← Chapters

ခင်ပွန်းသည်အား တရားဝင် အဆင့်အတန်း တစ်ခု တတ်နိုင်သမျှ အမြန်ဆုံး ပေးပါ

Vol. 18 Ch. 273

ခင်ပွန်းသည်အား တရားဝင် အဆင့်အတန်း တစ်ခု တတ်နိုင်သမျှ အမြန်ဆုံး ပေးပါ

Vol. 18 Ch. 273

အချိန်အားဖြင့် ၁၀ချက်ထိုးပြီးသည့်နောက် ကျီကျောက်သည် ပူပူနွေးနွေး သုံးမျိုးစပ်ဖက်ထုပ်ပြုတ်လေးအား ပင်မခန်းထဲသို့ ယူဆောင်လာပေးလေသည်။ ဆွဲဆောင်မှုရှိသည့် အနံ့သင်းသင်းလေးက လေထဲ၌ သင်းပျံ့နေခဲ့လေသည်။

“ဆရာသခင် သုံးဆောင်ပါဦးရှင့်” ကျီကျောက်သည် ပြုံးလျက်ဖြင့် သုံးမျိုးစပ်ဖက်ထုပ်ပြုတ်ပန်းကန်လေးကို နတ်ဆေးသမားတော် ရှန်းဟယ်အတွက် ယူလာပေးလေသည်။

“မွှေးလိုက်တာ”

နတ်ဆေးသမားတော် ရှန်းဟယ်မှ တအံ့တဩဖြင့် ပြောလေသည်။“ငါ့ တပည့်အလိမ္မာလေး ဆရာ မင်းရဲ့ဟင်းချက်လက်ရာကို မြည်းစမ်းတဲ့ အချိန်တိုင်း သူများတွေ ချက်ထားတဲ့ ဟင်းတွေက ဆရာ့အတွက်တော့ ဖယောင်းလိုပဲ နည်းနည်းမှ စားမကောင်းတော့ဘူးကွယ်”

“ဆရာသခင် ကြိုက်ရင် များများစားလေနော်”

ကျီကျောက်သည် ပြုံးလျက် ပြောလိုက်သည်။ “ဒီဖက်ထုပ်ပြုတ်ထဲမှာ ပါတဲ့ အဆာပလာ သုံးမျိုးက ၀က်သားရယ်၊ ပုစွန်ရယ်၊ ကြက်ဥရယ်နဲ့ ချက်ထားတာပါ ဆရာသခင်”

နတ်ဆေးသမားတော် ရှန်းဟယ်လည်း စိတ်အားထက်သန်မှုအပြည့်ဖြင့် ဖက်ထုပ်ပြုတ်တစ်ဇွန်းကို ခပ်ပြီး မြည်းကြည့်လိုက်လေသည်။

“လျှာပေါ်မှာ လတ်ဆတ်တဲ့ အရသာမျိုး ခံစားရပြီး တကယ်ကို အရသာရှိတာပါပဲကွယ်”

သူမ၏ ဆရာသခင်တစ်ယောက် ပျော်‌ရွှင်စွာ စားနေသည်ကို မြင်ပြီးနောက် ကျီကျောက်တစ်ယောက် အလျင်အမြန် မေးမြန်းလိုက်သည်။

“ဆရာသခင်…..ရှန်းယောင်ရဲ့ ကိုယ်မှာ ကျန်တဲ့အဆိပ်အကြွင်းအကျန်တွေ ဖယ်ရှားပြီးသွားပြီလားဟင်”

“ငါအနားမှာရှိနေတာတောင် မင်းက ဘယ်သူ့ကို စိတ်ပူနေရတာလဲကွ’

“ဆရာသခင်နဲ့ ဆရာတော်ဝူကျိက မိတ်ဆွေဟောင်းတွေ မဟုတ်ဘူးလားဟင်” ကျီကျောက်က ရှက်ပြုံးလေး ပြုံးလျက် မေးလိုက်သည်။

“ဆရာသခင် တပည့်ကိုက အရမ်းညံ့လွန်းတာပါ။ ဆရာတော်ဝူကျိက ဘယ်သူမှ သတိမထားမိဘဲ တပည့်ကို အဆိပ်ခပ်လိုက်တာတောင် သတိမထားမိခဲ့ဘူး”

“ပုံမှန်အခြေအနေမျိုးမှာတော့ ဘယ်လိုလူမျိုးက နှလုံးခြေဖျက်အဆိပ်ကူကို အစားအသောက်ထဲ ဘယ်ထည့်ပါ့မလဲ”

