← Chapters

တကယ်ကို ဉာဏ်ကောင်းလွန်းတယ်

Vol. 18 Ch. 274

တကယ်ကို ဉာဏ်ကောင်းလွန်းတယ်

Vol. 18 Ch. 274

ကျီကျောက်သည် ပြုံးလိုက်မိလျက် ကျောက်လန်ဟွာ၏ လက်မောင်းများအား ဖက်လိုက်ကာ အလိုလိုက်ခံရထားသည့် လေသံပျော့လေးဖြင့် ပြောလာသည်။

“အမေ မစိုးရိမ်ပါနဲ့တော့နော်။ ရှန်းယောင်နဲ့ သမီးတို့ ပြေလည်သွားကြပါပြီ”

“အင်းပါ” ကျောက်လန်ဟွာက တက်ကြွစွာဖြင့် ခေါင်းညိမ့်လာသည်။

“ဒါပေမဲ့ စန်းလန် အဲ့ကောင်စုတ်လေး သမီးအဖေနဲ့ အမေ့ကို သေလောက်အောင်

ဒေါသထွက်လုနီးပါးဖြစ်အောင် လုပ်ခဲ့တာပဲ”

သူတို့က ရှန်းယောင်မှ အာ့ထောင်အား ကွာရှင်းပြတ်ဆဲမည့် အကြံအစည်အား

ကြားခဲ့ရသည့် အချိန်တုန်းက သူတို့ တကယ်ကို ဒေါသဖြစ်ကာ ပေါက်ကွဲခဲ့ကြလေသည်။

“အမေ…. သမီး ဟင်းပွဲတွေအကုန်လုံးကို ပြင်ဆင်ထားပြီးပြီ။ အခု သမီးတို့ စားဖို့ အသင့်ဖြစ်ပါပြီ”

ကျောက်လန်ဟွာ၏ အော်ခေါ်လိုက်သံကြောင့် တစ်မိသားစုလုံး ပင်မခန်းထဲသို့ ရောက်ရှိလာကြသည်။

မှောင်မဲနေသည့် ညဥ့်ကောင်းကင်ယံ၌ ကြယ်ကလေးများက မှိတ်တုတ်မှိတ်တုတ် တောက်ပနေကြလေသည်။

အဲ့ဒီအချိန်၌ ရှန်မိသားစု၏ ပင်မခန်းထဲမှ လေထုမှာတော့ အလွန်တရာကိုမှ သင့်မြတ်နေကြလေသည်။

“ဆရာသခင်….ဒါက တရုတ်ရိုးရာ ဘဲသားဟော့ပေါ့လေ” ကျီကျောက်သည် မတ်တပ်ထရပ်လျက် ဟင်းပွဲအား အပြုံးလေးဖြင့် မိတ်ဆက်လာလေသည်။

“ဒီဟင်းရည်ကတော့ ဟင်းရည်ဖြူကိုမှ အရသာပိုရှိသွားအောင် မှိုလေးတွေ ထပ်ထည့်ပြီး ချက်ထားတာပါ။ ဒီဖက်က အနီရောင်ဟင်းရည်ကတော့ အမဲနှစ်ဟင်းရည်ဖြစ်ပြီး အသားတွေ ထည့်ပြုတ်လေ ပိုပြီးမွှေးကြိုင်လာလေပါပဲ”

“အဲ့မှာပဲ ရပ်ကြည့်မနေနဲ့လေ။ လာ မြန်မြန်‌လေး မင်းတို့ရဲ့ တူတွေကို ကိုင်ပြီး လာစားလိုက်တော့”

နတ်ဆေးသမားတော် ရှန်းဟယ်သည် ထပ်ပြီးမစောင့်နိုင်တော့သဖြင့် သူ၏ တူများကို ကောက်ကိုင်လိုက်သည်။ နတ်ဆေးသမားတော် ရှန်းဟယ်သည် ပွတ်ပွတ်ဆူနေသည့် ဟင်းရည်အိုးအား ကြည့်လျက် တံတွေးမြိုချနေမိသည်။

