အချိန်အတိုင်းအတာတစ်ခုတည်းကို ကြည့်ရှုခြင်း....
Vol. 71 Ch. 1001
ယခုအချိန်ထိ လင်းယွမ်က လီယန်ရှေးဟောင်းနိုင်ငံ၏ မှတ်တမ်းများကို ဖတ်ရှုဖူးခဲ့သော်လည်း ဘယ်သူမှ ဘိုးဘေးကို အချိန်မရွေး ဆင့်ခေယ်နိုင်သေ အခွင့်အရေးမှုး ရရှိဖူးကြောင်း မကြားဖူးပေ။ ဧကရာဇ်ပင်လျှင် မလုပ်နိုင်ပေ။ သူတို့က ကြားခံမှတစ်ဆင့် ဘိုးဘေးကို ဆင့်ခေါ်ရသော်လည်း လင်းယွမ်က တိုက်ရိုက်ဆက်သွယ်နိုင်သည်။
" ဒီကမ္ဘာမှာ သတ္တမမြောက်ဘိုးဘေး ထွက်ပေါ်လာပြီး သတ္တမမြောက် ရှေးဟောင်းနိုင်ငံ တည်ထောင်မှာကို ငါမျှော်လင့်နေပါတယ်။ "
လင်းယွမ်က အချိန်လေဟာနယ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး နန်းတော်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။
" နဂါးငွေ့တန်းလား။ " ပလ္လင်ပေါ်တွင် ထိုင်နေသော လီယန်ဧကရာဇ်က လင်းယွမ် ပေါ်လာသည်ကိုမြင်သောအခါ အံ့ဩသွားသည်။
ဘိုးဘေးနှင့် ပေါင်းစည်းရန် သွားသော နတ်ဘုရားအရှင်သခင်များက ပုံမှန်အားဖြင့် အနည်းဆုံး လအနည်းငယ်ကြာမှ ပြန်လာတတ်သည်။ ပို၍ နှေးကွေးသူများက ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်ထိ ကြာတတ်သည်။
လင်းယွမ်က ထိုလျို့ဝှက်ဆန်းကြယ်သော နေရာတွင် နာရီဝက်ပင်မပြည့်သေးဘဲ ပြန်ရောက်လာခြင်းမှာ ဧကရာဇ်တစ်ခါမှ မကြားဖူးသေးပေ။
" ကျွန်တော် မပေါင်းစည်းခဲ့ဘူး။ " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။
" မပေါင်းစည်းခဲ့ဘူးလား။ " ဧကရာဇ်က မှင်သက်သွားသည်။
" ဘိုးဘေးက ကျွန်တော်ကို လောလောဆယ် မပေါင်းစည်းသေးဖို့ ပြောခဲ့လို့ပါ။ " လင်းယွမ်က ရှင်းပြလိုက်သည်။
" ဘိုးဘေးက မင်းကို မပေါင်းစည်းသေးဖို့ ပြောခဲ့တာလား။ " ဧကရာဇ်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
" ဘိုးဘေးက ကျွန်တော်ကို အဲ့ဒီအဆင့်ကို တက်လှမ်းခါနီးမှ ပေါင်းစည်းဖို့ ပြန်လာခိုင်းခဲ့တယ်။ " လင်းယွမ်က ပြောလိုက်သည်။
" ဘိုးဘေးရဲ့ စကားက သေချာပေါက် အကြောင်းပြချက်ရှိမှာပါ။ " ဧကရာဇ်က ခဏစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။ " ဒါပေမယ့် မင်းရဲ့ စွမ်းဆောင်မှုရမှတ်တွေကရော။ "
" မလိုအပ်တော့ပါဘူး။ ဘိုးဘေးက ကျွန်တော်ကို ရတနာတိုက်ထဲက ဘယ်အမွေအနှစ်ကိုမဆို အခမဲ့လမ်းညွှန်မှုယူနိုင်တယ်လို့ ပြောခဲ့တယ်။ " လင်းယွမ်က ပြောလိုက်သည်။
" ရတနာတိုက်ထဲက အမွေအနှစ်တွေကနေ အခမဲ့ လမ်းညွှန်မှုယူနိုင်တယ်ဟုတ်လား။ " ဧကရာဇ်က လင်းယွမ်ကို ကြည့်ပြီး မှင်သက်သွားသည်။
