← Chapters

မင်းမှာ အပြစ်ရှိလား ... ။

Vol. 74 Ch. 887

မင်းမှာ အပြစ်ရှိလား ... ။

Vol. 74 Ch. 887

“ ခရစ် ... ။ ”

နှစ်လအကြာတွင် နတ်ဆိုးဘိုးဘေးမြေ သတ်ဖြတ်ခြင်းပလ္လင်၌ တစ်ပေခန့်ရှည်သော ပုဆိန်တစ်လက်သည် ပေါက်ကွဲသံနှင့်အတူ ဖုန်မှုန့်များအဖြစ် ကွဲကြေသွားခဲ့သည်။

ပုဆိန်အတွင်း စုဆောင်းထားသော ရွှမ်ဟွမ်မိခင်ချီကို စုရီမှ လုံးဝသန့်စင်ပြီးဖြစ်၏။ အချိန်တစ်လအတွင်း ရွှမ်ဟွမ်မိခင်ချီပါဝင်သော နောက်ထပ်ရတနာတစ်ခုကို သန့်စင်နိုင်ခြင်း ဖြစ်လေသည်။

ထိုအချိန်တွင် သူ၏အရေပြားသည် ရုတ်တရက်ကွဲအက်လာပြီး အမှုန်များအဖြစ် လောင်ကျွမ်းသွား၏။ ယင်းနောက် ကျောက်စိမ်း ကဲ့သို့ တောက်ပသော အရေပြားအသစ်များ ​ဖြစ်ပေါ်လာကာ လျှို့ဝှက်ဆန်းကြယ်သည့် အလင်းများ ဝန်းရံ​နေတော့သည်။

ဤမြင်ကွင်းသည် မြွေတစ်ကောင်၏ အရေခွံကို ချွတ်လိုက်သကဲ့သို့​ပေပင်။ အမှန်တွင် အရေပြားတစ်ခုတည်းသာ ပြောင်းလဲသွားခြင်း မဟုတ်​​ချေ။

အသား၊ အရိုး၊ အတွင်းအင်္ဂါများနှင့် အပ်စိုက်မှတ်များအားလုံးသည် ဖီးနစ်ငှက်ကဲ့သို့ ပြန်လည်မွေးဖွားလာခြင်းဖြစ်သည်။ မယုံနိုင် လောက်အောင် ပြောင်းလဲခြင်း​ဖြစ်၏။

ကျင့်ကြံမှုနှင့် ဝိညာဉ်သည်လည်း သန့်စင်ခံခဲ့ရပြီး မရေမတွက်နိုင်သော အကျိုး ကျေးဇူးများ ရရှိခဲ့သည်။

“ ရွှမ်ဟွမ်ကြယ်စုရဲ့ မူလစွမ်းအား ဖြစ်ထိုက်ပါပေတယ် နှစ်လအတွင်းမှာပဲ ငါ့ရဲ့ ကျင့်ကြံမှုဟာ ရွှမ်ယု အလယ်အလတ်အဆင့် ရောက်ရှိရုံတင်မကဘူး ကျင့်ကြံမှု၊ ဝိညာဉ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံး အသွင်ပြောင်းခဲ့ပြီ။ ”

စုရီတစ်ယောက် ပြောင်းလဲမှုများကို ခံစားလျက် အလွန်ကျေနပ်သွား၏။ ရွှမ်ဟွမ် မိခင်ချီကို သန့်စင်ခြင်း၏ အကျိုးကျေးဇူးသည် ကျင့်ကြံမှု၌ မမျှော်လင့်ထားသည့် အမြန်နှုန်းကို ရရှိလာစေသည်။

“ အခု ... ငါ့မှာရှိနေတဲ့စွမ်းအားနဲ့ ငါ့ရဲ့အရင်ဘဝက အထွတ်အထိပ်ကိုတောင် ယှဉ်နိုင်နေပြီ ... ။ ”

ရွှမ်ယုအဆင့်သို့ တက်လှမ်းရုံနှင့် ဤသို့အံ့သြဖွယ်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ် လာလိမ့်မည်ဟု မမျှော်လင့်ထားချေ။

ရွှမ်ယုနှောင်းပိုင်းအဆင့် ရောက်ရှိသွားမှသာလျှင် ယခင်အထွတ်အထိပ် ခွန်အားနှင့် ယှဉ်နိုင်မည်ဟု ခန့်မှန်းထား၏။ ယခုမူ ရွှမ်ယု အလယ်အလတ်အဆင့်ဖြင့် ယှဉ်နိုင်နေချေပြီ။

“ ဒါကြောင့်လည်း ရွှမ်ဟွမ်ကြယ်စုကနေ ဒဏ္ဍာရီဆန်ဆန်ပုဂ္ဂိုလ်တွေ တချိန်က မွေးဖွား ပေးလာနိုင်တာပေါ့ ...

