← Chapters

အမြင့်ရောက်လေ အထီးကျန်လေပဲတဲ့လေ…

Vol. 18 Ch. 276

အမြင့်ရောက်လေ အထီးကျန်လေပဲတဲ့လေ…

Vol. 18 Ch. 276

“ရည်ရွယ်ချက်ရှိရှိ ကြံစည်တာလား…. ဘာလို့ အဲ့လိုပြောတာလဲဟင်”

ရှန်းယောင်က ခပ်ဖွဖွ ရယ်မောလိုက်မိသည်။ “ကိုယ် အရာရှိကျီနဲ့ အရင်က အကြိမ် အနည်းငယ် ဆုံခဲ့ဖူးတယ်လေ။ သူ့စကားလုံးတွေနဲ့ လုပ်ဆောင်ချက်တွေက အရမ်းရည်မွန်လှတယ်။ သူက နှစ်တွေအကြာကြီး တော်ဝင်တရားရုံးစနစ်ထဲမှာ နစ်မြုပ်နေမယ့်သူဖြစ်ပုံပေါ်မနေဘူးလေ။ ကိုယ်မမှားဘူးဆိုရင် တင်းယွမ်ကောင်တီက အရာရှိကျီရဲ့ နောက်ခံက ထူးခြားလောက်မယ်။ တင်းယွမ်ကောင်တီကို

ရာဇဝတ်တရားသူကြီးအဖြစ် ရောက်လာရတဲ့ အခြား‌အကြောင်းပြချက်ရှိပုံရတယ်”

“ဒါ့အပြင် တင်းယွမ်ကောင်တီကို အရာရှိကျီ ရောက်လာပြီးနောက် သူ အဓိကထားပြီး လုပ်တဲ့ ကိစ္စ နှစ်ခု ရှိတယ်။ ပထမဆုံးအနေနဲ့ အခွန်တွေကို လျှော့ပြီး ကောက်ခံတယ်။ ဆိုင်ပိုင်ရှင်တွေနဲ့ အရပ်သားတွေအားလုံး သူ့ကို အလွန်ကျေးဇူးတင်ကြတယ်။ ဒုတိယတစ်ခုက ဆောင်ကြာမြိုင်တွေကို ပိတ်သိမ်းပစ်တယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေက အာဏာရှိတဲ့ ပုဂ္ဂိုလ်တချို့ကို သွားထိမိတာပဲဖြစ်လိမ့်မယ်”

“ဒီဖြစ်ရပ်အရဆို ဖုန်ယွဲ့ဆောင်ကြာမြိုင်နောက်က ဆိုင်ရှင်က အရာရှိကျီကို စစ်ကြေညာလိုက်တာပေါ့နော်”

ကျီကျောက်သည် ရှန်းယောင်၏စကားများကို နားလည်သဘောပေါက်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အရာရှိကျီထက် သ‌ခင်လေးချင်လည်း ရှိနေသေးတယ်”

ရှန်းယောင်သည် သူ့လက်ချောင်းများကို စည်းချက်ကျကျလှုပ်ရှားလျက် စားပွဲခုံအား တောက်လျက် ပြောလိုက်သည်။

“ဖုန်ယွဲ့ဆောင်ကြာမြိုင်သာ ဟုန်ရှင်းစားသောက်ဆိုင်နဲ့ မျက်နှာချင်းဆိုင် ကပ်ဖွင့်မယ်ဆို စားသောက်ဆိုင်ရဲ့ စီးပွားရေးကို သေချာပေါက် ထိခိုက်စေမှာပဲ”

ဟုန်ရှင်းစားသောက်ဆိုင်သည် အစားသောက်ကောင်းများနှင့် ဝိုင်းကောင်းများ ရှိနေပါသော်ငြား ဖုန်ယွဲ့ဆောင်ကြာမြိုင်၌ အလှလေးများ ပိုရှိနေမည်ဖြစ်ပေသည်။

“အမှန်ပါပဲဗျာ”

လက်ထောက်ဆိုင်ရှင်ယို့သည် ဖြည်းညှင်းစွာ ခေါင်းငြိမ့်လေသည်။

“ဒီအကြောင်းကို ကျွန်တော် သိလိုက်ရတာနဲ့ သခင်လေးဆီ ချက်ချင်း စာပို့‌ထားသေးတယ်…..သခင်လေးဖက်က ဖြေရှင်းဖို့ နည်းလမ်း ရှာတွေ့နိုင်ဖို့ မျှော်လင့်မိပါရဲ့ဗျာ”

