ယင်ယန်စွမ်းအားများ ပြန်လည်ထွက်ပေါ်လာခြင်း ၊ ကျိုးထျန်းမော့ အသက်ပြန်ရှင်လာတာလား
Vol. 57 Ch. 745
တစ်ချိန်တည်းမှာပင်။
ခဏတာ စောင့်ဆိုင်းပြီး မည်သည့် အပြောင်းအလဲမှ ဖြစ်မလာမှန်း သေချာသွားပြီးနောက် ၊
ချန်ဟွမ်ထျန်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ရင်း ညည်းညူလိုက်သည်။
“ သေစမ်း ... ဒီနတ်ဘုရားလက်နက် အမတမျှော်စင်ထဲမှာ အမတဧကရာဇ် နယ်ပယ်အဆင့်ရှိတဲ့ ဓားသမားတစ်ယောက် ရှိနေသတဲ့လား ...ဒါအရမ်းကို ကြောက်စရာကောင်းတာပဲ!”
“မဖြစ်ဘူး... နတ်ဘုရားလက်နက် အမတမျှော်စင်နဲ့ပတ်သတ်ပြီး ငါ ကိုယ်တိုင် ဝင်မစွက်ဖက်မှ ဖြစ်မယ် “
လက်ရှိတွင် ချန်ဟွမ်ထျန်း၏ စိတ်ထဲ၌ အဆုံးမရှိသော ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေခဲ့သည်။
နတ်ဘုရားလက်နက် အမတမျှော်စင်၏ ရေသည် အလွန်ပင် နက်ရှိုင်းလွန်းသည်။ သူသည် ထိုကိစ္စထဲ ထပ်မံ ဝင်ရောက်စွက်ဖက်ခဲ့လျှင်ဖြင့် သေချာပေါက် အသတ်ခံရနိုင်သည်။
“အခြေအနေတွေက ဒီထိတောင်ရောက်နေပြီ... ထျန်းချန်လမ်းစဉ်ဂိုဏ်းနဲ့ ဖုန်းယွင်လှံခန်းမ က ကောင်တွေ သူတို့ရဲ့ တာဝန်ကို ပြီးအောင်လုပ်နိုင်မယ်လို့ မျှော်လင့်ရမှာပဲ...”
ကိစ္စများသည် ဤအခြေအနေအထိ ရောက်ရှိလာပြီ ဖြစ်သောကြောင့် သူတို့၏ ကိုယ်ပိုင်အရေးကိစ္စများနှင့် မပတ်သက်သမျှကာလပတ်လုံး ၊ သူသည် ကိုယ့်သဘောနှင့်ကိုယ် ထပ်မံ ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ချေ။
သို့သော် ချန်ဟွမ်ထျန်း မသိခဲ့သည်မှာ ဤဆုံးဖြတ်ချက်သည် အမှန်တရားကို မသိသေးသော ထျန်းချန်လမ်းစဉ်ဂိုဏ်းနှင့် ဖုန်းယွင်လှံခန်းမတို့အတွက် ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့ရပေတော့မည်။
……….
တစ်ချိန်တည်းမှာပင်။
မြေအောက်လောကထဲ၌ ၊
တိ့ရွှမ်သည် မိမိအပေါ် တွင် တိုက်ခိုက်လာပြီ ဖြစ်သောကြောင့် စူးချန်ကဲ၏ မျက်လုံးများသည် အေးစက်သွားသည်။
“တိ့ရွှမ် လူကြီးမင်း အခုလို ဖြစ်သွားရတာ အကြောင်းရင်းရှိမှာပဲ....”
အားရှင်း၏ လေသံတွင် တောင်းပန်လိုသော အရိပ်အမြွက်များ ရှိနေခဲ့သည်။
“ဖြစ်နိုင်ရင် လူကြီးမင်း ....တိ့ရွှမ် လူကြီးမင်းကို အသက်ချမ်းသာပေးလို့ ရမလားဟင်...”
