← Chapters

ဘာရည်ရွယ်ချက်မှမရှိပါဘူး

Vol. 32 Ch. 410

ဘာရည်ရွယ်ချက်မှမရှိပါဘူး

Vol. 32 Ch. 410

သူက အစောပိုင်း လေဟာနယ်ကျောက်စိမ်းဖြူနွားနှင့်တိုက်ပွဲကိုအာရုံစိုက်နေခဲ့သည်။

တစ်စုံတစ်ယောက် သူ့နာမည်ခေါ်သံကြားလိုက်ပေမယ့် အသံကိုမမှတ်မိလိုက်ပေ။

ယခုသူ မေးလိုက်သည့်အခါ....

ဟွာရှန်ချန်နဖူးမှချွေးအေးတွေထွက်လာပြီး လည်စလုတ်လည်းလှုပ်ရှားသွားကာ တိတ်တဆိတ် တံတွေးမြိုချလိုက်၏။

အတိတ်၏အရှက်ရမှုတွေကိုလက်စားချေမည့်အတွေးတွေလည်း ဂျန်ဖန်း၏ကြောက်မက်ဖွယ်ခွန်အားကြောင့် ပျောက်ကွယ်သွားပြီဖြစ်သည်။

ထုတ်ပြောဖို့နေနေသာသာ သူက ထိုအကြောင်းကို နောက်ထပ်တွေးတောင်မတွေးရဲတော့ပေ။

ဂျန်ဖန်း သူ့နာမည်ခေါ်လိုက်ပေမယ့် နေရာမှာပဲ ကြောင်ကြောင်ကြီးရပ်နေကာ တစ်လက်မတောင်မရွေ့ပေ။

ထို့ပြင် မေးတာလည်းမဖြေပေ။

ဟွာရှန်းချန် ရုတ်တရက် အသိပြန်ဝင်သွားပြီး မျက်နှာတောင့်တင်းသွား၏။

ဂျန်ဖန်းမျက်လုံးတွေနှင့် အကြည့်ချင်းဆုံသည့်အခါ အလျှင်အမြန်ပဲ အကြည့်လွှဲလိုက်သည်။

"ငါ...ငါ ဒီလာတာ...."

သူအထစ်ထစ်အငေါ့ငေါ့ဖြင့် အချိန်အတော်ကြာသည်ထိ ဆင်ခြေကောင်းရှာမတွေ့ဖြစ်နေခဲ့သည်။

လန်ဖေးယန် သူ့ကို တစ်ချက်ကြည့်လိုက်၏။

သူက ဟွာရှန်းချန်၏အစောပိုင်းအော်သံထဲ၌ ရန်လိုမှုကို ရှင်းရှင်းလင်းလင်းခံစားမိ၏။

ယခုပြောင်းလဲသွားရသည့်အကြောင်းအရင်းမှာ ဂျန်ဖန်းက ရန်စဖို့ သန်မာလွန်းနေတာကြောင့်ဖြစ်ရမည်ပင်။

ထို့ကြောင့် လှောင်ပြောင်လိုက်၏။

"ဂျူနီယာညီဟွာ, မင်း ဒီကို လီရှီချန်းအတွက် ဖြေရှင်းချက်လာတောင်းတာမဟုတ်ဘူးလား..."

ဟမ်?...

ဂျန်ဖန်း ပိုလို့တောင် မျက်မှောင်ကြုတ်သွားပြီး မကျေနပ်သည့်အမူအရာတစ်ချို့ သူ့မျက်နှာပေါ်မှာပေါ်လာခဲ့သည်။

"မင်းတို့မြင့်မြတ်ဂိုဏ်းက ခုထိမပြီးနိုင်သေးဘူးလား...."

"လီရှီချန်းပြဿနာလုပ်ပြီး လက်ထောက်ခန်းမသခင်ယဲ့ကို ဒေါသဖြစ်စေခဲ့တာ..."

"သူက သူ့ကံကြမ္မာသူဖန်တီးတာကို မင်းတို့က ငါ့ကိုလာနှောက်ယှက်လို့မပြီးနိုင်တော့ဘူးလား..."

"ငါ့ဂိုဏ်းဒီမှာမရှိလို့ အနိုင်ကျင့်လို့ရမယ်ထင်နေတာလား..."

