တဖုဘိုးဘေး...
Vol. 71 Ch. 1004
မကြာမီ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ လမ်းစဉ်ခွဲက မြို့တော်အတွင်း စတင်ပျံ့နှံ့လာခဲ့သည်။
" သိုင်းတာအိုလား။ "
" ဒီကျင့်စဉ်ကို ဘယ်သူဖန်တီးခဲ့တာလဲ။ "
" ဒါက နဂါးငွေ့တန်း ဖန်တီးထားတဲ့ အမွေအနှစ်တစ်ခုလား။ "
နတ်ဘုရားအရှင်သခင်များက စိတ်လှုပ်ရှားသွားကြသည်။ လီယန်ရှေးဟောင်းနိုင်ငံတွင် ပို၍ သန်မာသူများက နဂါးငွေ့တန်း၏ ကြောက်စရာကောင်းပုံကို ပို၍ နားလည်ကြသည်။ သူက တဖုရှေးဟောင်းနိုင်ငံအပါအဝင် အခြားရှေးဟောင်းနိုင်ငံလေးခုလုံးကို တိုက်ခိုက်နိုင်ခဲ့သော အနှိုင်းမဲ့နတ်ဘုရားအရှင်သခင်ပင်ဖြစ်သည်။
" ဒီသိုင်းတာအိုကျင့်စဉ်က အံ့ဩစရာပဲ။ " နတ်ဘုရားအရှင်သခင်တစ်ယောက်က လေးနက်စွာ စဉ်းစားနေသည်။
သိုင်းတာအိုကျင့်စဉ်က လက်ရှိကျင့်နေသော ကျင့်စဉ်များနှင့် လုံးဝကွဲပြားနေသည်။ နတ်ဘုရားအရှင်သခင်တစ်ယောက်က ၎င်းကို အပြည့်အဝ နားမလည်လျှင်တောင် အချက်အလက်များကို ကြည့်ခြင်းဖြင့် သိနိုင်သည်။
" ဒီကျင့်စဉ်က သွေးမျိုးဆက်ကို ဘယ်လိုဖော်ထုတ်ရမလဲဆိုတာ ပြောထားတာပဲ။ ဒါက နဂါးငွေ့တန်းရဲ့ အခြေခံလား။ "
နတ်ဘုရားအရှင်သခင်များက စတင်လေ့လာလိုက်ကြသည်။ သူတို့၏ ကျင့်စဉ်များက သတ်မှတ်ပြီးသားဖြစ်သော်လည်း ထိုကျင့်စဉ်ကို ကိုးကားခြင်း သို့မဟုတ တွဲဖက်ကျင့်ကြံခြင်းများ ပြုလုပ်နိုင်သည်။
ရွှေရောင်မြူခိုးရတနာနယ်မြေတွင် လင်းယွမ်က ရင်မြစ်ကမ္ဘာ၏ မူလရင်းမြစ်ကို လေ့လာနေပြီး ချောက်နက်နဂါးသွေးစက်များကို သန့်စင်နေသည်။
ဝုန်း....
သွေးများကို သန့်စင်နေစဉ် လင်းယွမ်၏ ခန္ဓာကိုယ်မှ အော်ရာက ထွက်ပေါ်လာပြီး ရတနာနယ်မြေ၏ အချိန်လေဟာနယ်ကို စတင်ပျံ့နှံ့လာသည်။
အောက်တွင် ကာကွယ်ရေးအစီအရင်များကို ဖန်တီးနေသူများက စိတ်ထဲတွင် တုန်ယင်သွားကြသည်။ သူတို့က အားနည်းခြင်းမရှိသော်လည်း နဂါးငွေ့တန်း၏ အော်ရာရှေ့တွင် သူတို့က ပုရွက်ဆိတ်များသဖွယ် ဖြစ်သွားကြသည်။
" နဂါးငွေ့တန်းက တကယ်ကို သန်မာလွန်းတယ်။
" ဟုတ်တယ်။ နဂါးငွေ့တန်းရဲ့ အော်ရာက အချိန်လေဟာနယ်ရဲ့ အနက်ရှိုင်းဆုံးအထိ လွှမ်းနိုးထားတယ်။ "
အစီအရင်သခင်များက အစီအရင်များကို တည်ဆောက်ရင်း စကားပြောနေကြသည်။
" ရင်းမြစ်ကမ္ဘာက မူလရင်းမြစ်ရဲ့ လည်ပတ်ပုံ။ " လင်းယွမ်က ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်ကို လေ့လာနေပြီး အဆုံးမရှိသော နိယာမများ၏ လည်ပတ်မှုများကို မြင်တွေ့နေရသည်။
" အချိန်လေဟာနယ်။ " လင်းယွမ်၏ မျက်စိရှေ့တွင် အချိန်လေဟာနယ်က အသစ်တစ်ဖန်ပြောင်းလဲသွားသည်။ အချိန်လေဟာနယ်က စက္ကူများကဲ့သို့ ပြန့်ကားသွားပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် အားလုံးကို မြင်နိုင်သွားသည်။
