အန္တရာယ်တွေ့ခြင်း
Vol. 32 Ch. 414
ဤအခိုက်အတန့်၌ ဂျန်ဖန်းနှင့်ယွဲ့မင်ကျူး ဖြူလေးကိုစီးပြီး တိုင်ဟူရေကန်အစွန်းတစ်လျှောက်လိုက်လံရှာဖွေနေခဲ့သည်။
တစ်နာရီလောက်ကြာပြီးနောက်...
ဧရာမပုံရိပ်ကြီးအချို့ မြင်ကွင်းထဲကိုဝင်ရောက်လာခဲ့သည်။
ဧရာမသားရဲကြီးလေးကောင် အရွယ်အစားအားဖြင့် ဇန်ပေါင်းများစွာမြင့်ပြီး သွေးကန်ထဲမှာ လဲလျောင်းနေခဲ့သည်။
၎င်းတို့ကျောပေါ်၌ ထိုင်ခုံတွေ၊သယ်ဆောင်ရေးပစ္စည်းတွေရှိနေပြီး သံသယရှိစရာမလိုအောင် ပို့ဆောင်ရေးသားရဲတွေပင်။
အမြဲတည်ငြိမ်နေသည့် ယွဲ့မင်ကျူးလည်း အလေးအနက်ဖြစ်သွား၏။
သူမက သားရဲလေးကောင်ထဲက တစ်ကောင်ဘေးနားကိုခုန်ဆင်းလိုက်၏။
၎င်း၏ခေါင်းကမရှိတော့ပြီး လည်ပင်း၌ ကြီးမားသည့်သွားရာကြီးတွေရှိနေခဲ့သည်။
နက်ရှိုင်းအားပြင်းသည့်ကိုက်ရာက ယွဲ့မင်ကျူးကို အနည်းငယ်ကြောက်သွားစေခဲ့သည်။
သူမက တည်ငြိမ်နေည့်ကန်ရေမျက်နှာပြင်ကိုကြည့်လိုက်ရာ စိတ်တွေလေးလာခဲ့သည်။
"ဂျန်ဖန်း, တာဝန်ကပြီးပြီ, နေဝင်မြို့ကို ချက်ချင်းပြန်မယ်..."
"ငါ မြင့်မြတ်အကြီးအကဲတွေကို လှုပ်ရှားဖို့ ပြောလိုက်မယ်..."
ယွဲ့မင်ကျူး လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
သူမသိ၏။
စိတ်ဝိညာဥ်သားရဲတွေကိုသတ်သွားသည့် နတ်ဆိုးသားရဲက သာမန်မဟုတ်ပေ။
မယုံနိုင်စရာခွန်အားနှင့် အလွန်ကြမ်းကြုတ်သည့်အကောင်ဖြစ်ရမည်ပင်။
သူမတစ်ယောက်တည်းက သူ့ပြိုင်ဘက်မဟုတ်ပေ။
ဂျန်ဖန်း အမူအရာပြောင်းလဲသွား၏။
ယွဲ့မင်ကျူးသတိပေးဖို့မလိုအပ်ပေ။ သူလည်း အတော်လေးမလွယ်ကူမှုကို ခံစားရ၏။
ခေါင်းမဲ့စိတ်ဝိညာဥ်သားရဲအပြင် အခြားစိတ်ဝိညာဥ်သားရဲသုံးကောင်၏ဒဏ်ရာတွေကလည်း ထပ်တူထူးခြားနေခဲ့သည်။
သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းတွေက စုတ်ပြတ်သတ် ပြန့်ကျဲနေခဲ့သည်။
ဟုတ်ပါသည်။ တစ်စုံတစ်ခုက ၎င်းတို့ကို ဆက်တိုက် စုတ်ဖြဲသွားခြင်းဖြစ်သည်။
ဂျန်ဖန်း ဤစိတ်ဝိညာဥ်သားရဲတွေကို သတ်နိုင်လားဟု ကိုယ့်ကိုယ်ကို မေးမိ၏။
သို့ပေမယ့် ဤကဲ့သို့ကြီးမားသည့်ခန္ဓာကိုယ်ကြီးတွေကို စုတ်ဖြဲဖို့..
