← Chapters

ဆုံတွေ့ခြင်းသည် ကံတရား

Vol. 22 Ch. 211

ဆုံတွေ့ခြင်းသည် ကံတရား

Vol. 22 Ch. 211

မြောက်ပိုင်းဒေသသည် အဆုံးအစမဲ့ ကျယ်ပြန့်ပေ၏။

ကျုံးချင်နှင့်ဟေးပိုင်တို့သည် ကြေးမုံနှလုံးသားရေကန်မှ ထွက်ခွာလာခဲ့ပြီး ရက်အနည်းငယ်ကြာ ခရီးနှင်ပြီးကာ နောက်ဆုံးတွင်မူ မြောက်ပိုင်းဒေသ၏အစွန်အဖျားသို့ ရောက်ရှိလာကြသည်။

ယနေ့တွင်...

သူတို့နှစ်ယောက်သား နှင်းဖုံးနေသော တောအုပ်တစ်ခုဆီသို့ ရောက်ရှိလုနီးပါး ဖြစ်နေသည်။

ထိုတောအုပ်အတွင်း၌ လူရိပ်များ လှုပ်ရှားနေပြီး တိုက်ခိုက်နေသံများသည် ပတ်ဝန်းကျင်အနှံ့အပြား၌ ပဲ့တင်ထပ်နေပေ၏။

"သူခိုးကောင်... ရတနာကို ထုတ်ပေးစမ်း... ဒါဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်..."

ကျယ်လောင်သော အော်ငေါက်သံက တိမ်တိုက်များကို တုန်ခါသွားစေသည်။ ထိုနေရာ၌ အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များ လှိုင်းထနေပြီး မိုးကောင်းကင်ယံအနှံ့အပြား၌ ပျံ့နှံ့နေပေ၏။

နှင်းပြင်ပေါ်တွင် လူငယ်တစ်ဦးရှိနေကာ သူ့ကို ချိန်ရွယ်ထားသော မရေမတွက်နိုင်သည့် ဓားချီအလင်းတန်းများကို ကြည့်ရှုရင်း သူ၏မျက်နှာ သုန်မှုန်နေသည်။

ထိုလူငယ်က အံ့အားတသင့် အော်ဟစ်ဆဲဆိုရင်း ထွက်ပြေးနေသည်။

"သောက်ကျိုးနည်း... ငါ ခုဏက ဒီနေရာမှာ လူတွေအများကြီး ရှိနေတာကို တွေ့ပြီးတော့ မြေကြီးအောက်ထဲ ဝင်ပြေးမလို့ လုပ်ထားတာ... အဓိကက ငါ ပြဿနာ မဖြစ်ချင်လို့လေ..."

"ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အဓိပ္ပါယ်မဲ့ ရတာလဲ... မြေကြီးထဲ တိုးဝင်တာကတောင် လျှို့ဝှက်နယ်မြေ တစ်ခုထဲ ရောက်သွားစေတယ်တဲ့လား..."

"လျှို့ဝှက်နယ်မြေ ထဲ ရောက်သွားတာက ထားပါတော့..."

"ဒါပေမဲ့ ရတနာတစ်ခုက မိုးကောင်းကင်ပေါ်ကနေ ငါ့ရဲ့ရင်ခွင်ထဲ တည့်တည့်ပြုတ်ကျလာတာက ဘာသဘောလဲ..."

ထိုလူငယ်၏အမည်မှာ တုဟောက်ဖြစ်ပြီး အသက်နှစ်ဆယ်ကျော်အရွယ်ရှိကာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာထားမှာ အနည်းငယ်ရက်စက်ကြမ်းကြုတ်ပုံ ပေါက်နေသည်။

"ငါ တုဟောက်က လူတိုင်း ချစ်ခင်ပြီးတော့ လူတိုင်း လေးစားအားကျရတဲ့သူ....ငါ့ရဲ့အရွယ်နဲ့ မလိုက်အောင် ချောမောခန့်ညားပြီး သန်မာအားကောင်းတဲ့သူ ဖြစ်ပေမဲ့... လူပေါင်းသိန်းနဲ့ချီပြီး လုယူနေကြတဲ့ ရတနာတစ်ခုက ရုတ်တရက်ကြီး ငါ့ရဲ့ရင်ခွင်ထဲကို ရောက်လာတာကတော့ အရမ်းကို အဓိပ္ပါယ်မဲ့လွန်းနေပြီ..."

