← Chapters

အာ့ထောင် သမီးက တို့အိမ်ရဲ့ ကံကောင်းခြင်းကြယ်လေးပါပဲ

Vol. 19 Ch. 281

အာ့ထောင် သမီးက တို့အိမ်ရဲ့ ကံကောင်းခြင်းကြယ်လေးပါပဲ

Vol. 19 Ch. 281

လူတိုင်းအား အံ့အားသင့်ဖွယ်ကောင်းသည့် အချက်က ထျန်ကွမ်းရှန့်၏ လက်ကောက်၀တ်မှ ထွက်လာသည့် သွေးများမှာ အနီရောင်တောက်တောက် မဟုတ်နေခြင်း ဖြစ်ပေသည်။

ထို့အစား အနည်းငယ် မည်းနက်နေလေသည်။

“ဒါက…..”

ကျီကျောက်လည်း မှင်သက်နေမိသည်။

မည်းနက်နေတဲ့သွေးပုပ်တွေ…… အဆိပ်များလား…..

“အာ့ထောင် အပ်တစ်ချောင်း ပေးပါဦး”

ကျီကျောက်သည် အသိစိတ် ပြန်ကပ်လာပြီး အပ်တိုတစ်ချောင်းအား ချက်ချင်း လှမ်းပေးလိုက်သည်။

နတ်ဆေးသမားတော် ရှန်းဟယ်က သူ့မျက်လုံးများအား ကျဉ်းမြောင်းလိုက်၍ လက်ကောက်၀တ်ပေါ်ရှိ သွေးကြောအား အလျင်အမြန် အပ်စိုက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ တာ့လင်သွေးကြောပေါ်ရှိ ဖောင်းကားနေသည့် သွေးစူနာမှာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည့်အနေအထားသို့ လျော့ပါးလာလေသည်။

“ရေနွေးပူရော……”

အပ်တိုအား ရေနွေးပူထဲ ပစ်ထည့်လိုက်ပြီးသည့်နောက် ရေနွေးပူများသည် နီညိုရောင် ပြောင်းသွားတော့လေသည်။

“ဒီဆေးကို သောက်လိုက်ပါ” ကျောက်လန်ဟွာသည် ဆေးအား ယူလာပေးချိန်တွင် ဆရာကြီးက ထျန်ကွမ်းရှန့်အား အလျင်အမြန် ပြောလိုက်သည်။

“ကောင်းပါပြီ”

အမည်းရောင်ဆေးရည်တစ်ပန်းကန်သည် သူ့လည်ချောင်းဆီမှ နှလုံးဆီသို့ စီး၀င်သွားလေတော့သည်။ အလွန်ခါးလွန်းသည့်အတွက် သူ့အား အန်ချင်စိတ်ပင် ဖြစ်ပေါ်စေသည်။

“ကောင်းတယ် ကောင်းတယ်” နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့လက်ကောက်၀တ်အား အလျင်အမြန် ပတ်တီးစည်းပေးလာလေသည်။

“သုံးရက်လောက် ရေမထိနဲ့ဦး…. ပြီးတော့ အခုက ဆေးသုံးခွက်လောက် သောက်ဖို့ လိုတယ်”

“ကျေးဇူးပါ ဆရာကြီး”

“ ခင်ဗျားရဲ့လက်ဒဏ်ရာ ဘယ်လိုရခဲ့တယ်ဆိုတာ မှတ်မိသေးလား”

ထျန်ကွမ်းရှန့်သည် ထိုအကြောင်းအား ဂရုတစိုက်စဉ်းစားပြီးသည့်နောက် ခေါင်းခါပြလိုက်လေသည်။

အရင်က သူ မခန့်မှန်းခဲ့ဖူးတာ မဟုတ်ပေမဲ့ ဒီကိစ္စက လေးနက်လှသည်။ အကယ်၍ သူသာ ဂရုမစိုက်ရင် သူ့အသက်ကို ဆုံးရှုံးနိုင်ရုံသာမက လန်ဟွာရဲ့ မိသားစုကိုပါ ပါ၀င်ပတ်သက်စေနိုင်လေသည်။

ထို့ကြောင့် စီရယ်စုနယ်ထဲ၌ သူကြားခဲ့ရသည့်အရာအား ပြောပြဖို့ မဖြစ်နိုင်ပေ။

သူ ပြောပြချင်စိတ်မရှိသည်အား မြင်သည့်အခါ နတ်ဆေးသမားတော် ရှန်းဟယ်က နောက်ထပ် စစ်ဆေးမေးမြန်းခြင်း မပြုတော့ချေ။

