← Chapters

ပြီးပြည့်စုံလွန်းတယ်

Vol. 19 Ch. 282

ပြီးပြည့်စုံလွန်းတယ်

Vol. 19 Ch. 282

လူအိုကြီးကျီအား ဂါရ၀ပြုပြီးနောက် ကျီကျောက်သည် ကျီချန်အား ကျီမိသားစု ဘိုးဘေးခန်းမသို့ ခေါ်လာလေသည်။

ကျီရှီး၏ မတော်တဆဖြစ်ရပ်ပြီးကထဲက ရှီလျို့ကျေးရွာရဲ့ ဂုဏ်သတင်းမှာ လုံးလုံး ပျက်စီးသွားခဲ့လေသည်။

ထိုကိစ္စနဲ့ ဆက်စပ်၍ ရွာထဲရှိ လူငယ်များမှာ နှစ်တွေကြာသည်နှင့် ပညာမဲ့ကာ အရည်အချင်း မရှိကြသဖြင့် ရွာ၏ ဂုဏ်သတင်းနဲ့ ယဉ်ကျေးမှုမှာ ထိုးချသွားလေသည်။

ယခုအခါ ကျီမိသားစု ဘိုးဘေးခန်းမအား စောင့်ရှောက်ပေးထားသည်မှာ ဦးလေးဝေ့ ဖြစ်ပေသည်။ ဦးလေးဝေ့သည် နှစ်ပေါင်းများစွာအကြာထဲက သူ့မိန်းမအား ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

“ဦးလေးဝေ့……” ကျီကျောက်သည် သူ့အား ကျိုးနွံစွာ ခေါ်လိုက်ပြီးနောက် သူမ ဒီကို လာရသည့် အကြောင်းအရင်းအား တိုက်ရိုက်ပြောပြလိုက်လေသည်။

“သမီးက ဘိုးဘေးခန်းမကို ကျီချန်ရဲ့ နာမည်အောက်မှာ အသစ်ပြန်ဆောက်ချင်တာလားကွယ့်”

ဝေ့ပေါ်သည် ဒီအကြောင်းအား ကြားရသည့်နောက် မှင်သက်သွားလေသည်။

“ဟုတ်ကဲ့” ရှန်းယောင်သည် ပွင့်လင်းစွာဖြင့် ခေါင်းညိမ့်လာခဲ့သည်။

“စုတ်ချက် တစ်ချက်တည်းနဲ့တော့ ကျီ‌ဆိုတဲ့ စာလုံးကို ရေးလို့ မရနိုင်ပါဘူး။ ချန်ချန်က ကျီမိသားစု၀င်တစ်ယောက်ဖြစ်တဲ့အပြင် အဖိုးရဲ့ အထိမ်းအမှတ်ကျောက်တိုင်ကလည်း ဘိုးဘေးခန်းမမှာ စိုက်ထူထားသေးတယ် မဟုတ်လားရှင်”

ကျီကျောက်သည် ဂရုတစိုက် ဆင်ခြင်သုံးသပ်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ပေသည်။

သူမသည် ကျီချန့်နာမည်ဖြင့် ကျီမိသားစု ဘိုးဘေးခန်းမအား ပြန်လည်တည်ဆောက်ချင်ပေသည်။

ပထမ‌ဆုံးအနေဖြင့် ဒီလိုလုပ်တာက ကျီချန့်ဂုဏ်သတင်းအား ကျယ်ပြန့်စေမည်။ ဒုတိယအနေဖြင့် သူမနှင့် ကျီချန်တို့သည် လူအိုကြီးကျီ၏ မြေးများအဖြစ် သတ်မှတ်ခံရပေမည်။

သူမအထင် သူမ ဒီလိုလုပ်လိုက်ခြင်းသည် လူအိုကြီးကျီအား နောက်ဘ၀၌ ပျော်ရွှင်၀မ်းမြောက်မှု ရှိနိုင်လိမ့်မယ် မဟုတ်ပါလား။

“ကောင်းပြီလေ” ဦးလေးဝေ့တွင် သဘောမတူစရာ အကြောင်းပြချက် မရှိပေ။

“စကားမစပ်‌ အာ့ထောင်…. မင်း လက်ထပ်ပွဲအတွက် ပြင်ဆင်နေတယ်လို့ ကြားမိသေးတယ်”