လင်းယွမ်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပြီး သူ၏ စိတ်ထဲရှိ အချိန်လေဟာနယ်အပေါ် အသိအမြင်များက များစွာတိုးတက်လာခဲ့သည်။ သူက ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်ကို ဆက်လက်လေ့လာနေပြီး ကောင်းကင်လေဟာနယ်အိုးအတွင်းရှိ နိယာမများနှင့် နှိုင်းယှဉ်နေသည်။
ထိုအခိုက်အတန့်တွင် သူက အချိန်လေဟာနယ် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းက အချိန်လေဟာနယ်ပေါင်းစည်းမှုကို အပြည့်အဝ နားလည်သွားခြင်းဖြစ်သည်။
" ငါကတော့ နဝမအဆင့် အထွတ်အထိပ်ကို ရောက်ဖို့ နှစ်တစ်ထောင်လောက် ကြာမယ်ထင်ထားတာ။ " လင်းယွမ်က ပြုံးလိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံ၏ ရတနာတိုက်အတွင်းမှ အမွေအနှစ်များကို လေ့လာခြင်းက လင်းယွမ်အတွက် များစွာ အကျိုးဖြစ်စေခဲ့သည်။ အကြောင်းရင်းအမျိုးမျိုးကြောင့် လင်းယွမ်က အချိန်လေဟာနယ် နဝမအဆင့် အထွတ်အထိပ်သို့ လျင်မြန်စွာ တိုးတက်သွားခဲ့သည်။
" နောက်တစ်ဆင့်ကတော့ အချိန်နဲ့ လေဟာနယ် ပေါင်းစပ်မှုကို ကျော်လွန်ဖို့ပဲ။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်ကို ဆက်လက်စောင်ကြည့်နေသည်။
တဖုရှေးဟောင်းနိုင်ငံ၏ အင်ပါယာနန်းတော်တွင် နတ်ဘုရားအရှင်သခင်များက ရိုသေစွာ ရပ်နေကြသည်။ ထိုအချိန်တွင် စွမ်းအားများ စုစည်းလာပြီး ခန့်ညားသော ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ပေါ်လာသည်။ သူ၏ ဝတ်ရုံတွင် စီခြယ်ထားသော ကျောက်မျက်ရတနာတစ်ခုစီတိုင်းတွင် ကျယ်ပြန့်သော ကမ္ဘစာတစ်ခုစီ ပါဝင်နေသည်။
" ဘိုးဘေး..." နတ်ဘုရားအရှင်သခင်များက ဦးညွှတ်လိုက်ကြသည်။
" ထကြ။ " တဖုဘိုးဘေးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
နတ်ဘုရားအရှင်သခင်တစ်ယောက်စီ၏ အချိန်အတိုင်းအတာများက သူ၏ ရှေ့တွင် ပေါ်လာသည်။ အတိတ်မှာ သတ်မှတ်ပြီးသာ အချိန်အတိုင်းအတာတစ်ခု ဖြစ်သောလည်း အနာဂတ်တွင်မူ မရေတွက်နိုင်သော ဖြစ်နိုင်ခြေများ ရှိနေသည်။
သူက အတိတ်မှ အချိန်အတိုင်းအတာများကို ကြည့်ရှုလိုက်သည်။ သူဆင်းငက်လာတိုင်း နတ်ဘုရားအရှင်သခင်များကို လမ်းညွှန်ပေးလေ့ရှိသည်။ ထိုလမ်းညွှန်မှုက စကားသက်သက်မဟုတ်ဘဲ တစ်ယောက်ချင်းစီ၏ အချိန်အတိုင်းအတာများကို ကြည့်ရှုပြီး လမ်းညွှန်ပေးခြင်းဖြစ်သည်။
မကြာမီ အတိတ်မှ အချိန်အတိုင်းအတာများတွင် တဖုဘိုးဘေးက တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များ၏ ရတနာနယ်မြေမှ အတွေ့အကြုံများကို မြင်တွေ့သွားခဲ့သည်။ ထိုမြင်ကွင်းများကို ကြည့်ပြီး တဖုဘိုးဘေးက မျက်မှောင်ကြုတ်သွားသည်။
သူက သူ၏ မျိုးဆက်များကို အလွန်တန်ဖိုးထားပြီး ပြုစုပျိုးထောင်ပေးခဲ့သည်။ ဘိုးဘေးခြောက်ယောက်ထဲတွင် သူတစ်ယောက်သာ ပုံမှန်ဆင်းသက်ပြီး လမ်းညွှန်မှုပေးခြင်းဖြစ်သည်။
