ရင်းမြစ်ကမ္ဘာ၏ ပထမဆုံးသက်ရှိ...
Vol. 71 Ch. 997
" ကိစ္စရှိရင် မြို့တော်မှာ ငါ့ကို လာရှာနိုင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
မြို့တော်တွင် သူ၏ ကိုယ်ပွားသာရှိပြီး မူလခန္ဓာကိုယ်က ရတနာနယ်မြေကို စောင့်ကြပ်ရမည်ဖြစ်သည်။ အနည်းဆုံးတော့ မူလရင်းမြစ်ကို လေ့လာရန်အတွက် နှစ်ပေါင်းတစ်သောင်းအတွင်း သူထွက်သွားမည်မဟုတ်ပေ။
" ဒီရတနာနယ်မြေပြိုင်ပွဲမှာ ငါ စွမ်းဆောင်မှုရမှတ် ဘယ်လောက်ရမလဲမသိဘူး။ " အားလုံးထွက်သွားပြီးနောက် လင်းယွမ်က တွေးလိုက်သည်။
သူက လီယန်ရှေးဟောင်းနိုင်ငံ၏ ရတနာတိုက်ရှိ အမွေအနှစ်မျညးကို လိုချင်နေပြီး အထူးသဖြင့် ဘိုးဘေးနှင့် ပေါင်းစည်းနိုင်မည့် အခွင့်အရေးဖြစ်သည်။ အလွှာဆယ့်သုံး အချိန်သက်ရှိနှင့် ပေါင်းစည်းပြီး ၎င်း၏ အနှစ်သာရများက်ု လေ့လာခွင့်ရခြင်းက အလွန်အဖိုးတန်လှသည်။
" ဆက်ပြီး လေ့လာရမယ်။ " လင်းယွမ်က ကိုယ်ပွားကို ပျောက်ကွယ်စေပြီး မူရင်းမြစ်ကို လေ့လာရန် အာရုံစိုက်လိုက်သည်။
ထိုရတနာနယ်မြေက ရွှေရောင်မြူခိုးများကို ထွက်ရှိစေသောကြောင့် လင်းယွမ်က ၎င်းကို ရွှေရောင်မြူခိုးရတနာနယ်မြေဟု ခေါ်ဆိုခဲ့သည်။ ရှေးဟောင်းနိုင်ငံခြောက်ခု၏ ရတနာနယ်မြေများကို များသောအားဖြင့် ၎င်းတို့ ထွက်ရှိသော ရတနာများ၏ နာမည်များကို အစွဲပြုပြီး ခေါ်လေ့ရှိသည်။
" နဂါးငွေ့တန်းကို ဂါရဝပြုပါတယ်။ " လီယန်ရှေးဟောင်းနိုင်ငံမှ အင်အားကြီးသူ ဆယ်ယောက်ကျော်က ရတနာနယ်မြေသို့ ဝင်ရောက်လာပြီး လင်းယွမ်ကို ဦးညွှတ်လိုက်ကြသည်။
" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ထိုလူများက ရွှေရောင်မြူခိုးရတနာနယ်မြေအတွင်း အချိန်လေဟာနယ်ရွှေ့ပြောင်းရေး အစီအရင်တစ်ခု တည်ဆောက်ရန် လာကြခြင်းဖြစ်သည်။ ထို့အပြင် ရတနာနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသော ကာကွယ်ရေးအစီအရင်တစ်ခုလည်း ပါဝင်လေသည်။
လင်းယွမ်က ၎င်းကို ကျေနပ်စွာ လက်ခံပေသည်။ အကြောင်းမှာ သူ၏ စွမ်းအားနှင့် ရတနာနယ်မြေအတွင်း အန္တရာယ်မရှိနိုင်သော်လည်း မြို့တော်နှင့် ရွှေ့ပြောင်းရေးအစီအရင်တစ်ခု တည်ဆောက်လိုက်ခြင်းက သူ့အတွက် အလွန်အဆင်ပြေစေသည်။