သူ မလုပ်နိုင်ပေ။
သူ့ဆရာလျိုဝူချန်းတောင် ထိုကဲ့သို့ခွန်အားမျိုးမရှိဘူးဟု သူသံသယရှိ၏။
ဒါဆို ဘယ်လို ကြမ်းကြုတ်သည့်အရာမျိုးက ဤစိတ်ဝိညာဥ်သားရဲတွေကို တိုက်ခိုက်သွားသနည်း။
ဂျန်ဖန်း စိတ်ကူးမကြည့်နိုင်ဖြစ်သွား၏။
"သွားစို့..."
တွေဝေမနေပဲ ဂျန်ဖန်း ပြတ်ပြတ်သားသားပဲ ဖြူလေးကို ပြန်လည့်ဖို့ တိုက်တွန်းလိုက်၏။
ယွဲ့မင်ကျူး အတော်လေး အံ့အားသင့်သွား၏။
ဂျန်ဖန်း ဖျောင်းဖျမယ်ဟု သူမထင်ခဲ့၏။
ဤနေရာလာဖို့တိုက်တွန်းသည့်လူက ဤလောက်ထိမဆိုင်းမတွ ထွက်ခွာဖို့ပြောဖို့ သူမမမျှော်လင့်ထားပေ။
"နင့်ကိုမကူညီနိုင်လို့ ငါတောင်းပန်ပါတယ်။ စိတ်မပူပါနဲ့, ပြန်ရောက်ရင် ငါနည်းလမ်းရှာမှာပါ..."
ဂျန်ဖန်း သူမကို ဖြတ်ပြောလိုက်သည်။
"မင်းငါနဲ့လိုက်ခဲ့ပေးတာကကို အတော်လေးကျေးဇူးတင်ဖို့ကောင်းနေပါပြီ..."
"ဘာအတွက် မင်းကို အပြစ်တင်ရမှာလဲ..."
"ဒါ့ပြင်, နောက်ထပ်ပြန်လာလို့မရတာမှမဟုတ်ပဲ။ အနည်းဆုံး ငါတို့ သူတို့အသက်ရှင်နေသေးတာကို အတည်ပြုနိုင်ခဲ့တယ်လေ..."
ပျော်ရွင်သည့်အရိပ်အယောင်အချို့ သူ့မျက်နှာပေါ်မှာ ရှိနေခဲ့သည်။
အို?...
ယွဲ့မင်ကျူး အံ့အားသင့်သွား၏။
"နင်ဘယ်လိုသိတာလဲ..."
ဂျန်ဖန်း ပြောလိုက်သည်။
"ရိုးစင်းပါတယ်, ဒီနားပတ်ပတ်လည်မှာ ဘာခန္ဓာကိုယ်မှမရှိဘူးလေ...."
"အဲ့သတ္တဝါသာ သူတို့ကိုတိုက်ခိုက်ခဲ့ရင် သူတို့မလွတ်မြောက်နိုင်ဘူး။ နေရာမှာပဲ ချက်ချင်းသေလိမ့်မယ်...."
"ဒါ့ပြင်, သူတို့က ငါးယောက်ရှိတာဆိုတော့ စိတ်ဝိညာဥ်သားရဲကလည်း ငါးကောင်ရှိသင့်တယ်...."
"ခုက တစ်ကောင်ပျောက်နေတယ်..."
"ငါ့အထင် သူတို့တစ်ခုခုကို ခံစားမိလို့ အချိန်မှီပုန်းနေတာ ဒါမှမဟုတ် လွတ်မြောက်သွားတာပဲ..."
