အားနည်းချက်ကို ရှာဖွေတွေ့ရှိခြင်း
Vol. 57 Ch. 746
မြေအောက်ကမ္ဘာတွင် ၊
ပေါက်ကွဲသံများနှင့်အတူ ၊ ဓားစွမ်းအင်များသည် တိ့ရွှမ်၏ကိုယ်ထည်ပေါ်တွင် အဆက်မပြတ် ပေါက်ကွဲနေသည်။
မူလကတည်းက အကြမ်းဖက်လိုသော စွမ်းအင်များ၏ တိုက်စားမှုကို ခံထားရသော တိ့ရွှမ်သည် စူးချန်ကဲ၏ ဓားစွမ်းအင် တိုက်ခိုက်မှုများကို ခံရပြီးနောက် ဒေါသအကြီးအကျယ် ပေါက်ကွဲခဲ့သည်။
“ ပုရွက်ဆိတ်ကများ စိန်ခေါ်ရဲတယ်!?”
သံမဏိဖြင့် ပြုလုပ်ထားသော သားရဲကြီးသည် လုံးဝ ဒေါသထွက်သွားခဲ့ချေပြီ။
ဝုန်း !!
၎င်း၏ ကြီးမားသော လက်သည်းများဖြင့် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော တောင်တန်းကြီးတစ်ခုကဲ့သို့ ကြီးမားသော အင်အားများဖြင့် စူးချန်ကဲဆီသို့ လှမ်းရိုက်ချလိုက်သည်။
ဟင်းလင်းပြင်တစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီး ၊ နိယာမတရားများသည် နောက်ပြန်ဆုတ်ကာ ဒီရေလှိုင်းကဲ့သို့ ကြီးမားသောအင်အားဖြင့် စူးချန်ကဲအား ဝါးမျိုရန် ဟန်ပြင်နေခဲ့သည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော စူးချန်ကဲ၏ မျက်လုံးများသည် အေးစက်စွာ တောက်ပသွားသည်။
စောနက တိုက်ပွဲအတွင်း၊ သူသည် အလုံးစုံသောလမ်းစဉ် ဗလာနိတ္ထိမျက်လုံးတော် ၏ ပင်ကိုယ်အစွမ်းသတ္တိကို အသုံးပြုကာ မူလဇစ်မြစ်ကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် သားရဲကြီး၏ အားနည်းချက်ကို ထိုးထွင်းသိမြင်ခဲ့သည်။
၎င်း၏ ခန္ဓာကိုယ်သည် ခိုင်မာသော သံမဏိဖြင့် ပြုလုပ်ထားသော်လည်း၊ သို့သော် ယန္တရားထုတ်ကုန်တစ်ခုသည် ယန္တရားထုတ်ကုန်မျှသာ ဖြစ်သည်။
တောင်တစ်ခုလောက် ကြီးမားသော ကိုယ်ထည်ကို မောင်းနှင်ရန်အတွက် ဂီယာဘီးများ မောင်းနှင်ရန် လိုအပ်ပေသည်။
စူးချန်ကဲ၏ မျက်ဝန်းတစ်စုံမှ နတ်အလင်းများ လျှပ်တပြက် ထွက်ပေါ်လာပြီး၊ တိ့ရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် ပုန်းကွယ်နေသော အဓိက အစိတ်အပိုင်းကိုးခုကို ချိတ်ပိတ်လိုက်သည်။
အမည်မသိ ပစ္စည်းများဖြင့် ပြုလုပ်ထားသော ဂီယာကိုးခုသည် တိ့ရွှမ်၏ ခန္ဓာကိုယ်ရှိ ဗဟိုချက်နှင့် ကိုက်ညီနေသည်။
သူ၏ ဦးနှောက်ထဲတွင် မြန်ဆန်သော နှုန်းဖြင့် ဖြေရှင်းနည်းကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ၊
“အဆုံးသတ်သင့်ပ်ြီ “
စူးချန်ကဲသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအင်များကို လှုံ့ဆော်လိုက်သည်။
အဖြူရောင် ဝတ်ရုံထည်သည် လေတိုက်ခတ်ခြင်း မရှိဘဲ လှုပ်ခတ်နေကာ ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်ဖြင့် သွန်းလောင်းထားသကဲ့သို့ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့သည်။
ဝုန်း !
