← Chapters

ရှင့်သိက္ခာတွေ ဘယ်ပျောက်သွားပြီလဲ

Vol. 19 Ch. 288

ရှင့်သိက္ခာတွေ ဘယ်ပျောက်သွားပြီလဲ

Vol. 19 Ch. 288

ကျီကျောက်တစ်ယောက် ရေချိုးကန်ထဲ ၀င်စိမ်လိုက်သည့် အချိန်မှသာ သူမတစ်ကိုယ်လုံးမှာ ပေါ့ပါးလန်းဆန်းလာတော့သည်။ သူမ၏ တစ်ကိုယ်လုံးရှိ ပင်ပန်းနွမ်းလျမှုများ ကင်းစင်သွားသလို ခံစားရလေသည်။

ဗွန်း*

ရှန်းယောင်သည် ရေချိုးကန်ထဲသို့ ခုန်ဆင်းလာသဖြင့် သူမ အံ့အားသင့်သွားရလေသည်။

“ရှင်….” ကျီကျောက်သည် သူမ၏ မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ သူမ၏ မျက်၀န်းနက်များအောက်၌ သတိထားမှုများ နိုးကြားလာလေသည်။

ရှန်းယောင်သည် အညှီအဟောက်ရုပ်ပုံများရှိသည့် စာမျက်နှာသို့ လှန်လိုက်ကာ လက်ညှိုးထိုး၍ ပြောလာလေသည်။

“ကျောက်ကျောက် ကိုယ်တို့ ဒီလှုပ်ရှားပုံကို လေ့လာကြရအောင်လားဟင်”

“ရှင်…ရှင်….ရှင်” ကျီကျောက်သည် အလျင်အမြန် သူမလက်အားမြှောက်ကာ သူမ၏ မျက်နှာအား ဖုံးကွယ်လျက် ဒေါသတကြီး ပြောလာလေသည်။ “ရှန်းယောင် ရှင့်သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲရှင်…..”

ကျီကျောက်၏ ရှေ့မှောက်တွင် ရှန်းယောင်၏အဘိဓာန်၌ အရှက်သိက္ခာဆိုသည့် အရာမျိုး မရှိပေ။

သူသည် ပင်ပန်းခြင်းအား မသိသည့် ဝံပုလေတစ်ကောင်ကဲ့သို့ ကျီကျောက်အား တစ်ကြိမ်ပြီးတစ်ကြိမ် စားသုံးလိုက်သည်။

သူ အလွန်တရာ‌ စိတ်ကျေနပ်မှု ရနေချိန်၌ ကျီကျောက်၏ စိတ်ထဲတွင် စာသားတစ်ခု ပေါ်လာတော့လေသည်။ ယောကျာ်းဆိုတာ အလိမ်အညာတွေနဲ့ ပြည့်နေတာပါလား။

တစ်နာရီခန့်ကြာပြီးနောက် ရှန်းယောင်သည် သတိမေ့မြောသွားသည့် ကျီကျောက်အား ပွေ့ချီလိုက်ကာ ရေချိုးကန်ထဲမှ ထွက်လာလေသည်။

သူမ ခန္ဓာကိုယ်ပေါ်ရှိရေစက်လေးများအား သုတ်ပေးကာ သူမ၏ ဆံပင်လေးအား အခြောက်ခံပြီးသည့်နောက် သူမကိုယ်လေးအား ဖက်၍ ငြိမ်းချမ်းစွာ အိပ်မောကျသွားလေသည်။

နောက်တစ်နေ့ နောက်ကျသည့် မနက်ခင်းတစ်ခု၌ ရှန်းမိသားစုအိမ်၏ လေထုမှာ အနည်းငယ် တိတ်ဆိတ်နေပေသည်။

“အဟမ်း” ကျောက်လန်ဟွာသည် သူမလည်ချောင်းအား ရှင်းလိုက်ကာ အသံ‌နိမ့်နိမ့်ဖြင့် ပြောလေသည်။ “တို့တွေ စန်းလန်နဲ့ အာ့ထောင်ကို စောင့်လိုက်ကြရအောင်လေ”

“ဒီကောင်စုတ်လေးကတော့ သူ့ကိုယ်သူ ဘယ်လိုထိန်းချုပ်ရမယ် မသိဘူးပဲကွ” ရှန်းတာ့ရှန်သည် မျက်နှာတည်တည်နှင့် ဆူပူလာလေသည်။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အရင်က ရှင်ကရော အဲ့လိုပဲ မဟုတ်တာကြလို့ရှင်” ကျောက်လန်ဟွာသည် သူ့အား မျက်လုံးထောင့်မှ တစ်ချက်ဝေ့ကြည့်ကာ ပြောလေသည်။ “ရှန်းယောင် ဘယ်သူနဲ့တူလို့ ဒီလိုဖြစ်နေတာကို ရှင် မသိဘူးပေါ့လေ”