“ဟုတ်ပါတယ်” ကျီကျောက်သည် ဖြေးညင်းစွာ ခေါင်းငြိမ့်ပြကာ အပြုံးဖျော့လေး ပြုံးလျက် ပြောလိုက်သည်။

“လွန်ခဲ့တဲ့နှစ်က အဖွားရှဲ့က ကျွန်မကို ရှန်းဟယ်ကျေးရွာကို ရောင်းစားခဲ့တယ်လေ။ ရှန်းမိသားစုရဲ့ မိဘတွေက ကျွန်မကို ရှန်းမိသားစုထဲ ကျက်သရေရှိရှိ ၀င်ရောက်စေချင်တာကြောင့် နောက်ထပ် လက်ထပ်ပွဲကျင်းပဖို့ တောင်းဆိုလာကြလို့ပါ”

“အဖွားရှဲ့က…..မင်းအပေါ် တကယ် လုပ်ရက်လွန်းပါရဲ့ကွာ”

ဦးလေးဝေ့သည် စိတ်ပျက်မှုများဖြင့် သက်ပြင်းချလိုက်သည်။

“ကျီမိသားစု အိမ်ဝိုင်းက အဲ့ဒီမှာ ရှိနေတုန်းပဲ။ သမီး တစ်ခေါက်လောက် သွားကြည့်ချင်သေးလား”

“အိမ်က ရောင်းပြီးပြီမလား”

“အ၀ယ်တော်က အဖွားရှဲ့ ထောင်ကျနေတယ်လို့ကြားကြားချင်း ဒီအိမ်က ကံဆိုးတယ်လို့ ခံစားရပြီး ညတွင်းချင်း ပြောင်းပြေးသွားတာပါပဲ။ အခု အိမ်က အလွတ်အတိုင်းပဲ ရှိနေတယ်”

ဦးလေးဝေ့သည် ခဏလောက် စဉ်းစားရင်း ပြောလိုက်သည်။

“အာ့ထောင်….မင်းစိတ်မရှိဘူးဆိုရင်လေ မင်္ဂလာပွဲဝေါယာဉ်ထွက်ခွာဖို့အတွက် ရှီလျို့ကျေးရွာကို ပြန်လာပါ့လားဟင်”

“တို့ရှီလျို့ကျေးရွာမှာ ပျော်ပွဲရွှင်ပွဲ မကျင်းပဖြစ်ကြတာ အတော်ကြာရောပေါ့ကွယ်”

ကျီကျောက်သည် ဦးလေးဝေ့၏ အကြံပြုချက်အား မငြင်းပယ်ခဲ့ပေ။ ထို့အစား စဉ်းစားလိုက်ပါ့မယ်လို့သာ ပြန်ဖြေလိုက်သည်။ သူတို့ ရှန်းဟယ်ကျေးရွာသို့ ပြန်ရောက်သည့်အချိန်၌ ကျီကျောက်မှာ ရှန်းမိသားစု အိမ်တော်အတွင်း ခြေလှမ်းနေခိုက်မှာပဲ ကျောက်လန်ဟွာသည် သူမအား ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုလျက် ပင်မအခန်းထဲသို့ ဆွဲခေါ်သွားလေသည်။

“အမေ…..”

“ရှူး”

ကျောက်လန်ဟွာသည် ခေါင်းခါလိုက်ကာ လျှို့ဝှက်စွာ ပြုမူလျက် သူမ၏ မျက်လုံးများအား လက်ဖြင့် အုပ်ထားစေသည်။

ကျီကျောက်သည် နားမလည်နိုင်ဖြစ်နေပေမဲ့လည်း နာခံစွာဖြင့် ကျောက်လန်ဟွာ ပြောသည့်အတိုင်း လုပ်လိုက်သည်။

“ရပြီ”

ခဏကြာသည့်နောက် ကျောက်လန်ဟွာသည် ခပ်ဖွဖွ ရယ်မောလိုက်ကာ သူမ၏ လက်ချောင်းလေးများကို ဖယ်လျက် ပြောလေသည်။

“အာ့ထောင် အခု သမီးမျက်လုံးတွေ ဖွင့်ကြည့်လို့ရပြီ”

ကျီကျောက် မျက်လုံးဖွင့်လိုက်သည့် အချိန်မှာပဲ အနီတောက်တောက် မင်္ဂလာ၀တ်စုံအား မြင်လိုက်ရလေသည်။