“အမဲအူကြမ်းရယ် အမဲသားလွှာတွေရယ် ငါးအသားလုံးတွေကိုက ဟင်းရည်အိုးထဲ အခုမှ ထည့်ထားတာဆိုတော့ ခဏနေရင်တော့ ဆယ်ယူပြီး သုံးဆောင်လို့ရပါပြီ”

ကျီကျောက်သည် နတ်ဆေးသမားတော် ရှန်းဟယ် အရှေ့သို့

ဝက်သားကြွပ်ကြော်ပန်းကန်လေးအား တွန်းပေးလျက် ပြောလာသည်။

“ဆရာသခင် ဒီငန်ငန်စပ်စပ် ၀က်သားကြွပ်ကြော်မွမွလေးကို အရင်သုံးဆောင်နှင့်ပါဦး”

“ကောင်းပြီလေ”

ရှန်းမိသားစု၏ ဟော့ပေါ့စားသောက်ဝိုင်းလေးသည် ညဉ့်ဦးယံမှာ ပြီးဆုံးသွားခဲ့လေသည်။

ရှန်းမိသားစု၏ ယောက်ျားသားများမှာ နတ်ဆေးသမားတော် ရှန်းဟယ်နှင့် ဘယ်သူပိုသောက်နိုင်သည်ကို ပြိုင်ဆိုင်ကြသော်ငြား တစ်ယောက်ပြီး တစ်ယောက် မှောက်သွားကြလေသည်။

ကျီကျောက်သည် သူမ၏ မေးစေ့လေးအား လက်ထောက်ထားကာ ဆရာကြီးအား သဘောတကျကြည့်လျက် ပြောလေသည်။

“ဆရာသခင်ရဲ့ အရက်ခံနိုင်ရည်စွမ်းက အရမ်းကောင်းလွန်းနေတာ မဟုတ်ဘူးလားဟင်”

နတ်ဆေးသမားတော် ရှန်းဟယ်သည် ရှန်မိသားစု၀င်ယောက်ျားသားများကို အရက်ယှဉ်ပြိုင်သောက်တဲ့နေရာ၌ တစ်ယောက်ချင်းစီအား အမှောက်သိပ်နိုင်ခဲ့လေသည်။ ရှန်းယောင်ကတော့ အရက်သောက်ဖို့ တားမြစ်ခံထားရသည့်အတွက် ထိုလူစုထဲ၌ မပါ၀င်ခဲ့ပေ။

“ဒါပေါ့ကွ။ မင်းရဲ့ ဆရာက နောက်ထပ် အရက်ခွက် ထောင်ပေါင်းများစွာကိုတောင် သောက်နိုင်…….”

အွတ်...

နတ်ဆေးသမားတော် ရှန်းဟယ်မှာ စကားပင် ပြီးဆုံးအောင် မပြောနိုင်ခင်မှာပဲ မြေကြီးပေါ်သို့ ပစ်လဲသွားတော့သည်။

“အဖေက ဒီနေ့အတွက် သူ နှစ်ပေါင်းများစွာ သိမ်းထားခဲ့တဲ့ ဝါးစိမ်းဝိုင်ကို အထူးထုတ်ဖောက်လာတာလေ” ရှန်းယောင်သည် ခပ်ဖွဖွ ရီလျက် ပြောလေသည်။

“ဝါးစိမ်းဝိုင်ရဲ့ အရသာက မွှေးချိုချိုလေးဆိုပေမဲ့ သူ့အာနိသင်အကျိုးဆက်ကတော့ အရမ်းပြင်းလွန်းတယ်လေ။ ဆရာက သုံးခွက်ဆင့် သောက်လိုက်မိတာဆိုတော့ အလွန်များတဲ့ပမာဏပါပဲ‌”

“ရှင်ကရော… ဘာလို့ ရှင်ရော ၀င်မသောက်တာလဲ”