... ကောင်းကင်ကိုးပါးနန်းတော် ... နှလုံးသားပြခန်းနဲ့ ကြယ်မြစ်ဂိုဏ်းလိုမျိုး ကြယ်ဘီလူးကြီးတွေက သူတို့ရဲ့တပ်ဖွဲ့တွေကို စေလွှတ်ခဲ့တာ အံ့သြစရာမဟုတ်တော့ပါဘူး ...

... ဒီမိခင်ချီဟာ တကယ်ပဲ အမြင့်ဆုံး နတ်ဘုရားရတနာဖြစ်ပြီး ရှားပါးတဲ့သဘာဝ ကောင်းချီးတစ်ခုပါပဲ။ ”

စုရီတစ်​​ယောက် မိခင်ချီတန်ဖိုးကို အပြည့်အဝသဘောပေါက်သွား၏။

“ နောက်တစ်ခုအနေနဲ့ ငါသာ ကမ္ဘာဦးတာအိုဥပဒေတွေကို ပေါင်းစည်းပြီး ငရဲဘုံကိုးပါးဓားရဲ့ တံဆိပ်တစ်ခုကိုဖြေနိုင်ရင် ထိုးထွင်းသိမြင်မှုတွေ ထပ်ရရှိနိုင်သေးတယ်။”

လက်ရှိတွင် သူပိုင်ဆိုင်ထားသည် ကမ္ဘာဦးတာအိုဥပဒေကို ရွှမ်ယုအဆင့်အထိ မြှင့်တင်ထားပြီးဖြစ်၏။ သို့သော် အစွမ်းသတ္တိ၌ ဝင်စားခြင်းဥပဒေကို မမီသေးချေ။

ဝင်စားခြင်းဥပဒေစည်းမျဉ်းသည် လက်ရှိအချိန်၌ အစွမ်းအထက်ဆုံးဖြစ်နေကာ ၎င်း၏အခွဲဥပဒေများကို ကနဦးနားလည်မှု ရရှိထားရုံဖြင့်ပင် မယုံနိုင်လောင်အောင် အစွမ်းထက်စေသည်။

သို့သော် ကမ္ဘာဦးကျမ်းတာအိုသည် သူ၏စစ်မှန်သောစွမ်းအားကို ထုတ်ဖော်မပြသရ သေးချေ။ ယင်းတာအိုသည် အတိတ်ဘဝ အထွတ်အထိပ်အချိန်၌ ငရဲဘုံကိုးပါးဓားမှ သူရရှိထားသော ထိုးထွင်းသိမြင်မှုဖြစ်သည်။

အဆုံးတွင် ဖန်ဆင်းရှင်တာအို ဥပဒေထံဦးတည်၏။ ငရဲဘုံကိုးပါးဓားဟူသည် သူ့အတိတ်ဘဝများကို ကိုယ်စားပြုသော နတ်သံကြိုးများအပေါ် ဖိနှိပ်ထားသည့် ရတနာတစ်ပါးဖြစ်သည်။

ထို့ကြောင့် ၎င်းဓားထံမှ လာသော တာအိုဥပဒေဟူသည် မည်သို့မျှ သာမန်ဥပဒေ မဖြစ်နိုင်ချေ။ အာရုံပျံ့လွင့်မှုများကို ဖယ်ရှားပြီး တရားထိုင်ခြင်းအပေါ် ပြန်လည်စတင်ခဲ့၏။

ဤပလ္လင်ပေါ်တွင် ကျင့်ကြံခြင်းသည် သူ့စိတ်နှလုံးအပေါ် ကြည်လင်သန့်ရှင်းစေပြီး လောကီအညစ်အကြေးများမှ လွန်မြောက်စေသည်။

နှစ်လအတွင်း ရွှမ်ယုအလယ်အလတ် အဆင့်သို့ရောက်ရှိခဲ့ခြင်းသည် မိခင်ချီအပြင် ဤပလ္လင်သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့၏။

