← Chapters

ဂျန်ဖန်းလှုပ်ရှားခြင်း

Vol. 32 Ch. 415

ဂျန်ဖန်းလှုပ်ရှားခြင်း

Vol. 32 Ch. 415

ချက်ချင်းပဲ သွေးနဂါးတစ်ကိုယ်လုံးတောင့်တင်းသွား၏။

ငုံ့ကြည့်လိုက်ရာ အံ့အားသင့်သည့်အရိပ်အယောင်အချို့ သူ့မျက်နှာပေါ်မှာပေါ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်က မရေမတွက်နိုင်သည့် ကောင်းကင်တောင်ထွဋ်ပိုးမျှင်တွေ၏ ရစ်ပတ်ခြင်းကိုခံထားရ၏။

လက်စသတ်တော့ ယွဲ့မင်ကျူး ရည်ရွယ်ချက်ရှိရှိ အရိုက်ခံခဲ့ခြင်းဖြစ်သည်။

သူမတိုက်ခိုက်စဥ်, ကောင်ကင်နှင့်မြေပြင်ပေါ် နှစ်ခုလုံးမှာ ကောင်းကင်တောင်ထွဋ်ပိုးမျှင်တွေကို ထုတ်လွတ်ထားခဲ့သည်။

သူမက သွေးနဂါး ထောင်ချောက်ထဲဝင်လာမှာကို တွက်ချက်ထားခဲ့သည်။

ထို့ကြောင့် တိုက်ခိုက်လာသည့်သွေးနဂါး နေရာအနှံ့ပိုးမျှင်တွေနှင့် ရစ်ပတ်သွားတော့သည်။

၎င်းမြန်မြန်လှုပ်ရှားလေလေ ရစ်ပတ်မှုက ပိုတင်းကြပ်လာလေလေဖြစ်သည်။

သူမပြင်းပြင်းထန်ထန်ဆောင့်ဆွဲလိုက်သည့်အခါ...

သွေးနဂါး၏ကြွေးခွံ့တွေကို အသက်ရှူခွင့်မပေးပဲ ချက်ချင်းအလွန်အမင်းထက်ရှသည့်များစွာသောနတ်ဘုရားရတနာတွေအဖြစ်ပြောင်းကာ...

ကြေးခွံတွေကိုဖြတ်ပြီး အသားထဲကို ထိုးဖောက်သွားခဲ့သည်။

ရွစ်! ရွစ်! ရွစ်!

ချက်ချင်းပဲ....

ဒါဇင်နှင့်ချီသည့်ပြတ်ရှရာတွေ သွေးနဂါး၏ရှည်လျားသည့်ခန္ဓာကိုယ်ကြီးပေါ်မှာပေါ်လာခဲ့သည်။

ရာနှင့်ချီသည့်သွေးစီးကြောင်းတွေ ပန်းထွက်လာပြီး သွေးမိုးတွေကဲ့သို့ဖြစ်၏။

"အား..."

သွေးနဂါး နာကျင်စွာ အော်ဟစ်လိုက်ရသည်။

၎င်းက အလင်းလွှာကိုခြေမွပြီး ယွဲ့မင်ကျူးကို သတ်ဖို့ ကြိုးစားလိုက်၏။

သို့ပေမယ့် ယွဲ့မင်ကျူး အခွင့်အရေးပေးလိမ့်မည်မဟုတ်ပေ။

သူမက ပြန်လည်ရှင်သန်ခြင်းဆေးလုံးသောက်ပြီး စိတ်ဝိညာဥ်စွမ်းအင်အားလုံးလှည့်ပတ်ကာ အားဖြင့်ဆောင့်ဆွဲလိုက်ပြန်သည်။

ခရက်...

