← Chapters

အချိန်အတိုင်းအတာ၏ တန်ပြန်မှု...

Vol. 71 Ch. 1002

အချိန်အတိုင်းအတာ၏ တန်ပြန်မှု...

Vol. 71 Ch. 1002

ကမ္ဘာမူလရင်းမြစ်၏ အော်ရာများဖြင့် ပြည့်နှက်နေသော ခန့်ညားထည်ဝါသည့် လူတစ်ယောက်၊ သူ၏ လှုပ်ရှားမှုတိုင်းတွင် ရင်မြစ်ကမ္ဘာတစ်ခုလုံးကို တုန်ခါစေနိုင်သော်လည်း ယခုအချိန်တွင်မူ ထိုလူမှာ ထွက်ပြေးနေရသည်။ သူက ဒိုင်မန်းရှင်းအက်ကြောင်းများကို ဖောက်ခွဲကာ မသိရသေးသော အခြားဒိုင်မန်းရှင်းသို့ ထွက်ပြေးရန်ပင် ကြိုးစားနေရသည်။

သို့သော်လည်း ချက်ချင်းဆိုသလိုပင် အဖြူအနက် ထိုက်ကျိပုံရိပ်ကြီးက လွှမ်းခြုံလာပြီး အချိန်အတိုင်းအတာများကို ပြောင်းလဲပစ်လိုက်သည်။

" တဖု " လူငယ်က အထက်မှနေ၍ ထိုခန့်ညားသော လူကို ငုံ့ကြည့်လိုက်သည်။

"တဖုပါ ထွက်ပြေးရတာလား။ " လီယန်ဘိုးဘေးက အလွန်တုန်လှုပ်သွားသည်။

ဘိုးဘေးခြောက်ယောက်ထဲတွင် တဖုဘိုးဘေးက အသန်မာဆုံးဖြစ်သော်လည်း အနာဂတ်တွင် တဖုဘိုးဘေးပင်လျှင် လင်းယွမ်၏ လိုက်လံတိုက်ခိုက်မှုကို ခံနေရပြီး ထိတ်လန့်တုန်လှုပ်စွာ ပြေးနေရကာ နောက်ဆုံးတွင် လွတ်အောင်မပြေးနိုင်ခဲ့ပေ။

" အလွှာဆယ့်သုံးကို ရောက်ပြီးတဲ့နောက်မှာလည်း တိုးတက်မှုက ဒီလောက်တောင် မြန်နေတာလား။ " လီယန်ဘိုးဘေးက မယုံကြည်နိုင်ဖြစ်နေသည်။

အလွှာဆယ့်သုံးတွင် ကျင့်ကြံခြင်းက အလွှာဆယ့်နှစ်နှင့် လုံးဝ ကွဲပြားပြီး လင်းယွမ်က အလွှာဆယ့်နှစ်တွင် လျင်မြန်စွာ တိုးတက်ခြင်းက အလွှာဆယ့်သုံးတွင်လည်း ထိုသို့ဖြစ်လိမ့်မည်ဟု အာမမခံနိုင်ပေ။ ထိတ်လန့်စွာ ထွက်ပြေးနေသော တဖုဘိုးဘေးကို လိုက်လံနှိမ်နင်းနိုင်ခြင်းမှာ လျင်မြန်စွာ တိုးတက်ခြင်းထက်ပင် ကျော်လွန်နေပြီဖြစ်သည်။

" ဆက်ကြည့်ရအောင်။ " လီယန်ဘိုးဘေးက မနေနိုင်တော့ဘဲ အနာဂတ်ကို ပို၍ပင် ဆက်ကြည့်လိုက်မိသည်။

သို့သော် သူက အနာဂတ်၏ အဝေးဆုံးသို့ ကြည့်လိုက်သည့် အခိုက်အတန့်တွင် နက်ရှိုင်းသော အကြည့်တစ်ခုက သူ့ဆီသို့ ရောက်လာသည်ကို ခံစားလိုက်ရသည်။

ဝုန်း...

