← Chapters

သိုင်းတာအိုကို ဖြန့်ကျက်ခြင်း...

Vol. 71 Ch. 1003

သိုင်းတာအိုကို ဖြန့်ကျက်ခြင်း...

Vol. 71 Ch. 1003

တဖုဘိုးဘေးကိုယ်တိုင် ချောက်နက်နဂါးကို သတ်ခဲ့ခြင်းကပင် ထိုသက်ရှိ၏ ကြောက်စရာကောင်းမှုကို သက်သေပြနေသည်။ အလွှာဆယ့်သုံး အချိန်သက်ရှိများအတွက် အလွှာဆယ့်သုံးအောက်ရှိ မည်သည့်သက်ရှိမဆို သူတို့၏ အာရုံကို ဆွဲဆောင်နိုင်ရန် မလွယ်ကူပေ။

" ပြည့်စုံလုနီးပါးဖြစ်သွားပြီ။ " လင်းယွမ်က လက်တစ်ဖက်ဝှေ့ရမ်းလိုက်ရာ လက်ဝါးအရွယ် နဂါးနက်လေးက ပျောက်ကွယ်သွားပြီး ချောက်နက်နဂါးသွေးစက်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ ထို့နောက် သူက ၎င်းကို ပြန်လည်သိမ်းဆည်းလိုက်သည်။

ရာစုနှစ်အချို့ကြာအောင် ပြင်ဆင်ပြီးနောက် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရင်းမြစ်ကမ္ဘာနှင့် ကိုက်ညီအောင် ဖန်တီးခဲ့သည်။

" ဒါပေမယ့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေဖို့အတွက် ဘိုးဘေးကို အကြောင်းကြားဖို့လိုသေးတယ်။ " လင်းယွမ်က တွေးလိုက်သည်။ " လီယန်ရှေးဟောင်းနိုင်ငံက သက်ရှိအားလုံးက ဘိုးဘေးရဲ့ မျိုးဆက်တွေဖြစ်ပြီး ဘိုးဘေးဆီက ဆင်းသက်လာတဲ့ ကျင့်စဉ်တွေကို ကျင့်ကြံနေကြတယ်။ "

လင်းယွမ်က သူ၏ လမ်းစဉ်က အရန်လမ်းစဉ်အဖြစ် ပျံ့နှံ့စေလိုလျှင်တောင် ဘိုးဘေးကို အသိပေးရမည်ဖြစ်သည်။ ထိုသို့တွေးပြီးနောက် လင်းယွမ်က ဘိုးဘေး၏ နာမည်ကို ရွတ်ဆိုလိုက်သည်။

စွမ်းအားများ စုစည်းလာပြီး လီယန်ဘိုးဘေး ပေါ်လာသည်။ သူက လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။ " နဂါးငွေ့တန်း။ "

" ဘိုးဘေး ကျွန်တော်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ခွင့်ပြုပါ။ " လင်းယွမ်က ပြောလိုက်သည်။

" မင်းရဲ့ ဆင့်ကဲပြောင်းလဲမှုလမ်းစဉ်ကို ဖြန့်ကျက်ချင်တယ်။ " လီယန်ဘိုးဘေးက လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။ " သေချာပေါက် လုပ်နိုင်တာပေါ့။ "

" ကျေးဇူးတင်ပါတယ် ဘိုးဘေး။ " လင်းယွမ်က ပြောလိုက်သည်။

" ငါတို့ကြားမှာ ကျေးဇူးတင်ဖို့ မလိုပါဘူး။ " လီယန်ဘိုးဘေးက ခေါင်းခါပြီး ပျောက်ကွယ်သွားသည်။

တဖုရှေးဟောင်းနိုင်ငံက ထိုကမ္ဘာ၏ အကြွယ်ဝဆုံးဒေသကို ပိုင်ဆိုင်ထားသည်။ မြို့တော်၏ အလယ်ရှိ နန်းတော်တွင် လူအချို့ စုဝေးနေကြသည်။ ထိုလူများက သန်မာသော အော်ရာများကို ထုတ်လွှတ်နေကြပြီး သူတို့ထဲတွင် အသန်မာဆုံးနတ်ဘုရားအရှင်သခင် ဆယ်ယောက် ပါဝင်နေသည်။

" ဘိုးဘေးရောက်လာတော့မယ်။ ပုံမှန်အတိုင်းပဲ ငါတို့ရဲ့ ကျင့်ကြံမှုကို လမ်းညွှန်ပေးလိမ့်မယ်။ " တဖုရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။ " ပြီးတော့ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ပြောလိမ့်မယ်။ "