သိပ်သည်းသည့်အရိုးကျိုးသံတွေ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။

သွေးနဂါး နာကျင်စွာ ဟိန်းဟောက်လိုက်ရပြီး ၎င်း၏ကြီးမားသည့်ခန္ဓာကိုယ်ကြီး ဘုန်းဆိုသည့်အသံတစ်ခုနှင့် မြေပြင်ပေါ်ပြုတ်ကျသွားခဲ့သည်။

"အယုတ်တမာမ, ငါနင့်ကိုသတ်မယ်...."

ယွဲ့မင်ကျူး နှာမှုတ်လိုက်၏။

"နင့်မှာ အခွင့်အရေးရှိမှာမဟုတ်ဘူး...."

သူမအားကုန်သုံးဆွဲနေစဥ် ကောင်းကင်တောင်ထွဋ်ပိုးမျှင်က အရိုးတွေကိုဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေဆီအလျှင်အမြန်ရောက်လာ၏။

ကြည့်ရတာ သွေးနဂါး အရှင်လတ်လတ် အပိုင်းပိုင်းဖြတ်ခံရတော့မည့်ပုံပင်။

ထိုစဥ် မမျှော်လင့်စွာပဲ ခပ်ဖွဖွသက်ပြင်းချသံတစ်ခု ယွဲ့မင်ကျူး နားနားမှာထွက်ပေါ်လာခဲ့ပြီး...

သူမ ချက်ချင်းထိတ်လန့်သွား၏။

"သွေးနဂါးကို ဒီပမာဏထိဒဏ်ရာရစေတာ အတော်လေးချီးကျူးစရာပဲ...."

ယွဲ့မင်ကျူးမျက်ခွံတွေ အကြီးအကျယ်ကျုံ့သွား၏။

ဘေးတိုက်တစ်ချက်ကြည့်လိုက်ရာ....

သူမဘေး၌ ဘယ်အချိန်ကမှန်းမသိရပ်နေသည့် အလွန်အမင်းလှပသည့်အသွင်အပြင်နှင့် လူတစ်ပိုင်းငါးတစ်ပိုင်းရေသူမတစ်ယောက်ကို မြင်လိုက်ရသည်။

ပုံရိပ်၏အရပ်က သူမနှင့်အတူတူလောက်ဖြစ်ပြီး အစွမ်းထက်သားရဲတစ်ကောင်၏အသွင်အပြင်မရှိပေ။

သို့ပေမယ့် များပြားလှသည့်နတ်ဆိုးစွမ်းအင်က ယွဲ့မင်ကျူးကို ပင့်သက်ရှိုက်သွားစေ၏။

"နင်လည်း မဟာစစ်ဗိုလ်ချုပ်တစ်ယောက်လား..."

ရေသူမ၏အေးစက်သည့်မျက်နှာ၌ တောင်းပန်သည့်အမူအရာရှိနေခဲ့သည်။

"ငါက ပင်လယ်ညို့ဓာတ်ပါ..."

"နာမည်ကျော်ရမ္မက်ဂိုဏ်းချုပ်ကို ဒီလိုပုံစံနဲ့တွေ့ရတာ ငါတောင်းပန်ပါတယ်..."

ပါးစပ်က တောင်းပန်စကားပြောနေပေမယ့်...

သူမ၏လက်ညိုးကို အသာအယာမြောက်ပြီး အကာအကွယ်လွှာကိုထိလိုက်သည်။

"ငါ နင်တို့လူသားတွေနဲ့ မတိုက်ခိုက်ချင်ဘူး...."

"ဒါပေမယ့် နင်ဒီနေရာကို မလာခဲ့သင့်ဘူး...."

"တောင်းပန်ပါတယ်...."

