← Chapters

သရုပ်မှန်ကို ထုတ်ဖော်ခြင်း၊ မုန်တိုင်းစတော့မည်

Vol. 57 Ch. 749

သရုပ်မှန်ကို ထုတ်ဖော်ခြင်း၊ မုန်တိုင်းစတော့မည်

Vol. 57 Ch. 749

ထိုစကားသံအဆုံးတွင် ၊

ဝုန်း !!

မိုးကုပ်စက်ဝိုင်းမှ မိုးကြိုးပစ်သံကဲ့သို့သော အသံများ ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော သက်တန့်အလင်းများသည် ကောင်းကင်ကို ဖြတ်ကျော်ကာ မိုး‌မြေတစ်ခွင်လုံးကို ဖိနှိပ်နိုင်သော စွမ်းအားများကို ဆောင်ကျဉ်းလျက် ဤနေရာဆီသို့ ရောက်ရှိလာကြသည်။

အဆိုပါ သက်တံ့အလင်းများသည် ကွေးယွမ်အမတဂိုဏ်းမှ ပါရမီရှင်များ ဖြစ်ကြပြီး ၊ ၎င်းတို့၏ မျက်နှာအမူအရာများသည် အေးစက်နေသည်။

တောက်ပသော နတ်အလင်းများက ဘေးပတ်ပတ်လည်တွင် ဝန်းရံထားပြီး ၎င်းတို့၏ ခန္ဓာကိုယ်ထံမှ ချီနှင့် သွေးစွမ်းအားများ ဖြာထွက်နေသည်။

ဤမြင်ကွင်းကို မြင်လိုက်သော ကျင့်ကြံသူများ၏ စိတ်ထဲတွင် ကြီးမားသော ခံစားချက်လှိုင်းတစ်ခု ရိုက်ခတ်သွားခဲ့သည်။

တင်းမာနေသော လေထုသည် ချက်ချင်းပင် အေးခဲသွားသည်။

မူလက ပွဲကောင်းကြီးတစ်ခုကို ကြည့်ရှုရန် ပြင်ဆင်နေကြသော ကျင့်ကြံသူများစွာ၏ မျက်နှာပေါ်က အပြုံးများသည်လည်း ချက်ချင်းပင် အေးခဲသွားပြီး ၊ အာကာသတစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။

သူတို့ကို အံ့အားသင့်စေခဲ့သည်မှာ ဤနေရာသို့ ရုတ်တရက် ရောက်ရှိလာကြသော ကွေးယွမ်အမတဂိုဏ်း မှ ပါရမီရှင်များကြောင့် မဟုတ်ပေ။

ဤသည်မှာ.....

“ဒီ..... ဝတ်ရုံဖြူ လူငယ်က ကွေးယွမ်အမတဂိုဏ်း ရဲ့ ဆက်ခံသူ ဟုတ်လား!?”

ထိတ်လန့်မှုမှ သတိပြန်ကပ်လာသော ကျင့်ကြံသူများမှာ အလွန်အမင်း အံ့အားသင့်နေကြသည်။

ချက်ချင်းပင် အံ့အားသင့်သော ပြောဆိုသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

“ဘုရားရေ!? ငါ မှတ်မိသလောက်.... ကွေးယွမ်အမတဂိုဏ်း ရဲ့ ဆက်ခံသူက တားမြစ် စူးမိသားစု ရဲ့ သခင်ငယ်၊ သံသရာစက်ဝန်း အမတမင်းဆက် ရဲ့ မင်းသား.... စူးချန်ကဲ မဟုတ်ဘူးလား!?”

“ဒါ.... ဒါပေမဲ့ စူးချန်ကဲ က ဟွမ်ကျီအမတနယ်မြေ မှာလို့ ငါ ကြားထားတာ ! ဘယ်လိုလုပ်ပြီး ကွေးယွမ်အမတနယ်မြေ ကို ရောက်ချလာတာလဲ “

“ပွဲကောင်းကြီး တစ်ခုတော့ ထပ်လာပြီ! ဒီသခင်လေးက ကွေးယွမ်အမတဂိုဏ်း ရဲ့ ဆက်ခံသူဆိုတော့... ခုနက ထျန်းချန်လမ်းစဉ်ဂိုဏ်းက လူတွေက ကြမ်းကြမ်းတမ်းတမ်း ဆိုထားတာ... သူတို့ တွေ ဘယ်လိုလုပ်မလဲ ငါ ဆက်ပြီး ကြည့်ချင်သေးတယ်”

“………”

လူတိုင်း၏ စိတ်ထဲတွင် တုန်လှုပ်နေကြသည်။

ဝီ!!