"ဝုန်း..."

အဆုံးမရှိသော တိုက်ခိုက်မှုများ ကျရောက်လာသည်နှင့်အမျှ လေဟာနယ် တုန်ခါပြီး မြေပြင်တပြင်လုံး လှုပ်ခတ်သွားပေ၏။

တုဟောက်၏ပုံရိပ်သည် ရိပ်ခနဲဖြစ်သွားပြီး နေရာရွှေ့ပြောင်းလိုက်သည့်အလား ပေပေါင်း တစ်ရာခန့်အကွာသို့ ရောက်ရှိသွားသည်။

ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းတစ်တန်း လင်းလက်သွားသည်။

အလင်းတန်းတစ်ခုမှ နှစ်တန်း နှစ်တန်းမှ လေးတန်း လေးတန်းမှ ရှစ်တန်း ရှစ်တန်းမှ ဆယ့်ခြောက်တန်း.. နာရီဝက်မပြည့်မီမှာပင် သူသည် ပုံရိပ်ယောင်ကိုယ်ပွားများကို ထောင်နှင့်ချီ၍ ခွဲထုတ်လိုက်တော့သည်။

ဤသည်မှာ ဘုရင်အဆင့် ဆန်းကြယ်စွမ်းရည်ဖြစ်သော ပုံရိပ်ယောင်တစ်ထောင် ကိုယ်ပွားနည်းစနစ်ပင်။

ထိုနည်းစနစ်ကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံပြီးပါက ကိုယ်ပွားတစ်ထောင်ကို ထုတ်လွှတ်နိုင်သည်။

ဤသည်မှာ ခန့်မှန်းရခက်ပြီး ထူးခြား၍ နက်နဲသိမ်မွေ့သော နည်းစနစ်တစ်ခုပင်။

ထိုကိုယ်ပွားများသည် သူ၏စိတ်ဆန္ဒအတိုင်း လှုပ်ရှားနိုင်ပြီး သူ၏ခန္ဓာကိုယ်အစစ်သည် ကိုယ်ပွားများကြားတွင် ပုန်းအောင်းနေနိုင်သဖြင့် ပြီးပြည့်စုံသော ရုပ်ဖျက်မှုတစ်ခု ဖြစ်စေသည်။

ဤသည်မှာ အလွန်စွမ်းအားကြီးသော ထွက်ပြေးလွတ်မြောက်ခြင်း ဆန်းကြယ်စွမ်းရည်တစ်ခုပင်။

"ဒါက ဘယ်လို နည်းလမ်းမျိုးလဲ..."

အစစ်နှင့်အတု ရောထွေးနေသော ထောင်နှင့်ချီသည့် ကိုယ်ပွားများသည် သူ့ကို သတ်ဖြတ်ပြီး ရတနာ လုယူချင်သူများအတွက် ခက်ခဲစေခဲ့သည်။

တချို့လူများသည် ကိုယ်ပွားများနောက်သို့ လိုက်ကြ၏။

သို့သော် သူတို့ ရမ်းသမ်းပြီး ဓားဖြင့်ခုတ်ပိုင်းလိုက်ချိန်၌ သူတို့ လိုက်နေသည်မှာ ကိုယ်ပွားသာ ဖြစ်နေကြောင်း သိရှိလိုက်ရသည်။

