← Chapters

ရည်ရွယ်ချက်ရှိရှိ ကြံစည်ခြင်း

Vol. 18 Ch. 275

ရည်ရွယ်ချက်ရှိရှိ ကြံစည်ခြင်း

Vol. 18 Ch. 275

နတ်ဆေးသမားတော် ရှန်းဟယ်သည် ခက်ထန်ချင်ယောင်ဆောင်လျက် ပြောလိုက်လေသည်။ ရှန်းယောင်သည် သူ၏နှုတ်ခမ်းများအား စု့ဝိုင်းလျက် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူသည် ခိုင်မာတည်ကြည်သောအကြည့်ဖြင့် ပြောလေသည်။

“ဆရာကြီး စိတ်မပူပါနဲ့တော့….ဆရာကြီး ဒါမျိုးတွေ လုပ်ဖို့ လိုအပ်လာမှာ မဟုတ်ဘူး”

ကျီကျောက်သည် သူ့အတွက် အလွန်အရေးပါသော သူလေး ဖြစ်ပေသည်။

ကျန်ရှိသည့် သူ့ဘ၀တစ်လျှောက်လုံးကို သူမလက်လေးအား ဆုပ်ကိုင်လျက် သူမကို စောင့်ရှောက်ပေးရင်း အလိုလိုက်ရင်းဖြင့် ဖြတ်သန်းချင်မိသည်။

“လိုရင်းတိုရှင်းပြောချင်တာတော့ မင်းသိထားရမှာက ငါ့တပည့်အလိမ္မာလေးဖက်မှာ ငါအမြဲရှိပြီး ကူညီပေးနေမယ်ဆိုတာကိုပဲ”

“ဟုတ်ကဲ့ပါဗျ”

ညဉ့်နက်လာလေလေ ကျီကျောက်တစ်ယောက် သူမ၏ စိတ်လှုပ်ရှားမှုများသည် မျှော်လင့်စောင့်စားခြင်းအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာတော့သည်။

၁၅မိနစ်ခန့်အကြာက သူမသည် ရေချိုးသန့်စင်ခြင်းအမှုကို ပြုလုပ်ပြီးသည်နှင့် သူမ၏ လည်ပင်းတစ်ဝိုက်အား မွှေးပျံ့သည့် ပေါင်ဒါမှုန့်များအား လိမ်းခြယ်ထားခဲ့သည်။

ကျွီ*

အခန်းတံခါးပွင့်လာသည်အချိန်၌ ကျီယောင်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ လက်သီးလေးအား ဆုပ်လိုက်မိကာ မသိစိတ်မှ စေ့ဆော်မှုကြောင့် လှမ်းကြည့်လိုက်မိသည်။

ကူကယ်ရာမဲ့နေသည့် သူမ၏ မျက်နှာလေးမှာ ရှန်းယောင်၏ မျက်လုံးထဲ၌ ထူးခြားသည့် ဆွဲဆောင်မှုအဖြစ် ပြောင်းလဲသွားလေသည်။

“ရှင်….ရှင် ပြန်လာပြီလားဟင်”

ကျီကျောက်သည် ပြုံးလျက် သူမ၏ မျက်လုံးဝိုင်းလေးများမှာ တလဲ့လဲ့ လင်းလက်နေသည်။

ရှန်းယောင်၏ အကြည့်များမှာ ပုံမှန်အချိန်များ၌ ကျောက်စိမ်းကဲ့သို့ နူးညံ့ညင်သာသော်ငြား ယခု့အချိန်တွင်မူ ဝံပုလွေတစ်ကောင်ကဲ့သို့ ခက်ထန်နေလေသည်။

သူသည် အလျင်အမြန် အပြေးရောက်လာပြီး သူမအား သူ၏ သန်မာသော

လက်မောင်းများကြား၌ ပွေ့ဖက်လိုက်သည်။

သူ့ခေါင်းကိုငုံ့လျက် သူမ၏ နှုတ်ခမ်းရဲရဲလေးအား ဖိကပ်လိုက်သည်။ သူက သူမ၏ နှုတ်ခမ်းပါးလေးနှင့် သွားများကြား ရှိသည့် မွှေးရနံ့လေးပါမကျန်

တပ်မက်မှုအပြည့်ဖြင့် ထွေးငုံလာလေသည်။

လေပြင်းတစ်ချက်အ‌ဝှေ့မှာ စားပွဲခုံပေါ်ရှိ အနီရောင်ဖယောင်းတိုင်လေးတစ်စုံမှာ ယိမ်းထိုးနေခြင်းကြောင့် အခန်းတစ်ခုလုံးမှာ ဝါကြင့်ကြင့်ဖြစ်နေလေသည်။