လီယန်ဘိုးဘေးက သူ၏ စိတ်ဝိညာဉ်တစ်ခုလုံး တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး စိတ်အသိကလည်း ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ဝေဝါးသွားခဲ့သည်။

" ငါဆက်ကြည့်လို့မရတော့ဘူး။ " လီယန်ဘိုးဘေးက ဝေဝါးနေသော စိတ်အသိကို အသည်းအသန် ထိန်းချုပ်ကာ အနာဂတ်အား ကြည့်ရှုနေခြင်းကို အမြန်ရပ်တန့်လိုက်ပြီး သူ၏ စိတ်ကို တဖြည်းဖြည်း ပြန်လည်တည်ငြိမ်အောင် လုပ်လိုက်သည်။

သို့သော် အနာဂတ်ကို အတင်းအကျပ် ကြည့်ရှုခြင်းကြောင့် ဖြစ်ပေါ်လာသော အချိန်အတိုင်းအတာ၏ တန်ပြန်မှုကို ဖယ်ရှားရန်အတွက် အနည်းဆုံး နှစ်အနည်းငယ် အချိန်ယူရပေလိမ့်မည်။

" ဒါက ဘယ်လိုဖြစ်တာလဲ။ " ပြန်လည်တည်ငြိမ်သွားပြီးနောက် လီယန်ဘိုးဘေးက စိတ်ထဲတွင် အလွန်ထိတ်လန့်သွားသည်။

အချိန်သက်ရှိများက အနာဂတ်အချိန်အတိုင်းအတာများကို အရိပ်အယောင် မြင်တွေ့နိုင်သော်လည်း အချို့သော ကန့်သတ်ချက်များ ရှိနေသည်။ အလွှာဆယ့်သုံး အချိန်သက်ရှိများပင်လျှင် အချိန်အတိုင်းအတာများ၏ အစိတ်အပိုင်းအချို့ကိုသာ ကြည့်ရှုနိုင်ပြီး အနာဂတ်အားလုံးကို ဆုပ်ကိုင်နိုင်ခြင်းမရှိပေ။

ထို့အပြင် ကြည့်ရှုလိုက်သော အနာဂတ်အချိန်အတိုင်းအတာက မိမိနှင့် အဆင့်တူ အချိန်သက်ရှိများနှင့် ပက်သက်နေလျှင် အလွန်ခက်ခဲသွားပြီး ပြင်းထန်သော တန်ပြန်မှုများကို ဖြစ်ပေါ်​စေသည်။ ထို့အပြင် အနာဂတ်ကို ပို၍ ကြည့်ရှုလေ အပြောင်းအလဲများ ပို၍ များလာလေဖြစ်ပြီး ကြည့်ရှုရန် ပိုမိုခက်ခဲလာလေဖြစ်သည်။

" ငါက တော်တော်ပြင်းထန်တဲ့ တန်ပြန်မှုကိုခံလိုက်ရတာလား။ " လီယန်ဘိုးဘေးက လေးနက်သွားသည်။

သူက နှစ်ပေါင်းများစွာ့ကာပြီးနောက် ဖြစ်လာမည့် လင်းယွမ်၏ အနာဂတ်ကို ကြည့်ရှုရန် ကြိုးစားခဲ့သော်လည်း ထိုသို့သော တန်ပြန်မှုကို တိုက်ရိုက်ခံလိုက်ရခြင်းမှာ ဖြစ်နိုင်ခြေအနည်းငယ်သာ ရှိသည်။

ပထမတစ်ခုမှာ ထိုဝေးကွာသော အနာဂတ်တွင် လင်းယွမ်က အလွန်အစွမ်းထက်သော အချိန်သက်ရှိနှင့် ပက်သက်နေပြီး ထိုအချိန်သက်ရှိ၏ ကာကွယ်မှုကြောင့် သူက အသေးစိတ်ကို မမြင်နိုင်ခြင်းဖြစ်သည်။

