← Chapters

ကလေးမွေးသည်ပဲဖြစ်ဖြစ် မမွေးရင်ပဲဖြစ်ဖြစ် ကိစ္စကြီး မဟုတ်ပေ

Vol. 19 Ch. 286

ကလေးမွေးသည်ပဲဖြစ်ဖြစ် မမွေးရင်ပဲဖြစ်ဖြစ် ကိစ္စကြီး မဟုတ်ပေ

Vol. 19 Ch. 286

မှန်ထဲမှ မျက်နှာလေးအား ကြည့်၍ ကျီကျောက် အနည်းငယ် မှင်သက်သွားမိသည်။

အိမ်ဝင်းအပြင်ဘက်မှ မီးရှူးဖောက်သံများ ကြားလိုက်ရသည့်အခါမှသာ သူမ အသိပြန်၀င်လာခဲ့သည်။

“အရုဏ်တက်ချိန်တောင် မဟုတ်သေးဘူးကို” ဒေါ်လေးကွေ့ဟွားသည် ပြတင်းပေါက်အနီးသို့ လျှောက်လိုက်ကာ ကောင်းကင်ပေါ်သို့ ဖျက်ခနဲ ကြည့်လိုက်၍ ရယ်ရယ်မောမောဖြင့် စစနောက်နောက် ပြောလိုက်လေသည်။

“ရှန်းယောင်ကတော့ တကယ် စိတ်မရှည်ပါလားဝေ့”

“အာ့ထောင်ရေ…..” ကျောက်လန်ဟွာသည် တံခါး၀ဆီမှ အပြုံးလေးဖြင့် လျှောက်လာလေသည်။

“ညီမကွေ့ဟွား…..အာ့ထောင် ဆံပင်ကို မဖြီးပေးရသေးဘူးမလားရှင့်”

“မဖြီးရသေးပါဘူးနော်” ကျီကွေ့ဟွားသည် အလျင်အမြန်ပြုံးကာ ပြောလေသည်။ “ကျွန်မ ရှင့်ညွှန်ကြားချက်တွေကို မလိုက်နာဘဲ မနေဝံ့ပါဘူးရှင်”

“အမေ” ကျောက်လန်ဟွာ သူမရှေ့တွင် ပေါ်လာသည်အားမြင်၍ ကျီကျောက်၏ မျက်လုံးထဲ၌ ရှုပ်ထွေးသည့် အရိပ်အယောင်များ ပေါ်လာလေသည်။

“လိမ္မာတဲ့ကလေး” ကျောက်လန်ဟွာသည် အမျိုးသမီးကော၏ လက်ထဲမှ အနီရောင်သစ်သားဘီးအား ယူလိုက်၍ အနိမ့်သံဖြင့် ရှင်းပြလာလေသည်။

“အရင်ထဲက အမေ ဒီကို လာချင်ခဲ့တာလေ။ ကံကောင်းစွာနဲ့ အမေ အချိန်မှီ ရောက်လာတာပဲ။ အမေ သမီးကို ခေါင်းဖြီးပေးမယ်လေနော်”

“ဟုတ်ကဲ့ပါ” ကျီကျောက်သည် သူမအပေါ် ကျောက်လန်ဟွာ ဤမျှလောက် ချစ်မြတ်နိုးလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သာမန်အခြေအနေအရဆိုရင် သတို့သမီးဖက်မှ အမျိုးသမီးများသာ သတို့သမီးအား ခေါင်းဖြီးပေးနိုင်သည်။ အခြေခံကျဆုံး လိုအပ်ချက်ဖြစ်သည့် သားသမီးမြေးမြစ်များအား ကောင်းချီးပေးခံရစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဖြစ်ပေသည်။

ကျောက်လန်ဟွာသည် ကျီကျောက်၏ ဆံပင်အား ဖြီးသင်‌ပေးရန် အပြေးလာခြင်းမှာ သူမ၏ နှလုံးသားထဲ၌ ကျီကျောက်ရဲ့ ယောက္ခမတစ်ယောက်အနေနဲ့သာမက သူမ၏ မိသားစု၀င်အဖြစ် သတ်မှတ်သည့်အတွက် ဖြစ်ပေသည်။ ထို့ထပ် ပို၍ ကျောက်လန်ဟွာသည် ကျီကျောက်အား သူမသမီးရင်းသဖွယ် ဆက်ဆံပေးလေသည်။