ရှေးဟောင်းနိုင်ငံခြောက်ခု၏ ဘိုးဘေးများထဲတွင် တဖုဘိုးဘေးက သူ၏ မျိုးဆက်များကို ပျိုးထောင်ရာ၌ စိတ်အားအထက်သန်ဆုံးဖြစ်သည်။ သူက အခါအားလျော်စွာ ဆင်းသက်လာပြီး နတ်ဘုရားအရှင်သခင်များကို လမ်းညွှန်မှုပေးလေ့ရှိသည်။

သို့သော် ယခုအခါ ရောက်ရှိနေသော နတ်ဘုရားအရှင်သခင်များက ကြီးမားသော ဖိအားကို ခံစားနေကြရသည်။ အကြောင်းမှာ မကြာသေးမီက ဖြစ်ရပ်များထဲတွင် လီယန်ရှေးဟောင်းနိုင်ငံက တဖုရှေးဟောင်းနိုင်ငံကို အနိုင်ယူပြီး အဆင့်တစ်ရတနာနယ်မြေကို သိမ်းပိုက်သွားခြင်းမှာ ဘိုးဘေးထံမှ ဖုံးကွယ်၍ မရတိုင်သောကြောင့် ဖြစ်သည်။

ရွှေရောင်မြူခိုးရတနာနယ်မြေကို မသိမ်းပိုက်နိုင်ခဲ့ခြင်းမှာ နဂါးငွေ့တန်း၏ ကြောက်စရာကောင်းသော စွမ်းအားကြောင့်ဟု ဆိုနိုင်သော်လည်း တဖုဘိုးဘေးက ၎င်းတို့ကို ဂရုစိုက်မည်မဟုတ်ဘဲ သူတို့ကိုသာ အပြစ်တင်​ပေလိမ့်မည်။

" ဘိုးဘေးဆင်းသက်လာတော့မယ်။ " ဧကရာဇ်က နတ်ဘုရားအရှင်သခင်များကို ကြည့်ပြီး စိတ်ထဲတွင် စိုးရိမ်နေသည်။ ဘိုးဘေးများကလည်း အထက်တွင် အားပြိုင်နေကြပြီး ယခုအခါ တဖုရှေးဟောင်းနိုင်ငံက လီယန်ရှေးဟောင်းနိုင်ငံထက် နိမ့်ကျသွားသည်ကို သိလျှင် ဘိုးဘေးက ဝမ်းသာနိုင်မည်မဟုတ်ပေ။

လီယန်ရှေးဟောင်းနိုင်ငံတွင် လင်းယွမ်က ဘိုးဘေး၏ သဘောတူညီမှုကို ရရှိပြီးနောက် လင်းယွမ်က ဧကရာဇ်ထံသို့ သွားရောက်ခဲ့သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ခြင်းက သာမန်ကိစ္စသာဖြစ်သော​ကြောင့် လင်းယွမ်ကိုယ်တိုင် လုပ်ဆောင်မည်မဟုတ်ဘဲ နိုင်ငံတာဝန်အဖြစ် လွှဲပြောင်းပေးရုံသာဖြစ်သည်။

" နဂါးငွေ့တန်း ဘာကိစ္စရှိလို့လဲ။ " ဧကရာဇ်က ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော် ဘိုးဘေးသွေးမျိုးဆက်ကို ဖော်ထုတ်တဲ့ နည်းလမ်းကို ပြည့်စုံအောင် လုပ်ပြီးပါပြီ။ " လင်းယွမ်က ပြောလိုက်သည်။

" ဟုတ်လား။ " ဧကရာဇ်၏ မျက်လုံးများက တောက်ပသွားသည်။

" ဒါပေမယ့် သွေးမျိုးဆက်ကို ဖော်ထုတ်တာက ကံကောင်းမှုအပေါ်လည်း မူတည်သေးတယ်။ လူတိုင်းက ဘိုးဘေးသွေးမျိုးဆက်ထဲရ အစွမ်းထက်တဲ့ စွမ်းရည်တွေကိုပဲ ဖော်ထုတ်နိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က သတိပေးလိကြ်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သွေးမျိုးဆက်ကို ဖော်ထုတ်ရာ၌ တိုးတက်မှုများစွာရှိသော်လည်း ၎င်းက လူတစ်ယောက်ချင်းစီအပေါ်တွင်သာ မူတည်နေဆဲ ဖြစ်သည်။