တိ့ရွှမ်သည် ၎င်း၏ ပိုင်ရှင်ဖြစ်သူ ကျောက်ဟွအမတဧကရာဇ်ကိုယ်တိုင် ဖန်တီးခဲ့သောကြောင့် သဘာဝအတိုင်း သူနှင့် ဆက်နွယ်မှုလည်း ရှိနေပြန်သည်။
သူ၏မျက်စိရှေ့တွင် သတ်ဖြတ်ခံလိုက်ရပါက၊ အားရှင်းအဖို့ အနည်းငယ် မခံမရပ်နိုင်ဖြစ်မည်မှာ သေချာသည်။
“ငါ ကြိုးစားကြည့်မယ်”
စူးချန်ကဲသည် စကားတစ်ခွန်း ဖြေကြားပြီးနောက် ၊ အားရှင်းကို လုံခြုံသော နေရာတစ်ခုတွင် ထားရှိပေးခဲ့သည်။
ထို့နောက် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
ဝီ!!
ဓားစွမ်းအင်များသည် သူ၏လက်ဝါးထဲတွင် စုဝေးလာပြီး ၊ ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် သူ့အလိုလို ပေါ်ထွက်လာခဲ့သည်။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ စူးချန်ကဲသည်လည်း စောနက ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခုကို ခံစားမိခဲ့သည်။
အမည်မသိ အင်အားတစ်ခုသည် ဤနေရာသို့ ကျရောက်လာဟန် ရှိသည်။
သို့သော် လမ်းတစ်ဝက်တွင် ရုတ်တရက် ပြတ်တောက်သွားပြီး၊ အခြားသော အင်အားတစ်ခုက ဟန့်တားလိုက်သည့်ပုံရသည်။
သို့သော်၊ သူသည် ထိုကိစ္စကို ဆက်မတွေးတော့ချေ။ တစ်ဖက်လူသည် ဤထူးဆန်းသော စွမ်းအား၏ တိုက်စားခြင်းကို ခံရကာ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် လုံးဝ ဆုံးရှုံးသွားပြီဖြစ်သောကြောင့် သူ့အနေဖြင့် တိုက်ခိုက်နှိမ်နင်းရန်သာ တတ်နိုင်တော့သည်။
ရွှမ်း!!
ဓားအလင်းသည် တဟုန်ထိုး စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ ကျဆင်းလာပြီး ၊ တိ့ရွှမ်၏ ဦးခေါင်းအထက်တွင် ကျယ်လောင်စွာ ပေါက်ကွဲကျရောက်သွားသည်။
သို့သော် တိ့ရွှမ်ကို ခိုင်မာသော သံမဏိဖြင့် ပြုလုပ်ထားသောကြောင့် စူးချန်ကဲ၏ ဓားချက်ဖြင့် ထိမှန်ခံလိုက်ရသော်လည်း ပြင်ပြင်းထန်ထန် ထိခိုက်မသွားခဲ့ပေ။
သို့သော် ဤအခြေအနေကို စူးချန်ကဲ မျှော်မှန်းထားပြီး ဖြစ်သည် ။
“အတော်ပဲ ....အရင်က ရခဲ့တဲ့ ယင်ယန်စွမ်းအားကို စမ်းသပ်ကြည့်ရမယ်!”
စူးချန်ကဲ၏ အေးစက်သော လေသံကို ကြားလိုက်ရသည်။
ဝုန်း !!
ကောင်းကင်ကြီးသည် တသိမ့်သိမ့် တုန်ခါလာခဲ့သည်။ မရေမတွက်နိုင်သော နိယာမများဖြင့် ဖွဲ့စည်းထားသော ပင်လယ်ပြင်သည် ဖြည်းဖြည်းချင်း ကွဲထွက်သွားပြီး ၊ ယင်ယန်စွမ်းအားသည် ဟင်းလင်းပြင်၏ အရပ်ရပ်မှ ထွက်ပေါ်လာခဲ့သည်။
အဆုံးမရှိသော အဖျက်စွမ်းအားများကဲ့သို့ ကြီးမားသော ဓားစွမ်းအင်နှင့် ပေါင်းစည်းလိုက်သည့်အခါ ၊ ၎င်းသည် ယင်ယန်ဓားအစီအရင် တစ်ခုအဖြစ် ဖွဲ့စည်းသွားပုံရသည်။
“ခုတ်!”