“အင်း”ရှန်းယောင်သည် သူ့အားကြည့်ကာ နှစ်သိမ့်ပေးလိုက်သည်။ “ဒုတိယအစ်ကိုယို့ ခင်ဗျား အရမ်းကြီးလည်း စိတ်ပူမနေပါနဲ့ဦး။ အားလုံးပြီးသွားတဲ့နောက် ကျွန်တော်တို့တွေ ဒီအထိတောင်ရောက်လာပြီးမှတော့ အတူတူ ရင်ဆိုင်ကြတာပေါ့ဗျာ”

“ကျွန်တော် နားလည်ပါပြီ” ဒုတိယအစ်ကိုယို့က ချက်ချင်းပဲ ပြုံးပြီး ပြောလာသည်။

“ဒီစိတ်ရှုပ်စရာကိစ္စကြီးကို ဆက်မပြောကြရအောင်။ အာ့ထောင်ရေ မင်း ဘယ်အချိန်မှ ချွင်းဖုန့်ဆိုင်ကို ပြန်ဖွင့်ဖို့ အစီအစဉ်ရှိမှာလဲ။ မင်းပိတ်ထားတုန်း ဖောက်သည်တွေ အများကြီးက ဘယ်တော့ဖွင့်မလဲပဲ လာမေးနေကြပါရော”

အာ့ထောင် ရောင်းချ‌ပေးခဲ့သည့် မြေအိုးစွပ်ပြုတ်နှင့် မြေအိုးထမင်းတို့မှာ အရမ်းအရသာရှိလှသည်။

မိန်းမောနေသည့် ကျီကျောက်တစ်ယောက် သူမလက်ချောင်းလေးအား ဆတ်ခနဲ ကိုက်လိုက်သည်။

ရှန်းယောင်နှင့် လက်ထောက်ဆိုင်ရှင်ယို့တို့က သူမအား တစ်ပြိုင်တည်း ကြည့်ကာ မေးလိုက်သည်။

“ဘာမှားနေလို့လဲ”

“ရှန်းယောင် ကျွန်မ ရုတ်တရက် အကြံတစ်ခု ရပြီ” ကျီကျောက်သည် ပြုံး၍ ပြောလေသည်။

“ဒါပေမဲ့ ရှင် ကျွန်မကို မြို့တော်ရုံးကို ခေါ်သွားပေးရမယ်။ ကျွန်မ အရာရှိကျီကို တွေ့ချင်တယ်”

“အခုလား” ရှန်းယောင်သည် ပဟေဌိဖြစ်စွာကြည့်လာလေသညိ။

“မှန်တယ်….အခုပဲ…..ကျွန်မတို့တွေ ဒီကိစ္စကို အမြန်ဖြတ်လိုက်ကြရအောင်”

ကျီကျောက်သည် စိတ်အားထက်သန်သည့် အကြည့်ဖြင့် ပြောလာလေသည်။ ထို့နောက် သူမက ရှန်းယောင်၏ လက်မောင်းအား ကိုင်ပြီး အပြင်သို့ ပြေးထွက်ရန် လုပ်နေရင်း လက်ထောက်ဆိုင်ရှင်ယို့အား နောက်လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဒုတိယအစ်ကိုယို့ ရှင် စိတ်ပူမနေနဲ့တော့။ ဖုန်ယွဲ့ဆောင်ကြာမြိုင်က ဟုန်ရှင်းစားသောက်ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်ဖို့ ကိစ္စ အောင်မြင်မှာ မဟုတ်ဘူး”

“အာ့ထောင် မင်း ဘာလို့ ဒီလောက်သေချာနေတာလဲ” လက်ထောက်ဆိုင်ရှင်ယို့က အလျင်အမြန် လှမ်းမေးလိုက်သော်ငြား ကျီကျောက်၏ နောက်ကျောပုံလေးမှာ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

တင်းယွမ်ကောင်တီ ရုံးတော်_

ကျီထင်းအန်းသည် ရုံးတော်၌ အလုပ်လုပ်လျက် ရှိနေသည်။ သူ့အား ရှန်းယောင်တို့လင်မယားမှ တွေ့ချင်နေကြောင်း ကြားသည့်အခါ အနည်းငယ် အံ့ဩနေမိသည်။