အစစ်နှင့်အတုကြားတွင် တုဟောက်သည် ခုတ်ပိုင်းခံလိုက်ရသဖြင့် ပျက်စီးသွားသော ကိုယ်ပွားအမြောက်အများကို ကြည့်ရှုရင်း သူ၏မျက်လုံးထဲတွင် စဉ်းစားတွေးတောနေသည့် အရိပ်အယောင်တစ်ရပ် ဖြတ်သန်းသွားသည်။

"ငါက ကိုယ်ပွားတစ်ထောင် ခွဲထုတ်ထားပြီးပြီ ဆိုတော့ အဖမ်းခံရမယ့် ရာခိုင်နှုန်းက တစ်ရာခိုင်နှုန်းတောင် မပြည့်ဘူး... သေမယ့် ရာခိုင်နှုန်းကလည်း တစ်သောင်းမှာ တစ်ပုံတောင် မရှိဘူး..."

"ဒါပေမဲ့ ဆိုရိုးစကား ရှိတယ်မလား... စိတ်မကောင်း ဖြစ်ရတာထက်စာရင် ဘေးကင်းတာက ပိုကောင်းတယ်တဲ့..."

"ဒီအတိုင်း ဆက်ဖြစ်နေလို့ မဖြစ်ဘူး..."

သူက သူ၏ရင်ခွင်ထဲမှ ရတနာကို ငုံ့ကြည့်လိုက်သည်။ သူသည် ဤအန္တရာယ်ကို အစပျိုးမိသောကြောင့် နှိမ်နင်းရပေမည်။

သူ တုဟောက်သည် အမြဲတစေ သတိထားပြီး လှုပ်ရှားတတ်သူပင်။

ဤရတနာသည် ကောင်းမွန်သော်လည်း သူ၏အသက်နှင့် ယှဉ်လိုက်လျှင် လုံးဝအရေးမပါတော့ချေ။

ဤသို့ တွေးတောနေစဉ်မှာပင် ကျုံးချင်နှင့် ဟေးပိုင်တို့ အဝေးမှ လျှောက်လှမ်းလာသည်ကို သူ မြင်တွေ့မိပေ၏။

တုဟောက်၏မျက်လုံးအကြည့် ရွေ့လျားသွားကာ သူ အနည်းငယ် အံ့အားသင့်သွားသည်။

"ဒီလောကကြီးမှာ ငါ့ထက်တောင် ပိုဆွဲဆောင်မှုရှိပြီး ချောမောခန့်ညားတဲ့သူ ရှိသေးတာလား..."

"မင်းရဲ့ ချောမောခန့်ညားမှုကြောင့် ဒီရတနာ က မင်းအတွက်ပဲ..."

သူက ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။ လူပေါင်းမရေမတွက်နိုင်အောင် လုယူနေကြသော ရတနာကို သူသည် နှမြောတွန့်တိုခြင်း မရှိဘဲ ကျုံးချင်ထံ တန်းတန်းမတ်မတ် ပစ်ပေးလိုက်ခြင်း ဖြစ်ပေ၏။

တုဟောက်၏အတွေးမှာ လွန်စွာရိုးရှင်းသည်။

ဤရတနာသည် ကိုင်တွယ်ထားရန် အလွန်ပူပြင်းလွန်းသဖြင့် သူသည် ထိုအရာကို စွန့်ပစ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုရတနာကို စွန့်ပစ်ရမည် ဖြစ်သဖြင့် သူ မျက်စိကျသူကို ပေးလိုက်ခြင်းက ပိုကောင်းပေမည်။

တစ်ဖက်တွင်မူ...

ကျုံးချင်သည် အေးအေးလူလူ ခရီးသွားနေခြင်း ဖြစ်သည်။

ရုတ်တရက် ပုံရိပ်တစ်ခုက တောအုပ်ထဲမှ ပြေးထွက်လာပြီး သူ့ထံသို့ တစ်စုံတစ်ခုကို ပစ်ပေးလိုက်၏။