" နဂါးငွေ့တန်း ရွှေ့ပြောင်းခြင်းအစီအရင်ကို ဘယ်နေရာမှာ တည်ဆောက်ရမလဲ။ " အစီအရင်သခင်တစ်ယောက်က မေးလိုက်သည်။
ရတနာနယ်မြေတစ်ခု ထွက်ပေါ်လာပြီးနောက် ၎င်း၏ အချိန်လေဟာနယ်က ကျုံ့သွားပြီး မည်မျှကျုံ့သွားမည်ကို ရတနာနယ်မြေအရှင်သခင်တစ်ယောက်သာ သိပေသည်။ ထို့ကြောင့် ရွှေ့ပြောင်းခြင်းအစီအရင် တည်ဆောက်မည့်နေရာကို ရတနာနယ်မြေအရှင်သခင်က ဆုံးဖြတ်ပေးရသည်။
"ဒီဧရိယာအတွင်း ဘယ်နေရာမဆိုရတယ်။ " လင်းယွမ်က မြေပုံကို ဖန်တီးလိုက်ပြီး ဧရိယာတစ်ခုကို အကြမ်းဖျင်း သတ်မှတ်ပေးလိုက်သည်။
" နားလည်ပါပြီ။ " အားလုံးက ခေါင်းညိမ့်လိုက်ကြပြီး အစီအရင်ကို စတင်တည်ဆောက်လိုက်ကြသည်။ ရွှေ့ပြောင်းခြင်းအစီအရင်က တည်ဆောက်ရလွယ်ကူသော်လည်း ကာကွယ်ရေးအစီအရင်ကိုမူ သေချာတည်ဆောက်ရန် လိုအပ်သည်။
" အချိန်လေဟာနယ်ရွှေ့ပြောင်းခြင်းအစီအရင်။ " လင်းယွမ်က ခဏစောင့်ကြည့်နေခဲ့ပြီး အစီအရင်သခင်များက အလွယ်ကူဆုံး ရွှေ့ပြောင်းခြင်းအစီအရင်အား အရင်ဆုံးတည်ဆောက်နေကြသည်ကို တွေ့လိုက်ရသည်။
လီယန်ရှေးဟောင်းနိုင်ငံနှင့် အခြားနိုင်ငံများက ရွှေ့ပြောင်းခြင်းအစီအရင်များကို တူညီသော ပုံစံအတိုင်း တည်ဆောက်ကြပြီး လေဟာနယ်သလင်းကျောက်များကို အသုံးပြုကြသည်။ လေဟာနယ်သလင်းကျောက်ကို နှစ်ခုခွဲလိုက်လျှက် မည်မျှဝေးကွာသာ နေရာတွင် ဖြစ်စေ ၎င်းတို့ကြားတွင် ဆက်သွယ်မှုရှိနေဆဲ ဖြစ်သည်။
ရွှေ့ပြောင်းခြင်းအစီအရင်က ထိုဆက်သွယ်မှုကို အခြေခံ၍ အချိန်လေဟာနယ်လမ်းကြောင်းတစ်ခုကို ဖန်တီးပေးပြီး အလွန်ဝေးကွာသော ခရီးများကို ခဏအတွင်း ရောက်နိုင်ခြင်းဖြစ်သည်။ ထိုဆက်သွယ်မှုကို ခိုင်မြဲစေရန်အတွက် ဘိုးဘေးချန်ခဲ့သော နည်းစနစ်များကို အသုံးပြုရသည်။
" ဒီလိုရွှေ့ပြောင်းတဲ့ နည်းလမ်းတွေကို ဖရိုဖရဲဟင်းလင်းပြင်မှာ အထူးသက်ရှိတွေပဲ လုပ်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
ထိုရင်းမြစ်ကမ္ဘာက ဖရိုဖရဲဟင်းလင်းပြင်ထက် ပို၍ တိုးတက်နေပြီး အလွှာဆယ့်သုံးနည်းစနစ်များကိုပင် အများအပြား မြင့တွေ့နိုင်သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် အလွှာဆယ့်သုံး အချိန်သက်ရှိများက အလွန်မြင့်မြတ်ကြပြီး မဟာသူတော်စင်များသာ သူတို့၏ သဲလွန်စများကို ခြေရာခံနိုင်သည်။