ထိုအချိန်တွင် တိ့ရွှမ်၏ ဧရာမ လက်ကြီးသည် စူးချန်ကဲ တည်ရှိရာ နေရာသို့ ကျရောက်လာခဲ့ပြီး ၊ နိယာမစွမ်းအားများသည် သူ၏ ပုံသဏ္ဍာန်ကို လုံးဝ ဖုံးအုပ်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော အားရှင်းသည် မျက်နှာအရောင် ပြောင်းလဲသွားပြီး ချက်ချင်းပင် ဟစ်အော်လိုက်သည်။
“လူကြီးမင်း!”
တိ့ရွှမ်၏ ဧရာမ လက်ကြီးသည် အနည်းဆုံး ပေတစ်ရာခန့် ကျယ်ဝန်းပြီး၊ ၎င်းပေါ်တွင် အဖျက်သဘောဆောင်သော နိယာမတရားများနှင့် ပေါင်းစပ်ထားသောကြောင့်၊ စူးချန်ကဲ အနေဖြင့် ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
ထိုအရာဖြင့် ရိုက်နှက်ခံလိုက်ရပါက ၊ သေဆုံးခြင်း သို့မဟုတ် မသန်စွမ်းဖြစ်သွားနိုင်သည်။
“ ဘာတွေအကျယ်ကြီး အော်ဟစ်နေတာတုန်း.. ငါ မသေသေးဘူး”
ရွှေရောင်အလင်းများဖြင့် တောက်ပနေသော စူးချန်ကဲသည် ဝေဟင်အထက်တွင် ထွက်ပေါ်လာခဲ့သည်။
အမှန်အားဖြင့် ၊ တိ့ရွှမ်၏ ဧရာမလက်ကြီးသည် စူးချန်ကဲကို ထိမှန်တော့မည့် အချိန်တွင် သူသည် အံ့မခန်းလောက်စရာ ကောင်းသော သွက်လက်မှုဖြင့် ရှောင်တိမ်းသွားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် တွန့်ဆုတ်မနေခဲ့ချေ။
ဝူး ——
ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကိုင်ဆောင်ကာ တိ့ရွှမ်၏ ဦးတည်ရာဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။
စူးချန်ကဲသည် မရှောင်တိမ်းဘဲ သူ့ကို ဦးစွာ တိုက်ခိုက်လာသဖြင့် ၊ ယင်းက တိ့ရွှမ်ကို ပို၍ဒေါသထွက်ခဲ့စေသည်။
သင် သိထားရမည်မှာ စူးချန်ကဲသည် သူ့ မျက်လုံးထဲတွင် ယင်ကောင်တစ်ကောင်နှင့် မခြားနားပေ။
သေးနုပ်တဲ့ ခန္ဓာကိုယ်နဲ့ ကြယ်တစ်လုံးလောက် ကြီးမားတဲ့ သူ့ကို တိုက်ခိုက်ရဲတာ ၊ ဘယ်ကနေ သတ္တိတွေရလာတာတုန်း!?
“ပုရွက်ဆိတ်အဆင့်ကများ ၊ သေစမ်း !”
တိ့ရွှမ်၏ အမျက်ဒေါသသံကို ကြားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ၊ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ဝန်းရံနေသော မရဏငရဲမီးလျှံများသည် သူ၏ လက်နှစ်ဖက်ဆီသို့ အရူးအမူး စုဝေးလာခဲ့သည်။
ဝုန်း !!
ထို့နောက် ၊ တိ့ရွှမ်သည် သူ၏ ဧရာမလက်နှစ်ဖက်ကို မြေကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော အင်အား၏ ရှေ့မှောက်တွင် ၊ မြေပြင်သည် ချက်ချင်းဆိုသလို အက်ကွဲလာခဲ့သည်။
အက်ကွဲသံ....
ချောက်နက်အလား အက်ကြောင်းများသည် ပင့်ကူအိမ် ကဲ့သို့ မြေပြင်တစ်လျှောက် ပြန့်ကားသွားသည်။
ချက်ချင်းဆိုသလိုပင် ၊
ဝုန်း -- ဝုန်း !!