လင်းယွမ်က သိုင်းတာအိုဘိုးဘေးဖြစ်ပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်သောကြောင့် သွေးမျိုးဆက်၏ စွမ်းအားကို ပိုမိုနက်ရှိုင်းစွာ ထုတ်ဖော်နိုင်ပြီး လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို နိုးထနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အခြားသူများက လင်းယွမ်နှင့်မတူပေ။ သူတို့က သွေးမျိုးဆက်စွမ်းအားကို ဖော်ထုတ်ရန် မိမိအပေါ်တွင်သာမက သွေးမျိုးဆက်အပေါ်တွင်လည်း မူတည်နေသည်။

" အဲ့ဒါက သဘာဝကျပါတယ်။ " ဧကရာဇ်က အံ့ဩခြင်းမရှိဘဲ ခေါင်းညိမ့်လိုက်သည်။

အကယ်၍ လင်းယွမ်၏ နည်းလမ်းက လူတိုင်းကို နတ်ဘုရားအရှင်သခင်အဆင့် သွေးမျိုးဆက်များအား ဖော်ထုတ်နိုင်သည်ဟု ပြောလျှင် သူယုံကြည်မည်မဟုတ်ပေ။ ဧကရာဇ်အတွက်မူ သူ၏ နိုင်ငံသားများက ဘိုးဘေးသွေးမျိုးဆက်ကို အနည်းငယ် ဖော်ထုတ့ပြီး သူတို့၏ စွမ်းအားကို အနည်းငယ် မြှင့်တင်ပေးရုံဖြင့် ကျေနပ်နေပြီဖြစ်သည်။

" ကြည့်လိုက်ပါဦး။ " လင်းယွမ်က လက်ဝှေ့ရမ်းလိုက်ရာ သူပြုပြင်ထားသော သိုင်းတာအိုဆင့်ကဲပြောင်းလဲ​ခြင်းလမ်းစဉ်က သူ၏ ရှေ့တွင် ပေါ်လာသည်။

" အဲ့ဒါ ဘာလဲ။ " ဧကရာဇ်က ဂရုတစိုက် ကြည့်ရှုပြီးနောက် ထိတ်လန့်သွားသည်။

" ဒါက လုံးဝ အသစ်ဖြစ်တဲ့ ကျင့်ကြံခြင်း အမွေအနှစ်တစ်ခုလား။ " ဧကရာဇ်က အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။ အစပိုင်းတွင် သူက ထိုအရာကို ဘိုးဘေးသွေးမျိုးဆက်အား ဖော်ထုတ်ပေးနိုင်သည့် နည်းစနစ်တစ်ခုဟု ထင်မှတ်မိနေခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ ၎င်းက ကျင့်ကြံခြင်းအမွေအနှစ်တစ်ခု ဖြစ်နေသည်။ အမွေအနှစ်တစ်ခုနှင့် လျို့ဝှက်နည်းစနစ်တစ်ခုက အလွန်ကွာခြားလှပြီး တစ်ခုစီအတွက် ထည့်သွင်းစဉ်းစားရမည့် အချက်အလက်များက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ခြားနားလှသည်။

" ဒီအမွေအနှစ်က လက်ရှိရှေးဟောင်းနိုင်ငံခြောက်ခုရဲ့ အမွေအနှစ်တွေနဲ့ လုံးဝမတူတဲ့ ကွဲပြားတဲ့ လမ်းစဉ်တစ်ခုပဲ။ " ဧကရာဇ်က စိတ်လှုပ်ရှားသွားသည်။

ဧကရာဇ်တစ်ပါးအနေဖြင့် သူ၏ ဗဟုသုတက ကျယ်ပြန့်လှသည်။ သူက လီယန်ရှေးဟောင်းနိုင်ငံ၏ ကျင့်စဉ်နည်းစနစ်များသာမက ကျန်ရှိသာ ရှေးဟောင်းနိုင်ငံငါးခု၏ ကျင့်စဉ်များကို ရင်းနှီးသူဖြစ်သည်။ သို့သော် လင်းယွမ်တင်ပြလိုက်သော အမွေအနှစ်က ဘိုးဘေးကိုယ်တိုင် ချန်ခဲ့သော အဓိကအမွေအနှစ်များနှင့်သာ ယှဉ်နိုင်ပေလိမ့်မည်။

" နဂါးငွေ့တန်း ဒီအမွေအနှစ်ကို မင်းကိုယ်တိုင်ဖန်တီးထားတာလား။ " ဧကရာဇ်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။

" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" မင်းက ဒီလောက်သန်မာနေတာ အံ့ဩစရာမရှိတော့ဘူး။ " ဧကရာဇ်က သက်ပြင်းချလိုက်သည်။