“ခင်ဗျားလက်က ဒဏ်ရာက မတော်တဆကြောင့်ဖြစ်တယ်လို့တော့ ကျုပ် မထင်ဘူး”

နတ်ဆေးသမားတော် ရှန်းဟယ်သည် သူ့အား နက်ရှိုင်းစွာ ကြည့်လျက် လှည့်ထွက်သွားလေသည်။

သုံးရက်ခန့်ကြာပြီးနောက် သူ့လက်အား စည်းထားသည့် ပတ်တီးစအား ဖယ်ရှားပြီးသည့်အခါ သူ့ညာဖက်လက်မှာ မူလအခြေအနေသို့ ပြန်လည်ကောင်းမွန်သွားသည်အား ထျန်ကွမ်းရှန့်တစ်ယောက် အံ့အားသင့်စွာ မြင်တွေ့လိုက်ရလေသည်။

သူ့နှလုံးမှာ ဆက်တိုက်ခုန်နေပြီး မီးဖိုချောင်ထဲသို့ ချက်ချင်း ၀င်သွားလိုက်သည်။

ထိုအခိုက်တွင် ကျောက်လန်ဟွာသည် ခေါက်ဆွဲများအား နယ်နေခြင်း ဖြစ်ပေသည်။ ဒီနေ့လယ်တွင် သူမသည် အာ့ထောင် သင်ပေးထားဖူးသည့် ဆီချက်ခေါက်ဆွဲ စပ်စပ်လေး ချက်ပြုတ်ရန် စီစဉ်ထားလေသည်။

“အဖေ….”

“လန်ဟွာ အဖေ မုန့်နယ်ကြည့်ပါရစေ”

ထျန်ကွမ်းရှန့်သည် ပြုံးရင်းဖြင့် သူမလက်ထဲမှ ဂျုံမုန့်နှစ်အား ယူပြီး စတင်နယ်လေသည်။

သူက ခေါက်ဆွဲမျှင်တွေကို တစ်မျှင်ချင်းဆွဲထုတ်နေသည်အား ကြည့်၍ ကျောက်လန်ဟွာ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် နီရဲလာခဲ့လေသည်။

“အဖေ…..အဖေ့လက်က….”

“အခု ကောင်းသွားပြီ”

ထျန်ကွမ်းရှန့်သည် သူ့လေသံအား မနည်း တည်ငြိမ်အောင် ကြိုးစား၍ ဖြေလိုက်သော်ငြား သူ့နှလုံးသားအောက်ခြေမှ စိတ်လှုပ်ရှားမှုများအား မဖုံးကွယ်နိုင်ခဲ့ပေ။

သူ့လက်က လုံး၀ အကောင်းအတိုင်း ဖြစ်သွားလေပြီ။

ထိုနေ့ နေ့လယ်ခင်း၌ ရှန်မိသားစုသည် အလွန်တရာ အရသာရှိလှသည့် ဆီချက်ခေါက်ဆွဲစပ်စပ်လေးအား အရသာရှိရှိ စားသောက်ခဲ့ကြလေသည်။ ဒီခေါက်ဆွဲတွေသည် သူတို့၏ အဘိုးမှ ကိုယ်တိုင် ပြုလုပ်ထားသည့်အကြောင်း လူတိုင်းကြားသည့်အခါ အလွန်အမင်း အံ့ဩသွားကြလေသည်။

“ကျေးဇူးတင်ပါတယ် ဆရာကြီး”

ထျန်ကွမ်းရှန့်သည် သူ့ရှေ့ရှိ ဝိုင်ခွက်အား မြှောက်လိုက်ကာ မတ်တပ်ထလိုက်သည်။ ထို့နောက် သူသည် ဦးညွှတ်ကာ ဆရာကြီးအား အလွန်၀မ်းမြောက်စွာ ကျေးဇူးတင်လေသည်။

“ခင်ဗျားက အရမ်းသဘောကောင်းတာပဲ” ဆရာကြီးသည် အမှုမထားသလိုပြုံးကာ ပြောလိုက်သည်။

“ကျုပ်က ကျုပ်တပည့်လိမ္မာလေးကြောင့်သာ ကူညီပေးလိုက်တာပါဗျာ”

