← Chapters

ပင်းမိုနှလုံးသား ကျရှုံးခြင်း ... ။

Vol. 74 Ch. 879

ပင်းမိုနှလုံးသား ကျရှုံးခြင်း ... ။

Vol. 74 Ch. 879

ထာဝရနတ်ဆိုးနယ်မြေအတွင်း၌ သတ်ဖြတ်ခြင်း အရှိန်အဝါများသည် ဒီရေကဲ့သို့ တိုးဝှေ့လျက် မိုးခြိမ်းသံများအလား မြည်ဟည်းနေ၏။

ယခင်ဘဝက ကမ္ဘာ့ဘုရင် အဆင့်ရှိခဲ့သည့် ကြောက်မက်ဖွယ် သတ္တဝါ (၁၀) ပါးကျော်သည် တစ်ပြိုင်နက်တည်း ပြေးဝင်တိုက်ခိုက်လာ ကြတော့သည်။

၎င်းတို့နှင့်အတူ မိုးကြိုးများ၊ နတ်ဆိုးမီးတောက်များ၊ ရေခဲမုန်တိုင်းများနှင့် ထူးခြားဆန်းပြားသည့် အဖျက်စွမ်းအားများ ကမ္ဘာပျက်တော့မည့်အလား ပေါ်ထွက်လာ၏။

“ ဆရာ ... ကောင်းကောင်းမွန်မွန် သွားနှင့်လိုက်ပါ နောင်နှစ်မှာ ဒီနေ့ရောက်တိုင်း ဆရာ့အတွက် အမွှေးတိုင်ထွန်းပြီး လာရောက် ဂါရဝပြုပါ့မယ်။ ”

ပင်းမိုက ကျေနပ်စွာဖြင့် ရေရွတ်လိုက်၏။ ထိုစဉ်စုန့်ချိုင်က စုတ်တံကိုလေထဲလွှဲရမ်းပစ်ရာ နိဗ္ဗာန်ဝိညာဉ်ဥပဒေများမှင်ကဲ့သို့ ထွက်လာပြီး နယ်မြေနှင့် ပေါင်းစပ်သွားသည်။

“ သတ် ... ။ ”

“ ဝူး ... ။ ”

သူမ အမိန့်ပေးလိုက်သည်နှင့် သတ္တဝါကြီးများသည် လေနှင့်မိုးကို ဆင့်ခေါ်ပြီး အော်ဟစ်ဟိန်းဟောက်လိုက်ကြ၏။

ထိုကဲ့သို့ သေစေနိုင်သောအန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း စုရီသည် မတုန်မလှုပ် သူ့ဓားကို ဝှေ့ရမ်းလိုက်သည်။

“ ကလန် ... ။ ”

စကြာဝဠာနှလုံးသားထံမှ မြည်သံ ထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်သွားတော့၏။

တစ်ဆက်တည်းမှာပင် ဒဏ်ရာများ အပြင်းအထန်ရရှိထားသော စုရီ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ရောင်ဝါတစ်ခု မိုးပေါ်သို့ ပျံတက်လာတော့သည်။

ထိုမြင်ကွင်းသည် စုန့်ချိုင်ကို မျက်မှောင်ကြုတ် သွားစေတော့၏။ ဤသည်မှာ မည်သို့သော ဝှက်ဖဲပေနည်း။

“ ဟမ့် ... ။ ”

အတွေးများဖြင့် ကောင်းကင်ပေါ် မော့ကြည့်လိုက်ပြီးနောက် ချက်ချင်းမျက်ခုံးပင့် သွားတော့သည်။

ကောင်းကင်ထက်တွင် မည်သည့် အချိန်တည်းက စုဝေးနေမှန်းမသိသော ဒုက္ခ တိမ်တိုက်များစုဝေးနေပြီဖြစ်၏။

ထိုတိမ်တိုက်များသည် ရေဝဲကြီးအသွင် ပြောင်းလဲလာပြီး ဖျက်ဆီးခြင်းရောင်ဝါများဖြင့် အလင်းတန်းများ ဖြာထွက်လာသည်။

“ ဒီကောင် ရူးနေတာလား ... ထာဝရနတ်ဆိုးနယ်မြေအတွင်း ရွှမ်ယုအဆင့်ကို တက်လှမ်းချင်နေတာလား ... ။ ”

ကြည့်နေဆဲမှာပင် စုရီနှင့် ထိုသတ္တဝါကြီးများ၏ ထိပ်တိုက်ရင်ဆိုင်မှုသည် စတင်နေပြီဖြစ်သည်။

