စွမ်းဆောင်မှုရမှတ်များ...
Vol. 71 Ch. 998
"ငါ အရင်ဆုံး အချိန်နောက်ပြန်လှည့်ကြည့်လိုက်မယ်။ " ညာဘက်မှ ပုံရိပ်၏ မျက်လုံးများထဲတွင် အချိန်က နောက်ပြန်စီးဆင်းနေပြီး ပုံရိပ်များ ပေါ်လာသည်။ ခဏအတွင်း သူက ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
" အချိန်လေဟာနယ်က လုံးဝမငြိမ်သက်ဖြစ်နေတယ်။ ဘာကိုမှ ခွဲခြားလို့မရဘူး။ "
အချိန်ကို နောက်ပြန်လှည့်ကြည့်ခြင်းဆိုသည်မှာ အတိတ်မှ ပုံရိပ်များနှင့် မြင်ကွင်းများကို ပြန်လည်ဖန်တီးခြင်းဖြစ်သော်လည်း ထိုပုံရပ်များကို နှောက်ယှက်၍ရသည်။
" ငါလည်းအတူတူပဲ။ " ဘယ်ဘက်မှပုံရိပ်က ကြိုးစားကြည့်သော်လည်း ဘာမှမတွေ့ခဲ့ရပေ။
" အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။ "
" လောဟောက်မဟာသူတော်စင်ရဲ့ တာဝန်ကို ပြီးမြောက်အောင်လုပ်ရမယ်။ " ညာဘက်မှ ပုံရိပ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ " အရိပ်နတ်ဆိုးနဲ့ နဝမဖီးနစ်တို့ရဲ့ ကြောင်းကျိုးဆက်နွယ်မှုတွေ သယတို့ရဲ့ ရန်သူတွေ ဘယ်သူလဲဆိုတာ စုံစမ်းရမယ်။ "
" အဲ့ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။ " ဘယ်ဘက်မှ ပုံရိပ်က သက်ပြင်းချလိုက်သည်။
သူတို့က ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံးကို စုံစမ်းရမည်ဖြစ်ပြီး အဖြေမှန်ကို သိနိုင်နလားဆိုသည်မှာလည်း မသေချာပေ။ သို့သော် ယခုအချိန်တွင် သဲလွန်စရှာရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ရင်းမြစ်ကမ္ဘာ၊ လီယန်မြို့တော်။
လင်းယွမ်နှင့် ချီယန်တို့က မျက်နှာချင်းဆိုင်ထိုက်နေကြသည်။
" နဂါးငွေ့တန်း... ဒီနေ့ စွမ်းဆောင်မှုရမှတ်တွေ ဆုံးဖြတ်တော့မယ်။ " ချီယန်က ပြုံး၍ ပြောလိုက်သည်။ " ရတနာပြိုင်ပွဲမှာ မင်းရဲ့ စွမ်းတောင်မှုအရဆို စွမ်းဆောင်မှုရမှတ်တွေ အများကြီးရမှာ သေချာတယ်။ "
" ဧကရာဇ်က ငါကို ရတနာနယ်မြေပေးလိုက်ပြီဆိုတော့ စွမ်းဆောင်မှုရမှတ်တွေအပေါ် သက်ရောက်မှုရှိမလားမသိဘူး။ " လင်းယွမ်က ချီယန်ကို ကြည့်ပြီး ပြောလိုက်သည်။
" အဲ့ဒါက မတူညီတဲ့ကိစ္စနှစ်ခုပဲ။ " ချီယန်က ပြောလိုက်သည်။ " ရတနာနယ်မြေကို ငါတို့ လီယန်ရှေးဟောင်းနိုင်ငံက ရခဲ့တာပဲ။ ဘယ်သူလက်ထဲကို ရောက်သွားမလဲဆိုတာ စွမ်းဆောင်မှုရမှတ် ဆုံးဖြတ်ချက်ထဲမှာ မပါဝင်ဘူး။ "
" ပြီးတော့ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် စွမ်းဆောင်မှုရမှတ်တွေ ရဖို့က အရမ်းလွယ်ကူပါတယ်။ " ချီယန်က ရယ်မောပြီး ပြောလိုက်သည်။