“ကိုယ်……ကိုယ့်တုန်းက အခြေအနေက မတူဘူးလေကွာ” ရှန်းတာ့ရှန်သည် သူ့နှာခေါင်းအား အရှက်ရစွာ ပွတ်လိုက်လေသည်။

သူနှင့် ကျောက်လန်ဟွာ လက်ထပ်ပြီးသည့် အချိန်တုန်းက သူ့မိဘများမှာ ကွယ်လွန်သွားပြီဖြစ်သည့်အတွက် နောက်နေ့မနက်၌ လက်ဖက်ရည်တည်ခင်းခြင်း လုပ်ရန် မလိုခဲ့ပေ။

ရှန်းတာ့လန်နှင့် ရှန်းအာ့လန်တို့ နှစ်ယောက်သည် အကြည့်ချင်းဆုံလိုက်ကာ တိတ်တဆိတ် ရယ်မောလိုက်လေသည်။

“မင်းတို့တွေကရော ဘာရယ်နေကြတာလဲ။ မင်းတို့လက်ထပ်ကြတုန်းကရော မင်းအဖေနဲ့ အတူတူပဲ မဟုတ်ကြလို့လား”

ကျောက်လန်ဟွာသည် အကြီးဆုံးမရီးရှန်းနှင့် ဒုတိယမရီးရှန်းတို့ဆီမှ လက်ဖက်ရည်သုံးဆောင်ရန် နေ့လယ်စောင်းအချိန်ထိ စောင့်ခဲ့ရပေသည်။ သို့ပေမယ့် သူမ တကယ်တော့ ဒီလိုစည်းမျဉ်းတွေအား ဂရုမစိုက်ပါပေ။ သူမ စိုးရိမ်ရသည့် တစ်ခုတည်းသောအရာမှာ ဒီကောင်စုတ်လေးတွေက အလွန်တရာ ထိန်းမနိုင်သိမ်းမရလေးတွေ ဖြစ်သည့်အတွက် သူမ၏ ချွေးမလေး‌များအား ထိခိုက်အောင် လုပ်မိမည်ကိုပဲဖြစ်ပေသည်။

ရှန်းယောင်မှ အာ့ထောင်အား ကူညီပြီး ပင်မခန်းထဲသို့ ရောက်လာသည့်အချိန်မှ ထူးဆန်းသည့်လေထုမှာ ပြိုကွဲသွားတော့သည်။

“အဖေ….လက်ဖက်ရည်သုံးဆောင်ပါရှင့်။ အမေ…..လက်ဖက်ရည်သုံးဆောင်ပါဦးနော်” ကျီကျောက်သည် စားပွဲထိပ်၌ ထိုင်နေကြသည့် လူကြီးနှစ်ယောက်အား နာခံစွာ လက်ဖက်ရည် ငှဲ့ပေးလိုက်လေသည်။

ရှန်းတာ့ရှန်နှင့် ကျောက်လန်ဟွာတို့မှာ နားရွက်တက်ချိတ်မတတ် ပြုံးလိုက်မိလေသည်။ “ကောင်းတယ် ကောင်းတယ်….. လိမ္မာတဲ့ကလေးပဲကွယ်”

လင်မယားနှစ်ယောက်သည် ကျီကျောက်အား အနီရောင် စာအိတ်နီအကြီးနှစ်လုံးအား ပြင်ထားလေသည်။

ကျောက်လန်သည်လက်တစ်ဖက်ဖြင့် ကျီကျောက်၏ လက်လေးအား ယူလိုက်ကာ နောက်တစ်ဖက်ဖြင့် ရှန်းယောင်၏ လက်အား ယူ၍ လက်ချင်းထပ်လိုက်စေသည်။ သူမ၏ မျက်လုံးများမှာ မျက်ရည်များဖြင့်ဝဲတက်နေပြီး ချစ်မြတ်နိုးမှုများဖြင့် ညင်သာစွာပြုံးလိုက်လေသည်။

“မင်းတို့လင်မယားနှစ်ယောက် သက်ဆုံးတိုင်ချစ်ခင်သွားကြပြီး အိုအောင်မင်းအောင်ပေါင်းနိုင်ကြဖို့ အမေမျှော်လင့်ပါတယ်ကွယ်”