နတ်ဆေးသမားတော် ရှန်းဟယ်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“အဲ့မြည်းကတုံးဘုန်းတော်အိုကြီးဝူကျိကျွေးတဲ့ သားသတ်လွတ်ဟင်းပွဲ တစ်မျိုးမျိုး စားလိုက်မိသေးလား”

အဲ့ဒီနောက်မှာတော့ ကျီကျောက်သည် အလျင်အမြန် တုံ့ပြန်လာခဲ့လေသည်။

“အိုး မဖြစ်သေးပါဘူး….အမေလည်း ဆရာတော်ဝူကျိ လုပ်ပေးတဲ့ အရွက်ဟင်းတစ်မျိုး စားလိုက်မိတယ်လေ”

၁၅မိနစ်ခန့်လောက်ကြာပြီးနောက် ကျောက်လန်ဟွာသည်လည်း နတ်ဆေးသမားတော် ရှန်းဟယ်၏ မည်းမှောင်၍ မရှင်းမလင်းသည့် အမူအရာအား စူးစမ်းလျက် မေးလိုက်မိသည်။

“လူကြီးမင်းရှင့် ကျွန်မရဲ့ အခြေအနေကောင်းတယ်မလားဟင်”

ဒီအချိန်အတောအတွင်း၌ သူမ ကောင်းကောင်း စား၀င်၍ ကောင်းကောင်း အိပ်ပျော်လေသည်။ သူမ၏ ခန္ဓာကိုယ် အခြေအနေလည်း ကောင်းနေတာပါပဲ။

“အင်း”

နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့လက်ကိုပြန်ရုတ်လျက် ဖြေးဖြေးချင်း ခေါင်းညိမ့်ပြလေသည်။

“စိတ်မပူနဲ့တော့၊ စိုးရိမ်စရာ မရှိဘူး”

“ဖူး….”

ကျောက်လန်ဟွာလည်း သူမရင်ဘတ်ကို လက်ဖြင့် ပုတ်လျက် ပြောလေသည်။

“အဆင်ပြေမယ်ဆိုတာ ကျွန်မ သိနေတယ်လေ”

“တော်သေးတာပေါ့ အမေရယ်” ထို့နောက်မှသာ ကျီကျောက်တစ်ယောက် သက်ပြင်းချနိုင်တော့သည်။

“လိမ္မာတဲ့တပည့်လေး ဆရာ့နောက် လိုက်ခဲ့ဦး”

နတ်ဆေးသမားတော် ရှန်းဟယ်မှ ကျီကျောက်အား လက်ယမ်းခေါ်လိုက်၍ ရှန်းမိသားစုအိမ်ခြံဝင်းအပြင်ကို ခေါ်သွားပြီး ပြောလေသည်။

“ဆရာ မင်းကို ပြောစရာ ရှိတယ်”

“ရှန်းယောင်နဲ့ ပတ်သက်နေတာလား ဆရာ”

“မင်း ခန့်မှန်းမိတယ်ပေါ့လေ”

“အစကတော့ ဆရာတော်ဝူကျိက ကျွန်မကြောင့် ဒီကိုရောက်လာတယ်ထင်နေတာ”

ကျီကျောက်သည် မျက်မှောင်ကြုတ်လျက် ခပ်တည်တည် အသံဖြင့် ပြောလာလေသည်။

“ဒါပေမဲ့ ဒီနေ့မှာတော့ သူက ဒီကို ရှန်းယောင်ကြောင့် ရောက်လာတယ်ဆိုတာ သိလိုက်ရတယ်။ တပည့် မမှားဘူးဆိုရင် ဒီကိစ္စက ရှန်းယောင်ရဲ့ တော်ဝင်စာမေးပွဲ ၀င်ဖြေဖို့ အစီအစဉ်နဲ့ သက်ဆိုင်နေတာပဲ ဖြစ်ရမယ်”

“နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက ရှန်းယောင်ကို ဖျက်ဆီးချင်တာဖြစ်မယ်”

သူမရဲ့ တွေးခေါ်ဆင်ခြင်နိုင်စွမ်းကိုကြည့်၍ နတ်ဆေးသမားတော် ရှန်းဟယ်သည် လက်နောက်ပြစ်လျက် ပိုပြီး ရှုပ်ထွေးလာသလိုခံစားလာရသည်။

“တပည့်အလိမ္မာလေး နောက်ဆုံးတော့ ဆရာနားလည်ပြီ….ရှန်းယောင်နဲ့ သက်ဆိုင်နေသ၍ မင်းက ငတုံးမလေး မဟုတ်နေဘူးပဲ”