“ပထမဆုံး ခေါင်းဖြီးသင်တာက သက်ဆုံးတိုင် ပေါင်းသင်းနိုင်ဖို့ကို ဆိုလိုတာလေ။ ဒုတိယ ဖြီးသင်တာကတော့ အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ကြဖို့အတွက် ဖြစ်တယ်။ တတိယမြောက် ဖြီးသင်တာကတော့ သားသမီးမြေးမြစ်တွေ ခန်းမအပြည့် ထွန်းကားနိုင်ရန် ရည်ရွယ်တယ်လေကွယ့်”

ကျောက်လန်ဟွာသည် သူမ၏ ခေါင်းလေးအား ဖြီးသင်ပေးပြီးနောက် သူမ၏ မျက်လုံးများမှာ စိုစွတ်လာလေသည်။

“ကျေးဇူးပါနော် အမေ” ကျီကျောက်သည် ချိုမြိန်စွာပြုံးလိုက်ကာ သူမအား ၀မ်းမြောက်စွာ ကျေးဇူးတင်လေသည်။

“မင်္ဂလာအချိန် ကျရောက်လာပြီဝေ့” တစ်နာရီခန့်ကြာပြီးနောက် အမျိုးသမီးကောသည် ကျီကျောက်၏ ခေါင်းလေးအား အနီရောင်အ၀တ်ဖြင့် ကာလိုက်ကာ တောက်ပစွာ ပြုံးလာလေသည်။

“မင်္ဂလာသတို့သမီးမှ မင်္ဂလာဝေါယာဉ်ပေါ်သို့ တက်ပါတော့မယ်”

အပြင်ဖက်၌ ရပ်စောင့်နေသည့် ကျီချန်သည် အနီရောင်၀တ်ရုံရှည်အား ၀တ်ထားသဖြင့် သူ့နဂိုအသားရည်ထက်ပင် ပို၍ဖြူစွတ်နေလေသည်။

“အစ်မ ကျွန်တော် အစ်မကိုကျောပိုးမယ်နော်”

“ကောင်းပါပြီကွယ်” ကျီကျောက်သည် အပြုံးလေးဖြင့် တုံ့ပြန်လိုက်၍ ကျီချန်၏ နောက်ကျောပေါ်သို့ ညင်သာစွာ မှီလိုက်လေသည်။

ဘေး၌ ရပ်စောင့်နေသည့် အမျိုးသမီးကောသည် ကျီကျောက်သည် နောက်ကျောလေးအား ထိန်းကိုင်ပေးလိုက်သည်။

ကျီချန်၏ ခြေလှမ်းလေးများမှာ အနည်းငယ် အလျင်လိုနေသော်ငြား သူ့ခြေလှမ်းတိုင်းသည် ယိမ်းယိုင်ခြင်း အလျင်း မရှိပေ။

“ချန်ချန် အစ်မကို အန္တရာယ်ကင်းပြီး ပျော်ရွှင်နိုင်ဖို့ ဆုတောင်းပါတယ်”

ရင်းနှီးနေသည့် လက်ကိုင်ပုဝါလေး သူမရှေ့တွင် မပေါ်လာသေးခင်အထိ အနီရောင် ခေါင်းဆောင်းပုဝါအောက်၌ ကျီကျောက် မျက်ရည်များဝဲနေခဲ့သည်။

“အာ့ထောင်….. မင်းကိုလက်ထပ်ယူဖို့ ကိုယ်ရောက်လာပြီ” ရှန်းယောင်က တိုးသဲ့ညင်သာစွာ ပြောလေ၏။

“အင်း”

မင်္ဂလာဝေါယာဉ်ပေါ်သို့ တက်တော့မည့်အချိန်မှာဘဲ ကျီကျောက်၏ အတွေးများမှာ တောင်စဉ်ရေမရ ဖြစ်နေပြန်သည်။

သူမ၏ လက်ဖဝါးထဲမှ ပန်းသီးနီနီလေးအား ကြည့်လိုက်ကာ အရူးကဲ့သို့ ရယ်လိုက်မိလေသည်။

ထိုအချိန်တွင် ရှန်းယောင်၏ကိုယ်၌ အနီရောင် ဖဲပန်းအကြီးကြီးဖြင့် ပိုင်ဟွားကျောပေါ် တက်စီးလိုက်လေသည်။ သူ့နောက်မှာတော့ ရှည်လျားလှသည့် သတို့သမီးဝေါယာဉ်မှာ ကပ်လိုက်လာလေသည်။

ပျော်ရွှင်စရာအချိန်အခိုက်အတန့်နှင့် အညီ မီးရှူးမီးပန်းများ ဆက်တိုက် ဖောက်နေသည့် အသံများမှာ အလွန်တရာ အသက်၀င်လွန်းလှပေသည်။