ယွဲ့မင်ကျူးနှလုံးသား အပြင်းအထန်ခုန်ပေါက်သွား၏။

ဤအရာက သာမန်ရေကန်လေးတစ်ခုဖြစ်ရာ ဘာကြောင့် စစ်ဗိုလ်ချုပ်နှစ်ယောက် တစ်ချိန်တည်းမှာပေါ်လာရသနည်း။

ဖြစ်နိုင်တာ သူတို့ ဤနေရာမှာ ကြီးကြီးမားမားတစ်ခုခုကြံစည်နေသည်လား။

သို့ပေမယ့် သူမ၌ နောက်ထပ်တွေးဖို့အခွင့်အရေးမရှိပေ။

ပင်လယ်ညို့ဓာတ်၏လက်ညိုးက အလင်းလွှာကို ညင်သာစွာထိလာခဲ့သည်။

ထိုအခါ အမြုတေအဆင့်၉ ကာကွယ်ရေးအလွှာက ရေခဲမြူတစ်ခုဖြင့် အေးခဲသွားခဲ့သည်။

ထို့နောက်....

ယွဲ့မင်ကျူး၏စိုးရိမ်နေသည့်အကြည့်တွေအောက်မှာပဲ တစ်ခုလုံးကွဲကြေသွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ...

မြူက ကောင်းကင်တောင်ထွဋ်ပိုးမျှင်တစ်လျှောက်ပြန့်နှံ့သွားခဲ့သည်။

ခရက်...

ယွဲ့မင်ကျူးတင်းကြပ်စွာကိုင်ထားသည့် လက်တစ်ဆုပ်စာကောင်ကင်တောင်ထွဋ်ပိုးမျှင် ကွဲကြေသွားခဲ့သည်။

ဤအခွင့်အရေးကိုယူပြီး....

သွေးနဂါး ၎င်း၏ခန္ဓာကိုယ်ကြီးကိုလှုပ်ခါကာ ကိုယ်တွင်းအင်္ဂါတွေကိုဖြတ်တော့မည့် ပိုးမျှင်တွေထဲမှ ရုန်းထွက်လိုက်၏။

ထို့နောက် ရှက်ရွံ့ဒေါသဖြင့် ဟိန်းဟောက်လိုက်သည်။

"ဘယ်သူက မင်းကိုဝင်ပါခိုင်းလို့လဲ...."

"နောက်ခဏနေရင် ငါ့သွေးကိုလောင်ကျွမ်းပြီး ဒီပိုးမျှင်ကနေ ရုန်းထွက်နိုင်တယ်..."

ဤစကားတွေထဲ၌ အမှားနှင့်အမှန်ရောထွေးနေခဲ့သည်။

အမှန်တရားက, တကယ်ပဲ၎င်းသွေးကိုလောင်ကျွမ်းပြီး တန်ဖိုးကြီးကြီးပေးကာ ပိုးမျှင်မှရုန်းထွက်နိုင်၏။

မုသားက ယွဲ့မင်ကျူး ထိုသို့လုပ်ဖို့အခွင့်အရေးပေးမည်မဟုတ်ပေ။

ပင်လယ်ညို့ဓာတ်အချိန်မှီဝင်ပါလာလို့မဟုတ်လျှင်....

၎င်းတကယ်ပဲ အမြုတေဖွဲ့စည်းခြင်းအဆင့် ၈ ဂျူနီယာလက်ထဲမှာသေတော့မှာဖြစ်သည်။

ပင်လယ်ညို့ဓာတ် ပေါ့ပါးစွာသက်ပြင်းချလိုက်သည်။

"နင် တိုက်ပွဲကို မြန်မြန်အဆုံးသတ်သင့်တယ်..."

"နောက်ထပ်ထောင်ချောက်ထဲမကျစေနဲ့..."

သွေးနဂါး ချက်ချင်းပဲ ဒေါသထွက်သွား၏။

ဂုဏ်သရေရှိစစ်ဗိုလ်ချုပ်တစ်ယောက်က ဂိုဏ်းချုပ်လေးတစ်ယောက်နှင့်ရင်ဆိုင်ရတာ ကိတ်မုန့်ခွဲသလိုလွယ်ကူသင့်၏။

မည်သူထင်ထားမည်နည်း, ဤရမ္မက်ဂိုဏ်းချုပ်က အလွန်ဉာဏ်နီဉာဏ်နက်များနေခဲ့သည်။

သူမကိုယ်သူမငါးစာအဖြစ်ထားပြီး သူထောင်ချောက်ထဲဝင်လာအောင် မျှားခေါ်ခဲ့သည်။

ဤအရာက အရှက်ရစရာကိစ္စတစ်ခုဖြစ်ပြီး နတ်ဆိုးမျိုးနွယ်ပြန်ရောက်လျှင် အခြားစစ်ဗိုလ်ချုပ်တွေ၏လှောင်ပြောင်ခြင်းခံရတော့မည်ဖြစ်သည်။

"အယုတ်တမာမ...."