ကျီကျောက်သည် သူမ၏ ခေါင်းလေးအား သူ့ဖက်သို့ စောင်းငဲ့လျက် အပြုံးလေးဖြင့် မေးလေသည်။ သူမ၏ အပြုံးနုနုလေးမှာ နေအလင်းရောင်လို တောက်ပသကဲ့သို့ နွေဦးကဲ့သို့လည်း နွေးထွေးလွန်းလှသည်။ သူမ၏ ပါးနှစ်ဖက်ဆီရှိ

ပါးချိုင့်လေးနှစ်ခုမှာလည်း အထူးတလည် ချိုမြိန်ဖွယ်ကောင်းနေလေသည်။

“အာ့ထောင်….” ရှန်းယောင်သည် သူ့နှလုံးသားထဲမှ လိုအင်ဆန္ဒအား မထိန်းချုပ်နိုင်တော့ဘဲ သူမအနားသို့ ရုတ်တရက် နီးကပ်လိုက်ကာ သူမ၏ နှုတ်ခမ်းပါးလေးများအား ဖိကပ်သိမ်းပိုက်လိုက်လေသည်။ ထို့နောက် သူသည် သူမ၏ နှုတ်ခမ်းများအား လိုအင်ဆန္ဒအပြည့်ဖြင့်မွတ်သိပ်စွာ နမ်းနေမိသည်။ နွေဦးလေပြေလေးများ တသိမ့်သိမ့် တိုက်ခတ်နေသည့် အနမ်းမျိုးဖြင့် မဟုတ်ဘဲ ရှန်းယောင်သည် ဒီနေ့တွင် အထူးတလည် စိတ်အားထက်သန်မှုအပြည့်နှင့် ဖြစ်နေလေသည်။

ကျီကျောက်သည်လည်း သူ့အနမ်းထံ၌ ယစ်မူးပျော်၀င်သွားခဲ့လေသည်။

၁၅ မိနစ်ခန့်ကြာပြီးနောက် သူတို့နှစ်ယောက်လုံး မောဟိုက်လာကြသောကြောင့် ပြင်းပြမှုများဖြင့် နှစ်ယောက်သား ပါးချင်းထိကပ်လိုက်ကြသည်။

ရှန်းယောင်သည် ရုတ်တရက် သူမ၏ ရှုပ်ပွနေသည့် ဆံပင်လေးများအား ပွတ်သပ်ပေးလျက် အသံဩရှရှဖြင့် ပြောလာလေသည်။ “အာ့ထောင်……မင်းက တကယ်ကို လှ့ရက်နိုင်လွန်းတယ်ကွာ”

သူသည် သူမလေးအား သုံးဆောင်ဖို့ကို မစောင့်နိုင်တော့ပေ။

လေပြေတစ်ချက်အဝှေ့၌ သစ်သားပြတင်းပေါက်ဆီမှ ကျွီခနဲမြည်သံထွက်လာသဖြင့် ကျီကျောက်တစ်ယောက် အသိစိတ်ပြန်၀င်လာတော့သည်။

“ဒါက…….” ကျီကျောက်သည် သူမ၏ ညာလက်ညှိုးလေးဖြင့် သူ့ရင်ဘတ်ကို ညင်သာစွာတို့လျက် ပြောလိုက်သည်။

“ရှန်းယောင်….ရှင် ဆရာ့ကို ဧည့်သည်ခန်းထဲကို အရင်ပြန်ပို့နှင့်လိုက်ပါလား။ ကျွန်မ ရှင့်ကို အခန်းထဲက စောင့်နေမယ်လေ၊ ဟုတ်ပြီလား”

“ကောင်းပါပြီ” ရှန်းယောင်သည် သူမ၏ မျက်၀န်းများ‌ဆီမှ စကားသံများကို နားလည်သွားသည့်နောက် သူ့မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုများအား မဖုံးကွယ်နိုင်တော့ပေ။

“ဒါဆို ကိုယ်တို့အခန်းထဲကို အရင်ပြန်နှင့်လိုက်ပြီး ကိုယ့်ကို စောင့်နေနော်”