လင်းယွမ်က စွမ်းဆောင်မှုရမှတ်များ ရယူလိုလျှင် မခက်ခဲပေ။ သူက လီယန်ရှေးဟောင်းနိုင်ငံနှင့် အခြားနိုင်ငံများ၏ နယ်စပ်သို့ သွားပြီး စွမ်းအားပြလိုက်ရုံဖြင့် စွမ်းဆောင်မှုရမှတ်များကို ရရှိနိုင်သည်။ စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး လင်းယွမ်က ဝင်ရောက်ဖြေရှင်းပေးခဲ့လျှင် ရရှိသည့် စွမ်းဆောင်မှုရမှတ်များက ကြီးမားပေလိမ့်မည်။
အခြားရှေးဟောင်းနိုင်ငံများကလည်း အရူးများမဟုတ်ကြပေ။ လင်းယွမ်ကဲ့သို့ အနှိုင်းမဲ့နတ်ဘုရားအရှင်သခင်တစ်ယောက်ရှိနေလျှင် စစ်ပွဲကို စတင်မည်မဟုတ်ဘဲ အလျှော့ပေးခြင်းကိုသာ ဦးစားပေးကြပေလိမ့်မည်။
" ဒီလိုရတနာနယ်မြေပြိုင်ပွဲတစ်ခုအတွက် ပုံမှန်ဆို စွမ်းဆောင်မှုရမှတ်တွေ ဘယ်လောက်ပေးတတ်လဲ။ " လင်းယွမ်က မေးလိုက်သည်။
" ငါလည်း အတိအကျတော့မသိဘူး။ " ချီယန်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ " ဒီရတနာနယ်မြေက သာမန်အဆင့်တစ် ရတနာနယ်မြေမဟုတ်ဘဲ ထိပ်တန်းအဆင့ဖြစ်နေတော့ အတိအကျကတော့ သူတို့ဆုံးဖြတ်ချက်အပေါ်ပဲမူတည်တယ်။ "
" အင်း " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံကို ဧကရာဇ်က အုပ်ချုပ်နေသော်လည်း ကြီးမားသော ဆုံးဖြတ်ချက်များကို အကြီးအကဲများက စုပေါင်းဆုံးဖြတ်ကြသည်။
" စွမ်းဆောင်မှုရမှတ်တွေ အတည်ပြုပြီးပြီ။ " ထိုအချိန်တွင် နိုင်ငံမှ သတင်းတစ်ခု ထုတ်ပြန်လိုက်ပြီး ချီယန်၏ အမူအရာက ပြောင်းလဲသွားသည်။
" ငါရတဲ့ စွမ်းဆောင်မှုရမှတ်က ၂၃၂၀၀၀၀ ပဲ။ " ချီယန်က ကျေနပ်စွာ ပြောလိုက်သည်။
စွမ်းဆောင်မှုရမှတ် ၂၃၂၀၀၀၀ ဆိုသည်ျှာ အဆင့်တစ်ရတနာနယ်မြေတစ်ခုကို သိမ်းပိုက်ခြင်းနှင့် ယှဉ်လျှင် မများသော်လည်း ပွင့်ပွင့်လင်းလင်း ပြောရလျှင် ချီယန်က ထိုရတနာနယ်မြေကို ရရှိရန်အတွက် အင်အားများစွာစိုက်ထုတ်ခဲ့ရခြင်း မရှိခဲ့ပေ။ အရာအားလုံးကို လင်းယွမ်တစ်ယောက်တည်းသာ အခြားရှေးဟောင်းနိုင်ငံများကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။
" ဟန်ယန်၊ ကွမ်လဲ့နဲ့ အခြားသူတွေကလည်း တစ်သန်းနဲ့ နှစ်သန်းကြား ရကြတယ်။ " ချီယန်က ပြောလိုက်သည်။
" စွမ်းဆောင်မှုရမှတ် ၃၆၀၀၀၀၀၀၀၀၀၀၀၀..." လင်းယွမ်က စွမ်းဆောင်မှုရမှတ်များကို ကြည့်ပြီး အံ့အားသင့်သွားသည်။
သူက စွမ်းဆောင်မှုရမှတ်များစွာ ရရှိမည်ကို သိထားသော်လည်း ထိုမျှများပြားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ စုစုပေါင်း ၃၆၀၀ ဘီလီယံဖြစ်သည်။ အမှန်တော့ ၎င်းက ကျိုးကြောင်းဆီလျော်ပေသည်။ ရွှေရောင်မြူခိုးရတနာနယ်မြေက လင်းယွမ်တစ်ယောက်တည်းကြောင့် လီယန်ရှေးဟောင်းနိုင်ငံ၏ လက်အောက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ရတနာနယ်မြေက လင်းယွမ်၏ ပိုင်ဆိုင်မှုဖြစ်နေသော်လည်း ရှေးဟောင်းနိုင်ငံက ၎င်းကို ဆုံးရှုံးခြင်းမရှိပေ။ လင်းယွမ်က နောက်ဆုံးအဆင့်သို့ တက်လှမ်းသွားပြီး ရတနာနယ်မြေကို လင်းယွမ်၏ မျိုးဆက်များ စောင့်ကြပ်လျှင် ရှေးဟောင်းနိုင်ငံက အကျိုးအမြတ်များကို ရရှိမည်ဖြစ်သည်။
