လောကရှိ အရာအားလုံးကို အရောင်မှေးမှိန်သွားစေသော နတ်ဘုရားမ
Vol. 57 Ch. 754
ထိုအမျိုးသမီး ရောက်ရှိလာသည်နှင့်အမျှ၊ ဤနေရာရှိ ကျီးကန်းမြည်သံများသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး မှော်သင်္ကေတများပင် အေးခဲသွားဟန်ရှိသည်။
တစ်ဖက်လူသည် မြင့်မြတ်သော အဆင့်အတန်းရှိသည်ကို သိသော်လည်း၊ သို့သော် လူတိုင်း၏ အကြည့်များသည် သူမအပေါ်တွင် စုပြုံနေပြီး စိတ်ဝိညာဉ်များ ဆုံးရှုံးသွားသကဲ့သို့ မေ့မြောနေလေ၏။
“ယောင်....ယောင်ကွမ်အမတဂိုဏ်း..... အကြွင်းမဲ့ အလှပိုင်ရှင်......ဒါက ဖီးနစ်တောင်ပံ မျက်လုံးအကာ......”
“မဟုတ်မှလွဲရော.... သူမက ယောင်ကွမ်အမတဂိုဏ်း ရဲ့.....”
“ ရန်...ယွီ နတ်ဘုရားမ!?”
“ဘုရားရေ... ရန်ယွီ နတ်ဘုရားမက ဒီနေရာနဲ့ အလှမ်းဝေးတဲ့ နယ်မြေမှာ ရှာဖွေနေတာမဟုတ်လား.... ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ!?”
“ပြီးတော့ ရန်ယွီ နတ်ဘုရားမက ပျော်ပွဲရွှင်ပွဲထဲ ပါဝင်မယ်ဆိုတာက... မဟုတ်မှလွဲရော ကွေးယွမ်အမတဂိုဏ်း ကို ကူညီဖို့ လာတာလား”
“မဖြစ်နိုင်ဘူး! ဒါ လုံးဝမဖြစ်နိုင်ဘူး!”
ယခင်က အသေခံလိုက်မည်ဟု ပြောခဲ့သော ကျင့်ကြံသူက ပြန်လည်ချေပလိုက်သည်။
“ကွေးယွမ်အမတဂိုဏ်း မှာ လော့နတ်ဘုရားမ ရဲ့ အသိမိတ်ဆွေ မရှိပါဘူး၊ သူမက ဘယ်လိုလုပ် အဝေးကနေတောင်လာပြီး ကူညီမှာလဲ”
“ ဒီတိုင်း ရိုးရိုးတန်းတန်း ပါဝင်ချင်တာပဲ ဖြစ်မယ်!”
ငြိမ်သက်နေသော လူအုပ်ကြီးသည် ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
အထူးသဖြင့် အမျိုးသားကျင့်ကြံသူများ အတွက် ၊ လော့ရန်ယွီ၏ ရောက်ရှိလာခြင်းသည် သူတို့ကို အကြီးအကျယ် စိတ်လှုပ်ရှားစေပြီး အံ့အားသင့်စေခဲ့သည်။
လော့ရန်ယွီ၏ အဆင့်အတန်းသည် အလွန် မြင့်မြတ်သည်ကို ထည့်မဆိုခင် ၊ အရေးကြီးဆုံးမှာ သူမ၏ အလှတရား ဖြစ်သည်။ ဘယ်ယောကျာ်းမဆို သူမကို မြင်လိုက်ရသည်နှင့် ၊ နှလုံးသားထဲက စိတ်အားထက်သန်မှုနှင့် မငြိမ်မသက်မှုကို ဖိနှိပ်ရန် ခဲယဉ်းပေလိမ့်မည်။
သူမ၏ စစ်မှန်သော အလှတရားနှင့် အတုမရှိသော အရှိန်အဝါတို့ကို ပေါင်းစပ်လိုက်ချိန်တွင် သူမသည် လူတိုင်း၏ နှလုံးသားထဲတွင် အဖြူရောင် လမင်းပမာ တောက်ပရန် လုံလောက်ပေသည်။
“ဘုရားရေ.....!?”