သို့သော် ရင်းမြစ်ကမ္ဘာတွင် အလွှာဆယ့်သုံးဘိုးဘေးများ ရှိနေကြပြီး မည်သည့်ရှေးဟောင်းနိုင်ငံမဆို ဘိုးဘေးများနှင့် ဆက်သွယ်နိုင်သည်။ ဘိုးဘေးနှင့် တိုက်ရိုက်တွေ့ဆုံရမ် ခက်ခဲသော်လည်း သူတို့ချန်ထားခဲ့သော အမွေအနှစ်များကို လေ့လာခွင့်ရရှိနိုင်သည်။
" ရတနာတွေအများကြီးပဲ။ " လင်းယွမ်က အမွေအနှစ်လက်နက်များဖြင့် လဲလှယ်ထားသော ရတနာများကို ကြည့်လိုက်သည်။
အထူးသဖြင့် သူက တဖုရှေးဟောင်းနိုင်ငံမှ ချောက်နက်နဂါးသွေးကို ရရှိခဲ့သည်။ ချောက်နက်နဂါးသွေးက တဖုရှေးဟောင်းနိုင်ငံမှ ထိန်းချုပ်ထားသောကြောင့် အခြားငါးနိုင်ငံသို့ ရောက်ရှိရန် အလွန်ခက်ခဲသည်။ သူတို့၏ အမွေအနှစ်လက်နက်များကို လဲလှယ်ရန်အတွက်မဟုတ်လျှင် လင်းယွမ်က ထိုမျှများပြားသော ချောက်နက်နဂါးသွေးများကို ရရှိနိုင်မည်မဟုတ်ပေ။
" ချောက်နက်နဂါးသွေးက ဘာလို့ဒီလောက်တန်ဖိုးကြီးနေတာလဲ ကြည့်ရအောင်။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရာ ကျောက်စိမ်းပုလင်းတစ်လုံးပေါ်လာသည်။
ကျောက်စိမ်းပုလင်းကို စောင်းလိုက်ရာ ကြယ်ပွင့်များကဲ့သို့ အစက်အပြောက်များနီင့် သန့်စင်သော သွေးတစ်စက်ပေါ်လာသည်။ နဂါးသွေးတစ်စက်က ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်ပြီး နိယာမများ၏ လည်ပတ်မှုများ ပါဝင်နေသည်။
" တကယ်အံ့ဩစရာပဲ။ " လင်းယွမ်က သေချာကြည့်ရှုပြီး အမှန်တကယ် အံ့အားသင့်သွားသည်။
" ဒီရင်းမြစ်ကမ္ဘာမှာ ပထမဆုံးမွေးဖွားလာတဲ့ သက်ရှိလား။ " လင်းယွမ်က ချောက်နက်နဂါးသွေး၏ မူလအစကို စဉ်းစားနေပြီး ထိုသွေးစက်မှတစ်ဆင့် ထိုရှေးဦးသက်ရှိ၏ ကြီးမားသော စွမ်းအားကို တွေးမိလိုက်သည်။
ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော အမှုန်တိုင်းတွင် ကမ္ဘာတစ်ခုစီပါဝင်နေလျှင် ကမ္ဘာတစ်ခုစီ၏ စွမ်းအားက လင်းယွမ်၏ အတွင်းစကြာဝဠာထက် အားနည်းလျှင်တောင် ၎င်းတို့၏ အရေအတွက်များပြားမှုကို လျော့တွက်၍ မရပေ။ အရေအတွက် ပြောင်းလဲခြင်းက အရည်အသွေးပြောင်းလဲမှုကို ဖြစ်စေနိုင်သည်ဟု ဆိုခြင်းက အခြေအမြစ်မရှိသော စကားမဟုတ်ပေ။