သွေးနဂါး ဟိန်းဟောက်လိုက်၏။

ထို့နောက် ၎င်း၏ကြောက်မက်ဖွယ်အမြီးကြီးကို နောက်တစ်ကြိမ်လွဲယမ်းလိုက်၏။

သူမသက်တမ်းတစ်ဝက်ဆုံးရှုံးပြီးသော်လည်း ယွဲ့မင်ကျူး အရှုံးမပေးသေးပေ။

မြေပြင်ပေါ်တစ်ပတ်လိမ့်ပြီး ဤတိုက်ခိုက်မှုကို ရှောင်နိုင်ရုံလေးရှောင်လိုက်၏။

ထို့နောက် သွေးနဂါး၏နောက်ထပ်တိုက်ခိုက်မှုကို စောင့်မနေပဲ...

ရောင်စုံအဆောင်စာရွက်တွေနှင့်ကပ်ထားသည့် ကျောက်စိမ်းသေတ္တာတစ်ခုကို အလျှင်အမြန်ထုတ်လိုက်သည်။

"နင် သန္ဓေသားအဆောင်အောက်မှာမသေချင်ဘူးဆိုရင် နောက်ဆုတ်လိုက်..."

ဘာ?...

ပင်လယ်ညို့ဓာတ် ချက်ချင်းပဲ နောက်ကို ပေရာပေါင်းများစွာဆုတ်လိုက်၏။

သွေးနဂါးလည်း ၎င်း၏ဧရာမအမြီးကြီးကိုပြန်ရုတ်ပြီး စိုးရိမ်သည့်အမူအရာဖြင့် နောက်ကို ဆုတ်လိုက်သည်။

သူတို့အကြောက်ဆုံးအရာက သန္ဓေသားအဆောင် ရမ္မက်ဂိုဏ်းချုပ်လက်ထဲမှာရှိနေမှာကိုပင်။

ယွဲ့မင်ကျူး ပါးစပ်ထောင့်မှသွေးကိုသုတ်လိုက်ပြီး လှောင်ပြောင်လိုက်၏။

"နင်တို့မကြောက်ရင်, ရှေ့တက်လာခဲ့..."

သွေးနဂါး အံ့ကြိတ်လိုက်၏။

သို့ပေမယ့် ရှေ့တစ်လှမ်းမှမတိုးရဲပေ။

ပင်လယ်ညို့ဓာတ် စဥ်းစားချင့်ချိန်လိုက်၏။

"ဒါသာ သန္ဓေသားအဆောင်အစစ်ဆိုရင် ဘာလို့စောစောကမသုံးတာလဲ..."

"ငါတို့ကိုခြိမ်းခြောက်ဖို့ သေခါနီးထိစောင့်နေစရာလိုလို့လား..."

သွေးနဂါး စိတ်အေးသွား၏။

သေချာတွေးကြည့်လိုက်ရာ တကယ်ပဲ သံသယဖြစ်စရာကောင်း၏။

ထိုကျောက်စိမ်းသေတ္တာက တင်းကျပ်စွာချိပ်ပိတ်ထားပေမယ့် တင်းတင်းကျပ်ကျပ်ချိပ်ပိတ်ထားလေလေ အတုဖြစ်နိုင်ချေများလေလေဖြစ်သည်။

ယွဲ့မင်ကျူး အေးစက်စွာလှောင်ပြောင်လိုက်သည်။

"နင်တို့စမ်းကြည့်လို့ရတယ်..."

