← Chapters

လူတိုင်း မနာလိုဖြစ်ကုန်ကြပြီ

Vol. 57 Ch. 755

လူတိုင်း မနာလိုဖြစ်ကုန်ကြပြီ

Vol. 57 Ch. 755

တိုက်မြေသုံးထောင်တွင် ခွဲခွာခဲ့ပြီး ၊ အမတနယ်မြေသို့ ရောက်ရှိလာသည့်တိုင် သူတို့နှစ်ဦး မတွေ့ခဲ့ရသည်မှာ လအနည်းငယ်ရှိပြီ ဖြစ်သည်။

အဆုံးမဲ့သက်တမ်းရှိသော အမတများအတွက်၊ ဤမျှလောက် အချိန်သည် လျှပ်တစ်ပြက် အချိန်မျှသာ ဖြစ်သည်။

သို့သော်လည်း၊ စိတ်ထဲတွင် ချစ်ခင်တွယ်တာမှု၊ လွမ်းဆွတ်မှုများ ရှိနေပါက လအနည်းငယ်သည် ရာသီဥတုများ ကူးပြောင်းလေသကဲ့သို့ ကြာရှည်သည်ဟု ခံစားရတတ်သည်။

လော့ရန်ယွီသည် မိမိ၏ ရင်ခွင်ထဲတွင် ယခုလို ပွေ့ဖက်လာသဖြင့် စူးချန်ကဲသည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။

သူ၏ မှတ်ဉာဏ်ထဲတွင်၊ လော့ရန်ယွီသည် တည်ငြိမ်ပြီး ရှက်တတ်သော မိန်းမငယ်တစ်ဦးဖြစ်သည်။

ယနေ့တွင် သူ့ကို တွေ့တွေ့ချင်း ပွေ့ဖက်ခဲ့ပြီး၊ ချစ်စရာကောင်းအောင် ပြုမှုလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သို့သော်၊ ဤအတွက် စူးချန်ကဲသည် ဘာမျှပြန်မပြောခဲ့ချေ။ သူသည် လော့ရန်ယွီ၏ ကျောကို ပွတ်သပ်ကာ နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ မင်းကို အမြန်‌‌ဆုံး လာတွေ့ချင်ပေမယ့်...”

“ဒါပေမဲ့ အမတနယ်မြေကို ရောက်ရောက်ချင်း လုပ်စရာအလုပ်တွေက များလွန်းလို့ အချိန်မရခဲ့ဘူး”

“ကိစ္စမရှိဘူး.... ရန်ယွီ စောင့်နိုင်ပါတယ်”

လော့ရန်ယွီ သည် နူးညံ့သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

ထိုပုံစံကို ကြည့်ရသည်မှာ၊ လင်ယောကျာ်းကို နားလည်ပေးတတ်သော ဇနီးငယ်လေးကဲ့သို့ပင်။

……….

နှစ်ဦးသား ပွေ့ဖက်ထားသော မြင်ကွင်းကို ကြည့်ရှုရင်း ၊

ကွေးယွမ်အမတဂိုဏ်းမှ ပါရမီရှင်များအပြင် အားလုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ပါးစပ်အဟောင်းသားဖြင့် ကြောင်‌အမ်းစွာ ရပ်ကြည့်နေမိကြသည်။

အချိန်အတော်တန် ကြာပြီးမှသာလျှင် ၊ ထိတ်လန့်အံ့အားသင့်ရာမှ ပြန်လည် သတိဝင်လာကြပြီး ပါးစပ်များပိတ်နိုင်တော့သည်။

ဝမ်မင်သည် တုန်ယင်သော လေသံဖြင့် ထ‌ဆိုလိုကိသည်။

“ဒါ...... ချန်ကဲ ဆက်ခံသူ နဲ့..... ရန်ယွီ နတ်ဘုရားမက အသိမိတ်ဆွေဟောင်းတွေလား.....?!”

“ငါတို့ ဘာလို့ မသိခဲ့ရတာလဲ?!”

“ ဒါက ဘယ်ကလာ အသိမိတ်ဆွေဟောင်း ဖြစ်ရမှာလဲ “

ဘေးနားရှိ ယဲ့ချုံယွဲ့ သည် ကိုယ့်တံတွေးကိုယ် အတင်းမျိုချလိုက်ရင်း မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဒီရင်းနှီးမှုအဆင့်ကို ကြည့်ရင်၊ ဒါ လုံးဝကို လက်တွဲဖော်အဆင့်ပဲ !”

“အမ်.... ရပြီ!”

ဘေးတွင်ရပ်နေသော ကျန်းဖန်က ပခုံးတွန့်ပြလိုက်သည်။

“အခုတော့ ကောင်းရော ! ငါတို့မှာ မရီးတစ်ယောက် ရှိလာပြီ “

ထိုနည်းတူစွာ ၊ အခြားသော အင်အားစုများမှ ပါရမီရှင်များသည်လည်း အံ့အားသင့်ရာမှ မှ ပြန်သတိကပ်လာကြသည်။

“ငါ..... ငါ ခုနက ဘာမြင်လိုက်ရတာလဲ!?”