မီးတောင်များသည် တစ်ပြိုင်နက်တည်း ပေါက်ကွဲလာသကဲ့သို့ပင်။
ထောင်ပေါင်းများစွာသော မရဏငရဲမီးလျှံများသည် ကောင်းကင်ဆီသို့ ထိုးတက်လာပြီး၊ ဟိန်းဟောက်နေသော မရဏငရဲမီးနဂါးများအဖြစ်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲရှိရာ ဦးတည်ရာဆီသို့ ပြေးဝင်သွားကြသည်။
တစ်ချိန်တည်းမှာပင် တိ့ရွှမ်သည် ၎င်း၏ပါးစပ်ကို ကျယ်လောင်စွာ ဟ ကာ ပြင်းထန်စွာ မှုတ်ထုတ်လိုက်သည်။
ဝေါင်း !!!!!!
ဤအခိုက်အတန့်တွင်၊ တစ်ချိန်က မှောင်မိုက်နေခဲ့သော မြေအောက်ကမ္ဘာသည် ငရဲမီးလျှံများဖြင့် လောင်မြိုက်ခံလိုက်ရသည်။
ဘယ်နေရာကိုပင်ကြည့်ကြည့် ၊ ခရမ်းနက်မီးလျှံများဖြင့် ပြည့်နှက်နေသည်။ မိုးမြေရှိ အရာအားလုံးကို လောင်မြိုက်ကာ အဆုံးမဲ့ ငရဲသမုဒ္ဒရာထဲသို့ ဆွဲခေါ်နေသဟန်ရှ်ိသည်။
ဤမျှပူပြင်းသော အပူချိန်အောက်တွင် ကောင်းကင်အဖြစ် ထမ်းပိုးထားသော ပေတစ်ရာအထူ ရှိသည့် စ်ိန်ကျောက်လွှာသည် အပူဖြင့် လောင်မြိုက်ခံရကာ တိုက်ရိုက် အငွေ့ပျံသွားသည်။
ဤမရဏငရဲမီးလျှံ၏ ရှေ့မှောက်တွင် ၊ မည်မျှပင် ထူးခြားသော ရှောင်တိမ်းနည်းအတတ် ရှိနေပါစေ ရှောင်နိုင်မည်မဟုတ် ၊ ဤတိုက်ခိုက်မှုကို ခုခံရုံသာ တတ်နိုင်သည်။
သို့သော် စူးချန်ကဲသည် အစကတည်းက ရှောင်တိမ်းရန် မစဉ်းစားခဲ့သလို ၊ ရှောင်တိမ်းရန်လည်း မလိုအပ်ခဲ့ချေ။
သူသည် ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအင်များကို ထပ်မံ ပေါက်ကွဲစေကာ အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့် တိ့ရွှမ် ဆီသို့ ပြေးဝင်သွားခဲ့သည်။
ဤမြင်ကွင်းကို တစ်လျှောက်လုံး ကြည့်ရှုနေသော အားရှင်းသည် ထိတ်လန့်စွာဖြင့် ဟစ်အော်လိုက်သည်။
“လူကြီးမင်း မလုပ်နဲ့!”
ဤမရဏငရဲမီးလျှံတွင် ပါဝင်သော အပူချိန်သည် လွန်စွာ မာကြောသော စိန်ကျောက်များကိုပင် အငွေ့ပျံစေနိုင်သည်။
သာမန်ခန္ဓာကိုယ်သာ ရှိသည့် စူးချန်ကဲအနေဖြင့် မည်သို့ ခုခံနိုင်မည်နည်း။
အလားတူပင် ၊ ထိုမြင်ကွင်းကို မြင်လိုက်ရသော တိ့ရွှမ်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု လှစ်ဟသွားသည်။
“မုန်းစရာကောင်းတဲ့ ကျူးကျော်သူ.... ဒီနေ့ မင်း ငရဲထဲမှာ လုံးဝပျောက်ကွယ်သွားရမယ်!”
