← Chapters

နတ်ဘုရားတွေ စစ်ခင်းရင် သာမန်လူတွေ ဒုက္ခရောက်တယ်

Vol. 57 Ch. 743

နတ်ဘုရားတွေ စစ်ခင်းရင် သာမန်လူတွေ ဒုက္ခရောက်တယ်

Vol. 57 Ch. 743

အမတနယ်မြေ၏ ထိပ်တန်းအင်အားစုများမှ ဆင်းသက်လာကြသော ထိုပါရမီရှင်များသည် အလွန်ပင် လိမ္မာပါးနပ်ကြသည်။

သူတို့အားလုံးသည် အထဲသို့ မဝင်ရောက်သေးဘဲ လုံခြုံသော အကွာအဝေးတွင် ရပ်နေကြသည်။

မုန်တိုင်းများ ငြိမ်သက်သွားသည်နှင့် သူတို့သည် အလုံးအရင်း ဝင်ရောက်ကြမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင်။

တိ့ရွှမ်၏ ထွက်ပေါ်လာမှုနှင့်အတူ ၊ မြေအောက် လောကတစ်ခုလုံးသည် ၎င်းမှ ထုတ်လွှတ်သော အကြမ်းဖက်စွမ်းအားကြောင့် အချိန်မရွေး ပြိုလဲနိုင်သကဲ့သို့ ပြင်းထန်စွာ တုန်ခါလျက်ရှိသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော အားရှင်းသည်လည်း စိုးရိမ်စပြုလာခဲ့သည်။

သူ၏မှတ်ဉာဏ်ထဲတွင် တိ့ရွှမ် လူကြီးမင်းသည် မယုံနိုင်လောက်အောင် နူးညံ့သိမ်မွေ့သူ ဖြစ်သော်လည်း ၊ သို့သော် အဘယ်ကြောင့် ဤမျှ အကြမ်းဖက်လိုစိတ် ပြင်းပြလာရသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် အားရှင်းသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသေးသော စွမ်းအင်ကို လှုံ့ဆော်လိုက်သည်။ ချက်ချင်းပင် ရွှေရောင် အလင်းကြောင်းများ ဖြာထွက်လာပြီး ၊ အားရှင်း၏ နဖူးပေါ်တွင် လျို့ဝှက်ဆန်းကြယ်သော အမှတ်အသားတစ်ခုကို ထွက်ပေါ်လာခဲ့သည်။

ထိုအရာမှာ ပဲ့တင်သံအမှတ်အသား တစ်ခုဖြစ်ပြီး ၊ ၎င်းကို သံမဏိစက်ရုပ်တိုင်းပေါ်တွင် တပ်ဆင်ထားသည်။

ဤပဲ့တင်သံအမှတ်အသားဖြင့် သံမဏိစက်ရုပ်များသည် အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်ပြီး ၊ ၎င်းတို့လိုချင်သော အချက်အလက်များကို ရယူနိုင်သည်။

“တိ့ရွှမ် လူကြီးမင်း.... အားရှင်းကို မှတ်မိသေးရဲ့လား...”

သို့သော် အားရှင်းသည် တိ့ရွှမ်နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်စဉ်၊

ဝုန်း !!

ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် တိ့ရွှမ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

နှစ်ကာလပေါင်းများစွာ ကြာအောင် ငြိမ်သက်နေခဲ့သော သားရဲမျက်လုံးများသည် ဤအခိုက်အတန့်တွင် ပြင်းထန်သော မကျေနပ်မှု ၊ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသော အနီရောင် အလင်းတန်းများကို ထုတ်လွှတ်လိုက်လိုက်သည်။

“ကျူးကျော်သူတွေ.... လူသားတွေ... ထွက်သွားစမ်း...”