“လော....လော့ရန်ယွီ ရဲ့ အလှတရားက အမြင့်ဆုံးအဆင့်ကို ရောက်သွားပြီပဲ “
လူအုပ်ထဲတွင် ရှိနေသော ဝူကျီအောက်ထျန်း သည် ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အနည်းငယ် မိန်းမောတွေဝေသွားပြီး ရေရွတ်မိလိုက်သည်။
တိုက်မြေသုံးထောင်တွင် ဝူကျီအောက်ထျန်း သည် လော့ရန်ယွီကို ကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးသည်။
တိုက်မြေသုံးထောင်တွင် ရှိခဲ့စဉ်က၊ ဖုန်တတ်နေသော ပုလဲပမာ လောကကို လွှမ်းမိုးနိုင်သော သူမ၏ တောက်ပမှုကို လူတိုင်း မြင်ရန် ခဲယဉ်းခဲ့သည်ဟု ဆိုနိုင်သည်။
အမတနယ်မြေသို့ ရောက်ရှိပြီးနောက်တွင် ၊ ဤပုလဲသည် ဖုန်မှုန့်များကို ဖယ်ရှားကာ အမတနယ်မြေ တစ်ခုလုံးကို အံ့အားသင့်စေသော ရောင်ခြည်အလင်းများဖြင့် ထွက်ပေါ်လာခဲ့သည်။
ကုံလမ်းစဉ် ကို အထူးပြုထားသော ဝူကျီအောက်ထျန်းသည်ပင် လော့ရန်ယွီကို မြင်လိုက်ရချိန်၌ ကာမမီးတစ်စသည် မထိန်းနိုင်အောင် လောင်ကျွမ်းလာခဲ့သည်။
ဖြန်း!
ဝူကျီအောက်ထျန်းသည် အကြောင်းမဲ့ ကိုယ့်ပါးကို ရိုက်ချလိုက်သည်။
ယင်းက ထျန်းဟိုင်ဓားဂိုဏ်း မှ ဓားသမားများကို မိန်းမောတွေဝေခြင်းမှ ပြန်သတိကပ်လာစေသည်။
“ ညီလေးအောက်ထျန်း မင်း.....”
ယွင်ချင်းဟုန်၏ စကားမဆုံးမီ ၊ ဝူကျီအောက်ထျန်း က တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ အစ်ကိုကြီး ၊ သူမကို သွားမကြည့်နဲ့!”
“ ဒီအမျိုးသမီးကို တကယ်ကြည့်လို့မရဘူး!”
တိုက်မြေသုံးထောင် မှ အမတနယ်မြေ သို့ တတ်လှမ်းလာသော ကျင့်ကြံသူအဖြစ် ၊ သူသည် လော့ရန်ယွီနှင့် ပတ်သတ်၍ ကောင်းကောင်းကြီး သိထားသည်။
ဤမိန်းကလေးသည် စူးချန်ကဲ၏အပိုင် ဖြစ်ပြီး ၊ သူမကို ထိရဲတဲ့သူတိုင်း သေလမ်းသာ ရှိပေမည်။
မိမိ၏ အသက်ဘေးကို အာမခံလိုပါက ၊ လော့ရန်ယွီ ကို မကြည့်မိအောင် နေခြင်းသည် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဝူကျီအောက်ထျန်း၏ အမြင်တွင်၊
ဤနေရာ၌ ထိပ်တန်းအင်အားစုများမှ ဆက်ခံသူများစွာ ရှိသော်လည်း၊ သို့သော် စူးချန်ကဲ နှင့် နှိုင်းယှဉ်ပါက သူတို့အားလုံးသည် ညီလေးအဆင့်သာ ရှိသည်။
……
“သူမက ယောင်ကွမ်အမတဂိုဏ်းရဲ့ နတ်ဘုရားမ မလား”
လူအုပ်ထဲတွင်၊ ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျီချောင်ကဲသည်လည်း မျက်ခုံးတဖက်ပင့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ဆိုလိုက်သည်။
