင်၏ ဂိုဏ်းချုပ်က အမိန့်ပေးလိုက်၏။

အဘယ်ကြောင့်ဆိုသော် သတ္တုဘောလုံးတွင် အမြီးမီးတောက်များ မပါရှိသောကြောင့် နဂါးအရှိန်အဝါ၏ တွန်းကန်အားဖြင့် ကီလိုမီတာ ၅၀ ခန့်သာ ပစ်လွှတ်နိုင်၏။ နဂါးနောင်တအတုကမူ မပေါက်ကွဲသည့်အပြင် အမြီးမီးတောက်ပါ ပါရှိသောကြောင့် လေထဲတွင် ပျံသန်းနိုင်စွမ်း ရှိ၏။ နဂါးနောင်တအစစ်က လေးလံလွန်းသောကြောင့် ကီလိုမီတာ ၅၀၀ ခန့်သာ ပစ်လွှတ်နိုင်၏။ နဂါးနောင်တ အတုက ပိုမို ပေါ့ပါးသောကြောင့် ကီလိုမီတာ ၆၀၀ မှ ၇၀၀ ကျော်ထိ ပို၍ ဝေးဝေး ပစ်လွှတ်နိုင်သည်။

ပြောရမည်ဆိုလျှင် သူက ရှမ့်လန်ကို ကျေးဇူးတင်ရမည်။ ဟိုးတုန်းက ရှမ့်လန်က နဂါးနောင်တတစ်ခုကို ဗြောင်ကျကျ ခိုးယူခဲ့ပြီး နောက်တစ်ခု ထပ်ရရန်အတွက် ရင်ဝူချယ်ကို အတုဖြင့် လှည့်စားခဲ့၏။ သို့သော်ငြား ဤ နဂါးနောင်တအတုက စေတီတောင် ဂိုဏ်းချုပ်နှင့် ရင်ကွမ်းတို့ လက်ထဲသို့ ရောက်သွားခဲ့၏။ သူတို့က ထိုအရာများကို အများကြီး ပုံတူကူးယူခဲ့ပြီး ရှမ့်လန်၏ အတုထက် ပို၍ လက်တွေ့ဆန်အောင် အဆင့်မြင့်တင်ခဲ့၏။

ဟုတ်ပေ၏။ အသက်သွင်းရန် ရှမ့်လန်၏ သွေးမျိုးဆက်မျိုးကို မလိုသော်လည်း တလက်လက် တောက်ပသည့် အလင်းမျိုးက ထွက်ပေါ်နေအုံးမှာပင်။ နဂါးနောင်တအတုကို အမြန်ဆုံး ဖြုတ်လိုက်ကြ၏။ ထိုအရာက အခေါင်းပွဖြစ်ပြီး စေတီတောင် ဂိုဏ်းချုပ်က အထဲသို့ အမြန်ဆုံးဝင်၏။ နဂါးနောင်တအတုကို ပြန်လည် တပ်ဆင်သည်။

“အကွာအဝေးဆီ ပစ်လွှတ်လိုက်တော့။ နောက်ထပ် လျှို့ဝှက်စခန်းတစ်ခု...”

“ကောင်းပါပြီ။”

လျှို့ဝှက်စခန်း၏ အမြင့်ဆုံးခေါင်းဆောင်က ပစ်မှတ်ကို အလျင်အမြန် ရိုက်ထည့်ပြီး ခလုတ်ကို နှိပ်၏။

“ရွှီ...။”

နဂါးနောင်တအတုက လေထဲသို့ ပျံတက်သွား၏။ မိုင်ထောင်ရာပေါင်းများစွာ အရောက်တွင် အမြီးက မီးတောက်များ မှုတ်ထုတ်လိုက်ပြီး အရှိန်မြှင့်ကာဖြင့် တောင်ဘက်အရပ်ဆီသို့ တရွှီရွှီ မြည်သံနှင့်အတူ ပျံသန်းသွားသည်။

ဟုတ်ပေ၏။ နဂါးနောင်တအတုက အတုပင်။ မီးတောက်များ မှုတ်ထုတ်နိုင်သည် ဆိုလျှင်တောင်မှ တစ်စက္ကန့်ကို မီတာ ၅၀၀ ထက် မပိုနိုင်ချေ။ သို့သော်ငြား ဤအချိန်က နှင်းလင်းယုန် ပျံသန်းသည်ထက်တော့ အများကြီး ပိုမြန်သေး၏။

၁၀ မိနစ် ကြာပြီးနောက် နဂါးနောင်တအတုက စေတီတောင် လျှို့ဝှက်စခန်းတစ်ခု၏ ကောင်းကင်ယံတွင် ဥက္ကာပျံကဲ့သို့ ဖြတ်သန်းသွား၏။ ချက်ချင်းပဲ လျှို့ဝှက်စခန်းရှိ လူတိုင်းက ကြက်သီးမွေးညှင်းများ ထသွားကြသည်။

ဘာတွေဖြစ်နေသနည်း။ အဘယ်ကြောင့် မြောက်ဘက်မှ နဂါးနောင်တ ပစ်လွှတ်လိုက်သနည်း။ လောကစစ်ကြီး ဖြစ်တော့မည်လား။ တော်ဝင်ရန်အင်ပါယာ လာနေပြီလား။

“ကြားဖြတ်ဟန့်တားကြ။ ကြားဖြတ်ဟန့်တားကြ... မြန်မြန်။”

အမြင့်ဆုံးခေါင်းဆောင်၏ အမိန့်အရ ရှေးဟောင်း ဒူးလေးဒါဇင်ကျော်တို့က ရုတ်တရက် ပစ်ခတ်၏။ လေထဲတွင် နဂါးနောင်တအတုကို ကြားဖြတ် ဟန့်တားကြ၏။

ဤလောကကြီးအတွင်းတွင် ကြိုးမဲ့ ဆက်သွယ်ရေး မရှိသလို လင်းယုန်စီးသူများ၏ အရှိန်ကလည်း မမြန်ချေ။ ထို့ကြောင့် ဤစခန်းမှ လူများက နဂါးနောင်တအတုကို သူတို့လူတွေ ပစ်လွှတ်လိုက်မှန်း မသိကြပေ။ သို့သော်ငြား အတုဖြစ်လျှင်တောင်မှ နဂါးနောင်တ၏ အပြင်ခွံက အလွန့်ကို မာကျောနေဆဲပင်။ ဒူးလေးကြီးများက လေထဲတွင် အောင်မြင်စွာ ကြားဖြတ် ဟန့်တားနိုင်လျှင်တောင်မှ အပြင်ခွံကို နည်းနည်းမှ ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

မီတာ ဒါဇင်နှင့်ချီ အနည်းငယ် အကွာမှာတော့...

