← Chapters

ကျောက်ကျောက် ကိုယ် မင်းနဲ့ လက်ထပ်ရလို့ အရမ်းပျော်တယ်

Vol. 19 Ch. 287

ကျောက်ကျောက် ကိုယ် မင်းနဲ့ လက်ထပ်ရလို့ အရမ်းပျော်တယ်

Vol. 19 Ch. 287

ကျီကျောက် မတုံ့ပြန်နိုင်ခင်မှာဘဲ ရှန်းယောင်၏ ညာလက်သည် သူမ၏ ခေါင်းအနောက်ဖက်သို့ ပွေ့ဖက်လိုက်လေသည်။ သူ၏ ဗိုလ်ကျခြယ်လှယ်သည့် နှုတ်ခမ်းများ၏ အရသာမှာ သူမပါးစပ်ထဲ၌ စွဲကျန်နေလေသည်။ သူ၏ သွက်လက်ကျွမ်းကျင်လှသည့်လျှာမှာ သူမ၏ ပုလဲလုံးကဲ့သို့ သွားလေးများအား လျက်လိုက်၍ သူမလျှာအား အဆက်မပြတ် ရစ်ပတ်နေလေသည်။ သူမဖက်က တောင်းပန်တိုးလျှိုးလာချိန်မှ တဖြည်းဖြည်း ရပ်တန့်လိုက်သည်။

မှန်မကြည့်ပဲနှင့်ပင် ကျီကျောက်တစ်ယောက် သူမနှုတ်ခမ်းများမှာ သေချာပေါက် နီရဲဖူးယောင်နေမည်ဆိုသည်အား သိနေလေသည်။

ကျီကျောက်သည် သူမ၏ ပါးလေးများအား ဒေါသတကြီး ဖောင်းလိုက်၍ သူ့အား စိုက်ကြည့်လိုက်လေသည်။ သူမ၏ မျက်၀န်းလှလှလေးများမှာ ရှက်ရွံ့ဒေါသထွက်မှုဖြင့် ပြည့်နေလေသည်။

“အဖိုးရဲ့ မြေပဲကြွပ်ကြော်လေးက တကယ် ချိုလိုက်တာနော်”

ရှန်းယောင်သည် ရုတ်ခြည်း သူမကိုယ်လေးအား ဆွဲဖက်လိုက်၍ သူမ၏ နှာသီးဖျားလေးသို့ လေမှုတ်ထုတ်လိုက်လေသည်။

ကျီကျောက်သည် ရုတ်တရက် သူမ၏ လည်ပင်းတစ်ဝိုက်မှ ယားယံလာသလို ခံစားလိုက်ရပြီး တုန်တက်သွားလေသည်။

“ရှန်းယောင် ရှင်….ရှင်”

“ကျောက်ကျောက်…..” ရှန်းယောင်သည် ရုတ်တရက် သူမကိုယ်လေးအား လေထဲသို့ မြှောက်လိုက်ကာ သူမအား သူ့လက်မောင်းကြား၌ ဖက်ထားလိုက်လေသည်။

သူတို့နှစ်ယောက် မျက်လုံးချင်းဆုံခိုက်၌ သူ့မျက်၀န်းများထဲတွင် နူးညံ့ညင်သာမှုများ မြတ်နိုးမှုများဖြင့် ပြည့်လျှံနေသည်မှာ ညကောင်းကင်ယံရှိ တောက်ပနေသည့် ကြယ်လေးများကဲ့သို့ တောက်ပ ကြည်လင်နေပေသည်။ မနှစ်မြုပ်ပဲမနေနိုင်သည့် ရှေးဟောင်းရေတွင်းနက်ကြီးတစ်ခုနှင့်ပင် တူပေသေးသည်။

“အင်း”

“ကျောက်ကျောက် ကိုယ်လေ မင်းကို လက်ထပ်ရလို့ အရမ်းပျော်တယ် သိလား” ရှန်းယောင်သည် အပြုံးနုနုလေးပြုံးကာ သူ့မျက်လုံးထဲတွင် မြတ်နိုးမှုများဖြင့် ပြည့်နေလေသည်။

“ဘာလို့ ကျွန်မကို အဲ့လိုခေါ်နေရတာလဲရှင်”

ကျီကျောက်သည် စိတ်လှုပ်ရှားမှုဖြင့် မှင်သက်သွားလေသည်။ ဒီ့ထက်ပိုပြောရရင် သူမ အရမ်းပျော်မိပါသည်။