“ကျေးဇူးပါ အမေ”

( ၁၅ ) မိနစ်ခန့်ကြာပြီးနောက် ရှန်းယောင်သည် ကျီကျောက်နှင့်အတူ နတ်ဆေးသမားတော် ရှန်းဟယ်အား သွားတွေ့လေသည်။

“ဆရာသခင်… လက်ဖက်ရည်သုံးဆောင်ပါဦး” ကျီကျောက်သည် ကျိုးနွံစွာဖြင့် ဆရာကြီးအား လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်လေသည်။

“ကောာင်းပါပြီကွယ်”

ဆရာကြီးသည် ပြုံးလိုက်ကာ စားပွဲခုံအစွန်းရှိ လီလီပန်းပုံ ထွင်းထုထားသည့် ထူးခြားလှပသည့် သေတ္တာတစ်လုံးအား ယူလိုက်ကာ ကျီကျောက်ဆီသို့ လှမ်းပေးလိုက်လေသည်။

“မင်းတို့နှစ်ယောက်အတွက် လက်ဆောင်ပဲ။ ဖွင့်ပြီး ကြည့်လိုက်ပါဦးကွယ်”

ကျီကျောက်သည် အပြုံးယဲ့ယဲ့လေးပြုံးကာ သူ့အား နာခံစွာ ကျေးဇူးတင်လိုက်ပေသည်။

သူမ သေတ္တာလေးအား ဖွင့်ကြည့်ပြီးသည့်နောက် ရွှေငါးပုံထွင်းထုထားသည့် စက်ဝိုင်းခြမ်းသဏ္ဍာန်ကျောက်စိမ်း နီနီရဲရဲလေး နှစ်လုံးအား တွေ့လိုက်ရလေသည်။

ကျောက်စိမ်းနီနီရဲရဲလေးအား ထိကြည့်လိုက်သည့်အခါ နွေးနေပြီး သလင်းကျောက်ကဲ့သို့ ကြည်လင်နေပေသည်။ ထိုကျောက်စိမ်းပေါ်၌ ခက်ခက်ခဲခဲ ထွင်းထုထားသည့် ရွှေငါးကြင်းလေးမှာ ၀င်းလက်တောက်ပကာ အသက်၀င်လွန်းလှပေသည်။

ကျောက်စိမ်းရရှိဖို့ဆိုတာ ခက်ခဲလှသည်။ ကျောက်စိမ်းအနီအား ရရှိဖို့ရန်မှာ ပိုခက်ခဲလှပေသည်။

သူမ၏ ဆရာသခင်မှ သူမတို့အတွက် ဒီမျှလောက် အဖိုးတန်သည့် ရတနာအား လက်ဆောင်ပေးလာမည်လို့ မထင်ထားခဲ့ပေ။

“ဆရာ ဒီကျောက်စိမ်းက အရမ်းတန်ဖိုးကြီးလွန်းတယ်။ တပည့် လက်မခံနိုင်ပါဘူး” ကျီကျောက်သည် အလျင်အမြန် ပြောလိုက်လေသည်။

“မင်း လက်မခံပဲနေရဲရင် ဆရာမင်းကို တပည့်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးနော်”

နတ်ဆေးသမားတော် ရှန်းဟယ်သည် လက်ဖက်ရည်တစ်ခွက်အား သုံးဆောင်လိုက်ရင်း သူမအား အေးစက်စွာကြည့်လေသည်။ သူ့မျက်လုံးများထဲ၌ ခြိမ်းခြောက်မှုများ အထင်းသားပေါ်နေလေသည်။

“ဟုတ်ပါပြီ ကျောက်ကျောက်ရေ လူကြီးတစ်ယောက်ပေးတဲ့ လက်ဆောင်ကို မငြင်းရဘူးလေကွာ” ရှန်းယောင်သည် သူမ၏ လက်ဖဝါးလေးအား ကုတ်လိုက်ပြီး သူမအား ညင်သာစွာ ဖျောင်းဖျလေသည်။

“ဒါဆိုလည်း ကောင်းပါပြီလေ” ကျီကျောက်သည် ထိုအကြောင်းအား စဉ်းစားလိုက်ပြီး အပြုံးလေးဖြင့် မေးလိုက်လေသည်။

“ဒါဆိုရင် ဆရာ နေ့လည်စာ ဘာစားချင်လဲဟင်။ တပည့် ဘာလုပ်ပေးရမလဲ”

