ချောက်နက်နဂါးသွေး...
Vol. 71 Ch. 996
တဖုရှေးဟောင်းနိုင်ငံမှ ဖုယင် မြို့တော်သို့ ဝင်ရောက်လာသည့် အချိန်တွင် နန်းတော်၏ အနက်ရှိုင်းဆုံးျေရာမှ လီယန်ဧကရာဇ်က ၎င်းကို ချက်ချင်း သိရှိသွားသည်။
လီယန်မြို့တော်က လီယန်ဘိုးဘေးကိုယ်တိုင်ဖန်တီးထားသော လက်နက်တစ်ခုဖြစ်ပြီး မြို့ထဲသို့ ဝင်လာသူများကို စောင့်ကြည့်နိုင်သည်။
" ဖုယင်ပါလား။ ကိုယ်ပွားတစ်ခုပဲဆိုတော့ ခြိမ်းခြောက်မှုမရှိဘူး။ နဂါးငွေ့တန်းဆီ သွားနေတာထင်တယ်။ " ဧကရာဇ်က တစ်ချက်ကြည့်ပြီး ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ပေ။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာနှစ်ရာအတွင်း ရှေးဟောင်းနိုင်ငံငါးခုမှ အင်အားကြီးသူများက နဂါးငွေ့တန်းဆီသို့ လာရောက်၍ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ကုန်သွယ်ရန် ကြိုးစားခြင်းများ ပြုလုပ်ခဲ့ကြသည်။ အကြောင်းအရာမှာ သူတို့၏ နိုင်ငံမှ အမွေအနှစ် လက်နက်များကို ပြန်လည်ရွေးယူရန်ဖြစ်သည်။
" ကျွတ် ကျွတ် ... ဒီအသန်မာဆုံးနတ်ဘုရားအရှင်သခင်တွေကတော့..." ဧကရာဇ်က ပြုံးလိုက်သည်။
ယခင် ရှေးဟောင်းနိုင်ငံသုံးခုမှ နတ်ဘုရားအရှင်သခင်များက မည်မျှမာနကြီးခဲ့ကြသနည်း။ သူ့လို ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်ရလျှင်တောင် သူတို့က လေးစားမှုသိပ်မရှိခဲ့ပေ။ သို့သော် ယခုတော့ သူတို့နှင့်မတူတော့ပေ။
လင်းယွမ်က မျက်လုံးများဖွင့်ပြီး နန်းတော်အပြင်ဘက်သို့ ကြည့်လိုက်ရာ ကျောက်စိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် ပြုံး၍ ရပ်နေသည်ကို တွေ့လိုက်ရသည်။
" ဖုယင်လား။ " လင်းယွမ်က အတွေးတစ်ချက်နှင့်အတူ သူမကို ဝင်ခွင့်ပြုလိုက်သည်။
သူမက တဖုရှေးဟောင်းနိုင်ငံ၏ အသန်မာဆုံး နတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်သောကြောင့် လင်းယွမ်က သူမကို လျစ်လျူရှုထားမည်မဟုတ်ပေ။ အရေးကြီးဆုံးအချက်မှာ ဖုယင်က သူ့အတွက် ရတနာများ ယူဆောင်လာသူဖြစ်သည်။
" နဂါးငွေ့တန်းအကြောင်း ကြားဖူးနေတာကြာပါပြီ။ " ဖုယင်က ပြုံး၍ လင်းယွမ်ကို ကြည့်လိုက်သည်။ သူမရှေ့မှ နဂါးငွေ့တန်းက ကိုယ်ပွားတစ်ခုသာဖြစ်သော်လည်း သူမက ကိုယ်ပွားမှတစ်ဆင့် နက်ရှိုင်းသော အချက်အလက်များကို ခန့်မှန်းသိရှိနိုင်သည်။
" ဒီနဂါးငွေ့တန်းဖန်တီးထားတဲ့ ကိုယ်ပွားတစ်ခုကတောင် ငါ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိတယ်။ " ဖုယင်က စိတ်ထဲမှ တုန်လှုပ်သွားသည်။
" ဖုယင် ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။ လင်းယွမ်က ဖုယင်နှင့် မျက်နှာချင်းဆိုင်ထိုင်ပြီး မေးလိုက်သည်။
