← Chapters

၀က်အဆုတ် မုန်လာဥစွပ်ပြုတ်

Vol. 18 Ch. 278

၀က်အဆုတ် မုန်လာဥစွပ်ပြုတ်

Vol. 18 Ch. 278

“မင်း အရမ်းပျော်နေရမှာပေါ့” နတ်ဆေးသမားတော် ရှန်းဟယ်သည် ကျီကျောက်၏ မျက်နှာပေါ်မှ ချစ်ရနံ့မွှန်ထူနေသည့်အပြုံးအား ကြည့်လျက် မျက်မှောင်ကြုံ့ကာ မပျော်မရွှင် ပြောလာလေသည်။

“အဲ့ဒီ ရွှေရောင်သိမ်းငှက်ဆံထုံးက အကြမ်းထည်အဆင့်ပဲ ရှိသေးတယ်။ ကျန်တဲ့ လက်၀တ်ရတနာတွေဆို ပိုဆိုးပေါ့”

“ဆရာသခင်” ကျီကျောက်သည် သူမ၏ ပါးလေးများအား ဖောင်းလျက် ဒေါသတကြီး အော်လိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ….မင်းက ဒီကောင်စုတ်လေးကို ကာကွယ်ပေးနေတာပဲ”

နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ၏ မျက်လုံးများအား တိတ်တဆိတ် လှိမ့်လိုက်လေသည်။

ထို့နောက် သူက သူ့ခါးမှာချိတ်ထားသည့် မီးခိုရောင်အိတ်ထဲမှ ပစ္စည်းများအား သွန်ချရင်း ပြောလေသည်။

“ဒါကို ယူလိုက်…..မင်းအတွက် ဆရာ့ရဲ့ လက်ဖွဲ့ပစ္စည်းပဲ”

နတ်ဆေးသမားတော် ရှန်းဟယ်သည် ဒီမင်္ဂလာပွဲအား သဘောမတူသော်ငြားလည်း သူ့တပည့်မှာ ရှန်းယောင်အား လက်ထပ်ဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်လေသည်။ သူ့မှာ လက်ခံလိုက်ဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိပေခြင်းသာ။

“ဒါက…..” ကျီကျောက်သည် ကြက်သေသေသွားခဲ့သည်။ သူမ၏ ဆရာသခင်သည် သူမအား ကြက်ဥပမာဏရှိ အလင်းရောင် တောက်ပနေသည့် ညလင်းပုလဲအား ပေးလာခြင်းကြောင့် ဖြစ်ပေသည်။

“ကောင်းကောင်း သိမ်းထားရမယ်နော်”

“ကျေးဇူးပါ ဆရာသခင်” ကျီကျောက်သည် မငြင်းပယ်ဘဲ ပျော်ရွှင်စွာ လက်ခံလိုက်သည်။

ညလင်းပုလဲသည် ကြက်ဥတစ်လုံးပမာဏခန့် အရွယ်အစားရှိပြီး ပိုက်ဆံဖြင့် ၀ယ်ဖို့ မတတ်နိုင်သည့် အရာမျိုး ဖြစ်ပေသည်။

သူမ၏ ဆရာသခင်က သူမအား ဒီလို‌ တန်ဖိုးကြီးသည့် အရာအား ခန်း၀င်လက်ဆောင်အဖြစ် ပေးအပ်လာလေသည်။

သူမ၏ ဆရာသခင်မှာ သူမအပေါ် စစ်မှန်စွာ ချစ်မြတ်နိုးကြောင်းကို မြင်နိုင်ပေသည်။

“ဆရာ နေ့လည်စာ ဘာစားချင်တာလဲရှိလဲဟင်…. တပည့် ဘာလုပ်ပေးရမလဲဟင်”

“လွန်ခဲ့တဲ့နှစ်ရက်လောက်ထဲက မင်းဆရာရဲ့ အာခေါင်တွေ ခြောက်ကပ်နေတာလေ…. အရည်သောက်ဟင်း တစ်မျိုးမျိုး ပြင်ဆင်ပေးပါ့လားကွယ်”