ယွဲ့မင်ကျူး မျက်လုံးတွေ အံ့အားသင့်မှုတွေ ပြသလာ၏။
ဂျန်ဖန်း၏ ခွဲခြမ်းစိတ်ဖြာမှုက လုံးဝပြီးပြည့်စုံ၏။
သူမက အနည်းငယ်အသက်ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။
"သူတို့အသက်ရှင်နေသေးမှတော့ ငါတို့ပိုသတိထားရမယ်...."
"နောက်တစ်ကြိမ်ကယ်ဆယ်ဖို့မလာခင် ခွန်အားအလုံအလောက်ရှိဖို့လိုတယ်..."
"မဟုတ်ရင်, အဲ့ဒီသတ္တဝါကိုသတိထားမိစေပြီး အကြီးအကျယ်အန္တရာယ်ရှိနိုင်တယ်...."
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
ဤအရာက သူပြတ်ဆုတ်ဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ရသည့် အကြောင်းအရင်းလည်းဖြစ်သည်။
ပြန်ဖို့အသံကြားသည့်အခါ ဖြူလေး ချက်ချင်းပဲ စိတ်လှုပ်တရှားခုန်ပေါက်ကာ လာရာလမ်းအတိုင်းပြန်သွားလိုက်၏။
သူတို့ တိုင်ဟူရေကန်နားရှိ မူလနေရာကိုရောက်သည့်အခါ....
ယွဲ့မင်ကျူး တစ်စုံတစ်ခုကို ခံစားမိပြီး သူမအမူအရာ အကြီးအကျယ်ပြောင်းလဲသွား၏။
သူမမျက်လုံးတွေလှုပ်ရှားသွားပြီး အံ့ကြိတ်ကာ ပြောလိုက်သည်။
"ဂျန်ဖန်း, ငါခုမှ သတိရတယ်..."
"စောနက စိတ်ဝိညာဥ်သားရဲတစ်ကောင်ရဲ့အောက်မှာ အမျိုးသမီးအလောင်းတစ်ခုတွေ့မိသလိုပဲ...."
"နင်ဝမ်းနည်းသွားမှာစိုးလို့ အစောပိုင်းကငါ မပြောခဲ့တာ...."
ဘာ?....
ဂျန်ဖန်း မျက်ခွံ့တွေ ကျုံ့သွား၏။
ကင်းလှည့်တာဝန်၌ တစ်ဦးတည်းသောအမျိုးသမီးတပည့်မှာ လျိုချင်းရှန်ဖြစ်သည်။
"မင်း ဘာလို့ စောစောကမပြောတာလဲ..."
ဂျန်ဖန်း ဝမ်းနည်းရမလား ဒေါသထွက်ရမလားမသိဖြစ်သွားပြီး အော်ပြောလိုက်သည်။
ယွဲ့မင်ကျူး ပြောလိုက်သည်။
"ငါတောင်းပန်ပါတယ်, ငါလည်းဒီလိုမဖြစ်ချင်ပါဘူး..."
သူမက တိတ်တဆိတ်ပဲ ဖြူလေးပေါ်မှဆင်းလိုက်၏။
ဂျန်ဖန်း အလွန်အမင်းခံစားချက်ဆိုးနေပြီး ပြတ်ပြတ်သားသားပဲ ပြန်စစ်ဆေးဖို့ ထွက်သွားလိုက်သည်။
ထိုအရာသာ လျိုချင်းရှန်ဖြစ်နေခဲ့လျှင်...
သူ့စိတ်တွေပရမ်းပတာဖြစ်နေပြီး တစ်ယောက်တည်း အပြေးသွားလိုက်သည်။
ယွဲ့မင်ကျူးတစ်ယောက်တည်းသာ နှင်းပြင်ပေါ်မှာ မတ်တပ်ရပ်ပြီး ကျန်ခဲ့၏။
သူမက ဂျန်ဖန်း မြင်ကွင်းမှပျောက်ကွယ်သွားတာကို တိတ်တဆိတ်ကြည့်နေပြီး မျက်လုံးထဲမှာ စိတ်အားငယ်မှုတွေအပြည့်ပင်။
"အရူးလေး..."