တဟုန်းဟုန်း တောက်လောက်နေသော မရဏငရဲမီးပင်လယ်သည် စူးချန်ကဲ၏ ပုံသဏ္ဍာန်ကို လုံးဝ ဝါးမျိုတော့မည့် အခိုက်အတန့်တွင် ၊
“ကြည့်ရတာ မင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတယ် ထင်တယ် “
“အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်၊ ဖွင့်!”
စူးချန်ကဲ၏ လေသံသည် အေးစက်လွန်းသည်။ သူ၏ ရေရွတ်သံအပြီးတွင် အံ့အားသင့်ဖွယ်ရာ ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ မူလက လေထုထဲတွင် ကြမ်းတမ်းစွာ တောက်လောင်လျက် စူးချန်ကဲအား ဖျက်ဆီးရန် ကြံရွယ်နေခဲ့သော မရဏ ငရဲမီးလျှံများသည် ရုတ်တရက် ငြိမ်သက်သွားသည်။
တသိမ့်သိမ့် ရိုက်ခတ်နေသော မီးလျှံ သင်္ကေတများပင်လျှင် လေဟာနယ်ထဲတွင် ရပ်တန့်နေလေ၏။
ထို့နောက်တွင် မဟာလမ်းစဉ် အမှတ်အသားများဖြင့် ဖန်တီးထားသော ကောင်းကင်မျက်လုံးတစ်လုံးသည် အာကာသအက်ကွဲကြောင်းထဲမှ ပေါ်ထွက်လာခဲ့သည်။
ဝီ!!
ဤလောက၏ တာအိုစည်းချက်များကို ကျော်လွန်၍ တည်ဆောက်ထားသော နိယာမ နယ်ပယ်သည် မယုံနိုင်စရာကောင်းသော အမြန်နှုန်းဖြင့် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားခဲ့သည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ မူလက တဟုန်းဟုန်း တောက်လောက်နေခဲ့သည့် မရဏငရဲမီးလျှံများအစား ဝင်ရောက်နေရာယူခဲ့သည်။
“ဒါက........”
အားရှင်းသည်ပင် ထိုမြင်ကွင်းကြောင့် အလွန်အမင်း အံ့အားသင့်နေမိသည်။
ဤမျှ လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းသည် သူ၏ လောကအမြင်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်လုံးထဲတွင်၊ စူးချန်ကဲသည် စကားတစ်ခွန်း ထုတ်ပြောရုံမျှဖြင့် တစ်လောကလုံးသည် အထက်အောက် ပြောင်းပြန်ဖြစ်သွားသကဲ့သို့ပင် ။
ကြီးမားသော မရဏငရဲမီးလျှံများပင် ချက်ချင်းပင် ဆုတ်ဖြဲခံရကာ ၊ ယင်းအတွင်း၌ ကြီးမားသော ကောင်းကင်မျက်လုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။
အဆိုပါမျက်လုံး၏ ထိုးထွင်းသိမြင်မှုအောက်တွင်၊ စူးချန်ကဲကို ဗဟိုပြု၍ ပေတစ်ရာအတွင်းရှိ အရာအားလုံးတို့သည် အေးခဲသွားသဟန် ရှိသည်။
အားရှင်း၏ မှတ်ဉာဏ်ထဲတွင်၊ သူ၏ပိုင်ရှင် ကျောက်ဟွ အမတဧကရာဇ်သည်ပင် ဤကဲ့သို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်။
ခြုံငုံကြည့်မည်ဆိုပါက ၊ စူးချန်ကဲ ပိုင်ဆိုင်ထားသော အစွမ်းသတ္တိသည် သူ၏ပိုင်ရှင် ကျောက်ဟွ အမတဧကရာဇ်မင်း ထက်ပင် သာလွန်သည်ဟု ဆိုရမည်။
ဤအထိ စဉ်းစားပြီးနောက်၊ အားရှင်းသည် လူသားဆန်သော ပျော်ရွှင်မှုတစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။
“ငါ ယုံတယ်.... လူကြီးမင်းရဲ့ အကူအညီနဲ့...”
“ ငါ့ရဲ့ ပိုင်ရှင်ကို ပြန်ပြင်နိုင်တော့မယ်...”