“ရွှီ...။” နဂါးနောင်တအတုက မြေပြင်ပေါ်သို့ ပြုတ်ကျ၏။ စေတီတောင်၏ လျှို့ဝှက်စခန်းရှိ လူများက နာကျင်စွာ မျက်လုံးကို မှိတ်လိုက်၏။ ကြီးမားသည့် ပျက်စီးခြင်းများ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေ၏။ ထိုအရာက နဂါးနောင်တပင်။ ပေါက်ကွဲသွားသည်နှင့် လျှို့ဝှက်စခန်းတစ်ခုလုံးက ပြီးဆုံးသွားပြီ ဖြစ်သည်။

သို့သော်ငြား နဂါးနောင်တအတု ပြုတ်ကျပြီးနောက် မြေကြီးထဲသို့ မီတာ ဒါဇင်ပေါင်းများစွာ နစ်မြုပ်သွားသော်လည်း မပေါက်ကွဲခဲ့ချေ။ ခဏကြာချိန်မှာတော့ နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။

နဂါးနောင်တအတု၏ အလယ်ဆက်ကြောင်းက အတွင်းမှ တိုက်ရိုက် ကွဲထွက်သွားခဲ့ပြီး လူတစ်ယောက် အတွင်းမှ တွားသွားကာ ထွက်လာသည်။

လျှို့ဝှက်စခန်းရှိ လူများက လုံးဝ ကြောင်အသွား၏။ တကယ်ပဲ သူတို့၏ ဂိုဏ်းချုပ် ဖြစ်နေ၏။ ဂိုဏ်းချုပ်က နဂါးနောင်တအတုထဲမှ တွားသွားကာ ထွက်လာလေသည်လား။

စေတီတောင်ဂိုဏ်းချုပ်က လျှို့ဝှက်စခန်းရှိ စစ်သည်ခေါင်းဆောင်ထံ လှမ်းပြော၏။ “နဂါးနောင်တအတု အသစ်တစ်လုံးကို ပြင်ဆင်လိုက်။ နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို ပြင်ဆင်။ ပြီးရင် ငါ့ကို တောင်ဘက် ကီလိုမီတာ ၇၀၀ အကွာက နောက်ထပ် လျှို့ဝှက်စခန်းဆီ ပစ်လွှတ်လိုက်။”

စစ်သည်ခေါင်းဆောင်က တုန်လှုပ်သွား၏။ ပြီးနောက် ဦးညွှတ်ကာ ပြောသည်။ “ကောင်းပါပြီ။”

မိနစ် အနည်းငယ် ကြာပြီးနောက်...

“ဘုန်း... ရွှီ...။” ကျယ်လောင်လွန်းသော အသံကြီးတစ်ခု ထွက်ပေါ် လာပြီးနောက် နောက်ထပ် နဂါးနောင်တအတု တစ်လုံးက ပစ်လွှတ်ခြင်းကို ခံရ၏။

တောင်ဘက်အရပ်ဆီသို့ တရွှီရွှီ မြည်သံနှင့်အတူ ပျံသန်းသွားပြန်သည်။ နောက်ထပ် ၁၀ မိနစ်ခန့် ကြာမြင့်ပြီးနောက် ဤနဂါးနောင်တအတုက စွမ်းအင်ကုန်ဆုံးသွား၏။ စေတီတောင်၏ နောက်ထပ် လျှို့ဝှက်စခန်းတစ်ခုဆီသို့ တိုက်ရိုက် ပြုတ်ကျသည်။

နာရီဝက်ကျော် ကာလအတွင်း စေတီတောင် ဂိုဏ်းချုပ်က ကီလိုမီတာ ၁၃၀ ကျော် ပျံသန်းခဲ့၏။ ကံဆိုးစွာဖြင့် စခန်းတိုင်းတွင် နဂါးပစ်လွှတ်စင် မရှိပေ။ ယခင်က ပြောခဲ့သလိုပင် နဂါးပစ်လွှတ်စင်က နဂါးနောင်တထက် ပို၍ ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်ပေ။

ဆင်းသက်ပြီးနောက် စေတီတောင် ဂိုဏ်းချုပ်က နဂါးနောင်တအတုထဲမှ နောက်တစ်ကြိမ် ထွက်လာ၏။ နှင်းလင်းယုန်ကို ပြန်လည် စီးနင်းကာဖြင့် တောင်ဘက်သို့ ဆက်လက် ပျံသန်း၏။ သူ နောက်မကျပါစေရန် မျှော်လင့်ရ၏။

”ခွေးသူခိုးလေး ရှမ့်လန် မအောင်မြင်ပါစေနဲ့။ မအောင်မြင်ပါစေနဲ့။”

........................

ရှမ့်လန်ကို အခေါင်းထဲ မထည့်မီ စေတီတောင် မင်းသမီးက မေးသည်။ “ရှင် ကျွန်မအဖေကို နဂါးနောင်တ တစ်ခု အသက်သွင်းပေးပြီး ကျွန်းတစ်ကျွန်းကို ဖျက်ဆီးခဲ့တယ်နော်။ အဲဒါ ရှင့်ရဲ့ လျှို့ဝှက်စခန်းလား။”

ရှမ့်လန်က ပြော၏။ “အဲဒီကျွန်းက ရေနံတူးဖော်ဖို့ ကျုပ်ရဲ့ လျှို့ဝှက်စခန်းပဲ။ ပြီးတော့ ဓာတုဗေဒ စက်မှုလုပ်ငန်း ဖွံ့ဖြိုးဖို့ ကြိုးစားနေတဲ့ အခြေစိုက်စခန်းလည်း ဟုတ်တယ်။ ကျုပ်အတွက် အရမ်း အရေးကြီးပေမဲ့ ခင်ဗျား အဖေအတွက်တော့ တန်ဖိုးမရှိတဲ့ ပစ်မှတ်တစ်ခုပဲ။ နဂါးနောင်တ တစ်ခုကို အသုံးပြုပြီး ဖျက်ဆီးဖို့တောင် သူ ဘယ်လိုလုပ် စိတ်ကူးရပါ့မလဲ။ နဂါးနောင်တက အရမ်းကို တန်ဖိုးကြီးလွန်းတယ်လေ။

စေတီတောင်မှာ ဘယ်နှစ်ခု ရှိမှန်း ဘယ်သူမှ မသိပေမဲ့ သိပ်အများကြီး ရှိလိမ့်မယ်လို့တော့ ကျုပ်မထင်ဘူး။ သူက ကျုပ်ကို နဂါးနောင်တအစစ်ကို အသက်သွင်းခိုင်းခဲ့ပေမယ့် ကျုပ် ပစ်လွှတ်လိုက်တဲ့ အချိန်မှာ အတု ဖြစ်နေခဲ့တယ်။ ပြီးတော့ သူက အရမ်းကို စာနာတတ်တဲ့ ပုံစံမျိုးနဲ့ ပေါက်ကွဲမှုကို ကျုပ်မမြင်ရအောင် မျက်လုံးတွေ လာအုပ်ပေးခဲ့သေးတယ်။ ဒါကြောင့် ဒီဖျက်ဆီးမှုက အတုပါပဲ။ အဲဒီကျွန်းက နဂါးနောင်တလို မဟာဗျူဟာမြောက် လက်နက်တစ်ခု အသုံးပြုဖို့ တကယ်တမ်း မထိုက်တန်ပါဘူး။”

