← Chapters

နောက်ဆုံးပြိုင်ဘက်

Vol. 174 Ch. 2483

နောက်ဆုံးပြိုင်ဘက်

Vol. 174 Ch. 2483

ဗုဒ္ဓများသည် တိုက်ပွဲနေရာသို့ လှမ်းကြည့်လိုက်ကြသည်။ ရှန်ယန်ရဟန်းသည် ရှန်းယန်ဗုဒ္ဓအရှင်၏ အထူးချွန်ဆုံးတပည့်ဖြစ်၏။ သူသည် နှစ်ပေါင်းများစွာ ဗုဒ္ဓဓမ္မကို သင်ကြားရာတွင်သာ အာရုံစိုက်ခဲ့သူဖြစ်သည်။ အနောက်ကောင်းကင်တစ်ခုလုံးတွင် သူသည် သူ့မျိုးဆက်အတွင်းတွင် အထူးချွန်ဆုံးလူများထဲမှ တစ်ဦးဟု သတ်မှတ်ခံရသည်။ အခြားရဟန်းအနည်းငယ်နှင့် ဗုဒ္ဓအားလုံးအရှင်၏တပည့်ရင်းများသာ သူ့ကိုအနိုင်ယူနိုင်၏။

ထိုကဲ့သို့သောသူသည် သူ့ထက်ကျင့်ကြံခြင်းအဆင့်နိမ့်သည့် ရီဖူရှင်းကြောင့် ရှုံးနိမ့်သွားပြီဖြစ်သည်။ ရီဖူရှင်းသည် သူ့ကို ဗုဒ္ဓတန်ခိုးအရာတွင် အနိုင်ယူနိုင်ခဲ့ပေပြီ။

သို့ဖြစ်ရာ ရီဖူရှင်းသည် အရှင်ဒွန်ဟောင်ကဲ့သို့ ဗုဒ္ဓများကို အမှန်ပင် အနိုင်ယူနိုင်‌တော့မည့်ပုံပင်။

ရှန်းယန်ဗုဒ္ဓအရှင်သည် သူ့ကိုလှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းများအတွင်း၌ အေးစက်သော စိတ်ပျက်မှုအရိပ်အယောင်များရှိနေ၏။ သူရွေးချယ်ထားသော ဆက်ခံသူသည် ရှုံးနိမ့်သွားပြီဖြစ်သည်။ သူ့အတွက် ထိုအခြင်းအရာသည် လုံးဝအရှက်ရဖွယ်ပင်။ ယခင်က သူ၏နောင်‌တော်သည် အရှင်ဒွန်ဟောင်လက်အောက်တွင် ရှုံးနိမ့်ခဲ့သော ဗုဒ္ဓများထဲမှ တစ်ပါးဖြစ်သည်။ သူ့နောင်တော်သည် ထိုတိုက်ပွဲပြီးကတည်းက လောကနှင့်အဝေးတွင် တစ်ဦးတည်းကျင့်ကြံနေခဲ့လေသည်။

သူသည် သူ့နောင်တော်နှင့် အလွန်ရင်းနှီး၏။ သူ့နောင်တော်သည် သူ့ကိုအမြဲဂရုစိုက်ပေးခဲ့သည်။ ထိုစဉ်က အဖြစ်အပျက်သည် သူ့အတွက် ကြီးမားသောထိုးနှက်ချက်ဖြစ်ခဲ့သည်။ သူသည် ထိုရာစုနှစ်များစွာအကြာက တိုက်ပွဲသည် ဗုဒ္ဓဂိုဏ်းများအတွက် အရှက်ရစရာဖြစ်သည်ဟု အမြဲတွေးခဲ့၏။

ယနေ့တွင် သမိုင်းသည် တကြော့ပြန်လာလိမ့်မည်ဟု မည်သူတွေးမိမည်နည်း။ ရီဖူရှင်းသည် အနောက်ကောင်းကင်ရှိ လိပ်ပြာတောင်ကုန်းတွင် ခြေချခဲ့ပြီး ဗုဒ္ဓဓမ္မလမ်းစဉ်ကို လာရောက်ရှာဖွေခဲ့သည်။ သူသည် ဗုဒ္ဓများကို စိန်ခေါ်ခဲ့ပြီး ရှန်းယန်ဗုဒ္ဓအရှင်၏ဆက်ခံသူကို အနိုင်ယူနိုင်ခဲ့လေသည်။