ဒီကမ္ဘာရှိ သူမရဲ့ ဖြစ်တည်မှုမှာ အာ့ထောင် ဖြစ်နေပေမဲ့ သူမ၏ ဝိညာဉ်မှာ ကျီကျောက်ဖြစ်နေသေးတာကို သူမ ကောင်းကောင်း သိနေပါသည်။ ဒါ့ကြောင့် ရှန်းယောင် သူမအား ကျောက်ကျောက်ဟုခေါ်သည့်အချိန်၌ သူမ၏ နှလုံးသားမှာ အပြင်းအထန် တုန်လှုပ်နေလေသည်။

“အရူးမလေး” ရှန်းယောင်သည် သူမ၏ နှာဖျားထိပ်လေးအား ချစ်မြတ်နိုးစွာ တို့ထိကာ ညင်သာစွာ ပြောလာလေသည်။ “မင်းပြောခဲ့သမျှအကုန်လုံး ကိုယ်မှတ်မိပါတယ်ကွာ”

အရင်နှစ် ခြောက်လပိုင်း ဆယ့်ခြောက်ရက်မြောက်နေ့တွင် သူမ တောင်ပေါ်မှ လှိမ့်ကျပြီး ခေါင်းထိခိုက်ခဲ့သည်။ အဲ့နောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှ အရာတိုင်းအား သူ ရှင်းလင်းစွာ မှတ်မိနိုင်ပေသည်။

တစ်ချိန်က မောက်မာပြီး အထက်စီးဆန်တဲ့ ကျီအာ့ထောင်သည် ရှန်မိသားစု၌ နေချင်စိတ် မရှိပေ။ လူတစ်ယောက်က အချိန်တိုအတွင်းမှာ အများကြီး ပြောင်းလဲဖို့ မဖြစ်နိုင်ပေ။ ရိုင်းပျပြီး ကြမ်းတမ်းတဲ့သူတစ်ယောက်က ရုတ်ခြည်း လူသစ်တစ်ယောက်လို ပြောင်းလဲသွားတာ ဘယ်လိုဖြစ်နိုင်မှာလဲ။

ထို့အပြင် သူမ၏ လက်ရေးလှစွမ်းရည်နှင့် ထူးခြားပြောင်မြောက်သည့် ဟင်းချက်စွမ်းရည်တို့မှာ မူလ ကျီအာ့ထောင်နှင့် လားလားမျှပင် မသက်ဆိုင်လှပေ။

“တမလွန်ကနေ ပြန်လည်ရှင်သန်လာတယ်ဆိုတာ မယုံနိုင်စရာပါပဲ” ရှန်းယောင်သည် သူမပုခုံးပေါ်ကျနေသည့် အနက်ရောင် ဆံမျှင်လေးအား ကစားလိုက်၍ ခပ်ဖွဖွ ရယ်မောလိုက်လေသည်။

“ကျောက်ကျောက် ကိုယ် မင်းနဲ့ မတွေ့ခင်ကလေ သရဲတစ္ဆေတွေ နတ်ဘုရားတွေပေါ် မယုံခဲ့ဖူးဘူး။ ဒါပေမယ့် အခုတော့ ကိုယ် လက်ခံလိုက်ပါပြီကွာ”

“ရှန်းယောင်” ကျီကျောက်သည် သူ့လည်ပင်းအား သိုင်းဖက်လိုက်၍ ချိုမြိန်စွာ ပြုံးလိုက်လေသည်။

“ကျွန်မ ဒီနာမည်ပြောင်လေးကို သဘောကျတယ်”

သူမ၏ လှပသည့် မျက်လုံးလေးများ ကလည်ကလည်ဖြင့် ချိုမြိန်စွာ ပြုံးပြနေမှတော့ ဘယ်သူက စိတ်မလှုပ်ရှားပဲနေပါ့မလဲ။

“နွေဦးညတွေက တိုတောင်းလွန်းတယ် ကျောက်ကျောက်ရေ။ ကိုယ်တို့ စောစောအိပ်ကြရအောင်လားကွာ”

“ဒါပေမဲ့ အခုထိ မမှောင်သေးဘူးလေရှင်….” သူမ စကားအား ပြီးဆုံးအောင်ပင် မပြောလိုက်ရသေးခင် သူမ၏ နှုတ်ခမ်းမှာ ပိတ်ဆို့ခံလိုက်ရလေသည်။

မင်္ဂလာကုတင်၏ လိုက်ကာလေးမှာ တ‌ဖြည်းဖြည်း အောက်သို့ ကျလာ၍ လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ ကိုယ်လက်နှီးနှောနေကြလေသည်။

ရှန်းယောင် အသင့်ဖြစ်နေသည့်အချိန်တွင် ကျီကျောက်သည် သူ၏ ကျယ်ပြန့်သည့် ကျောပြင်ကျယ်အား စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်လာလေသည်။

ဟင်း…..

