← Chapters

ချင်းတန်အတွက် အချိန်သုံးလပေးခြင်း ... ။

Vol. 74 Ch. 885

ချင်းတန်အတွက် အချိန်သုံးလပေးခြင်း ... ။

Vol. 74 Ch. 885

စုရီက စိတ်ကူးရလာပြီး သားရေလိပ်ကို လက်ညှိုးဖြင့်တို့ထိကြည့်လိုက်၏။ ချက်ချင်းပင် ထိုသားရေလိပ်ပေါ်တွင် ရေးဆွဲထားသော မျဉ်းကြောင်းများသည် သက်ဝင်လှုပ်ရှားလာပြီး ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။

၎င်းတို့သည် တောင်နှင့် မြစ်များအဖြစ် ဖွဲစည်းလာကာ မည်းမှောင်နေသောကမ္ဘာကြီး အသွင်ပြသလာချေပြီ။

တစ်ချိန်တည်းမှာပင် ထိုအမှောင် ဒေသအတွင်း သေးငယ်သော စာလုံးလေးများ ပေါ်ထွက်လာပြီး ရှင်သန်ရာလမ်း၊ အန္တရာယ်ဇုန်၊ မရဏဇုန်နှင့် သေမင်းဟူ၍ ရေးသားထား၏။

မြေမျက်နှာသွင်ပြင်နှင့် ထိုမှတ်ချက်များထံကြည့်ပြီး စုရီတစ်ယောက် နှလုံးသားတုန်ခါသွားလေသည်။

အတိတ်ဘဝတွင် ထိုတားမြစ်နယ်မြေသို့ သုံးကြိမ်စွန့်စားဖူးရာ မြေပြင်အနေအထားကို သူ မှတ်မိနေ၏။ ဤမြေပုံသည် နတ်ဘုရားသင်္ချိုင်း တားမြစ်မြေ၏ ပြင်ပဒေသမြေပုံဖြစ်နေသည်။

ဥပမာအားဖြင့် မရဏဇုန်ဟု မှတ်သားထားသည့်ဒေသသည် လွင်ပြင်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများ ရှင်သန်ကျက်စား၏။

ထိုနတ်ဆိုးများသည် သန်မာလွန်းပြီး ဧကရာဇ်အဆင့်ပုဂ္ဂိုလ်များကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိချေ၏။

ထိုစဉ်က စုရီသည် ထိုလွင်ပြင်ကြီး၌ ဘေးဒုက္ခနှင့်ကြုံရပြီး အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရဖူးသည်။

အချိန်အတော်ကြာသည်အထိ အတိတ်ဘဝအတွေ့အကြုံများနှင့် ဤသားရေ စာလိပ်ပေါ်ရှိ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးကြည့်နေခဲ့၏။

ထိုကြောင့် သူသိလိုက်ရသည်မှာ ရှင်သန်ရာလမ်းဟုခေါ်ဆိုသည့် နေရာများပင် အလွန်အန္တရာယ်များနေသေးသည်။

ဆိုလိုသည်မှာ ဤမြေပုံအရ ထိုနတ်ဘုရားသင်္ချိုင်း တားမြစ်နယ်မြေသည် အမှန်ပင် တားမြစ်ဆန်လွန်း၏။ အမှားအယွင်း အနည်းငယ်ရှိရုံဖြင့် ပျောက်ကွယ်နိုင်သည်။

အန္တရာယ်ဇုန်များမှာမူ ဆိုဖွယ်ရာမရှိချေ။ ကိုးပုံတစ်ပုံမျှသာ အသက်ရှင်ရန် အခွင့်အရေး ရှိချေသည်။ မရဏဇုန်များသည်ကား ခြေမချသင့်သောအရပ်များဖြစ်၏။

နတ်ဘုရားသင်္ချိုင်း၏ ပြင်ပနယ်မြေမှာပင် သေမင်းဟု အမည်တပ်ထားသည့် နေရာသုံးခု ရှိနေခဲ့သည်။

ထိုနေရာများတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးများ ရှိနေမည်ကို မမှန်းဆနိုင်ချေ။

“ ဒါက ပြင်ပဒေသကြီးရဲ့ မြေပုံပဲ တားမြစ်နယ်မြေရဲ့ အတွင်းပိုင်းမြေပုံရော ပါနေနိုင်မလား ... ။ ”

စုရီက ခပ်တိုးတိုးရေရွတ်ကာ သားရေလိပ်ပေါ်သို့ ထပ်မံဖိနှိပ်လိုက်ပြန်သည်။ အမှန်ပင်သားရေလိပ်သည် ထပ်မံပြောင်းလဲ သွားပြန်၏။