သူမလက်ဝါးထဲ၌ စိတ်ဝိညာဥ်စွမ်းအားတွေစီးဆင်းလာခဲ့သည်။

အချိန်မရွေးအသက်သွင်းတော့မလိုပင်။

သွေးနဂါး၏ရှေ့လှမ်းမည့်ခြေထောက်တွေ ချက်ချင်း ပြန်ဆုတ်သွား၏။

"ပင်လယ်ညို့ဓာတ်, မင်းပြောတော့အတုဆို..."

"ဒါဆို မင်းသွား...."

ပင်လယ်ညို့ဓာတ်တိတ်ဆိတ်နေ၏။

လှုပ်လည်းမလှုပ်ရှားပေ။

သူမက ခန့်မှန်းရုံသာဖြစ်ပြီး လောင်းကြေးတော့မထပ်ရဲပေ။

သေတ္တာထဲ၌ တကယ်ရှိနေလျှင် သေမည့်တစ်ယောက်က သူမဖြစ်သွားမည်မဟုတ်လား။

နှစ်ယောက်သား ခြိမ်းခြောက်ခံရတာမြင်သည့်အခါ....

ယွဲ့မင်ကျူး ကျောက်စိမ်းသေတ္တာကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ဖြည်းညင်းစွာနှောက်ဆုတ်လိုက်၏။

"နှစ်ဖက်လုံး နောက်တစ်လှမ်းဆီဆုတ်ကြတာပေါ့..."

"နင်တို့လည်းမသေချင်သလို, ငါလည်း အဖိုးတန်သန္ဓေသားအဆောင်ကို နင့်တို့အပေါ်မှာ မသုံးချင်ဘူး..."

"ဘယ်လိုလဲ...."

သွေးနဂါး ဒေါသတွေ တထောင်းထောင်းထွက်သွား၏။

သေချာပေါက်နိုင်တော့မည့်တိုက်ပွဲမှာ သနားစရာကောင်းစွာရှုံးနိမ့်ခဲ့ပြီး အရှက်လည်းကွဲ အသက်လည်းဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရ၏။

ခံရအခက်ဆုံးကတော့ တစ်ဖက်လူထွက်သွားတာကို ဒီအတိုင်းကြည့်နေရတာဖြစ်သည်။

သို့ပေမယ့်...

တိတ်ဆိတ်နေသည့်ပင်လယ်ညို့ဓာတ် ရုတ်တရက် သူမမျက်လုံးထဲမှာ တောက်ပသည့်အလင်းရောင်တစ်ခုလက်သွား၏။

"စိတ်မကောင်းပါဘူး, ငါ နင့်ကို ထွက်သွားခွင့်မပြုနိုင်ဘူး..."

စကားဆုံးသည်နှင့်...

သူမခန္ဓာကိုယ် ရုတ်တရက် ရေခဲအဖြစ်ပြောင်းသွားပြီး ကွဲကြေသွားခဲ့သည်။

နောက်တစ်ခဏ၌....

ကျောက်စိမ်းလက်တစ်ခု မမျှော်လင့်ပဲ ယွဲ့မင်ကျူးနောက်မှပေါ်လာပြီး ကျောကိုရိုက်ချလိုက်၏။

ဘုန်း....

ယွဲ့မင်ကျူး သတိလက်လွတ်ဖြစ်သွားပြီး...

လက်ဝါးချက်ကြောင့် လွင့်ထွက်သွားခဲ့သည်။

လက်ထဲရှိကျောက်စိမ်းသေတ္တာလည်း လွင့်ထွက်သွားပြီး ကျောက်စိမ်းလက် အသာအယာပဲဖမ်းထားလိုက်၏။

ထို့နောက် ယွဲ့မင်ကျူးနောက်ရှိနှင်းပြင်၌....