ကျီကျောက်က ရှက်ပြုံးလေးပြုံးလိုက်မိသည်။

“ရက်အတော်ကြာ ခရီးလှည့်လည်လာတာဆိုတော့ ဆရာ နည်းနည်း ပင်ပန်းနေပြီ”

နတ်ဆေးသမားတော် ရှန်းဟယ်သည်လည်း သူမ၏ မျက်၀န်းထောင့်မှ အပြာရောင်ပုံရိပ်တစ်ခုအား မြင်လိုက်ပြီးသည့်နောက် သူ့မျက်ခုံးကိုပင့်လျက် မေးလိုက်သည်။

“ဧည့်သည်ခန်း ပြင်ထားပြီးသွားပြီမလား”

“အကုန်လုံး ပြင်ဆင်ပြီးသွားပါပြီ ဆရာသခင်၊ စိတ်မပူပါနဲ့”

“ဒါဆိုလည်း ဆရာအရင်အခန်းပြန်နှင့်ပြီး အနားယူလိုက်ဦးမယ်။ စကားမစပ် ငါ့တပည့်အလိမ္မာလေး‌ရေ ဆရာတို့ အရင်က ပြောဖူးတဲ့ တရုတ်ရိုးရာ ဘဲသားဟော့ပေါ့လေး ဒီည ချက်ပေးထားဦးနော်”

“ဟုတ်ကဲ့ပါ” ကျီကျောက်လည်း သူမကိုယ်သူမ စိတ်အေးအေးထားလျက် အခန်းတံခါးကိုဖွင့်ကာ ၀င်လိုက်လေသည်။

ကျွီ_

သူမ အခန်းထဲကြည့်လိုက်တဲ့အချိန်မှာတော့ သူမမျက်နှာတစ်ခုလုံး ရဲတက်လာတော့သည်။

အဲ့ဒီအချိန်တွင် ရှန်းယောင်သည် သူ့အင်္ကျီတွေကို လဲ၀တ်နေသည့်အချိန်ဖြစ်သဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး အ၀တ်မဲ့နေခြင်း ဖြစ်သည်။

ကျီကျောက်လည်း သူ၏ ညိုစိမ့်စိမ့်အသားအရေရှိသည့် ရင်ဘတ်ကြွက်သားများနှင့် ရေသူခါးလို သွယ်ဆင်းသွားသော ဗွီပုံသဏ္ဍာန် ခန္ဓာကိုယ်အား ကြည့်လိုက်မိသည်။

“အမ်း…. အခန်းတံခါးခေါက်ဖို့မေ့သွားလို့”

ကျီကျောက်တစ်ယောက် အရှက်သည်းစွာဖြင့် အနောက်လှည့်လိုက်ကာ အနေရခက်နေသည့် လေသံလေးဖြင့် ပြောလိုက်သည်။ “အာ့ထောင် ကိုယ့်ကို ဆေးကူလိမ်းပေးပါဦးကွာ”

သူမရဲ့ နောက်ကျောလေးကိုကြည့်လျက် ရှန်းယောင်တစ်ယောက် သူ့ရဲ့ နှုတ်ခမ်းကို ကွေးလိုက်ကာ နူးနူးညံ့ညံ့လေး လှမ်းပြောလိုက်သည်။

“ ကောင်းပြီလေ”

ကျီကျောက်က ခက်ခက်ခဲခဲဖြင့် ခေါင်းညိမ့်ပြလိုက်သည်။ သူမက ပြန်လှည့်လာ၍ သူရှိရာဖက်သို့ လျှောက်လာကာ သူ့လက်ထဲမှ ဆေးပုလင်းကိုလှမ်းယူလိုက်သည်။

သူမ၏ အကြည့်များက မတော်တဆဖြင့် သူ၏ ဘယ်ဖက်ရင်အုံပေါ်သို့ ကျရောက်သွားလေသည်။ ကြီးမားပြီး ရောင်ကိုင်း‌နီရဲနေသည့်ဒဏ်ရာအားကြည့်ရင်း ကျီကျောက်၏ မျက်လုံးများသည် မထိန်းချုပ်နိုင်ဘဲ ရဲတက်လာလေသည်။

“ဆရာသခင်ကတော့ နည်းနည်းမှ အားကို မထိန်းလိုက်ဘူးပဲ”

ကျီကျောက်သည် ညီးတွားပြောဆိုနေမိသည်။

ရှန်းယောက်က ပြုံးလျက် ပြောလာလေသည်။ “အာ့ထောင်….”

