လီယန်ဘိုးဘေးနှင့် တွေ့ဆုံခြင်း...
Vol. 71 Ch. 999
" ဘိုးဘေးနဲ့ ပေါင်းစည်းခြင်း..." လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။
အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ခု၏ ရှုထောင့်မှ အရာအားလုံးကို ကြည့်ရှုခွင့်ရခြင်းမှာ ဖရိုဖရဲဟင်းလင်းပြင်မှ ပြိုင်ဘက်ကင်းမဟာသူတော်စင်များ သို့မဟုတ် အနှိုင်းမဲ့မဟာသူတော်စင်များ စိတ်ကူးမယဉ်နိုင်သောအရာဖြစ်သည်။
" ငါက ဖရိုဖရဲအဆင့် အထွတ်အထိပ်ကို ရောက်နေပြီဆိုတော့ ဘိုးဘေးနဲ့ ပေါင်းစည်းဖို့ ကြိုးစားကြည့်လိုရတယ်။ "
ဘိုးဘေးနှင့် ပေါင်းစည်းပြီး ဘိုးဘေး၏ ရှုထောင့်မှ အချိန်လေဟာနယ်ကို ကြည့်ရှုခြင်းက သူ့အပေါ် ထင်ရှားသော သက်ရောက်မှုရှိမည်မှာ သေချာသည်။ အထူးသဖြင့် လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
" လဲလှယ်မယ်။ " လင်းယွမ်က ချက်ချင်း လဲလှယ်ရန် ရွေးချယ်လိုက်သည်။ သူ၏ စွမ်းဆောင်မှုရမှတ်က တစ်ထရီလီယံ လျော့ကျသွားသည်။
ဘိုးဘေးနှင့် ပေါင်းစည်းခွင့်ကို လဲလှယ်ပြီးမကြာမီ လီယန်ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်က သူ့ကို ဆက်သွယ်လာသည်။
" ဟားဟား နဂါးငွေ့တန်း မင်းအဲ့ဒါကို လဲလှယ်မယ်ဆိုတာ ငါသိပြီးသားပါ။ " ဧကရာဇ်က အံ့ဩခြင်းမရှိပေ။
" ကျွန်တော်က အခု ကိုယ်ပွားတစ်ခုပဲရှိတာ အဲ့ဒါက ပေါင်းစည်းမှုကို သက်ရောက်နိုင်လား။ " လင်းယွမ်က မေးလိုက်သည်။
" မစိုးရိမ်နဲ့။ ဘာသက်ရောက်မှုမှမရှိဘူး။ " ဧကရာဇ်က အာမခံလိုက်သည်။
" ဒါဆိုကောင်းတာပေါ့။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ အကယ်၍ သက်ရောက်မှုရှိလျှင် သူက ရတနာနယ်မြေမှ မူလခန္ဓာကိုယ်ကို ပြန်ခေါ်ရပေလိမ့်မည်။
" အခု လာခဲ့လိုက်ပါ။ " ဧကရာဇ်က ပြောလိုက်သည်။
" ကောင်းပါပြီ။ " လင်းယွမ်က ချက်ချင်းပင် နန်းတော်သို့ ထွက်ခွာသွားသည်။
ခန်းမကြီးတစ်ခုအတွင်း၌ ဧကရာဇ်က လင်းယွမ်ကို ကြည့်ပြီး သတိပေးလိုက်သည်။ " ဘိုးဘေးနဲ့ ပထမဆုံးပေါင်းစည်းတဲ့ အသိအမြင်က အကြီးမားဆုံးပဲ။ "
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ဒါဆို စလိုက်ရအောင်။ ငါမင်းကို ဘိုးဘေးရဲ့ အမှတ်အသားရှိတဲ့ အချိန်လေဟာနယ်တစ်ခုထဲကို ပို့ပေးမယ်။ အဲ့ဒီရောက်ရင် ဘိုးဘေးကို ခေါ်လိုက်ရုံပဲ။ " ဧကရာဇ်က ညွှန်ကြားလိုက်သည်။
လီယန်ဘိုးဘေးက ပုံမှန်အားဖြင့် ရှေးဟောင်းနိုင်ငံတွင် ဖြစ်ပျက်သမျှကို အာရုံမစိုက်ပေ။ အကြောင်းမှာ သူ၏ စိတ်က ပိုမိုအဆင့်မြင့်သော ပြဿနာများပေါ်တွင်သာ အာရုံစိုက်နေသောကြောင့် ဖြစ်သည်။ လီယန်မြို့တော် ခြိမ်းခြောက်ခံရလျှင် သို့မဟုတ် သူ့ကို ဆင့်ခေါ်လျှင်သာ ပေါ်လာတတ်သည်။