လူရှစ်ယောက်ခန့်ဖြင့် သယ်ဆောင်လာရသည့် သတို့သမီးဝေါယာဉ်မှာ အလွန်တရာ ငြိမ့်ညောင်းလွန်းလှပေသည်။

အချိန်အတော်ကြာ ကြာပြီးနောက်၌ ကျီကျောက်သည် မူးဝေလာ၍ ရုတ်တရက် အားမရှိသလို ခံစားလိုက်ရလေသည်။

ရုတ်တရက် သူမ၏ မျက်လုံးအား ဖွင့်လိုက်သည့် အချိန်၌ သူမဟာ မင်္ဂလာဝေါယာဉ်ပေါ်မှာပဲ ရှိနေသေးသည်အား သိလိုက်ပြီးနောက် သူမ၏ ရင်ဘတ်လေးအား တိတ်တဆိတ်ပုတ်လိုက်မိလေသည်။

“အာ့ထောင် ကိုယ်တို့ အိမ်ပြန်ရောက်ပြီ” မင်္ဂလာဝေါယာဉ် ရပ်တန့်သွားသည့်အခိုက် ရှန်းယောင်မှ ခပ်ဖွဖွ ရယ်မောလာလေသည်။

“ကျွန်မ သိပါပြီ” ကျီကျောက်သည် ချိုမြိန်စွာ ပြုံးလိုက်လေသည်။

အသက်၀င်လှုပ်ရှားနေသည့် ရှန်းမိသားစု ဧည့်ခန်းထဲ၀င်လာခဲ့ကြသည့်နောက် တစ်ယောက်ကို တစ်ယောက် ဂါရ၀ပြုလိုက်ကြလေသည်။

ရှန်းတာ့ရှန်နှင့် ကျောက်လန်ဟွာတို့သည် စားပွဲအစွန်းတစ်ဖက်စီ၌ ထိုင်ကြနေကာ အဆက်မပြတ် ပြုံးနေမိလေသည်။

“အခမ်းအနား ပြီးမြောက်သွားပါပြီ။ သတို့သားနဲ့ သတို့သမီး မင်္ဂလာခန်း၀င်လို့ရပါပြီ”

အကြောင်းအရင်းတချို့ကြောင့် ကျီကျောက်သည် မင်္ဂလာအခန်း ဆိုသည့် စကားလုံးအား ကြားပြီးနောက် သူမ၏ ပါးနှစ်ဖက်မှာ ရဲတက်လာလေသည်။

သူမအတွက် ဒီခံစားချက်က မျှော်လင့်စောင့်ဆိုင်းနေခြင်းပဲလား စိုးရိမ်ကြောက်လန့်နေခြင်းပဲလား မပြောနိုင်ပါပေ။

အချိန်တော်တော်ကြာပြီးနောက် ငိုက်မျဉ်းစပြုနေသည့် ရှန်းယောက်တစ်ယောက် ရုတ်တရက် လန့်နိုးသွားလေသည်။

နီးကပ်လာသည့် ခြေသံများအားကြားလေ သူမ စိတ်လှုပ်ရှားလာလေ ဖြစ်လေသည်။

“အာ့ထောင်” ကျောက်လန်ဟွာသည် အကြီးဆုံးမရီးရှန်းနှင့် ဒုတိယမရီးရှန်းတို့အား ခေါ်၍ အခန်းထဲသို့ ၀င်လာလေသည်။

“အမေ”

အကြီး‌ဆုံးမရီးရှန်းသည် သူမ၏ ခေါင်းဆောင်းပုဝါအား ကူညီလှပ်ပေး၍ သူမလက်ထဲမှ ပေါက်စီများအား ကမ်းပေးလာလေသည်။

“သမီး ဗိုက်ဆာနေပြီမလားကွယ့်” ကျောက်လန်ဟွာသည် သူမအား ချစ်မြတ်နိုးစွာ ကြည့်လျက် ပြုံးရင်း မေးလေသည်။

“ဟုတ် နည်းနည်းတော့ ဆာတယ် အမေ”

ဒီမနက် သူမ မနိုးခင်မှာဘဲ ဒေါ်လေးကွေ့ဟွားမှ သူမအား လာနှိုးခဲ့လေသည်။ နောက်ပိုင်းမှာ သူမ ရေတစ်စက်တောင်မှ မသောက်ခဲ့ရပေ။ အခု သူမ တကယ် ဗိုက်ဆာနေပြီ ဖြစ်သည်။

“အာ့ထောင် ဒီပေါက်စီစားကြည့်……အမေကိုယ်တိုင် လုပ်ထားတာလေ” ဒုတိယမရီးရှန်းက ကျီကျောက်အား စိတ်အားထက်သန်စွာ ပေါက်စီပန်းကန်လုံးအား ကမ်းလာခဲ့လေသည်။

ကျီကျောက်သည် နာခံစွာဖြင့် ပန်းကန်လုံးအား ယူ၍ တူဖြင့် ပေါက်စီတစ်လုံးအား ညှပ်ယူကာ တစ်ကိုက် ကိုက်လိုက်လေသည်။ မသိလိုက်မိဘဲ သူမ မျက်မှောင်ကြုတ်မိသည်။

“အစိမ်းကြီးများလား…..”