“ကောင်းပါပြီ ဆရာ”

“နေ့လည်စာစားပြီးသွားရင် ဆရာနဲ့အတူ အနောက်ဖက်က တောင်မှာ ဆေးပင်တွေ သွားခူးဖို့ လိုက်ခဲ့ရမယ်နော်”

“ဟုတ်ကဲ့ပါဆရာ”

ကျီကျောက်သည် ချက်ချင်းဆိုသလို မီးဖိုချောင်ထဲသို့၀င်သွားလိုက်ကာ သိုလှောင်စင်ပေါ်မှာရှိသည့် ပါ၀င်ပစ္စည်းများအား ကြည့်လိုက်လေသည်။

သူမသည် အဆုတ်သို့ ရေဓာတ်ဖြည့်ပေးနိုင်မည့် ၀က်အဆုတ် မုန်လာဥစွပ်ပြုတ်အား ချက်ပြုတ်ရန် စီစဉ်လိုက်သည်။

တိုက်ဆိုင်စွာနဲ့ဘဲ ရက်အနည်းငယ်အကြာက ဒေါ်လေးကွေ့ဟွားသည် တစ်ယောက်ယောက်နှင့် ၀က်နှလုံး၊ ၀က်အဆုတ်တွေနဲ့ ၀က်အသည်းတွေအား ရှန်းမိသားစုအိမ်တော်သို့ ပို့ပေးလာလေသည်။

ဒေါ်လေးကွေ့ဟွား၏ စကားများအရ ဘယ်သူမှ မလိုချင်တဲ့ ပါ၀င်ပစ္စည်းတွေဟာ အာ့ထောင် လက်ထဲရောက်ပါက ရတနာများအဖြစ် ပြောင်းသွားနိုင်သည် ဆိုပါရဲ့။

ကျီကျောက်သည် ၀က်အဆုတ်အား စတင်ဆေးကြောလေသည်။

သူမသည် ၀က်အဆုတ်ထဲမှ ညစ်ညမ်းသည့် အရာများအား ညှစ်ထုတ်လိုက်ပြီး နောက်တစ်ကြိမ် ရေပြန်ဆေးကာ အတုံးသေးများအဖြစ် လှီးဖြတ်လိုက်လေသည်။ နောက်ဆုံး၌ သူမသည် ၀က်အဆုတ် အတုံးသေးများအား ဆားဖြင့် နှစ်ကြိမ်ခန့်လောက် ဆုပ်နယ် ဆေးကြောလိုက်ပြန်သည်။

သူမ တည်ထားသည့် ရေနွေးအိုးမှာ ပွက်ပွက်ဆူလာသည့်အခါ သူမသည် ၀က်အဆုတ်များအား ရေနွေးဖြောလိုက်ပြီးနောက် ဇွန်းဖြင့်ခပ်ယူလိုက်လေသည်။

ထို့နောက် လတ်လတ်ဆတ်ဆတ် မုန်လာဥ‌လေးများအား အတုံးငယ်လေးများ ဖြစ်အောင် လှီးဖြတ်လိုက်ကာ အိုးထဲ၌ ဆီအနည်းငယ် သုတ်လိမ်းလိုက်သည်။ ထိုမုန်လာဥအတုံးငယ်လေးများအား ဆီပူပေးလိုက်ပြီးနောက် ခပ်ယူထားလိုက်ပြန်သည်။ မုန်လာဥနှင့် ၀က်အဆုတ်ထဲ ရောထည့်ချက်ရန်အတွက် ကျီကျောက်သည် ဆီးသီးအနည်းငယ် ယူလိုက်ကာ အလယ်မှ အစေ့အား ဖယ်ထုတ်ကာ ဖိချေလိုက်ပြီး မြေအိုးထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် သူမသည် ဂျင်းအား နုတ်နုတ်စဉ်းကာ ထည့်လိုက်ပြန်သည်။ မြေအိုးထဲ၌ ပွက်ပွက်ဆူလာပြီးနောက် ၀က်အဆုတ်နှင့် မုန်လာဥဖြူတို့အား ရောထည့်ပြီး မီးအေးအေးဖြင့် ချက်ပြုတ်လေတော့သည်။