ဟွာရှန်ချန်နှလုံးသား ခုန်ပေါက်သွား၏။

သူက အလျှင်အမြန်ပဲပြောလိုက်သည်။

"မဟုတ်ပါဘူး, မဟုတ်ရပါဘူး ဂျူနီယာညီလေး, ငါမှာ အဲ့လိုရည်ရွယ်ချက်လုံးဝမရှိပါဘူး, လုံးဝမရှိပါဘူး..."

"ငါ့ဂျူနီယာညီမက တဇွတ်ထိုးနဲ့ကလေးဆန်တယ်။ တာဝန်ပယ်ဖျက်ခံရတာက သူမနဲ့ထိုက်တန်ပါတယ်..."

"ငါဘယ်လိုလုပ် ဖြေရှင်းချက်လာတောင်းရဲမှာလဲ...."

ဂျန်ဖန်း ပိုလို့တောင် ပဟေဠိဖြစ်သွား၏။

"ဒါဆို ဘာလာလုပ်တာလဲ...."

သူက ဟွာရှန်ချန်နှင့် မရင်းနှီးပေ။

တစ်ခုတည်းသောဆက်ဆံမှုက မြင့်မြတ်ဂိုဏ်းပြိုင်ပွဲအတွင်းမှာ ယှဥ်ပြိုင်ခဲ့စဥ်ကဖြစ်သည်။

ဟွာရှန်ချန်းမျက်နှာ နောက်တစ်ကြိမ်တောင့်တင်းသွားပြီး ရုတ်တရက် အကြံရသွား၏။

သူက အပြင်ဘက်ကို အာဏာရှိသည့်အသံဖြင့် အော်ခေါ်လိုက်သည်။

"နင်ဘာလို့ ခုထိဝင်မလာသေးတာလဲ...."

အပြင်ဘက်၌ လီရှီချန်း အလွန်စိုးရိမ်နေပြီး ဂျန်ဖန်းသေသည်ထိအရိုက်မခံရဖို့ ဆုတောင်းနေခဲ့သည်။

ရုတ်တရက် ဟွာရှန်ချန်အော်သံကြားသည့်အခါ သူမနှလုံးသား ခုန်ပေါက်သွား၏။

သူ သေအောင်များရိုက်နှက်ပြီးသွားပြီလား?....

သူမ အလျှင်အမြန်ပဲ အထဲပြေးဝင်သွား၏။

သို့ပေမယ့် မြင့်လိုက်ရတာက ဂျန်ဖန်း ဘာထိခိုက်ဒဏ်ရာမှမရပေ။

မဖြစ်နိုင်ပေ။

သူမတို့က သူ့ကို အပြင်းအထန်သင်ခန်းစာပေးဖို့ရောက်လာကြသည်မဟုတ်လား။

ဘယ်လိုလုပ် ခြစ်ရာတောင်မရှိရသနည်း။

အနည်းဆုံး အရိုးတွေကျိုးပြီး နာကျင်လွန်း၍ အဖေအမေတပြီး ငိုနေသင့်သည်မဟုတ်လား။

သူမ မနေနိုင်ပဲ ဒေါသတကြီး မေးလိုက်သည်။

"စီနီယာအကိုဟွာ, ဘာဖြစ်နေတာလဲ..."

သူမက ဂျန်ဖန်းသေသည်ထိရိုက်ခံရမှာ စိုးရိမ်နေခဲ့သည်။

သို့ပေမယ့်အဆုံးမှာ, ဟွာရှန်ချန် ဤလောက်အချိန်အကြာကြီးသုံးပြီး ဂျန်ဖန်းခြစ်ရာတောင်မရှိခဲ့ပေ။

တင်းမာသည့်မျက်နှာနှင့် ဟွာရှန်းချန်း သူမခေါင်းကိုဆုပ်ကိုင်ပြီး ကြိမ်းမောင်းလိုက်သည်။

"နင်အဲ့မှာဘာကြောင်ရပ်နေတာလဲ။ ဒူးထောက်ပြီး ဂျူနီယာညီလေးဂျန်ကို တောင်းပန်လိုက်...."

"မင်းလုပ်ထားတဲ့အရှုပ်ထုပ်တွေကိုကြည့်စမ်း...."

"မင်းရဲ့စီနီယာအကိုကိုတောင် အရှက်ရစေတယ်...."

ဘာ?....

ဤအရာက ဘယ်လိုဖြစ်ရတာနည်း။

လီရှီချန်း ကြောင်သွား၏။

နင်က ငါ့အတွက်လက်စားချေမယ်ဆိုတဲ့ဆင်ခြေနဲ့ ဂျန်ဖန်းကို သင်ခန်းစာလာပေးတာမဟုတ်ဘူးလား...