ဤအဖြေကို ကြားရပြီးနောက် ရန်ယင်ယင်က သက်ပြင်းချကာ ခေါင်းညိတ်မိ၏။ ဟုတ်ပေ၏။ ထိုအရာက သူမ သနားကြင်နာပြီး ရှမ့်လန်၏ လက်အောက်ငယ်သားများ၏ အသက်အန္တရာယ်ကို ဂရုစိုက်၍ မဟုတ်ချေ။

ရှမ့်လန်က သူ၏ ရည်မှန်းချက် အောင်မြင်ဖို့ ကိုယ့်လူတွေကို စွန့်လွှတ်ရဲသည့် ရက်စက်သူ တစ်ယောက် မဟုတ်ဘူးဆိုတာ သေချာချင်သောကြောင့်သာ မေးမြန်းလိုက်ခြင်း ဖြစ်၏။ ရင်ကွမ်းကဲ့သို့ ၊ သူမ၏ အဖေ ဂိုဏ်းချုပ်ရန် ကဲ့သို့ လူမျိုး မဟုတ်ဘူးဆိုသည်ကို သူမက သေချာ သိချင်မိ၏။

.........

ရန်ယင်ယင်နှင့် စစ်သည်တော်တို့က အခေါင်းတစ်လုံးကို သယ်ဆောင်ပြီး နှင်းလင်းယုန် နှစ်ကောင်ကို စီးနင်းလာသည်။

တောင်ပင်လယ် ရှေးဟောင်းအပျက်အစီးနယ်မြေ ကောင်းကင်ယံ၌ သူတို့ ပေါ်လာချိန်မှာတော့ နှင်းလင်းယုန် ဒါဇင်ပေါင်းများစွာတို့က ချက်ချင်း ဝိုင်းရံလာ၏။

နှင်းလင်းယုန် တစ်ကောင်စီတွင် အထူးစစ်သည်တော် တစ်ဦးစီ ရှိပြီး ရှေးဟောင်းဒူးလေးများ တပ်ဆင်ထား၏။ ဆက်တိုက် ပစ်ခတ်နိုင်သည့် ရှေးဟောင်းဒူးလေးမျိုးပင်။ တကယ့်ကို အားကောင်းသည့် လေတပ်တစ်ခုပင် ဖြစ်သည်။

“အရှင်မင်းသမီးကို ဂါရဝပြုပါတယ်။”

“မင်းသမီးကို ဂါရဝပြုပါတယ်။”

အပိုင်း (၁၀၆၂)

ညအချိန် ဖြစ်သော်လည်း လူတိုင်းက ရန်ယင်ယင်ကို မှတ်မိကြ၏။ ရန်ယင်ယင်က ဘာမှမပြောဘဲ ကျောက်မဲကျွန်းပေါ်သို့ တိုက်ရိုက် ဆင်းသက်၏။ ရှေးဟောင်းအပျက်အစီး ဝင်ပေါက်ကို ရှမ့်လန် ဖွင့်ခဲ့ခြင်း ဖြစ်၏။ သူ အရောင်လေးမျိုး သီအိုရီကို အသုံးပြု၍ ဝင်ပေါက်ဖွင့်ခဲ့သည်က ရန်ယင်ယင် အပါအဝင် မရေတွက်နိုင်သည့် လူများကို အံ့အားသင့်စေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူမ ကိုယ်တိုင်ကလည်း ဤပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့သောကြောင့်ပင်။

ယခုအချိန်မှာတော့ ကျောက်မဲကျွန်းတစ်ခုလုံးက လုံးဝ ပြောင်းလဲသွား၏။ မူလက လူသူ မရှိသည့် ကျွန်းတစ်ခု ဖြစ်သော်လည်း ယခု အလွန်တရာ ကြီးမားလွန်းလှပြီး ဖျက်ဆီး၍ မရနိုင်သည့် ခံတပ်ကြီး တစ်ခု တည်ရှိလို့နေ၏။ ဝင်ပေါက်ကို ဖုံးကွယ်ထား၍ မရလျှင် ခံတပ်ဆောက်၍ ကာကွယ်လိုက်မည် ဆိုသည့် သဘောမျိုးပင်။

ဤခံတပ်ကြီး၌ လေကြောင်းပစ် လက်နက်များ၊ ရေကြောင်းကာကွယ်ရေး လက်နက်များအပြင် မရေတွက် နိုင်သည့် ရှေးဟောင်းလက်နက်များ ရှိ၏။ စေတီတောင်၏ စစ်သည်တော် တစ်သောင်းကျော်လည်း ရှိနေသည်။ ထိုတင်မကသေးချေ။ ဤကဲ့သို့ လူသူကင်းမဲ့သည့် ကျွန်းသေးသေးလေး၌ စစ်သင်္ဘော ရာပေါင်းများစွာ ဆိုက်ကပ်ထားနိုင်သည့် သင်္ဘောကျင်းကြီး တစ်ခုကိုပင် တူးဖော်ထားသေး၏။

မိုင်တစ်ထောင်ပတ်လည် အတွင်း၌ စေတီတောင်၏ ရေတပ်နှင့် အားကောင်းလွန်းသည့် ရှေးဟောင်း စစ်သင်္ဘောများက နေရာအနှံ့ရှိ၏။ ဤမျှလောက် အားကောင်းသည့် ကာကွယ်ရေး စစ်မျက်နှာပြင်ကို ထိပ်တိုက် ရင်ဆိုင် ဖောက်ထွင်းဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

ထို့ကြောင့်ပင်လျှင် ရှေးဟောင်းအပျက်အစီးများကို သိမ်းပိုက်ချင်သည့် သဘာဝလွန် အင်အားစုများ ရှိနေသည် ဆိုလျှင်တောင်မှ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ဖို့ ဆိုသည်က မဖြစ်နိုင်ချေ။ စေတီတောင်၏ အားကောင်းလွန်းသည့် ကာကွယ်ရေးကြောင့် ထိုသူတို့ အားလုံးက လက်လျှော့လိုက်ရခြင်း ဖြစ်၏။

အထူးသဖြင့် ကောင်းကင်ပင်လယ် နန်းဆောင်၊ ကောင်းကင်အပြစ်ပေးမှုနန်းဆောင် စသဖြင့် ထိုသူတို့၌လည်း လုယက်ရန် အတွေးမျိုး ရှိပေလိမ့်မည်။