“ရန်ယွီ နတ်ဘုရားမက စူးချန်ကဲ ရဲ့ လက်တွဲဖော် ဖြစ်နေတာလား!?”

“ဘုရားရေ! ငါ ရင်ထဲက နတ်ဘုရားမက ပိုင်ရှင်ရှိနေပြီတဲ့လား !”

“ငါ့ရဲ့ နွေဦးအိမ်မက်လေးက စတောင်မစရသေးဘူး ဇာတ်သိမ်းသွားပြီလား”

“ငါ့ရင်ကို လှုပ်ကိုင်ဖို့ဆိုတာ လွယ်ခဲ့တာ မဟုတ်ဘူး.... ရန်ယွီ နတ်ဘုရားမက ငါ့ရင်ကို ခွဲသွားခဲ့ပြီ ဟားးဟားးဟားး!!!”

“တစ်ယောက်က ဆက်ခံသူ၊ တစ်ယောက်က နတ်ဘုရားမ အဆုံးမှာတော့ သူတို့နှစ်ဦးက လက်တွဲဖော်တွေတဲ့လား...ဒါ ကြိုတင်စီစဉ်ထားတာ မဟုတ်ဘူးလား?!

“ ရင်ကို ခွဲရုံတင်မကဘူး ... လူသိရှင်ကြား ချစ်ပြနေလိုက်တာ ..ဒါ မကျေနပ်ဘူး!”

“စူးချန်ကဲ က တားမြစ် စူးမိသားစု ရဲ့ သခင်ငယ် ရသေးတယ်.. သံသရာစက်ဝန်း အမတမင်းဆက် ရဲ့ မင်းသား ..ဒါလည်း ဖြစ်သေးတယ်... ကွေးယွမ်အမတဂိုဏ်း ရဲ့ ဆက်ခံသူ ဒါလည်း ဖြေသာသေးတယ် ဒါပေမဲ့....”

“ဒါပေမဲ့ ဒီကောင်က လော့နတ်ဘုရားမ ရဲ့ လက်တွဲဖော်တဲ့လား ....ဒါကိုတော့ ငါ သည်းမခံနိုင်ဘူး ချဉ်လိုက်တာ!”

“……….”

ဤနေရာတွင် ရှိနေကြသူတိုင်း စူးချန်ကဲအား မနာလိုဝန်တိုသော အကြည့်များဖြင့် ကြည့်နေကြသည်။

စူးချန်ကဲအကြောင်း ပြောရလျှင်ဖြင့် ၊ စူးချန်ကဲထံမှ ဖြာထွက်လာသော ရောင်ခြည်များသည် အရမ်းကို တောက်ပလွန်းသည်။

ရုပ်ရည်ရူပကာသည်လည်း အလွန်ကို ချောမောပေသည်။ သူ၏ရုပ်ရည်တစ်ခုတည်းဖြင့် အမတနယ်မြေရှိ အမျိုးသမီးကျင့်ကြံသူများကြားတွင် အဖြူရောင် လမင်းပမာ ဖြစ်လာနိုင်သည်။

ကိစ္စမရှိဘူး ၊ သူတို့ သည်းခံနိုင်သေးတယ်!

အဓိကအချက်မှာ ၎င်း၏ နောက်ခံသည် ကောင်းကင်ဘုံကိုပင် အန်တုနိုင်သော အတုမရှိသော အင်အားစုကြီးများ ဖြစ်သည်။

တားမြစ်အင်အားစု သုံးခု၏ ကျောထောက်နောက်ခံ ရှိကာ၊ ဖခင်ဖြစ်သူသည် အမတဧကရာဇ်မင်း တစ်ပါး ဖြစ်သည်။ သူ့တွင် မယုံနိုင်လောက်အောင် အစွမ်းထက်သော ကျောထောက်နောက်ခံရှိထားသည်။

ဖြစ်သေးတယ် ! ဒါလည်း သည်းခံနိုင်သေးတယ်!

သို့သော် သူသည် အမတနယ်မြေတွင် တစ်ခါမှ မရှိခဲ့ဖူးသော ကိုယ်ထည်ခြောက်မျိုးကို ပိုင်ဆိုင်ထားပြီး အတုမရှိသော အလားအလာရှိသည်။

ကိစ္စမရှိဘူး ၊ ဒါလည်း ရပါသေးတယ်!

ယခုအခါတွင်မူ ၊ လောကတွင် အတုမရှိသော အလှပဂေးနှင့် လက်တွဲဖော် ဖြစ်နေသည်။ ထိုသူမှာ ယောင်ကွမ်အမတဂိုဏ်း၏ နတ်ဘုရားမတစ်ပါး ဖြစ်နေလေ၏။

ထားပါလေ ၊ ဒါလည်း ဖြေ....ဖြေသာလို့ ရပါသေးတယ်!

ဘာကို ဖြေသာလို့ရမှာလဲ... သည်းမခံနိုင်တော့ဘူး ! ဒါ လုံးဝကို သည်းမခံနိုင်တော့ဘူး!