သို့သော် ဤတစ်ကြိမ်မြေပုံသည် ဝေဝါးနေပြီး အကြမ်းဖျင်းပုံရိပ်မျှသာပါရှိသည်။ အသေးစိတ်အချက်အလက်ဟူ၍ မရှိသလောက် ပေပင်။

“ နယ်ပယ်ဘုရင်အဆင့် မဟုတ်လျှင် မလာပါနှင့်။ ဤနေရာသည် ကြောက်မက်ဖွယ် ကောင်းလှပြီး နယ်ပယ်ဘုရင်များကိုပင် ခဏချင်း ပြာကျသွားစေနိုင်၏။”

မြေပုံထောင့်ရှိ မှတ်ချက်များကို ဖတ်ရှုလိုက်ပြီးနောက် စုရီခမျာ အသက်ရှူ မှားသွားရသည်။

ကောင်းကင်လမ်းကို နယ်ပဘ်ဘုရင်များဟုလည်း ခေါ်ဆိုကြပြီး ၎င်းတွင် အဆင့်ကြီးသုံးဆင့်ရှိချေ၏။

ထိုအဆင့်များမှာ ထုံရှောက်- ထာဝရကောင်းကင်၊ ကွေ့ယီ-ကောင်းကင် ပေါင်းစည်းခြင်းနှင့် တုံ့ယွီ- ကောင်းကင်အသိ အဆင့်တို့ဖြစ်သည်။

ကောင်းကင်အသိ-တုံ့ယွီသည် နယ်ပယ်ဘုရင်များထဲတွင် အထွတ်အထိပ် အဆင့်ပေပင်။

သို့သော် ထိုမျှအင်အားကြီးမားသော ပုဂ္ဂိုလ်ကြီးများအတွက်ပင် နတ်ဘုရားသင်္ချိုင်း တားမြစ်မြေအတွင်းပိုင်းသို့ ပေါ့ပေါ့ဆဆ ဝင်ရောက်ခြင်း မပြုရန် သတိပေးထား၏။

မျက်တောင်တစ်ခတ်အတွင်း ပြာကျသွားနိုင်သည်ဆိုခြင်းမှာ အလွန်ပင် တုန်လှုပ်ဖွယ်ရာပေပင်။

“ ဤမြေပုံကို ရရှိသူ သတိပြုရန်။ အကယ်၍သာ အကြင်သူသည် စူးစမ်းလိုပါက ရွှမ်ဟွမ်မိခင်ချီကို သန့်စင်ထားသူ ဖြစ်မှသာ အသက်ရှင်ရန်လမ်းစ ရှိပေလိမ့်မည်။ ”

ဤဝါကျအရောက်တွင် စုရီမှ မျက်ခုံးပင့်လိုက်၏။ သူ့စိတ်ထဲများစွာသော အတွေးများရိုက်ခတ်လာသည်။

ရှေးဦးခေတ်တွင် ရွှမ်ဟွမ်ကြယ်စုသည် အလွန်တောက်ပခမ်းနားခဲ့ပြီး တာအိုခပ်သိမ်း၏ မြစ်ဖျားခံရာဟု သတ်မှတ်ခံခဲ့ရဖူး၏။

နတ်ဘုရားများကဲ့သို့ အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီးများစွာကိုလည်း မွေးထုတ်ပေးသည်။ ဤအရာအားလုံးသည် ကြယ်စု၏ ကောင်းကင် တာအိုစည်းမျဉ်းနှင့် သက်ဆိုင်နေ၏။

ထိုကောင်းကင်တာအို ဥပဒေစည်းမျဉ်းများသည် ရွှမ်ဟွမ်မိခင်ချီထံမှ မွေးဖွားလာခြင်းပေပင်။

ဆိုလိုသည်မှာ တာအိုဘိုးဘေးမြေဟု တင်စားရသည့် ရွှမ်ဟွမ်ကြယ်စုကြီး၏ ဗဟိုချက် ဖြစ်သော နတ်ဘုရားသင်္ချိုင်းနယ်မြေတွင် မိခင်ချီပင်လယ်ရှိနေပေလိမ့်မည်။

အတိတ် သမိုင်းကြောင်းများ ပျောက်ကွယ်သွားခဲ့သော်လည်း ဤကြယ်စု၏ မိခင်ချီသည် လုံးဝဥဿုံ ကွယ်ပျောက် မသွားသေးဟု ဆိုလိုခြင်းပေပင်။

( ဘယ်လောက်စိတ်ဝင်စားစရာ ကောင်းလိုက်လဲ ... ဒီသတင်းသာ ပျံ့နှံ့သွားရင် ကမ္ဘာဘုရင်ဆိုတဲ့ အဲဒီလူတွေအတွက် မကြုံစဖူး အရင်းအမြစ်တိုက်ပွဲကြီး ဖြစ်လာလိမ့်မယ်။ )