အနီရောင်အင်္ကျီလက်မှာ အလွှာနှစ်ထပ် လက်ကားလေးဖြစ်ပြီး မန်ဒရင်းဘဲငှက်သဏ္ဍာန် ချိတ်အဆင်ဖြစ်၍ အောက်ခြေ၌ သလဲသီးသဏ္ဍာန် ချည်ထိုးထားပေသည်။

အင်္ကျီရင်ဘတ်အရှေ့၌ တောက်ပနေသည့် ပတ္တမြားတစ်လုံး ရှိပေသည်။ အနီရောင်အပေါ်၀တ်ရုံအား ဒေါင်းပုံသဏ္ဍာန် ချည်ထိုးထားပေသည်။ မက်မွန်ရောင် ခါးပတ်လေးမှာ လက်ရာမြောက်လှသည့် လီလီပန်းအဆင် ထိုးထားခြင်း ဖြစ်ပေသည်။ စကပ်အား ပုလဲလေးများဖြင့် ပန်းပွင့်နေသည့် အသွင်သဏ္ဍာန် ချည်ထိုးကာ ချုပ်လုပ်ထားပေသည်။ မင်္ဂလာဝတ်စုံလေးမှာ အလွန်ကိုမှ မျက်စိကျိန်းဖွယ်ကောင်း၍ လှပလှသည်။ အလွန်တရာ လက်ရာမြောက်သည့် ၀တ်စုံဟု ဆိုနိုင်ပေသည်။

“အမေ….” ကျီကျောက်သည် မင်္ဂလာ၀တ်စုံအား မြင်လိုက်ရသည့် ခဏတာ၌ မှင်သက်သွားရလေသည်။

ဒီမင်္ဂလာဝတ်စုံမှာ အလွန်တရာ လှပလွန်းနေပေသည်။

“သမီးရဲ့ အမူအရာကိုကြည့်ရ‌သလောက် သဘောကျတဲ့ပုံပဲနော်” ကျောက်လန်ဟွာသည် အပြုံးဖြင့် ပြောလာလေသည်။

“ဒီမင်္ဂလာဝတ်စုံလေးကို အမေနဲ့ မင်းမရီးနှစ်ယောက်တို့ ချုပ်ထားကြတာ မနေ့ကမှ ပြီးသွားတာလေ။ သမီး အရင် စမ်း၀တ်ကြည့်ပါလား”

“အာ့ထောင် အဲ့မှာ ရပ်မနေနဲ့ စမ်း၀တ်ကြည့်လေကွယ်” အကြီးဆုံးမရီးရှန်းက အလျင်အမြန် တိုက်တွန်းလာလေသည်။

“ကောင်းပါပြီ”

မျက်ရည်များဝဲနေလျက်ဖြင့် ကျီကျောက်သည် နာခံစွာ တုံ့ပြန်လိုက်ပေသည်။ ထို့နောက် မရီးနှစ်ယောက်၏ အကူအညီဖြင့် ထိုလှပသည့်မင်္ဂလာ၀တ်စုံအား ပြောင်းလဲ၀တ်ဆင်လိုက်ပေသည်။

“အရမ်းလှတာပဲကွယ်” ဒုတိယမရီးရှန်းသည် မချီးကျူးပဲ မနေနိုင်စွာ ပြောလေသည်။

“ဇင်ယော်တောင်မျက်ခုံး၊ နှင်းလိုအသားအရေ၊ ပိုးဖဲလို ခါးလေးနဲ့ ပုလဲလုံးကဲ့သို့ သွားလေးတွေ ဆိုတဲ့ ဆိုလိုရင်းက ဘာကို ဆိုလိုတယ်ဆိုတာ ဒီနေ့မှာ တို့နားလည်သွားပါပြီနော်”

ကျီကျောက်သည် မွေးရာပါ အသားဖြူပြီး လှပသည်။ ယခု အနီရောင် မင်္ဂလာ၀တ်စုံလေးအား ၀တ်ထားတဲ့အချိန်၌ သူမဟာ ပို၍ပင်လှပလွန်းပေသည်။

သူမသည် နွေဦးပန်းလေးများကဲ့သို့ တောက်ပကာ ဆောင်းဦးလကဲ့သို့ သန့်စင်လှပေသည်။

သူမသည် ပြိုင်ဘက်ကင်း အလှပဂေးတစ်ယောက်ဖြစ်ပေသည်။

“ဒုတိယမရီးက အရမ်းချဲ့ကားပြောနေပြန်ပါပြီ”