“အင်း…”

“အနာဂတ်မှာ ကိုယ် ထပ်ပြီး မရူးမိုက်တော့ဘူး” ရှန်းယောင်သည် သူမ၏ လက်လေးအား ဆွဲယူလိုက်ကာ သူ့ကိုယ်ပေါ်မှာ ထိုင်ခိုင်းလေသည်။ အဲ့ဒီနောက် သူသည် သူမ၏ နှုတ်ခမ်းဖူးဖူးလေးအား နူးညံ့စွာ အနမ်းပေးလာလေသည်။

၁၅မိနစ်ခန့်လောက်ကြာပြီးသည့်နောက် ကျီကျောက်တစ်ယောက် သူမ၏ ဦးနှောက်မှ အောက်ဆီဂျင်ပြတ်လု့နီးပါး ခံစားလာရသဖြင့် အနည်းငယ် တွန်းလိုက်ရာ ရှန်းယောင်သည် သူမကိုယ်လေးအား အင်တင်တင်ဖြင့်သာ လွှတ်ပေးလိုက်ရသည်။

“ကိုယ့်ကို မထားသွားပါနဲ့နော်၊ ဟုတ်ပြီလား”

ရှန်းယောင်က သူ့နဖူးနှင့် သူမ၏ နဖူးလေးအား ပွတ်တိုက်နေလျက် ပြောလာလေသည်။ သူ၏ လေသံမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များနှင့် ပြည့်နှက်နေလေသည်။

သူ တကယ်ပဲ အဲ့ဒီလို ရူးမိုက်တဲ့ အရာတွေကို ပြောထွက်တဲ့အထိ ရူးမိုက်ခဲ့တာပဲ။

“ကောင်းပါပြီ” ကျီကျောက် သူ့အား အပြစ်မတင်လိုပါပေ။ အားလုံးပြီးဆုံးသွားသည့်နောက်မှာတော့ သူပြောတဲ့အရာတွေအားလုံးဟာ သူ့အသိစိတ်ကို ဆန့်ကျင်ပြီး ပြောနေခြင်း ဖြစ်သည်ကို သူမ သိလိုက်ရလေသည်။

“မနက်ဖြန်မနက်ကျရင် ကိုယ်တို့ ခရိုင်မြို့တော်ကို ခရီးစထွက်ကြရအောင်လေ”

ရှန်းယောင်က နူးညံ့စွာ ပြောလာလေသည်။

“ကိုယ်တို့ အရင်ထဲက ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်မထိုးခဲ့ကြဘူးမလား။ ကိုယ်မင်းကို မြို့တော်က ရုံးတော်ဆီကို ခေါ်သွားပြီး ကိုယ်တို့ရဲ့ ဆက်ဆံရေးကို တရား၀င်လင်မယားဆက်ဆံရေးအဖြစ် စာရင်းသွင်းထားချင်တယ်”

“အင်းပါ” ကျီကျောက်သည် နာခံစွာဖြင့် ပြုံးပြရင်း ပြန်ဖြေလိုက်သည်။

“အာ့ထောင် ကိုယ် မင်းကို ပြောဖို့ ရှိသေးတယ်..”

“အင်း…”

“ကိုယ် ကိုယ့်အမေ့ကို စစ်ကြည့်ခိုင်းလိုက်တာ ဇွန် ( ၁၆ ) ရက်နေ့က နေ့ကောင်းတစ်ရက်တဲ့လေ။ အဲ့နေ့ကျရင် ကိုယ်တို့လက်ထပ်ပွဲကို ထပ်ပြီး ကျင်းပကြရအောင်လေ ဟုတ်ပြီလား။ ဒါမှ မင်း ကိုယ့်ကို တရားဝင်အဆင့်အတန်းတစ်ခု အမြန်ဆုံး ပေးနိုင်မှာမလား။”

ကျီကျောက်တစ်ယောက် ရှန်းယောင် ဒီလောက် အရှက်မဲ့တာကို တစ်ခါမှ မမြင်ဖူးဘူး။

ဒါပေမဲ့ သူမမှာလည်း သူ့အား ငြင်းဆိုဖို့ အကြောင်းပြချက် မရှိပေ။

ကျီကျောက်နှင့် ရှန်းယောင်တို့ လက်ထပ်ပွဲကျင်းပဖို့စီစဉ်ထားကြောင်း သိရှိပြီးနောက် ရှန်းမိသားစုအိမ်ခြံဝင်းတစ်ခုလုံး စိတ်လှုပ်ရှားစွာဖြင့် ဂုဏ်ပြုချီးမြှောက်ပေးကြလေသည်။