၁၅မိနစ်ခန့်အကြာမှာတော့ ကျီကျောက်တစ်ယောက် သူမဦးနှောက်မှ အောက်ဆီဂျင် လုံး၀ ပြတ်လပ်သွားသလို ခံစားလိုက်ရသည်။ ဘယ်အချိန်တည်းက သူမကိုယ်ပေါ်ကအ၀တ်တွေ ဖယ်ရှားခံလိုက်ရသည်ကို သူမ မသိပေ။ သူမသည် စိတ်လှုပ်ရှားစွာဖြင့် အပေါ်ပိုင်းဗလာဖြစ်နေသည့် ရှန်းယောင်၏ ပုခုံးအား ဖက်တွယ်လိုက်သည်။

သူမ၏ မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးလေးများမှာ မျက်ရည်များဖြင့် ဝိုင်းပြည့်လျက် တောထဲသို့ မျက်စိသူငယ်ရောက်လာသည့် သမင်ငယ်လေးသကဲ့သို့ ဖြစ်နေလေသည်။

“ရှန်းယောင်…. ရှင်…. ရှင် ကျွန်မကို တကယ်ချစ်ရဲ့လားဟင်”

ထိုအချိန်၌ ကျီကျောက်တစ်ယောက် သူမ၏ နှလုံးသားတစ်ခုလုံး အပြင်သို့ ခုန်ထွက်တော့မည်ဟု ခံစားနေရသည်။ သူမ ထင်ထားတာက သူမက လိုအပ်သည့် ပြင်ဆင်မှုတွေ အကုန်လုံး လုပ်ပြီးပြီပေါ့။ ဒါပေမဲ့ သူမက နောက်ဆုံးအချိန်ထိ အလွန် စိတ်လှုပ်ရှားနေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။

သူမ နှုတ်ခမ်း‌လေးများအား ပြင်းထန်စွာ ကိုက်ခဲနေတာကို ကြည့်လျက် ရှန်းယောင် ညင်သာစွာ ပြုံးလိုက်မိသည်။

“ကျောက်ကျောက်……ဒီဘဝမှာလေ ကိုယ် မင်းတစ်ယောက်ထဲကို ပိုင်ဆိုင်ရဖို့ ဆုတောင်းမိတယ်။ ကိုယ့်ဆီမှာ မင်းရှိနေတာ ကိုယ်အရမ်းပျော်တယ်။ ကိုယ်မင်းကို ပိုင်ဆိုင်ရလို့လည်း အရမ်းကျေးဇူးတင်မိတယ်”

“ရှင်…”

“ရှူး” ရုတ်တရက် ရှန်းယောင်သည် သူ့လက်ညှိုးအား မြှောက်လျက် သူမ၏ နှုတ်ခမ်းလေးပေါ် တင်လိုက်သည်။ ထို့နောက် သူမနား နားလေးသို့ကပ်လျက် တိုးဖွဖွ ရယ်မောလိုက်သည်။

“ကျောက်ကျောက် ကိုယ်တို့မင်္ဂလာပွဲနေ့ညကျရင်တော့ မင်းမှာ ငြင်းဆန်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးနော်”

“ဟင်”

ကျီကျောက်တစ်ယောက် သတိလွတ်နေတုန်းမှာပဲ ရှန်းယောင်က မတ်တပ်ထရပ်ကာ ထွက်သွားလိုက်သည်။

ထို့နောက်မှ သူမသိလိုက်ရတာက သူမတို့ရဲ့ လင်မယားအရာမြောက်စေဖို့

ပထမဆုံးအကြိမ် ကြိုးစားမှုမှာ အထမမြောက်ကြောင်း သိလိုက်ရသည်။ ကျီကျောက်သည် စောင်ကို တိတ်တိတ်လေး ဆွဲယူ၍ သူမမျက်နှာအား ဖုံးအုပ်လိုက်သည်။

သူမကိုယ်သူမ ပြန်သုံးသပ်နေမိသည်။

သူမ တအား အသုံးမကျတာ မဟုတ်ဘူးလး။

ညဉ့်ဦးယံအချိန်၌ ရှန်းယောင်သည် အခန်းထဲသို့ ပြန်၀င်လာလေသည်။ သူသည် သူ့၀မ်းဗိုက်အောက်ရှိ အပူများအား ဖိနှိပ်နိုင်ရင် ၁၅မိနစ်အပြည့် ရေအေး လောင်းချိုးလိုက်ရသည်။