အရင်က ရှန်းယောင်သည် သူ့မိခင်ဖက်မှ အဘိုးအား ကယ်တင်ပေးခဲ့ဖူးသဖြင့် သူ အရမ်း ကျေးဇူးတင်မိသည်။ ဒါကြောင့် သူသည် ရှန်းယောင်အား ဒီစီရင်စုရုံးတော်သို့ ခေါ်ဆောင်ပြီး ငွေ ( ၁၀ ) လျန်း တန်ဖိုးရှိသည့် ငွေတုံးများ ပေးရန် တောင်းဆိုခဲ့သည်။ သိုပေမဲ့ သူ ရှန်းယောင်နဲ့စကားပြောလေ ဒီလူ၏ အပြောအဆိုမှာ ထူးခြားအံ့ဖွယ်ကောင်းသည်ကို ခံစားလိုက်ရသည်။

သူသည် ရှန်းယောင်၏ ကိုယ်ရေးအကျဉ်းအား ဖတ်ခဲ့ဖူးသည်။ ရှန်းယောင်သည် ငယ်စဉ်ထဲက ဉာဏ်ကောင်းသူတစ်ဦးဖြစ်သည်။ အသက်သုံးနှစ်မှာ စကားစပြောနိုင်သည်။ အသက်ငါးနှစ်မှာ ကဗျာတွေရေး‌နိုင်ပြီဖြစ်သည်။ အသက်ခုနှစ် နှစ်မှာ သူသည် ကိုယ်ပိုင်ကဗျာအား ရေးစပ်နိုင်ပြီဖြစ်သည်။ ပိုအရေးကြီးသည်က သူ့ကဗျာရေးစပ်ပုံသည် တမူထူးခြားပြီး ဆန်းသစ်လှသည်။

သို့ပေမယ့်လည်း ဒီလိုထူးချွန်တဲ့လူတစ်ယောက်သည် လွန်ခဲ့သောလေးနှစ်အကြာက အဆင့်တွေ ထိုးကျလာခဲ့သည်။

တော်ဝင်နန်းတော်က နှစ်တိုင်း ထူးချွန်တဲ့ အရာရှိ ရွေးချယ်ပွဲ၌ ငွေကြေး အမြောက်အမြား အကုန်ကျခံသော်ငြား နှစ်တိုင်း မရေတွက်နိုင်တဲ့ အကျင့်ပျက်အရာရှိတွေ ရှိနေခဲ့လေသည်။ သူတို့အားလုံးကို စစ်ဆေးစုံစမ်းဖို့ နည်းလမ်းမရှိချေ။

“သူ့တို့ကို ဧည့်ခန်းထဲ ဖိတ်လိုက်ပါ” ကျီထင်းအန်းသည် သူ၏ နာကျင်နေသည့် နားထင်အား ပွတ်လျက် တောင်စဉ်ရေမရ အတွေးများအား ရပ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“တစ်ယောက်ယောက်ကို လက်ဖက်ရည်နဲ့ အချိုမုန့်ပြင်ခိုင်းထားလိုက်ဦး”

“ဟုတ်ကဲ့ပါဗျ” အစေခံမှ နာခံစွာ ထွက်သွားလေသည်။

၁၅ မိနစ်ခန့်ကြာပြီးနောက် ကျီကျောက်နှင့် ရှန်းယောင်တို့သည် ရုံးတော် အနောက်ဖက် ခြံ၀န်းထဲရှိ ပင်မခန်းဆီသို့ ခေါ်ဆောင်ခံလိုက်ရသည်။

ဧည့်ခန်းအမြင့်၌ ချိတ်ဆွဲထားသည့် အထိမ်းအမှတ်ကျောက်ပြားအား ကြည့်လျက်

ကျီကျောက် အတွေးများကာ ပြောလိုက်မိသည်။

“အေးချမ်းသာယာမှု၏ ပုံရိပ်”

ရှန်းယောင်သည် သူမ၏ လက်ဖဝါးလေးအား ဆွဲညှစ်လိုက်ကာ ခပ်ဖွဖွ ရယ်မောလျက် မေးလိုက်သည်။

“အာ့ထောင် အထိမ်းအမှတ်ကျောက်ပြားကို ဘာလို့များ ဒီလောက် စိုက်ကြည့်နေရတာလဲ”