“ဒီနေ့က မေလ ( ၇ ) ရက်နေ့တောင်ဖြစ်နေပြီမလား။ ဇွန်လ ( ၁၆ ) ရက်နေ့ဆို ရက်က သိပ်တောင် မလိုတော့ဘူးဟေ့”

ဒုတိယမရီးရှန်းက သူမ၏ လက်များအား လက်ချိုးရေနေလျက်ဖြင့် ပြောလေသည်။

“အဖေ အမေ သမီးတို့တွေ အခုထဲက ကြိုပြင်ဆင်ထားကျရင် မကောင်းဘူးလားဟင်”

“အမှန်ပဲဟေ့။ တို့တွေ အာ့ထောင်နဲ့ စန်းလန်တို့ရဲ့ မင်္ဂလာ၀တ်စုံကစပြီး ပြင်ဆင်ထားကြရအောင်လေ”

အကြီးဆုံးမရီးရှန်းသည်လည်း အလျင်အမြန်ပင် ပြောလာလေသည်။

“ပြီးတော့ ဂုဏ်ပြုညစာစားပွဲအတွက်လည်း ပြင်ဆင်ကြရအောင်လေ။ တို့တွေ မင်္ဂလာသတို့သမီးလေး အာ့ထောင်ကို သူမရဲ့ လက်ထပ်ပွဲနေ့မှ မချက်ပြုတ်ခိုင်းသင့်ဘူး မဟုတ်လား”

“အမှန်ပဲ အမှန်ပဲ ပြီးတော့ မင်္ဂလာဝေါယာဉ်ကိုရော ကြိုပြီး စီစဉ်ထားကျရင် ကောင်းမလား”

“ပြီးရင် မင်္ဂလာဝေါယာဉ်ကိုလည်း စီစဉ်ထားကြရအောင်”

ရှန်းမိသားစု၏ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဆွေးနွေးနေသည်များအားကြည့်လျက် ကျီကျောက်သည် သူမ၏ မျက်လုံးထောင့်လေးများမှ မျက်ရည်များ ဝဲတက်လာတော့လေသည်။

ညမရောက်ခင်အချိန်၌ ရှန်းမိသားစုသည် မင်္ဂလာစကားဝိုင်းအား အင်တင်တင်ဖြင့် အဆုံးသတ်လိုက်ကြသည်။

အဆုံးမှာတော့ လက်ထပ်ပွဲဆိုသည်မှာ အရေးကြီးကိစ္စရပ် တစ်ခု ဖြစ်သည့်အတွက် တစ်ညတည်းဖြင့် အကုန်လုံး ဆုံးဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

အစောပိုင်းညနေခင်းအချိန်၌ ကျီကျောက်၏ အလုပ်များနေသည့်ပုံရိပ်လေးအား မီးဖိုချောင်ပြတင်းပေါက်မှပင် လှမ်းမြင်နိုင်လေသည်။

မီးဖိုရှေ့၌ ထိုင်နေသည့် ကျောက်လန်ဟွာတစ်ယောက် နောက်ထပ် ထင်းတစ်ချောင်းအား မီးဖိုထဲသို့ လှမ်းထည့်နေလေသည်။ မီးအလင်းရောင်က သူမ၏ နဂို နူးညံ့သည့် မျက်နှာအား ပို၍နူးညံ့သဖွယ် ထင်ဟပ်နေလေသည်။

သို့ပေမဲ့လည်း ကျီကျောက်သည် သူမ၏ မျက်၀န်းနက်ထဲမှ ဝမ်းနည်းမှု အရိပ်အမြွတ် အနည်းငယ် ထင်ဟပ်နေသည်ကို မြင်နေရ‌သည်။

“အမေ ဘာဖြစ်လို့လဲ”

“အာ့ထောင် အမေ့ကို ရိုးရိုးသားသား ပြောပေးပါ။ သမီးနဲ့ စန်းလန်တို့

တကယ် ပြေလည်သွားကြပြီလားဟင်” ကျောက်လန်ဟွာက စိုးရိမ်တကြီး မေးလိုက်သည်။

“ပြီးတော့ သမီးနဲ့ စန်းလန်ရဲ့ ခန္ဓာကိုယ်အခြေအနေရော တကယ်အဆင်ပြေကြတာ ဟုတ်ရဲ့လားကွယ်”

“အမေ မစိုးရိမ်ပါနဲ့တော့။ သမီးတို့ တကယ်အဆင်ပြေသွားကြပါပြီ” ကျီကျောက်သည် သူမ၏ ရင်ဘတ်အား ပုတ်လျက် ခိုင်မြဲသောအကြည့်ဖြင့်ကြည့်၍ ကတိပေးလိုက်လေသည်။

All Chapters