နောက်တစ်ခုမှာ လင်းယွမ်က ဒိုင်မန်းရှင်းများကြားရှိ အထူးပတ်ဝန်းကျင်တစ်ခုတွင် ရှိနေနိုင်ပြီး ထိုနေရာရှိ အချိန်အတိုင်းအတာ၏ မူလရင်းမြစ်များက အလွှာဆယ့်သုံး အချိန်သက်ရှိများ မြင်တွေ့နိုင်သော အနာဂတ်အတိုင်းအတာများကို နှောက်ယှက်နေခြင်းဖြစ်နိုင်သည်။

တတိယဖြစ်နိုင်ခြေမှာ ထိုဝေးကွာသော အနာဂတ်တွင် လင်းယွမ်ကိုယ်တိုင်က အလွန်အစွမ်းထက်သော အချိန်သက်ရှိတစ်ယောက်ဖြစ်နေပြီး အတိတ်မှလာသော စောင့်ကြည့်မှုများ အပါအဝင် မည်သည့်စောင့်ကြည့်မှုကိုမဆို ပိတ်ဆို့ထားနိုင်ခြင်းဖြစ်သည်။

လီယန်ဘိုးဘေးက တတိယမြောက်ဖြစ်နိုင်ခြေကို ပို၍ ယုံကြည်နေမိသည်။ အကြောင်းမှာ သူမြင်တွေ့ခဲ့ရသော အနာဂတ်အရ လင်းယွမ်၏ တိုးတက်မှုနှုန်းက အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်နေသောကြောင့် ဖြစ်သည်။

အလွှာဆယ့်သုံးသို့ ရောက်ရှိပြီးနောက်တွင် သူက ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် တိုးတက်နေပြီး အနည်းဆုံးတော့ အနာဂတ်တွင် တဖုဘိုးဘေးနှင့် တလင်းဘိုးဘေးတို့က လင်းယွမ်ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ပေ။

သို့သော် လီယန်ဘိုးဘေး မြင်တွေ့ခဲ့ရသော အနာဂတ်က ဖြစ်နိုင်ခြေတစ်ခုသာ ဖြစ်ပြီး စစ်မှန်သော အနာဂတ်တွင် တဖုဘိုးဘေးနှင့် တလင်းဘိုးဘေးတို့က လင်းယွမ်ကို ဆန့်ကျင်ချင်မှ ဆန့်ကျင်ပေလိမ့်မည်။

" အခု နဂါးငွေ့တန်းက နတ်ဘုရားအရှင်သခင်မှာ ရှိနေလို့ ငါ သူ့ရဲ့ အနာဂတ်ကို မြင်နိုင်တာပဲ။ " လီယန်ဘိုးဘေးက တွေးလိုက်သည်။

" သူသာ အလွှာဆယ့်သုံးကို တက်လှမ်းသွားရင် သူ့ရဲ့ အနာဂတ်ကို ကြည့်ရှုဖို့ အရမ်းခက်ခဲသွားလိမ့်မယ်။ " လီယန်ဘိုးဘေးက ရေရွတ်လိုက်သည်။

အဆင့်တူ အချိန်သက်ရှိများ၏ အနာဂတ်ကို တိုက်ရိုက်ကြည့်ရှုခြင်းက ခက်ခဲရုံသာမက အလွန်ဝေဝါးလှပြီး မပြည့်စုံသော အချက်အလက်များသာ ရှိတတ်သည်။ အလွှာဆယ့်သုံး အချိန်သက်ရှိများကြားရှိ ယှဉ်ပြိုင်မှုများနှင့် အစီအစဉ်များက အချိန်အတိုင်းအတာများစွာရှိ ဖြစ်နိုင်ခြေများကို ကြည့်ရှုခြင်းဖြင့် အခြားအချိန်သက်ရှိများ၏ ဗျူဟာများ သို့မဟုတ် အစီအစဉ်များကို ခန့်မှန်းပြီးမှသာ တုန့်ပြန်မှုများ ပြုလုပ်ရခြင်းဖြစ်သည်။