ဒုတိယမရီးရှန်းရဲ့ ချီးကျူးမှုအားကြားပြီးနောက် ကျီကျောက်ရယ်ရုံသာ တတ်နိုင်လေသည်။

“အာ့ထောင်…..မင်းဘယ်လောက်လှတယ်ဆိုတာ မင်းမသိပါဘူးကွယ်” အကြီးဆုံးမရီးရှန်းသည်လည်း မှင်သက်နေရာမှ ပြောလာလေသည်။

ကျီကျောက်သည် အလွန်အကြူး ချီးကျူးလာသည်များကြောင့် ရှက်ရွံ့လာပေသည်။

“မင်္ဂလာပွဲနေ့ကျရင်တော့ စန်းလန်တစ်ယောက်တော့ ကြက်သေသေသွားလောက်မယ်ဟေ့”

ဒုတိယမရီးရှန်းသည် ရုတ်တရက် မျက်စိမှိတ်ပြရင်း ပြောလေသည်။

“အာ့ထောင် မင်းကတော့ ပင်ပန်းလွန်ပြီးတော့ ကျောဆန့်နိုင်မှာတောင် မဟုတ်လောက်ဘူးဟေ့”

အဟွတ် အဟွတ်*

ကျီကျောက်သည် ဒုတိယမရီးရှန်း၏ အလွန်အကြူး စကားလုံးများကြောင့် ကြောက်ရွံ့မတတ် ဖြစ်သွားလေသည်။

“ခါးက ကြည့်ရတာတော့ အတော်ပါပဲလေ” ကျောက်လန်ဟွာသည် သူမဆီ လျှောက်လာပြီး မေးလေသည်။ “အာ့ထောင် အနီးကပ်ကြည့်ကြည့်ပါဦး။ တစ်ခုခု ပြင်ချင်တာများ ရှိသေးလားကွယ်”

“အမေ”

ကျီကျောက်သည် ပြုံးလိုက်၍ စိတ်ရင်းဖြင့်ပြောလိုက်သည်။ “သမီးမျက်လုံးထဲမှာတော့လေ ဒီမင်္ဂလာ၀တ်စုံက ပြီးပြည့်စုံလွန်းနေပါပြီ”

“အမေ….အကြီးဆုံးမရီး….ဒုတိယမရီး… ကျေးဇူးတင်ပါတယ်နော်”

ကျီကျောက်သည် ၀မ်းမြောက်စွာဖြင့် ပြုံးလိုက်လေသည်။

ဒီလို ခမ်းနားထည်ဝါသည့် မင်္ဂလာ၀တ်စုံအား ညလုံးပေါက် ချုပ်လုပ်ရသည်မှာ လွယ်ကူလှခြင်း မဟုတ်ပေ။

သူမတို့တွေ အစောကြီးကတည်းက ပြင်ဆင်ခဲ့ကြပုံဖြစ်လိမ့်မည်။

“အရူးမလေး…… တို့တွေက မိသားစုတွေပဲဟာကို” ကျောက်လန်သွာ၏ မျက်နှာရှိ အပြုံးမှာ လွန်စွာ မြတ်နိုးစရာကောင်းပေသည်။

ဒေါက် ဒေါက်*

အပြင်ဖက်၌ ရပ်စောင့်နေသော ရှန်းယောင်သည် တံခါးခေါက်ကာ နူးညံ့စွာ မေး‌လာလေသည်။

“အာ့ထောင်ရေ…..”

“ဟုတ်ကဲ့”

“အာ့ထောင် အခု တံခါးမဖွင့်နဲ့ဦးနော်” ဒုတိယမရီးက အလျင်အမြန် ပြောလာလေသည်။

“အရင်မင်္ဂလာ၀တ်စုံကို လဲပြီးမှ ထွက်လို့ရမှာနော်”

“မှန်တာပေါ့ မှန်တာပေါ့….ဒီလို အံ့ဩစရာ ဆိုတာမျိုးကို နောက်ဆုံးအချိန်ထိ တို့တွေ သိမ်းထားရမယ်”