" နဂါးငွေ့တန်း မင်း ဘယ်လောက်ရလဲ။ " ချီယန်က မေးလိုက်သည်။ မေးပြီးနောက် သူက အနည်းငယ် မသင့်တော်သလို ခံစားလိုက်ရသည်။ " ငါက ဒီအတိုင်း မေးကြည့်တာပါ။ "
" စွမ်းဆောင်မှုရမှတ် ၃၆၀၀ ဘီလီယံပါ။ " လင်းယွမ်က ဖုံးကွယ်ခြင်းမရှိဘဲ ပြောလိုက်သည်။
" အဲ့လောက်တောင်များတာလား။ " ချီယန်က အံ့အားသင့်သွားသည်။
အခြားရှေးဟောင်းနိုင်ငံများနှင့် ဖြစ်ပွားသော စစ်ပွဲတွင် အောင်ပွဲရရှိလျှင်တောင် ထိုမျှများပြားသော စွမ်းဆောင်မှုရမှတ်များကို ရရှိမည်မဟုတ်ပေ။ သို့သော် ရတနာနယ်မြေအတွင်း လင်းယွမ်၏ စွမ်းဆောင်မှုများကို ပြန်တွေးကြည့်ပြီး ချီယန်က ဘာမှထပ်မတွေးတော့ပေ။
ထို့နောက် ချီယန်က လင်းယွမ်နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် သူက ထွက်ခွာသွားခဲ့သည်။ ရတနာနယ်မြေပြိုင်ပွဲမှ ပြန်လာကတည်းက ချီယန်က ဘိုးဘေးသွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်သို့ မြှင့်တင်ရမည်ကို လင်းယွမ်ထံသို့ မကြာခဏ လမ်းညွှန်မှု လာရောက်တောင်းခံလေ့ရှိသည်။
လင်းယွမ်ကလည်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေရန် စီစဉ်ထားသောကြောင့် လမ်းညွှန်မှုပေးခဲ့သည်။
" စွမ်းဆောင်မှုရမှတ် ၃၆၀၀ ဘီလီယံကို ဘာနဲ့လဲလှယ်ရမလဲ။ " လင်းယွမ်က စွမ်းဆောင်မှုရမှတ်များကို မည်သို့သုံးရမည်ကို စတင်စဉ်းစားတော့သည်။
လီယန်ရှေးဟောင်းနိုင်ငံ၏ အမြင့်ဆုံး လဲလှယ်မှုက စွမ်းဆောင်မှုရမှတ် တစ်ထရီလီယံ ဖြစ်ပြီး ၎င်းက ဘိုးဘေးနှင့် ပေါင်းစည်းခွင့်ဖြစ်သည်။
" အရင်ဆုံးသွားကြည့်ကြည့်တာပေါ့။ " လင်းယွမ်က ရတနာတိုက်သို့ သွားပြီး ကြည့်လိုက်သည်။
ရတနာတိုက်အတွင်း ရတနာများက များပြားလှပြီး လင်းယွမ်က ဖရိုဖရဲလျို့ဝှက်သင်္ကေတပုံစံများကို အရင်ဆုံးလဲလှယ်လိုက်သည်။ ထို့နောက် သူက ရတနာများကို ကြည့်လိုက်သည်။
" ဘိုးဘေးလက်နက် " လင်းယွမ်က အနီရောင်လှံတစ်ချောင်းကို တွေ့လိုက်ရသည်။ ထိုလှံက လီယန်ဘိုးဘေး၏ လက်မက်ဖြစ်သည်။
လင်းယွမ်မြင်တွေ့ရသည်မှာ လှံ၏ ပုံရိပ်မျှသာဖြစ်သော်လည်း ၎င်းက ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို ထိုးဖောက်တော့မည့်အလား အချိန်လေဟာနယ်၏ ကန့်သတ်ချက်များကို ထိုးဖောက်နိုင်သည်။
" ဒါက အလွှာဆယ့်သုံး တိုက်ခိုက်ရေးလက်နက်တစ်ခုပဲ။ ဘယ်အရာကမှ ဒီတိုက်ခိုက်မှုကို မတားဆီးနိုင်ဘူး။ အပြည့်အဝ အသုံးပြုလိုက်ရင် ရင်းမြစ်ကမ္ဘာကိုတောင် အပေါက်ဖြစ်အောင် ထိုးဖောက်နိုင်လောက်တယ်။