“ ဘယ်ဆိုးတုန်း”
ဤသည်မှာ လော့ရန်ယွီကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သူသည် လော့ရန်ယွီ ကို မြင်လိုက်ရချိန်တွင် သူမ၏ အလှတရားကြောင့် အံ့အားသင့်သွားသော်လည်း၊ သို့သော် အံ့အားသင့်ရုံမျှသာ ဖြစ်သည်။
ကျီချောင်ကဲ၏ အမြင်တွင်၊ မဟာလမ်းစဉ် ခရီးလမ်းတွင် တစ်ခုတည်းသော အရာမှာ အထွတ်အထိပ်သို့ ရောက်ရှိခြင်းသာ ဖြစ်သည်။ မည်မျှလှပသော အလှတရားပင်ဖြစ်စေ ၊ အဆုံးတွင် အရိုးစုတစ်ခုထက် မပိုချေ။
သို့သော်၊ လော့ရန်ယွီ၏ အလှကို ခုခံနိုင်သူမှာ လူနည်းစုမျှသာ ရှိသည်။
ဥပမာအားဖြင့် ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ယွမ်ချန်းဟုန်၊ ဖုန်းယွင်လှံခန်းမ မှ ရှောင်ဝူရှန်း၊ ထျန်းချန်လမ်းစဉ်ဂိုဏ်း မှ ကျန်းယွီကျင်း နှင့် ချူးရှောင် တို့သည် အလိုရမ္မက်မီးတောက်များဖြင့် လော့ရန်ယွီအား စူးစိုက်ကြည့်နေကြသည်။
“……..”
လော့ရန်ယွီသည် ပတ်ဝန်းကျင်ရှိ အကြည့်များကို လုံးဝ ဂရုမစိုက်ပုံရသည်။ သူမ၏ မျက်လုံးများကို စည်းနှောင်ထားသော်လည်း ၊ စိတ်အာရုံခံစားမှုဖြင့် သူမနှင့် ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်များကို ခံစားနိုင်သည် ။
လော့ရန်ယွီ၏ ရှေ့တည့်တည့်တွင် ရှိနေသော ကွေးယွမ်အမတဂိုဏ်း မှ လူများမှာ ပဟေဠိဖြစ်နေကြသည်။
“ မဟုတ်သေးပါဘူး... ယောင်ကွမ်အမတဂိုဏ်း ရဲ့ လော့နတ်ဘုရားမ ငါတို့ဘက်ကို ဘာလို့ စိုက်ကြည့်နေတာလဲ”
“ ကွေးယွမ်အမတဂိုဏ်း မှာ လော့နတ်ဘုရားမ ရဲ့ အသိမိတ်ဆွေ ရှိလို့လား”
“မဖြစ်နိုင်ဘူး... ကွေးယွမ်အမတဂိုဏ်း က တစ်ချိန်က ယောင်ကွမ်အမတဂိုဏ်းနဲ့အတူ တားမြစ်ကုန်းပြင်မြင့် ကို တိုက်ခိုက်ခဲ့ပေမယ့်...ဒါပေမဲ့ မျိုးဆက်သစ်လူငယ်တွေကြားမှာ အဆက်အဆံမရှိပါဘူး”
“………”
ကြယ်စုသခင် ပါရမီရှင် သုံးဦးနှင့် ကွေးယွမ်အမတဂိုဏ်း မှ တပည့်များမှာ သူသူကိုယ်ကိုယ် မေးခွန်းထုတ်နေကြစဉ် ၊
စူးချန်ကဲသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ သိမ်မွေ့သော အပြုံးကို ဆောင်ကျဉ်းလျက် နူးညံ့သော လေသံဖြင့် ဆိုလိုက်သည်။
“ရန်ယွီ၊ မတွေ့ရတာတောင် ကြာပြီ”
ထိုစကားများ ထွက်လာသည်နှင့် လူတိုင်း ဆွံ့အသွားကြသည်။ မျက်လုံးများ ပြူးကျယ်နေပြီး သံသယအကြည့်များဖြင့်ဖြင့် စူးချန်ကဲကို လှမ်းကြည့်လိုက်ကြသည်။
ဘာ!?
