← Chapters

တစ်ယောက်ယောက်က မင်းကိုထိခိုက်စေချင်နေတယ်

Vol. 18 Ch. 272

တစ်ယောက်ယောက်က မင်းကိုထိခိုက်စေချင်နေတယ်

Vol. 18 Ch. 272

ရှန်းယောင်သည် တစ်စုံတစ်ခုအား ပြောပြရန် လုပ်နေချိန်၌ နတ်ဆေးသမားတော် ရှန်းဟယ်မှ သူ၏ လက်ကောက်၀တ်အား ဆွဲကိုင်လျက် ဂရုတစိုက် စစ်ဆေးနေလေသည်။ နတ်ဆေးသမားတော် ရှန်းဟယ်က စစ်ဆေးပြီးသည့်နောက် သူက မျက်မှောင်ကြုတ်လျက် စကားတစ်ခွန်းမှ မပြောပဲ နေလေသည်။

“ဆရာကြီးခင်ဗျ”

“မင်း အဆိပ်မိထားတာပဲ”

နတ်ဆေးသမားတော် ရှန်းဟယ်က သူ့လက်ကောက်၀တ်အား တိတ်တဆိတ် လွှတ်ပေးလိုက်ပြီး သူ့အကြည့်တွေ မည်းမှောင်လျက် ပြောလာသည်။

“ဒီအတောအတွင်း မင်း ဘုန်းတော်အိုကြီးတစ်ပါးကို တွေ့ခဲ့သေးတာလား”

“ဘယ်လိုသိ့တာလဲဗျ”

“အာ့ထောင် မြန်မြန်ထွက်လာစမ်း”

နတ်ဆေးသမားတော် ရှန်းဟယ်သည် ဒီအကြောင်းကို တွေးမိလေလေ ပိုပြီး ထိတ်လန့်လာလေလေ ဖြစ်နေသည်။

၁၅မိနစ်ခန့်လောက်ကြာပြီးနောက် ကျီကျောက်သည် သူမ၏ မျက်လုံးလေးများအား ပင်ပန်းနွမ်းနယ်စွာ ပွတ်သပ်လျက် အဓိကခန်းမထဲသို့ မှင်သက်သက်မျက်နှာပေးဖြင့် လျှောက်လာခဲ့လေသည်။

“ဘာဖြစ်ကြလို့လဲဟင်”

“မင်းလက် ငါ့ကို ပေးစမ်း”

ရုတ်တရက် နတ်ဆေးသမားတော် ရှန်းဟယ်က ဆူပူငေါက်ငမ်းလာခဲ့သည်။ အံ့ဩထိတ်လန့်သွားသည့် ကျီကျောက်တစ်ယောက် လုံး၀ နိုးကြားလာလေသည်။

“ဆရာသခင်”

“လက်ပေးစမ်း”

နတ်ဆေးသမားတော် ရှန်းဟယ်မှ ထပ်ပြောလာပြန်သည်။

ကျီကျောက်တစ်ယောက် နားမလည်ပေမဲ့လည်း နာခံစွာဖြင့် သူမ၏ ညာဖက်လက်အား ဖြန့်ပေးလိုက်သည်။

ဖတ်...

နတ်ဆေးသမားတော် ရှန်းဟယ်မှ ပေတံတစ်ချောင်းအား ဆွဲထုတ်လိုက်၍ သူမ၏ လက်ဖ‌ဝါးပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်လိုက်လေသည်။

ကျီကျောက်သည်လည်း နာကျင်မှုကြောင့် လေအေးတစ်ရှိုက် ရှူရှိုက်လိုက်မိသည်။

ဤမြင်ကွင်းအား မြင်လိုက်ရသည့်နောက် ရှန်းယောင်တစ်ယောက် သူ့နှလုံးသားထဲမှ နာကျင်သွားခဲ့သည်။ သူက ကျီကျောက်ကို သူ့အနောက်၌ ထား၍ အလျင်အမြန် အကာအကွယ်ပေးလိုက်ကာ နတ်ဆေးသမားတော် ရှန်းဟယ်အား ပဟေဌိဖြစ်နေသော မျက်နှာအမူအရာဖြင့် မကျေမနပ် ကြည့်လိုက်မိသည်။

“ဆရာကြီးခင်ဗျ…..ဘာလို့ ဒီလိုလုပ်လိုက်တာလဲဗျ။ အာ့ထောင်ကို အကြောင်းအရင်း မရှိပဲ ဘာလို့ ရိုက်တာလဲဗျ”

“ဆရာသခင်”