လျို့ဝှက်ဆန်းကြယ်သော အချိန်လေဟာနယ်တစ်ခုတွင် အနီရောင်စင်မြင့်တစ်ခုရှိနေသည်။ ထိုနေရာက လီယန်ဘိုးဘေးကို ဆက်သွယ်နိုင်သော နေရာဖြစ်ပြီး ဘိုးဘေးနှင့် ပေါင်းစည်းခွင့်ကို လဲလှယ်သူသာ ထိုနေရာသို့ ဝင်ရောက်နိုင်သည်။
လင်းယွမ်က ပေါ်လာပြီး အနီရောင်စင်မြင့်ဆီသို့ လျှောက်သွားသည်။ စင်မြင့်မှာ ဗလာဖြစ်နေသော်လည်း လင်းယွမ်က ရင်မြစ်ကမ္ဘာ၏ မူလရင်းမြစ်ကဲ့သို့ ဖိအားကို ခံစားလိုက်ရသည်။
" ဘိုးဘေးကို ဂါရဝပြုပါတယ်။ " လင်းယွမ်က အနီရောင်စင်မြင့်ပေါ်တွင် ရပ်ပြီး လီယန်ဘိုးဘေးကို ခေါ်လိုက်သည်။
ထိုစကားကို ပြောလိုက်သည်နှင့် စင်မြင့်ပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က ခြေချိတ်ထိုင်နေပြီး လင်းယွမ် မီလျှံကမ္ဘာတွင် မြင်တွေ့ခဲ့ရသော ခန့်ညားထည်ဝါသည့် ပုံရိပ်နှင့် င်တူနေသည်။ သူ၏ ကျောဘက်တွင် မီးတောက်တောင်ပံတစ်စုံ ဖြန့်ကားနေပြီး အဆုံးမရှိသော အချိန်လေဟာနယ်ကို သယ်ဆောင်ထားသည့်အလား ကျယ်ပြောလှသည်။
" လီယန်ဘိုးဘေးက တကယ် ကြောက်စရာကောင်းတာပဲ။ အမှတ်အသားတစ်ခုတည်းနဲ့ ငါ့ရဲ့ မူလခန္ဓာကိုယ်နဲ့ ကိုယ်ပွားတွေအားလုံးကို အလွယ်လေး ဖျက်ဆီးပစ်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သို့သော် ဖရိုဖရဲဟင်းလင်းပြင်မှ မူလခန္ဓာကိုယ်က ဖျက်ဆီးခံရမည်မဟုတ်ပေ။ ၎င်းက မတူညီသော ဒိုင်မန်းရှင်းနှစ်ခုဖြစ်သောကြောင့် အချိန်သက်ရှိတစ်ယောက်ပင် ထိတွေ့နိုင်ရန် ခက်ခဲလှသည်။
လီယန်ဘိုးဘေးက မျက်လုံးများဖွင့်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။
" ဘိုးဘေး " လင်းယွမ်က ခေါင်းငုံ့လိုက်သည်။
လီယန်ဘိုးဘေး၏ အကြည့်မှာ လင်းယွမ်အပေါ်သို့ ကျရောက်သွားသည်။ အချိန်သက်ရှိတစ်ယောက်အနေဖြင့် သူ၏ အကြည့်ရောက်ရာနေရာတိုင်းတွင် အနာဂတ်မှာ စာရွက်များကဲ့သို့ ဖြန့်ခင်းထားပြီးသားဖြစ်သည်။
" ဟင် " လီယန်ဘိုးဘေး၏ မျက်နှာတွင် အံ့ဩသော အမူအရာပေါ်လာသည်။
အတိတ်က သတ်မှတ်ပြီးသားဖြစ်သော်လည်း အနာဂတ်မှာမူ မရေရာဘဲ အခိုက်အတန့်တိုင်းတွင် မရေတွက်နိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်သည်။
လီယန်ဘိုးဘေးက လင်းယွမ်နှင့် ပက်သက်သော အနာဂတ်အတိုင်းအတာများကို စစ်ဆေးကြည့်လိုက်သည်။ လင်းယွမ်က လီယန်ဘိုးဘေးရှေ့တွင် တည်ငြိမ်စွာ ရပ်နေသည်။ ယခု သူက ပထမဆုံးအကြိမ် အလွှာဆယ့်သုံး အချိန်သက်ရှိနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။
" ဘိုးဘေးနဲ့ ပေါင်းစည်းခွင့်ရတဲ့ နတ်ဘုရားအရှင်သခင်တွေက ဘိုးဘေးနဲ့တွေ့ဆုံပြီးရင် လမ်းညွှန်မှုအချို့ ရကြတယ်လို့ ပြောတယ်။ ဘိုးဘေးက အချိန်သက်ရှိဆိုတော့ အနာဂတ်အမျိုးမျိုးကို ကြည့်နိုင်ပြီး လမ်းညွှန်မှုတွေက သူတို့ရဲ့ အနာဂတ်အပေါ် အခြေခံထားတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