အခြားအချိန်သက်ရှိများ၏ ဗျူဟာများကို ခွဲ​ခြားသိမြင်နိုင်ခြင်း ရှိမရှိမှာ မိမိအနေဖြင့် မတူညီသော အနာဂတ်အတိုင်းအတာများကို မည်မျှအထိမြင်နိုင်သည်ဟူသော အချက်ပေါ်တွင် မူတည်သည်။

" ငါ အချိန်အတိုင်းအတာတွေကို မကြာခင် ပြန်ကြည့်ရတော့မယ်ထင်တယ်။ အနာဂတ်မှာ နဂါးငွေ့တန်းရှိနေတာက ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်လာစေနိုင်တယ်။ " လီယန်ဘိုးဘေးက တွေးလိုက်သည်။

အချိန်သက်ရှိများအတွက် ကျင့်ကြံခြင်းအပြင် အဓိကလုပ်ဆောင်ချက်မှာ အနာဂတ်အတိုင်းအတာများကို ကြည့်ရှုခြင်းပင်ဖြစ်သည်။ သို့သော် အချိန်သက်ရှိများက အနာဂတ်ကို ကြည့်ရှုသောအခါ သီခြားအချိန်အတိုင်းအတာတစ်ခုကို နက်ရှိုင်းစွာ ဝင်ရောက်ကြည့်ရှုလေ့ရှိသောကြောင့် အချိန်များစွာ ကုန်ဆုံးတတ်သည်။

လင်းယွမ်ကို မတွေ့မီ လီယန်ဘိုးဘေး ကြည့်ရှုနေသော အချိန်အတိုင်းအတာများက လွန်ခဲ့သော နှစ်ပေါင်း သိန်းချီမှ သန်းချီအထိ ကြာမြင့်သော အချိန်များမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က လင်းယွမ်က ရင်းမြစ်ကမ္ဘာသို့ ဆင်းသက်လာခြင်းမရှိသေးပေ။ ထို့ကြောင့် လီယန်ဘိုးဘေး မြင်တွေ့ခဲ့ရသော အချိန်အတိုင်းအတာများတွင် လင်းယွမ်မပါဝင်ခဲ့သောကြောင့် လီယန်ရှေးဟောင်းနိုင်ငံတွင် ထိုကဲ့သို့ ထူးခြားသော ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသည်ကို သူ သတိမပြုမိခဲ့ခြင်းဖြစ်သည်။

ယခုအခါ လင်းယွမ်၏ တည်ရှိမှုကို အတည်ပြုပြီးနောက် လီယန်ဘိုးဘေးက ယခင်က ကြည့်ရှုခဲ့သော အချိန်အတိုင်းအတာများကို စွန့်လွှတ်ပြီး ဤအခိုက်အတန့်မှစ၍ အသစ်ပြန်လည်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

လင်းယွမ်၏ အလွှာဆယ့်သုံး ပါဝင်ပက်သက်မှုကြောင့် ရင်းမြစ်ကမ္ဘာ၏ အနာဂတ်က အခြားလမ်းကြောင်းတစ်ခုသို့ ဦးတည်သွားတော့မည်ဖြစ်ပြီး ယခုမြင်တွေ့ရမည့် အချိန်အတိုင်းအတာမှင့် လုံးဝ ကွဲပြားခြားနားသွားပေလိမ့်မည်။

" တကယ်မယုံကြည်နိုင်စရာပဲ။ " လီယန်ဘိုးဘေးက သက်ပြင်းချလိုက်သည်။

လင်းယွမ်၏ အနာဂတ်ကို ကြည့်ရှုခြင်းဖြင့် ပြောင်းလဲမှုများစွာ ရှိနေသည့် အနာဂတ်ကြားတွင် အမှန်တကယ် သေချာသော အရာတစ်ချို့ တည်ရှိနေကြောင်း သူနားလည်သွားသည်။