ထိုအချိန်တွင် ထောင်ပေါင်းများစွာသော အမတအလင်းသင်္ကေတများသည် ကောင်းကင်ယံတွင် ထွန်းတောက်လာပြီး ၊

ပုံရိပ်သုံးခုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ စူးချန်ကဲ၏ ရှေ့မှောက်သို့ ကျရောက်လာသည်။

ထိုပုံရိပ်သုံးခု ပေါ်ထွက်လာသည်နှင့်အမျှ ၊

ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုများ ရောနှောနေသော မရေမရာသော အရိက်အမြွက်များ ရှိနေခဲ့သည်။

“ဒါက..... ကွေးယွမ်အမတဂိုဏ်းရဲ့ ခေတ်ပြိုင်ပါရမီရှင်တွေထဲက အမျိုးသမီးပါရမီရှင် ... လွတ်လပ်သောဓားနှလုံး နဲ့ ပုံသဏ္ဌာန်မဲ့ နတ်ဓားကိုယ်ထည်ကို ပိုင်ဆိုင်ထားသူ ၊ အတွေးတစ်ချက်တည်းနဲ့ ကမ္ဘာပေါ်က အစစ်မှန်ဆုံးသော ကနဦး ဓားစွမ်းအင်ကို စုစည်းနိုင်သူ “

“အမ်.... ဘယ်ဘက်က လူကလည်း ကွေးယွမ်အမတဂိုဏ်း ရဲ့ ကြယ်စုသခင်ပါရမီရှင် သုံးဦးထဲက တစ်ဦးဖြစ်တဲ့.... ထိုက်ရွှမ် ဉာဏ်အလင်းတာအိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ကျန်းဖန် မဟုတ်လား”

“အလယ်က လူက.... ကိုးကွေ့ စစ်နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဝမ်မင်ပဲ!”

“ဘုရားရေ... ကွေးယွမ်အမတဂိုဏ်းက ခေတ်ပြိုင် ကြယ်စုသခင်ပါရမီရှင် သုံးဦးစလုံး ဒီကို ရောက်နေကြတယ်!?”

“……..”

ထို့နောက် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ယဲ့ချုံယွဲ့ အပါအဝင် ကြယ်စုသခင်ပါရမီရှင် သုံးဦးနှင့် ကွေးယွမ်အမတဂိုဏ်း မှ ပါရမီရှင်တပည့်များသည် စူးချန်ကဲအား တညီတညွှတ်တည်း ဂါရဝပြုကြလေသည်။

“ ချုံယွဲ့ ဆက်ခံသူကို ဂါရဝပြုပါတယ်!”

“ကျန်းဖန် ဆက်ခံသူကို ဂါရဝပြုပါတယ်!”

“ဝမ်မင် ဆက်ခံသူကို ဂါရဝပြုပါတယ်!”

“ကျွန်တော်တို့ ဆက်ခံသူကို ဂါရဝပြုပါတယ်!”

ယခင်က ဖြစ်ပျက်ခဲ့သော ကိစ္စများနှင့် ပတ်သတ်၍ ၊ သူတို့သည်လည်း အနည်းနှင့်အများ ကြားသိထားကြသည်။

ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူ ဆိုသည့်အတိုင်း ဒဏ္ဍာရီလာ ထိုက်ပေသည်။

တစ်ကိုယ်တည်း ဓားတစ်လက်တည်းဖြင့် ဤမျှကြီးမားသော သံမဏိစက်ရုပ်ကြီးကို အမှောက်သိပ်နိုင်ခဲ့ပြီး ၊ မရဏငရဲမီးပင်လယ်ထဲတွင် ထိခိုက်ဒဏ်ရာမရှိ အသက်ရှင်နိုင်ခဲ့သည်။

သူတို့၏ ဆက်ခံသူကဲ့သို့ ဤမျှကြီးကျယ်သော အောင်မြင်မှုမျိုးကို မည်သူကများ ပြုလုပ်နိုင်မည်နည်း။