သူ အနည်းငယ် အံ့အားသင့်သွားသည်။

သူ၏အမြင်အာရုံအရ ဤပစ္စည်းသည် သာမန်မဟုတ်မှန်း သဘာဝကျကျ သိရှိနိုင်သည်။

ဤအရာသည် ဘတ်စကက်ဘောလုံးတစ်လုံးစာ အရွယ်အစားရှိပြီး တစ်ခုလုံး အဝါရောင်သန်းနေကာ ကျောက်စိမ်းတုံးတစ်တုံးနှင့် တူညီနေပေ၏။

သို့သော် ထိုအရာမှ နက်နဲသိမ်မွေ့သော ရွှေဝါရောင် ချီစွမ်းအားများ ထွက်ပေါ်နေကာ စိတ်ဝိညာဉ်အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။

ကျုံးချင်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ဒါက... ရွှေဝါရောင် သန္ဓေသားရတနာ ပဲ..."

ရွှေဝါရောင် သန္ဓေသားရတနာ ဆိုသည်မှာ လောကကြီး၏ ရှားပါးရတနာတစ်ပါးပင်။

ထိုအရာတွင် လောကကြီး၏ စိတ်ဝိညာဉ် အနှစ်သာရများ ပါဝင်နေပေ၏။

ဆေးလုံးများ ဖော်စပ်ရာတွင် ထိုအရာကိုအနည်းငယ်မျှ ထည့်လိုက်ရုံဖြင့် ဆေးလုံးများ၏အရည်အသွေးကို များစွာတိုးတက်စေနိုင်သည်။

လက်နက်ကိရိယာများ သန့်စင်ရာတွင်လည်း ထပ်တူထပ်မျှ အသုံးဝင်သည်။

ထို့ပြင်...

ထိုအရာကို တိုက်ရိုက်စားသုံးလျှင်လည်း ရုပ်ခန္ဓာကိုယ်ခွန်အားကို တိုးမြှင့်ပေးနိုင်ပြီး စိတ်ဝိညာဉ်စွမ်းအားကို သန့်စင်ပေးနိုင်သည်။

ရွှေဝါရောင် သန္ဓေသားရတနာတွင် ထူးခြားသော လုပ်ဆောင်ချက်များ ကျယ်ပြန့်သော အသုံးချမှုများနှင့် အဖိုးဖြတ်မရနိုင်သော တန်ဖိုးများ ရှိနေသည်။

သောင်းပြောင်းထွေလာ ဆေးလုံးကျမ်းစာထဲတွင် ဤပစ္စည်းအကြောင်း အထူးတလည် ဖော်ပြထားပေ၏။

ကျုံးချင်က လက်တစ်ဖက် ဆန့်တန်းလိုက်ရာ ရွှေဝါရောင် သန္ဓေသားရတနာသည် သူ၏လက်ထဲသို့ တည်ငြိမ်စွာ ကျရောက်လာသည်။

ဤကိစ္စက သူ့ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေသည်။

ဘာတွေ ဖြစ်နေတာလဲ...

သူသည် ခရီးသွားရင်း ဝိုင်အရက်သောက်နေခြင်းဖြစ်သော်လည်း ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ထံသို့ ရတနာတစ်ခု ပစ်ပေးလိုက်သလော...

ဤမြင်ကွင်းသည် မည်သို့ပင် တွေးတောစေကာမူ ထူးဆန်းနေသည်။

ဤသည်မှာ ပျားရည်မုန့်တစ်ခုက မိုးကောင်းကင်ယံပေါ်မှ ရုတ်တရက် ပြုတ်ကျလာသည့်အလားပင်။

ကျုံးချင် အနည်းငယ် ဝမ်းသာသွားသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ပျော်ရွှင်စရာ ကိစ္စတစ်ရပ် ဖြစ်ပေ၏။

ရွှေဝါရောင် သန္ဓေသားရတနာနှင့် ရင်ဆိုင်ရချိန်၌ သူ ထိုအရာကို အပြုံးဖြင့် လက်ခံလိုက်သည်။

ဤအချိန်တွင် မိုးကောင်းကင်ယံပေါ်မှ တုဟောက်က ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"ညီအစ်ကို... ဆုံတွေ့ရတာက ရေစက်ပါပဲ..."