“ ဝူး ... ။ ”

နိဗ္ဗာန်ဝိညာဉ်ဥပဒေဖြင့် ခွန်အားပေးထားသော ထိုသတ္တဝါကြီးများသည် ထာဝရနတ်ဆိုးနယ်မြေ၌ ဘုရင်များအလား လွတ်လွတ်လပ်လပ် ကြီးစိုးနေ၏။

တိုက်ပွဲစသည်နှင့် စုရီတစ်ယောက် သွေးများအလိမ်းလိမ်းဖြင့် ဒဏ်ရာများ ထပ်မံ၍ ရရှိလာသည်။ မျက်စိတမှိတ်အတွင်း ကျင့်ကြံမှု သည်လည်း ကုန်ဆုံးလုနီးပါးပေပင်။

ပြင်ပရှိလူအုပ်ကြီးသည် ကောင်းကင်မှ ကပ်ဘေးကိုမော့ကြည့်ကာ တုန်လှုပ်နေသည်။ ဤကပ်ဘေးကြီးသည် ရွှမ်ဟဲအဆင့် ကပ်ဘေး ထက်ပင် ပိုမိုပြင်းထန်နေ၏။

ယင်းနှင့်အတူ သတ္တဝါကြီး (၁၃)ကောင်လက်မှ စုရီတစ်ယောက် မည်သို့ လွတ်မြောက်နိုင်မည်ကို မတွေးဝံ့ချေ။ ပင်းမိုက လှောင်ပြုံးတစ်ပွင့်ဖြင့် ခေါင်းရမ်းသည်။ သူ့ဆရာသည် အမှန်ပင် ဘဝင်မြင့်လွန်း၏။

ကမ္ဘာ့ဘုရင်အဆင့် နတ်ဆိုး(၁၃)ပါး‌၏ တိုက်ခိုက်မှုအောက်၌ပင် ကောင်းကင်ဒုက္ခကို ခံယူရန်ဆင့်ခေါ်ထားသည်။

သို့သော် လူတိုင်းနှင့်ဆန့်ကျင်ဘက် စုန့်ချိုင်သည် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဤကပ်ဘေးကြီးသည် သူမ အဖိုးတန်ထာဝရနတ်ဆိုးနယ်မြေ ပန်းချီကားကို ဖျက်ဆီးနိုင်ကြောင်း ခံစားမိ၏။

“ သွား ... ။ ”

ယင်းကြောင့် စုတ်တံကိုအလျင်အမြန် ဝှေ့ယမ်းကာ စုရီကို နှောက်ယှက်ရန် ကြိုးစား လိုက်‌တော့၏။

ထာဝရနတ်ဆိုးနယ်မြေတစ်ခုလုံး အသ်ကဝင်လာသကဲ့သို့ တုန်ဟည်းလာကာ နိဗ္ဗာန်ဝိညာဉ်ဥပဒေများ ပြေးထွက်လာသည်။

စုရီတစ်ယောက် သေစေနိုင်သော ခြိမ်းခြောက်မှုများ ရုတ်တရက်ခံစားလာရသဖြင့် သူ့ဓားကိုကောင်းကင်ပေါ် ညွှန်ပြကာ၊

“ ပန်းတစ်ပွင့် ပွင့်လာချိန်မှာ လိပ်ပြာတွေ ရောက်လာလိမ့်မယ် .. တာအိုကိုအောင်မြင်ခဲ့ရင် လေထံအရုပ်ဆွဲရုံနဲ့ နဂါးတစ်ကောင် ရောက်လာနိုင်တယ်။ ”

-ဟု ကြွေးကြော်လိုက်၏။

“ ဂျိန်း ... ။ ”

ကမ္ဘာဦးမိုးကြိုးမုန်တိုင်းများကဲ့သို့ ကြယ်လောင်သော ဟိန်းဟောက်သံကြီးများနှင့် အလင်းတန်းကြီးတစ်ခု ထာဝရနတ်ဆိုး နယ်မြေအပေါ် ထိမှန်သွားလေသည်။

တစ်ချက်တည်းဖြင့် ပန်းချီကားခမျာ ဟက်တက်ကွဲသွားပြီး စုရီကို ဝိုင်းရံတိုက်ခိုက် နေခဲ့သော သတ္တဝါ(၁၃)ပါးသည် ကောက်ရိုးများ ကဲ့သို့ ချက်ချင်းပြာကျသွားတော့၏။