၎င်းမှာ ရှေးဟောင်းနိုင်ငံ၏ ရတနာတိုက်တစ်ခုလုံးကို လင်းယွမ်အတွက် အပြည့်အဝ ဖွင့်ပေးလိုက်ခြင်းပင်ဖြစ်သည်။ ဘိုးဘေးက ရှေးဟောင်းနိုင်ငံ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း လင်းယွမ်အတွက်မူ ခြွင်းချက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။
" ဒါဆို ကျွန်တော် ပြန်လိုက်ပါဦးမယ်။ " လင်းယွမ်က ဧကရာဇ်နှင့် ခဏစကားပြောပြီးနောက် နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။
ဧကရာဇ်က လင်းယွမ်ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူ၏ အမူအရာက ပြန်လည်တည်ငြိမ်သွားသည်။
" ဘိုးဘေးက နဂါးငွေ့တန်းကို ထူးထူးခြားခြား ဆက်ဆံနေတာပဲ။ စည်းမျဉ်းတွေကို ချိုးဖျက်ပြီးတော့တောင် လုပ်ပေးခဲ့တာပဲ။ " ဧကရာဇ်က လေးနက်စွာ တွေးလိုက်သည်။
လင်းယွမ်က အမှန်တကယ် ကြောက်စရာကောင်းသော ပါရမီရှိပြီး ရှေးဟောင်းနိုင်ငံခြောက်ခုတွင် ပထမဆုံးသော နတ်ဘုရားအရှင်သခင်ဖြစ်လာခဲ့သည်။ သို့သော် သူက ဘိုးဘေးအဆင့်သို့ မရောက်ရှိသရွေ့ လီယန်ဘိုးဘေး၏ အာရုံစိုက်မှုကို ရရှိမည်မဟုတ်သကဲ့သို့ ဘိုးဘေးအတွက်လည်း အရေးပါသူ ဖြစ်လာမည်မဟုတ်ပေ။ သို့သော် လင်းယွမ်က ဘိုးဘေး၏ ထိုသို့ဆက်ဆံမှုကို ရရှိခဲ့သည်။
" ဘိုးဘေးရဲ့ အောက်မှာ ရှိတဲ့ သက်ရှိအားလုံးက ပုရွက်ဆိတ်တွေပါပဲ။ ဘိုးဘေးက စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုရင် ဘိုးဘေးနဲ့ တန်းတူအဆင့်ရှိတဲ့သူတစ်ယောက်ပဲ ဖြစ်ရမယ်။ " ဧကရာဇ်က လင်းယွမ် ထွက်သွားရာလမ်းကို ကြည့်ပြီး စိတ်ထဲတွင် လှိုင်းထန်သွားသည်။ " ဘိုးဘေးလား။ "
လင်းယွမ်က ရတနာတိုက်သို့သွားခဲ့ပြီး အမွေအနှစ်ကိုးခုလုံး၏ အချက်အလက်များကို စတင်ကြည့်ရှုလိုက်သည်။ အစပိုင်းတွင် သူက ၎င်းတို့ထဲမှ သုံးခုကို ပယ်ချထားခဲ့သည်။ အကြောင်းမှာ ထိုအမွေအနှစ် သုံးခုတွင် ဖုံးကွယ်ထားသော ဘေးအန္တရာယ်များ ရှိနေသောကြောင့်ဖြစ်သည်။
သို့သော် ယခုအခါ အမွေအနှစ်အားလုံးကို အခမဲ့ ကြည့်ရှုနိုင်ပြီဖြစ်သောကြောင့် လင်းယွမ်က ထိုအမွေအနှစ် သုံးခုအား ကြည့်ရှုနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။
ကျင့်ကြံခြင်းမပြုလျှင်တောင် အလွှာဆယ့်သုံး အမွေအနှစ်များကို လေ့လာခြင်းက အလွန်တန်ဖိုးရှိလှသည်။ ဘေးထွက်ဆိုးကျိုးများရှိလျှင်တောင် ကိုးကားရန်အတွက် ကောင်းမွန်သောအရာဖြစ်သည်။
" လီယန်နှလုံးသား..." လင်းယွမ်က အမွေအနှစ်ကို အကြမ်းဖျင်း လေ့လာလိုက်သည်။
အလွှာဆယ့်သုံးသို့ ရောက်ရှိနေသော နှလုံးသားတစ်ခုကို ဖန်တီးပြီး အလွှာဆယ့်နှစ့် ကန့်သတ်ချက်ကို ကျော်လွန်သော စွမ်းအားကို ရယူခြင်းဖြစ်သည်။ ထိုအမွေအနှစ်၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ လင်းယွမ်၏ စိတ်ကူးထားသည်ထက် ကျော်လွန်နေခဲ့သည်။