အစပိုင်းတွင် ကျီကျောက်တစ်ယောက် မသက်မသာဖြစ်သလို ခံစားရသဖြင့် မျက်မှောင်ကြုတ်လိုက်မိလေသည်။

သူမ မသက်မသာဖြစ်နေသည်ကို ခံစား‌လိုက်ရသည့် ရှန်းယောင်သည် သူမ၏ မျက်နှာအစိတ်အပိုင်း တစ်ခုစီအား ညင်သာစွာ အနမ်းပေးလိုက်သည်။

ထို့နောက် သူသည် တဖြည်းဖြည်း ကောင်းမွန်လာသည့် အခြေအနေအား ခံစားမိသဖြင့် သူ့ကိုယ်သူအား လွှတ်ထုတ်လိုက်လေသည်။

တစ်နာရီခန့်ကြာပြီးနောက် စိတ်ကျေနပ်မှု ရသွားသည့် ရှန်းယောင်သည် လက်ပေါ်မေးတင်လျက် အေးချမ်းစွာ အိပ်မောကျနေသည့် ကျီကျောက်အားကြည့်၍ ပြုံးလိုက်မိလေသည်။

“ကျောက်ကျောက်…..” သူသည် ရည်ရွယ်ချက်ရှိစွာ အနားသို့တိုးကပ်ရင်း နူးညံ့စွာခေါ်လိုက်လေသည်။

“ကျွန်မ ထပ်မလိုချင်တော့ဘူးနော်…..” ထိုအချိန်၌ ကျီကျောက်သည် သူမ တစ်ကိုယ်လုံး အားနည်းသလို ခံစားလိုက်ရသည်။ သူမသည် အားတစ်စက်မှ မရှိတော့သဖြင့် သူမ၏ မျက်လုံးများပင် မဖွင့်နိုင်တော့ချေ။

ရှန်းယောင် တစ်ခါက ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲ၌ အမျိုးသမီးများမှာ သူမတို့၏ ပထမဆုံးအကြိမ် တွေ့ကြုံပြီးနောက်တွင် အလွန်အမင်း ပင်ပန်းသလို ခံစားကြရပေသည်။

သူမ၏ နဖူးပြင်လေးမှ ချွေးစက်လေးများအား သုံးလိုက်ပြီးနောက် သူနှလုံးသားမှာ ယားယံလာခဲ့လေသည်။ သူမလေးအား အခုလို များစွာ နာကျင်ခံစားရအောင် သူလုပ်လိုက်မိသည့်အတွက် သူ့ကိုယ်သူ အပြစ်တင်မိသည်။

သူသည် အနားရှိ စောင်အပါးတစ်ထည်အား ဆွဲယူကာ သူမအား ညင်သာစွာဖြင့် ဖုံးအုပ်ပေးလိုက်လေသည်။ ထို့နောက် သူသည် မင်္ဂလာဆောင်၀တ်ရုံအား ၀တ်၍ အခန်းအပြင်သို့ လျှောက်လာခဲ့လေသည်။

နေ၀င်ရီတရောချိန် ဖြစ်နေသော်ငြား ရှန်းမိသားစု အိမ်တောင်ဝိုင်းမှာ ပို၍ပင် သက်၀င်တက်ကြွနေပေသည်။

ရှန်းယောင်သည် သောက်လိုက်စားလိုက်ဖြင့် ပျော်ရွှင်စွာ စကားပြောနေကြသည့် ဧည့်သည်တော်များအား ကြည့်၍ နှုတ်ခမ်းများ ကွေးညွှတ်ကာ ပျော်ရွှင်စွာ ပြုံးလိုက်မိလေသည်။

“မြန်မြန် မြန်မြန် သတို့သားပြန်လာပြီဟေ့။ သွားပြီး ဆုတောင်းပေးလိုက်ရအောင်”