ဘယ်လိုဖြစ်ပြီး ဂျန်ဖန်းနဲ့တွေ့မှ ငါ့ခေါင်းကိုတွန်းပြီး တောင်းပန်ခိုင်းနေရတာလဲ...

သူမ အော်ပြောလိုက်၏။

"စီနီယာအကို, နင်ရူးနေ..."

သူမပြောလို့မပြီးသေးခင်....

ဟွာရှန်းချန် သူမကို မြေပြင်ပေါ်ပိတ်ကန်လိုက်၏။

ထို့နောက် ခေါင်းကနေကိုင်ပြီး မြေကြီးနှင့်ထိအောင်ထိ သုံးကြိမ် ဦးညွှန်ခိုင်းလိုက်သည်။

ထိုသို့ပြုလုပ်ပြီးနောက် သူက ဂျန်ဖန်းကို တောင့်တင်းသည့်အပြုံးတစ်ခု ပြုံးပြုလိုက်သည်။

"ငါဒီကိုလာတာ ဂျူနီယာညီမကိုခေါ်ပြီး ညီလေးဂျန်ကို လာတောင်းပန်တာပါ...."

"ကျေးဇူးပြုပြီး, ညီလေးဂျန် သဘောထားကြီးပြီး ခွင့်လွတ်ပေးပါ...."

အာ...

ဂျန်ဖန်း ကြောင်သွား၏။

ယဲ့ချန်းယွမ် လီရှီချန်းကိုအပြစ်ပေးပြီး သူ့အတွက်ဖြေရှင်းချက်ပေးပြီးပြီမဟုတ်လား။

လီရှီချန်းကို ဤနေရာထိတရွတ်တိုက်ဆွဲခေါ်လာပြီး နောက်တစ်ကြိမ်ဒူးထောက်တောင်းပန်ခိုင်းဖို့လိုအပ်သည်လား။

ကြည့်ရတာ ဟွာရှန်းချန်းက... သူထင်သလောက်ဆိုးပုံမရပေ။

အနည်းဆုံး အမှားနှင့်အမှန်ကိုပိုင်ခြားနိုင်စွမ်းရှိပြီး သူ့လူဘက်ကမပါပေ။

သူက အလျှင်အမြန်ပဲ ပြောလိုက်သည်။

"စီနီယာအကိုဟွာ, မင်းက လေးနက်လွန်းနေပါပြီ...."

"ဒီကိစ္စက ပြီးပြီးသားပါ, ဒီလောက်ထိမလိုအပ်ပါဘူး..."

ဟွာရှန်ချန် သက်သာယာရစွာသက်ပြင်းချပြီး ပြောလိုက်သည်။

"မင်းရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်, ညီလေးဂျန်..."

"ဒါဆို မင်းကို ငါမနှောက်ယှက်တော့ဘူး..."

"နှုတ်ဆက်ပါတယ်, နှုတ်ဆက်ပါတယ်...."

ထို့နောက်....

ကြောင်အပြီးစိတ်ရှုပ်နေသည့်လီရှီချန်းနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ဂျန်ဖန်း အနည်းငယ် ဝေခွဲမရဖြစ်သွား၏။

"ဟွာရှန်ချန် ဘာလို့ထူးဆန်းနေတာလဲ..."

ဘေးမှာရပ်နေသည့်ရှချောင်ကော အနည်းငယ်သက်ပြင်းချလိုက်သည်။

"ထူးဆန်းတဲ့ခံစားချက်က နင့်ဆီကလာနေတာ, ဦးလေး..."

"တပည့်သစ်တစ်ယောက်ရဲ့ခွန်အားက ငါတို့ထိပ်တန်းတပည့်တွေနဲ့တန်းတူဖြစ်နေပြီ...."

"ဘယ်သူက နင်နဲ့တွေ့ရင်မထူးဆန်းပဲနေမှာလဲ...."