သို့သော် ရီဖူရှင်းသည် လိပ်ပြာတောင်ကုန်းကိုလာခဲ့သည်မှာ ထိုနေရာရှိ ဗုဒ္ဓများထံမှ ဗုဒ္ဓဓမ္မကိုသင်ကြားရန်ဟူသော အကြောင်းပြချက်ကောင်းကောင်းဖြင့် ပေါ်ပေါ်ထင်ထင်လာခဲ့ခြင်းဖြစ်သည်။ ရှန်းယန်ဗုဒ္ဓအရှင်သည် ရီဖူရှင်းကို ပစ်မှတ်ထားရန် မည်သည့်အကြောင်းပြချက်မှ မရှိပေ။ ထို့ပြင် ထိုနေရာရှိ ဗုဒ္ဓများထဲတွင် အနည်းငယ်သည် ရီဖူရှင်းအပေါ် ကြင်နာသနားစိတ်ရှိနေကြောင်း သူသိ၏။ သူတို့သည် ရီဖူရှင်း၏အရည်အချင်းကို လေးစား၍ သူ့ကို အထင်ကြီးလေသည်။

ဝူထျန်းဗုဒ္ဓအရှင်သည် ထိုအထဲမှတစ်ပါးဖြစ်သည်။ သူသည် သူ၏တပည့်ယွီမူကိုပင် ရီဖူရှင်းအား သွားရောက်ကြိုဆိုခိုင်းခဲ့သေးသည်။ ဝူထျန်းဗုဒ္ဓအရှင်သည် ရီဖူရှင်းတစ်ယောက် ဗုဒ္ဓများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေစဉ်တစ်လျှောက်လုံးတွင် မျက်နှာပေါ်၌ အပြုံးဆောင်နေခဲ့သည်။ သူသည် ရီဖူရှင်းကို အထင်ကြီးပုံပေါ်လေသည်။ ထိုသို့ဖြစ်ကြောင်းကို ဝူထျန်းဗုဒ္ဓအရှင် ရီဖူရှင်းအကြောင်း ပြောသည့် လေသံမှနေ၍ သိနိုင်၏။

ထို့ပြင် အနောက်ကောင်းကင်ရှိ မည်သည့်အရာမှ ဗုဒ္ဓအားလုံးအရှင်၏မျက်လုံးတော်အောက်မှ မလွတ်နိုင်ချေ။ လိပ်ပြာတောင်ကုန်းတွင် ဖြစ်ပျက်နေသောကိစ္စများသည်လည်း ချွင်းချက်မဟုတ်ပေ။

ဗုဒ္ဓအားလုံးအရှင်သည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သောအရာအားလုံးကို မြင်ခဲ့ပြီးနောက်တွင် မည်သို့တုံ့ပြန်မည်နည်း။

သူသည် ရီဖူရှင်းကို ကိုယ်တိုင်တွေ့ဆုံလေမည်လော။

ရှန်းယန်ဗုဒ္ဓအရှင်သည် ထိုအကြောင်းကိုတွေးမိသွားသောအခါ အခြားတစ်နေရာသို့ ကြည့်လိုက်၏။ သူ့အထက်ကောင်းကင်တွင် ဗုဒ္ဓတစ်ပါးထိုင်နေလေသည်။ ထိုဗုဒ္ဓသည် မှို့သွပ် ထိုင်စရာအခင်းပေါ်တွင် ထိုင်နေပြီး ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် အပြုံးဆောင်ထားလေသည်။ သူသည် ဖြစ်ပျက်နေသည့်အရာအားလုံးကို တိတ်တဆိတ်ကြည့်ရှုလေ့လာနေလေ၏။