ရေခဲရေသူမရုပ်ထုဟာ ကိုယ်ပေါ်ရှိရေခဲတွေကို ခါထုတ်ကာ မူလပုံစံပြန်ဖြစ်သွား၏။

အမှန်တော့ ပင်လယ်ညို့ဓာတ်၏ပါရမီစွမ်းရည်တွေထဲကတစ်ခုက ရေခဲနှင့်နှင်းအဖြစ် ပြောင်းလဲနိုင်တာဖြစ်သည်။

အစွမ်းထက်ရန်သူတစ်ယောက်နှင့်တွေ့လျှင် သူမက ရေခဲအဖြစ်ပြောင်းပြီး ထွက်ပြေးလို့ရတာပဲဖြစ်သည်။

ထို့စဥ် ချက်ချင်း သူမခန္ဓာကိုယ်ကို အခြားနေရာရှိ ရေခဲနှင့်နှင်းဖြင့် ပြန်လည်ပုံဖော်နိုင်၏။

သူမက လက်ထဲရှိကျောက်စိမ်းသေတ္တာကိုကြည့်ပြီး ချိပ်ပိတ်စာရွက်တွေကိုဖြဲကာ ဖွင့်ကြည့်လိုက်သည်။

အထဲ၌... ဘာမှမရှိပေ။

ပင်လယ်ညို့ဓာတ်ပြောလိုက်သည်။

"ကျောက်စိမ်းဘူးအလွတ်နဲ့ ငါတို့ကို ခြိမ်းခြောက်တယ်...."

"ရမ္မက်ဂိုဏ်းချုပ်, နင့်သတ္တိကို ငါတကယ်ချီးကျူးတယ်...."

သူမသာ ဤစွမ်းရည်ကို မကျွမ်းကျင်လျှင်...

ယနေ့ သူတို့ တကယ်ပဲ ရမ္မက်ဂိုဏ်း၏ခြိမ်းခြောက်မှုကို ခံရမည်ဖြစ်သည်။

ဘာမှမရှိဘူး?....

သွေးနဂါး ဒေါသတကြီးရယ်လိုက်၏။

"ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်...."

"ရမ္မက်ဂိုဏ်းချုပ် ငါကို ဒီလိုနည်းနဲ့ လာကစားတာ မင်းက ပထမဆုံးပဲ...."

"မင်း အခုသေလို့ရပြီ..."

ဝှစ်!

ယွဲ့မင်ကျူး သွေးရောင်အရိပ်တစ်ခုသာမြင်လိုက်ပြီး ပြင်းထန်သည့်တိုက်ခိုက်မှုက နောက်တစ်ကြိမ်ရောက်ရှိလာခဲ့သည်။

အားကောင်းသည့်တိုက်ခိုက်မှုက သူမခန္ဓာကိုယ်တစ်ခုလုံးကို အစိတ်စိတ်အမြွာမြွာဖြစ်သွားစေတော့မလိုခံစားရစေ၏။

သတိတွေဝေဝါးလာပြီး တဖြည်းဖြည်းပျောက်ကွယ်နေခဲ့သည်။

"ဒီနေ့... ငါဒီနေရာမှာ သေတော့မှာလား..."

"ဟူး... အဲ့အရူးလေး အခုလောက်ဆို ဝေးဝေးပြေးနိုင်ဖို့ မျှော်လင့်တယ်..."

အချိန်အတော်ကြာပြီးနောက်...

မျှော်လင့်ထားသည့် နာနာကျင်ကျင်မြေကြီးနှင့်ရိုက်ခတ်မှုက ရောက်မလာခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့်...

သူမကိုယ်သူမ ပူနွေးတင်းကြပ်သည့်ပွေ့ဖက်မှုတစ်ခုထဲရောက်နေတာကို တွေ့လိုက်ရသည်။

အားတင်းပြီးမျက်လုံးဖွင့်ကြည့်လိုက်ရာ...

လူငယ်တစ်ယောက်, ချောမောသည့်မျက်နှာတစ်ခုက မြင်ကွင်းထဲဝင်ရောက်လာခဲ့သည်။

All Chapters