ရန်ယင်ယင်က ခံတပ်ကြီး၏ ထိပ်ဆုံးဆီသို့ ဆင်းသက်ကာ အမိန့်ပေးသည်။ “ရှေးဟောင်းအပျက်အစီး ဝင်ပေါက်ကို ဖွင့်။ ငါ ဝင်ချင်တယ်။”

ဤခံတပ်၏ အမြင့်ဆုံး ခေါင်းဆောင်က စေတီတောင်၏ အကြီးအကဲ၊ ဝူကြွယ်၏ ဖခင် ၊ ဥပဒေခန်းမ၏ သခင်လည်း ဖြစ်၏။ သူက ခဏလောက် တွန့်ဆုတ်ကာ ပြော၏။ “မင်းသမီး... မေးပါရစေ။”

ရန်ယင်ယင်က အေးစက်စက်နှင့် ပြန်မေးသည်။ “ကျွန်မ ရှင့်ကို ပြောပြဖို့ လိုလို့လား။”

“ကောင်း... ကောင်း... ကောင်းပါပြီ။”

စေတီတောင်၏ အကြီးအကဲဝူက ချက်ချင်းပင် ဦးညွှတ်ကာ ပြော၏။ “ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပါ။”

ဘာပဲပြောပြော အနည်းဆုံးတော့ အပေါ်ယံ၌ ရန်ယင်ယင်က စေတီတောင်၏ ဒုတိယအာဏာအရှိဆုံး လူတစ်ယောက်ပင်။ ထို့အပြင် သူမက မထိုက်တန်သည့် ဂုဏ်သတင်းကျော်ဇောမှု ရှိသည့် ဝူတူကျိလို မဟုတ်ချေ။ သူမက တကယ့်ကို တန်ခိုးအာဏာကြီးမားသူ တစ်ယောက်ပင်။

သူမက မြေအောက်မြို့တော်မှ ထွက်ခွာခြင်း မရှိသော်လည်း လူအများအပြားကို သတ်ဖြတ်ခဲ့သူလည်း ဖြစ်၏။ သေချာပေါက် ရက်စက်ကြမ်းကြုတ်လွန်းသူ တစ်ယောက်ပင်။

မကြာခင် ရှေးဟောင်းအပျက်အစီး ဝင်ပေါက်က ပွင့်သွားခဲ့ပြီး ရန်ယင်ယင်က ခပ်တည်တည်နှင့် လမ်းလျှောက် ဝင်သွား၏။

သူမ ပျောက်ကွယ်သွားသည်နှင့် ဥပဒေခန်းဆောင်၏ အကြီးအကဲဝူက ပြောသည်။ “မြန်မြန်... နှင်းလင်းယုန်စီးပြီး မြောက်ဘက်ကိုသွား။ ဂိုဏ်းချုပ်ဆီကို သွားပြော။ ဂိုဏ်းချုပ်ရဲ့ဆန္ဒ ဟုတ်၊ မဟုတ် သေချာအောင် သွားမေးကြ။”

ပြီးနောက် အကြီးအကဲဝူက ရန်ယင်ယင်၏ နောက်သို့ ချက်ချင်း လိုက်သွား၏။ သူမ၏ နောက်မှ တစ်ချိန်လုံး လိုက်နေခဲ့၏။

....................

ဤ ရှေးဟောင်းအပျက်အစီး နေရာက အရမ်းကို ကြီးမား၏။ ပြီးပြည့်စုံသည့် မြို့တော်ကြီး တစ်ခုလိုပင်။ သို့သော်ငြား မြေအောက်တွင် မြှုပ်နှံထား၏။ ထို့ကြောင့် အထဲသို့ ဝင်ရောက်ပြီးသည်အထိ နှင်းလင်းယုန်စီးပြီး ပျံသန်းနေရတုန်းပင်။

ဥပဒေပြုခန်းဆောင်၏ အကြီးအကဲဝူက သူတို့၏ နောက်မှ လိုက်ပါလာခဲ့ပြီး ရန်ယင်ယင်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်၏။ သူကစ၍ မေးခွန်းထုတ်ခြင်းမျိုး မလုပ်ချေ။ အဘယ်ကြောင့်ဆိုသော် ရန်ယင်ယင်ဆီ၌ မည်သည့် အဖြေကိုမှ ရမည်မဟုတ်ကြောင်း သိရှိနေသောကြောင့်ပင်။

စေတီတောင် မင်းသမီးက တကယ့်ကို ရက်စက်၊ အေးစက်ပြီး မာနကြီးလွန်း၏။ သို့သော်လည်း သူမ၏ နောက်သို့ လိုက်ပါလာသည့် အထူးစစ်သည်တော်များက ပို၍ များပြားလာ၏။

အစပိုင်းတွင် ဒါဇင် အနည်းငယ်သာ ရှိသော်လည်း နောက်ပိုင်း ရာပေါင်းများစွာ ဖြစ်လာ၏။ သူတို့က နှင်းလင်းယုန်များကို စီးနင်းပြီး ကျီးများက လကို ဝိုင်းရံထားသကဲ့သို့ ရန်ယင်ယင်ကို ဝိုင်းပတ်ထားသည်။

ဤအရာက ပင်လယ်ကြမ်းပြင် အောက်ခြေ ဖြစ်သော်လည်း ရှေးဟောင်းအပျက်အစီး မြေအောက်မြို့တော် တစ်ခုဖြစ်ပြီး အလုံးစုံ ပြီးပြည့်စုံ၏။ ကောင်းကင်ပေါ်သို့ ရောက်နေသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေ၏။ နေရာအနှံ့အပြား အပျက်အစီးများ ဖြစ်နေသည်က နှမြောစရာပင်။

အချိန်ကာလ၏ တိုက်စားမှုများကြောင့် မဟုတ်ဘဲ စေတီတောင်၏ အကြမ်းပတမ်း ထုတ်ယူသုံးစွဲမှုကြောင့် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းအပျက်အစီး၏ လျှို့ဝှက်လက်နက်တိုက်၊ လျှို့ဝှက်ဓာတ်ခွဲခန်းနှင့် လျှို့ဝှက်စခန်း အားလုံးတို့က အဓိက ကာကွယ်ထားသည့် အဆောက်အဦးများ ဖြစ်နေသောကြောင့်ပင်။ ထိုအရာအားလုံးကို ရှေးဟောင်းစွမ်းအင်ဗဟိုချက်က အပြည့်အဝ ကာကွယ်ပေးထားပြီး ဖောက်ထွင်း၍ မရနိုင်ပေ။