ကျီကျောက်သည် ရှန်းယောင်၏ လက်အား တိတ်တဆိတ် လွှတ်ချပြီး နတ်ဆေးသမားတော် ရှန်းဟယ်အား နားမလည်နိုင်စွာ ကြည့်နေလိုက်သည်။

“အသုံးမကျတဲ့တပည့်….မင်း အဆိပ်မိထားတာ မင်းကိုယ်မင်းတောင် မသိဘူးလား... ဟမ့်...။ မင်း အရိုက်မခံရသင့်ဘူးလား ပြောလေ”

နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့လက်အား နောက်ပစ်ရင်း ဒေါသတကြီး ပြောဆိုလေသည်။

“တကယ်လို့ ငါသာ‌ အချိန်မှီရောက်မလာခဲ့ဘူးဆိုရင် မင်းတို့နှစ်ယောက်လုံး အသက်ရှင်နိုင်ပါ့မလားဆိုတာတောင် စိုးရိမ်မိတယ်ကွ”

ကျီကျောက်သည် ထိတ်လန့်‌နေပုံရသည့် ရှန်းယောင်အား မသိစိတ်မှ ဖျတ်ခနဲ ကြည့်လိုက်မိသည်။ သူတို့နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိပြီးနောက် တစ်ပြိုင်နက်တည်း ပြောလိုက်မိကြသည်။

“ဆရာတော်ဝူကျိ….”

“ဖွီ... ဒီကောင်က ဒီအတိုင်း မြည်းကတုံး ဘုန်းတော်အိုကြီးတစ်ယောက်ပဲကွ။ ဘယ်လိုဖြစ်လို့ သူက အကြီးအကဲဆိုတဲ့နေရာနဲ့ ထိုက်တန်မှာတုံး”

နတ်ဆေးသမားတော် ရှန်းဟယ်က ဒေါသထွက်စွာဖြင့် ညည်းညူပြောလာခဲ့သည်။

“ဒီအရူးအိုမြည်းကတုံးဘုန်းကြီးက‌တော့ ငါ့တပည့်ကို လာထိရဲတယ်ပေါ့လေ။ ဒီအကြွေးကို ငါသေချာမှတ်ထားဦးမယ်”

“ဆရာသခင်…..ကျွန်မ နားမလည်ဘူး……”

နတ်ဆေးသမားတော် ရှန်းဟယ်၏ ဒေါသထွက်နေသည့် အမူအရာအား ကြည့်လျက် ကျီထောင်၏ မျက်လုံးများထဲမှာ စိတ်ရှုပ်ထွေးမှုများ ဖြစ်လာလေသည်။

“အသုံးမကျတဲ့တပည့်”

နတ်ဆေးသမားတော် ရှန်းဟယ်သည် သူမအား ကူကယ်ရာမဲ့စွာ စူးစူးရှရှကြည့်လာခဲ့သည်။

“မင်းရဲ့ လက်ဖဝါးကို အခု ပြန်ကြည့်လိုက်စမ်း”

ကျီကျောက်သည် သူမ၏ လက်ဖဝါးလေးအား တိတ်တဆိတ် ဖွင့်ကြည့်လိုက်ကာ

သူမ၏ မျက်လုံးများမှာ အံ့ဩမှုများဖြင့် ပြူးကျယ်သွားတော့သည်။

သူမ၏ ရောင်ကိုင်းနေသည့် လက်ဖဝါးအတွင်း၌ ပဲစေ့ပမာဏ ရွှေရောင်ပိုးကောင် တစ်ကောင် ရှိနေခဲ့သည်။

နတ်ဆေးသမားတော် ရှန်းဟယ်သည် ထိုပိုးကောင်လေးအား ယူပြီး ညင်သာစွာ ပွတ်လိုက်သည့်နောက် ပိုးကောင်မှာ တဖြည်းဖြည်း ပြာအဖြစ်သို့ ပြောင်းသွားလေသည်။

“ပြီးတော့…..ဒါက”

“နှလုံး‌ခြေဖျက်အဆိပ်ကူပဲ”

နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ၏ မျက်လုံးများအား မှေးကျဉ်းလျက် သူ့အကြည့်များမှာ နက်ရှိုင်းလာခဲ့သည်။

သူသည် ညာဖက်ခြေကိုမြှောက်လိုက်၍ ရှန်းယောင်၏ ရင်ဘတ်အား အသိမပေးပဲ ကန်ကျောက်လိုက်သည်။

ဒီတစ်ကြိမ်မှာတော့ ရှန်းယောင်သည် အချိန်မှီ မရှောင်တိမ်းနိုင်လိုက်ပဲ ထိုကန်ချက်အား တောင့်ခံဖို့ပဲ တတ်နိုင်ခဲ့လေသည်။