သူသည် စကားအနည်းငယ်သာ ပြောတတ်ပေသည်။ သူ သိမ်မွေ့စွာပြုံးလိုက်လျှင် သူ၏မျက်လုံးနှစ်လုံးသည် ပိတ်သွားပြီး မျဉ်းကြောင်းနှစ်ကြောင်းကဲ့သို့ ဖြစ်သွားလေ့ရှိ၏။ သူသည် အလွန်နွေးထွေးပုံပေါ်ပြီး သူ့အနီးရှိ လူများကို သက်တောင့်သက်သာခံစားရစေ၏။ သူသည် ဖန်ရည်ဆိုးသင်္ကန်းကို ဝတ်ဆင်ထားပြီး သူ၏ရင်ဘတ်တစ်ဝက်ကို မြင်နိုင်လေသည်။ သူ့လည်ပင်းတွင်လည်း စိတ်ပုတီးကို ဆွဲထားသည်။ သူ၏လက်နှစ်ဖက်သည် ပုတီးစေ့များကို အဆက်မပြတ်စိတ်နေရာ ပုတီးစေ့များသည် သူ့လည်ပင်းတွင် လည်နေလေသည်။

ရှန်းယန်ဗုဒ္ဓအရှင်သည် လက်အုပ်ချီ၍ ထိုဗုဒ္ဓကို ဦးညွှတ်ကာ ပြောလိုက်၏။

“‌ဗုဒ္ဓခင်ဗျား... ဒီလူငယ်လေးနဲ့ပတ်သတ်ပြီး ဗုဒ္ဓရဲ့ အမြင်ကို သိခွင့်ရှိမလားခင်ဗျာ”

ရှန်းယန်ဗုဒ္ဓအရှင်၏ ပြောပုံဆိုပုံကို ကြည့်၍ပင် ထိုဗုဒ္ဓအရှင်သည် မြင့်မြတ်သူတစ်ပါးဖြစ်ကြောင်း သိနိုင်လေသည်။ ရှန်းယန်ဗုဒ္ဓအရှင်သည်ကို လွန်စွာယဉ်ကျေးနေပြီး ထိုဗုဒ္ဓကို ‘ဗုဒ္ဓ’ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး သူ၏အမြင်ကိုပင် တောင်းခံခဲ့လေသည်။

ထိုဗုဒ္ဓသည် မျက်လုံးနံဘေးတွင် အရေးအကြောင်းများပေါ်အောင် ပြုံး၍ ရှန်းယန်ဗုဒ္ဓအရှင်ကိုကြည့်ကာ ပြောလိုက်သည်။

“ကိုယ်တော်က ‘ဗုဒ္ဓ’လို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ ဒီလူငယ်လေး လိပ်ပြာတောင်ကုန်းကိုလာခဲ့တာ ဗုဒ္ဓလမ်းစဉ်ကို ရှာဖွေဖို့ပဲ။ သူ့ရဲ့လုပ်ဆောင်ချက်အရဆိုရင် သူကတော်တော်လေး ထူးချွန်တာပဲ။ ကျန်တာကတော့ သူ ကိုယ်တော်တို့အဆင့်အထိ ရောက်လာနိုင်မလားနဲ့ ဗုဒ္ဓအားလုံးအရှင်က သူ့ကိုတွေ့လိုစိတ်ရှိလားဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်”

ရှန်းယန်ဗုဒ္ဓအရှင်သည် ထိုစကားကိုကြားလိုက်ရသောအခါ ထိုဗုဒ္ဓသည် စကားများစွာမပြောလိုကြောင်း သဘောပေါက်သွား၏။

ထို‌ဗုဒ္ဓအရှင်သည် သာမန်မဟုတ်ပေ။ သူသည် အရာအားလုံးကိုသိမြင်နိုင်ပြီး အခြားလူများ၏ အတိတ်နှင့်အနာဂတ်ကိုပင် ကြည့်နိုင်လေသည်။ သူသည် ရီဖူရှင်း၏ကံကြမ္မာကို သိ၏။ ထို့ပြင် သူသည် လက်ရှိတွင် ဗုဒ္ဓဓမ္မများကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သဖြင့် ဗုဒ္ဓဟူသောဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်းပင်။ သူသည် ရီဖူရှင်း၏အနာဂတ်ကို မြင်နိုင်စွမ်းရှိနိုင်ပေသည်။

ရှန်းယန်ဗုဒ္ဓအရှင်သည် ထိုဗုဒ္ဓအရှင်ကို ရီဖူရှင်းအကြောင်းမေးခဲ့ခြင်းမှာ ရီဖူရှင်းအကြောင်းကို အနည်းငယ်သိရရန် တမင်မေးလိုက်ခြင်းဖြစ်သည်။ သို့သော် ထိုဗုဒ္ဓအရှင်သည် ထိုအကြောင်းကို တစ်စိုးတစ်စိမျှ ပြောပြလိုဟန်မရှိပေ။ သူသည် စကားလမ်းကြောင်းကို ပုံမှန်အတိုင်းလွှဲလိုက်၏။