စေတီတောင်က စွမ်းအင်ဗဟိုချက်ကို ဖောက်ခွဲပစ်ပြီး ရှေးဟောင်းလက်နက်နှင့် ကိရိယာ တော်တော်များများ ကို ရယူခဲ့၏။ ဤသို့ အကြမ်းပတမ်း ထုတ်ယူသုံးစွဲခြင်းကြောင့် ပင်လယ်ကြမ်းပြင်၌ ငလျင်များ တစ်ခုပြီးတစ်ခု လှုပ်ခတ်ခဲ့သည်။ ဆူနာမီလှိုင်းလုံးကြီးများတောင် ဖြစ်ပေါ်ခဲ့၏။

မူလက ရှေးဟောင်းအပျက်အစီးက ပိုပြီး ပြီးပြည့်စုံကာ ကြီးမား၏။ သို့သော်ငြား သုံးပုံတစ်ပုံကျော်ခန့်က ပြိုကျသွား၏။ သို့မဟုတ် ပင်လယ်ရေ လွှမ်းမိုးခြင်းကို ခံရ၏။ အားလုံးက အကြမ်းပတမ်း ထုတ်ယူ သုံးစွဲမှုကြောင့် ပျက်စီးကုန်ခြင်းပင် ဖြစ်သည်။

စေတီတောင်က ကြီးပွားချမ်းသာပြီး ချက်ချင်းဆိုသလို စွမ်းအားကြီးမားလာ၏။ ထို့ကြောင့် သူတို့က တော်ဝင်ရန် အင်ပါယာရဲ့ အမြင့်မြတ်ဆုံး ဧကရာဇ်ကိုပင် စိန်ခေါ်ရန် ရည်မှန်းချက် ရှိလာခြင်း ဖြစ်၏။ သို့သော်လည်း ၃ နှစ်ကြာ အကြမ်းပတမ်း ထုတ်ယူသုံးစွဲပြီးနောက် မရေတွက်နိုင်သည့် ရှေးဟောင်း စာအုပ်များ နှင့် အဖိုးတန် အရင်းအမြစ်များက စွမ်းအင်ဗဟိုချက် ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့၏။ ပစ္စည်းပေါင်းများစွာတို့ကလည်း ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်၏။ ကျန်းလီသာ ရှေးဟောင်းအပျက်အစီးကို ထုတ်ယူသုံးစွဲသူ ဖြစ်ခဲ့လျှင် နှစ် ၅၀ အချိန်ယူခဲ့သည် ဆိုလျှင်တောင် ဤမျှ မြန်မြန် တိုးတက်လာမှာ မဟုတ်ချေ။

ဤအရာက ခေတ်သစ်လောကမြေတွင် ရှေးဟောင်းဂူသင်္ချိုင်း တစ်ခုကို တွေ့ရှိသည်နှင့် အတူတူပင်။ ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ရန် နိုင်ငံတော်၏ တူးဖော်မှု အရှိန်အဝါက အရမ်းကို နှေးကွေးပြီး အရာအားလုံးကို ဂရုတစိုက် လုပ်ဆောင်တတ်၏။

ဂူသင်္ချိုင်း ဖောက်ထွင်းသူများကျတော့ ကြီးပွား ချမ်းသာချင်ကြ၏။ သူတို့က ပစ္စည်းကို ဖျက်ဆီးဖို့ ယမ်းဘီလူးများ သုံး၏။ ဘာပဲပြောပြော သူတို့က ပိုက်ဆံလိုချင်သောကြောင့် ပြုလုပ်ခြင်း ဖြစ်ပြီး အဓိကအားဖြင့် အထဲတွင် ရှိသော ရတနာများကို လိုချင်ကြခြင်းပင်။

.................

ဤရှေးဟောင်းအပျက်အစီးက တကယ့်ကို ကြီးမား၏။ ရန်ယင်ယင်နှင့် ကျန်လူအားလုံးတို့က အနောက်ဘက်သို့ နာရီပေါင်းများစွာ ပျံသန်းလာ၏။ နောက်ဆုံးမှာတော့ သူတို့က ရှေးဟောင်း အပျက်အစီး၏ အစွန်းသို့ ရောက်ရှိလာ၏။ အနောက်ဘက်သို့ ရောက်လေလေ ရှေးဟောင်းအပျက်အစီးက ပို၍ ပြည့်စုံလေလေပင်။

စေတီတောင်က ပြည့်ဝနေပြီဖြစ်၍ အကြမ်းပတမ်း ထုတ်ယူသုံးစွဲမှုကို ဆက်လက် မလုပ်ဆောင်တော့ပေ။ ထိုအစား သူတို့က ရေရှည်တည်တံ့နိုင်မည့် နည်းလမ်းမျိုးကို ကျင့်သုံး၏။ ဤနေရာ၌ ပြီးပြည့်စုံသည့် လျှို့ဝှက်ဓာတ်ခွဲခန်းများ၊ ဂိုထောင်များ၊ စခန်းများ ရှိ၏။

“မဖွင့်ရသေးတဲ့ လျှို့ဝှက်ဓာတ်ခွဲခန်း၊ စခန်း၊ ဂိုထောင်...အဲဒါတွေ ဘယ်လောက်ကျန်သေးလဲ။” ရန်ယင်ယင်က လှမ်းကာ မေးသည်။

“၃၉၇ ခု ပါ။” ဥပဒေခန်းမ၏ အကြီးအကဲဝူက ပြန်ဖြေ၏။

ဤအချိန်မှာတော့ ရှေးဟောင်းအပျက်အစီးများ၏ မြေပြင်ပေါ်တွင် စေတီတောင်၏ တပ်သားများနှင့် ပြည့်ကျပ်နေ၏။ သူတို့က ဤနေရာ၌ စည်းကမ်းထိန်းသိမ်းရုံသာမက သွေးမျိုးဆက် ပြုပြင် ပြောင်းလဲခြင်း၊ လက်နက်များ ပြုပြင်လေ့ကျင့်ခြင်း စသည့်အရာများကို ပြုလုပ်၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ အသက်ဝင်နေသော ရှေးဟောင်းစွမ်းအင်ဗဟိုချက် အများအပြား ရှိနေသောကြောင့်ပင်။

အကောင်းဆုံး ပတ်ဝန်းကျင် နေရာတစ်ခုလည်း ဖြစ်၏။ စေတီတောင်၏ အရောင်က အစိမ်းရောင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကူပိုးကောင် အများစု၏ အရောင်လည်း ဖြစ်နေသောကြောင့်ပင်။ သို့သော်ငြား အခုသူတို့ အရောင်များက အနည်းငယ် ပြောင်းလဲသွား၏။ အစိမ်းရင့်ရောင်၊ အစိမ်းပုပ်ရောင်နှင့် အဝါရောင်သန်းသော အရောင်များ ဖြစ်လာသည်။