“အစိမ်းကြီးပဲနော်” ကျီကျောက်သည် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်မိလေသည်။

“လိမ္မာတဲ့ကလေး…….”

ထို့နောက်မှ ကျီကျောက်သည်လည်း တုံ့ပြန်လိုက်မိသည်။

“အမေ ကြည့် အာ့ထောင် မျက်နှာ ရဲနေပြီ”

ဒုတိယမရီးရှန်းသည် အပြုံးဖျော့ဖျော့လေး ပြုံးကာ စနောက်လာလေသည်။

“တို့တွေရဲ့ အာ့ထောင် ကိုယ်လုံးလေးက လုံးကြီးပေါက်လှလေးပဲဝေ့။ အမေတို့တော့ သုံးနှစ်အတွင်း မြေးနှစ်ယောက် ချီရတော့မှာနော်”

“ကောင်းပါပြီ။ အမေ စောင့်နေမယ်နော်” ကျောက်လန်ဟွာလည်း ပြုံးလိုက်မိလေသည်။

“အမေ……မရီးနှစ်ယောက်…..အမေတို့က တကယ်ပါပဲနော်….” ကျီကျောက်သည် ရှက်ရွံ့ကာ စိတ်ကောက်သွားလေသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီကွယ်…..အမေတို့ သမီးကို ထပ်မစတော့ဘူးနော်” ကျောက်လန်ဟွာသည် ဒုတိယမရီးရှန်းအား တစ်ချက်ကြည့်လိုက်လေသည်။ ထို့နောက် သူမသည် သူမ၀တ်ရုံလက်ထဲမှ စာအုပ်တစ်အုပ်အား အလျင်အမြန်ထုတ်ကာ ကျီကျောက်ဆီသို့ ပေးလာလေသည်။

“ဒါက ဘာများလဲဟင်” ကျီကျောက်သည် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

“အာ့ထောင်…နောက်မှ အချိန်ယူပြီး ဖတ်လိုက်ဦးနော်။ အမေတို့တွေ အပြင်က ဧည့်သည်တွေကို သွားဧည့်ခံလိုက်ဦးမယ်ကွယ်”

ကျီကျောက် ပြန်ပြောလာသည်ကိုပင် မစောင့်ကြတော့ဘဲ မရီးနှစ်ယောက်မှာ ကျောက်လန်ဟွာ၏ လက်မောင်းအား အတင်းဆွဲ၍ အမြန်ထွက်သွားကြလေသည်။

ကျီကျောက်သည် သိချင်စိတ်ပိုတိုးလာကာ သူမသည် စာအုပ်အား ဖွင့်ဖတ်ရန် လှန်လိုက်လေသည်။

ပထမ‌ဆုံးစာမျက်နှာအား မြင်ရသည့်နောက် သူမ မျက်နှာမှာ ရဲတက်လာလေသည်။

သူမသည် စာအုပ်အား မြန်မြန်ပိတ်လိုက်ကာ လွှင့်ပစ်လိုက်လေသည်။

တိုက်တိုက်ဆိုင်ဆိုင်နှင့်ပင် ထိုစာအုပ်မှာ ရှန်းယောင်၏ ခြေထောက်အောက်နားသို့ ကျရောက်သွားလေသည်။

“ဒါက ဘာလဲဟင်”

“မထိလိုက်နဲ့”

ကျီကျောက်သည် အာမေဋိတ်ပြုလိုက်ကာ ရှေ့သို့ ကမန်းကတန်း ပြေးလာလေသည်။ သို့ပေမယ့် သူမ ဝတ်ဆင်ထားသည့် မင်္ဂလာ၀တ်ရုံ၏ အရှည်အား သူမ သတိမထားမိဘဲ ရှန်းယောင်းရဲ့ လက်မောင်းများကြားထဲသို့ ဒယိမ်းဒယိုင် ပစ်လဲကျသွားလေသည်။