သူမစိတ်ထဲမှာတောင် အနည်းငယ်ထူးဆန်းမှုကို ခံစားရ၏။

ဆရာဦးလေး၏ခွန်အားက တကယ်ပဲ ဤလောက်ထိ အစွမ်းထက်သည်လား။

သူ့မှာစိတ်ဝိညာဥ်အမြစ်မရှိဘူးဆိုသည့်သတင်းက ဘယ်လိုများပျံ့နှံ့လာရသနည်း။

လက်ခံနိုင်စရာကိုမရှိပေ။

လန်ဖေးယန် အလေးအနက်သဘောတူလိုက်။

ဂျန်ဖန်းက တကယ်ကို မကောင်းဆိုးဝါးတစ်ကောင်ပင်။

သူက လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"ဒါဆို ဂျူနီယာညီလေးဂျန် တာဝန်အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်..."

"မင်းပြန်ရောက်တဲ့အခါ ညစာစားပွဲလေးကျင်းပကြတာပေါ့...."

"နှုတ်ဆက်ပါတယ်..."

နန်းကုန်းရှောင်ယွင်လည်း ပိုနေသည့်ငါးရောင်စပ်စစ်မြင်းကိုကိုင်တွယ်ရမည်ဖြစ်၍ ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, ဂရုစိုက်ပါ..."

"ကောင်းကင်အဆင့်ကယ်ဆယ်ရေးတာဝန်က တကယ် အန္တရာယ်များတယ်..."

ပြောပြီးနောက် နှစ်ယောက်သား တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့သည်။

အဆုံးမှာ ဂျန်ဖန်းနှင့် ရှချောင်ကောသာ ကျန်တော့၏။

"ဦးလေး,ငါ နင်နဲ့ လိုက်ခဲ့ချင်တယ်..."

ရှချောင်ကော မရပ်ပဲဆက်ပြောလိုက်၏။

"ငါ့အရည်အချင်းနဲ့, နင့်ကို အကူအညီအချို့ပေးနိုင်မှာပါ...."

ဂျန်ဖန်း လက်ဝှေ့ယမ်းပြလိုက်သည်။

"မလိုဘူး...."

ဤခရီးက မသိရသည့်အန္တရာယ်တွေနှင့်ပြည့်နေရာ ယွဲ့မင်ကျူးကိုခေါ်လာတာကကို သူ့ကို နောင်တရစေပြီးနေပြီဖြစ်သည်။

တစ်ခုခုသာမှားသွားလျှင် ယွဲ့မင်ကျူး သေသွားနိုင်၏။

ဘယ်လိုလုပ် ရှချောင်ကောကိုပါ ထပ်ခေါ်နိုင်မည်နည်း။

"ဒါပေမယ့် ဆရာဦးလေး, နင်က နင့်ရဲ့နောက်ဆုံးပြန်လည်ရှင်သန်ခြင်းဆေးလုံးကို သုံးပြီးသွားပြီလေ။ တကယ်လို့အန္တရာယ်နဲ့တွေ့ရင် လွတ်မြောက်ဖို့ခက်လိမ့်မယ်...."

ရှချောင်ကောပြောလိုက်သည်။

ဂျန်ဖန်းရယ်လိုက်၏။

"ငါ့မှာ ပြန်လည်ရှင်သန်ခြင်းဆေးလုံးတစ်လုံးပဲရှိတယ်လို့ ဘယ်သူကပြောလဲ...."

တစ်ခဏတွေးပြီးနောက် သူက ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ အခြားသူတွေမရှိတာ သေချာအောင်အတည်ပြုလိုက်၏။

ထို့နောက် ပြန်လည်ရှင်သန်ခြင်းဆေးလုံး ၁၀လုံးထုတ်ကာ သူမလက်ထဲထည့်ပေးလိုက်သည်။

"ယူထား, လျို့လျို့ဝှက်ဝှက်သုံး, ဘယ်သူမှမသိစေနဲ့...."

ရှချောင်ကော သူမလက်ဝါးထဲကို စိတ်ရှုပ်စွာကြည့်လိုက်သည်။

မြင်လိုက်ရသည့်အခါ သူမ၏တည်ငြိမ်သည့်သဘာဝနှင့်တောင် အံ့အားသင့်သွား၏။

"ပြန်လည်ရှင်သန်ခြင်းဆေးလုံး, များလှကြီလား..."

ပြောကြတာ ဈေးကွက်ထဲမှာ ပြန်လည်ရှင်သန်ခြင်းဆေးလုံး ၃ လုံးပဲရှိသည်မဟုတ်လား။ ထို့ပြင် အားလုံးက အသင်္ချေဓားဂိုဏ်းလက်ထဲမှာပင်။

ဤ ဆေး ၁၀ လုံးက ဘယ်က ရောက်လာသနည်း။

တစ်ခုခုကိုနားလည်သွားပြီ...