“အာ့ထောင်ရေ သမီးကတော့ အမေတို့အိမ်ရဲ့ ကံကောင်းခြင်းကြယ်လေးပါပဲကွယ်” ကျောက်လန်ဟွာသည် အပြုံးလေးဖြင့် ပြောလာလေသည်။

“မှန်တယ် မှန်တယ်….သမီးလည်း အမေမှန်တယ်လို့ထင်တယ်” ဒုတိယမရီးရှန်းသည် အလျင်အမြန် ချီးကျူးပြော‌ဆိုလာလေသည်။ “အရင်တုန်းက အမေ့ခေါက်ဆွဲက အရသာအရှိဆုံးလို့ အမြဲထင်နေခဲ့တယ်၊ အခု အဖိုးရဲ့ လက်စွမ်းက ပိုကောင်းမလား ဆိုပြီး အမြဲသိချင်နေခဲ့တာ နောက်ဆုံးတော့ မြည်းစမ်းကြည့်ဖူးပြီလေ”

နောက်ဆုံး၌ ထျန်ကွမ်းရှန့်၏ လက်မှ ဒဏ်ရာက သက်သာလာခဲ့တာကြောင့် ရှန်မိသားစုရှိလူတိုင်းသည် သူ့အတွက် စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်ပေးနေကြပေသည်။

“ဒါနဲ့ ပြောရရင် သိပ်မကြာခင်မှာ ခြောက်လပိုင်းရဲ့ ဆယ့်ခြောက်ရက်မြောက် ရောက်တော့မယ်နော်။ တာ့လန်နဲ့ အာ့လန်တို့ အမေပြင်ဆင်ခိုင်းထားတာတွေ လုပ်ပြီးကြပြီလား”

ကျောက်လန်ဟွာသည် အလျင်အမြန် မေးလိုက်သည်။

“ဒီတစ်ခေါက်တော့ အမေတို့ရှန်မိသားစုထဲကို စန်းလန်အနေနဲ့ အာ့ထောင်ကို ခမ်းနားကြီးကျယ်စွာနဲ့ ကြိုဆိုနိုင်အောင် လုပ်ပေးရမှာနော်”

“အမေ စိတ်မပူပါနဲ့တော့ အာ့လန်နဲ့ ကျွန်တော် အကုန်အဆင်သင့်ဖြစ်ပါပြီ”

“သတို့သမီးဝေါယာဉ်ရယ် ခန်း၀င်ပစ္စည်းတွေရယ် မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ လိုအပ်တာတွေရယ် အကုန်ပြင်ဆင်ပြီးပါပြီဗျ”

ရှန်းအာ့လန်သည် သူ၏ ထမင်းပန်းကန်နှင့် ဇွန်းအား အောက်ချလိုက်ကာ ရိုးရှင်းဖြောင့်မတ်သည့် အပြုံးဖြင့် ပြောလာလေသည်။

“လုပ်စရာ ကျန်တာဆိုလို့ တစ်ခုပဲ ကျန်တော့တယ်။”

“ဘာများလဲကွယ့်” ကျောက်လန်ဟွာက အလေးအနက် မေးမြန်းလာလေသည်။

“အမေ….. ကျွန်တော်တို့ မိသားစုက အာ့ထောင်ကို ကြိုဆိုဖို့ဆိုရင် အာ့ထောင်က ရှီလျို့ကျေးရွာကို လက်ထပ်ပွဲအတွက် ပြန်သွားရမှာ မဟုတ်ဘူးလားဗျ”

“ဒါပေမဲ့ ကျီမိသားစု အိမ်ဝိုင်းက ရောင်းပြီးပြီ မဟုတ်ဘူးလား”

ကျောက်လန်ဟွာသည် မျက်မှောင်ကြုတ်လျက် စိုးရိမ်စွာ ပြောလာလေသည်။

“အမေ…သမီး မနက်ဖြန်မနက်ကျရင် ရှီလျို့ကျေးရွာကို ကျီချန်ကို ခေါ်သွားချင်တယ်။ သမီးအဖိုးကိုလည်း နှုတ်ဆက်ချင်သေးလို့ပါ”

ကျီကျောက်သည် ညင်သာစွာ ပြောလိုက်သည်။

“ကောင်းပြီလေ။ စန်းလန်က သမီးနဲ့အဖော်လိုက်ပေးလိမ့်မယ်နော်”