တိ့ရွှမ်၏ အသံသည် တဖြည်းဖြည်း ကျယ်လောင်လာခဲ့ပြီး နောက်ဆုံးတွင် ဒေါသသံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ ငါတို့ရဲ့.... ကမ္ဘာထဲကနေ ထွက်သွားစမ်း!”

ဟူး——!!

တိ့ရွှမ်၏ ဟိန်းဟောက်သံ အဆုံးတွင် ၊ ၎င်း၏ ဘေးတဝိုက်တွင် ဝန်းရံထားသော အကြမ်းဖက်စွမ်းအားသည် ရုတ်တရက် မြင့်တတ်လာပြီး ငရဲမီးအလား တိ့ရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်လောင်ကျွမ်းလေသည်။

တိ့ရွှမ်သည် ခေါင်းမော့လိုက်ရာ သူ၏ နတ်ဆိုးဦးချိုများသည် ဧရာမတောင်ကြီးအလား ကောင်းကင်ကိုပင် ထိခတ်သွားပြီး ၊ ထို့နောက် သူ၏ ကျယ်ဝန်းသော ပါးစပ်ကို ဟကာ ပြင်းထန်စွာ အသက်ရှူသွင်းလိုက်သည်။

အဆုံးစွန်သော အဖျက်စွမ်းအားများသည် သူ၏ ပါးစပ်ထဲသို့ စု‌ပြုံရောက်ရှိလာသည်နှင့် အားပြင်းပြင်းဖြင့် မှုတ်ထုတ်လိုက်သည်။

ဘုန်း!!

တဟုန်းဟုန်း တောက်လောက်နေသော ခရမ်းနက်မီးလျှံများသည် မြစ်ကြီးတစ်စင်းကဲ့သို့ ဟင်းလင်းပြင်ကို ထိုးဖောက်ဝင်ရောက်ကာ အားရှင်းရှိရာ တည်နေရာဆီသို့ ဦးတည်လာခဲ့သည်။

“ မကောင်းတော့ဘူး!”

စူးချန်ကဲသည် ထိုအခြေအနေကို သတိထားမိသည်နှင့် ၊ သူ့ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို အလျင်အမြန် အသက်သွင်းကာ အားရှင်းကို ဆွဲကိုင်လိုက်ပြီး အခြားတစ်ဖက်သို့ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။

သူတို့နှစ်ဦး ရှောင်တိမ်းလိုက်သည့် အခိုက်အတန့်မှာပင် ၊

ငရဲမီးလျှံများသည် ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ လောင်မြိုက်ပစ်ခဲ့သည်။

၎င်းတွင် ပါဝင်သော ကြောက်မက်ဖွယ်ရာ အပူချိန်သည် ပေတစ်ရာ အထူရှိသော ခိုင်ခံ့မာကြောသော ကျောက်လွှာကိုပင် အရည်ပျော်ကျစေသွားသည်။

ထိုအချိန်တွင် လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသော ပါရမီရှင်များသည် မြေကြီးတုန်ခါမှုကို ခံစားလိုက်ရသည်။

သူတို့အားလုံး သံသယဖြစ်ဖို့အချိန်ပင် မရလိုက်ချေ။

ဝုန်း !

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရပြီး ၊ မြေပြိုကျမှုများ ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်ပြင်ကို ထောက်ထားသော တိုင်လုံးကြီး တစ်တိုင်ကဲ့သို့ ငရဲမီးလျှံများသည် ကမ္ဘာမြေတစ်ခုလုံးကို လောင်မြိုက်စေနိုင်သော အပူချိန်ကို သယ်ဆောင်လျက် မြေပြင်ကနေ ထိုးဖောက်ကာ မိုးကောင်းကင်ဆီသို့ ဆန်တက်သွားသည်။

သွေးအန်သံ!