" ဒီရှေးဦးသက်ရှိရဲ့ စွမ်းအားက ငါ့လောက်မသန်မာရင်တောင် အသန်မာဆုံးနတ်ဘုရားအရှင်သခင်တွေကိုတော့ သေချာပေါက် ကျော်လွန်လိမ့်မယ်။ သူက ဘယ်လိုများ သေဆုံးသွားတာလဲ။ " လင်းယွမ်က စိတ်ထဲတွင် သိချင်နေသည်။
ထိုအမှုန်တစ်ခုစီက ကမ္ဘာတစ်ခု ပါဝင်နေခြင်းကြောင့် ကိုယ်ပွားများကို သီခြားဖြစ်တည်မှုတစ်ခုစီနှင့် ညီမျှစေသည်။ ထိုမျှ သန်မာသော သက်ရှိတစ်ယောက်ကို ရင်းမြစ်ကမ္ဘာမှ အသန်မာဆုံးနတ်ဘုရားအရှင်သခင်များအားလုံး ဝိုင်းတိုက်လျှင်တောင် သေဆုံးရန် မဖြစ်နိုင်သလောက်ဖြစ်သည်။
သို့သော် ချောက်နက်နဂါးချိုင်းဝှမ်းက ထိုသက်ရှိကျဆုံးခဲ့သော နေရာဖြစ်သည်။ အစစ်အမှန် စိတ်ဝိညာဉ် လုံးဝ ပျောက်ကွယ်သွားမှသာ ချောက်နက်နဂါးသွေးများကို အဆက်မပြတ် မွေးဖွားပေးနိုင်သော ထိုကဲ့သို့ ရတနာနယ်မြေကို ဖန်တီးနိုင်မည်ဖြစ်သည်။
" တဖုဘိုးဘေး..." ၎င်းက တဖုဘိုးဘေးနှင့် ပက်သက်နေမည်ကို လင်းယွမ်က ခန့်မှန်းမိသည်။ အလွှာဆယ့်သုံး ဘိုးဘေးတစ်ယောက်သာ ထိုသို့သော် ဖြစ်တည်မှုမျိုးကို လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။
" တဖုဘိုးဘေးက အဲ့ဒီသက်ရှိနဲ့ ရန်ငြိုးရှိခဲ့ပုံပဲ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
တဖုဘိုးဘေးက ထိုရှေးဦးသက်ရှိကို အပြီးတိုင် သတ်ဖြတ်ခဲ့ရုံသာမက ၎င်း၏ စိတ်ဝိညာဉ်နှင့် သွေးမျိုးဆက်ကို စုစည်းပြီး ရတနာနယ်မြေကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
" အရင်ဆုံး ဒါကို စုပ်ယူပြီး သန့်စင်ကြည့်ရမယ်။ " လင်းယွမ်က ချောက်နက်နဂါးသွေးစက်ကို စတင်သန့်စင်လိုက်သည်။
သူ၏ အာရုံအများစုက ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်ကို လေ့လာပြီး အစိတ်အပိုင်းအနည်းငယ်ကသာ သွေးစက်ကို သန့်စင်ရန် အသုံးပြုနေသောကြောင့် မည်သည့်အရာကိုမှ အနှောက်အယှက်မရှိခဲ့ပေ။
ဖရိုဖရဲဟင်းလင်းပြင်တွင် ပုံရိပ်နှစ်ခုပေါ်လာပြီး အဝေးမှ ဟင်းလင်းပြင်ကို တည်ငြိမ်စွာ ကြည့်နေကြသည်။ သူတို့၏ အော်ရာကို ထိန်းချုပ်ထားသော်လည်း သူတို့ရှိနေခြင်းကြောင့် ဖရိုဖရဲဟင်းလင်းပြင်မှ နိယာမများက နောက်ဆုတ်သွားရသည်။ ၎င်းက သူတို့မှာ ပြိုင်ဘက်ကင်းမဟာသူတော်စင်များဖြစ်ကြောင်း ဖော်ပြနေသည်။