"ငါ မင်းကို တော်တော်လေး သဘောကျတယ်... ဒါကြောင့် ဒီရတနာက မင်းအတွက်ပဲ..."

"ကျေးဇူးတင်စရာ မလိုပါဘူး..."

"ကျေးဇူးပြုပြီး ငါ့ကို လူကောင်းတစ်ယောက်လို့ပဲ သတ်မှတ်ပေးပါ..."

ထိုသို့ပြောဆိုပြီးသည်နှင့် သူ၏ပုံရိပ်သည် ဖျတ်ခနဲဖြစ်သွားပြီး အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။

ထွက်ခွာသွားသော တုဟောက်၏ပုံရိပ်ကို ကြည့်ရှုရင်း ကျုံးချင်၏နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားပေ၏။

"စိတ်ဝင်စားစရာပဲ..."

တစ်ချိန်တည်းမှာပင်...

လေဟာနယ်ထဲ၌ ဆယ်နှင့်ချီသောပုံရိပ်များ ဖြတ်သန်းသွားကြသည်။

ဤလူများအားလုံး ကျုံးချင်၏နံဘေးသို့ တန်းတန်းမတ်မတ် ရောက်ရှိလာကြသည်။

"ကောင်လေး... ရွှေဝါရောင် သန္ဓေသားရတနာ ကို ထုတ်ပေးစမ်း... ဒါဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်..."

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်ထားသော အဘိုးအိုတစ်ဦးသည် ကျုံးချင်၏လက်ထဲမှ ရွှေဝါရောင် သန္ဓေသားရတနာကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးများထဲတွင် လိုချင်တပ်မက်မှုနှင့်သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသည်။

ကျုံးချင်က ရွှေဝါရောင် သန္ဓေသားရတနာကို သူ၏ကမ္ဘာငယ်ထဲသို့ တိုက်ရိုက်ထည့်သွင်းလိုက်သည်။

ဟာသပဲ...

သူ၏လက်ထဲသို့ ရောက်လာသော ရတနာကို ပြန်ထုတ်ပေးရန် အကြောင်းမရှိချေ။

ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ အဘိုးအိုသည် လုံးလုံးလျားလျား ဒေါသထွက်သွားပေ၏။

"မင်းက ငါ့ရဲ့ကြင်နာမှုကို နားမလည်တဲ့ကောင်ပဲ... မင်းက သေလမ်းရှာနေတာလား..."

ဒေါသတကြီး အော်ငေါက်သံနှင့်အတူ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အဘိုးအိုက သူ၏ဓားကိုမြှောက်ပြီး ခုတ်ပိုင်းလိုက်သည်။

သူသည် မီတာလေးဆယ်ရှည်သော ဓားချီတစ်လှိုင်းကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။

စကားများစွာမပြောဘဲ ရက်စက်တတ်သော လူတစ်ဦး၏ပုံရိပ်ကို ထိုအဘိုးအိုက ပြီးပြည့်စုံစွာ သရုပ်ဖော်လိုက်ခြင်းပင်။

သို့သော် ကျုံးချင်က သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။

မီတာလေးဆယ်ရှည်သော ဓားချီသည် ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့သည်။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်အဘိုးအိုသည်လည်း ထိုလေပြင်းနှင့်အတူ လွင့်ထွက်သွားပေ၏။

သူ၏ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်စင်းကဲ့သို့ နှင်းတောင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည်။

ထို့နောက် သွေးများသည် တန်ဖိုးမရှိသည့်အလား သူ၏ပါးစပ်ထဲမှ အမြောက်အများ အန်ထွက်လာသည်။

သူသည် အသက်ရှူရုံလောက်သာ ကျန်တော့ပြီး သေဆုံးသွားရန် သိပ်မလိုတော့သည်မှာ သိသာထင်ရှားသည်။

"ဘယ်လို... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အဘိုးအိုသည် သူ သေဆုံးခါနီးအချိန်ထိ မယုံကြည်နိုင် ဖြစ်နေသည်။

လမ်းသွားလမ်းလာတစ်ဦးက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် သူ့ကို သတ်ဖြတ်ခဲ့သလော....