"နင်လုံလုံခြုံခြုံပြန်ရောက်ဖို့ မျှော်လင့်တယ်..."
ပြောပြီးနောက်...
တစ်ဖက်လှည့်ကာ သူမအကြည့်တွေထက်ရှပြတ်သားသွား၏။
ကောင်းကင်တောင်ထွဋ်ပိုးမျှင်လည်း သူမအင်္ကျီလက်ထဲမှထွက်ပေါ်လာပြီး လေထဲမှာ တဖျတ်ဖျတ်လွင့်ပျံနေခဲ့သည်။
သူမက အောက်ခြေမဲ့နက်ရှိုင်းသည့်ကန်ရေမျက်နှာပြင်ကိုစိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
"ထွက်လာခဲ့...."
ဗွမ်း! ဗွမ်း!
ကန်မျက်နှာပြင်မှ ရုတ်တရက် ဇန်ပေါင်းများစွာမြင့်သည့် ဧရာမလှိုင်းလုံးကြီးတွေ ပေါက်ကွဲထွက်လာခဲ့သည်။
ထွက်ပေါ်လာတာဘာလဲဆိုတာ သူမမမြင်နိုင်ခင်မှာပဲ ငါးညှီနှံ့လေပြင်းတစ်ခုက ယွဲ့မင်ကျူး နောက်မှာ တိုက်ခတ်သွားခဲ့သည်။
ချက်ချင်းပဲ ကောင်းကင်တောင်ထွဋ်ပိုးမျှင် ပိုက်ကွန်တစ်ခုပုံစံပြောင်းသွားပြီး သူမကျောဘက်ကို ကာကွယ်ပေးလိုက်သည်။
ဘန်း..
ကြောက်မက်ဖွယ်အားက ကောင်းကင်တောင်ထွဋ်ပိုးမျှင်ကိုဖောက်ပြီး သူမကျောကိုထိမှန်သွား၏။
ယွဲ့မင်ကျူးထိုကြီးမားသည့်အားကိုသုံး၍ အကွာအဝေးတစ်ခုထိ ခုန်ထွက်သွားလိုက်ကာ အနည်းငယ်တယိမ်းတယိုင်ဖြစ်ပြီးမှ သူမကိုယ်သူမတည်ငြိမ်အောင်လုပ်နိုင်ခဲ့၏။
နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ...
ဧရာမနတ်ဆိုးနဂါးကြီးကိုမြင်လိုက်ပြီး ၁၀ဇန်ကျော်လောက်မြင့်ကာ သွေးကဲ့သို့နီရဲနေခဲ့သည်။
၎င်းက ၎င်း၏နောက်ခြေထောက်တွေနှင့်မတ်တပ်ရပ်နေပြီး အဝါရောင်မျက်လုံးတွေထဲမှာ လှောင်ပြောင်မှုတွေရှိနေခဲ့သည်။
ထို့နောက် လူသားအသံဖြင့် လှောင်ပြောင်လိုက်၏။
"မင်းရဲ့ပိုးမျှင်က စိတ်ဝင်စားစရာပဲ...."
"ငါ့ခွန်အား ၈၀ရာခိုင်နှုန်းလောက်ကို ဖယ်ရှားပစ်လိုက်တယ်..."
အကြည့်တစ်ချက်နှင့် ယွဲ့မင်ကျူးမျက်ခွံတွေကျုံံ့သွားပြီး အေးစက်စွာပြောလိုက်သည်။
"ဒီတော့ နတ်ဆိုးအင်ပါယာလက်အောက်က မဟာစစ်ဗိုလ်ချုပ် ၁၀ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သွေးနဂါးကိုး..."