ကျင့်စဉ်အသစ်တစ်ခုကို ဖန်တီးနိုင်ခြင်းက စွမ်းအား၏ သဘောသဘာဝကို အနက်ရှိုင်းဆုံးအထိ နားလည်ထားသည်မှာ ထင်ရှားသည်။ ၎င်းက နိယာမများကို နားလည်ရုံသာ ဖြစ်သော နတ်ဘုရားအရှင်သခင်ထက် အဆပေါင်းများစွာ ပိုမိုခက်ခဲလေသည်။

အထူးသဖြင့် လင်းယွမ်ဖန်တီးထားသော သိုင်းတာအိုက ကဏ္ဍပေါင်းစုံမှကြည့်လျှင် ဘိုးဘေးများချန်ထားခဲ့သော ကျင့်စဉ်များထက် မနိမ့်ကျသည်မှာ မယုံကြည်နိုင်စရာကောင်းလှသည်။

" နဂါးငွေ့တန်း... မင်း ဒီကျင့်စဉ်ကို တကယ်ပဲ ဖြန့်ကျက်ချင်တာလား။ " ဧကရာဇ်က သေချာမေးလိုက်သည်။

ထိုကဲ့သို့သော ကျင့်စဉ်မျိုးက လီယန်ရှေးဟောင်းနိုင်ငံ၏ ရတနာတိုက်ထဲတွင် ထည့်သွင်းထားရန် အရည်အချင်း လုံးဝ ပြည့်မိလေသည်။ မည်သည့်ကန့်သတ်ချက်မှမရှိဘဲ ဖြန့်ကျက်စေခြင်းက နှမြောစရာကောင်းလှသည်။

" ဖြန့်ကျက်ချင်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူက သိုင်းတာအိုကို ကျောက်ဆူးမှတ်များအဖြစ် တည်ဆောက်ရန် ဖြန့်ကျက်ခြင်းဖြစ်သည်။ စွမ်းဆောင်မှုရမှတ်များနှင့် ပက်သက်လျှင် လင်းယွမ်က ယခင် ဂရုစိုက်ခဲ့သော်လည်း ယခု ဘိုးဘေး၏ ခွင့်ပြုချက်ဖြင့် အမွေအနှစ်အားလုံးကို အခမဲ့ ကြည့်ရှုနိုင်သောကြောင့် စွမ်းဆောင်မှုရမှတ်များက အရေးမ​ကြီးလှပေ။

" နဂါးငွေ့တန်း မင်းကတော့..." လီယန်ဧကရာဇ်က အလွန်စိတ်လှုပ်ရှားသွားသည်။ လင်းယွမ်က သူ၏ နိုင်ငံသားများအတွက် လမ်းခင်းပေးလိုသော စိတ်ထားမွန်မြတ်သူတစ်ယောက်၏ သူထင်မိသွားသည်။

" ငါလက်အောက်ကလူတွေကို ဒီကိစ္စကို ကိုင်တွယ်ဖို့ ညွှန်ကြားလိုက်ပြီ။ " ဧကရာဇ်က ခဏမျက်စိမှိတ်ပြီးနောက် ပြန်ဖွင့်ကာ လင်းယွမ်ကို ပြောလိုက်သည်။

လီယန်ရှေးဟောင်းနိုင်ငံက ကျယ်ပြန့်သော နယ်မြေများကို ထိန်းချုပ်ထားပြီး လီယန်မျိုးစေ့ဖန်တီးခြင်းကဲ့သို့သော နည်းစနစ်များကို ပျံ့နှံ့အောင် လုပ်ဆောင်လေ့ရှိသည်။ ဧကရာဇ်အနေဖြင့် လင်းယွမ်၏ ကျင့်စဉ်ကို လက်ရှိဖြန့်ကျက်နေသော စနစ်ထဲသို့ ပေါင်းထည့်လိုက်ရုံသာဖြစ်သည်။

" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" ငါ့ရဲ့ နိုင်ငံသားတွေအတွက်သာ မင်းကို ကျေးဇူးတင်ရမှာပါ။ " ဧကရာဇ်က ချက်ချင်း ပြောလိုက်သည်။ သူ၏ အမြင်အရ လင်းယွမ်က ထိုကဲ့သို့ နက်ရှိုင်းသောကျင့်စဉ်ကို အခမဲ့ပျံ့နှံ့စေခြင်းက နိုင်ငံသားများအတွက် ကြီးမားသော ကောင်းကျိုးတစ်ခုပင် ဖြစ်သည်။

All Chapters