“နောက်ဆုံးတစ်ခေါက်လာတုန်းက စီချွမ်ကြက်သားတုတ်ထိုးက တကယ်အရသာရှိတယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား”

“ဟုတ်ကဲ့ပါ…..အခု တပည့် မီးဖိုချောင်သွားပြီး ပြင်ဆင်လိုက်ဦးမယ်နော်။”

ကျီကျောက် လှည့်ထွက်သွားပြီးနောက် ဆရာကြီးသည် သူ့မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ သိမ်မွေ့စွာပြုံးနေသည့် ရှန်းယောင်အား အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။

“မင်းတို့နှစ်‌ယောက်က အသစ်စက်စက် လက်ထပ်ထားကြပြီး ပျားရည်ဆမ်းခရီးကာလမှာပဲ ရှိနေကြသေးတာ ငါသိပေမဲ့ ငါမင်းကို သတိပေးချင်တာက အရာရာတိုင်းမှာ ကန့်သတ်ချက်ရှိသင့်တယ်ဆိုတာပဲ”

မိန်းမငယ်လေးရဲ့ ခြေလှမ်းများမှာ အနည်းငယ် တုန်ယင်နေလေသည်။ သူတို့တွေ အလွန်အကျွံ မွေ့လျော်ခဲ့ကြသည်မှာ ထင်ရှားလှပေသည်။

ဒီကောင်စုတ်လေး ရှန်းယောင်က ဘယ်လိုနူးညံ့ညင်သာစွာ ဆက်ဆံရမယ်ဆိုတာကို မသိဘူးပဲ။

“ဟုတ်ကဲ့ပါ….ကျွန်တော် နားလည်ပါပြီ” ရှန်းယောင်သည် ဉာဏ်ကောင်းသူဖြစ်သည့် အလျောက် ဆရာကြီး၏ စကားများထဲ၌ သတိပေးချက်များ ဖုံးကွယ်နေသည်ကို ကြားနိုင်ပေသည်။

သို့ပေမယ့် ကျောက်ကျောက်သည် သူချစ်ရသည့်သူဖြစ်ကာ လက်ရှိတွင် သူ့ဇနီးဖြစ်ပေသည်။ သူတို့၏ ကြင်စဦးည၌ သူ့လိုအင်ဆန္ဒများအား ထိန်းထားနိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။

“ငါ့လက်တွေ အနည်းငယ်ယားယံနေတယ်….ငါနဲ့ တစ်ပွဲလောက် ဆော့ပေးစမ်းပါ”

သူ ဒီကောင်စုတ်လေးအား မကြိုက်သော်ငြား ဘယ်လိုပဲဖြစ်ပါစေတော့ ဒီကောင်လေးက သူ့ တပည့်အလိမ္မာလေး၏ ခင်ပွန်း ဖြစ်နေပေသည်။

“ကောင်းပါပြီဗျ”

ကျီကျောက်သည် မီးဖိုချောင်ထဲ၀င်၍ စီချွမ်ကြက်သားတုတ်ထိုးလုပ်ရန် လိုအပ်သည့် ပါ၀င်ပစ္စည်းများအား ပြင်ဆင်လိုက်လေသည်။

တကယ်တော့ စီချွမ်ကြက်သားတုတ်ထိုး လုပ်နည်းမှာ အလွန်ရိုးရှင်းပေသည်။

အရေးကြီးဆုံးအရာမှာ ပါ၀င်ပစ္စည်းများသာ ဖြစ်ပေသည်။ သူမ သဘောကျသည့် ချက်ပြုတ်နည်းမှာ လတ်လတ်ဆတ်ဆတ် ကြက်သားအား ပါ၀င်ပစ္စည်းအနေဖြင့် အသုံးပြု၍ မြေပဲထောပတ်၊ နှမ်းနှစ်၊ ကမာဆီ၊ ပဲငံပြာရည်၊ အဝါရောင်ဝိုင်၊ ငရုတ်ဆီတို့ဖြင့် ရောနယ်ခြင်း ဖြစ်ပေသည်။

သူမသည် ကြက်သားအား ရေဆေးလိုက်၍ ကြက်သွန်မြိတ်၊ဂျင်းနှင့် ရေတို့ဖြင့် ရောပြုတ်လိုက်လေသည်။ ထို့နောက်သူမသည် ပြုတ်ထားသည့်ကြက်သားအား အပြင်မထုတ်ခင် အဝါရောင်ဝိုင်ကို ထည့်လိုက်လေသည်။ သူမသည် ရေအေးတစ်ဇလုံအား ကြိုပြင်ထားကာ ထိုပြုတ်ထားသည့် ကြက်သားအား ရေအေးထဲသို့ ထည့်၍ အအေးခံလိုက်ပြီးနောက် အပိုင်းပိုင်း လှီးလိုက်၍ ဇလုံထဲ ထည့်လိုက်လေသည်။