သို့ပေမဲ့လည်း နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ၏ အားကို ( ၁၀၀ ) ရာခိုင်နှုန်းအပြည့် ထုတ်သုံးလိမ့်မည်ဟု မထင်ထားမိသည်ကြောင့် သူ့အား နောက်သို့ ဆက်တိုက် ဆုတ်ခွာစေခဲ့သည်။

အဆုံးမှာ‌ သူသည် အမည်းရောင် သွေးတစ်ပွက်အပြည့် အန်ချလိုက်မိသည်။

“ထင်ထားတဲ့အတိုင်းပဲ”

နတ်ဆေးသမားတော် ရှန်းဟယ်သည် မျက်မှောင်ကြုတ်လျက် အော်ပြောလိုက်သည်။

“ငါ့ဆီကို မီးတုတ်ယူလာခဲ့စမ်း”

ကျီကျောက်က ပထမဆုံးတုံ့ပြန်လာ၍ မီးဖိုထဲသို့ပြေး၀င်ကာ မီးတုတ်အား အလျင်အမြန် ယူလာပေးခဲ့လေသည်။

ဘန်း...

ရုတ်တရက် မီးတောက်တွေ ထွက်ပေါ်လာ၍ လူကြီးတစ်‌ယောက်၏ လက်မအရွယ်အစားရှိသည့် အမည်းရောင်ပိုးကောင်များသည် ဖြေးဖြေးချင်း တွားသွားထွက်လာကြလေသည်။

“ဒါတွေက….”

ရှန်းယောင်သည် သူ့ခန္ဓာကိုယ်အတွင်း၌ ဒီလို ညစ်ပတ်ရွံရှာဖွယ်ကောင်းသည့် အရာများ ရှိနေလိမ့်မည်ကို တစ်ခါမှပင် အိမ်မက် မမက်ခဲ့ဖူးပေ။

“မြောက်ပိုင်းနယ်စပ်က နှလုံးခြေဖျက်အဆိပ်ကူက အဆိပ်အရမ်းပြင်းတာကွ”

နတ်ဆေးသမားတော် ရှန်းဟယ်သည် လိုရင်းတိုရှင်းပဲ ရှင်းပြလာလေသည်။

“ဝူကျိ… ဒီမြည်းကတုံးဘုန်းကြီးအိုကြီးကတော့ ဒီကောင် မင်းတို့အနားကို ချဉ်းကပ်လာတည်းက မကောင်းတဲ့အကြံအစည်တွေ ရှိနေတာ ငါသိသားပဲ”

နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ၏ အင်္ကျီအိတ်ထဲမှ ဆေးနှစ်လုံး ထုတ်လိုက်သည်။ သူက ထိုဆေးလုံးတွေအား ကျီကျောက်နှင့် ရှန်းယောင်တို့အား ကမ်းပေးလိုက်သည်။

“အဆိပ်အကြွင်းအကျန်တွေကို ကာကွယ်နိုင်ဖို့ မင်းတို့နှစ်ယောက် ဒီအဆိပ်ဖြေဆေးကို အမြန်စားသင့်တယ်”

“ကျေးဇူးပါ ဆရာသခင်”

ကျီကျောက်သည် နာခံစွာ ခေါင်းညိမ့်လျက် ကျေးဇူးတင်စွာဖြင့် ပြုံးကာ ပြောလိုက်သည်။

“အသုံးမကျတဲ့တပည့်”

နတ်ဆေးသမားတော် ရှန်းဟယ်သည် စိတ်ဆိုးနေလျက်ဖြင့်ပင် သူမ၏ နဖူးလေးအား တို့ထိလိုက်ရင်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။

“မင်းကတော့ တကယ်ကြီးကို တစ်ယောက်ယောက်က အကွက်ချတာကို အလွယ်တကူခံလိုက်ရတယ်ပေါ့လေ။ မင်းကတော့ ငါ့မျက်နှာကို အိုးမဲသုတ်လိုက်တယ်ပေါ့လေ။ မင်းကိုအပြစ်ပေးတဲ့အနေနဲ့ ဝမ်တန်စွပ်ပြုတ်တစ်ပွဲ ချက်ခိုင်းရမယ်… မြန်မြန်လေး သွားမချက်သေးဘူးလား”

“ကောင်းပါပြီ” ကျီကျောက်သည် အပြုံးယဲ့ယဲ့လေးဖြင့် မီးဖိုချောင်ဆီသို့ လှည့်ထွက်သွားလိုက်သည်။