သူကလည်း အချိန်သက်ရှိ၏ လမ်းညွှန်မှုကို လိုချင်ပေသည်။ အနာဂတ်ကို ကြည့်ရှုပြီး လမ်းညွှန်ပေးခြင်းက မှားယွင်းမှုများကို ပြင်ဆင်ပေးခြင်းဖြစ်သည်။ ယခင် သူက ကောင်းကင်လေဟာနယ်အိုးကို လေ့လာပြီး သူ၏ အနာဂတ်မြင်ကွင်းအချို့ကို မြင်တွေ့ခဲ့ရသည်။
သို့သော် ထိုမြင်ကွင်းများက အပိုင်းအစများသာ ဖြစ်ပြီး ပါဝင်သော အချက်အလက်များက မပြည့်စုံပေ။ ထို့အပြင် မြင်တွေ့ခဲ့ရသော အနာဂတ်အတိုင်းအတာက ဖြစ်နိုင်နည်းပါးသော အနာဂတ်များလည်း ဖြစ်နိုင်သည်။
သို့သော် အလွှာဆယ့်သုံး အချိန်သက်ရှိ မြင်တွေ့ရသော အနာဂတ်က အလွန်အသေးစိတ်လှသည်။ မတူညီသော အနာဂတ်များကို ကြည့်ရှုခြင်းဖြင့် ဖြစ်နိုင်ခြေအရှိဆုံးကို ခန့်မှန်းနိုင်သည်။
လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါး ထွက်ပေါ်သွားမည်ကို မစိုးရိမ်ပေ။ အလွှာဆယ့်နှစ်သို့ ရောက်ရှိပြီးနောက် အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အချိန်အတိုင်းအတာအားလုံးကို ကျော်လွန်ပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်၏ အပြင်ဘက်တွင် တည်ရှိသည်ကို တွေ့ခဲ့ရသည်။
" ဘိုးဘေးရဲ့ မျက်လုံးထဲမှာ ငါ့ရဲ့ အနာဂတ်က ဘယ်လိုနေမလဲမသိဘူး။ ငါ အလွှာဆယ့်သုံးကို တက်လှမ်းနိုင်ဖို့ ဖြစ်နိုင်ခြေဘယ်လောက်ရှိမလဲ။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေစဉ် မရေတွက်နိုင်သော အနာဂတ်များကို ကြည့်ရှုနေသော လီယန်ဘိုးဘေးက တဖြည်းဖြည်း ပိုမိုအံ့အားသင့်လာသည်။
" ဒီအနာဂတ်တွေက..." လီယန်ဘိုးဘေးက မယုံကြည်နိုင်ဖြစ်နေသည်။ " ငါ အနာဂတ်အတိုင်းအတာများစွာကို ကြည့်ရှုပြီးပြီ။ အတိုင်းအတာတစ်ခုစီက ကွဲပြားပေမယ့် နောက်ဆုံးမှာတော့ ဒီကလေးက အားလုံးမှာ ဘိုးဘေးအဆင့်ကို ရောက်သွားတာပဲ။ "
လီယန်ဘိုးဘေးက မှင်သက်နေသည်။ အခြားသူများဆိုလျှင် အလွှာဆယ့်သုံးသို့ ရောက်ရှိမည့် အနာဂတ်တစ်ခုကို တွေ့ရှိရန် မရေတွက်နိုင်သော အနာဂတ်အတိုင်းအတာများကို ရှာဖွေရသည်။
သို့သော် လင်းယွမ်က မတူပေ။ အကြောင်းမှာ လီယန်ဘိုးဘေးက အနာဂတ်များစွာကို ကြည့်ရှုခဲ့ပြီး အားလုံးတွင် အလွှာဆယ့်သုံးသို့ ရောက်ရှိခြင်းဖြင့်သာ အဆုံးသတ်နေသောကြောင့် ဖြစ်သည်။ ထိုသို့သော အနာဂတ်များက အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
လီယန်ဘိုးဘေးက လင်းယွမ်၏ အနာဂတ်အတိုင်းအတာအားလုံးကို မကြည့်ရသေးသော်လည်း ထိုရလဒ်များအရ လင်းယွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းရန် သေချာသလောက်ဖြစ်နေခဲ့သည်။