သူသည် လရောင်မှာ အာ့ထောင်၏ ရှက်ပြုံးလေးနှင့် ယှဉ်လျှင်ပင် ဆွဲဆောင်မှုလုံလုံလောက်လောက် မရှိတာကိုပဲ အပြစ်တင်မိသည်။

ရှန်းယောင်အခန်းထဲ ပြန်ရောက်တဲ့အချိန်၌ ကျီကျောက်မှာ အိပ်ပျော်နေပြီဖြစ်သည်။

နောက်နေ့မနက်၌ ကျောက်လန်ဟွာသည် မနက်စောစောထ၌ မီးဖိုချောင်၀င်ကာ ရှန်းမိသားစုအတွက် မနက်စာပြင်ဆင်ဖို့ လုပ်လေသည်။ မွှေးပျံ့လှသည့် ဆန်လုံးညိုနှင့် ဟင်းရွက်ချဉ်စပ်တို့ကို တွဲဖက်ပြင်ဆင်ပေးထားပြီး မွှေးပျံ့သည့် အမဲသားနှမ်းနက်ဘန်းမုန့်ကလည်း လူတိုင်းကို ဗိုက်ပြည့်အောင် လုပ်ပေးလေသည်။

“ဒီမှာကြည့်….ဒီနေ့အတွက် တို့တွေလုပ်ရမယ့် အစီအစဉ်တွေပဲ” ကျောက်လန်ဟွာသည် စိတ်လှုပ်ရှားစွာ ပြောလာသည်။

“နောက်ပြီးတော့ အမေနဲ့ မင်းတို့အဖေက ရွာလူကြီးအိမ်သွားပြီး တို့အိမ်က စန်းလန်နဲ့ အာ့ထောင်တို့ရဲ့ မင်္ဂလာပွဲအကြောင်း အသိပေးကြမယ်။ တာ့လန်က မြို့ထဲသွားပြီး ဝိုင်တစ်သုတ်လောက် ၀ယ်လာခဲ့ချေ။ အာ့လန်ကတော့ မြို့ထဲသွားပြီး အရည်အ‌သွေးမြင့် ပရိဘောဂပစ္စည်းတွေ ကူရွေးလာပေးရမယ်နော်”

“စန်းလန်ကတော့ အာ့ထောင်ကို မြို့ထဲခေါ်သွားပြီး လက်၀တ်ရတနာတွေ ရွေးပေးရမယ်။ ပြီးတော့ အာ့ထောင် သမီး နေ့လယ်လောက်ကြ အိမ်ပြန်လာရမယ်နော်။ နတ်ဆေးသမားတော် ရှန်းဟယ်က သမီးကို နေ့လယ်ကျ အနောက်ဖက်တောင်ဆီကို ခေါ်သွားပြီး ဒီအတောအတွင်း သမီး အလေးအနက် လေ့လာနေတဲ့ ဆေးပင်မျိုးစိတ်တွေ ခွဲခြားစစ်ဆေးနေတာကို လမ်းညွှန်သင်ကြားပေးမယ်တဲ့ကွယ့်”

ကျီကျောက်သည် နှမ်းနက်ဘန်းမုန့်အား စားနေလျက် နာခံစွာဖြင့် ခေါင်းညိမ့်လေသည်။

ကျောက်လန်ဟွာသည် ငွေလျန်း ( ၅၀ ) တန်ဖိုးရှိသည့် ငွေလက်မှတ်များအား အသင့်ထုတ်ပေးလိုက်သည်။

“အမေ….”

တာ့လန်တစ်ယောက် ကြောင်အလျက် ပြောလေသည်။

“ဟိုးရက်ကမှ ကျွန်တော်တို့အိမ် မီးလောင်ထားတာ မဟုတ်ဘူးလားဗျ။ အမေ့ဆီမှာ ဒီလောက်ငွေတွေ အများကြီး ဘာလို့ ရှိနေသေးတာလဲဟင်”

“ဟုတ်တယ် အမေ….တာ့လန်နဲ့ ကျွန်တော် ဒီကိစ္စကို ဆွေးနွေးနေကြသေးတာဗျ။ ကျွန်တော်တို့တွေ စန်းလန်မင်္ဂလာပွဲအတွက် ကူညီပေးဖို့ ငွေအချို့စိုက်ဖို့ကိုတောင် ပြင်ဆင်ကြပြီးပြီဗျ”

ရှန်းအာ့လန်သည် သူမအား သိချင်စိတ်ဖြင့် ကြည့်လျက် မေးလိုက်မိသည်။

“အင်း….”

