စိတ်မကောင်းပါဘူး၊ငါ့ဟာက ကျောက်စိမ်းအဆောင်အစစ်ပဲ
Vol. 32 Ch. 416
"ဂျန်.... ဂျန်ဖန်း?"
ယွဲ့မင်ကျူးမျက်လုံးတွေပြူးကျယ်သွားခဲ့သည်။
"နင်... နင် ဘာလို့ထွက်မသွားတာပဲ..."
သူမက အနည်းငယ်အသိပြန်ဝင်လာပြီး အပြင်းအထန်အပြစ်တင်လိုက်သည်။
သူမနှင့် မဟာစစ်ဗိုလ်ချုပ်နှစ်ယောက်တိုက်ပွဲက ကြည့်ရတာအကြာကြီးထင်ရသော်လည်း တကယ့်လက်တွေ့မှာတော့ မိနစ်အနည်းငယ်သာကြာ၏။
ဤအချိန်၌ ဂျန်ဖန်း စိတ်ဝိညာဥ်သားရဲတွေဆီသွားသည့်လမ်းမှာသာရှိသင့်သေး၏။
ဤနေရာမှာပေါ်လာသည့်အချက်အရ ဘယ်တုန်းကမှထွက်မသွားခဲ့တာဟု ဆိုလိုနေခဲ့သည်။
ဂျန်ဖန်း သူမကိုလက်မောင်းထဲမှာတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီး သူမ၏သွေးအလိမ်းလိမ်းခန္ဓာကိုယ်ကိုကြည့်၍ သူ့မျက်နှာက အပြစ်ရှိမှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
"မင်းစကားကိုယုံရတဲ့ထိ ငါမရူးမိုက်ခဲ့သင့်ဘူး...."
တကယ်တော့ ခပ်ဝေးဝေးရောက်သည့်အခါ ဂျန်ဖန်းအနည်းငယ်တည်ငြိမ်သွားပြီး တစ်ခုခုမှားနေတာခံစားမိခဲ့သည်။
ယွဲ့မင်ကျူး လျို့ချင်းရှန်ခန္ဓာကိုယ်မြင်ခဲ့တာဖုံးကွယ်ထားရတာ ဂျန်ဖန်းစိတ်မကောင်းဖြစ်မှာစိုးလို့ဟုပြောခဲ့သည်။
သို့ပေမယ့် ထိုသို့ဆိုလျှင် ဘာလို့ခုပြောရသနည်း။
ထိုရှေ့နောက်မညီသည့်စကားတွေကြောင့် ယွဲ့မင်ကျုးလိမ်နေပြီး သူ့ကိုပထုတ်လိုက်မှန်း ဂျန်ဖန်းနားလည်သွားခဲ့သည်။
မမျှော်လင့်ပဲ...
သူပြန်ရောက်လာတော့ ယွဲ့မင်ကျူးက ဒဏ်ရာအပြင်းအထန်ရနေတာကို မြင်လိုက်၏။
သူမကိုကိုင်ထားရင်း ဂျန်ဖန်း ပျော့ပျောင်းပြီးအသက်မရှိသည့်အရုပ်တစ်ရုပ်ကိုကိုင်ထားရသလို ခံစားရ၏။
စစ်ကြည့်စရာမလိုပဲ သူသိ၏။
သူမအရိုးတွေအားလုံးကျိုးကြေနေပြီး ကိုယ်တွင်းအင်္ဂါတွေလည်း အပြင်းအထန်ဒဏ်ရာရနေခဲ့သည်။
သာမန်လူတစ်ယောက်ဆိုလျှင် အစောကြီးကတည်းကသေနေပြီဖြစ်သည်။
အချို့ဆန်းကြယ်သည့်အကြောင်းပြချက်အချို့ကြောင့် သူမအသက်ဓာတ်ကအားကောင်းပြီး ခုချိန်ထိအသက်ရှင်နေသေးတာဖြစ်သည်။
ယွဲ့မင်ကျူး ခါးသီးစွာပြုံးလိုက်သည်။
"နင်ပြန်မလာခဲ့သင့်ဘူး.. အဟွန့်... အဟွန့်..."