***

အချိန်များတရွေ့ရွေ့ ကုန်လွန်နေ၏။ ယနေ့သည် အရိုင်းမြေကိုးပါး ပြက္ခဒိန်၏ (၅၀၃) ခုနှစ်မြောက် ဆောင်းဦးရာသီဖြစ်သည်။

ဆောင်းလေများသည် လတ်ဆတ် သန့်စင်မြူးထူးနေ၏။ ဆန့်ကျင်ဘက်အားဖြင့် အရိုင်းမြေကိုးပါးသည် ဆူပွက်နေချေပြီ။

အရိုင်းမြေကိုးပါးရှိ မဟာတာအိုဂိုဏ်းကြီး (၆)ဂိုဏ်း ပျောက်ကွယ်သွားခဲ့ပြီးနောက် အဓိက အင်အားစုကြီးများနေရာသို့ အသစ်တက်လှမ်း လာကြသော ဂိုဏ်းအသီးသီးသည် ကောင်းကင် လှိုဏ်ဂူသို့ ရောက်ရှိနေပြီဖြစ်၏။

မရေမတွက်နိုင်သော ရှေးဟောင်း သတ္တဝါများသည်လည်း မြေတွင်းကြီးများအနှံ့မှ ထွက်ကာကိုယ်တိုင် ရောက်ရှိလာခဲ့ကြသည်။

ယနေ့ပွဲသည် အရိုင်းမြေကိုးပါး၏ အနာဂါတ်နှင့် များစွာသက်ဆိုင်၏။ ထို့ကြောင့် ထျန်းဝူနတ်တောင်တိုက်ပွဲသို့ တက်ရောက်ခြင်း မရှိသော ကြွက်အိုကြီးများပင် ကိုယ်တိုင် တက်ရောက်လာကြသည်။

ဥပမာအားဖြင့် တိမ်လွှာနတ်ဆိုး မျှော်စင်သခင်၊ တောင်ပိုင်း မဟူရာနတ်တောင်၊ ကွန်ဖြူးရှပ်ဂိုဏ်းနှင့် တာအိုအကယ်ဒမီတို့၏ ဘိုးဘေးကြီးများစသည်တို့ ထွက်လာခြင်းမှာ သက်သေဖြစ်၏။

ဤဘိုးဘေးများသည် ရှေးယခင်က ကောင်းကင်ကိုအံ့အားသင့်စေခဲ့ပြီး ကမ္ဘာကြီး အပေါ် ကိုင်လှုပ်နိုင်သော ဘီလူးကြီးများ ဖြစ်ကြသည်။

သူတို့အားလုံးသည် လူမြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကြသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ဒဏ္ဍာရီများအဖြစ် ယနေ့တိုင် ကျော်ကြားနေဆဲပေပင်။

ယခုကဲ့သို့ ဤသက်ရှိ ရုပ်ကြွင်းကြီးများ ထွက်ပေါ်လာသောအခါ ဆူပူအုံကြွမှုများနှင့် တုန်လှုပ်ချောက်ချားမှုများကို ဖြစ်ပေါ်လာ၏။

“ လူတစ်ယောက်ရဲ့ လှုပ်ရှားမှုက ကမ္ဘာကြီးကိုရိုက်ခတ်နိုင်တဲ့ မုန်တိုင်းတစ်စင်း ဖြစ်လာစေနိုင်တယ်လား ...

... ခေတ်အဆက်ဆက်ကို ကြည့်လိုက်မယ်ဆိုရင် အဲဒီစုရွှန်းကြွယ်သာ ဒီလို ဂုဏ်ဒြပ်မျိုး ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ”

ထွတ်မြတ်ကိုးပါးနန်းတော်၏ ဘိုးဘေးပေ့ကျန်းက တံခါးပိတ်ကျင့်ကြံနေရာမှ လှမ်းထွက်ပေါ်လာပြီး သက်ပြင်းချလိုက်သည်။ သူသည် ယန်စုနီဆရာ၏ စီနီယာဖြစ်၏။

ဤကမ္ဘာကြီး၏ သက်ရှိ ရုပ်ကြွင်းအဖြစ် သတ်မှတ်ခံထားရသော အထူးချွန်ဆုံး ဧကရာဇ် နယ်မြေပုဂ္ဂိုလ်များထဲမှ တစ်ဦးလည်းဖြစ်သည်။