" ဒါက အရိပ်နတ်ဆိုးနဲ့ နဝမဖီးနစ်တို့ နောက်ဆုံးပေါ်လာခဲ့တဲ့နေရာပဲ။ " ဘယ်ဘက်မှ ပုံရိပ်က ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
" သူတို့က မဟာသူတော်စင်တွေဖြစ်ပေမယ့် သူတို့ရဲ့ ကြောင်းကျိုးဆက်နွယ်မှုတွေက ရုတ်တရက် လုံးဝ ပျောက်ကွယ်သွားတယ်။ ဒါက တကယ်ထူးဆန်းတယ်။ " ညာဘက်မှ ပုံရိပ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
ကြောင်းကျိုးဆက်နွယ်မှုများ လုံးဝ ပျောက်ကွယ်သွားခြင်းမှာ ဖြစ်နိုင်ခြေနှစ်ခုသာ ရှိသည်။ တစ်ခုမှာ အရာအားလုံးကို စွန့်လွှတ်ပြီး ပြန်လည်မွေးဖွားခြင်းဖြစ်သည်။ အခြားတစ်ခုမှာ မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားများ အားလုံး ပျောက်ကွယ်သွားပြီး အပြီးတိုင်သေဆုံးသွားခြင်းဖြစ်သည်။
" လောဟောက်မဟာသူတော်စင်က ငါတို့ကို စုံစမ်းဖို့ ညွှန်ကြားထားတယ်။ ဒါက တကယ် စုံစမ်းဖို့ လိုအပ်နေတာပဲ။ " ညာဘက်မှ ပုံရိပ်က ပြောလိုက်သည်။
မဟာသူတော်စင်အသစ်နှစ်ယောက်က သူတို့အတွက် အာရုံစိုက်စရာမဟုတ်သော်လည်း သူတို့လုံးဝပျောက်ကွယ်သွားခြင်းက သတိထားခြင်းက လုံလောက်နေသည်။
" လောဟောက်မဟာသူတော်စင်က ဖရိုဖရဲဟင်းလင်းပြင်ကို အုပ်စိုးပြီး အနှိုင်းမဲ့ဘွဲ့ကို ခံယူတော့မယ်။ အဲ့ဒါကြောင့် သူညွှန်ကြားသမျှ စကားသက်သက်မဟုတ်တာ သေချာတယ်။ " ဘယ်ဘက်မှ ပုံရိပ်က ပြောလိုက်သည်။
လောဟောက်မဟာသူတော်စင်က အလွှာဆယ့်သုံး အမွေအနှစ်ကို အဓိကထားကျင့်ကြံထားသော အလွန်ရှေးကျသော မဟာသူတော်သင်ဖြစ်ပြီး ၎င်းကို ကျွမ်းကျင်သွားလျှင် ဖရိုဖရဲဟင်းလင်းပြင်ရှိ ပြိုင်ဘက်ကင်းမဟာသူတော်စင်များကို အလွယ်တကူ နှိမ်နင်းနိုင်မည်ဖြစ်သည်။
သူတို့နှစ်ယောက်က တိုက်ဆိုင်စွာပင် လောဟောက် ကျင့်ကြံရာနေရာသို့ ချဉ်းကပ်မိခဲ့ပြီး ခဏလက်ရည်စမ်းခဲ့ရာ သယ၏ ကြောက်စရာကောင်းသော စွမ်းအားကို အသိအမှတ်ပြုကာ နောက်လိုက်အဖြစ် အမှုထမ်းရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။