“ကျွန်မ အခုပဲ တွေးနေမိတာ တကယ်လို့ အရာရှိတွေအားလုံးသာ ကိုယ်ကျိုးစွန့်စိတ်ထားတတ်တဲ့ အရာရှိကောင်းတွေဖြစ်မယ်ဆို အရပ်သားတွေ အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်ရင်း နေထိုင်နိုင်လောက်လား။ ငြိမ်းငြိမ်းချမ်းချမ်းလေးသာ နေ‌ထိုင်ရရင် ဘယ်လိုမျိုး ဖြစ်နေမလဲနော်” ကျီကျောက်သည် ရှန်းယောင်အား ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ပြောတာ ကောင်းတယ်” အထဲ၀င်လာရန် ပြင်‌နေသည့် ကျီထင်းအန်းမှာ ထိုစကားအားကြားပြီးနောက် လက်ခုပ်တီးလျက် ချီးကျူးပြောလိုက်သည်။

“ပင်လယ်နဲ့ မြစ်က ကြည်လင်နေတယ်၊ ကမ္ဘာကြီးက အေးချမ်းသာယာနေတယ်၊ ဘယ်လောက်လှလိုက်တဲ့ ပန်းချီကားပါလဲ”

“အရာရှိကျီအား နှုတ်ဆက်ပါတယ်” ရှန်းယောင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ကျီကျောက်အား သူ့နောက်၌ ကာကွယ်ပေးလျက် လေးစားသမှုဖြင့် ဦးညွှတ်ဂါရ၀ပြုလိုက်သည်။

ကျီထင်းအန်းသည် ကျယ်လောင်စွာ ရယ်မောလျက် ပြောလေသည်။ “ရှန်းယောင် ရှန်းယောင် မင်း အရမ်း ကာကွယ်ပေးစရာ မလိုအပ်ပါဘူးကွာ။ ကျုပ်က တပ်မက်ခြင်းလောဘတွေနဲ့ ပြည့်နှက်ရင်း အသိစိတ်ပျောက်နေတဲ့သူ မဟုတ်ပါဘူး။ ပြီးတော့ မင်းဇနီးပြောလိုက်တဲ့စကားတွေက အရမ်းကောင်းတယ်လို့တောင် ကျုပ် ထင်တယ်။ ကျုပ်မှာ တခြားစိတ်မရှိပါဘူးကွာ”

“ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ဗျ”

ရှန်းယောင်သည် သူ ဘယ်လောက် ရိုးသားသည်ကို မြင်တွေ့ပြီးနောက် အရင်လောက် စိတ်မလှုပ်ရှားတော့ပေ။

ကျီထင်းအန်းသည် ပြုံးလိုက်ကာ သိလိုစိတ်ဖြင့် မေးလာသည်။ “ဒါနဲ့ မင်း ကျုပ်နဲ့ တွေ့ချင်တာ ဘာကိစ္စများရှိနေလို့လဲ”

“ပြောရမယ်ဆိုရင် ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က နောက်လ ၁၆ ရက်နေ့မှာ လက်ထပ်ပွဲကျင်းပဖို့ ဆုံးဖြတ်ထားကြတာပါ”

“မင်းတို့က လင်မယား မဟုတ်ကြဘူးလားဟ” ကျီထင်းအန်းသည် အလွန်တရာ ပဟေဠိ ဖြစ်စွာ ပြောလိုက်သည်။

“တကယ်ပဲ ဘာတွေဖြစ်နေကြတာလဲ”

၁၅ မိနစ်ခန့်ကြာပြီးသည့်နောက် ကျီထင်းအန်းသည် အခြေအနေ တစ်ရပ်လုံးအား နောက်ဆုံးမှာ နားလည်လိုက်တော့သည်။

“မင်းတို့ဆက်ဆံရေးက ဒီလောက် ရှုပ်ထွေးမယ်လို့ ကျုပ်မထင်ထားမိဘူး” ကျီထင်းအန်းသည် မစပဲ မနေနိုင်စွာ ပြောလိုက်မိသည်။

“အမှန်ပါပဲ……အဲ့ဒါကြောင့် ဒီနေ့ ကျွန်တော့်ဇနီးကို ဒီကိုခေါ်လာတာပါ။ ပထမဆုံးအနေနဲ့ နောက်လ ၁၆ ရက်နေ့မှာ ကျင်းပမယ့် ကျွန်တော်တို့မင်္ဂလာပွဲကို ဖိတ်ချင်တာပါ။ နောက်တစ်ခုကတော့ အိမ်ထောင်စုစာရင်းမှတ်ပုံတင်ချင်တာပါဗျ”

“ပြဿနာမရှိဘူး” ကျီထင်းအန်းသည် ပြုံးလျက် ခေါင်းငြိမ့်ပြောလိုက်သည်။ “စိတ်မပူနဲ့”

“စကားမစပ် ကျွန်တော့်ဇနီးမှာ ခင်ဗျားကို အစီရင်ခံချင်တာလေး ရှိတယ်ဗျ”