မျက်စိလျင်လွန်းသည့် ရှန်းလန်သည် သူ့လက်အား ဝှေ့ယမ်းလိုက်ကာ ရှန်းယောင်ရှေ့သို့ သေရည်တစ်အိုးဖြင့် လျှောက်လာ၍ သူ့ပုခုံးအားပုတ်ရင်း ဂုဏ်ယူစွာပြောလာလေသည်။

“သတို့သားရေ… ဒီလိုပျော်ရွှင်စရာအခိုက်တန့်မှာ ဒီသေရည်အိုးကို ဘာလို့ မသောက်ပဲ နေမှာလဲ”

“ကောင်းပြီလေ” ရှန်းလန်အား အံ့အားသင့်စွာဖြင့် ရှန်းယောင်သည် သေရည်အိုးအား ယူ၍ သူ့မေးအား အနည်းငယ် မော့၍ တစ်ငုံတည်း သောက်လိုက်လေ‌သည်။ သေရက်တစ်စက်မှ အိုးထဲ မကျန်သော်ငြား သူ့အမူအရာမှာ နည်းနည်းမှ မပြောင်းလဲပေ။

“မင်း မင်း မင်း……” ဒီမြင်ကွင်းအား မြင်လိုက်ချိန်တွင် ရှန်းလန်သည် အံ့ဩမှင်သက်သွားလေသည်။

“မင်းရဲ့ အရက်ခံနိုင်စွမ်းက ဘယ်တုန်းက ဒီလောက်ကောင်းလာတာလဲကွ”

ရှန်းယောင်သည် ပြုံးလိုက်ကာ ဘာမှမပြောခဲ့ချေ။

သူသည် စားပွဲခုံပေါ်ရှိ သေရည် နောက်တစ်အိုးအား ယူလိုက်၍ ရှန်းမုန့်ဟူဆီသို့ တည့်တည့်လျှောက်သွားကာ လေးစားသမှုဖြင့် ခွက်တိုက်လိုက်ပေသည်။ ရှန်းမိသားစု အိမ်၀င်းထဲ၌ ရယ်မောသံများဖြင့် ပဲ့တင်ထပ်နေပြီး တကယ်ကို အသက်၀င်လှုပ်ရှားနေလေသည်။

ညရောက်လာသည့်အချိန်မှာတော့ မင်္ဂလာပွဲအခမ်းအနားမှာ တဖြည်းဖြည်း ပြီးဆုံးသွားပါတော့သည်။

ရှန်းယောင် အခန်းထဲပြန်ရောက်ချိန်တွင် ကျီကျောက်သည် အိပ်စက်နေသေးတုန်းပင် ဖြစ်ပေသည်။

ရှန်းမိသားစု အိမ်၀င်းအား ပြန်လည်တည်ဆောက်လိုက်ကထဲက အခန်းတိုင်းမှာ အသံလုံအခန်းများ ဖြစ်ပေသည်။ ဤသည်မှာ ရှန်းယောင် တောင်းဆိုခြင်းကြောင့် ဖြစ်ပေသည်။

ညနေခင်း အစောပိုင်းချိန်၌ ခြောက်နာရီကြာအောင် အိပ်စက်ခဲ့သည့် အာ့ထောင်တစ်ယောက် ဗိုက်ဆာဆာဖြင့် နိုးထလာလေသည်။

အံ့အားသင့်စွာဖြင့် သူမ၏ နံဘေးကွက်လပ်မှာ အေးစက်နေလေသည်။

အကယ်၍ သူမ၏ ခန္ဓာကိုယ်သာ အားမနည်းပဲ သူမ၏ ခါးမှာ မရောင်ကိုင်းနေခဲ့ပါက ဖြစ်ခဲ့သမျှ မြင်ကွင်းတိုင်းအား အိပ်မက်လို့ပင် သူမထင်မိပေမည်။

ကျီကျောက်သည် သူမကိုယ်သူမ အိပ်ရာမှ အတင်းထလိုက်ပြီးနောက် သူမနှင့် ရင်းနှီးသည့်အသံအား မကြားခင်အထိ မူးနောက်နောက်ဖြစ်နေလေသည်။

“ကျောက်ကျောက်”

ရှန်းယောင်သည် မုန်လာဥဖြူနှင့် ကြက်ဥ စွပ်ပြုတ်အချိုတစ်ပန်းကန်အား သူမအနီးသို့ ယူလာလေသည်။

“မြန်မြန် စားလိုက်နော်”

“ဒါတွေက…..”