" နဂါးငွေ့တန်းက ရတနာနယ်မြေမှာ အံ့ဩစရာကောင်းအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ။ ဖုရှုတောင် ကျဆုံးခဲ့ရတယ်။ " ဖုယင်က သက်ပြင်းချလိုက်သည်။ " ဒါကြောင့် ငါတို့ တဖုရှေးဟောင်းနိုင်ငံရဲ့ အမွေအနှစ်လက်နက်အချို့က နင့်ရဲ့ လက်ထဲရောက်သွားပြီလို့ ငါထင်တယ်။ "
" အချို့တော့ရှိတယ်။ မင်းတို့ တဖုရှေးဟောင်းနိုင်ငံတင်မဟုတ်ဘူး။ " လင်းယွမ်က ဖုယင်ကို ကြည့်ပြီး ပြောလိုက်သည်။
" အင်း " ဖုယက်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ယခုတစ်ကြိမ်တွင် သူမအနေဖြင့် များစွာ ပေးဆပ်ရတော့မည်ကို သိရှိသွားသည်။
လင်းယွမ်က အခြားနိုင်ငံများကို ရည်ညွှန်းလိုက်ခြင်းမှာ အခြားနိုင်ငံမှ အင်အားကြီးသူများ လာရောက်ကြပြီးဖြစ်ကြောင်းပြသနေသည်။ ထို့ကြောင့် ထိုနိုင်ငံများကို မကျော်လွန်ဘဲ အမွေအနှစ်လက်နက်များကို ရယူရန် မလွယ်ကူပေ။
" ဒါဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့။ " ဖုယင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ငါတို့ တဖုရှေးဟောင်းနိုင်ငံက အမွေအနှစ်လက်နက်တွေကို အပြင်ကို ပျံ့နှံ့ခွင့်မပြုနိုင်ဘူး။ အဲ့ဒီလက်နက်တွေ ပြန်ပေးဖို့ ဘာတောင်းချင်လဲပြောပါ။ "
" အဲ့ဒီလက်နက်တွေနဲ့ လဲလှယ်ဖို့လား။ " လင်းယွမ်က ခဏစဉ်းစားလိုက်သည်။
" အဲ့ဒီလက်နက်တွေက နင့်အတွက် အသုံးမဝင်ဘူး။ ပြီးတော့ ငါတို့ တဖုရှေးဟောင်းနိုင်ငံက အင်အားကြီးသူတွေကလွဲရင် ဘယ်သူမှအသုံးမပြုနိုင်ဘူး။ " ဖုယင်က ပြောလိုက်သည်။
" ငါ အသုံးမပြုနိုင်တာတော့အမှန်ပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ဒါပေမယ့် ငါ သိမ်းထားလို့ရတယ်။ တဖုရှေးဟောင်းနိုင်ငံရဲ့ အမွေအနှစ်လက်နက်တွေက အပြင်မှာ အများကြီးမှမရှိတာ။ "
ဖုယင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ၎င်းက သူမ စိုးရိမ်သောအရာဖြစ်သည်။
" နဂါးငွေ့တန်းရဲ့ တောင်းဆိုမှုကို ပြောပေးပါ။ " ဖုယင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
" ငါ ချောက်နက်နဂါးသွေး ပေါင်တစ်ရာလိုချင်တယ်။ " လင်းယွမ်က သူမကို ပြုံး၍ ကြည့်ပြီး ပြောလိုက်သည်။
" ချောက်နက်နဂါးချိုင့်ဝှမ်းကထွက်တဲ့ ချောက်နက်နဂါးသွေးလား။ " ဖုယင်က ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွာသည်။
" မှန်တယ်။ ငါ ပေါင်တစ်ရာလိုချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
ချောက်နက်နဂါးချိုင့်ဝှမ်းက တဖုရှေးဟောင်းနိုင်ငံက ထိန်းချုပ်ထားသော အဆင့်တစ် ရတနာနယ်မြေဖြစ်ပြီး ထိုနေရာရှိ သက်ရှိများက ချောက်နက်နဂါးသွေးများကို သဘာဝအတိုင်း ပိုင်ဆိုင်ကြသည်။