စစ်မှန်အမတနယ်ပယ် အဆင့် (၇)ထိ ရောက်ရှိထားသော ကံဆိုးရှာသည့် ပါရမီရှင်တစ်ဦးသည် ဆန်တတ်လာသော ငရဲမီးလျှံ၏ အထက်ဟင်းလင်းပြင်တွင် မတော်တဆ ပျံဝဲနေမိခဲ့သည်။

အဆိုပါ ကြောက်မက်ဖွယ်ရာကောင်းသော ငရဲမီးလျှံများသည် ၎င်းကို ဖုံးလွှမ်းသွားပြီး ၊ ညည်းညူသံတစ်ချက်မျှပင် မထွက်လိုက်ရဘဲ မီးခိုးမှုန်များအဖြစ် ပျောက်ကွယ်သွားခဲ့ရသည်။

အဆိုပါ ငရဲမီးလျှံများနှင့် နီးကပ်စွာရှိနေခဲ့သော အခြားပါရမီရှင်များလည်း ကံမကောင်းခဲ့ကြပေ။

၎င်းတို့သည်လည်း တုံ့ပြန်ရန်ပင် အချိန်မလိုက်ဘဲ ငရဲမီးလျှံများ၏ ပေါက်ကွဲမှုထဲတွင် ပါဝင်ပတ်သတ်မိကာ ၊ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းလက်ငင်း လောင်မြိုက်ခံလိုက်ရသည်။

အဆုံးတွင် ညည်းညူသံမျှပင် မထွက်နိုင်ဘဲ မီးခိုးမှုန်များအဖြစ် ပျောက်ကွယ်သွားလေတော့သည်။

“အာ... အာ... အား!!”

“ဘုရားရေ! ဒါ ......ဒါ ဘာဖြစ်သွားတာလဲ!?”

ထိတ်လန့်မှုမှ ပြန်သတိကပ်လာသော ပါရမီရှင်တစ်ဦးသည် သူ၏အသံကို မြှင့်ကာ အော်ဟစ်လိုက်သဖြင့် ထိုဧရိယာတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့သည်။

ထိုအချိန်မှသာလျှင် ၊ အားလုံး ထိတ်လန့်မှုမှ ပြန်သတိကပ်လာကြပြီး လူတိုင်း၏ မျက်နှာအမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။

မီးလျှံများဖြင့် တောက်လောင်နေသော နေရာကို မသိစိတ်မှ လှမ်းကြည့်လိုက်ရာ ၊

မြေပြင်သည် ဘယ်အချိန်ကတည်းက မသိလိုက်သော မီးလောင်ကျွမ်းမှုကြောင့် ကြီးမားသော အပေါက်ကြီးတစ်ခုအဖြစ် အရည်ကျိုခံထားရသည်ကို မြင်လိုက်ရသည်။

ထူးဆန်းသော ခရမ်းနက် မီးလျှံနှင့်အတူ ၊ ချော်ရည်များ စီးကျနေသည်မှာ ဤမြေပြင်တစ်ခုလုံးကိုပင် အပြီးတိုင် ချေဖျက်တော့မည့်ဟန် ရှိသည်။

“ဘုရားရေ! ဒါ မြေအောက်မှာ လူနဲ့ ရှေးဟောင်းသားရဲတို့ စစ်ခင်းနေတာ ဟုတ်ရောဟုတ်ကြရဲ့လား !”

“ဒါ ဘယ်လိုကောင်တွေလဲ...နောက်ဆက်တွဲ လှိုင်းတံပိုးက ပေတစ်ရာထူတဲ့ စိန်ကျောက်ကိုတောင် ဖောက်ထွင်းပြီး ဘေးကလူကိုတောင် ထိခိုက်စေနိုင်တယ်!”

“နတ်ဘုရားတွေ စစ်ခင်းရင် သာမန်လူတွေ ဒုက္ခရောက်တယ်! မသေချင်ရင် ဒီကနေ အမြန်ဆုံး ပြေးမှရမယ်!”