“ မကောင်းတော့ဘူး ... ။ ”

တွင်းအောင်းကြွက်အိုကြီးများက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။ အဘယ့်ကြောင့်ဆိုသော ထိုကပ်ဘေးကြီးသည် ပျက်ပြယ်ခြင်းမရှိသေးဘဲ စုရီအပေါ်သို့ ဆက်၍ ပြိုကျနေသောကြောင့်ဖြစ်၏။

ရွှမ်ကျောက်အဆင့်ဖြင့် ထိုကပ်ဘေးကို ခံယူရန်မဖြစ်နိုင်ကြောင်း မည်သူမဆို ပြောနိုင် လေသည်။

ထိုစဉ် စုရီသည် အကြည့်များ တောက်ပလာပြီး ငရဲဘုံကိုးပါးဓားထံသို့ ဆက်သွယ်လိုက်၏။

အသိစိတ်ပင်လယ်အတွင်းရှိ နတ်သံကြိုးများဖြင့် ဓားသည် တချွင်ချွင်မြည်ပြီး နိုးထလာတော့သည်။

တစ်ဆက်တည်းမှာပင် စုရီအပေါ် ကျရောက်လာသော မိုးကြိုးကပ်ဘေးကြီးထံမှ အဖျက်စွမ်းအားကိုစုပ်ယူကာ အသက်ဓာတ်များ အဖြစ် ပြောင်းလဲပေးလာ၏။

စက္ကန့်ပိုင်းအတွင်း စုရီခန္ဓာကိုယ်အနှံ့ သွေးများပန်းထွက်နေသော ဒဏ်ရာများသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ပြန်လည်သက်သာလာခဲ့သည်။

ရောင်ဝါသည်လည်း ရွှေရောင် အလင်းတန်းများသဖွယ် တိုး၍တောက်ပကာ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါစွာ လက်းလက်သွားစေ၏။

စုန့်ချိုင်တစ်ယောက် ပထမဆုံး အကြိမ်အဖြစ် တည်ငြိမ်မှုပျက်ပြားသွားကာ ဒေါသများဝင်ရောက်လာချေပြီ။

အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ကပ်ဘေးသည် မျှော်လင့်ထားသည့် အတိုင်း ထာဝရနတ်ဆိုး နယ်မြေပန်းချီကားကို ဖျက်ဆီးသွားသောကြောင့်ဖြစ်၏။

နတ်မိစ္ဆာဝိညာဉ် (၁၃) ပါးသည်လည်း ပြာကျသွားသည်။ သူတို့အားလုံးသည် အမည်ခံ ကမ္ဘာ့ဘုရင်များဖြစ်ပြီး အရိုင်းမြေကိုးပါးရှိ ရွှမ်ဟဲအဆင့် ကြွက်အိုကြီးများကိုပင် တစ်ချက်တည်းဖြင့် သတ်နိုင်၏။

“ ကောင်းလိုက်တာ ... ကပ်ဘေးရဲ့ စွမ်းအားကိုသုံးပြီး ရန်သူကိုသုတ်သင်ခြင်းပဲ ဒီလို သတ္တိမျိုး ... လောကကြီးမှာ အဲဒီဘီလူးစု တစ်ယောက်ပဲ ရှိလိမ့်မယ်။ ”

အဆိပ်ဘုရင်ထျန်းဟူက အားရပါးရ အော်ဟစ်ချီးကျူးလိုက်သည်။ ကျင်းခွိုက်နှင့် ဝမ်ချွယ်တို့သည်လည်း ထိုမှသာ သက်ပြင်းချ နိုင်ကြတော့၏။

မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲအတွင်း ကောင်းကင်ဒုက္ခခံယူခြင်းသည် အမှန်တကယ် အထိန်းအကွပ်မဲ့လွန်းသည်။

“ စုရွှမ်ကြွယ် မင်း ... ငါ့ရတနာကို ဖျက်ဆီးဝံ့သလား။ ”

စုန့်ချိုင်တစ်ယောက် ဒေါသကြောင့် မျက်နှာဖြူလျော့တုန်ရင်နေ၏။ သည့်ထက်ပို၍ ပန်းချီကားကြီး မပျက်စီးမီ အလျင်အမြန် သိမ်းယူရန် လက်လှမ်းလိုက်တော့သည်။

“ ဘာတွေ အလျင်လိုနေတာလဲ။ ”