သူမ ထွက်သွားပြီးသည့်နောက် နတ်ဆေးသမားတော် ရှန်းဟယ်၏ မျက်နှာပေါ်မှ အပြုံးများက တ‌ဖြေးဖြေး ပျောက်ကွယ်သွားတော့သည်။

သူသည် စကားတစ်ခွန်းမှ ၀င်မပြောဘဲ ဝါးကုလားထိုင်ပေါ်မှာ မှီနေသည့် ရှန်းယောင်အား စူးရှစွာကြည့်လျက် ပြောလာလေသည်။

“တစ်ယောက်ယောက်က မင်းကို ထိခိုက်အောင်လုပ်ဖို့ ကြံနေတာပဲ”

“နှလုံးခြေဖျက်အဆိပ်ကူက အရမ်းကို အဆိပ်ပြင်းတယ်ဆိုပေမဲ့ ချက်ချင်းသေစေလောက်တဲ့ အဆိပ်ကူမျိုး မဟုတ်ဘူးကွ။ ဒါပေမဲ့ ဒီလိုအဆိပ်ကူမျိုးက လူ့ခန္ဓာကိုယ်ထဲမှာ ရှင်သန်နေတဲ့အချိန်ကြာလာလေလေ အဲ့လူကို ပုံရိပ်ယောင်တွေ ပိုပြီး မြင်ယောင်လာစေလေလေပဲ။ ဒီလိုဖြစ်တာကြာလာလေ အဆိပ်မိထားတဲ့သူက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ သူကိုယ်တိုင်နဲ့ သူ့ဘေးကလူတွေကိုပါ ထိခိုက်စေနိုင်တယ်”

နတ်ဆေးသမားတော် ရှန်းဟယ်က သူ့အသံအား နှိမ့်လျက် ပြောလာလေသည်။ “မင်းကို ထိခိုက်စေတဲ့လူက တကယ့်ကို နှလုံးသားမရှိတဲ့သူပဲကွ”

“ဆရာကြီး ဒီအဆိပ်က ကျွန်တော့်ကိုယ်ထဲမှာ ရှိနေတာ ဘယ်လောက်ကြာနေပြီလဲဗျ”

ရှန်းယောင်၏ နှလုံးသားထဲမှ မရေမရာ ခန့်မှန်းနေမိသည်။

“မိခင်ကူပိုးကောင်၏အရွယ်အစားအရဆို ဒီအဆိပ် မင်းကိုယ်ထဲမှာ ရှိနေတာ အနည်းဆုံး သုံးနှစ်လောက်တော့ ရှိလိမ့်မယ်”

“သုံးနှစ်လားဗျ”

ရှန်းယောင်သည် မသိစိတ်ဖြင့် မျက်လုံးများကို ကျဉ်းမြောင်းလျက် ပြက်ရယ်ပြုလိုက်မိသည်။

အကယ်၍ သူ ခန့်မှန်းတာ မမှားဘူးဆိုရင် မြွေဆိပ်ဖြေရန် ဖြေဆေးပေးသည့် ထိုသူကပဲ ဒီနှလုံးခြေဖျက်အဆိပ်ကူကို ယူဆောင်လာခြင်း ဖြစ်ပေလိမ့်မည်။

“မင်းလက်မောင်းကို ဆန့်လိုက်စမ်း”

သူ့တပည့်အလိမ္မာလေးကြောင့် နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့လက်ကောက်၀တ်အား ဆွဲယူလိုက်ကာ လေးလေးနက်နက် စစ်ဆေးပေးလိုက်ပြန်သည်။

“နှလုံးခြေဖျက်အဆိပ်ကူကို အသက်သွင်းဖို့ဆိုတာ လွယ်တာတော့ မဟုတ်ဘူး…..ကတုံးဘုန်းကြီးအိုကြီးဝူကျိက မင်းကို ဘာပြောလိုက်သေးလဲ”

ရှန်းယောင်သည် ဒီအကြောင်းကို စဉ်းစားလိုက်၍ အမှန်တိုင်းပြောဖို့လုပ်လိုက်သည်။

မနေ့နေ့လယ်ခင်းတုန်းက သူသည် မြေကမ္ဘာဘုရားကျောင်းသို့ ဒေါသတကြီး ပြေးသွားကာ မကောင်းဆိုးဝါးဘုန်းတော်ကြီးဝူကျိအား အကျိုးအကြောင်း မေးမြန်းချင်ခဲ့သည်။

အာ့ထောင်သည် ထိုဘုန်းတော်ကြီးကို မြင်ကတည်းက သူမ၏ ခံစားချက်မှာ အနည်းငယ် မကောင်းမွန်နေခဲ့ခြင်း ဖြစ်သည်။