ကျီကျောက်သည် အချိန်တခဏလောက် စဉ်းစားပြီးနောက် ၀က်အသည်း အသားလုံးခေါက်ဆွဲစွပ်ပြုတ် တစ်ပွဲ ထပ်လုပ်ရန် ပြင်လိုက်သည်။

ညနေစောင်းအချိန်မှာတော့ နတ်ဆေးသမားတော် ရှန်းဟယ်သည် အရှေ့ဖက်ခြံတံခါးအား တွန်းဖွင့်၍ ၀င်လာလေသည်။

ထိုအချိန်၌ ရှန်းယောင်သည် ကျီချန်အား ကိုယ်ခံပညာသင်ပေးနေခြင်း ဖြစ်သည်။

“ယောက်ဖ…..”

ကျီချန်သည် ၁၅ မိနစ်ခန့်လောက် ဆောင့်ကြောင့်ထိုင်ပြီးနောက် သူ့နဖူး၌ ချွေးများ ဆို့လာခဲ့လေသည်။ သူက မသိစိတ်ဖြင့် သူ့ဘေးရှိ ရှန်းယောင်အား အသနားခံသည့် မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

“နောက်ထပ် ၁၅ မိနစ်လောက် ဆက်ထိန်းထားလိုက်ပါဦး”

ရှန်းယောင်သည် သူ့လက်အား မြှောက်လျက် လက်မောင်းများကို ဆန့်တန်းလိုက်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ချန်ချန် မင်း ကိုယ်ခံပညာ တကယ်တတ်မြောက်ချင်ရင် အပင်ပန်းခံနိုင်ရမယ်လေ။ ကိုယ်ခံပညာဆိုတာ တစ်ညထဲနဲ့ အကုန်တတ်မြောက်သွားနိုင်တဲ့ ပညာရပ် မဟုတ်ဘူး ဆိုတာ မင်း သိထားရမယ်နော်”

မနေ့က ရှန်းမိသားစုအိမ်ခြံဝင်း မီးလောင်ခြင်း နောက်ကွယ်မှ အမှန်တရားကို ကျီချန် မတော်တဆ သိရှိခဲ့ရသည်။

အဲ့အချိန်တုန်းက သူ့အစ်မသည် သူ့အား ရှန်းတာ့လန်နှင့် မြို့တော်ထဲသို့ အဖော်လိုက်သွားပေးရန် အတင်းတောင်းဆိုခဲ့တာကြောင့် သူစိတ်ရှုပ်သွားခဲ့ပေမဲ့ ဘာမှ ထပ်မမေးဘဲ သူ့အစ်မစကားကို နားထောင်ခဲ့လေသည်။

ထိုနေ့က သူ့အစ်မ၌ မီးလောင်ဒဏ်ရာ အများအပြား ရခဲ့သည်ကို သူ မသိခဲ့ပေ။ ဒါကြောင့် သူသည် ယောက်ဖဖြစ်သူဆီသို့လာ၍ ကိုယ်ခံပညာ သင်ယူချင်ကြောင်း ပြောခဲ့လေသည်။

“ဟုတ်ခဲ့ပါဗျ”

ကျီချန်သည် အံတင်းတင်းကြိတ်ပြီး နောက်ထပ် ၁၅ မိနစ်ခန့် ဆက်လေ့ကျင့်ရန် အားတင်းလိုက်လေသည်။

သူ၏ စိတ်ပိုင်းဖြတ်ထားသည့် မျက်နှာအား ကြည့်လိုက်ကာ ရှန်းယောင် စိတ်သက်သာရာ ရသွားတော့သည်။