ထိုဗုဒ္ဓအရှင်၏တုံ့ပြန်မှုသည် သူ၏အကျင့်စရိုက်နှင့် ကိုက်ညီ၏။ သူ့အနေဖြင့် သူသိသည်ကို တစ်စိုးတစ်စိမျှ ပြောမပြခြင်းသည် သာမန်သာဖြစ်သည်။

ရှန်းယန်ဗုဒ္ဓအရှင်သည် ဆက်၍မေးမနေတော့ပေ။ သူသည် တုန်းချန်ဗုဒ္ဓအရှင်နှင့် အခြားဗုဒ္ဓအရှင်များကို ကြည့်လိုက်၏။

“လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်တုန်းက တိုက်ပွဲဟာ တပည့်တော်တို့ရဲ့စိတ်ထဲမှာ လတ်ဆတ်နေတုန်းပဲ။ ဒီနေ့ကလည်း ဗုဒ္ဓဓမ္မတရားနဲ့ ယှဉ်ပြိုင်တဲ့ နောက်တစ်နေ့ပေါ့။ ကိုယ်တော်ရဲ့ တပည့်တွေက ဗုဒ္ဓဓမ္မကို ကောင်းကောင်းနားလည်ကြမှာပေါ့။ တပည့်တော်ရဲ့ တပည့်ထက်တော့ ပိုတော်မှာ သေချာပါတယ်။ ဘာလို့ သူတို့ကို ဝင်မတိုက်ခိုင်းရတာလဲ။ ဒီအပြင်လူကို တကယ်ပဲ တပည့်တော်တို့ရဲ့ ဗုဒ္ဓဓမ္မကို ရယူခွင့်ပေးလိုက်တော့မှာပါလား”

သူ၏စကားသည် အမှန်ပင် အခြားသူများကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေလေသည်။ သူစကားများနောက်ကွယ်ရှိ အဓိပ္ပာယ်သည် ရှင်းလင်းပေသည်။ သူတို့သာ ယနေ့တွင် ရီဖူရှင်းကို သူတို့နေရာအထိ ရောက်လာခံလိုက်ပါက အနောက်ကောင်းကင်ရှိ မည်သည့်ဗုဒ္ဓကမှ ဗုဒ္ဓဓမ္မကို မကျွမ်းကျင်သည့် သဘောသက်ရောက်သွားမည်ဟု အရိပ်အမြွက်ပေးလိုက်ခြင်းပင်။

ဗုဒ္ဓများသည် ရှေ့သို့ကြည့်လိုက်ကြ၏။ ရီဖူရှင်းသည် အထက်သို့ဆက်လက်တက်လှမ်းလာကြောင်းကို သူတို့မြင်နိုင်လေသည်။ သူ့ကို တောက်ပသောဗုဒ္ဓအလင်းများက လွှမ်းခြုံထားပြီး သူ့အား ရပ်တန့်နိုင်မည့်ပုံ မပေါ်။ သူ့အောက်ရှိမြေပြင်တွင် ရှန်းယန်ရဟန်းသည် မထနိုင်ဖြစ်နေလေသည်။ ရီဖူရှင်းသည် ရှန်းယန်ရဟန်း၏ ဦးခေါင်းကို နင်း၍တက်လာသကဲ့သို့ပင်။

ထိုအခိုက်တွင် ရှန်းယန်ရဟန်းခံစားနေရမည့် အရှက်ရမှုကို တွေးကြည့်နိုင်ပေသည်။ သို့သော် ရီဖူရှင်းသည် ထိုအခြင်းအရာကို အာရုံပင်မစိုက်ချေ။ သူသည် အခြားဗုဒ္ဓများကို ထိုကဲ့သို့ မလုပ်ခဲ့ပေ။ သို့ရာတွင် သူသည် ရှန်းယန်ရဟန်းကို တမင်အရှက်ခွဲလိုက်ခြင်းပင်။ အကယ်၍ ရှန်းယန်ရဟန်းသာ အနိုင်ရခဲ့ပါက သူသည် ရီဖူရှင်းကို ထိုထက်ပင် ဆိုးဆိုးဝါးဝါးလုပ်ပေမည်။

