← Chapters

ဒါက ငါ့ ကွေးယွမ်အမတဂိုဏ်း ရဲ့ ဖြေရှင်းချက်ပဲ

Vol. 57 Ch. 751

ဒါက ငါ့ ကွေးယွမ်အမတဂိုဏ်း ရဲ့ ဖြေရှင်းချက်ပဲ

Vol. 57 Ch. 751

ချွင်——

ဓားသံသဲ့သဲ့ ပဲ့တင်ထပ်သွားသည်နှင့်အမျှ သူမ၏ခန္ဓာကိုယ်မှ အေးစက်သော ဓားဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ ပတ်ဝန်းကျင်ရှိ အပူချိန်များပင် ရုတ်တရက် ကျဆင်းလာခဲ့သည်။

“ဟမ်! နင်တို့ ကွေးယွမ်အမတဂိုဏ်း က အင်အားကြီးပေမယ့် ...ငါ့ ထျန်းယွမ် နတ်ဘုရားမင်းဆက်ကလည်း အားနည်းတယ်လို့ မထင်နဲ့!”

ယွမ်ချန်းဟုန်သည် အရှုံးမပေးဘဲ ဂရုမစိုက်သော လေသံဖြင့် ဆိုလိုက်သည်။

“ ငါ ကိုယ်တော် မင်းသားက မင်းတို့ကို ကြောက်မယ်လို့ ထင်နေတာလား!?”

ထျန်းယွမ် နတ်ဘုရားမင်းဆက်မှ တပည့်များသည် ဤနေရာတွင် ရာနှင့်ချီ ရှိနေသလို ၊ ကွေးယွမ်အမတဂိုဏ်း နှင့် တကယ်တန်း တိုက်ခိုက်ကြမည်ဆိုပါက ထျန်းချန်လမ်းစဉ်ဂိုဏ်း လည်း ပါဝင်လာမည်ဟု သူ ယုံကြည်သည်။

အင်အားစုကြီး နှစ်ခုက ကွေးယွမ်အမတဂိုဏ်း ကို ရင်ဆိုင်မှာ ဘာကြောက်စရာရှိတုန်း!?

ထိုမြင်ကွင်းကြောင့် ယဲ့ချုံယွဲ့၏ ပတ်ဝန်းကျင်ရှိ အေးစက်မှုသည် ပို၍ ပြင်းထန်လာခဲ့သည်။

“ အတင်းအကျပ် လည်ကို ထုတ်ပြချင်နေမှတော့ ဒါဆိုလည်း...”

သို့သော် သူမ၏ စကားမဆုံးခင်မှာပင် ၊

စူးချန်ကဲသည် ဝင်ရောက်စွက်ဖက်လိုက်သည်။

“မလိုဘူး၊ ထျန်းယွမ် နတ်ဘုရားမင်းဆက် ရဲ့ မင်းသားက တရားမျှတမှုကို တောင်းခံနေတော့လည်း...

“ဒါဆို ငါ ဆက်ခံသူက ဖြေရှင်းချက်ပေးရမှာပေါ့ “

ဤစကားများ ပြောဆိုပြီးနောက် ၊

လူတိုင်း ခဏတာ မှင်သက်သွားကြပြီး ၊ သူတို့၏နှလုံးသားထဲတွင် ကြီးမားသော ခံစားချက်လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားခဲ့သည်။

ဖြေရှင်းချက်ပေးမယ် ဟုတ်လား?

ကြယ်စုသခငါပါရမီရှင် သုံးဦးလို ကြွက်သားတွေ ထုတ်ပြပြီး ‌ဖြေရှင်းချက် ပေးမှာတော့ မဟုတ်ဘူးမလား?

လူတိုင်း၏ သံသယအကြည့်များအောက်တွင်၊

စူးချန်ကဲသည် လက်နှစ်ဖက်ကို နောက်တွင် ပစ်ထားပြီး အေးစက်သော မျက်လုံးများဖြင့် ယွမ်ချန်းဟုန်ကို ဦးစွာ ကြည့်ရှုလိုက်သည်။

ထိုမျက်ဝန်းတစ်စုံ၏ ကြည့်ရှုမှုအောက်တွင်၊ စိတ်ကို ကြိုတင်ပြင်ဆင်ထားသော ယွမ်ချန်းဟုန်သည်ပင် ရင်တဒိတ်ဒိတ် ဖြစ်ခဲ့ရသည်။

သားရဲတစ်ကောင်၏ စောင့်ကြည့်ခြင်းကို ခံရသကဲ့သို့ အချိန်မရွေး သတ်ဖြတ်ခံရနိုင်သည် ဟူသော ခံစားချက်သည် စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

အခြားသော ကျင့်ကြံသူများသည် စူးချန်ကဲ၏ အကြည့်အောက်တွင် ၊ ခေါင်းများငုံ့ဝင်သွားကြပြီး စူးချန်ကဲ၏ မျက်လုံးများကိုပင် တည့်တည့် မကြည့်ရဲကြပေ။