သူမက သူမ၏ သားနှစ်ယောက်အား လက်ယမ်းပြလိုက်ကာ အသံနိမ့်ပြီး ပြောလာသည်။

“ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်က ပေါက်ကြားဖို့ မသင့်တော်ဘူး။ မင်းတို့စားပြီးပြီမလား။ သွား... သွား... မင်းတို့လုပ်စရာရှိတာတွေ မြန်မြန် သွားလုပ်ကြချည်”

၁၅ မိနစ်ခန့်ကြာပြီးနောက် ရှန်းတာ့လန်သည် အိမ်တော်ထဲ၌ ချည်ထားသည့် ရထားလုံးအား ဆွဲလာလျက် သူ့ညီများအား လက်ယမ်းပြလိုက်သည်။

“အာ့လန်…စန်းလန်…တတိယခယ်မလေး အခု ငါတို့တွေ မြို့ထဲသွားကြတော့မလား”

“သွားကြစို့”

ရှန်းမိသားစုအိမ်၀န်းအတွင်းမှာတော့ ရှန်းတာ့ရှန်သည် ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးရယ်နေသည့် ကျောက်လန်ဟွာအား ကြည့်လိုက်ကာ သူမ၏ အပျော်များဟာ သူ့‌ဆီပင် ကူးစက်လာရင်း မေးလိုက်သည်။

“ လန်ဟွာ… ရှင်မ အရမ်းပျော်နေတာပဲလား”

“ကျွန်မ အရမ်းပျော်တာပေါ့ရှင်ရယ်” ကျောက်လန်ဟွာသည် သူမ၏ မျက်ခုံးများအား ပင့်လျက် စားပွဲခုံအားသုတ်နေရင်း ပြောလိုက်သည်။

“ယောကျာ်းရေ ကျွန်မ တကယ်ပျော်တယ်သိလား…ကျွန်မတို့ ကလေးဆိုးလေးတွေက နောက်ဆုံးတော့ ကြီးပြင်းလာကြပြီရှင်”

“ကိစ္စအများကြီးဖြစ်ပြီးနောက် တာ့လန်ရဲ့ အကျင့်စရိုက်က အများကြီး တည်ငြိမ်လာတယ်။ အာ့လန်ရောပဲ အရင်လို ထုံထိုင်းမနေတော့ဘူး။ ပိုပြီးပျော်စရာကောင်းတာက စန်းလန်က အရင်ကလို အေးစက်စက် မဟုတ်တော့ဘူးရှင်”

မိဘတွေအတွက် ပျော်စရာအကောင်းဆုံးကိစ္စက သူတို့ကလေးတွေ ကြီးပြင်းလာတာကို မြင်ရတာပါပဲ။

“အမှန်ပဲ ရှင်မရေ။ ခုနက ကိုယ်ကြားလိုက်သေးတယ်….တာ့လန်နဲ့ အာ့လန်တို့တွေက စန်းလန်မင်္ဂလာပွဲမှာ ပေးဖို့ ပြင်ဆင်ထားခဲ့ကြတယ်ဆိုပဲ” ရှန်းတာ့လန်သည် စိတ်သက်သာရာရစွာဖြင့် ပြောလာလေသည်။

“ကိုယ့်သားတွေလို့ကို မပြောရဘူး…ဒီကလေးတွေ တကယ်ကို တွေးပေးတတ်နေကြပြီ”

“ဟုတ်ပါပြီ။ ကိုယ့်ကိုယ်ကိုယ် အရမ်းအမွှမ်းတင်မနေပါနဲ့တော့ရှင်” ကျောက်လန်ဟွာသည် သူ့နားရွက်အား ဆွဲလိမ်လိုက်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။

“တာ့လန်နဲ့ အာ့လန်တို့ ဒီလိုစကားတွေပြောဖြစ်လာတာ ရှင့်ကြောင့် ဘယ်ဟုတ်ပါ့မလဲရှင့်”

“ဒါဆို ဘယ်သူ့ကြောင့်များလဲ ရှင်မ‌ရယ်”

“ဒါပေါ့ရှင့်။ ကျွန်မတို့ရဲ့ ချွေးမအလိမ္မာလေး နှစ်ယောက်ကြောင့်ပဲပေါ့ရှင့်။” ကျောက်လန်ဟွာက အလေးအနက် ပြောလာလေသည်။ “ကျွန်မတို့ရဲ့ ချွေးမလေးတွေကသာ မတွေးတတ်ဘူးဆိုရင် ရှင့်သားတွေ ဒီလောက် အဖြစ်ရှိမယ် ထင်လို့လားရှင့်”