ဗုဒ္ဓများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ခံစားချက်များ ရှုပ်ထွေးသွားကြ၏။ ယနေ့တိုက်ပွဲကြောင့် ရှန်းယန်ရဟန်း၏နှလုံးသားထဲတွင် မပျက်နိုင်သောအမာရွတ်တစ်ခု ကျန်ခဲ့ပေလိမ့်မည်။

ရီဖူရှင်းသည် အထက်သို့ ဆက်လက်တက်လှမ်းလာသည်။ သူ့ကိုတားရန် မည်သူမှ ထွက်မလာတော့ပေ။ သူသည် တဖြည်းဖြည်းဖြင့် လိပ်ပြာတောင်ကုန်း၏ တောင်ထိပ်သို့ ချဉ်းကပ်လာလေသည်။ ထိုနေရာသည် ဗုဒ္ဓအရှင်များစွာ ရှိနေသောနေရာဖြစ်သည်။ အကယ်၍ ရီဖူရှင်းသာ အမှန်ပင် ထိုနေရာသို့ ‌ရောက်နိုင်ခဲ့ပါက သူသည် ဗုဒ္ဓများထက် ပို၍စွမ်းဆောင်နိုင်သည်ဟု အဓိပ္ပာယ်ရသွားမည်ဖြစ်သည်။

ရှန်းယန်ဗုဒ္ဓအရှင်သည် မျက်မှောင်ကြုတ်လိုက်သည်။ ထိုဗုဒ္ဓအားလုံးသည် သည်အတိုင်းထိုင်ကာ ရီဖူရှင်းအောင်မြင်သွားသည်ကို ကြည့်နေကြတော့မည်လော။

ယနေ့တွင် ဗုဒ္ဓအများစု ရှိနေသည်။ မျိုးဆက်သစ်များထဲတွင် ရှန်းယန်ရဟန်းသည် အသန်မာဆုံးကျင့်ကြံသူမဟုတ်ပေ။ ဥပမာအားဖြင့် ယွီမူသည် လွန်စွာစွမ်းအားကြီး၏။ ကံဆိုးစွာပင် သူသည် ဝူထျန်းဗုဒ္ဓအရှင်၏တပည့်ဖြစ်နေပြီး ရီဖူရှင်းအပေါ် ကောင်းမွန်သောအမြင်ရှိသည်။ ထို့ကြောင့် သူသည် ရီဖူရှင်းကို တိုက်ခိုက်မည်မဟုတ်ပေ။ သို့သော် ဗုဒ္ဓအရှင်အသီးသီး၏လက်အောက်တွင် အခြားစွမ်းအားကြီးသူများ အများအပြားရှိပေသေးသည်။

ရှန်းယန်ဗုဒ္ဓအရှင်သည် ရီဖူရှင်းတစ်ယောက် တောင်ပေါ်သို့ တက်လာပြီး သူတို့ထံသို့ ဖြည်းဖြည်းချင်းချဉ်းကပ်လာသည်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။ အမှန်ပင် သူကိုယ်တိုင် ရီဖူရှင်းကို တိုက်ခိုက်ရတော့မည်လော။

ထိုအခိုက်တွင် ဒုတိယကောင်းကင်တွင် လူတစ်ယောက်ထွက်လာပြီး ရီဖူရှင်းအရှေ့တွင် ရပ်လိုက်သည်။ ရီဖူရှင်းသည် ထိပ်ဆုံးသို့ ရောက်ရန် လွန်စွာနီးကပ်နေပြီဖြစ်သည်။ တောင်ထိပ်သည် သူ့လက်တစ်ကမ်းအကွာတွင်သာ ရှိပုံပေါ်နေသည်။

ရှန်းယန်ဗုဒ္ဓအရှင်သည် ယှဉ်ပြိုင်မည့်သူပေါ်လာကြောင်းကို တွေ့လိုက်သောအခါ စိတ်အေးသွားဟန် သက်ပြင်းချလိုက်သည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက် ရှေ့ထွက်လာပေပြီ။