သူမအလျှင်အမြန် ဂျန်ဖန်းကိုပြန်ပေးဖို့ကြိုးစားပြီး ပြောလိုက်သည်။

"မဟုတ်ဘူး, မဟုတ်ဘူး, ချောင်ကော ဒါကို လက်မခံနိုင်ဘူး..."

"ကျေးဇူးပြုပြီး ဆရာဦးလေး ပြန်ယူလိုက်ပါ...."

လက်ရှိပြန်လည်ရှင်သန်ခြင်းဆေးလုံး၏တန်ဖိုးက ဖော်ပြလို့တောင်မရပေ။

တစ်လုံးထဲကကို မယုံနိုင်အောင်ရှားပါးသည့်နတ်ဘုရားပစ္စည်းဖြစ်၏။

တစ်ပုလင်းလုံးဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။

ဤကဲ့သို့အဖိုးတန်သည့်လက်ဆောင်မျိုး သူမဘယ်လိုလုပ် လက်ခံရဲမည်နည်း။

ဂျန်ဖန်းပြောလိုက်သည်။

"ဦးလေးနဲ့တူမကြားမှာ ဘာတွေယဥ်ကျေးနေဖို့လိုလို့လဲ..."

သို့ပေမယ့် ရှချောင်ကော ခိုင်မာစွာပြောလိုက်သည်။

"ဦးလေး..."

"ငါတို့က ဦးလေးနဲ့တူမဆိုပေမယ့်, ဒီလက်ဆောင်က တန်ဖိုးကြီးလွန်းတယ်..."

"ချောင်ကော လက်လည်းလက်မခံရဲသလို လက်လည်းလက်မခံနိုင်ဘူး...."

"ကျေးဇူးပြုပြီး ဦးလေးနားလည်ပေးပါ..."

တန်ဖိုး?...

ဂျန်ဖန်းအံ့အားသင့်သွား၏။

သူမက ဘာကိုဆိုလိုသနည်း။

ပြန်လည်ရှင်သန်ခြင်းဆေးလုံးက ပြင်ပလောက၌ တကယ်ပဲ နတ်ဘုရားပစ္စည်းဖြစ်၏။

သို့ပေမယ့် သူ့အတွက်တော့ အချိန်မရွေးလုပ်နိုင်ရာ သာမန်သေးငယ်သည့်လက်ဆောင်လေးပင်။

သူ ရှချောင်ကောကိုပေးတာ သူမက အဆင့် ၁ တာဝန်တွေ မကြာခဏယူပြီး အန္တရာယ်နှင့်ရင်ဆိုင်ရသောကြောင့်ဖြစ်သည်။

ဦလေးတစ်ယောက်အနေဖြင့် သူမကို ကုသဆေးအနည်းငယ်ပေးတာ...

ဘာတွေစည်းကျော်နေလို့နည်း။

သို့ပေမယ့် ရှချောင်ကော၏စိတ်ပိုင်းဖြတ်ထားသည့်အမူအရာကိုမြင်သည့်အခါ ကြည့်ရတာ သူမတကယ်လက်ခံမည့်ပုံမပေါပေ။

ဂျန်ဖန်းပြုံးပြီး ပြောလိုက်သည်။

"မင်း ယူသင့်တယ်...."

"မင်းကိုယ်တိုင်လည်းသုံးနိုင်သလို, မင်းအဖော်တွေ ဒဏ်ရာအပြင်းအထန်ရရင်လည်း သူ့တို့အသက်ကိုကယ်နိုင်တာပေါ့..."

ထိုသို့ပြောပြီး...

သူက ပုလင်းကို သူမလက်ထဲပြန်ထည့်ပေးလိုက်သည်။

ဟမ်?...