စူးချန်ကဲ၏ မျက်လုံးများသည် နတ်အလင်းများဖြင့် လျှပ်တပြက် ဝင်းလက်သွားပြီး ၊ ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် ကြယ်အစုအဝေး တစ်ခုသဖွယ် ကျဆင်းလာခဲ့သည်။
ဓားအလင်းများ ဖြတ်သန်းသွားသော နေရာတိုင်းတွင်၊ လျို့ဝှက်ဆန်းကြယ်သော ယင်ယန် အနှစ်သာရများသည် ကောင်းကင်ပြင်တွင် ပေါ်ထွက်လာသည်။
၎င်းတို့သည် တစ်ခုနှင့်တစ်ခု ယှက်နွယ်ကာ လှည့်ပတ်နေကြပြီး ယင်ယန်ပုံစံများစွာ ဖြစ်ပေါ်လာသည်။
စူးချန်ကဲမှ ယခင်က နားလည်ခဲ့သော ယင်ယန် အခြေခံပုံစံသည် ဤအခိုက်အတန့်တွင် ရှုပ်ထွေးသော ပုံသဏ္ဍာန်ဖြင့် ရှိနေပြီး ၊ ပြီးပြည့်စုံသော ယင်-ယန် ပုံစံကို ဖွဲ့စည်းရန်သာ လိုအပ်တော့သည်။
သေဆုံးသွားသော ကျိုးထျန်းမော့သည် ဤမြင်ကွင်းကို မြင်တွေ့ခဲ့မည်ဆိုပါက ၊ ဒေါသထွက်ကာ သေရာကနေ ပြန်ထလာနိုင်သည်။
စူးချန်ကဲသည် မျဲ့ရှန်းယင်ယန် မျက်လုံးကို မပိုင်ဆိုင်ထားသော်လည်း ၊ သူ၏ ယင်ယန်စွမ်းအားကို လုယူခြင်းဖြင့် ယင်ယန်၏အနှစ်သာရကို ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော် နေ့တစ်ဝက်တောင် မကျိုးခင် ၊ သူသည် ယင်ယန်အနှစ်သာရကို တိုက်ရိုက်အသုံးချကာ ယင်ယန်နိယာမတရားကို အသုံးပြုနိုင်ခဲ့သည်။
ဤသည်မှာ “လူသား” တစ်ယောက်မှ လုပ်နိုင်သောအရာပင်လော။
……..
ဝုန်း !!
ဓားစွမ်းအင်များ ရုတ်တရက် ကျဆင်းလာပြီး၊ လျို့ဝှက်ဆန်းကြယ်သော ယင်ယန်စွမ်းအားသည် ကောင်းကင်ဆီသို့ ဆန်တတ်လေသည်။
အကန့်သတ်မရှိသော ယင်ယန်စွမ်းအားများ၏ လွှမ်းခြုံမှုအောက်တွင် မြေအောက်လောကတစ်ခုလုံးသည် တုန်လှုပ်မြည်ဟည်းနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊
အပြင်ဘက်တွင် အခြေအနေကို စောင့်ကြည့်နေကြသော ပါရမီရှင်များသည်လည်း အဆိုပါ ကြောက်ခမန်းလိလိ ယင်ယန်စွမ်းအားကြောင့် တုန်လှုပ်သွားကြသည်။
မြေတွင်းအပေါက်နှင့် နီးကပ်စွာ ရှိနေခဲ့ကြသော ပါရမီရှင်များမှာ ကြီးမားသော ယင်ယန်စွမ်းအားကြောင့် အဝေးသို့ လွင့်ထွက်သွားကြသည်။
ကြိုးပြတ်သွားသော စွန်ကဲ့သို့ပင် လေဟာနယ်ထဲတွင် ကြိမ်ပေါင်းများစွာ ဂျွန်းပစ်ပြီးမှ အောက်သို့ တဘုန်းဘုန်း ပြုတ်ကျလာခဲ့သည်။
ကြိုတင်ပြင်ဆင်ထားသော ထိပ်တန်းပါရမီရှင်များသည် အကာအကွယ် ခံစစ်ပုံစံများကို ဖွဲ့စည်းထားကြသော်လည်း ၊
ဤကြောက်ခမမ်းလိလိ ယင်ယန်စွမ်းအားကြောင့် တုန်လှုပ်သွားကြသည်။
“မြေအောက်ထဲမှာ ဘာတွေဖြစ်နေတာလဲ...!?”