သူ့သက်တမ်း မည်မျှနေထိုင်ခဲ့ရသည်ကို မည်သူမျှ မသိချေ။ လက်ရှိ အရိုင်းမြေဒေသတွင် ရာထူးအဆင့်အတန်းအရ ကောင်းကင်နတ်ဆိုး ဧကရာဇ်နှင့် အဆိပ်ဘုရင်ထျန်းဟူကဲ့သို့သော ပုဂ္ဂိုလ်များပင် ဂျူနီယာအဆင့်သာရှိ၏။

အနောက်ဘက်ကောင်းကင်မှ ကျောက်တုံးနှလုံးသား ရဟန်းအိုကြီးသည်ပင် သူ့ထက် နှစ်များစွာငယ်၏။

ဆိုလိုသည်မှာ တွင်းအောင်း ထိုကြွက်အိုကြီးများထက် မျိုးဆက်တစ်ဆက် ရှေးကျသောဧကရာဇ်အိုကြီးများပေပင်။

အရိုင်းမြေတလျှောက်လုံးတွင် ထိုသို့သောအလားတူမြင်ကွင်းများ ဖြစ်ပေါ်ပြီး များမကြာခင် ကောင်းကင်လှိုဏ်ဂူအနား၌ ဒဏ္ဍာရီများဆင်းသက်လာကြ၏။

မိုးသောက်ချိန်ဖြစ်သဖြင့် ကမ္ဘာကြီးကို အရုဏ်ဦးအလင်းရောင်ခြည်များဖြင့် ရေချိုးပေး နေသည်။

တောင်နှင့် မြစ်များတစ်လျှောက်တွင် မရေမတွက်နိုင်သောပုံရိပ်များ မျက်စိတစ်ဆုံး ဖြန့်ကျက်လှုပ်ရှားနေ၏။

“ နတ်ဓားရှင် လာပြီ။ ”

ရုတ်တရက် စိတ်လှုပ်ရှားပြီး ကျယ်လောင်လွန်းသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ချက်ချင်းပင် ဆူညံသံနှင့် အချိန်များ ရပ်တန့်သွားတော့၏။

တိုက်ခတ်နေသော လေပြေများပင် ရပ်တန့်သွားသလိုခံစားလာရပြီး လူတိုင်းသည် တစ်နေရာတည်းသို့ လှည့်သွားလေသည်။

မိုးကုပ်စက်ဝိုင်းအစပ်မှ လူတစ်စု ထွက်ပေါ်လာနေသည်။ ဦးဆောင်နေသူသည် ကျောက်စိမ်းရောင်ဝတ်စုံကို ဆင်မြန်းထားပြီး လက်နှစ်ဖက်နောက်ပို့ကာ တိမ်ပင်လယ်ထံ ဖြတ်သန်းလျှောက်လှမ်းလာ၏။

အသွင်အပြင်နှင့် စိတ်ခံစားချက်အရ ပန်းခြံထဲလျှောက်လှမ်းသကဲ့သို့ တည်ငြိမ်လွန်း နေသည်။

“ ဘယ်လောက် ကြီးစိုးလိုက်လဲ။ ”

ဂုဏ်ယူအားကျခြင်း၊ အံ့သြခြင်းနှင့် ကြည်ညိုခြင်းများ ရောပြွမ်းနေသည့်အသံများ ထွက်ပေါ်လာ၏။

ထိုသက်ရှိရုပ်ကြွင်း ဘိုးဘေးကြီးများပင် စုရီ၏ငယ်ရွယ်လွန်းသော ရုပ်သွင်ထံ ငေးမော နေမိတော့သည်။

ဤသည်မှာ ကျင့်ကြံမှုကြောင့် နုပျိုနေခြင်းမျိုးမဟုတ်ဘဲ အသက်(၂၀)ခန့်သာ ရှိသည့် လူငယ်တစ်ဦး၏ အားမာန်ပေပင်။

သူ့နောက်တွင် တပည့်များဖြစ်သော ကျင်းခွိုက်၊ ဝမ်ချွယ်၊ ယွီလောင်၊ ရွှမ်နင်နှင့် ပိုင်ရီတို့လိုက်ပါလာသည်။