ရှန်းယောင်လည်း ဒါကို မြင်၍ စိုးရိမ်သောကရောက်နေလေသည်။

သို့ပေမဲ့လည်း သူ မြေကမ္ဘာဘုရားကျောင်းသို့ ရောက်ရှိပြီးနောက် အမျိုးမျိုးသော အကြောင်းရင်းများကြောင့် ဆရာတော်ဝူကျိ၏ စကားများမှာ သူ့အတွေးများအား လှုံ့ဆော်နိုင်ခဲ့သည်။

ပိုပြီး ထိတ်လန့်စရာကောင်းသည်က သူသည် အလွန်ထူးဆန်းဖို့ကောင်းသည့် မြင်ကွင်းအား တွေ့ခဲ့ရခြင်းကြောင့်ပင်။

သူက သူ့လက်ထဲ၌ ဓားတစ်ချောင်းကိုင်လျက် အာ့ထောင်၏ ရင်ဘတ်အား ထိုးစိုက်လိုက်သည်ကို မြင်ခဲ့ရခြင်း ဖြစ်ပေသည်။

ရှန်းယောင်သည် ဒီအကြောင်းနှင့် ပတ်သက်၍ ထပ်ပြီး မတွေးချင်တော့ပေ။

“ငါ ရုပ်လွန်ပညာရပ်နဲ့ ပတ်သက်ပြီး ဟိုစပ်စပ် ဒီစပ်စပ် လေ့လာခဲ့ဖူးတယ်”

နတ်ဆေးသမားတော် ရှန်းဟယ်က သူ့မျက်လုံးထဲသို့ စိုက်ကြည့်လျက် အလေးအနက်ပြောလာသည်။ “ဒီမြင်းကတုံးဘုန်းကြီးအိုကြီးဝူကျိမှာ သူများကို ဒုက္ခပေးတတ်တဲ့ အကျင့်စရိုက် ရှိပေမဲ့ သူ မင်းကို အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ မလိမ်ပြောခဲ့တာတော့ အမှန်ပဲ။ မင်းရဲ့ မွေးရပ်အင်္ဂါလက္ခဏာရှစ်ပါး……တကယ့်ကို ကြောက်စရာကောင်းတဲ့ နမိတ်ပဲကွ”

“အာ့ထောင်ကို ငါ့တပည့်အနေနဲ့ လက်ခံပြီးကတည်းက မင်းရဲ့ မွေးဇာတာကို မင်းအမေကို ငါ တစ်ခါက မေးဖူးတယ်။ ဒါက မင်းမိသားစုရဲ့ အနှောင့်အယှက် အတားအဆီး တစ်ရပ် ဖြစ်ပြီး မွေးရာပါကျိန်စာ ပါလာတာပဲ”

“နောက်ပြီး မင်းရဲ့ သွေးခုန်နှုန်းကနေ တစ်ဆင့် မြင်ရတာက မင်းအရွယ်ရောက်လာရင် မင်းဆွေမျိုးတွေက မင်းကို တစ်ယောက်ပြီးတစ်ယောက် စွန့်ခွာသွားကြလိမ့်မယ်။”

“ဒါပေမဲ့ ဒီပြောင်းလဲမှုက အာ့ထောင်အပေါ်ကိုလည်း သက်ရောက်ခဲ့တယ်”

“အာ့ထောင်က အတိတ်နမိတ်ကောင်းနဲ့ မွေးဖွားလာတဲ့ ကလေးတစ်ယောက် ဖြစ်နေတယ်။ ပိုပြီး အရေးကြီးတာက သူမရဲ့ ကံကြမ္မာက မင်းနဲ့ သက်ဆိုင်နေခဲ့တယ်”

“ဒါပေမဲ့လည်း အာ့ထောင်ရဲ့ မူလကံကြမ္မာက အသက်လမ်းကြောင်း တိုတောင်းတယ်။ အရင်နှစ် ဇွန်လမှာ သူ့ဘဝရဲ့ ကြီးမားတဲ့ ပြောင်းလဲမှုကို ဖြတ်သန်းခဲ့ရလိမ့်မယ်။”

“ဆရာကြီး အနာဂတ်တစ်ချိန်မှာရော ဘယ်လို ဆက်ဖြစ်နိုင်ပါသလဲ။ ကျွန်တော်က အာ့ထောင်ရဲ့ ကံကြမ္မာအပေါ် သက်ရောက်မှု ဖြစ်လာစေမှာလား’

“ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေက ပေါက်ကြားဖို့ မသင့်‌တော်ဘူး……..”

All Chapters