သို့သော် စုရီမှ ခွင့်မပြုခဲ့ချေ။ လှောင်ပြောင်ပြုံးများဖြင့် သူမ၏လက်ဖဝါးကို ခုတ်ပိုင်းချလိုက်၏။

စုရီဒဏ်ရာများသည် ငရဲဘုံကိုးပါးဓား၏ အသွင်ပြောင်းပေးသော ကပ်ဘေးအစွမ်းကြောင့် ပြန်လည်ကောင်းမွန်လာပြီး ရောင်ဝါသည်လည်း ရွှမ်ယုအဆင့် ဝင်ရောက်လုနီးပါးဖြစ်နေ၏။

“ ဟမ့် ... ကပ်ဘေးက ခုမှစတာပါ ... နင်ကျော်ဖြတ်နိုင်မလား ကြည့်ရအောင်။ ”

စုန့်ချိုင်က သူမလက်ကိုရုတ်လျက် ဒေါသဖြင့်စိမ်းပြာရောင်စုတ်တံဖြင့် စုရီထံပါးသို့ ဝှေ့ယမ်းကာပယ်ဖျက်လိုက်ရသည်။

“ ဝှစ် ... ။ ”

မီးလျှံကြာပန်းများကဲ့သို့ နိဗ္ဗာန်ဝိညာဉ် ဥပဒေများ ချက်ချင်းပွင့်ထွက်လာခဲ့၏။ သို့သော် ထိုမီးလျှံကြာပန်းများသည် စုရီထံသို့ မရောက်ရှိလိုက်ချေ။

“ ဂျိန်း ... ။ ”

ကောင်းကင်ယံမှ မိုးကြိုးတစ်စင်း ကျဆင်းလာပြီး မီးလျှံကြာပန်းများကို ချက်ချင်း မှုန့်မှုန့်ညက်ညက် ချေမွပစ်တော့၏။ ထို့နောက် အဖျက်စွမ်းအင်များသည် စုရီခန္ဓာကိုယ်ထံ အရူးအမူးပြေးဝင်သွားချေပြီ။

“ ဘာတွေ ဖြစ်နေတာလဲ။ ”

အဖျက်စွမ်းအားသည် ပြင်းထန်လွန်းပြီး ရွှမ်ကျောက်အဆင့် တစ်စုံတစ်ယောက်၏တာအို ခန္ဓာကိုယ်ဖြင့် ခံယူနိုင်သောအဆင့်ထက် ကျော်လွန်လေသည်။

ယခုမူကပ်ဘေးသည် စုရီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ရောင်ဝါကို ပိုမိုမြင့်တက်လာနေ၏။ ယင်းသည် လူတိုင်း၏ နားလည်မှုထက် ကျော်လွန်နေသည်။

“ ငါမယုံဘူး ... ။ ”

စုန့်ချိုင်မှ စုတ်တံကို လွှဲရမ်းလျက် နောက်ထပ်တိုက်ခိုက်မှုများ ပေးပို့လိုက်သည်။ ဤတစ်ကြိမ်တွင် စုရီသည် ပြုံးလျက် ရပ်တန့်ကာခံယူလိုက်၏။

“ ဂျိန်း ... ။ ”

သို့သော် စုန့်ချိုင်၏ဥပဒေစည်းမျဉ်းများ သူ့ထံမကျရောက်မီ မိုးကြိုးလှံကြီးတစ်စင်းသည် ကောင်းကင်မှ တစ်ဟုန်ထိုး ကျဆင်းလာသည်။

“ ဟမ့် ... ။ ”

စုန့်ချိုင်တစ်ယောက် ဒုတိယအကြိမ် မျက်လုံးပြူးသွားရပြန်သည်။ လက်မလျော့ဘဲ နောက်ထပ် တိုက်ခိုက်မှုများကို ဆက်တိုက် ထုတ်ဖော်လိုက်၏။

“ သေလိုက်တော့ ... ။ ”

“ ဂျိန်း ... ။ ”

“ ငါ မယုံဘူး ... ။ ”

“ ဂျိန်း ... ။ ”

“ ဂျိန်း ... ။ ”

“ ..... ။ ”

စုန့်ချိုင်တစ်ယောက် အော်ဟစ်သံများ ညံနေခဲ့ပြီး ကောင်းကင်မှ မိုးကြိုးပစ်သံများမှာ ဆက်တိုက်ထွက်ပေါ်လာတော့၏။ ဒေါသနှင့် ရှက်စိတ်ကြောင့် ရူးမတတ်ပေပင်။