သူတို့၏ မျက်လုံးထဲတွင် ၊ စူးချန်ကဲသည် ခေတ်အဆက်ဆက်ကို လွှမ်းမိုးခဲ့သော ဧကရာဇ်တစ်ပါးကဲ့သို့ အခြားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံရသည်။

မကြာမီ ၊

ပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးပြီးနောက်၊ စူးချန်ကဲ သည် မပြုံးတပြုံး ပြောလိုက်သည်။

“ ကျုပ် စူးမျိုးရိုးက ပွင့်ပွင့်လင်းလင်း စကားပြောရတာကို နှစ်သက်တယ်”

“ ခင်ဗျားတို့ရဲ့ စိတ်ထဲမှာ မကျေနပ်ဘူးဆိုမှတော့”

“ ဒါဆို ခင်ဗျားတို့ရဲ့ တောင်းဆိုချက်ကို ပြောပြနိုင်တယ်...ကျုပ် ခင်ဗျားတို့ကို ကျေနပ်လောက်မယ့် အဖြေတစ်ခု ပေးနိုင်လောက်တယ်”

….

ထိုစကားသံအဆုံးတွင် ၊

နေရာတွင် ရှိနေကြသော ကျင့်ကြံသူအားလုံးသည် အံ့အားသင့်နေသော မျက်လုံးများဖြင့် စူးချန်ကဲအား လှမ်းကြည့်လိုက်ကြသည်။

“အမ်....... စူးချန်ကဲရဲ့ စကားက ဘာကို ဆိုလိုတာလဲ..... ငါတို့ကို ကျေနပ်လောက်စရာ အဖြေပေးမယ်လို့ ပြောနေတာလား”

“ ဘုရားရေ ! ဒီစူးချန်ကဲ ငါတို့ကို ထောင်ချောက်ဆင်နေတာ မဟုတ်ဘူးလား”

“အရင် ကွေးယွမ်အမတဂိုဏ်း ရဲ့ ကြယ်စုသခင် ပါရမီရှင် သုံးဦးက ဆင်ခြင်တုံတရားနဲ့ စကားပြောကြမယ်တဲ့.. အခု ကွေးယွမ်အမတဂိုဏ်း ရဲ့ ဆက်ခံသူက ကျေနပ်လောက်စရာ အဖြေပေးမယ်ဆိုတော့... ငါတော့ တကယ်ကို နားမလည်တော့ဘူး!”

“………”

အလားတူပင် ၊ ထိုစကားကို ကြားလိုက်ရသော ကွေးယွမ်အမတဂိုဏ်းမှ တပည့်များသည်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အံ့ဩမှင်သက်နေကြသည်။

သူတို့သည် မိမိတို့ဆက်ခံသူ၏ ပြောဆိုချက်ကို နားမလည်ပုံရသည်။

လူတိုင်း၏ သံသယကို မြင်နေရသကဲ့သို့ ၊ စူးချန်ကဲသည် လက်ကာပြကာ အပြုံးမပျက် ဆိုလိုက်သည်။

“စိတ်ချပါ ငါ ချင့်ချိန်တတ်ပါတယ်”

မိမိ ပြောခဲ့သော စကားများသည် အမှန်တကယ်တွင် သူ့အပေါ်သို့ လျှို့ဝှက်ကြံစည်ရန် တွေးထားသူတိုင်းကို ဖော်ထုတ်ရန် လှည့်စားခဲ့ခြင်း ဖြစ်သည်။

ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် သူသည် လုပ်ဆောင်ရမည့် ကိစ္စများစွာ ရှိသေးပြီး ၊ ဤငါးအသေးလေးများနှင့် ကစားရန် အချိန်မရှိသေးပေ။

သို့ဖြစ်ရာ ၊ ရှေ့ထွက်လာသူတိုင်းကို သူသည် တစ်ပြိုင်နက် ရှင်းလင်းပစ်မည် ဖြစ်သည်။

ဤသည်မှာ အမတနယ်မြေသို့ လျှောက်လှမ်းမည့် ပထမဆုံးခရီးစဉ်တွင် သူ၏အာဏာကို ထူထောင်မည့် နည်းလမ်းတစ်ခုလို့ ယူဆနိုင်သည်။

………

စူးချန်ကဲ၏ စကားများကို ကြားလိုက်ရသည်နှင့် ၊

ကျင့်ကြံသူ အများအပြားသည် တုန်လှုပ်သွားကြပြီး၊ အံ့အားသင့်စွာဖြင့် စူးချန်ကဲကို ကြည့်ရှုနေကြသည်။

သို့သော်။

မည်သို့ပင် ကြိုးစားကြည့်ပါစေ ၊ စူးချန်ကဲ၏ ရေခဲတမျှ အေးစက်သော မျက်နှာအမူအရာမှ မည်သည့် အချက်အလက် အနည်းငယ်ကိုမျှ ဖမ်းယူ၍ မရခဲ့ပေ။