“အရင်ထဲက အမေ ပြင်ပေးထားတာတွေလေ။ အစောပိုင်းထဲက သူမ ဒါတွေကို အထဲကို ပို့ဖို့လုပ်‌ခဲ့ပေမဲ့ ကိုယ် သူမကို တားခဲ့လို့လေ”

ရှန်းယောင်၏ အမူအရာသည် မသက်မသာဖြစ်လျက် သူ့နားဖျားများမှာ ရဲတက်လာလေသည်။

တကယ်တော့ ကျောက်လန်ဟွာက သူ့အား အလွန်အမင်း ဝေဖန်အပြစ်တင်နေခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ဒီလောကတွင် သူ့ကဲ့သို့ သတို့သားမျိုး အနည်းငယ် ရှိပေသည်။ ကောင်းကင်၌ မှောင်ရိပ်မသန်းခင်အချိန်တွင် သတို့သမီးလေးအား မူးမေ့စေသည်အထိ အနိုင်ကျင့်ခဲ့လေသည်။

သူမသည် အာ့ထောင် နိုးသွားမည်ကို စိုးရိမ်နေခြင်းကြောင့်သာ မဟုတ်ပါက သူ့အား မိသားစု စည်းကမ်းများ သုံး၍ သင်ခန်းစာပေးပြီးလောက်ပေမည်။

ကျီကျောက်သည် သူ့မျက်နှာအမူရာအား မြင်၍ ဘာဖြစ်ခဲ့တယ်ဆိုတာ ခန့်မှန်းနိုင်လေသည်။

“အမေ ရှင့်ကို ဆူလိုက်လို့လား” အကြောင်းရင်းတချို့ကြောင့် အခုချိန်တွင် သူမ၏ စိတ်အခြေအနေမှာ အလွန်ပျော်ရွှင်လာခဲ့လေသည်။

မုန်လာဥကြက်ဥစွပ်ပြုတ်အား ပျော်ရွှင်စွာ စားသောက်ပြီးနောက် သူမအားရဲ့ နှစ်ဆယ်ရာခိုင်နှုန်း ပြန်လည်သက်သာလာသလို ခံစားလိုက်ရသည်။

“ကျွန်မ ရေချိုးချင်တယ်” အစပိုင်းတွင် သူမသည် ရှန်းယောင်အား အဖော်ပြုခိုင်းမလို့ ဆိုပေမဲ့ သူမကိုယ်၌ ချွေးများဖြင့် စီးကပ်နေသည်ကိုသာ ခံစားနေရလေသည်။

ရှန်းယောင်သည် ထိုအကြောင်းအားကြား၍ မျက်လုံးများ၀င်းလက်သွားလေသည်။

“ကိုယ်မင်းနဲ့ အဖော်ပြုပေးမယ်လေ”

“ဟင့်အင်း မလိုပါဘူးရှင်….” သူ့မျက်လုံးများနှင့်ဆုံပြီးနောက် သူမအလျင်အမြန် လက်ယမ်းကာ ငြင်းဆိုလိုက်လေသည်။

သိုပေမဲ့ အိပ်ရာပေါ်မှ သူမ ထလိုက်သည့်အချိန်မှာပဲ သူမဒူးများမှာ ရုတ်ခြည်း အားနည်းသွားကာ မြေပြင်ပေါ်သို့ ညွှတ်ကျသွားလေသည်။

ကံကောင်းစွာဖြင့် ရှန်းယောင်သည် သူမအား သူ့လက်မောင်းထဲသို့ အလျင်အမြန် ဆွဲလိုက်နိုင်လေသည်။

“ဒါတွေအကုန် ရှင့်အပြစ်တွေပဲ” သူ ပွေဖက်သည်အား ခံလိုက်ရသည့်နောက် ကျီကျောက်သည် သူမ၏ လက်သီးလေးအား ဆုပ်လျက် သူ့ရင်ဘတ်အား ဒေါသတကြီး ထုလျက် သူမအံကြိတ်ထားမိလေသည်။

“ဟုတ်ပါတယ် ကိုယ့်အမှားတွေပါကွာ…. ကိုယ် ကျောက်ကျောက်အပေါ် ကျရှုံးပြီး အသိစိတ် မလွတ်သင့်တာပါကွာ”

“ဒါဆို လျှောက်မကလိနဲ့တော့နော်”

“ကောင်းပါပြီဗျာ”

All Chapters