ကွေးယွမ်အမတဂိုဏ်း မှ ဤပါရမီရှင်များသည် ခေတ်ပြိုင် အမတနယ်မြေတွင် ထိပ်တန်းစာရင်းဝင်များ ဖြစ်သည်ကို သင်သိထားရမည်။

သူတို့တစ်ဦးချင်းစီတိုင်းသည် ကိုယ်ပိုင်မာန်မာနများ ရှိကြသော်လည်း၊ ယခု စူးချန်ကဲ၏ရှေ့မှောက်တွင် ဤပါရမီရှင်များ၏ မျက်နှာပေါ်၌ စိတ်အားထက်သန်သော ရိုသေလေးစားမှုများ ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။

စူးချန်ကဲသည် သူတို့၏ရင်ထဲတွင် တစ်ခုတည်းသော ယုံကြည်ကိုးကွယ်ရာ ဖြစ်သကဲ့သို့ပင်။

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် စူးချန်ကဲ သည် ခေါင်းအနည်းငယ်ညိတ်ပြကာ ပြုံးရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။

“ အရိုအသေပြုစရာ မလိုပါဘူး”

မူလက သူသည် ကွေးယွမ်အမတဂိုဏ်းမှ ပါရမီရှင်များ ဤနေရာသို့ ရောက်ရှိလာရန် အချိန်အနည်းငယ် လိုအပ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

မျှော်လင့်မထားသည်မှာ သူတို့သည် ဤမျှ မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့သည်။ မိမိ ပြုလုပ်ခဲ့သော ရုန်းရင်းဆန်ခတ်မှုသည် အတော်လေး ကြီးမားသွားခဲ့ပုံရသည်။

တစ်ချိန်တည်းမှာပင် ၊ နေရာတွင်ရှိနေကြသော ကျင့်ကြံသူအားလုံးသည် စူးချန်ကဲအား စူးစမ်းလိုစိတ်ဖြင့် စောင့်ကြည့်နေကြသည်။

သူတို့ရှေ့က ဤဝတ်ရုံဖြူ လူငယ်သည် အမတနယ်မြေတွင် နာမည်ကြီးနေသော စူးချန်ကဲ ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ထို့အပြင် ကွေးယွမ်အမတဂိုဏ်း၏ ကြယ်စုသခင်ပါရမီရှင် သုံးဦးပင် သူ့ကို ဦးညွှတ်နေကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် စူးချန်ကဲ အား သူတို့၏ ဦးဆောင်သူအဖြစ် သတ်မှတ်ထားသည်မှာ သေချာသည်။

သို့သော်၊ စူးချန်ကဲ သည် စစ်မှန်အမတနယ်ပယ် အဆင့် (၆) သာ ရှိသေးပြီး ၊ ကြယ်စုသခင်ပါရမီရှင် သုံးဦးမှာ စစ်မှန်အမတနယ်ပယ် အဆင့် (၉) ရှိပြီး ဖြစ်သည်။

သူတို့၏စိတ်ထဲတွင် မေးခွန်းတစ်ခု ရှိနေခဲ့သည်။ စူးချန်ကဲ သည် မည်သည့်နည်းလမ်းဖြင့် ဤကြယ်စုသခင်ပါရမီရှင် သုံးဦးကို သိမ်းပိုက်ခဲ့သနည်း။

သူ၏ ကိုယ်ထည်ခြောက်မျိုးကို အားကိုးခဲ့သည်ဟု ဆိုနိုင်သော်လည်း ၊ သို့သော် ဤမျှ များပြားသော ကိုယ်ထည်များကို ပိုင်ဆိုင်ထားခြင်းကြောင့် သူသည် မဟာလမ်းစဉ်၏ တန်ပြန်သက်ရောက်မှုကို ခံထားရသည်ဟု ကောလဟာလသတင်းများ ရှိထားသည် မဟုတ်လော။

………..