နာရီ၀က်ခန့်ကြာပြီးနောက် ကျီကျောက်သည် နောက်ဆုံး၌ တံခါးဖွင့်ပေးလိုက်လေသည်။

“သူ့ကို တံခါးဖွင့်ခွင့်မပေးတဲ့သူက အမေပဲ”

ကျောက်လန်ဟွာသည် ရှန်းယောင်အား မျက်နှာသေဖြင့် ကြည့်၍ ပြောလာလေသည်။

“မင်းမရီးတွေနဲ့အမေက အာ့ထောင်ကို မိန်းကလေးတွေရဲ့ အတွင်းရေးကိစ္စတွေ အကြောင်း ပြောနေကြတာကို မင်းက ပွဲဖျက်တဲ့ ကောင်ဆိုးလေးပဲ”

“အမေ…..”

ရှန်းယောင်သည် ရုတ်တရက် အမှားလုပ်မိသလို ခံစားလိုက်ရသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ မင်းဇနီးလေးနဲ့ စကားပြောမယ့်အရေးကို မဟန့်တားနေတော့ပါဘူး”

ကျောက်လန်ဟွာသည် မျက်မှောင်ကြုတ်ကာ ပြောလေသည်။

“ဒါပေမယ့် မနက်ဖြန်ကစပြီးတော့ မင်းတို့နှစ်ယောက် တွေ့လို့မရတော့ဘူးနော်”

စည်းမျဉ်းစည်းကမ်းများအရ သတို့သားနှင့်သတို့သမီးတို့သည် လက်ထပ်ပွဲနေ့မတိုင်မှီ သုံးရက်အတွင်း တစ်ယောက်ကိုတစ်ယောက် တွေ့ကြတာ အကောင်းဆုံးဖြစ်သည်။

ထိုသို့ကြားပြီးနောက် ရှန်းယောင်သည် စကားတစ်ခွန်းမှမဆိုပဲ ကျီကျောက်အား ဆွဲခေါ်ပြီး ထွက်သွားလေသည်။

ရှန်းယောင်လေချွန်လိုက်သည်နှင့် နီညိုရောင်မြင်းတစ်ကောင်သည် ဒုန်းစိုင်းပြေးထွက်လာပြီး ရှန်းမိသားစုအိမ်အပြင်ဘက်၌ ရပ်သွားလေသည်။

“ဒါက…..ဒါက…”

“သူ့နာမည်က တိယွီတဲ့လေ”

ရှန်းယောင်သည် အပြုံးလေးဖြင့် မိတ်ဆက်ပေးလာသည်။

“ကိုယ် မြို့တော်ဈေးကို အရင်တစ်ခါ သွားတုန်းက သူ့ကို မြင်မြင်ချင်း သဘောကျသွားတာနဲ့ ၀ယ်လာခဲ့လိုက်တာလေ”

“တိယွီ…….အလှလေးများ အမဲလိုက်ခြင်းပေါ့”

ကျီကျောက်သည် မရယ်ပဲမနေနိုင်စွာဖြင့် ရယ်လိုက်မိလေသည်။

“ဘာမှားနေလို့လဲဟင်” သူမ၏ မျက်နှာပေါ်ရှိ အပြုံးအားမြင်ပြီးနောက် ရှန်းယောင်သည် သူ့မျက်ခုံးအား သိချင်စိတ်ဖြင့် ပင့်ကာ မေးလိုက်သည်။

“အာ့ထောင် မင်း ဘာလို့ရယ်နေရတာလဲဟင်”

“ဟင့်အင်း….ဘာမှမဟုတ်ပါဘူးရှင်” ကျီကျောက်သည် သူမ၏ လက်အား အလျင်အမြန် ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ကျွန်မက ဒီတိုင်း တိယွီ‌ဆိုတဲ့နာမည်က ထူးခြားတယ်လို့ ခံစားရလို့ပါ”

“ဒီမြင်းကို တိယွီလို့ခေါ်တယ်ဆိုပြီးတော့ ကိုယ်လည်း မြင်းကုန်သည်ဆီက ကြားလာတာလေ။ တကယ်လို့ အာ့ထောင် ဒီနာမည် မကြိုက်ရင် ကိုယ်တို့ပြောင်းလိုက်ကြရမယ်လေ” ရှန်းယောင်သည် အပြုံးလေးဖြင့် အကြံပြုလာလေသည်။

“ပိုင်ဟွားလို့ခေါ်ကျရင်ရော မကောင်းဘူးလား”

All Chapters