သူမနှလုံးသား ကျုံ့ဝင်သွား၏။
သွေးနဂါးလိုကြောက်မက်ဖွယ်ဖြစ်တည်မှုတစ်ခုကို မြင့်မြတ်အကြီးအကဲတွေတောင် ခုခံနိုင်မည်မဟုတ်ပေ။
အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ရောက်နေသည့် အစွမ်းထက်မြင့်မြတ်အကြီးအကဲအချို့သာ တိုက်ခိုက်နိုင်၏။
သူမအတွက်တော့....
သူမက သူ့အတွက် လုံးဝပြိုင်ဘက်မဟုတ်ပေ။
သွေးနဂါး ရယ်လိုက်၏။
"ရမ္မက်ဂိုဏ်းချုပ်က ငါ့ကိုမှတ်မိတာပဲ။ ဘယ်လောက်အံ့သြစရာကောင်းလဲ..."
"ဒါပေမယ့် ပိုအံ့သြဖို့ကောင်းတာက ရမ္မက်ဂိုဏ်းချုပ်က ရဲရင့်တဲ့လူတစ်ယောက်ပဲ..."
"မင်းက အဲ့ကောင်လေးကိုထားပြီး ကိုယ်ဘာသာထွက်ပြေးနိုင်တယ်...."
"ဒါပေမယ့် သူထွက်သွားအောင်လှည့်စားပြီး ဒီနေရာမှာ တစ်ယောက်တည်းသေဖို့ နေခဲ့တယ်..."
"ကျွတ် ကျွတ်, မင်း အဲ့ကောင်လေးကို အရမ်းဂရုစိုက်တာကိုစဥ်းစားပေးပြီး..."
"ခဏနေရင် ငါ သူ့ခေါင်းကို မင်းအလောင်းဘေးမှာထားပေးမယ်...."
"ဟ...ဟ...ဟ...."
ဝှစ်! ဝှစ် ဝှစ်!
ယွဲ့မင်ကျူးလက်ထဲရှိ ပိုးမျှင်တွေ ပျံထွက်သွားပြီး ကောင်းကင်ကို ဖုံးလွမ်းသွား၏။
ထို့နောက် အေးစက်သည့်သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူသေမလဲဆိုတာ မသေချာသေးပါဘူး..."
သွေးနဂါး လှောင်ပြောင်လိုက်၏။
သူ့ကိုယ်ပေါ်ရှိ သွေးနီရောင်ကြေးခွံတွေ အသက်ရှူနေသကဲ့သို့ ဟစိဟစိဖြစ်သွားသည်။
မယုံနိုင်လောက်အောင်ထက်ရှသည့် ကောင်းကင်တောင်ထွဋ်ပိုးမျှင်က ၎င်းတို့ကို ထိမှန်သွားသည့်အခါ ပြန်ကန်ထွက်လာ၏။
ဘာ?...
ယွဲ့မင်ကျူး ထိတ်လန့်သွား၏။
သူမ၏ပထမဆုံးတိုက်ခိုက်မှုလွဲသွားသည်နှင့် ကြိုတင်ခန့်မှန်းလို့မရလောက်အောင်မြန်ဆန်လွန်းသည့် အရိပ်တစ်ခု သူမဆီကို လွဲယမ်းရိုက်ခတ်လာခဲ့သည်။
ပိုနီးကပ်လာသည့်အခါ ယွဲ့မင်ကျူး ထိုအရာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၏။
ထိုအရာက သွေးနဂါး၏အမြီးပင်။
ဘန်း....