ထိုအရာက ငရဲဘုံ၏ အရောင်မျိုး ဖြစ်ပြီး လောကပျက်ကပ်၏ ကောင်းကင်အရောင်နှင့်လည်း ဆင်တူသည်။ ထို့ကြောင့် စေတီတောင်၏ လျှို့ဝှက်တပ်တော်ကို ငရဲတပ်တော်ဟုလည်း ခေါ်ဆိုကြ၏။ အဘယ်ကြောင့် ဆိုသော် သူတို့၏ သံချပ်ကာများက ငရဲဘုံ အစိမ်းရောင် ဖြစ်သောကြောင့်ပင်။

ဤအချိန်တွင် မရေတွက်နိုင်သည့် ငရဲတပ်သားများ ရှိ၏။ စေတီတောင်က မည်သို့ပင် ဆိုစေကာမူ သဘာဝလွန် အင်အားစုတစ်ခု ဖြစ်၏။ သူတို့က စွမ်းအား ကြီးမားသော်လည်း ရှေးဟောင်း လျှို့ဝှက်တပ်တော် တစ်ခု ဖန်တီးရန် လူအများအပြား လိုအပ်သေး၏။ သို့သော်လည်း သူတို့တွင် လူဦးရေ အများအပြား မရှိသောကြောင့် ရင်ကွမ်းကို လိုအပ်ခြင်း ဖြစ်၏။

ရင်ကွမ်းက စေတီတောင်၏ လက်နက်နှင့် နည်းပညာများကို လိုအပ်၏။ စေတီတောင်က ချန်နိုင်ငံမှ လူအများအပြား ထောက်ပံ့ပေးရန်ကို လိုအပ်၏။ ဤ နှစ် ၂၀ အတွင်း ချန်နိုင်ငံက စေတီတောင်ကို လူပေါင်း မရေတွက်နိုင်အောင် ထောက်ပံ့ပေးခဲ့၏။ ချန်နိုင်ငံက လူတွေတင်မကချေ။ တခြားနိုင်ငံမှ လူများကိုလည်း သူတို့က လုယူခဲ့ကြ၏။ ထို့ကြောင့် စေတီတောင်နှင့် ရင်ကွမ်းတို့၏ အကျိုးစီးပွားများက ခွဲခြား၍ မရနိုင်အောင် ဆက်စပ်နေခြင်းပင်။

“ဆိုလိုတာက... နှစ်ဝက်လောက် ကြာပြီးတာတောင် ရှင်တို့ လျှို့ဝှက်ဓာတ်ခွဲခန်း ၂ ခုပဲ ဖွင့်နိုင်သေးတယ်ပေါ့။”

ရန်ယင်ယင်က လှောင်ပြောင်လိုက်၏။ “ကျွန်မတို့ ပညာရှင် ဘယ်လောက် ရင်းနှီး မြှုပ်နှံထားတာလဲ။ အထူးစစ်သည်တော် ဘယ်လောက်ရှိလဲ။”

“အမျိုးအစားပေါင်းစုံရဲ့ ပညာရှင် ၇၀၀၀ ပါ။” ဥပဒေခန်းမမှ အကြီးအကဲဝူက ဖြေသည်။

ရန်ယင်ယင်က လှောင်ပြောင်လိုက်၏။ “လူ ၇၀၀၀ သုံးပြီး နှစ်ဝက်အတွင်းမှာ ဓာတ်ခွဲခန်း အသေးစားလေး ၂ ခုပဲ ဖွင့်နိုင်တယ် ဟုတ်လား။ ၃၉၇ ခု တောင် ကျန်သေးတယ်။ အားလုံးဖွင့်ပြီးဖို့ ဘယ်လောက် ကြာမလဲ။ နှစ်ပေါင်း ၅၀၀ လား။ နှစ်ပေါင်း ၁၀၀၀ လား။ တကယ့် အမှိုက်တွေပဲ။”

အကြီးအကဲဝူက ခေါင်းငုံ့နေမိသည်။

“ကျွန်မတို့မှာ အချိန်အများကြီး ရှိတယ်လို့ ရှင်ထင်နေတာလား။ ရင်ဝူမင်က စေတီတောင်ကို ကိုယ်စားပြုပြီး သဘာဝလွန် အစည်းအဝေးကို တက်ရောက်နေပြီ။ ကျွန်မတို့ တော်ဝင်ရန်အင်ပါယာနဲ့ လုံးဝ အဆက်အသွယ် ပြတ်တောက်သွားပြီ။ အချိန်မကျန်တော့ဘူး။”

ရန်ယင်ယင်က အေးစက်စက်နှင့် ဆူပူကြိမ်းမောင်းနေ၏။ “ကျွန်မတို့ ဖယ်ရှားရေး စနစ်တွေကို ကျင့်သုံးရမယ်။ ပညာရှင် ၇၀၀၀ ကို အဖွဲ့ ၇၀ ဖွဲ့မယ်။ အဖွဲ့တိုင်း ယှဉ်ပြိုင်ရမယ်။ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး အဖွဲ့ကို ဆုချမယ်။ အနှေးဆုံးအဖွဲ့ သုံးဖွဲ့က အကြိမ်တိုင်း လူ ၁၀ ယောက်စီ အသတ်ခံရမယ်။ တစ်လကို တစ်ကြိမ် ယှဉ်ပြိုင်မယ်။ ဆိုလိုတာက တစ်လကို လူ ၃၀ အသတ်ခံရမယ်။ အသက်ရှင်ချင်ရင် အသက်နဲ့ရင်းပြီး ကြိုးစားရမယ်။”

ထိုစကားကို ကြားချိန်မှာတော့ ဘေးပတ်ဝန်းကျင်မှ လူများက တုန်လှုပ်သွား၏။ ထိုအရာက တကယ့် မင်းသမီး၏ ပုံစံမျိုး ဖြစ်၏။ အေးစက်ပြီး ရက်စက်လွန်းသည်။

ပြီးနောက် ရန်ယင်ယင်က အဓိကအကြောင်းအရာ တည်နေရာထဲသို့ မဝင်သေးချေ။ သူမက ရှေးဟောင်းအပျက်အစီး တူးဖော်ရေး လုပ်ငန်းများကို စစ်ဆေးနေသော အေးစက်သည့် သခင်မလေးအဖြစ် သရုပ်ဆောင်ထား၏။

ထို့အပြင် သူမက အတင်းကျပ်ဆုံးသော ခေါင်းဆောင်တစ်ဦးလည်း ဖြစ်၏။ ရက်စက်ရုံသာမက စူးရှသည့် မျက်လုံးများလည်း ရှိ၏။ သူမက ပညာရှင်တစ်ဦး၏ နောက်သို့ တည့်တည့် လျှောက်သွား၏။ ပညာရှင်၏ ခန္ဓာကိုယ်က တုန်ခါလျက် ရှိနေပြီး သူ၏ အလုပ်ကို ပို၍ အာရုံစိုက်နေသည်။

“ရှင် ဘာလုပ်နေတာလဲ။” ရန်ယင်ယင်က မေးလိုက်၏။

“ကျုပ်... ကျုပ်... ကျုပ် တွက်ချက်နေတာပါ။”