" အထွတ်အထိပ်ထိ ကျင့်ကြံနိုင်ပြီး ကိုယ့်ရဲ့ နှလုံးသားကို လီယန်နှလုံးသားအဖြစ် လုံးဝ ပြောင်းလဲလိုက်ရင် စွမ်းအားင အလွှာဆယ့်သုံးကို ခြေတစ်လှမ်းရောက်ရှိနေတဲ့ ရွှမ်ဟွမ်အောက် မလျော့လောက်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
သို့သော် ထိုနှလုံးသားကို အဆုံးထိ ကျင့်ကြံနိုင်ရန် ခက်ခဲလှသည်။ အလွန်ထူးခြားသော ဘိုးဘေးသွေးမျိုးဆက်ကို လိုအပ်ပြီး အရေးကြီးသော အခိုက်အတန့်တွင် ဘိုးဘေး၏ အနှစ်သာရသွေးတစ်စက်ကိုပင် စုပ်ယူရမည်ဖြစ်သည်။
" ဒီအမွေအနှစ်ကို ငါမကျင့်ကြံပေမယံ အချို့ အယူအဆတွေကိုတော့ ကိုးကားလို့ရတယ်။ အထူးသဖြင့် အလွှာဆယ့်သုံးစွမ်းအားကို အသုံးပြုတဲ့နေရာမှာပဲ။ " လင်းယွမ်က နောက်ထပ် အမွေအနှစ်ရှစ်ခုကို ကြည့်ရှုပြီးနောက် အသိအမြင်များက သူ၏ စိတ်ထဲသို့ စီးဝင်လာခဲ့သည်။
" ဘိုးဘေးက ငါ အလွှာဆယ့်သုံးကို ရောက်ဖို့ ဖြစ်နိုင်ခြေများတယ်လို့ ပြောခဲ့ပေမယ့် ငါပေါ့ဆလို့မရဘူး။ " လင်းယွမ်က စဉ်းစားနေသည်။
အချိန်သက်ရှိတစ်ယောက်က ထိုသို့ပြောဆိုခြင်းမှာ ရှားပါးသော်လည်း ၎င်းက လင်းယွမ်ကို ပို၍ သတိထားသွားစေသည်။ အလွှာဆယ့်သုံးသို့ ရောက်ရန် ဖြစ်နိုင်ခြေများခြင်းမှာ အောင်မြင်သည်ဟု မဆိုလိုပေ။ မျှော်လင့်ချက်ကြီးမားလေ နောက်ဆုံးကျရှုံးသွားလျှင် ကနဦးရင်းနှီးမြှုပ်နှံမှုအားလုံးမှာ အချည်းနှီးဖြစ်သွားပေလိမ့်မည်။ လင်းယွမ်က သဘာဝအတိုင်း ထိုသို့မဖြစ်လိုပေ။
" လုပ်သင့်လုပ်ထိုက်တာတော့ ဆက်လုပ်ရမယ်။ ဘိုးဘေးရဲ့ အကဲဖြတ်မှုကြောင့်နဲ့ ငါ ပေါ့လျော့သွားလို့မဖြစ်ဘူး။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆက်ပြီး ပျံ့နှံ့အောင် လုပ်ရဦးမယ်။ " လင်းယွမ်က တွေးလိုက်သည်။
လျို့ဝှက်ဆန်းကြယ်သော နေရာတွင် လင်းယွမ် ပြန်သွားပြီးနောက် လီယန်ဘိုးဘေးက ပျောက်ကွယ်သွားခြင်းမရှိပေ။ ထိုသို့မလုပ်ဘဲ သူက လင်းယွမ်ကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။
" အချိန်အတိုင်းအတာ ၁၃၆၈ခုလုံးမှာ အားလုံးက ဘိုးဘေးအဆင့်နဲ့ အဆုံးသတ်နေတာလား။ " လီယန်ဘိုးဘေးက လင်းယွမ်၏ အနာဂတ်ကို ဆက်လက်ကြည့်ရှုနေခဲ့သည်။
" ထားလိုက်တော့ အသစ်တွေမကြည့်တော့ဘူး။ အချိန်အတိုင်းအတာတစ်ခုတည်းကိုပဲ အနက်ရှိုင်းဆုံးအထိ ကြည့်ရအောင်။ " လီယန်ဘိုးဘေးက တွေးလိုက်သည်။
ယခု သူကြည့်နေသော အချိန်အတိုင်းအတာ တစ်ထောင်ကျော်တွင် အချိန်အတိုင်းအတာတစ်ခုစီက လင်းယွမ် အလွှာဆယ့်သုံးသို့ ရောက်ရှိသောအခါ ရပ်တန့်သွားကြသည်။ အကြောင်းမှာ အလွှာဆယ့်သုံးနှင့် သက်ဆိုင်သော အချိန်အတိုင်းအတာကို ကြည့်ရှုရန် အဆပေါင်းများစွာ ခက်ခဲသွားသောကြောင့်ဖြစ်သည်။