“………”

တိ့ရွှမ်၏ ကျပန်းတိုက်ခိုက်မှုသည် အချောင်အမြတ်ထုတ်ရန် ကြိုးစားနေခဲ့ကြသော ပါရမီရှင်များစွာကို ကြောက်လန့်သွားစေခဲ့သည်။

မူလက သူတို့သည် စူးချန်ကဲနှင့် အမည်မသိသားရဲတို့ နှစ်ဦးနှစ်ဖက် အထိနာမည့်အချိန်ကို စောင့်ဆိုင်းပြီးမှ လှုပ်ရှားရန် စီစဉ်ထားခဲ့ကြသည်။

သို့သော် ယခုအခြေအနေအရ ၊ တဖက်လူ၏ တိုက်ခိုက်မှု နောက်ဆက်တွဲများသည်ပင် ဤမျှ ကြောက်စရာကောင်းသည်။

စူးချန်ကဲ သည် မည်မျှပင် အင်အားကြီးမားပါစေ၊ ခံနိုင်ရည်ရှိမည်မဟုတ်ဟု ယူဆရသည်။

ဒီအတိုင်းသာဆို ဘယ်ကနေ အကျိုးကျေးဇူးတွေ ရနိုင်မှာလဲ!?

ထိုအမည်မသိ ရှေးဟောင်းသားရဲသည် စူးချန်ကဲ ကို သတ်ဖြတ်ပြီးနောက် ၎င်း၏ အမျက်ဒေါသသည် သူတို့အပေါ် သို့ သေချာပေါက် ကျရောက်လာနိုင်သည်။

ဒီအချိန်ထွက်မပြေးရင် ၊ ဘယ်အချိန်ပြေးမှာလဲ?

အလားတူပင် ၊ တားမြစ် အင်အားစုများနှင့် သာလွန်အင်အားစုများမှ ထိပ်တန်း ဆက်ခံသူများသည် လေးနက်သော အမူအရာများဖြင့် ထိုကြီးမားသော မြေတွင်းပေါက်ကြီးကို ကြည့်ရှုနေကြသည်။

မြေအောက်ရှိ အန္တရာယ်သည် သူတို့တွေးထားသည်ထက် ပို၍ပင် ကြောက်စရာကောင်းနိုင်သည်။

“ ကြည့်ရတာ မြေအောက်ကို ဝင်သွားတဲ့ ပါရမီရှင်တွေအားလုံး အသက်အန္တရာယ်နဲ့ ကြုံနေရပြီ ထင်တယ်”

“ နောက်ဆက်တွဲ လှိုင်းတံပိုးကတောင် ဒီလောက်ထိ ကြောက်စရာကောင်းတာ ....ဒီတိုက်ခိုက်မှုကို ကိုယ်တိုင်သာတွေ့ကြုံခဲ့ရရင် ဘယ်လိုတောင် ရင်ဆိုင်ကြမလဲ”

“ဟားးးဟားး.... ကိစ္စမရှိဘုး ၊ ငါတို့တွေ နောက်ဆုံးကြမှ အထဲကို ဝင်မယ်၊ အဲ့လူတွေက အမည်မသိ ရှေးဟောင်း သားရဲရဲ့ ခွန်အားကို နည်းနည်းချင်း လျှော့ချပေးမယ့် အမြောက်စာတွေပဲ !”

“ဟားဟားဟား! အထဲမှာ ဘယ်အင်အားစုက ပါရမီရှင်တွေ သေကုန်ကြပြီလဲ မသိဘူး “

“………”

လူတိုင်း အပြင်းအထန် ဆွေးနွေးနေကြသည်။

သို့သော် သူတို့သည် မှားယွင်းစွာဖြင့် ကောက်ချက်ချခဲ့သည်။

မြေအောက်လောကထဲသို့ ဝင်ရောက်ခဲ့သူမှာ အစကတည်းက စူးချန်ကဲ တစ်ဦးတည်းသာလျှင် ဖြစ်သည်။

အခြားတစ်ဖက်တွင် ၊

ကွေးယွမ်အမတဂိုဏ်းမှ ကြယ်စုသခင်ပါရမီရှင် သုံးဦးသည် ဂိုဏ်းသား တချို့ကို ခေါ်ဆောင်ကာ ထိုနေရာသို့ ရောက်ရှိလာကြသည်။