“ဒါနဲ့ စကားမစပ်….အဖေ ရှီလျို့ကျေးရွာနဲ့ ကျွန်တော်တို့ရွာက ပေါင်းစည်းဖို့ လုပ်နေကြပြီလို့ ပြောခဲ့တယ်မလား။ အခုထိ ဘာလို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လှုပ်ရှားမှု မရှိကြသေးတာလဲ”

ရှန်းတာ့လန်သည် ရုတ်တရက် တခြား အကြောင်းအရာကို တွေးမိသဖြင့် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

“ရက်အနည်းငယ်ခန့်က ဦးလေးဟူကျစ်ဆီက ဒီကိစ္စက ခက်ခဲလာနိုင်တယ်လို့ ကြားမိတယ်” ရှန်းတာ့ရှန်းက သူ့ထမင်းပန်းကန်လုံးနဲ့ တူအား ချလိုက်ပြီး အသံနှိမ့်၍ပြောလာသည်။

“ရှီလျို့ကျေးရွာနဲ့ ရှန်းဟယ်ကျေးရွာကို တစ်ရွာတည်း ပေါင်းစည်းမယ့် အစီအစဉ်က ခရိုင်တရားသူကြီးမင်းမာရဲ့ အကြံဆိုပေမဲ့ လက်ရှိမှာ ခရိုင်တရားသူကြီးမင်းမာက ရာထူးတိုးသွားတာကြောင့် အရာရှိကျီက အသစ်ရောက်လာတာ မဟုတ်လား။ အရာရှိကျီကလည်း မြို့တော်ဥပဒေအသစ်ပြဌာန်းဖို့အတွက် အာရုံစိုက်နေတာဆို‌တော့ ဒီပြဿနာတွေပေါ် တခဏလောက်တော့ ဂရု့စိုက်နိုင်မှာ မဟုတ်တာကို စိုးရိမ်မိသားကွယ်။”

လူတိုင်းက သူတို့နည်းသူတို့ဟန်နဲ့ အလုပ်လုပ်နေကြတာပဲလေ။ အရာရှိကျီသည် ခရိုင်တရားသူကြီးမင်းမာ ယခင်ပြဌာန်းခဲ့တဲ့ ဥပဒေနှင့် ပတ်သက်ပြီး အတည်မယူတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒီကိစ္စနဲ့ပတ်သက်၍ ကျီကျောက် ဘာမှမပြောခဲ့ချေ။ သူမသည် သူမစိတ်ထဲ၌ အစီစဉ်ကြီးတစ်ခုအား ကြံစည်နေလေသည်။

သိုပေမဲ့ ထိုအစီစဉ်မှာ သူမလက်ထပ်ပြီးတဲ့အချိန်ထိ ဆိုင်းငံ့ထားရကောင်း ရနိုင်လေသည်။

ခြောက်လပိုင်းရဲ့ ဆယ်ရင်မြောက်နေ့၌ ရှန်းယောင်သည် ကျီကျောက်တို့မောင်နှမ ရှီလျို့ကျေးရွာသို့ ပြန်သွားသည့် ခရီးစဉ်၌ အဖော်ပြုပေးခဲ့လေသည်။

လက်ရှိ ရှီလျို့ကျေးရွာမှာ စိတ်မချမ်းမြေ့ဖွယ် ပိုပိုကောင်းလာလေသည်။

ရွာထဲရှိလူငယ်အများစုသည် မြို့တော်တက် အလုပ်သွားလုပ်ကြပြီး ရွာထဲ၌ လူအိုများသာ ကျန်ခဲ့လေသည်။

ကျီကျောက်သည် လိုက်ကာထောင့်လေးအား ဟကြည့်လိုက်ရာ ရွာထိပ်၀ရှိ မန်ကျည်းပင်အိုကြီး အောက်၌ အဘိုးအိုများ ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။

သူမသည် ကျီချန်အား ရထားလုံးအပြင်သို့ ခေါ်ဆောင်ပြီး သူမနှင့်ရင်းနှီးကျွမ်း၀င်သည့် လူကြီးများအား ကျိုးနွံစွာဖြင့် နှုတ်ဆက်လိုက်လေသည်။

“အာ့ထောင် ပြန်လာပြီလားဟေ့”

“ချန်ချန်လည်း တအားအရပ်ရှည်လာတယ်နော်”

ကျီကျောက်သည် ပြုံးလိုက်ရင်း ကြင်နာတတ်ကြပြီး ဖော်ရွေလွန်းသည့် သက်ကြီးရွယ်အိုများအား မုန့်များ ဝေမျှပေးလိုက်လေသည်။ ထို့နောက် သူမသည် ကျီချန်အား လူအိုကြီးကျီ၏ အုတ်ဂူသို့ ခေါ်သွားလေသည်။