“ဟုတ်ပါပြီ ဟုတ်ပါပြီရှင်….ဒီမှာရပ်မနေနဲ့တော့။ မြန်မြန်‌လေး ကြက်ခြံထဲသွားပြီး ကြက်စာသွားကျွေးလိုက်ပါဦး။ ခနနေကျရင် ကျွန်မတို့တွေ ရွာလူကြီးအိမ်ကို သွားရဦးမယ်မလား”

“နောက်လကျရင် ကျွန်မတို့ကြက်တွေ မြန်မြန်ကြီးရင် ကောင်းမှာပဲရှင်”

ခရိုင်မြို့တော်….ဟုန်ရှင်းစားသောက်ဆိုင်၌_

ရှန်းယောင်နဲ့ ကျီကျောက်တို့နှစ်ယောက် နောက်လ ၁၆ ရက်နေ့၌ တရား၀င်လက်ထပ်ကြမည့် အကြောင်းကို ကြားပြီးသည့်နောက် လက်ထောက်ဆိုင်ရှင်ယို့တစ်ယောက် မှင်သက်နေလေသည်။ အခြေအနေတစ်ရပ်လုံးအား နားလည်ပြီးနောက် သူက ၀မ်းမြောက်ဝမ်းသာစွာဖြင့် ဂုဏ်ပြုလာခဲ့သည်။

“ဒုတိယအစ်ကိုယို့လည်း မင်္ဂလာပွဲကို တက်ဖို့ မျှော်လင့်ပါတယ်ဗျ” ရှန်းယောင်သည် ပြုံးလျက် စစ်မှန်စွာဖိတ်ကြားလိုက်သည်။

“ဒါပေါ့ဗျာ” လက်ထောက်ဆိုင်ရှင်ယို့လည်း သူ့ရင်ဘတ်ကိုပုတ်လျက် ပြောလာသည်။ “ကျွန်တော်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးအရ မလာလို့ ဘယ်ဖြစ်မလဲဗျ”

စကားအနည်းငယ်ပြောပြီးနောက် လက်ထောက်ဆိုင်ရှင်ယို့က တစ်စုံတစ်ခုအား ပြောကြားလာလေသည်။

“ကျွန်တော် ကြားမိတာရှိတယ်ဗျ…..တင်းယွမ်ကောင်တီမှာ ဖုန်ယွဲ့ဆောင်ကြာမြိုင်ဖွင့်ဖို့ လုပ်နေတယ်တဲ့ဗျ”

လက်ထောက်ဆိုင်ရှင်ယို့သည် မျက်မှောင်ကြုတ်လျက် နက်ရှိုင်းစွာ ကြည့်ရင်း ပြောလေသည်။

“ကျွန်တော် တစ်ယောက်ယောက်ကို စုံစမ်းဖို့လွှတ်လိုက်တော့ ဖုန်ယွဲ့ဆောင်ကြာမြိုင်က ကျွန်တော်တို့စားသောက်ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာဖွင့်မှာတဲ့လေ”

“ဒါမဲ့ ကျွန်မ မှတ်မိရသလောက်ဆို အရာရှိကျီ တင်းယွမ်မြို့တော်ကို ရောက်ကတည်းက ဆောင်ကြာမြိုင်တွေ အများကြီး ပိတ်သိမ်းလိုက်ရတာ မဟုတ်ဘူးလားဟင်”

ကျီကျောက်က သိချင်စိတ်ဖြင့် မေးလေသည်။ “အရာရှိကျီက အဲဒီလိုနေရာမျိုးကို အမုန်းဆုံး မဟုတ်ဘူးလား။ ဖုန်ယွဲ့ဆောင်ကြာမြိုင်နောက်က ပိုင်ရှင်က ဒီအကြောင်းတွေကို မသိဘူးလားနော်”

“မဟုတ်ရင်တော့ ဖုန်ယွဲ့ဆောင်ကြာမြိုင်ပိုင်ရှင်က ဒီအကြောင်းကိုသိ့ရက်သားနဲ့ အကြံအစည်ရှိရှိ လုပ်တာမျိုး ဖြစ်နိုင်မလား…”

ရှန်းယောင်သည် သူ့မျက်လုံးများအား အောက်သို့စိုက်ကြည့်လျက် အသံတိုးတိုးဖြင့် ပြောလေသည်။

***

All Chapters