ထို့ပြင် ထိုယှဉ်ပြိုင်ရန် ထွက်လာသူမှာ မည်သူဖြစ်ကြောင်းတွေ့လိုက်ရသောအခါ သူ၏စိုးရိမ်မှုများ ပပျောက်သွားလေသည်။

ရှေ့သို့ထွက်လာသူမှာ လက်ရှိမျိုးဆက်ဗုဒ္ဓအရှင်များ၏တပည့်တစ်ဦး မဟုတ်ပေ။ သူသည် ရဟန်းဖြစ်နေသည်မှာ မျိုးဆက်အနည်းငယ် ရှိခဲ့ပြီဖြစ်သည်။

သူ၏ကျင့်ကြံခြင်းသည် အခြားရဟန်းများထက် အားမနည်းကြောင်း သေချာပေသည်။ အတိအကျဆိုရမည်ဆိုလျှင် သူသည် ထိုရဟန်းအများစုထက်ပင် သန်မာလေသည်။

သူ၏ဇစ်မြစ်သည် ထူးထူးခြားခြားမဟုတ်ပေ။ သာမန်ဟုပင် သတ်မှတ်နိုင်သည်။ သို့သော် သူသည် ထိုသာမန်ဟူသောဂုဏ်ပုဒ်ကို နှစ်တစ်ထောင်ကျော်ကြာ ထိန်းသိမ်းနိုင်ခဲ့၏။ သူ၏အသက်မည်မျှရှိကြောင်းကို မည်သူမှ သေချာမသိချေ။

သူသည် တစ်ချိန်က ဗုဒ္ဓအားလုံးအရှင်ကို အလုပ်အကြွေးပြုခဲ့သူဟုသာ သိကြရသည်။ ဗုဒ္ဓအားလုံးအရှင်သည် လိပ်ပြာတောင်ကုန်းတွင် ကျင့်ကြံခဲ့စဉ်က ထိုရဟန်းသည် ဗုဒ္ဓအားလုံးအရှင်အတွက် ကျမ်းစာများစုစည်းပေးခဲ့ပြီး လုပ်စရာရှိသည်များကို လုပ်ပေးခဲ့၏။ သူ၏တာဝန်ထဲတွင် အနောက်ကောင်းကင်၏လိပ်ပြာတောင်ကုန်းကို စောင့်ရှောက်ရန်လည်း ပါဝင်သည်။

သူ၏အလုပ်အကြွေးပြုသူဟူသော ဂုဏ်ပုဒ်သည် ဗုဒ္ဓအရှင်များ၏တပည့်အရင်းဟူသော အခြားရဟန်းများ၏ဂုဏ်ပုဒ်နှင့် ယှဉ်လျှင် အတော်လေးနိမ့်ကျ၏။ သို့သော် မည်သူမှ သူ့ကို အထင်မသေးဝံ့ကြပေ။ ထိုအချက်ဖြင့်ပင် သူသည် မည်မျှစွမ်းအားကြီးကြောင်း သိနိုင်သည်။

ဒုတိယကောင်းကင်သည် ဗုဒ္ဓများသာ ရပ်တည်နိုင်သော အဆင့်တစ်ခုဖြစ်၏။

ထိုရဟန်းသည် ထုံထိုင်းသည်ဟု ကောလာဟလများက ဆိုသည်။ ထို့ကြောင့် သူသည် ဗုဒ္ဓအားလုံးအရှင်ကို နှစ်ပေါင်းများစွာ အလုပ်အကြွေးပြုခဲ့သော်လည်း အတားအဆီးများကို မကျော်ဖြတ်နိုင်‌သေးဘဲ မဟာလမ်းစဉ်ကပ်ဘေးကိုလည်း မကြုံတွေ့ရသေးပေ။ ထို့ကြောင့် သူသည် သူကျင့်ကြံခြင်း၏အထွတ်အထိပ်အဆင့်မှာပင် နှစ်ပေါင်းများစွာ တစ်နေခြင်းဖြစ်သည်။

သို့သော် ထိုကျင့်ကြံခြင်းအဆင့်မှာပင် ဗုဒ္ဓဂိုဏ်းများရှိ မည်သူတစ်ဦးတစ်ယောက်မှ သူ့ကိုသေချာပေါက်အနိုင်ယူနိုင်လိမ့်မည်ဟု အခိုင်အမာမဆိုနိုင်ကြပေ။

All Chapters