ဘယ်သူကမှ ကြည့်ရှုစောင့်ရှောက်ထားခြင်း မရှိတာကြောင့်ဖြစ်ပေလိမ့်မယ်။ လူအိုကြီးကျီ၏ အုတ်ဂူရှေ့တွင် ရေညှိများတက်နေကြပြီး လွန်စွာ တိတ်ဆိတ်ခြောက်ကပ်နေပေသည်။

“အဖိုး အာ့ထောင် မြေး၀တ္တရား မကျေပွန်မိပါဘူး…. အဖိုးကို အချိန်တော်တော်ကြာမှ လာတွေ့နိုင်ခဲ့ပါတယ်”

ကျီကျောက်သည် အုတ်ဂူရှေ့၌ ဒူးထောက်ထိုင်ချလိုက်ပြီး သူမ၏ လေသံထဲ၌ ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်ဖြင့် ပြည့်နေလေသည်။

ထိုအချိန်တွင် ရှန်းယောင်နှင့် ကျီချန်တို့သည် အုတ်ဂူရှေ့ရှိ ရေညှိပင်များအား ကူညီရှင်းလင်းပေးနေကြလေသည်။

ကျီကျောက်သည် သူမကိုယ်တိုင်လုပ်လာခဲ့သည့် သရေစာမုန့်များအား အုတ်ဂူရှေ့၌ ထားလိုက်၍ အမွှေးတိုင်များ ထွန်းညှိပေးကာ စက္ကူပိုက်ဆံများကို မီးရှို့ပေးလိုက်လေသည်။

“အဖိုး သမီး ချန်ချန်အတွက် ဆရာတစ်ယောက် ရှာတွေ့ထားပြီးပြီမလို့ အဖိုး စိတ်မပူနဲ့တော့နော်။ ဆရာစုန့်က အရမ်းကို လူကြီးလူကောင်းဆန်ပြီးတော့ ချန်ချန်အပေါ်လည်း စိတ်ရှည်သည်းခံတယ်လေ။ စကားမစပ် ချန်ချန်ရဲ့ ပန်းချီကားတွေက အရမ်းလှပလွန်းတယ်”

ကျီကျောက်သည် အချိန်အတော်ကြာအောင် ပြုံးရင်ပြောနေပေမဲ့ သူမ၏ မျက်လုံးများမှာ မသိလိုက်ခင်မှာပဲ နီရဲလာတော့သည်။

ကျီမိသားစုသည် မူလကျီကျောက်အတွက် နွေးထွေးတဲ့နေရာတစ်ခု မဟုတ်ပေ။ သို့ပေမဲ့ လူအိုကြီးကျီသည် ကျီကျောက်နှင့် ကျီချန်တို့ကို သူ၏ နွေးထွေးမှု အကုန်လုံးအား ပေးအပ်ခဲ့လေသည်။

ကံမကောင်းစွာနဲ့ပဲ လူကောင်းတွေဟာ အသက်ရှည်ရှည် မနေကြရပေ။

“အာ့ထောင်…..” ရှန်းယောင်သည် သူမဘေး၌ ဒူးထောက်ချလိုက်ကာ သူမ၏ လက်လေး‌အား ညင်သာစွာ ကိုင်လိုက်သည်။ ထို့နောက် သူရှေ့ရှိအုတ်ဂူအား ကြည့်လိုက်ကာ စိတ်ရင်းအပြည့်ဖြင့် ခိုင်မာစွာ ပြောလိုက်သည်။

“အဖိုး…..အနာဂတ်မှာ အာ့ထောင်ကို ကျွန်တော် ကောင်းကောင်းဂရု့စိုက်မှာပါဗျ”

“ရှန်းယောင်…..ရှင့်ကို ကျေးဇူးတင်ပါတယ်နော်”

ကျီကျောက်သည် သူ့အား နူးညံ့စွာ ကြည့်၍ ပြောလိုက်သည်။

ရှန်းယောင်သည်လည်း သူမအား ပြန်လည်ပြုံးပြလိုက်ပြီး သူ့မျက်လုံးများထဲ၌ ညင်သာမှုများနှင့် ချစ်မြတ်နိုးမှုများဖြင့် နက်ရှိုင်းပြည့်နှက်နေလေသည်။

All Chapters