ပညာရှင်က ပြန်ဖြေသည်။ “ဒါက အရမ်းကို အရေးကြီးတဲ့ တွက်ချက်မှုတစ်ခုပါပဲ။ ကျုပ်တို့က အစီအစဉ်တကျ ပေါင်းစပ်မှု တချို့ကို ဆင့်ကဲပြောင်းလဲ ပြုလုပ်နေတာပါ။ မှားယွင်းတဲ့အဖြေ သန်းပေါင်းများစွာကို ဖယ်ရှားပြီးတော့မှ မှန်ကန်တဲ့အဖြေကို ရှာတွေ့မှာပါ။”

“ရှင် တကယ် တွက်ချက်နေတာလား။” ရန်ယင်ယင်က မေးလိုက်၏။

ထိုပညာရှင်က စိတ်အေးသွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏ စက္ကူပေါ်တွင် သင်္ချာဖော်မြူလာများနှင့် ပြည့်နှက်နေသောကြောင့်ပင်။ တကယ့်ကို ရှုပ်ထွေးပြီး နက်နဲပုံရသောကြောင့် လူများစွာ နားမလည်နိုင်ကြပေ။ ရန်ယင်ယင် ကဲ့သို့ ပြင်ပလူတစ်ဦး ဆိုလျှင် ပိုဆိုးပေမည်။

“ဟုတ်ပါတယ် အရှင်မင်းသမီး.. ကျုပ်တို့ နေ့မနား ညမနား တွက်ချက်နေတာပါ။ ဒီအလုပ်က ကျုပ်တို့ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးပါတယ်။ အကြမ်းဖက် ထုတ်ယူသုံးစွဲမှုကို ရပ်တန့်လိုက်ပါပြီ။ ကျုပ်တို့က အသိပညာ စွမ်းအင်တွေကို အသုံးပြုပြီး ဒီ ရှေးဟောင်း လျှို့ဝှက်ဓာတ်ခွဲခန်းကို ဖွင့်ဖို့ ကြိုးစားနေတာပါ။”

ပညာရှင်၏ လေသံတွင် ဂုဏ်ယူဝင့်ကြွားမှုများနှင့် ပြည့်နှက်နေ၏။ သူ၏ အမြင်တွင် ရန်ယင်ယင် ကဲ့သို့ အထက်လူကြီးတစ်ဦးကို လှည့်စားရန် တကယ့်ကို လွယ်ကူ၏။ ဤသို့ ပြည့်ကျပ်ညပ်စွာ ရှိနေသည့် သင်္ချာနည်းပညာများကို တစ်ဖက်လူ နားလည်လိမ့်မည် မဟုတ်ချေ။

ရန်ယင်ယင်က စက္ကူကို ယူ၏။ ပြီးနောက် အေးစက်စက်နှင့် ကြည့်သည်။ “ဒီမှာ မှားတယ်။ ဒီမှာ မှားတယ်။ ဒီနေရာမှာလည်း မှားတယ်။”

သူမက စုတ်တံကို ယူ၍ တစ်ဖက်လူ တွက်ချက်ထားသည့် စက္ကူပေါ်တွင် အမှားသုံးခုကို ဝိုင်းပြ၏။

“တကယ့်ကို အဆိုးဝါးဆုံး ပြစ်မှုတွေနဲ့ ပြည့်နှက်နေတာပဲ။ ပြီးတော့ ဒီအမှားက အရမ်းကို ရယ်စရာ ကောင်းတယ်။ ရှင်က လုံးဝ လူနဲ့ စိတ် ကပ်မနေဘူး။ အရမ်း အာရုံစိုက်နေပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတာပဲ။ ဒါ ကျွန်မကို လိမ်ညာနေတာပဲ။ ရှင်တို့ တိုးတက်မှုတွေ အရမ်းနှေးတာ အံ့ဩသင့်စရာ မဟုတ်တော့ဘူး။ အလုပ်ကို ဒီလိုလုပ်နေကြတာကိုး။” ရန်ယင်ယင်၏ အသံက အေးစက်လာသည်။

ပညာရှင်က ရန်ယင်ယင်ကို မယုံကြည်နိုင်စွာ ကြည့်၏။ သူမက ဤကဲ့သို့ ရှုပ်ထွေးသည့် သင်္ချာကို တကယ် နားလည်နေသည်လား။ ထို့အပြင် အမှားများကို အလွယ်တကူ ရှာတွေ့ခဲ့၏။

“အခုပြော။ အလုပ်ကို ရှင် တကယ် လေးလေးနက်နက် လုပ်နေတာရော ဟုတ်ရဲ့လား။” ရန်ယင်ယင်က အေးစက်စက်နှင့် မေးသည်။

ပညာရှင်က မတ်တပ်ထရပ်၏။ ပြီးနောက် အနည်းငယ် တုန်ယင်နေသည့်အသံဖြင့် ပြော၏။ “အရှင်မင်းသမီး... ကျုပ်... ကျုပ်တို့ အရမ်း... အရမ်း ပင်ပန်း... ပင်ပန်း...။”

သူ့စကား မဆုံးခင်မှာပင် ရန်ယင်ယင်က တစ်ဖက်လူကို စားပွဲပေါ်သို့ တိုက်ရိုက်ပစ်ချ၏။ ပြီးနောက် တစ်ဖက်လူ၏ ခေါင်းကို ဆွဲဖြဲလိုက်၏။ ခေါင်းတစ်လုံးလုံးက ပေါက်ကွဲထွက်သွား၏။ ရုတ်တရက် ပညာရှင်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါလျက် ရှိနေသည်။

သို့နှင့် ရန်ယင်ယင်က တခြားပညာရှင်များ၏ အလုပ်တိုးတက်မှုကို လျင်လျင်မြန်မြန် စစ်ဆေး၏။ “ဒီလူကို သတ်လိုက်။”

ရန်ယင်ယင်၏ အမိန့်အတိုင်းပဲ အမျိုးသမီး စစ်သည်တော်က ရုတ်တရက် ဓားဖြင့် ခုတ်ပိုင်း၏။ ပညာရှင်၏ ခေါင်းက ပြတ်တောက်သွားသည်။

“ဒီလူကို သတ်။ သူ့ကိုလည်း သတ်။ ဒါက အလုပ်လုပ်နေတာ မဟုတ်ဘူး။ ရာဇဝင်မှု ကျူးလွန်နေတာပဲ။ ဒီလူ... ဒီလူ... ဒီလူ... ပြီးတော့ ဟိုလူ။”

ရန်ယင်ယင်က သူမ၏ လက်ညိုးဖြင့် အဆက်မပြတ် ညွှန်ပြနေ၏။ မျက်စိတစ်မှိတ်အတွင်း ပညာရှင် ဒါဇင်ပေါင်းများစွာတို့က ရွေးထုတ်ခြင်း ခံရ၏။