အဆိပ်ဘုရင် ထျန်းဟူကြီးသည်လည်း ကောင်းကင် နတ်ဆိုးဧကရာဇ်နှင့်အတူ ဘေးမှ လိုက်ပါလာ၏။

သူမ၏ မီးလျှံကဲ့သို့ ရဲရဲနီသော ဝတ်စုံ အောက်တွင် အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးနေခဲ့သည်။ ယင်းသည် မီးနတ်ဘုရားမ တစ်ပါးအလား ခန့်ညားထည်ဝါလှချေ၏။

“ အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲသေးဘူး ... ။ ”

စုရီက ဝေးကွာလှသော တောင်တန်းကြီးထံမျှော်ကြည့်ကာ သက်ပြင်း တစ်ချက်ချလိုက်သည်။ ဤတောင်တန်းသည် စုရွှမ်ကြွယ်ဘဝဝ၏ အမြစ်ဖြစ်ပြီး အမှတ်ရစရာများ ရှိချေ၏။

“ ဟား ဟား ဟား ... ကောင်လေးစု ... မင်းတကယ်ပဲ ... ကောင်လေးတစ်ယောက် ဖြစ်လာတာပဲ။ ”

အဝေးမှ ဖုန်းကျူဟူသော အဖိုးအိုက ရယ်မောလျက် ကြိုဆိုရန်လေထဲပျံတက်လာ၏။ ဟောင်းနွမ်းနေသော ဝတ်လုံနှင့် သာမန်ကဲ့သို့ ထင်ရသော်လည်း သက်ရှိရုပ်ကြွင်းများထဲတွင် ဝါအကြီးဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သည်။

“ ဟမ့် ... အဖိုးကြီးဖုန်း ... မင်းလိုလူက ဒီကမ္ဘာကြီးကို စိတ်ဝင်စားနေသေးတာလား မသေသေးဘူးလား။ ”

စုရီက မကျ်ခုံးပ်င့လျက် တုန့်ပြန် နှုတ်ဆက်လိုက်၏။ ဤအဖိုးကြီးသည် သူ့ထက် များစွာပင် သက်တမ်းရင့်သည့် ဧကရာဇ်ကြီး တစ်ပါးဖြစ်သည်။

“ ဟားဟားဟား ... မင်းတောင် မသေသေးတာ ... ငါ့လို မုန်တိုင်းများစွာကို ဖြတ်သန်းဖူးတဲ့ အဖိုးကြီးက သေစရာလား။ ”

ထို့နောက်တွင် ထွတ်မြတ်ကိုးပါး နန်းတော်ဘိုးဘေးပေ့ကျန်း၊ မိစ္ဆာဘုရင် ယွဲ့ရင်နှင့် နတ်ဘုရားမင်ဝူတို့ကဲ့သို့ သက်ရှိရုပ်ကြွင်းများသည်လည်း စုရီကို နှုတ်ဆက်စကားဆိုလာကြ၏။

အဖိုးကြီးများက ချင်းတန်နောက်တွင် ကြယ်မြစ်ဂိုဏ်းရှိနေသောကြောင့် မပေါ့ဆရန် စုရီကို သတိပေးစကားပြောကြားလာသည်။

“ ဟမ့် ... မင်းတို့လိုအဖိုးကြီးတွေက ... ဘာလို့ငါကဆရာ့ကို တိုက်ခိုက်လိမ့်မယ်လို့ ကျိန်းသေယူဆနေကြတာလဲ။ ”

ထိုစဉ် ကြည်လင်ပြတ်သားသော အသံနှင့်အတူ လေထုအလယ်၌ အနက်ရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာ၏။

သူမ၏ အလှသည် ရင်သပ်ရှုမောဖွယ် ကောင်းလှကာ ရောင်ဝါများသည် လူအများကို အသက်ရှူကျပ်စေ၏။

ဤသည်မှာ ကောင်းကင်လှိုဏ်ဂူ၏ တစ်ဦးတည်းသော ဆက်ခံသူ ဧကရီချင်းတန် ပေပင်။ လွန်ခဲ့သောနှစ်ပေါင်း(၅၀၀)၊ စုရွှမ်ကြွယ် ထွက်ခွာသွားပြီးနောက် သူမတစ်ယောက်တည်း ကောင်းကင်လှိုဏ်ဂူကို သိမ်းယူခဲ့ခြင်းဖြစ်၏။

ယနေ့တွင် ဆရာနှင့် တပည့်သည် ထိုစဉ်အချင်းအရာများအတွက် မျက်နှာချင်းဆိုင် ဆုံတွေ့နေကြပြီဖြစ်၏။ တစ်ချိန်က စုရွှမ်ကြွယ် တပည့်များတွင် အချစ်ဆုံးတပည့်မပေပင်။