“မနက်ဖြန်ကစပြီးတော့ ကိုယ်ခံပညာရပ်ကို ဆက်တိုက် လေ့ကျင့်ကြရအောင်” ရှန်းယောင်သည် သူ့ပုခုံးအား ပုတ်လျက် အသံနိမ့်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါဗျ” ဒီမြင်ကွင်းကို မြင်လိုက်ရသည့် နတ်ဆေးသမားတော် ရှန်းဟယ်၏ အတွေးများ နက်ရှိုင်းလာလေသည်။

“ဆရာကြီး……”

ရှန်းယောင်သည် သူ့မျက်လုံးထောင့်မှ မီးခိုးရောင်ပုံရိပ်အား မြင်လိုက်သည်နှင့် ချက်ချင်း ကျီချန်အား ဆရာကြီးထံ ခေါ်သွားပြီး မိတ်ဆက်ပေးလိုက်လေသည်။

“ချန်ချန် ဒါက မင်းအစ်မရဲ့ ဆရာသခင်ပဲ”

“ဆရာကြီးကို နှုတ်ဆက်ပါတယ်ဗျ” ကျီချန်သည် နာခံစွာဖြင့် နှုတ်ဆက်လိုက်လေသည်။

နတ်ဆေးသမားတော် ရှန်းဟယ်သည် ကျီချန်၏ မျက်နှာအား အသေးစိတ်ကြည့်၍ သူ့မျက်လုံးထဲ၌ အံ့ဩရိပ်များ ဖြတ်ပြေးသွားလေသည်။

ဒီကလေး၏ မျက်နှာကျသည် ဟိုခေါင်းမာသည့် လူအိုကြီးနှင့် ဆင်တူလှပေသည်။

“မင်းက အာ့ထောင်ရဲ့ မောင်လေးလားကွ။”

“ဟုတ်ပါတယ် ဆရာကြီး”

“မဆိုးလှပါဘူးလေ” နတ်ဆေးသမားတော် ရှန်းဟယ်က မထူးခြားစွာဖြင့် မှတ်ချက်ပေးလာလေသည်။ ထို့နောက် ဆရာကြီးက သူ့လက်ကောက်၀တ်အား ဆွဲယူပြီး စစ်ဆေးလိုက်လေသည်။ ခေတ်နောက်ကျနေတဲ့ လူအိုကြီးရဲ့ မြေးအလိမ္မာလေးက သူ့မိခင်၀မ်းဗိုက်မှာထဲက အဆိပ်ခတ်ခံခဲ့ရသည်။ ဒီကလေးကသာ အဲ့လူအိုကြီးနဲ့ တစ်ခုခုတော်စပ်မည်ဆိုလျှင် သူ့သွေးခုန်နှုန်းမှာ ထူးခြားသည့် လက္ခဏာ တစ်ခုခု ရှိပေလိမ့်မည်ဖြစ်သည်။ ကံမကောင်းစွာနဲ့ဘဲ သူ့သွေးခုန်နှုန်းသည် လွန်စွာ တည်ငြိမ်လွန်းနေခဲ့လေသည်။

“ဆရာကြီး….ချန်ချန်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတာ ရှိလို့လားဗျ” သူ၏ လေးနက်သည့် အမူအရာအား ကြည့်လျက် ရှန်းယောင် အနည်းငယ် စိတ်လှုပ်ရှားကာ ပြောလိုက်သည်။

“မရှိပါဘူး” နတ်ဆေးသမားတော် ရှန်းဟယ်က သူ့လက်အား လွှတ်ပေး၍ တည်ငြိမ်စွာ ပြောလာသည်။

“ငါ သူ့‌သွေးခုန်နှုန်းကို စမ်းသပ်တယ်ဆိုတာ သူ့နှုတ်ခမ်းတွေက ဖျော့နေတာ မြင်လိုက်လို့။ ဒါပေမဲ့ သူ့သွေးခုန်နှုန်းက ပုံမှန်ပါဘဲ။ သူက နည်းနည်းတော့ အားနည်းနေတယ်မလားကွ”