“ရင်ပြင်ကို သွား။ အားလုံးကို အဲဒီမှာ စုထားလိုက်။”

ပညာရှင် ဒါဇင်ပေါင်းများစွာတို့က ရင်ပြင်သို့ ခေါ်ဆောင်ခြင်းကို ခံရ၏။ သောင်းနှင့်ချီသည့် လူများက လာရောက်ကြည့်ရှုပြီး ရန်ယင်ယင်၏ ညွှန်ကြားချက်များကို နားထောင်လျက် ရှိကြသည်။

“အားလုံးကို ခေါင်းဖြတ်သတ်လိုက်တော့။”

ရန်ယင်ယင်၏ အမိန့်အတိုင်းပင် ရောက်ရှိလာသည့် ပညာရှင် ဒါဇင်ပေါင်းများစွာတို့က ခေါင်းဖြတ် အသတ်ခံရ၏။ မိမိ၏ အာဏာ တည်မြဲစေရန် အရင်ဆုံး သတ်ပြလိုက်ခြင်းပင်။

ပြီးနောက် ရန်ယင်ယင်က ငရဲတပ်တော်မှ စစ်သည် သောင်းပေါင်းများစွာ၊ အထူးစစ်သည်တော် ထောင်ပေါင်း များစွာ၊ အကြီးအကဲ ၅ ဦးနှင့် ခန်းဆောင်သခင် ၃ ဦးအပါအဝင် လူအုပ်ကြီးကို ဝေ့ဝဲကာကြည့်၏။

“ရှင်တို့မှာ အချိန်အများကြီး ရှိတယ်လို့ ထင်နေတာလား။ မရှိဘူး၊ လုံးဝမရှိတော့ဘူး။ ကျွန်မတို့ တော်ဝင်ရန် အင်ပါယာနဲ့ ဟန်ဆောင်မှုတွေ အားလုံးကို ဖယ်ရှားလိုက်ပြီ။ တော်ဝင်ရန်အင်ပါယာက လူဘယ်နှစ်ယောက်နဲ့ ကျွန်မတို့ကို ရင်ဆိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ။

လောကစစ်ကြီးက မနက်ဖြန် ဖြစ်လာနိုင်တယ်၊ ဒါမှမဟုတ် သဘက်ခါလည်း ဖြစ်လာနိုင်တယ်။ ကျွန်မတို့မှာ အချိန်မရှိဘူး။ ရှင်တို့အလုပ်ကို အာရုံစိုက်ရမယ်။ ရှင်တို့ရဲ့ ဉာဏ်ပညာ၊ ခွန်အား၊ စိတ်ဓာတ် အားလုံးကို ဒီနေရာမှာ ပုံအပ်ထားရမယ်။ အရေးကြီးဆုံးက ရှင်တို့ရဲ့ စိတ်အားထက်သန်မှု အားလုံးကို မြှုပ်နှံထားဖို့ပဲ။ ဒီရှေးဟောင်း အပျက်အစီးက စစ်မြေပြင်တစ်ခုလည်း ဖြစ်တယ်။ လူဦးရေဖြည့်ရုံသက်သက်နဲ့ အလုပ် လာလုပ်နေလို့ မရဘူး။ စိတ်ပါလက်ပါမရှိဘဲ အလုပ်လုပ်လို့ မရဘူး။ အသက်နဲ့ရင်းပြီးလုပ်၊ မဟုတ်ရင် အသေပဲ။”

ရန်ယင်ယင်၏ နည်းလမ်းများက ပြောင်မြောက်ကြောင်း ဝန်ခံရမည်။ သူမကသာ ရှမ့်လန်ကို ရှေးဟောင်း အပျက်အစီးဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး စွမ်းအင်ဝဲကတော့ထဲသို့ အတင်းဝင်ရောက်ရန် ကြိုးစားလျှင် သေချာပေါက် တားဆီးခြင်း ခံရပေမည်။

အဘယ်ကြောင့်ဆိုသော် သူမတွင် ထိုသို့လုပ်ရန် လုပ်ပိုင်ခွင့်အာဏာ မရှိသောကြောင့်ပင်။

ရှေးဟောင်းအပျက်အစီးတစ်ခုလုံးတွင် အမြင့်ဆုံးသော လုပ်ပိုင်ခွင့်အာဏာက ဂိုဏ်းချုပ်ရန်၏ လက်ထဲတွင်သာ ရှိ၏။ သူ မရှိလျှင် လုပ်ပိုင်ခွင့်အာဏာကို ရှေးဟောင်းအပျက်အစီးထဲရှိ အကြီးအကဲ ၅ ဦးကသာ ဆုံးဖြတ်ရပေမည်။

ရန်ယင်ယင်က မင်းသမီးနှင့် စေတီတောင်၏ သခင်မလေး တစ်ယောက်ဖြစ်သော်လည်း ရှေးဟောင်း အပျက်အစီး တူးဖော်ခြင်းနှင့် ပတ်သက်လျှင် အမိန့်ပေးနိုင်စွမ်းရှိသည့် လုပ်ပိုင်ခွင့်အာဏာမျိုး မရှိချေ။ ထို့ကြောင့် သူမက သူမ၏အာဏာကို တည်ဆောက်ရုံသာမက သူမ၏ လုပ်ပိုင်ခွင့်ကိုလည်း တည်ဆောက် နေခြင်းဖြစ်သည်။

သူမက စကားတစ်ခွန်းမှ မပြောသော်လည်း သူမ၏ လုပ်ရပ်များက သူမက စေတီတောင်ဂိုဏ်းချုပ်၏ ကိုယ်စား ဤနေရာသို့ ရောက်ရှိလာသည်ဖြစ်ကြောင်း လူတိုင်းကို ယုံကြည်သွားစေ၏။ သူမက ဂိုဏ်းချုပ်၏ သံတမန်တစ်ပါးကဲ့သို့ပင်။

ဤအချိန်မှာတော့ မင်းသမီး ရန်ယင်ယင်က အမိန့်အရ ရောက်ရှိလာသည်ဖြစ်ကြောင်း စေတီတောင်၏ အကြီးအကဲများတောင် အခိုင်အမာယုံကြည်သွားကြ၏။ ဂိုဏ်းချုပ်ရန်က လူဆိုး မဖြစ်လိုသဖြင့် သူ့သမီးကို လွှတ်ပြီး တူးဖော်ရေး၏ တိုးတက်မှုကို ကြီးကြပ်ခိုင်းသည်။ အရင်ဆုံး သူမက လူများကိုသတ်၍ အာဏာ တည်ဆောက်၏။ ပြီးနောက် လူထု၏ လုပ်ပိုင်ခွင့်အာဏာကို သိမ်းယူ၏။

All Chapters