“ယင်ယန်စွမ်းအားပါတဲ့ ဓားစွမ်းအင်ပဲ! ဒါက ထျန်းဟိုင်ဓားဂိုဏ်းက ကောင်းကင်ဓားအမွေခံရဲ့လက်ချက် မဖြစ်နိုင်ဘူး”
“ငါ မှတ်မိသလောက်ဆိုရင်၊ ငါတို့ အမတနယ်မြေမှာ ယင်ယန်စွမ်းအားကို တစ်ဦးတည်းပိုင်ဆိုင်တဲ့သူက ထျန်းချန်လမ်းစဉ်ဂိုဏ်း က ကျိုးထျန်းမော့ပဲ မဟုတ်ဘူးလား!?”
“ဒါပေမဲ့ သူက ဓားသမားမှ မဟုတ်တာ... ဘယ်လိုလုပ်ပြီး ဓားစွမ်းအင်ကို ထုတ်လွှတ်နိုင်တာလဲ!?”
“ဒါမှမဟုတ် ယင်ယန်စွမ်းအားကို ပိုင်ဆိုင်တဲ့ နောက်ထပ်လူတစ်ယောက် ပေါ်ထွက်လာတာလား!?”
“………”
အမှန်တရားကို မသိကြသေးသော ပါရမီရှင်များစွာ၏ အံ့အားသင့်နေသော အော်ဟစ်သံများထက် ၊
ကျိုးထျန်းမော့၏ သေဆုံးမှုကို သိရှိထားကြသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များမှာ အဆိုပါ ယင်ယန်စွမ်းအားကို ခံစားလိုက်ရချိန်တွင် မျက်နှာအရောင်များသည် ချက်ချင်းပင် ဖြူဖျော့သွားကြသည်။
“ဒါ ..ဒါက....”
“ ညီနောင်ကျိုးက သေသွားပြီမဟုတ်လား!? ယင်ယန်စွမ်းအားက ဘယ်လိုဖြစ်တာလဲ”
“အရင်က သရဲကို တွေ့ခဲ့တာလား? သေသွားတဲ့သူက ညီနောင်ကျိုး မဟုတ်ဘူးလား”
“ တကယ်ပဲ ညီနောင်ကျိုး က မြေအောက်ထဲမှာ အမည်မသိအရာတစ်ခုခုနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာလား”
“ဒါပေမယ့် အရင်က ပြောတာတော့ ဒီထဲကို ဝင်သွားတဲ့သူက ဓားသမားဆို ဘယ်လိုလုပ်ပြီး ညီနောင်ကျိုး ဖြစ်နိုင်မှာလဲ”
“…….”
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များသည် အလွန်အမင်း စိတ်ရှုပ်ထွေးနေကြသည်။
လူအုပ်ထဲတွင် ပုန်းကွယ်နေသော ထျန်းယွီလော့ရုံသည်လည်း အတွေးများနေခဲ့သည်။
“ ယင်ယန်စွမ်းအား.... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“အမတနယ်မြေက ဒီလောက်ထိ ကျယ်ပြန့်တာ ၊ အခြားနေရာတွေမှာလည်း ရှေးဟောင်း အမွေအနှစ်တွေ ထွက်ပေါ်လာတယ်.....”