ချောက်နက်နဂါးသွေး၏ သက်ရောက်မှုက အလွန်ကြီးမားပြီး ကဏ္ဍအားလုံးတွင် အသုံးဝင်သည်။ ၎င်းက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ရိင အားဖြည့်ပေးနိုင်သောကြောင့် ရှေးဟောင်းနိုင်ငံခြောက်ခုလုံးအတွက် စစ်မှန်သော ရတနာပင်ဖြစ်သည်။
သို့သော် ထိုသွေးပါရှိသော သက်ရှိများက ချောက်နက်နဂါးချိုင့်ဝှမ်းတွင်သာ ရှင်သန်နိုင်ကြပြီး အပြင်သို့ ရောက်သည်နှင့် ထိုသွေးများမှာ ပျောက်ကွယ်သွားတတ်သည်။ ထို့ကြောင့် ချောက်နက်နဂါးသွေးက အလွန်ရှားပါးသည်။ ချောက်နက်နဂါးသွေးတစ်စက်ရရှိရန် ချိုင့်ဝှမ်းအတွင်းရှိ သက်ရှိမည်မျှအား အသုံးပြုရသည်ကို မည်သူမှမသိကြပေ။
" ငါတောင် နှစ်ပေါင်းတစ်ဘီလီယံကြာမှ ချောက်နက်နဂါးသွေးတစ်စက်ပဲရတာကို နင်က ပေါင်တစ်ရာတောင် တောင်းတာပေါ့။ " ဖုယင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
" မင်းတို့ တဖုရှေးဟောင်းနိုင်ငံရဲ့ အမွေအနှစ်လက်နက်က ချောက်နက်နဂါးသွေးနဲ့ယှဉ်လို့ရပါ့မလား။ " လင်းယွမ်က ပြောလိုက်သည်။
" နည်းနည်းလောက် လျှော့ပေးလို့မရဘူးလား။ " ဖုယင်က တဖုရှေးဟောင်းနိုင်ငံမှ အခြားသူများနှင့် ဆက်သွယ်ပြီးနောက် မေးမြန်းလိုက်သည်။
" ချောက်နက်နဂါးသွေး ပေါင်တစ်ရာက ငါ့အတွက် အသုံးဝင်တယ်။ လျှော့ပေးလို့မရဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ဖုယင်က တိတ်ဆိတ်သွားသည်။ လင်းယွမ်က သူမကို အလျင်မလိုစေဘဲ အခြားနတ်ဘုရားအရှင်သခင်များနှင့် ဆက်သွယ်နေသည်ကို သိနေသောကြောင့် စောင့်နေလိုက်သည်။
" ချောက်နက်နဂါးသွေး ပေါင်တစ်ရာပေးမယ်။ ဒါပေမယ့် နောက်ထပ် အခြေအနေတစ်ခုတော့ ရှိတယ်။ " ဖုယင်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ပြောပါ။ " လင်းယွမ်က စိတ်ထဲမှ ဝမ်းသာသွားပြီး ပြောလိုက်သည်။
" အမွေအနှစ်လက်နက်အပြင် ငါတို့ တဖုရှေးဟောင်းနိုင်ငံက နတ်ဘုရားအရှင်သခင်တွေဆီက ရတဲ့ အခြားရတနာတွေ၊ လက်နက်တွေနဲ့ ရွှေရောင်မြူခိုးတွေကိုပါ ပြန်ပေးရမယ်။ " ဖုယင်က ပြောလိုက်သည်။
" ရွှေရောင်မြူခိုးတွေကိုပါ ပြန်လိုချင်တာလား။ " လင်းယွမ်က ဖုယင်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
ထိုလက်နက်များအားလုံးပေါင်းလျှင်တောင် ချောက်နက်နဂါးသွေးပေါင်တစ်ရာမတန်ပေ။ ဖုယင်က ၎င်းတို့ကို ပြန်တောင်းနေသည့် အကြောင်းရင်းမှာ ရွှေရောင်မြူခိုးများကြောင့် ဖြစ်ပေလိမ့်မည်။
" ရတယ်။ ကိစ္စမရှိဘူး။ " လင်းယွမ်က တိုက်ရိုက်သဘောတူလိုက်သည်။