သူ ဧကရာဇ်ရွှမ်ဟွမ်ထံမှ ရရှိထားသော ကောင်းကင်လေဟာနယ်အိုးကလည်း အလွှာဆယ့်သုံး ရတနာတစ်ခုဖြစ်သည်။ သို့သော် ထိုအိုးက တိုက်စစ်သက်သက်မဟုတ်ဘဲ ကာကွယ်ခြင်းနှင့် ဖိနှိပ်ခြင်းစွမ်းရည်များလည်း ပါဝင်နေသည်။ သို့သော် ထိုလှံက အရာအားလုံးကို ထိုးဖောက်ဖျက်ဆီးရန် ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။
" စွမ်းဆောင်မှုရမှတ် တစ်ထရီလီယံကို သုံးပြီး ဒီလက်နက်ကို နှစ်ပေါင်းတစ်သောင်းကြာ လေ့လာနိုင်တယ်။ " လင်းယွမ်က ထိုလှံနှင့် ပက်သက်သော အချက်အလက်များကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
" ဘိုးဘေးအမွေအနှစ် " လင်းယွမ်က ဘိုးဘေးလက်နက်အချို့ကို ကျော်ဖြတ်ကြည့်ရှုပြီးနောက် အမွေအနှစ်များထံသို့ အာရုံစိုက်လိုက်သည်။
အမွေအနှစ်များက စွမ်းဆောင်မှုရမှတ် တစ်ထရီလီယံရှိပြီး အသန်မာဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်လာမည့် လမ်းစဉ်များဖြစ်သည်။ ရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များက ပုံမှန်အားဖြင့် အမွေအနှစ်တစ်ခု လဲလှယ်လေ့ရှိကြသည်။
စွမ်းဆောင်မှုရမှတ် တစ်ထရီလီယံက များပြားသော်လည်း နတ်ဘုရားအရှင်သခင်များက စုဆောင်းရန် အချိန်များစွာရှိလေသည်။ သို့သော် နတ်ဘုရားအရှင်သခင်အများစုက အမွေအနှစ်များကို ကျင့်ကြံနေကြသော်လည်း ၎င်းကို ကျွမ်းကျင်သွားပြီး အသန်မာဆုံးနတ်ဘုရားအရှင်သခင်အဆင့်သို့ ရောက်ရှိသွားသူ အနည်းငယ်သာ ရှိသည်။
" ဘိုးဘေးအမွေအနှစ်ကိုးခု။ " လင်းယွမ်က သေချာကြည့်လိုက်သည်။ ဘေးထွက်ဆိုးကျိုးများကြောင့် ၎င်းတို့ထဲမှ သုံးခုကို သူမကျင့်ကြံရန် ဆုံးဖြတ်ထားသည်။ သူက ကျန်ရှိသော အမွေအနှစ် ခြောက်ခုထဲမှ သေချာရွေးချယ်လိုက်သည်။
ဘိုးဘေးအမွေအနှစ်ကို ကျင့်ကြံရာတွင် အရေးအကြီးဆုံးအချက်မှာ မိမိနှင့် ကိုက်ညီရန်ဖြစ်သည်။ ဥပမာ အဆုံးမဲ့ဟင်းလင်းပြင်အမွေအနှစ်က လင်းယွမ်နှင့် သင့်တော်သောကြောင့် ၎င်းကို လွယ်ကူစွာ ကျင့်ကြံနိုင်ခဲ့သည်။
" ဘိုးဘေးအမွေအနှစ်တွေကိုတော့ အခု မလဲလှယ်သေးဘူး။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး ရတနာတိုက်၏ အထက်ဆုံးသို့ ကြည့်လိုက်သည်။
၎င်းက ဘိုးဘေးနှင့် ပေါင်းစည်းခွင့်ပင်ဖြစ်သည်။ အမြင့်ဆုံးနတ်ဘုရားအရှင်သခင်အများစုက အမွေအနှစ်များ ရွေးချယ်ရာတွင် ကွဲပြားသွားနိုင်သော်လည်း ဘိုးဘေးနှင့်ပေါင်းစည်းခွင့်ကိုမူ တစ်ညီတစ်ညွှတ်တည်း ရွေးချယ်ကြသည်။
အမှန်တော့ အမြင့်ဆုံးနတ်ဘုရားအရှင်သခင်များက စွမ်းဆောင်မှုရမှတ်များ လုံလောက်လျှင် ဘိုးဘေးနှင့် ပေါင်းစည်းခွင့်ကို တစ်ကြိမ်ထက်မက လဲလှယ်လေ့ရှိကြသည်။