ကျီကျောက်သည် သူ့လက်မောင်းများကြားမှ ထွက်ပြီးနောက် အခန်းဆီ ပြန်သွားလိုက်သည်။

လက်ဖက်ရည်ကြမ်းနှစ်ခွက်အား တစ်ပြိုင်တည်း သောက်လိုက်ပါသော်ငြား သူမ၏ မျက်နှာထက်ရှိ အပူချိန်မှာ ကျဆင်းမသွားပါချေ။

သူမက ရှန်းယောင်နှင့် နောက်တစ်ဆင့် တက်ဖို့ကို ဆန့်ကျင်လိုခြင်း မရှိပါပေ။ သူတို့နှစ်ယောက်မှာ အရင်ထဲက လက်ထပ်ထိမ်းမြားခဲ့ကြပြီး ဖြစ်လေသည်။ သို့သော်ငြား စာတွေ့နှင့် လက်တွေ့မှာ အမြဲ ကွဲပြားခြားနားသည် မဟုတ်ပါလား။

ဒီအကြောင်းအား ဆက်တွေးမိလေလေ ကျီကျောက်တစ်ယောက် ပိုပြီးအရှက်သည်းရပြန်သည်။ သူမ၏ မျက်နှာမှ အပူချိန်သည် ကျဆင်းရမည့်အစား မြင့်တက်လာပြန်လေသည်။ တကယ်တော့ ဒါဟာ သူတို့နှစ်ယောက်ရဲ့ ပထမဆုံးညလေး ဖြစ်ပေလိမ့်မည်။

သူမအနေနှင့် ပိုပြီး အသေးစိတ် ပြင်ဆင်ထားသင့်တယ်လို့ ခံစားရသဖြင့် အ၀တ်ဗီရိုအားဖွင့်လျက် သင့်တော်မည့် အ၀တ်အစားအား ရွေးချယ်ဖို့ လုပ်လိုက်သည်။

တစ်ဖက်မှာတော့_

ရှန်းယောင်သည် နတ်ဆေးသမားတော် ရှန်းဟယ်အား ဧည့်သည်ခန်းထဲသို့ ပို့ဆောင်ပေးနေလေသည်။

ရှန်းယောင်သည် သူ့ပုခုံးပေါ်မှ အလေးချိန်သည် ပို၍ လေးလံလာသည်ဟု ခံစားလိုက်ရသဖြင့် သူ့မျက်ခုံးအား တစ်ချက်ပင့်လိုက်မိပေမဲ့ ဘာမှတော့ မပြောလိုက်ချေ။ အမူးပြေသွားသည့် နတ်ဆေးသမားတော် ရှန်းဟယ်မှာ သူ့အား လွှတ်ပေးဖို့ ငြင်းဆန်လေသည်။ နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့ခန္ဓာကိုယ် တစ်ခုလုံး၏ အလေးချိန်အား ရှန်းယောင်၏ ပုခုံးပေါ်ဆို တမင်တကာဖြင့် ပစ်တင်ထားလိုက်လေသည်။

သို့ပေမဲ့လည်း ရှန်းယောင်က စကားတစ်ခွန်းမှ ပြောမလာပဲ သူ့အား အိပ်ရာထက်သို့ ကူညီပို့ဆောင်ပေးကာ လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်သည်။

“ဆရာကြီး လက်ဖက်ရည်သုံးဆောင်ပါဦး။ လက်ဖက်ရည်က အမူးပြေတာ မြန်စေတယ်လေ”

နတ်ဆေးသမားတော် ရှန်းဟယ်မှာ မူးချင်ယောင်ဆောင်မနေတော့ဘဲ သူ့မျက်လုံးများကိုဖွင့်ကာ ရှန်းယောင်အား စိုက်ကြည့်လိုက်သည်။

“ဆရာကြီး ပြောချင်တာများရှိလို့လားဗျ”