စုရီတစ်ယောက် အတွေးထဲ နစ်မြုပ်သွားတော့၏။ သို့သော် လက်တွေ့ကျကျ ပြန်စဉ်းစားကြည့်လိုက်သောအခါ စိတ်ပျက်စရာ အမှန်တရားကို မြင်လာရသည်။

ဤအချင်းအရာများ သိနေလျှင်ပင် ရွှမ်ဟွမ်မိခင်ချီပါဝင်သော ရှေးဟောင်းရတနာ များသည် အလွန်ရှားပါးနေပြီး ကောင်းကင်လမ်း သည်လည်း ပြတ်တောက်သွားခဲ့ချေပြီ။

ရတနာသိုက်ကို တွေ့ရှိသော်မှ အဆိုးဆုံးမှာ ထိုတားမြစ်နယ်မြေသည် နယ်ပယ်ဘုရင်အဆင့် ကျွမ်းကျင်သူများပင် သေဆုံးနိုင်၏။

လက်ရှိအချိန်၌ ရွှမ်ဟွမ်ကြယ်စုတွင် ထိုတားမြစ်မြေအတွင်းသို့ဝင်ရန် အရည်အချင်း ပြည့်မီသူ တစ်ယောက်မျှမရှိတော့ချေ။

“ အမှန်တရားက အမြဲတမ်းရက်စက်တယ် ... ။ ”

စုရီမှ သက်ပြင်းချကာ အတွေးများ ဖယ်ထုတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤမြေပုံကိုရရှိလိုက်ခြင်းသည် ရတနာသိုက်၏ သော့တစ်ချောင်းကဲ့သို့ အသုံးဝင်နေသေး၏။

“ အစ်ကိုစု တစ်ခုခုမှားနေလား။”

ကောင်းကင်နတ်ဆိုးဧကရာဇ်က စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ဘဲ မေးမြန်း လိုက်လေသည်။ စုရီ၏အမူအရာ အကြိမ်ကြိမ် ပြောင်းလဲသွားသည်ကို သတိထားမိခဲ့၏။

စုရီက ဖုံးကွယ်ထားခြင်းမရှိခဲ့ဘဲ သူသိရှိထားသမျှ အစောပိုင်းအကြောင်းအရာကို အကျဉ်းချုံး ပြောပြလိုက်သည်။ ထို့ကြောင့် ကောင်းကင်နတ်ဆိုး ဧကရာဇ်သည်လည်း အံ့ဩတုန်လှုပ်သွားတော့၏။

“ အစ်ကိုစု ... မင်းစမ်းမကြည့်ချင်ဘူးလား။ ”

စုရီမှ ချက်ချင်းပြန်မဖြေသေး နတ်ဘုရားသင်္ချိုင်းတားမြစ်နယ်မြေ စာလိပ်ကို သိမ်းဆည်းကာ၊

“ ဒီအကြောင်း နောက်မှပြောကြရအောင်။ ”

-ဟု တုန့်ပြန်လိုက်သည်။

ထို့နောက် နှစ်ဦးသား ဤသားရေစာလိပ်အပါအဝင် သိမ်းဆည်းရမိ သမျှ ရတနာများကို ခွဲဝေလိုက်ကြသည်။

ရတနာများ ခွဲဝေပြီးနောက် စုရီသည် ဤအရပ်တွင် ခေတ္တမျှနေထိုင်ကာ ကျင့်ကြံရန် အသိလိုက်၏။ ကောင်းကင်နတ်ဆိုးဧကရာဇ်မှ ပြုံးရွှင်သွားပြီး သူ့သားမြေးများကို လက်ပြကာ ထွက်သွားစေလိုက်သည်။

ထို့နောက် သူမ၏အလှတရားဖြင့် မြှူဆွယ်ရန်ကြိုးစားလိုက်သော်လည်း စုရီမှာမူ မတုန်မလှုပ် သူမတင်ပါးကိုရိုက်နှက်ပြီး မောင်းထုတ်လာ၏။

ထိုအချင်းအရာသည်ပင် သူမကိုပို၍ ရူးသွပ်စေကာ နယ်ပယ်ဘုရင်အဆင့်ထံသို့ တက်ရောက်ချိန်၌ စုရီကိုသိမ်းယူရန် ဆုံးဖြတ်ချက်ပိုခိုင်မာလာစေခဲ့၏။

“ မင်းထွက်သွားရင် ငါ့အတွက် အပြင်မှာသတင်းလွှင့်ပါ ... နောက်သုံးလနေရင် ငါကောင်းကင်လှိုဏ်ဂူကို ပြန်မယ်။ ”

ကောင်းကင်နတ်ဆိုးဧကရာဇ်မှ အတွေးများဖြင့်ထွက်ခွာလာစဉ် စုရီအသံသည် သူမနောက်ပါးမှ ကပ်၍လိုက်ပါလာတော့သည်။