ရှချောင်ကော ရုတ်တရက် ထိတ်လန့်သွား၏။

ဘာကြောင့် ဤစကားတွေက ရင်းနှီးနေသလိုဖြစ်နေရသနည်း။

သူမ အမှတ်ရသွား၏။

သူမဦးလေး သားရဲဘုရင်အစာအိမ်ပေးတုန်းက တန်ဖိုးကြီးလွန်း၍ ငြင်းဆန်ခဲ့ပေမယ့် ရောဂါတွေကုသပြီး အသက်တွေကယ်ပေးလို့ရသည်ဟူသောဆင်ခြေဖြင့် သူမကို လက်ခံအောင်လုပ်ခဲ့သည်။

ယခုလည်း တူညီသည့်လှည့်ကွက်ကိုသုံးနေပြန်ပြီဖြစ်သည်။

ကြည့်ရတာ ဆရာဦးလေးက သူမ၏ဂရုဏာစိတ်ကို ရှာတွေ့သွားပြီဖြစ်ရမည်ပင်။

သူမကိုယ်တိုင်အတွက်တော့ သူမလက်ခံမည်မဟုတ်ပေ။

သိုပေမယ့် အခြားသူတွေကိုကူညီပြီးကုသပေးဖို့အတွက်တော့ သူမမခုခံနိုင်ပေ။

ရှချောင်ကော ချက်ချင်းပဲ အလွန်ပြဿနာများသွား၏။

ငြင်းလို့လည်း မရသလို လက်ခံလို့လည်း မရပြန်ပေ။

သူမက စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်ပြီး နှုတ်ခမ်းစူလိုက်သည်။

"ဦးလေးက ကျွန်မကို အမြဲနိုင့်ကျင့်တယ်..."

ဂျန်ဖန်း ဟက်ဟက်ပက်ပက်ရယ်လိုက်၏။

ဤလှည့်ကွက်က တကယ်ပဲ ထိရောက်မှုရှိ၏။

သူက လေဟာနယ်ကျောက်စိမ်းဖြူနွားပေါ်ခုန်တက်ပြီး ပြောလိုက်သည်။

"နှုတ်ဆက်ပါတယ်, တူမလေး..."

"ဂရုစိုက်ပါ...."

ထို့နောက် လေဟာနယ်ကျောက်စိမ်းဖြူနွားကိုစီးကာ ချိန်းဆိုထားသည့်နေရာသို့ဦးတည်လိုက်သည်။

တစ်ချိန်တည်းမှာပဲ...

မြင့်မြတ်ဂိုဏ်းငှားရမ်းထားသည့် မြောက်ဘက်ပိုင်းရှိခြံဝန်းတစ်ခုအတွင်း...

လီရှီချန်း၏ မျက်ရည်အပြည့်တိုင်ကြားမှုကို နားထောင်ပြီး မြင့်မြတ်ဂိုဏ်းချုပ် ဒေါသတွေပေါက်ကွဲထွက်လာခဲ့သည်။

သူက မြေပြင်မှာဒူးထောက်နေသည့် ဟွာရှန်ချန်ကို လက်ညိုးငေါက်ငေါက်ထိုးပြီး အော်ပြောလိုက်သည်။

"မင်းက ငါတို့မြင့်မြတ်ဂိုဏ်းကို အရှက်ခွဲတာပဲ..."

"ငါက မင်းကို မင်းရဲ့ဂျူနီယာညီမအတွက် လက်စားချေခိုင်းလိုက်တာကို မင်းဘာတွေလုပ်လာတာလဲ..."

အသုံးမကျပေ။

လုံးဝကို အသုံးမကျပေ။

ဟွာရှန်ချန် မတရားခံရသလိုခံစားရပြီး ပြောလိုက်သည်။

"ဆရာ, မင်းဘယ်လိုတောင် ငါ့ကိုအပြစ်တင်နိုင်တာလဲ..."

"ဂျန်ဖန်းရဲ့ခုလက်ရှိခွန်အားက ဘယ်လောက်ကြောက်စရာကောင်းလဲမင်းမသိလို့...."

"ငါသာ မဆင်မခြင်လုပ်ရင်, စုတ်ပြတ်သတ်နေအောင်အရိုက်ခံရပြီး ပိုအရှက်ခွဲမှာ..."

မြင့်မြတ်ဂိုဏ်းချုပ် ဒေါသထွက်လွန်း၍ စကားတောင်မပြောနိုင်တော့ပေ။

တပည့်သစ်တစ်ယောက်က, အရမ်းအားကောင်းတယ်?....

ဘယ်သူကယုံမည်နည်း။

ထိုအခိုက်အတန့်မှာပဲ...

တပည့်တစ်ယောက် စာတစ်ဆောင်ကိုင်ပြီး အလောတကြီးရောက်လာခဲ့သည်။

"ဂိုဏ်းချုပ်, အကြီးအကဲလု, ၇ရောင်ခြယ်မိုင်းတွင်းကနေ အရေးကြီးစာပို့လိုက်တယ်...."

All Chapters