“ စုရွှမ်ကြွယ် ... နင်ငါ့ကို တိုက်ရိုက် တိုက်ဝံ့သလား။ ”

အဆုံးတွင် သည်းမခံနိုင်တော့ဘဲ စုရီကို စိန်ခေါ်လိုက်သည်။ ဤနည်းဖြင့် များမကြာခင် သူမ၏ကျင့်ကြံမှု ကုန်ဆုံးသွားနိုင်၏။ သူမ စကားကြောင့် စုရီမှပြုံးလျက်၊

“ ကောင်းပြီ ... မင်းဆန္ဒအတိုင်းပဲ။ ”

-ဟု ဆိုကာ ဓားဖြင့်လှမ်းထိုးလာခဲ့သည်။

တစ်ဖက်တွင် ဒဏ်ရာများမှ ပြန်လည်သက်သာလာခဲ့သော ပင်းမိုသည် မျက်ဝန်းများတောက်ပလာပြီး အခွင့်အရေးကို အရယူကာ၊

“ ဂျူနီယာစုန့် ငါကူညီပါရစေ။ ”

-ဟု အော်ဟစ်ကာ တိုက်ပွဲအတွင်း ပြေးဝင်လိုက်တော့သည်။

“ ဝှစ် ... ။ ”

သို့သော် စုန့်ချိုင်သည် ဒေါသထွက်နေပြီ ဖြစ်သဖြင့် ပင်းမိုကိုဖမ်းဆွဲကာ ရှေ့တွင်ကာပြီး စုရီထံမှ ဓားကို ခံယူလိုက်တော့၏။

ဤသည်မှာ လူတိုင်းအတွက် အံ့အားသင့်စရာပေပင်။ ပင်းမိုသည် သေရမည် မကြောက်ဘဲ သူမအတွက် တိုက်ခိုက်ပေးရန် ဝင်ရောက်လာခြင်းဖြစ်သည်။

“ စွပ် ... ။ ”

ယခုမူ စုန့်ချိုင်၏လုပ်ရပ်ကြောင့် ပင်းမိုသည်ပင်အံ့အားသင့်သွားပြီး နှလုံးသား၌ စူးရှသော ခံစားချက်ကို ရရှိလိုက်ချေပြီ။

ရင်ဘတ်တွင် စုရီဓားကြောင့် အပေါက်ကြီးဖြစ်သွားပြီး ခန္ဓာကိုယ်တစ်ခြမ်းမှာ ကြေမွလျက် သွေးများပန်းထွက်လာသည်။ စုရီမှ ရပ်တန့်လိုက်၏။ သူ့တပည့်သည် ရူးမိုက်စွာဖြင့် တစ်ဖက်လူ၏ အသုံးချခြင်းခံသွားရချေပြီ။

“ ဘာ ... ဘာလို့လဲ။ ”

ပင်းမိုခမျာ သေလုမျောပါး ဒဏ်ရာများကြားမှ စုန့်ချိုင်ထံစိုက်ကြည့်ကာ တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။ သူ့အသံတွင် နာကျင်မှုနှင့် စိတ်ပျက် အားငယ်မှုများ ပြည့်နှက်နေခဲ့၏။

“ မင်းကိုယ်တိုင်က ငါ့အတွက် အသက်ပေးဝံ့ပါတယ်လို့ တာအိုနှလုံးသားနဲ့ ကျိန်ဆိုကတိပေးခဲ့တာမေ့နေပြီလား ဒါဆို ဘာလို့ နောင်တရနေတာလဲ။ ”

စုန့်ချိုင်က သူ့ကိုအမှိုက်တစ်စလို ပစ်ချလိုက်ကာပြန်ဖြေသည်။ ပင်းမိုမျက်လုံးများ အရောင်မှေးမှိန်သွားပြီး သူ၏တာအိုကမ္ဘာကြီး တစ်ခုလုံး ပြိုလဲသွားတော့သည်။

အရာရာကိုစွန့်လွှတ်၍ ပေးဆပ်ခဲ့သော သူ့အတွက် ဂျူနီယာညီမ၏ အရုပ်ကလေးကဲ့သို့ ကစားခြင်း ခံလိုက်ရချေပြီ။

ထိုအသိဖြင့် သူ့ခန္ဓာကိုယ်ကြီး တစ်စစီ ပဲ့ကြွေသွားကာ ဤလောကကြီးထံမှ အပြီးတိုင် လွင့်ပါးပျောက်ကွယ်သွားတော့သည်။

***

All Chapters