ထို့ကြောင့် လီယန်ဘိုးဘေးက မဆင်မခြင် မလုပ်ခဲ့ပေ။ ရလဒ်မပြောင်းလဲသော အချိန်အတိုင်းအတာ တစ်ထောင်ကျော်ကို ကြည့်ရှုပြီးနောက် လင်းယွမ်က အမှန်တကယ် မည်မျှအထိ ကြီးထွားနိုင်မည်ကို သူကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အလွှာဆယ့်သုံးသို့ ရောက်ရှိခြင်းက အဓိကမဟုတ်ပေ။ အလွှာဆယ့်သုံးကြားမှာပင် အားကြီးသူနှင့်အားနည်းသူဟူ၍ ကွဲပြားမှုများ ရှိနေဆဲ ဖြစ်သည်။ အစွမ်းထက်သော အချိန်သက်ရှိများက အနာဂတ် အချိန်အတိုင်းအတာများကို ပိုမိုမြင်တွေ့နိုင်ပြီး သူတို့၏ အစီအစဉ်များက နက်ရှိုင်းသော သက်ရောက်မှုရှိကြသည်။
လီယန်ဘိုးဘေးက သူ၏ အတွေးများကို စုစည်းပြီး အချိန်အတိုင်းအတာတစ်ခုကို နက်ရှိုင်းစွာ ဝင်ရောက်ကြည့်ရှုလိုက်သည်။ လင်းယွမ်က အလွှာဆယ့်သုံးသို့ ရောက်ရှိသွားသော အချိန်ကို လျင်မြန်စွာ ရောက်သွားသည်။ မြင်ကွင်းတစ်ခုပြီးတစ်ခုက လီယန်ဘိုးဘေး၏ ရှေ့တွင် ပေါ်လာသည်။
မှောက်မိုက်ပြီး အသက်မဲ့နေသော ဟင်းလင်းပြင်တစ်ခုတွင် လူငယ်တစ်ယောက်က ခြေချိတ်ထိုင်နေပြီး သူ၏ ခေါင်းပေါ်တွင် ကြီးမားသော အဖြူအမဲ ယင်ယန်ထိုက်ကျိသင်္ကေတတစ်ခု ရှိနေသည်။ ၎င်းက အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဖြစ်နိုင်ခြေအားလုံးကို လွှမ်းခြုံထားပြီး လူငယ်အလိုရှိရာ အနာဂတ်ဆီသို့ ဦးတည်နေသည်။
ထိုက်ကျိပုံရိပ်၏ အောက်တွင် အဆုံးမရှိသော စိတ်ဝိညာဉ်အလင်းများဖြင့် ပြည့်နှက်နေသော တည်ရှိမှုတစ်ခုက ဒေါသတကြီး ဟိန်းဟောက်နေသည်။ ထိုတည်ရှိမှုက သက်ရှိအားလုံး၏ မူလရင်းမြစ်ဖြစ်ပုံရပြီး သူ၏ တည်ရှိမှုက ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ကို လွှမ်းမိုးထားသော်လည်း ယခုအချိန်တွင် လူငယ်၏ ဖိနှိပ်ခြင်းကို ခံထားရသည်။
" နဂါးငွေ့တန်း အခုကစပြီး နှစ်ပေါင်း သန်း ၁၈၀ ဘီလီယံအတွက် ငါ့ရဲ့ အစီအစဉ်တွေကို လက်လျှော့လိုက်ပြီ။ အဲ့ဒီဒိုင်မန်းရှင်းက မင်းအပိုင်ပဲ။ " ထိုတည်ရှိမှုက အရှုံးပေးလိုက်သည်။
" တလင်း...." ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လီယန်ဘိုးဘေး၏ စိတ်က အနည်းငယ် တုန်ယင်သွားသည်။
ထိုစိတ်ဝိညာဉ်အလင်းများနှင့် တည်ရှိမှုက တလင်းဘိုးဘေးဖြစ်ပြီး လက်ရှိဘိုးဘေးခြောက်ယောက်ထဲတွင် တဖုဘိုးဘေးပြီးလျှင် ဒုတိယမြောက် အသန်မာဆုံး အချိန်သက်ရှိဖြစ်သည်။ သို့သော် အနာဂတ်တွင် တလင်းဘိုးဘေးက ထိုလူငယ်၏ ဖိနှိပ်မှုကို ခံနေရပြီး သူ၏ အနာဂတ်အစီအစဉ်များကိုပင် စွန့်လွှတ်ရန် ဖိအားပေးခြင်းခံနေရသည်။
လီယန်ဘိုးဘေးက ခဏရပ်တန့်သွားပြီး အနာဂတ်ကို ပို၍ ဆက်လက်ကြည့်ရှုလိုက်သည်။