" မကြာခင်မှာ ပြည့်စုံတဲ့ အချိန်သက်ရှိဖြစ်လာမယ့် အချိန်အရှင်သခင်တွေက သူတို့ရဲ့ အချိန်အတိုင်းအတာတွေကို စုစည်းပြီး အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို တစ်သားတည်းဖြစ်အောင် လုပ်ကြတယ်လို့ ပြောကြတယ်။ ဒါပေမယ့် နဂါးငွေ့တန်းက အလွှာဆယ့်သုံးကိုတောင် မရောက်သေးဘဲ ဘယ်လိုလုပ် ဒီလောက် သေချာတဲ့ အနာဂတ်မျိုးရှိနေတာလဲ။ " လီယန်ဘိုးဘေးက ခဏစဉ်းစားပြီးနောက် အနာဂတ် အချိန်အတိုင်းအတာများကို ပြန်လည်ကြည့်ရှုနေခဲ့သည်။

နန်းတော်ထဲတွင် လင်းယွမ်က သူ၏ အာရုံအများစုကို ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်အား လေ့လာရန် အာရုံစိုက်ထားပြီး တစ်ဖက်တွင် အမွေအနှစ်များကို လေ့လာရန်နှင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံအောင် လုပ်ဆောင်နေသည်။

" သွေးမျိုးဆက်... " လင်းယွမ်က သူ၏ ရှေ့မှ ချောက်နက်နဂါးသွေးစက်ကို လေ့လာနေပြီး သွေးမျိုးဆက်၏ အခြေခံအကျဆုံးသော စွမ်းအားကို နားလည်အောင် ကြိုးစားနေသည်။

ဝုန်း...

ရုတ်တရက် လင်းယွမ်၏ ရှေ့မှ ချောက်နက်နဂါးသွေးစက်က ဆူပွက်လာပြီး လက်ဝါးအရွယ်ရှိသော နဂါးနက်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုနဂါးနက်ပေါ်ရှိ အကြေးခွံတိုင်းတွင် အဆုံးမရှိသော ချောက်နက်ကြီးများကဲ့သို့ ထင်မှတ်ရပြီး ပတ်ဝန်းကျင်မှာ အချိန်လေဟာနယ်ကို တိတ်ဆိတ်စွာ သက်ရောက်နေသည်။

" ဒါက ရှေးဦးသက်ရှိ ချောက်နက်နဂါးလား။ " လင်းယွမ်က သေချာလေ့လာနေသည်။ သူက သွေးမျိုးဆက်ထဲရှိ အခြေခံစွမ်းအားကို ဖော်ထုတ်ကာ သွေးစက်မှတစ်ဆင့် ချောက်နက်နဂါး၏ မူလပုံစံကို ပြန်လည်ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။

၎င်းက ပုံသဏ္ဍန်မျှသာဖြစ်ပြီး စိတ်အသိနှင့် စိတ်ဝိညာဉ်မှာ ကြာမြင့်စွာကတည်းက ပျက်စီးသွားခဲ့ပြီဖြစ်သည်။ သို့တိုင်အောင် လင်းယွမ်က ချောက်နက်နဂါး၏ ကြောက်စရာကောင်းမှုကို ခံစားနေရဆဲ ဖြစ်သည်။

" သွေးတစ်စက်ကနေ ဖြစ်တည်လာတဲ့ နဂါးတစ်ကောင်တောင် ဒီလောက်ပြင်းထန်တဲ့ အရှိန်အဝါရှိနေတယ်။ ဒီရှေးဦးသက်ရှိရဲ့ အထွတ်အထိပ်စွမ်းအားက ငါ့ရဲ့ လက်ရှိစွမ်းအားထက် မနိမ့်လောက်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

All Chapters