“အေး” နတ်ဆေးသမားတော် ရှန်းဟယ်က လက်ဖက်ရည်ပူပူလေးတစ်ခွက်အား ယူသောက်လိုက်ရင်း မထူးခြားသည့် လေသံမျိုးဖြင့် ပြောလာလေသည်။ “မင်းက ငါ့တပည့်အလိမ္မာလေးနဲ့ မတန်ဘူးကွ”

“တာ့ကျင်းမင်းဆက်က စည်းမျဉ်းတွေကို သိပ်တန်ဖိုးထားကြတာလေ။ ငါ့တပည့်ကောင်းလေးက ငါ့ကို ဆရာအဖြစ် မှတ်ယူထားတာဆိုတော့ ငါ့မှာ မင်းကို ပြောစရာစကား နည်းနည်း ရှိတယ်”

နတ်ဆေးသမားတော် ရှန်းဟယ်က အလွန်ရိုးသားစွာဖြင့် ပြောလာလေသည်။

“လက်ရှိ မင်းက ဘာအောင်မြင်မှုမှ မရှိသေးသလို အဖက်ဖက်ကနေလည်း ချုံခိုတိုက်ခိုက်တာက ခံလိုက်ရသေးတယ်မလား။ ငါ့တပည့်ကောင်းရဲ့ ကံတရားက အလွန်တရာ ကောင်းမွန်တယ်ဆိုပေမဲ့ မင်းရဲ့ ကံကြမ္မာဆိုးက သက်ရောက်မှု မရှိနိုင်ဘူးလို့ ဘယ်သူကမှ အာမခံနိုင်တာမှ မဟုတ်တာ”

နတ်ဆေးသမားတော် ရှန်းဟယ်မှာ ဒါကို ပြောလေလေ ကျီကျောက်အတွက် မတရားသလို ခံစားရလေလေ ဖြစ်လာသည်။ သူသာ ဒီတပည့်အလိမ္မာလေးကို အစောထဲကသာ တွေ့ခဲ့မယ်ဆိုရင် ဒီလက်ထပ်ပွဲကို သေချာပေါက် သဘောတူခဲ့မိမှာ မဟုတ်ဘူး။ ကံမကောင်းစွာနဲ့ပဲ အရာအားလုံးဟာ ကံတရားမှ ကြိုတင်စီစဉ်ပြီးသား ဖြစ်လေသည်။

“ဆရာကြီးက အာ့ထောင်ကောင်းဖို့အတွက် တွေးနေမယ်ဆိုမယ်ဆို ကျွန်တော် နားလည်ပါတယ်”

ရှန်းယောင်သည် အပြုံးဖျော့ဖျော့လေးဖြင့် ညင်သာစွာ ပြောလိုက်သည်။

“ကျွန်တော်နဲ့ အာ့ထောင်က တစ်ယောက်ကိုတစ်ယောက် စစ်မှန်တဲ့အချစ်နဲ့ ချစ်မြတ်နိုးကြပြီး တစ်ယောက် ခံစားချက် တစ်ယောက်ကို မျှဝေကြပြီးပါပြီ”

“ကျွန်တော့်ရဲ့ လက်ရှိအခြေအနေက မလုံခြုံဘူးဆိုတာ ကျွန်တော် သေချာသိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောနိုင်တာတစ်ခုက အာ့ထောင်ကို အန္တရာယ်မကြုံရအောင် အမြဲကာကွယ်ပေးနေမှာပါဗျ”

“ကိုယ့်အသက်ကိုတောင် မကာကွယ်နိုင်တဲ့သူက ဘယ်လိုအဓိပ္ပါယ်မဲ့တဲ့စကားကို ပြောထွက်ရဲတာလဲကွ”

နတ်ဆေးသမားတော် ရှန်းဟယ်က သူ့အား စိတ်အနှောင့်ယှက်ဖြစ်စွာ ကြည့်ရင်း ပြောလိုက်သည်။

“ငါ မကန်းသေးဘူး…..ငါ့တပည့်ရဲ့ မင်းအပေါ်ထားတဲ့ ခံစားချက်တွေ ဘယ်လောက်‌ နက်နဲတယ်ဆိုတာ မြင်နိုင်သေးတယ်ကွ”