ယဲ့ချုံယွဲ့သည် ဟွရှင်းရှေးဟောင်းမြို့ အတွင်းပိုင်းကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။

“ သတင်းအချက်အလက်တွေအရ ပါရမီရှင်တစ်ယောက်က မြေအောက်လောကကို အရင်ဆုံး ဝင်ရောက်သွားခဲ့တယ်တဲ့....”

“ ချန်ကဲ ဆက်ခံသူ ဖြစ်နေမလား”

“ ဖြစ်ကို ဖြစ်နိုင်တယ်”

ဘေးနားရှိ ဝမ်မင် က ပြောဆိုလိုက်သည်။

“ အစ်မ ချုံယွဲ့ ၊ အရင် က ကျွန်တော်တို့လည်း ချန်ကဲ ဆက်ခံသူရဲ့ လက်‌ဆကို ခံစားဖူးခဲ့တာပဲ”

ကျန်းဖန် သည် ရှက်ရွံ့စွာဖြင့် ပြုံးရယ်ကာ ဝင်ပြောလိုက်သည်။

“ မင်းတို့တွေ ဒါတောင် နားမလည်သေးဘူးလား”

ယဲ့ချုံယွဲ့သည် စိုးရိမ်နေပုံရကာ ပြန်ပြောလိုက်သည်။

“ ဒီအတိုင်းသာဆို ချန်ကဲ ဆက်ခံသူက အမည်မသိ ရှေးဟောင်းသားရဲနဲ့ ရင်ဆိုင်နေရတာဆိုတော့ အန္တရာယ်မများနိုင်ဘူးလား”

သို့သော် ဝမ်မင်က တစ်ဖန် ဖြတ်ပြောလိုက်သည်။

“ ညီမ ချုံယွဲ့ မင်း ဘာတွေးနေလဲဆိုတာ ငါ သိတယ်”

“ဒါပေမဲ့ ငါတို့အားလုံး ချန်ကဲဆက်ခံသူရဲ့ အစွမ်းသတ္တိကို မျက်မြင်တွေ့ခဲ့ပြီးပြီပဲ”

“ငါတို့ အဲ့ကိုအလျင်စလို ပြေးသွားရင်တောင် ကူညီနိုင်မှာ မဟုတ်တဲ့အပြင် အနှောင့်အယှက် ဖြစ်သွားနိုင်တယ်”

“ဟုတ်တယ် ကျွန်တော်တို့သုံးယောက် ပေါင်းတာတောင် ချန်ကဲ ဆက်ခံသူကို အနိုင်မယူနိုင်ခဲ့ဘူး ... ဒီလိုအစွမ်းသတ္တိမျိုးက အမတနယ်မြေတစ်ခုလုံးမှာ သူတစ်ယောက်တည်းပဲ ရှိနိုင်တယ်”

သူ့ဘေးနားတွင် ရပ်နေသော ကျန်းဖန်သည် ပြုံးလိုက်ပြီး ထောက်ခံလိုက်သည်။

“အရမ်း စဉ်းစားစရာမလိုဘူး၊ သူ အဲ့ဒီအမည်မသိ ရှေးဟောင်းသားရဲကို သေချာပေါက် အနိုင်ယူနိုင်တယ်”

“ပိုအရေးကြီးတာက ငါတို့လုပ်ရမှာက အဲ့ကနေ အကျိုးကျေးဇူးတွေကို ရဖို့ ချောင်းနေတဲ့ လူတစ်စုကို စောင့်ကြည့်နေဖို့ပဲ”

All Chapters