“မွှေးနေတာပဲကွယ်” မီးဖိုဘေး၌ စောင့်နေသည့် ကျောက်လန်ဟွာသည် သင်းပျံ့လာသည့် စပ်စပ်ထုံထုံ အနံ့မွှေးမွှေးလေးအား ရလိုက်သဖြင့် သူမ တံတွေးမျိုချလိုက်မိသည်။

“အမေ ခဏနေရင် မီးလေး လျှော့ပေးပါနော်” ကျီကျောက်သည် အပြုံးလေးဖြင့် ပြောလိုက်ကာ အလုပ်ဆက်လုပ်နေလေသည်။

ကျီကျောက်သည် အကြီးဆုံးမရီးရှန်းနှင့် ဒုတိယမရီးရှန်းတို့ ပြင်ဆင်ပေးထားသည့် အသားတုတ်ထိုးချောင်းများအား ဆေးကြောနေလေသည်။ ထို့နောက် သူမသည် ထိုတုတ်ထိုးများအား အိုးထဲသို့ ထည့်ပြုတ်လိုက်လေသည်။ တုတ်ထိုးများအား ချက်ပြုတ်ပြီးသည့်နောက် သူမသည် အပြာနှင့် အဖြူ စပ်ထားသည့် အိုးကြီးအား ထုတ်လိုက်ပြီး ထို‌တုတ်ထိုးချောင်းများဖြင့် ဖြည့်လိုက်လေသည်။ ထို့နောက် သူမ အရင်ထဲကပြင်ထားပြီးသည့် ဟင်းရည်အား အိုးထဲသို့ လောင်းထည့်လိုက်လေသည်။ နောက်ဆုံးမှာတော့ သူမသည် ဆီပူဇွန်းကြီးတစ်ဇွန်းအား အပေါ်မှ လောင်းထည့်လိုက်လေသည်။

ဗွမ်း*

ဆီပူသည် ဟင်းရည်၏ ရနံ့အား လှုံ့ဆော်ပေးလိုက်သဖြင့် မွှေးကြိုင်ထုံသင်းနေသည့် အနံ့လေးမှာ သင်းပျံ့‌လို့နေလေသည်။

“တို့တွေ မနက်စာ စားထားတာတောင် သိပ်မကြာသေးဘူးနော်။ အခု တို့ဗိုက်ထပ်ဆာလာပြန်ပြီကွယ်” ဒုတိယမရီးရှန်းသည် ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလေသည်။

“တို့ အာ့ထောင်ရဲ့ ဟင်းချက်စွမ်းရည်ကတော့ တကယ့်အောချစရာပဲဝေ့”

“အဲ့လိုပဲ ဖြစ်နေရမှာပဲလေ” အကြီးဆုံးမရီးရှန်းမှလည်း စနောက်လာလေသည်။ “ဒီအနံ့မွှေးမွှေးလေးကတော့ တကယ်ကို စွဲမက်စရာကောင်းတာပါပဲကွယ်”

“အမေ….. သုံးဆောင်ကြည့်ပါဦးရှင့်” ကျီကျောက်သည် ပြုံးလိုက်၍ ကြက်သားတုတ်ထိုးတစ်ချောင်းအား ယူလိုက်ကာ ကျောက်လန်ဟွာအား ကမ်းပေးလိုက်လေသည်။

“သမီးကို ကူမြည်းပေးနိုင်မလားဟင်”

“အကြီးဆုံးမရီးရှန်း….ဒုတိယမရီးရှန်း အမတို့လည်း ညီမကို ကူမြည်းပေးကြပါဦး” ကျီကျောက်သည် ချိုသာစွာပြုံးလိုက်၍ အလွန်အမင်း အလေးအနက်ဖြင့် ပြောလာလေသည်။ “တို့တွေ ဒီစီချွမ်ကြက်သားတုတ်ထိုးကို မီးဖိုချောင်ထဲက ထုတ်မသွားကြခင် အရင် ငန်လား ပေါ့လား မြည်းသင့်တယ်မဟုတ်လား”

“အဓိပ္ပါယ်ရှိတယ်ဝေ့”

All Chapters