တဖုရှေးဟောင်းနိုင်ငံက ရတနာနယ်မြေများ၏ သုံးပုံတစ်ပုံက်ု သိမ်းပိုက်ထားခြင်းမှာလည်း တဖုဘိုးဘေး၏ ကူညီပေးမှုကြောင့်လည်း ဖြစ်သည်။ ဘိုးဘေးတစ်ယောက်အတွက် ရတနာနယ်မြေမှ ထွက်ပေါ်လာသော ရတနာများက ဘာမှအသုံးမဝင်ပေ။ သို့သော် တဖုဘိုးဘေးက ရတနာနယ်မြေများအတွက် အစီအစဉ်များ ချပေးနေဆဲ ဖြစ်သည်။
ထိုမျှအထိ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက လီယန်ရှေးဟောင်းနိုင်ငံမှ နဂါးငွေ့တန်း၏ ခြေထောက်အောက်တွင် ရှုံးနိမ့်ခဲ့ခြင်းမှာ တဖုဘိုးဘေးအတွက် သိက္ခာကျစရာဖြစ်နေသည်။ လီယန်ဘိုးဘေး၏ ပျော်ရွှင်နေသည့် မျက်နှာကိုပင် သူမြင်ယောင်နေမိသည်။
" မင်းတို့ကတော့..." တဖုဘိုးဘေးက နတ်ဘုရားအရှင်သခင်များကို ကြည့်လိုက်သည်။
" ဘိုးဘေး..." နတ်ဘုရားအရှင်သခင်များက တုန်လှုပ်သွားကြပြီး စကားပြောလိုသော်လည်း မဝံ့ရဲကြပေ။ လီယန်ရှေးဟောင်းနိုင်ငံက နဂါးငွေ့တန်းကဲ့သို့ ပါရမီရှင်တစ်ယောက်ကို ထုတ်လုပ်နိုင်လျှင် လီယန်ရှေးဟောင်းနိုင်ငံထက် ပတ်ဝန်းကျင် ပိုမိုကောင်းမွန်သော တဖုရှေးဟောင်းနိုင်ငံက အဘယ်ကြောင့် မထုတ်လူပ်နိုင်သနည်း။
" အမှိုက်တွေ..." တဖုဘိုးဘေး၏ အကြည့်က အေးစက်နေသည်။ သူပျိုးထောင်ပေးခဲ့သော ထိုမျိုးတက်များက အမှိုက်များသာ ဖြစ်သည်ဟု သူခံစားနေရသည်။ တစ်ချိန်တည်းတွင် သူက နဂါးငွေ့တန်းနှင့် ပက်သက်သော အနာဂတ်အတိုင်းအတာများကို ကြည့်လိုက်သည်။
" နဂါးငွေ့တန်း..." တဖုဘိုးဘေးက တုန်လှုပ်သွားသည်။
ပထမဆုံးသော အချိန်အတိုင်းအတာကို ကြည့်လိုက်ရုံနှင့် လင်းယွမ်က ဘိုးဘေးအဆင့်သို့ တက်လှမ်းသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် သတ္တမမြောက် ရှေးဟောင်းနိုင်ငံကို တည်ထောင်လိုက်သည့် မြင်ကွင်းကိုပါ မြင်လိုက်ရသည်။
သူက အချိန်အတိုင်းအတာအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဆက်လက်ကြည့်ရှုရန် ကြိုးစားလိုက်သောအခါ တဖုဘိုးဘေးက သူ၏ စိတ်ဝိညာဉ် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသဖြင့် ကြည့်ရှုခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။
ပထမဆုံး ဘိုးဘေးဖြစ်သည့်အတွက် တဖုဘိုးဘေးက လီယန်ဘိုးဘေးထက် အနည်းငယ် ပိုမိုအစွမ်းထက်ပြီး အချိန်အတိုင်းအတာကို ပိုမိုဝေးကွာစွာ ကြည့်ရှုနိုင်သည်။ ထို့အပြင် သူက အချိန်အတိုင်းအတာအပေါ် ပိုမိုထက်မြက်သော အာရုံခံစားမှုရှိပြီး လင်းယွမ်၏ အနာဂတ်က သူ၏ သိမြင်နိုင်စွမ်းထက် ကျော်လွန်ကာ အလွန်ကြောက်စရာကောင်းသည်ဟု ခံစားခဲ့ရသည်။
" အချိန်အတိုင်းအတာ..." တဖုဘိုးဘေးက စိတ်ကို ပြန်လည်စုစည်းလိုက်သည်။ အချိန်အတိုင်းအတာတစ်ခုတည်းက ဘာကိုမှအတည်မပြုနိုင်သေးသည်ဟု သူယူဆသည်။