ယခုအခါ သူက ရတနာနယ်မြေတစ်ခုလုံးကို ရရှိထားပြီဖြစ်သောကြောင့် ရွှေရောင်မြူခိုးများက ပေါများလှသည်။ ထို့အပြင် သူက ရွှေရောင်မြူခိုးများကို အပြင်သို့ ပျံ့နှံ့စေပြီး ၎င်း၏ အသုံးဝင်မှုကို ရှာဖွေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
" ဒါဆို သဘောတူညီချက်ရသွားပြီပေါ့။ " ဖုယင်က ခေါင်းညိမ့်လိုက်သည်။ " ချောက်နက်နဂါးသွေးစက်ပေါင်တစ်ရာကို ယူပြီး ရတနာနယ်မြေ အပြင်ဘက်မှာ နဂါးငွေ့တန်းကို ငါ စောင့်နေပါမယ်။ "
လင်းယွမ်၏ မူလခန္ဓာကိုယ်က ရတနာနယ်မြေအတွင်း၌ ရှိသောကြောင့် လဲလှယ်မှုပြုလုပ်ရန် ပြိုင်ပွဲပြီးသည်အထိ စောင့်ရမည်ဖြစ်သည်။
ရတနာနယ်မြေအတွင်း လင်းယွမ်က အက်ကြောင်းအတွင်းရှိ ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်ကို ဆက်လက်နားလည်ရန် ကြိုးစားနေသည်။ ထိုမူလရင်းမြစ်ကို မြင်တွေ့ရသည့်အချိန်က နှစ်ပေါင်းတစ်သောင်းသာ ကန့်သတ်ထားသောကြောင့် လင်းယွမ်က ၎င်းကို အထူးတန်ဖိုးထားသည်။
" ရတနာနယ်မြေပြိုင်ပွဲပြီးသွားပြီလား။ " လင်းယွမ်က တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ကိုယ်ပွားတစ်ခု ခွဲထုတ်ကာ ထွက်ခွာသွားသည်။
ရတမာနယ်မြေ၏ ထွက်ပေါက်တွင် လီယန်ရှေးဟောင်းနိုင်ငံ၏ နတ်ဘုရားအရှင်သခင်များက စောင့်ဆိုင်းနေကြသည်။ ရတနာနယ်မြေပြိုင်ပွဲက ပြီးဆုံးသွားပြီး အနိုင်ရရှိသူမှာ လင်းယွမ်ပင်ဖြစ်သည်။
" နဂါးငွေ့တန်း " လင်းယွမ်ကို မြင်သောအခါ နတ်ဘုရားအရှင်သခင်များက ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။
" အင်း အပြင်ထွက်ကြစို့။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ရတနာနယ်မြေအပြင်ဘက်သို့ ထွက်လိုက်သည်။ လီယန်ရှေးဟောင်းနိုင်ငံ၏ နတ်ဘုရားအရှင်သခင် ၁၁ယောက်က သူ့နောက်မှ လိုက်ပါထွက်ခွာသွားကြသည်။
ရတနာနယ်မြေအပြင်ဘက်တွင် နိုင်ငံအသီးသီးမှ နတ်ဘုရားအရှင်သခင်အဖွဲ့တစ်ခုစီက စောင့်ဆိုင်းနေကြသည်။ သူတို့က လင်းယွမ်ထွက်လာသည်ကို မြင်သောအခါ ကတိပေးထားသည့်အတိုင်း ရတနာများကို စတင်လဲလှယ်လိုက်ကြသည်။ ခဏအတွင်း လဲလှယ်မှုပြီးဆုံးသွားပြီး သူတို့အားလုံးကလည်း ဆက်တိုက်ထွက်ခွာသွားသည်။
" နဂါးငွေ့တန်း ဒီရတနာနယ်မြေက အခု မင်းပိုင်ဆိုင်မှုအောက် ရောက်သွားပြီ။ အမည်ခံကတော့ လီယန်နိုင်ငံက ပိုင်တာပေါ့။ " ပုံရိပ်တစ်ခုက ပျံသန်းလာပြီး လင်းယွမ်ကို ပြောလိုက်သည်။
" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက ရတနာနယ်မြေကိစ္စကို ဧကရာဇ်နှင့် ကြိုတင်ဆွေးနွေးထားပြီဖြစ်သည်။
" နဂါးငွေ့တန်း ဒါဆို ငါတို့ သွားလိုက်ဦးမယ်။ " ချီယန်နှင့် အခြားသူများက ပြောလိုက်ကြသည်။ ယခုက ရတနာနယ်မြေကို လင်းယွမ်က စောင့်ကြပ်နေသောကြောင့် သူတို့က မြို့တော်သို့ ပြန်၍ သတင်းပို့ရမည်ဖြစ်သည်။