သူမသွေးချောင်းအချို့ဆိုးလိုက်ရပြီး အသားစအချို့ကပ်ပါနေခဲ့သည်။
သူမဂျန်ဖန်းအတွက်ယူပေးခဲ့သည့်အချိန်အနည်းငယ်က ဤကဲ့သို့အလဟသဖြစ်သွားရပြီဖြစ်သည်။
ကြည့်ရတာ သူတို့ကအတူတူသေရဖို့ကံပါလာပုံရသည်။
"စကားမပြောနဲ့, ကျန်တဲ့ကိစ္စတွေကို ငါ့ဆီလွဲထားလိုက်..."
ဂျန်ဖန်း ပြန်လည်ရှင်သန်ခြင်းဆေးတစ်လုံးထုတ်ပြီး တိုက်လိုက်သည်။
ယွဲ့မင်ကျူး ခေါင်းခါယမ်းလိုက်၏။
"ငါတစ်လုံးသောက်ပြီးပြီ.... ဒါက အသုံးမဝင်ဘူး...."
ပြန်လည်ရှင်သန်ခြင်းဆေးလုံး၏အာနိသင်က အချိန်ယူရ၏။
၎င်းက ကုသဖို့ အချိန်တစ်နာရီယူရ၏။
သို့ပေမယ့် သွေးနဂါးနှင့် ပင်လယ်ညို့ဓာတ်က သူမကို ထိုမျှလောက်အချိန်မပေးပေ။
သူမ ပြန်လည်ရှင်သန်ဆေးတစ်လုံးသောက်ပြီးတာသိတော့ ဂျန်ဖန်းအနည်းငယ်စိတ်အေးသွား၏။
သူက သွေးနဂါးနှင့်ပင်လယ်ညို့ဓာတ်ကို ကြည့်လိုက်သည်။
သူ့အမူအရာကပိုပိုမည်းမှောင်လာပြီး ဖြည်းညင်းစွာ ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။
ထို့နောက် အေးစက်စွာပြောလိုက်သည်။
"ငါ့စီနီယာအမကိုတိုက်ခိုက်တာလည်း မင်းတို့ပဲမလား..."
"အခုလည်း ယွဲ့မင်ကျုးကိုထိခိုက်အောင်လုပ်တယ်..."
"မင်းတို့မသေရင် ငါ့ဒေါသကိုဖြေဖျောက်နိုင်မှာမဟုတ်ဘူး..."
သွေးနဂါး မနေနိုင်ပဲ ကျယ်လောင်စွာထရယ်လိုက်၏။
"ငါတို့ကသေရမယ်? ဘာနဲ့လဲ..."
ဂျန်ဖန်း ကျောက်စိမ်းသေတ္တာပေါ်ရှိ ချိပ်ပိတ်ဆောင်တွေကို တစ်ရွက်ပြီးတစ်ရွက်ဆွဲဖြဲပြီး အေးစက်စွာပြောလိုက်သည်။
"ဒါနဲ့, ဒီသန္ဓေသားအဆောင်နဲ့..."
ဟမ်?...
သွေးနဂါး ဝမ်ဗိုက်ကိုကိုင်ပြီး ပိုလို့တောင်ရယ်လိုက်သည်။
"ပင်လယ်ညို့ဓာတ် မင်းကြားလား..."
ဤအခိုက်အတန့်၌...
ပင်လယ်ညို့ဓာတ်တောင်မနေနိုင်ပဲ ခေါင်းခါယမ်းလိုက်သည်။
"လူသားကောင်လေး..."
"ဒီလှည့်ကွက်ကို နင့်အဖော်သုံးပြီးပြီ..."
"နောက််တစ်ကြိမ်သုံးတာက အဓိပ္ပာယ်မရှိဘူး..."
ပျောက်ဆုံးသွားသည့် သန္ဓေသားအဆောင်ကို ရမ္မက်ဂိုဏ်းချုပ်တောင် မရခဲ့ပေ။
ဘယ်လိုလုပ် တပည့်လေးတစ်ယောက်လက်ထဲမှာရှိနိုင်မည်နည်း။
ဤခြိမ်းခြောက်မှုက အဓိပ္ပာယ်မရှိပေ။
သူမက သနားသည့်အရိပ်အယောင်အချို့ပြသလိုက်၏။
"နင်ပြန်မလာခဲ့သင့်ဘူး..."
"နင့်အဖော်ရဲ့အချိန်ဆွဲပေးမှုက အခုတော့ အလဟသဖြစ်သွားရပြီ..."
သို့ပေမယ့် သွေးနဂါးကျယ်လောင်စွာရယ်လိုက်သည်။
"မဖြစ်ပါဘူး, မဖြစ်ပါဘူး...."