အဲ့ဒီနောက်မှာတော့ ရှန်းယောင်သည် ကျီကျောက်၏ လက်လေးအား လွှတ်ပေးလိုက်ပြီး သူမအား အားပေးသည့် မျက်၀န်းများဖြင့် ကြည့်လိုက်သည်။

“အရာရှိကျီ ကျွန်မ မေးချင်တာလေး တချို့ ရှိလို့ပါရှင့်” ကျီကျောက်သည် ဖြေးဖြေးချင်း မော့ကြည့်လိုက်၍ ကျီထင်းအန်းအား တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။

“ကျွန်မကြားတာတော့ ဖုန်ယွဲ့ဆောင်ကြာမြိုင်က တင်းယွမ်ကောင်တီမှာ လာဖွင့်ဖို့ လုပ်နေတယ်တဲ့။ ဒီကိစ္စကို ရှင်ဘယ်လိုထင်ပါသလဲရှင့်”

ကျီထင်းအန်း စွံ့အသွားလေ၏။

“ ကျုပ် တင်းယွမ်ကောင်တီကို ရောက်ကတည်းက ဒီမှာရှိတဲ့သူတွေက လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေ ဖွင့်တာထက် ဆောင်ကြာမြိုင်ဖွင့်တာကို ပိုအားပေးတဲ့ မြို့တော်ဆိုတာ သိလိုက်ရတယ်။ ဒါကြောင့်မို့ ကျွန်တော် ဒီကို ရောက်ရောက်ချင်း ပထမဆုံး လုပ်တာက ဆောင်ကြာမြိုင်သုံးခုကို ရှာဖွေစစ်ဆေးခဲ့တယ်”

“ဒီဆောင်ကြာမြိုင်တွေက ညစ်ညမ်းရုံတင်မကပဲ သူတို့နောက်မှာ အာဏာရှင်တချို့ ရှိနေတယ်လေ။ ဒီတစ်ခေါက် ကျုပ် ဒီကို ရောက်လာတာက ဒီအကြောင်းတွေကို စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးဖို့ပဲ။ မိန်းကလေး အခုပြောလိုက်တဲ့ ဖုန်ယွဲ့ဆောင်ကြာမြိုင်နဲ့ ပတ်သက်ပြီးကတော့ ဒီတင်းယွမ်ကောင်တီမှာ ဒီလိုဆိုင်မျိုးဖွင့်လှစ်ဖို့ကို ခွင့်မပြုနိုင်ပါဘူးဗျ”

“ဒါပေမဲ့ ဖုန်ယွဲ့ဆောင်ကြာမြိုင်ရဲ့ အနောက်မှာ စွင်းမိသားစု ရှိနေတယ်လေ”

ကျီကျောက်သည် ပွင့်ပွင့်လင်းလင်း ပြောလာလေ၏။

“လမ်းပေါ်မှာ ပြောနေကြတဲ့ စကားတစ်ခု ရှိတယ်။ မင်းရဲ့ မျိုးရိုးနာမည်သာ စွင်းဖြစ်နေရင် မင်းကြိုက်တာလုပ် ကြိုက်တာယူလို့ ရပြီ။ တကယ်လည်း စွင်းမိသားစုက အလိုလိုက်အကြိုက်ဆောင်ခံထားရတဲ့ မိသားစုတစ်ခုဖြစ်တာပဲလေ”

ဘုရင်မင်းမြတ်သည် ကိုယ်လုပ်တော်စွင်းအား လွန်စွာချစ်မြတ်နိုးလေသည်။ စွင်းမိသားစု၀င် အကြီးဆုံးသားသည်လည်း အင်အားကြီးကာ တပည့်အများအပြား ရှိလေသည်။ ဖုန်ယွဲ့ဆောင်ကြာမြိုင်နောက်၌ ရှိနေသည့် ကြိုးကိုင်သူများမှာ စွင်းမိသားစုပင်ဖြစ်သည်။

“ဒါပေမဲ့ ကျုပ် ကြားဖူးတဲ့ ဆိုးရိုးတစ်ခုရှိတယ်ဗျ”

ကျီထင်းအန်းသည် မျက်၀န်းထဲမှ ခံစားချက်များအား ဖုံးကွယ်ရန် မျက်လွှာချကာ ပြောလိုက်သည်။

“အမြင့်ရောက်လေ အထီးကျန်လေပဲတဲ့လေ…..”

***

All Chapters