ရန်ယွီ.... မတွေ့ရတာတောင် ကြာပြီ?
ဘယ်လို.... ယောင်ကွမ်အမတဂိုဏ်း ရဲ့ လော့နတ်ဘုရားမက စူးချန်ကဲ ရဲ့ အသိမိတ်ဆွေဟောင်းလား?
လူတိုင်း စဉ်းစားရန်ပင် အချိန်မရလိုက်ချေ။
“ချန်ကဲ!”
နူးညံ့သိမ်မွေ့သော အသံသည် နောက်တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
ယခု တစ်ကြိမ်တွင် ၊ ယင်း၌ အဆုံးမရှိသော ပျော်ရွှင်မှုများ ပါဝင်နေခဲ့သည်။
ချက်ချင်းပင် ၊ လူတိုင်း၏ မျက်စိရှေ့တွင် လူတစ်ယောက် ပြေးထွက်လာသကဲ့သို့ လျှပ်တပြတ် ပြေးဖြတ်သွားသော ရွှေရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။
၎င်း၏အရှိန်သည် အလွန် လျင်မြန်ကာ၊ သင်းပျံ့သော ရနံ့တစ်ခုကို ခံစားလိုက်ရသည်။
ဤရုတ်တရက် ပေါ်ပေါက်လာသော မြင်ကွင်းကြောင့် လူတိုင်း ကြောင်အမ်းသွားကြပြီး ၊ ထိုပုံရိပ်ဘက်ကို သူ့အလိုလို လှည့်ကြည့်လိုက်ကြသည်။
ထို့နောက် လူတိုင်း၏ စိတ်နှလုံးသားကို တုန်လှုပ်သွားစေပြီး ၊ လောကအမြင် တစ်ခုလုံး လုံးဝပြောင်းလဲသွားသကဲ့သို့ ခံစားရစေသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူတို့၏ စိတ်နှလုံးသားထဲက အတုမရှိသော အလှတရား ၊ ယောင်ကွမ်အမတဂိုဏ်း၏ နတ်ဘုရားမသည် စူးချန်ကဲ၏ ရင်ခွင်ထဲသို့ ဝင်ရောက်နေခဲ့သည်။
လက်ရှိအချိန်တွင် လော့ရန်ယွီသည် သူမ၏ သွယ်လျသော လက်ချောင်းလေးများကို စူးချန်ကဲ၏ ရင်ဘတ်ပေါ်တွင် တင်ထားပြီး၊ ရင်ခွင်ထဲတွင် ချွဲတတ်သော ကြောင်မလေးတစ်ကောင်ကဲ့သို့ သူမ၏ ခေါင်းကို စူးချန်ကဲ၏နှလုံးသားပေါ်တွင် ဖိကပ်ထားသည်။
“ချန်ကဲ.....”
နှာခေါင်းဖျားတွင် ရင်းနှီးသော အငွေ့အသက်ကို ခံစားရပြီးနောက်၊ အဆုံးမဲ့ တွယ်တာမှုကို ဖော်ပြနေဟန်ရှိသည့် လော့ရန်ယွီ၏ နူးညံ့သိမ်မွေ့သော စကားသံသည် တစ်ဖန် ထွက်ပေါ်လာခဲ့လေသည်။
“ နောက်ဆုံးတော့ ကျွန်မ ရှင့်ကို တွေ့ခွင့်ရခဲ့ပြီ “