သုံးလအကြာတွင် နတ်ဓားရှင်သည် ကောင်းကင်လှိုဏ်ဂူကို ပြန်သိမ်းယူမည်ဟူသည့် သတင်းသည် ထိုညမှာပင် မုန်တိုင်းတစ်စင်း ကဲ့သို့ ပျံ့နှံ့သွားခဲ့ချေပြီ။

အရိုင်းမြေတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြင့် ကြီးမားသောရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ် လာတော့၏။

“ ပြီးခဲ့တဲ့အကြိမ်က နတ်ဓားရှင်က သူ့တပည့်ကြီးပင်းမိုကိုသတ်ပြီး နှလုံးသားပြခန်း အဖွဲ့ဝင်တွေကို သတ်ဖြတ်ခဲ့တယ် ... အခု သူ့ရဲ့ အငယ်ဆုံးတပည့် ချင်းတန်ကိုရော ဘာဆက်လုပ်မယ်ထင်လဲ။ ”

“ ဟမ့် ... ဧကရီချင်းတန်အပေါ် သစ္စာဖောက်တစ်ယောက်လို့ ထင်နေတာလား ဒီနှစ်တွေထဲမှာ သူမက တစ်ယောက်တည်း နေပြီး လူမြင်ကွင်းကို လုံးဝမထွက်ခဲ့ဘူး။ ”

“ ချင်းတန်က ကောင်းကင်လှိုဏ်ဂူရဲ့ ဆက်ခံသူအဖြစ် သူ့ကိုယ်သူကြေငြာထားတာ သူ့ဆရာရဲ့အမွေတွေကို အပိုင်သိမ်းခဲ့တာပဲ မဟုတ်လား။ ”

လမ်းမများပေါ်တွင် ချင်းတန်နှင့် စုရီအကြောင်း ငြင်းခုန်မှုကောလဟာလများ ထွက်ပေါ်လာတော့သည်။

“ အဲဒီနတ်ဓားရှင်က အရမ်း အစွမ်းထက်တယ် ဖြောင့်မတ်ပြီးရိုးသားတယ်၊ သူ့ရဲ့သဘောထားကို ဖုံးကွယ်မထားဘူး ...

... လှည့်ကွက်တွေ အကြံအစည်တွေကို လုံးဝမထီမဲ့မြင်ပြုတယ် ... ဒါက ဒီကမ္ဘာကြီးရဲ့ ပြိုင်ဘက်ကင်း အုပ်စိုးရှင်ပုံစံပဲမဟုတ်လား။ ”

မျိုးဆက်သစ်လူငယ်များအကြား စုရီ၏ ပုံရိပ်သည် ရုတ်ရုတ်သဲသဲဖြစ်နေစေလေသည်။ ဤသည်မှာ စစ်မှန်သော ဓားသသမားပေပင်။

ထျန်းဝူတောင်တိုက်ပွဲကို တက်ရောက်ခြင်းမရှိခဲ့ကြသည့် အဖိုးကြီးများ သည်လည်း ယခုအကြိမ်၌ တက်ရောက်ရန် ပြင်ဆင်လာကြတော့၏။

“ ငါရထားတဲ့ သတင်းအရဆိုရင် လွန်ခဲ့တဲ့နှစ်ငါးရာ နတ်ဓားရှင်ကွယ်လွန်တော့ အခေါင်းအဖုံးဖွင့်ပြီး ချင်းတန်က ရတနာအားလုံး ခိုးယူဖို့ ကြိုးသားခဲ့တယ်လို့ကြားတယ် ...

... ဒီလိုအပြုအမူဟာ လုံးဝသစ္စာမဲ့ပြီး ဆရာသခင်အပေါ် ရိုသေလေးစားမှုမရှိတော့တဲ့ ရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်ပဲမဟုတ်လား။ ”

အလားတူငြင်းခုံမှုများသည် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေပြီး အများစုက ချင်းတန်ကို သစ္စာဖောက်အဖြစ် အခိုင်အမာ သတ်မှတ်ကြ၏။

သို့သော် ရီချင်တန်သည် နတ်ဓားရှင်ကို အမှန်တကယ် သစ္စာဖောက်ခြင်းမဟုတ်ကြောင်း ယုံကြည်နေကြသည့် လူအချို့လည်း ရှိနေသေးသည်။

မည်သို့ပင်ဆိုစေကာမူ သုံးလအကြာတွင် စုရီသည် ကောင်းကင်လှိုဏ်ဂူသို့ သွားရောက် တော့မည်ဖြစ်ရာ အမှန်တရား ပေါ်ပေါက်လာမည်ဖြစ်၏။

***

All Chapters