ယွဲ့မင်ကျူး ထုနှက်ခံလိုက်ရသည့် လိပ်ပြာလေးတစ်ကောင်ကဲ့သို့ လွင့်စင်သွားပြီး နှင်းပြင်ပေါ် ပြင်းထန်စွာပြုတ်ကျသွားခဲ့သည်။
ထို့နောက် နီရဲသည့်သွေးတွေ မြေပြင်အနှံ့ဖြန်းပက်သွားပြီး အဖြူရောင်နှင်းတွေ အနီရောင်ပြောင်းသွား၏။
သူမ၏အစိမ်းရောင်ဝတ်စုံလည်း သွေးတွေစွန်းပေသွားခဲ့သည်။
ဆံပင်တွေလည်း ရှုပ်ပွနေပြီး ပါးစပ်ထောင့်မှ သွေးတွေ အဆက်မပြတ်စီးကျနေခဲ့သည်။
တိုက်ခိုက်မှုတစ်ခုတည်းက သူမကို စိတ်မကူးနိုင်လောက်အောင် ဒဏ်ရာအပြင်းအထန်ရသွားစေခဲ့သည်။
ရင်ဘတ်ရိုးတွေကျိုးကျေပြီး အတွင်းအင်္ဂါတွေ ပုံပျက်သွားကာ သက်တမ်းတစ်ဝက်လောက် ချက်ချင်းပဲ ကုန်ဆုံးသွားခဲ့သည်။
ဤအရာက အမြုတေဖွဲ့ခြင်းအဆင့် ၉ နှင့် အဆင့် ၈ ကြားရှိကွားခြားမှုပဲဖြစ်သည်။
သွေးနဂါး ရယ်လိုက်၏။
"ဂိုဏ်း ၉ ဂိုဏ်း ဂိုဏ်းချုပ်ကလည်း ဘာမှဟုတ်မနေပါလား...."
"သတ်ရတာ ခွေးတစ်ကောင်သတ်ရသလို လွယ်နေတယ်...."
ပြောပြီးနောက် သွေးနဂါးမျက်လုံးတွေထဲ၌ ရက်စက်သည့်အလင်းတန်းတွေတောက်ပလာ၏။
သူက ရှေ့ကိုခုန်တက်ကာ သွေးရောင်အလင်းတန်းအဖြစ်ပြောင်းပြီး ၎င်း၏လက်သည်းတွေက ဒဏ်ရာအပြင်းအထန်ရနေသည့်ယွဲ့မင်ကျူးကို ကြမ်းကြုတ်စွာ ကုတ်ချလိုက်၏။
သူမ ဒဏ်ရာအပြင်းအထန်ရနေသော်လည်း သွေးနဂါး အနည်းငယ်မျှမပေါ့ဆပေ။
သူမကို ပြန်လည်တိုက်ခိုက်ဖို့ လုံးဝအခွင့်အရေးမပေ။
ဒုန်း!
သွေးနဂါးမျှော်လင့်ချက်ထက်ကျော်လွန်နေသည့် မြင်ကွင်းတစ်ခု ဖြစ်ပွားသွားခဲ့သည်။
၎င်းလက်သည်းတွေ ယွဲ့မင်ကျုးကိုထိတော့မည့်အချိန်မှာပဲ...
ရွှေရောင်အရိပ်လွှာတစ်ခု သူမခန္ဓာကိုယ်မျက်နှာပြင်ပေါ်မှာ ပေါ်လာခဲ့သည်။
ထိုအရာက ရွှေရောင်ကြေးပြားတစ်တွဲဖြစ်ပြီး တစ်ခုနှင့်တစ်ခုချိတ်ဆက်ကာ ယွဲ့မင်ကျူးကိုဗဟိုပြုပြီး ရွှေရောင်စက်လုံးတစ်ခုကို ဖွဲ့စည်းလိုက်၏။
ယွဲ့မင်ကျူး ခေါင်းမော့လိုက်သည့်အခါ သူမပါးစပ်ထဲ၌ ရှေးဟောင်းကြေးပြားတစ်ခုရှိနေပြီး မျက်လုံးတွေက လှောင်ပြောင်သည့်အမူအရာတစ်ခု ထုတ်ဖော်ပြသလိုက်၏။
"နင် နောက်ဆုံးတော့ ငါးစာဟပ်လာပြီပဲ..."
သူမညာလက်ထဲ၌ တစ်စုံတစ်ခုကိုဆွဲထားသလို အပြင်းအထန်ဆောင့်ဆွဲချလိုက်၏။