သူသည် ဂုဏ်သတင်းကြီးမားသော ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူဖြစ်ပြီး သာမန်လူတစ်ယောက် မဟုတ်ချေ။

သို့သော် သူသည် ဤအတိုင်း အလွန်ပေါ့ပေါ့တန်တန် သေဆုံးသွားခဲ့ရသည်။

ဤသို့တွေးတောရင်းဖြင့် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အဘိုးအိုသည် ချက်ချင်းအသက်ထွက်သွားပေ၏။

ဤအကြောင်းအရာများအားလုံးသည် ပြောပြလျှင် ကြာမြင့်သော်လည်း အမှန်အားဖြင့် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ဖြစ်ပျက်သွားခဲ့ခြင်းပင်။

တခြားသူများအားလုံး ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

သူတို့သည် ထိတ်လန့်တုန်လှုပ်သွားကြသော်လည်း လောဘစိတ်က ပို၍ကြီးစိုးနေသည်။

ရတနာများသည် စိတ်နှလုံးသားကို လှုပ်ခတ်စေပြီး စည်းစိမ်ဥစ္စာများသည် စိတ်ဝိညာဉ်ကို ဖမ်းစားတတ်သည်ဟု ပြောလေ့ရှိကြသည် မဟုတ်လော....

"ငါတို့အားလုံး အတူတူ တိုက်ခိုက်ပြီးတော့ သူ့ကို သတ်ကြမယ်..."

အသံတစ်သံ ထွက်ပေါ်လာသည်နှင့်အတူ ဆယ်နှင့်ချီသောလူများက သူတို့၏သတ်ဖြတ်ခြင်းနည်းစနစ်များကို တပြိုင်နက်တည်း ထုတ်သုံးလိုက်ကြသည်။

စွမ်းအားကြီးသော တိုက်ခိုက်မှုအမျိုးမျိုးသည် အလကားရသည့် အရာများအလား အမြောက်အများ ထွက်ပေါ်လာသည်။

ဤလူများ၏စွမ်းအားသည် မနည်းလှဟု ပြောရပေမည်။ သူတို့အနက် လူအများစုမှာ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများပင်။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူအမြောက်အများ၏ ပူးပေါင်းတိုက်ခိုက်မှုသည် မိုးကောင်းကင်ယံကိုပင် ပြောင်းလဲသွားစေသည်။

တိုက်ခိုက်မှုအမြောက်အများ တပြိုင်နက်တည်း ရောက်ရှိလာသဖြင့် သာမန်ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင်ပင် အထူးသတိထားပြီး ကိုင်တွယ်ရမည့် အနေအထားသို့ ရောက်ရှိနေသည်။

သို့သော် ကျုံးချင်သည် မည်သည်ကြောင့် သာမန်ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်မည်နည်း...

သူသည် ယင်သုံးပါးနယ်ပယ် တတိယအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။

ထို့ပြင် သူ့ထံ၌ အဆင့်တူချေမှုန်းခြင်း စွမ်းရည်လည်း ရှိနေပေ၏။

သူ၏ရှေ့တွင် လူအရေအတွက်ဆိုသည်မှာ လုံးဝအဓိပ္ပါယ်မရှိချေ။

"ဝုန်း..."

သူသည် လက်ဝါးတစ်ချက် ရိုက်ချလိုက်ချိန်၌ ပေတစ်ရာနီးပါး ကြီးမားကျယ်ပြန့်သော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် တောင်ကြီးတစ်လုံးအလား အရာအားလုံးကို ဖိနှိပ်နိုင်သော စွမ်းအားများကို သယ်ဆောင်လာပြီး လေဟာနယ်ကိုပင် တုန်ခါသွားစေခဲ့သည်။

All Chapters