ဤနှစ်များတစ်လျှောက် သူမသည် သစ္စာဖောက်တပည့်မအဖြစ် ကျော်ကြားနေခဲ့ပြီး ယနေ့တွင် ထိုကောလဟာလကို ဖြေရှင်းရ ပေမည်။ မဟုတ်သော် ပင်းမိုကဲ့သို့ အဆုံးသတ်ရနိုင်၏။

လူတိုင်းအသက်ပင် မရှူဝံ့တော့ဘဲ တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေစဉ် ချင်းတန်မှ အသက်ပြင်းပြင်းရှူလိုက်ကာ လေထုအလယ် ဦးညွှတ်လျက် ဂါရဝပြုလိုက်တော့သည်။

“ တပည့်ချင်းတန် ... ဆရာ့ကို နှုတ်ဆက်ပါတယ်။ ”

ဤလုပ်ရပ်ကြောင့် လူအများ အံ့အားသင့် သွားကြသည်။ သူမသည် သစ္စာဖောက်တစ်ဦးဟု ယူဆထားကြသဖြင့် ယခုကဲ့သို့ မြင်ကွင်းအပေါ် မည်သူမျှ မထင်ထားခဲ့ချေ။

စုရီသည်ပင် မျက်ဝန်းများ၌ ရှုပ်ထွေးလွန်းလှသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

တစ်ချိန်တည်းမှာပင် လွန်ခဲ့သော နှစ်(၅၀၀)က ဖြစ်ပျက်ခဲ့သည့် ကိစ္စများအပေါ် ပန်းချီကားချပ်များလို ပြန်သတိရလာ၏။

ယင်းက သူ့ကို နာကျင်လာစေသည်။ အဆုံးတွင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ ပြီးနောက် တည်ငြိမ်မှုရရှိလာကာ၊

“ ပင်းမိုကိုရှင်းပြဖို့ ... အခွင့်အရေး ပေးခဲ့သလို ... မင်းကိုလည်းပေးမယ် အခုမင်းရဲ့ ရင်ထဲမှာ နောင်တရ​နေလား။ ”

-ဟု မေးမြန်းလိုက်၏။

ဤမေးခွန်းသည် ကောင်းက်ငနတ်ဆိုး ဧကရာဇ်ကိုမျက်ခုံးပင့်စေလျက် အခြားသူများ အားလုံး တိတ်ဆိတ်သွားစေတော့၏။

မေးခွန်း၏ရည်ရွယ်ချက်သည် ချင်းတန်ကိုသစ္စာဖောက်ဟူသည့် ခေါင်းစဉ်ဖြင့် မဟုတ်ခဲ့ဘဲ ခံစားချက်ကိုမေးခြင်းပေပင်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဘီလူးစုသည် ဆရာနှင့်တပည့်၏သံယောဇဉ်ကို မပြတ်နိုင်သေးကြောင်း မြင်သာနေသည်။

တစ်ဖက်တွင် ချင်းတန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီး အဆုံး၌ခေါင်းညိတ်ပြကာ အတိတ်ကို လွမ်းဆွတ်သောအသံဖြင့်၊

“ ဒီတပည့်ရဲ့စိတ်ထဲမှာ အမြဲတမ်းအပြစ်ရှိသလို ခံစားနေရပါတယ်။ ”

-ဟု ဖြေကြားလိုက်၏။

ဤအဖြေစကားကြောင့် လူအုပ်ကြီးမှာ အမူအရာများ ပြောင်းလဲကုန်သည်။ ယင်းသည် ချင်းတန်တစ်ယောက် တစ်စုံတစ်ရာ အပြစ် လုပ်ထားကြောင်း ဝန်ခံလိုက်ခြင်းမည်ချေပြီ။

စုရီတစ်ယောက် သူ့တပည့်ချင်းတန်၏ အဖြေစကားကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး၊

“ ဒါဆို ... အခု မင်းအရင်ဆုံး ရှင်းပြပေးမှာလား ဒါမှမဟုတ် ငါပြန်လာတာကို တားဆီးချင်နေလား။ ”

-ဟု ခံစားချက်မပါသော လေသံနှင့် မေးမြန်းလိုက်တော့သည်။

***

All Chapters