" ငါ ရှေးဟောင်းနိုင်ငံတစ်ခု တည်ထောင်ပြီး အမွေအနှစ်တွေ အများကြီး ချန်ထားခဲ့တယ်။ ငါ့ရဲ့ မျိုးဆက်တွေကိုလည်း စိတ်ရောကိုယ်ပါ ပျိုးထောင်ခဲ့တယ်။ ဒါပေမယ့် ခေတ်အဆက်ဆက်မှာ ဘယ်သူကိုမှ ဘိုးဘေးအဆင့်ကို ရောက်အောင် မပျိုးထောင်နိုင်ခဲ့ဘူး။ "
လီယန်ဘိုးဘေး၏ အတွေးများက ပျံ့လွင့်နေသည်။ ၎င်းက လီယန်ရှေးဟောင်းနိုင်ငံတစ်ခုတည်းမဟုတ်ဘဲ အခြားရှေးဟောင်းနိုင်ငံငါးခုတွင်လည်း အတူတူပင် ဖြစ်သည်။ နောက်ဆုံးတွင် ဘိုးဘေးခြောက်ယောက်လုံးက ဘိုးဘေးအဆင့်တစ်ယောက်အား ပျိုးထောင်၍ မရနိုင်ကြောင်း ကောက်ချက်ချခဲ့သည်။
ဘိုးဘေးတစ်ယောက်၏ စွမ်းရည်ဖြင့် အသန်မာဆုံးနတ်ဘုရားအရှင်သခင်အဆင့်များကို ပျိုးထောင်နိုင်သော်လည်း ဘိုးဘေးအဆင့် သို့မဟုတ် အလွှာဆယ့်သုံးဆိုသည်မှာ ကံကြမ္မာပေါ်တွင် မူတည်နေသည်။
တဖုရှေးဟောင်းနိုင်ငံမှ ဘိုးဘေးနှစ်ယောက် ထွက်ပေါ်လာခဲ့သော်လည်း ၎င်းက တဖုဘိုးဘေးနှင့် များစွာ မသက်ဆိုင်ပေ။ ဘိုးဘေးအဆင့်သို့ မရောက်မီ သူတို့က ထင်ရှားခြင်းမရှိခဲ့ပေ။ တဖုဘိုးဘေးကိုယ်တိုင်ပင်လျှင် သူတို့ကို အလေးအနက်မထားခဲ့ပေ။
လီယန်ဘိုးဘေးက လင်းယွမ်ကို ကြည့်ပြီး ဘာပြောရမှန်းမသိပေ။ အနာဂတ်အတိုင်းအတာများစွာကို ကြည့်ပြီးနောက် လီယန်ဘိုးဘေးက လင်းယွမ် အလွှာဆယ့်သုံးသို့ မလွဲမသွေရောက်ရှိလိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။
" ပြီးတော့ ကျန်သေးတယ်။ " လီယန်ဘိုးဘေးက သူ၏ စိတ်ကို တည်ငြိမ်စေလိုက်ပြီး အခြားအနာဂတ်အတိုင်းအတာများကို ကြည့်ရန် ကြိုးစားလိုက်သည်။
ယခု လီယန်ဘိုးဘေးကြည့်နေသော အနာဂတ်မှာ သူက လင်းယွမ်ကို တားဆီးရန် သို့မဟုတ် သတ်ဖြတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ လီယန်ဘိုးဘေးက ထိုသို့သော ရည်ရွယ်ချက်မရှိပေ။ လင်းယွမ်က လီယန်တော်ဝင်မိသားစုတစ်ယောက်ဖြစ်သောကြောင့် သူဘိုးဘေးဖြင့်လာခြင်းက သူနှင့်လည်း ဆက်နွယ်မှုရှိနေမည်မှာ သေချာသည်။
သူက လင်းယွမ်၏ တိုးတက်မှုကို အနှောက်အယှက်မပေးရုံသာမက လင်းယွမ် အလွှာဆယ့်သုံးသို့ ချောမွေ့စွာ ရောက်ရှိစေရန် အစွမ်းကုန်ကူညီပေးရန်ပင် ဆုံးဖြတ်ထားသည်။
သို့သော် လီယန်ဘိုးဘေးက လင်းယွမ်အပေါ် အလွန်ပင် သိလိုစိတ်ဖြစ်နေသည်။ လီယန်ဘိုးဘေးက လင်းယွမ်ကို သတ်ရန် ကြိုးစားနေသော အနာဂတ်ကို ဖော်ပြနေသည့် အချိန်အတိုင်းအတာများက လျင်မြန်စွာ ပြန့်ကားလာသည်။
" အဲ့ဒါ ဘာလဲ။ " လီယန်ဘိုးဘေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ထိုအနာဂတ်အတိုင်းအတာကို ကြည့်လိုက်ချိန်တွင် အစ၌ သူက လင်းယွမ်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သည်။ အလွှာဆယ့်သုံး အချိန်သက်ရှိ၏ တိုက်ခိုက်မှုကို လင်းယွမ်က ခုခံနိုင်စွမ်းမရှိခဲ့ပေ။