“စူးချန်ကဲ ဒီကောင် ဘာကစားနေတာလဲ”

ကျင့်ကြံလောကတွင်၊ အကြောက်ရဆုံးမှာ ဤကဲ့သို့ လူမျိုးများသာ ဖြစ်သည်။ မည်သည့် စိတ်ခံစားချက်ကိုမှ ထုတ်ဖော်မပြသသူများသည် အားနည်းချက်ကို တွေ့ရှိရန်အခက်ခဲဆုံးဟု ဆိုနိုင်သည်။

ပြီးတော့ စူးချန်ကဲရဲ့ စိတ်ထဲ ဘာတွေးနေမှန်း ဘယ်သူက သိမှာလဲ!

စူးချန်ကဲရဲ့ စကားကရော ဘာကိုဆိုလိုမှန်း ဘယ်သူကသိမှာလဲ !

သူတို့ကို လှည့်ဖြားပြီး ၊ ပြီးမှ စာအုပ်ထဲ ချမှတ်ပြီး နောက်ပိုင်း အတိုးနဲ့စာရင်း ရှင်းလာရင် ဘယ်လိုလုပ်ကြမတုန်း!?

တဖက်လူ၏စကားသည် အမှန်ဖြစ်သည် ဆိုရင်တောင် တဖက်လူ၏ နောက်ခံသည် အမတနယ်မြေတွင် အတုမရှိ ၊ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သော ဖြစ်တည်မှု ဖြစ်သည်။

စူးချန်ကဲ က သူတို့ကို ကျေနပ်လောက်စရာ အဖြေတစ်ခုကို ပေးလာခဲ့ရင်တောင် သူတို့အနေနဲ့ လက်ခံနိုင်ပါ့မလား ...

……….

လူအများစုသည် အနည်းငယ် ကြောက်ရွံ့နေကြသော်လည်း ၊

ထိပ်တန်း အင်အားစု များမှ ဆက်ခံသူအချို့သည် ဤစကားများကို ကြားသည်နှင့် မျက်လုံးများသည် ဝင်းလက်တောက်ပသွားသည်။

အထူးသဖြင့် ကွေးယွမ်အမတဂိုဏ်း နှင့် မသင့်မြတ်သော အင်အားစုအချို့မှ ပါရမီရှင်များ၏ စိတ်ထဲတွင် ခန့်မှန်းချက်မျိုးစုံ ရှိသည်။

အခြားကျင့်ကြံသူများ ခန့်မှန်းထားသည့် “အကြံအစည် ဖြစ်နေမည်” ဆိုသည့်အချက်ကို သူတို့သည်လည်း သံသယရှိကြသည်။

သို့သော်၊ အမတနယ်မြေ၏ ထိပ်တန်း အင်အားစုများအဖြစ် သူတို့သည် စူးချန်ကဲ၏ စကားတစ်ခွန်းကို ကြောက်ရွံ့တုန်လှုပ်နေမည်ဆိုပါက ၊

ထိပ်တန်းပါရမီရှင်တစ်ဦးတွင် ရှိသင့်သည့် ဂုဏ်သိက္ခာကို ဆုံးရှုံးရုံသာမက မိမိတို့သည် စူးချန်ကဲ၏ ဂုဏ်သတင်းအတွက် ခြေနင်းကျောက်များ ဖြစ်လာပေတော့မည်။

ဤစကားကို ကြားလိုက်ရသော အခြားသော ကျင့်ကြံသူများမှာလည်း မျက်နှာအမူအရာများ မကောင်းကြပေ။

ဤစကားကို လက်မခံပါက သူတို့သည် ဂုဏ်သိက္ခာကို ဆုံးရှုံးရမည်ဖြစ်ပြီး၊ လက်ခံပါက၊ ကွေးယွမ်အမတဂိုဏ်း နှင့် စူးချန်ကဲ ကို ဆန့်ကျင်ရပေတော့မည်။

“ဟားးး..... ညီနောင်ချန်ကဲက တကယ်ကို အထင်ကြီးစရာပဲ”

ရုတ်တရက်၊ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောတင့်တယ်သည့် အမျိုးသားတစ်ဦးသည် လူအုပ်ထဲမှ ထွက်လာခဲ့သည်။

သူ့ဘေးတွင် အမျိုးသား အမျိုးသမီးစသည့် ထိပ်တန်းပါရမီရှင်များလည်း လိုက်ပါလာကြပြီး၊ ကျောနောက်တွင် ငွေရောင်လှံတစ်ချောင်းကို ထမ်းပိုးထားကာ သူရဲကောင်းဆန်သော အငွေ့အသက်များကို ထုတ်ဖော်ပြသနေသည်။

“ဒါဒါ..... ဒါ ဖုန်းယွင်လှံခန်းမက လှံနတ်ဘုရား၊ ရှောင်ဝူရှန်းပဲ!”

All Chapters