“ဒါပေမဲ့လည်း အဲ့လောက်တောင် တိုက်ဆိုင်ရသလား.. ကျိုးထျန်းမော့ ကလွဲရင် ယင်ယန်စွမ်းအားပိုင်ဆိုင်သူ တစ်ယောက်က ဒီမှာ ထွက်ပေါ်လာသတဲ့လား “
“ ငါ အရင်က ခန့်မှန်းခဲ့တာ မှန်တယ်ထင်တယ်...”
ထျန်းယွီလော့ရုံ ပိုင်ဆိုင်သော မရဏကောင်းကင်အဆိပ် ခန္ဓာသည်လည်း အဆိပ်မျိုးစုံဖြင့် အခြားသူများ၏ အင်အားကို ဝါးမျိုဖျက်ဆီးပစ်နိုင်သည် ။
မူလက သူမသည် ကျိုးထျန်းမော့၏ ခန္ဓာကိုယ်ကို အသုံးပြုကာ၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကျန်ရစ်နေသော မူလယင်ယန်စွမ်းအားကို စုပ်ယူရန် စီစဉ်ထားခဲ့သည်။
သို့သော် သူမ စမ်းသပ်ချိန်တွင် ၊ ထူးဆန်းစွာပင် ကျိုးထျန်းမော့၏ ယင်ယန်စွမ်းအားသည် လုံးဝ ပျောက်ကွယ်သွားပြီး အနည်းငယ်မျှပင် မကျန်ရှိတော့ကြောင်း တွေ့ရှိခဲ့ရသည်။
သူမ အရင်က ထင်ခဲ့သည်မှာ ကျိုးထျန်းမော့ သေဆုံးပြီးနောက် ယင်ယန်စွမ်းအားသည်လည်း ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်သည်။
သို့သော် ယခုအခါတွင်မူ ၊ ဤအမည်မသိ ဓားသမားက လုယူသွားခြင်း ဖြစ်နိုင်သည်။
“ဟမ်... ငါ့ပစ္စည်းကိုများ လုယူရဲတယ်ပေါ့”
ဤအထိ စဉ်းစားပြီးနောက်၊ ထျန်းယွီလော့ရုံ ၏ မျက်လုံးများသည် အေးစက်စွာဖြင့် ဝင်းလက်သွားသည်။ သူမ၏ အနီရောင်နှုတ်ခမ်းသားများကို လျှာဖြင့် သပ်လိုက်ရင်း။
“ဒီတိုင်းသာဆိုရင်... ငါက မင်းကို မဖြစ်မနေ စုပ်ယူရတော့မှာပဲ~”
သူမသည် အရင်ကတည်းက ယင်ယန်စွမ်းအားကို မျက်စိကျနေခဲ့သည်။
ကျိုးထျန်းမော့သည် သူမ၏ တစ်ဂိုဏ်းသားချင်း မဟုတ်ပါက အရင်ကတည်းက စုပ်ယူခဲ့ပြီး ဖြစ်သည်။ ယခုတွင်မူ ၊ အခြားသော တစ်ဦးတစ်ယောက်က ဦးစွာ ရယူသွားခဲ့သည်။
ဒါကို သူမ ကျေနပ်မတဲ့လား?
“ ကောင်းတယ် ...ကောင်းကောင်းကြီး တိုက်ပွဲဝင်လိုက်”
ထျန်းယွီလော့ရုံ သည် အေးစက်စွာ ရယ်လိုက်သည်။
“နင်သေပြီးမှ နင့်ရဲ့ ခန္ဓာကိုယ်ကို ငါ သိမ်းပိုက်မယ်~”
သူမအမြင်တွင်၊ ဤအမည်မသိ ဓားသမားသည် အချိန်ကြာကြာ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ခုခံနိုင်ခဲ့မည် ဆိုတောင် ၊ သူသည် အင်အားများ ကုန်ခန်းသွားသော အခြေအနေသို့ ဆိုက်ရောက်ပေတော့မည်။
ထိုအချိန်တွင် သူမသည် လူ့ကျင့်ဝတ်မဲ့စွာ ဝင်ရောက်တိုက်ခိုက်မည် ဆိုပါက၊ တဖက်လူသည် သူမ၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်လော။