“စကားမစပ် မင်းအသက်က ဘယ်လောက်လဲ”

“ဆရာကြီး ခင်ဗျ ဒီနှစ်မှာ ကျွန်တော် အသက် ခုနှစ်နှစ်ပြည့်မှာပါဗျ” ကျီချန်သည် နာခံစွာဖြင့် ဖြေလာလေသည်။

“ခုနှစ်နှစ်လားကွ…” နတ်ဆေးသမားတော် ရှန်းဟယ်က မျက်မှောင်ကြုတ်လိုက်မိပြန်သည်။

ဒီကလေးက လူအိုကြီး၏ ပျောက်သွားတဲ့ မြေးလေးနဲ့ တစ်ရွယ်တည်း မဟုတ်ဘူးလား။

“ဆရာသခင် နေ့လယ်စာ စားလို့ ရပါပြီရှင့်”

ကျီကျောက်သည် စကားပြောနေကြသည့် လူသုံးယောက်ထံသို့ အပြုံးလေးဖြင့် ချဉ်းကပ်လာ၍ သိမ်မွေ့စွာ ပြောလာ‌လေသည်။

“တပည့် ဒီနေ့ နေ့လယ်စာအတွက် ၀က်အသည်း အသားလုံးခေါက်ဆွဲစွပ်ပြုတ် လုပ်ထားပါတယ်”

၁၅ မိနစ်ခန့်ကြာပြီးသည့်နောက်_

နတ်ဆေးသမားတော် ရှန်းဟယ်သည် ထမင်းပန်းကန်နှင့်တူအား ကျေနပ်အားရစွာဖြင့် ချလိုက်လေသည်။

“အသားနဲ့ စွပ်ပြုတ်ရဲ့ အတွဲအစပ်က လွန်စွာမှ ပနံသင့်လှသကိုး…..အရမ်း အရသာရှိလိုက်တာကွယ်”

“ဆရာသခင် နောက်တစ်ပန်းကန် ယူချင်သေးလားဟင်”

“ဟုတ်ပြီလေ”

နွေးထွေးသည့် နေ့လယ်စာသုံးဆောင်ပြီးနောက် ကျီကျောက်သည် ချက်ချင်းဆိုသလို သူမ၏ ဝါးခြင်းတောင်းလေးအား သယ်လျက် ဆရာကြီးနောက်သို့ ကျိုးနွံစွာ လိုက်လာလေသည်။

“နွေဦးရာသီဆိုတာ ဆေးပင်တွေအတွက်တော့ အပင်ကြီးထွားတာမြန်စေတဲ့ ကောင်းမွန်တဲ့ ရာသီတစ်ခုပဲလေ”

ဆရာကြီးသည် လမ်းလျှောက်သွားရင်းဖြင့် ရှင်းပြလေသည်။

“ပြီးတော့ ဆေးပင်တွေရဲ့ အလေ့အကျင့်က ထူးခြားတယ်ကွယ့်။ လူမမာတစ်ယောက်ကို ကုသရမယ့် ဆေးပင်ပမာဏကို ဂရုစိုက်ပြီး ချိန်ဆရမယ်။ ဆေးပမာကို သင့်တော်တဲ့ ပမာဏ အချိုးအစား အသုံးမပြုဘူးဆိုရင် လူနာရဲ့ အခြေအနေက ပိုဆိုးလာနိုင်ပြီး ပျောက်ကင်းနိုင်မှာ မဟုတ်ဘူး။”

“ဆေးပညာ လေ့လာနေတဲ့သူတိုင်း သတိထားသင့်တာတစ်ခုရှိတယ်။ သမားတော်ဆိုတာ လူတွေကို ကယ်နိုင်သလို ထိခိုက်အောင်လည်း လုပ်နိုင်တယ်ဆိုတာပဲ”