တွေးလေတွေးလေ၊ သည်းမခံနိုင်လေပဲ!

စူးချန်ကဲ သည် လောကရှိ အတုမရှိသော အကောင်းတကာ့ အကောင်း‌ဆုံးသော အရာများကို ပိုင်ဆိုင်ထားသည်။

အမတနယ်မြေ သမိုင်းတစ်လျှောက်တွင် သူ့လိုလူ တစ်ခါလေးမျှ မရှိခဲ့ဖူးသလို ဘယ်တုန်းကမှ မကြားဖူးပေ။

အကယ်၍ ယနေ့တွင် သူတို့သည် စူးချန်ကဲကို မမြင်တွေ့ခဲ့ဖူးဆိုပါက ၊ သံသယဖြစ်မိလိမ့်မည် --- ဒီလိုလူမျိုး လုံးဝမှ မရှိနိုင်ဘူး ၊ ဒါ လှည့်ဖြားပြောဆိုတဲ့ စကားတွေပဲ!!

သို့သော်၊ လူကို စိတ်ထိခိုက်စေခဲ့သည်မှာ ဤအရာများသည် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းပင် ဖြစ်သည်။

သူတို့၏ စိတ်ထဲတွင်၊ ထိုအရာကို တွေးမိတိုင်း မကျေမနပ် ဖြစ်ခဲ့ရသည်။

သို့သော် ပို၍ ရင်နာစရာကောင်းသည်မှာ သူတို့သည် စူးချန်ကဲ၏ အရှက်မရှိသော အပြုအမူကို ပွင့်ပွင့်လင်းလင်း မရှုတ်ချနိုင်ခြင်းပင်။

စိတ်ထဲတွင် “စူးချန်ကဲ သေသင့်တဲ့ကောင်!” ဟုသာ တိုးတိုးတိတ်တိတ် ကျိန်‌‌ဆဲနိုင်သည်။

အမျိုးသားများသည် စူးချန်ကဲ ကို မနာလိုဖြစ်နေကြစဉ် ၊

ထိုနည်းတူစွာ မရေမတွက်နိုင်သော အမျိုးသမီးများသည်လည်း လော့ရန်ယွီကို မနာလိုဖြစ်နေကြသည်။

“ဘုရားရေ..... ရန်ယွီ နတ်ဘုရားမက ချန်ကဲ ဆက်ခံသူ ရဲ့ လက်တွဲဖော်တဲ့လား.... တကယ်ကို မနာလိုစရာ ကောင်းတယ်!”

“ဟုတ်တယ်! ချန်ကဲ ဆက်ခံသူ ရဲ့ နောက်ခံက အတုမရှိဘူး၊ ဒီလောက်လည်း ချောမောတယ်၊ ပြီးတော့ သူ့ရဲ့ ခွန်အားကလည်း အလွန်ကို ကြီးမားတယ်.... အရင်က သူ ထုတ်ပြခဲ့တဲ့ ဓားစွမ်းအင်ဆိုရင် ဘယ်သူကများ ခံနိုင်ရည်ရှိမှာလဲ”

“သန်မာတယ်၊ ချောတယ်၊ ကျောထောက်နောက်ခံ များတယ်..... တကယ်ကို ငါ့အိပ်မက်ထဲက ချစ်သူလေးပဲ!”

“ဒါပေမယ့်၊ ချန်ကဲ ဆက်ခံသူ ရဲ့ နောက်ခံက ဒီလောက်ထိ ကြီးမားတာ၊ ဇနီးတစ်ယောက်တည်းနဲ့ လုံလောက်မှာ မဟုတ်ဘူး.. ငါတို့လည်း အခွင့်အရေးရှိနိုင်တယ်!”

ထိုစကားများ ထွက်လာချိန်တွင် ၊ အမျိုးသမီးများ၏ စိတ်ထဲတွင် အကန့်အသတ်မရှိသော စိတ်ကူးယဉ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် စူးချန်ကဲသည် အလွန်ကို ပြီးပြည့်စုံလွန်းသည်။ လော့ရန်ယွီ ဆိုသည့် တရားဝင်ဇနီး တစ်ဦး ရှိနေသော်လည်း၊ သူမတို့၏ စိတ်ထဲက စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရန် ခဲယဉ်းနေဆဲ ဖြစ်သည်။

ထိုနည်းတူစွာ ၊ အခြားသော ကျင့်ကြံသူများက စူးချန်ကဲ နှင့် လော့ရန်ယွီ သည် ကောင်းကင်ဘုံမှ ဖန်တီးပေးထားသော လက်တွဲဖော်များ ဖြစ်သည်ဟု ဆိုကြသည်။

အချင်းချင်းလိုက်ဖက်သည်ကို ထည့်မဆိုခင်၊ နှစ်ဦးကြားရှိ အဆင့်အတန်းမှာလည်း သိပ်မကွာလှပေ။ ဤနှစ်ဦးသာ လက်တွဲဖော် မဖြစ်ခဲ့ပါက ၊ ကျိုးကြောင်းဆီလျော်မည် မဟုတ်ချေ။

All Chapters