တစ်ချိန်တည်းမှာပင်။

လူအုပ်ထဲတွင် ရှိနေသော ကျီချောင်ကဲ၏ မျက်လုံးများသည် လျှပ်တပြတ် ဝင်းလက်သွားပြီး ၊ သူသည် စူးချန်ကဲကို ခေါင်းမှခြေအဆုံး သေချာ စိစစ်ကြည့်ရှုနေသည်။

အမတဧကရာဇ်မင်း တစ်ပါး၏ သားဖြစ်သူအနေဖြင့် ၊ ကျီချောင်ကဲ၏ အမြင်သည် သာမန်မဟုတ်ပေ။

သူသည် စူးချန်ကဲကို ပထမဆုံးအကြိမ် မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကွဲပြားသော တုံ့ပြန်မှုတစ်ခုကို ခံစားလိုက်ရသည်။

စစ်မှန်အမတနယ်ပယ် အဆင့် (၆) သာ ရှိသေးသော်လည်း ၊ သူသည် စူးချန်ကဲ၏ခန္ဓာကိုယ်အတွင်း၌ ပုန်းကွယ်နေသော ကြီးမားသော စွမ်းအားတစ်ခုကို ခံစားမိခဲ့သည်။

ရေအောက်တွင် ပုန်းကွယ်နေသော ရှေးဟောင်းမီးတောင်ကြီး တစ်ခုရှိနေသလိုပင်။

တစ်ကြိမ်လောက် ပြင်းထန်စွာ ပေါက်ကွဲသွားရုံဖြင့် ၊ ၎င်းသည် မိုးနှင့်မြေကို တုန်လှုပ်သွားစေမည့် အလွန်အမင်း ကြီးမားသော အင်အားတစ်ခုကို ထုတ်လွှတ်ကာ ကပ်ဘေးကြီးတစ်ခု ဖြစ်ပေါ်စေနိုင်ဖွယ်ရှိသည်။

တစ်စုံတစ်ခုကို သိမြင်သွားသကဲ့သို့ ၊ ကျီချောင်ကဲ၏ နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု လှစ်ဟသွားခဲ့သည်။

“ဟားးး..... ငါ့ရဲ့ ရွှေကျီးကန်းနတ်ဘုရားမင်းဆက် က ပါရမီရှင်နှစ်ယောက်ကို ဘယ်သူသတ်လိုက်လဲ ဆိုတာ ငါ သိသွားသလိုပဲ....”

ယခင်က ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ ပါရမီရှင်နှစ်ဦး မှ ကျန်ရစ်ခဲ့သော စိတ်ဝိညာဉ်မှတဆင့် သူသည် စူးချန်ကဲ၏ အငွေ့အသက်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ယခု နှိုင်းယှဉ်ချက်မှ တစ်ဆင့် ၊ ရွှေကျီးကန်းနတ်ဘုရားမင်းဆက် မှ ပါရမီရှင်နှစ်ဦးကို သတ်ဖြတ်ခဲ့သူမှာ စူးချန်ကဲသာ ဖြစ်ကြောင်း ၁၀၀% သေချာသွားခဲ့ပြီ ဖြစ်သည်။

သို့သော်၊ သူသည် စူးချန်ကဲကို မေးခွန်းထုတ်ရန် စိတ်ကူးမရှိပေ။

လက်ရှိတွင် ဤနေရာ၌ အင်အားစုအသီးသီးမှ ပါရမီရှင်များစွာ ရှိနေကြပြီး ၊ အခြားအင်အားစုများမှ ပါရမီရှင်များသည်လည်း ဤနေရာသို့ ဦးတည်လာရောက်နေကြသည်။

“အရင်ဆုံး ပွဲကောင်းကြီးတစ်ခုကို စောင့်ကြည့်ရမယ်”

အဆုံးမရှိသော နတ်မီးလျှံများဖြင့် တောက်ပနေသော သူ၏ ရွှေရောင်မျက်လုံးထဲတွင် စူးချန်ကဲ၏ အသွင်ပုံရိပ်သည် ထင်ဟပ်လျက် ရှိနေပြီး ၊

သူသည် စိတ်ထဲကနေ လှောင်ပြောင်ရယ်မောလိုက်သည်။

“ဒဏ္ဍာရီလာ ဆက်ခံသူဆိုတဲ့အတိုင်း ဂုဏ်သတင်းနဲ့ တကယ်ပဲ ထိုက်တန်လား၊ ဒါမှမဟုတ် လေကြီးတာလား ဆိုတာ ငါကြည့်ချင်သေးတယ်”

All Chapters