“အာ့ထောင် ဆရာ့ရဲ့ သင်ပြမှုများကို သေချာလိုက်နာပါ့မယ်” ကျီကျောက်သည် စိတ်ပိုင်းဖြတ်ထားသည့် အကြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

“ဆရာ မင်းအတွက် ထားခဲ့တဲ့ စာအုပ်ထဲက ဆေးပင်တွေအကြောင်း အကုန်မှတ်ထားပြီးပြီလား”

“မှတ်ပြီးသွားပါပြီ ဆရာ”

“ညနေ ငါးနာရီကျရင် တောင်ပေါ်မှာ မတူညီတဲ့ ဆေးပင်အမျိုးအစား ဆယ်မျိုးခူးလာပြီး အဲ့ဒီအပင်တွေ ကြီးထွားပေါက်ရောက်တတ်တဲ့ အခြေအနေနဲ့ အကျိုးသက်ရောက်မှုတွေကို ပြောပြရမယ်။ ပြီးရင် ဆေးညွှန်းဖော်စပ်ပုံ ငါးမျိုးထက် ပိုပြီး စာရင်းပြုစုပေးရမယ်”

မထင်မှတ်ထားသည့် အချိန်မှာပဲ စာမေးပွဲစစ်ဆေးမှု စတင်လာပေသည်။ အစပိုင်း၌ ကျီကျောက်သည် မှင်သက်သွားပေမဲ့ သူမ ချက်ချင်းပဲ စိတ်လှုပ်ရှားမှုအား ထိန်းချုပ်လိုက်ကာ ဆေးပင်အမျိုးအစားများအား လေးနက်စွာ ခွဲခြမ်းစိတ်ဖြာခြင်း စတင်လေသည်။

နေ၀င်ဆည်းဆာအချိန်၌ တောက်ပသည့် နေအလင်းရောင်သည် ကောင်းကင်တစ်ခွင်အား လင်းထိန်စေလေသည်။

လေပြေညှင်းလေးတစ်ချက်အဝှေ့တိုင်း၌ သစ်ပင်အရိပ်များမှာ ယိမ်းထိုးသွားကြလေသည်။

လေထဲ၌ ပန်းရနံ့လေးများဖြင့် သင်းပျံ့နေလေသည်။ လအစမှာပဲ ကျီကျောက်သည် စာမေးပွဲအား ဖြေဆိုပြီးခဲ့လေသည်။

“မင်း နှစ်နာရီတောင် နောက်ကျတယ်နော်”

ကျင့်ကြံသူ ဆရာကြီးသည် လေးနက်သော လေသံဖြင့် ပြောလာလေသည်။

“ဆေးပင်ဆယ်မျိုးရဲ့ ဝိသေသလက္ခဏာတွေကို ဆယ်ကြိမ် ကူးရေးပြီး မနက်ဖြန်မနက်ကျရင် လာထပ်ချေ။”

“သိပါပြီ ဆရာ”

ကျီကျောက်သည် ခေါင်းငုံ့လျက် အသိအမှတ်ပြုကြောင်း ပြောလိုက်လေသည်။

ထို့နောက် ရှန်းယောင်သည် တံခါးဖွင့်လျက် အခန်းထဲသို့ ၀င်လာသောအချိန်၌ ကျီကျောက်သည် စာရေးစားပွဲ၌ ထိုင်ပြီး အသည်းအသန် ရေးနေခဲ့လေသည်။

“မပြီးသေးဘူးလားဟင်”

“မဟုတ်ဘူး” ကျီကျောက်သည် ပင်ပန်းနွမ်းနယ်စွာ သမ်းဝေလျက် သူမကိုယ်သူမ အပြစ်တင်နေသည့် လေသံဖြင့် ပြောလာလေသည်။

“ရှန်းယောင်….ကျွန်မ ဒီနေ့ ဆရာ့ကိုစိတ်ပျက်စေမိခဲ့တယ်ရှင်”

***

All Chapters