ရှန်းယောင်သည် လက်တစ်ဖက်မှ သူမခါးလေးအား ထိန်းကိုင်‌ပေးလျက် နောက်တစ်ဖက်ဖြင့် စာအုပ်အား ကိုင်ထားလေသည်။ သူသည် မျက်ခုံးပင့်လိုက်ကာ အပြုံးဖျော့ဖျော့ ပြုံးလိုက်လေသည်။

“အာ့ထောင်….မင်းဒီလောက် စိတ်မရှည် ဖြစ်လိမ့်မယ်လို့ ကိုယ်တကယ် မထင်ထားမိဘူးသိလား”

“ကျွန်….ကျွန်မ…မဟုတ်ရပါဘူးနော်”

ကျီကျောက်သည် သူ့အား အလျင်အမြန် တွန်းလိုက်ပြီး အိပ်ရာဖက်သို့ လှည့်ထွက်သွားကာ ထိုင်လိုက်လေသည်။

“မဟုတ်ဘူးလား”

“ဒီ ဒီစာအုပ်က…..”

ကျီကျောက်သည် သူမ မျက်လွှာလေးအား အောက်စိုက်လိုက်၍ သူမ၏ အသံလေးမှာ ကူရာမဲ့ကာ ပြာယာခတ်နေလေသည်။

“ကိုယ့်မှာလဲ ဒီလို စာအုပ်မျိုး ရှိတယ်လေ” ရှန်းယောင်သည် သူမနားရွက်နားလေးသို့ ကပ်၍ ခပ်ဖွဖွ ရယ်မောကာ ပြောလေသည်။

“ဟင်”

“မနေ့ညတုန်းက တာ့လန်နဲ့ အာ့လန်တို့က သူတို့နဲ့ အတူ သောက်ဖို့ ကိုယ့်ကို မေးခဲ့ကြတယ်လေ။ နောက်တော့ တာ့လန်က ကိုယ့်ကို ဒီစာအုပ်ပေးခဲ့တယ်”

ရှန်းယောင်သည် အခွင့်အရေးရသည်နှင့် သူမအနားသို့ ကပ်ထိုင်လိုက်ပြီး ရည်ရွယ်ချက်ရှိစွာ အက်ရှရှအသံဖြင့် ပြောလာလေသည်။

“အာ့ထောင် မမှောင်ခင်လေး ကိုယ်တို့ ဒီစာအုပ်ထဲက အကြောင်းအရာတွေကို စလေ့လာကြတော့မလား မင်းဘယ်လိုထင်လဲဟင်” သူသည် အက်ရှရှအအသံဖြင့် ပြောကာ ဆွဲဆောင်လာလေသည်။

“မင်း ဘာမှ မပြောလာဘူးဆိုရင် ခေါင်းညိမ့်တယ်လို့ ကိုယ်မှတ်ယူလိုက်မှာနော်” ရှန်းယောင်သည် မြတ်နိုးစွာဖြင့် သူမ၏ နှာခေါင်းထိပ်လေးအား တို့ထိလိုက်ကာ သူ့အပြုံးမှာ ချစ်စိတ်များဖြင့် ပြည့်နေလေသည်။ သူ မတ်တပ် ထသွားပြီးသည့်နောက် သူ့၀တ်ရုံလက်ထဲမှ ဆီစိမ်စက္ကူအိတ်လေး တစ်ခုအား ထုတ်ယူ၍ သူမအား ကမ်းပေးလိုက်လေသည်။

“ဒါလေးက...”

“အဖိုး လုပ်ပေးလိုက်တဲ့ မြေပဲကြွပ်ကြော်လေးတွေလေ။ တကယ်အရသာရှိတယ်”

ကျီကျောက်သည် ခေါင်းညိမ့်လိုက်ရင်း ဆီစက္ကူအိတ်လေးအား ဂရုတစိုက် ဖွင့်လိုက်လေသည်။ သူမသည် မြေပဲကြွပ်ကြော် တစ်ခုအား ယူပြီး တစ်ကိုက် ကိုက်လိုက်လေသည်။

ဒီမြေပဲကြွပ်ကြော်လေးမှာ ကြွပ်ရွကာ အငန်ဖက်သွားပြီး မြေပဲနံ့သင်းသင်းလေး ဖြစ်ပေသည်။

“အရသားရှိလားဟင်”

ရှန်းယောင်သည် ရုတ်တရက် သူမ ရှေ့သို့ မှီချလိုက်ကာ နူးညံ့စွာကြည့်ရင်း ပြောလေသည်။

“ကိုယ်လည်း အရသာခံကြည့်ချင်လိုက်တာ”

All Chapters