“မင်းပြောနေတဲ့အတိုင်းသာဆိုရင် လက်ထပ်ပွဲကျင်းပတာထက် ဘုရားကျောင်းကို

ဖြိုချလိုက်တာမှ ပိုကောင်းအုံးမယ်ကွ”

နတ်ဆေးသမားတော် ရှန်းဟယ်က သူ့မျက်လုံးထဲသို့ စိုက်ကြည့်လျက် လေသံတင်းတင်းဖြင့် ပြောလာသည်။

“မင်းက ငါ့တပည့်ရဲ့ ခင်ပွန်းဆိုတာ သိရတော့ ငါမင်းကို မဖုံးကွယ်ထားချင်တော့ဘူး။ ဒါပေမဲ့လည်း မင်းဉာဏ်ကောင်းပုံနဲ့ဆို အစောထဲက ခန့်မှန်းပြီးနေလောက်ပြီ မဟုတ်လား”

“ဆရာကြီး နောက်ဆုံးအကြိမ် ပေါ်လာတုန်းက ကျွန်တော့်ခြေထောက်ဒဏ်ရာကို ကုသပေးခဲ့တယ်။ ဒီတစ်ခေါက်မှာလည်း ကျွန်တော့်ကိုယ်က ကူအဆိပ်ကို ကုသပေးပြန်တယ်လေ”

ရှန်းယောင်သည် ဆရာကြီး၏ ကြည့်ရှုစစ်ဆေးနေသည့်အကြည့်အား အထူးတလည် တုံ့ပြန်ခြင်း မပြုဘဲ နူးညံ့ညင်သာစွာ ပြောလိုက်သည်။

“ဒီလောကကြီးက အကြောင်းအရင်း မရှိပဲ ဘက်လိုက်မှုရှိမှာ မဟုတ်ဘူးမလားဗျ”

နတ်ဆေးသမားတော် ရှန်းဟယ်မှာ သူ့ကို မကြည့်ဘဲ မနေနိုင်တော့ဘူး။

ရှန်းယောင်က တကယ်ကို ဉာဏ်ကောင်းလွန်းတယ်။

အဲ့ဒီအကြီးအကဲတစ်ယောက်က သူ့ရဲ့ ဘ၀တစ်ခုလုံးကို ပုံအပ်လျက် သူ့အား ကူညီပေးနိုင်ဖို့ နည်းလမ်း အမျိုးမျိုး ကြိုးစားပေးဖို့ မေးမြန်းသည်မှာ အံ့ဩစရာ မရှိပါချေ။

“ဒီလူအိုကြီးကို တင်းယွမ်နိုင်ငံကိုလာဖို့ လူတစ်ယောက်က တောင်းဆိုလို့ ရောက်လာခဲ့တာပဲ။ မင်းဘာလုပ်နေတယ်ဆိုတာ မင်းသိတယ်ဆိုရင်လဲ ဒီလူအိုကြီးမှာ ဘာမှ ပြောစရာ မရှိတော့ပါဘူး”

ရုတ်တရက် နတ်ဆေးသမားတော် ရှန်းဟယ်က သူ့နှုတ်ခမ်းများအား ကွေးညွှတ်ကာ စူးရှသော မျက်လုံးများဖြင့် ခက်ထန်စွာ ပြောလိုက်သည်။

“အနာဂတ် တစ်ချိန်ချိန်မှာ မင်း ငါ့တပည့်အလိမ္မာလေးကို ထိခိုက်ရဲလို့ကတော့ ဒီလူအိုကြီးက ဘယ်သူ့မှ မသိလိုက်အောင် အဆိပ်ခတ်ပြီး မင်းကို ဇီဝိန်ချုပ်ပြမယ်ကွ။ မင်းနားလည်တယ်မလား”

***

All Chapters