နဂါးငွေ့တန်း၏ အမြင့်ဆုံးဖြစ်မည့် အချိန်အတိုင်းအတာကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့လိုက်ရခြင်း ဖြစ်နိုင်သည်။ အချိန်အတိုင်းအတာတစ်ခုတည်းက စစ်မှန်သော ပါရမီကို အစားမထိုးနိုင်ပေ။ တဖုဘိုးဘေးက ရာထောင်ချီသော အချိန်အတိုင်းအတာများကို လျင်မြန်စွာ ကြည့်ရှုလိုက်သည်။
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " တဖုဘိုးဘေးက မယုံကြည်နိုင်ဖြစ်သွားသည်။ ရာထောင်ချီသော အချိန်အတိုင်းအတာများတွင် နဂါးငွေ့တန်းက ဘိုးဘေးအဆင့်သို့ အမြဲတမ်း တက်လှမ်းသွားခဲ့သည်။
" ဒါက သူ့ရဲ့ ပါရမီကြောင့်လား။ ဒါမှမဟုတ် ပြင်ပစွမ်းအားတစ်ခုခုကြောင့်လား။ " တဖုဘိုးဘေးက စဉ်းစားနေသည်။
သူက ပြင်ပစွမ်းအားတစ်ခုခုကြောင့်ဖြစ်နိုင်သည်ဟု ပို၍ ယူဆသည်။ ကိုယ်ပိုင်ပါရမီတစ်ခုတည်းဖြင့် ဘိုးဘေးအဆင့် သို့မဟုတ် အလွှာဆယ့်သုံးသို့ ရောက်ရှိရန် မည်သို့မှအာမခံနိုင်မည်မဟုတ်ပေ။ တဖုဘိုးဘေး မြင်တွေ့ဖူးသမျှထဲတွင် ပါရမီအရှိဆုံးမှာ ရင်းမြစ်ကမ္ဘာအစပြုချိန်တွင် မွေးဖွားခဲ့သော ချောက်နက်နဂါးပင်ဖြစ်သည်။
ချောက်နက်နဂါးက ဘိုးဘေးအဆင့်သို့ ရောက်ရှိနိုင်မည့် အလားအလာရှိခဲ့သည်။ သို့သော် တဖုဘိုးဘေးက ဘိုးဘေးအဆင့်သို့ ရောက်သွားချိန်တွင် ချောက်နက်နဂါး ဘိုးဘေးအဆင့်သို့ ရောက်ရှိမည့် အချိန်အတိုင်းအတာအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ချောက်နက်နဂါးက အရင်ဆုံး ဘိုးဘေးအဆင့်သို့ ရောက်သွားခဲ့လျှင် တဖုဘိုးဘေးမှာလည်း သေချာပေါက် သေဆုံးရပေလိမ့်မည်။
ထို့ကြောင့် ပါရမီမည်မျှကောင်းသည်ဖြစ်သေ ဘိုးဘေးအဆင့်သို့ ရောက်ရန အာမမခံနိုင်ပေ။ ပြင်ပစွမ်းအားများက နှောက်ယှက်နိုင်ပြီး အထူးသဖြင့် အချိန်သက်ရှိတစ်ယောက်၏ ဖိနှိပ်မှုက ဘိုးဘေးအဆင့်အောက်မှ သက်ရှိများအတွက် ကပ်ဘေးတစ်ခုပင်ဖြစ်သည်။
အချိန်သက်ရှိများက အချိန်အတိုင်းအတာများကို ဖောက်ထွင်းမြင်နိုင်သောကြောင့် သူတို့၏ အသက်ရှင်နိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့နိုင်သည်။ သူတို့၏ ရွေးချယ်မှုများကို အချိန်အတိုင်းအတာမှတစ်ဆင့် အချိန်သက်ရှိများက သိရှိနေကြသည်။
သို့သော် လင်းယွမ်ကို မည်သည့်အရာကမှ တားဆီးနိုင်စွမ်းမရှိပေ။ အတင်းအကျပ် တားဆီးခြင်းက အချိန်နောက်ကျအောင် လုပ်နိုင်ရုံသာဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်း၏ ရလဒ်က လင်းယွမ် ဘိုးဘေးအဆင့်သို့ ရောက်သွားသောအခါ ပြန်လည်လက်စားချေခြင်းကို ခံရမည်ဖြစ်သောကြောင့် တဖုဘိုးဘေးအနေဖြင့် အကြီးအကျယ် ဒုက္ခရောက်ပေလိမ့်မည်။ ဤဒိုင်မန်းရှင်းမှ ထွက်ပြေးလျှင်တောင် လင်းယွမ်၏ လိုက်လံသတ်ဖြတ်ခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။