"ငါလိုက်ဖမ်းရတာ အချိန်ကုန်သက်တာပေါ့။ ဘယ်က အလဟသဖြစ်ရမှာလဲ..."
"ဒီကောင်မစုတ်က ငါ့ကို အထိနာအောင်လုပ်ခဲ့တာ။ မင်းကို ကမ္ဘာဆုံးထိလိုက်ရမယ်ဆိုရင်တောင် မင်းခေါင်းကို ဆုတ်ဖြဲပစ်မှာ...."
"အခု, သူမမှာအသက်တစ်မျှင်လောက်ရှိနေတုန်း အချိန်မဆွဲပဲ သူ့ရှေ့မှာ မင်းကို သတ်ရမယ်...."
၎င်းက ရက်စက်အေးစက်သည့်အပြုံးတစ်ခုပြုံးပြလိုက်၏။
ထို့နောက် အရိပ်တစ်ခုအဖြစ်ပြောင်းပြီး တိုက်ခိုက်လိုက်၏။
ထိုအခိုက်အတန့်မှာပဲ...
ဂျန်ဖန်း ချိပ်ပိတ်စာရွက်အားလုံးကို ဖယ်ရှားပြီးသွားပြီဖြစ်သည်။
သူက ဖြည်းညင်းစွာပဲ ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။
ထိုအခါ ခေတ်များစွာချိပ်ပိတ်ထားခဲ့သည့် ကြောက်မက်ဖွယ်ဖိအားတစ်ခု ဒီရေလှိုင်းတစ်ခုကဲ့သို့လိမ့်တက်လာခဲ့သည်။
သွေးနဂါး၏တိုက်ခိုက်လာသည့်အရိပ် စိတ်ဝိညာဥ်ဖိအားကြောင့် နောက်ပြန်လွင့်သွားပြီး ရေခဲတုံတစ်ခုကိုဝင်တိုက်မိပြီးမှ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်နိုင်လိုက်၏။
ပင်လယ်ညို့ဓာတ်လည်း ရုတ်တရက်ပေါ်လာသည့်စိတ်ဝိညာဥ်ဖိအားကြောင့် တုန်လှုပ်သွားပြီး စူးစူးဝါးဝါးအော်လိုက်ရ၏။
သူမက ချက်ချင်းပဲ နှင်းထုအဖြစ်ပြောင်းကာ ပေပေါင်းများစွာအဝေးကို ထွက်ပြေးသွားခဲ့သည်။
အဆက်မပြတ်တည်ငြိမ်နေခဲ့သည့်မျက်နှာက ယခုချိန်၌ ကြောက်ရွံ့မှုတွေပြသနေပြီး တုန်ယင်နေခဲ့သည်။
"သ..သန္ဓေသားကျောက်စိမ်းအဆောင်..."
"ဘယ်လိုလုပ်နင့်လက်ထဲမှာရှိနေတာလဲ..."
စိတ်အားငယ်မှုတွေပြည့်နှက်နေသည့် ယွဲ့မင်ကျူးလည်း အံ့အားသင့်မှုကြောင့် မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။
"ဂျန်ဖန်း, ဒီအဆောင်က..."
ယခု ကိစ္စတွေ ဤအခြေအနေထိရောက်လာရာ...
ဂျန်ဖန်း နောက်ထပ်ဖုံးကွယ်ထားဖို့မလိုတော့ပေ။
သူက ပြောလိုက်သည်။
"တိုင်ပုပိုင်ကို ငါသတ်ခဲ့တာ..."
ဘာ?...
ယွဲ့မင်ကျူး လုံးဝကို တုန်လှုပ်သွားခဲ့သည်။
ပြင်ပကလူတွေယုံကြည်ထားတာ ဂိုဏ်းချုပ်တစ်ယောက် ဒါမှမဟုတ် မြင့်မြတ်အကြီးအကဲတစ်ယောက်လှုပ်ရှားခဲ့သည်ဟူ၍ပင်။
ယွဲ့မင်ကျူးလည်း ထိုကဲ့သို့ ယုံကြည်ထား၏။
အဆုံးမှာတော့ တိုင်ပုပိုင်က ဧရာမဂိုဏ်းမဟာအကြီးအကဲဖြစ်ပြီး မယုံနိုင်လောက်အောင်သန်မာသည့်ရုပ်ခန္ဓာရှိ၏။
ဂိုဏ်းချုပ် ဒါမှမဟုတ် မြင့်မြတ်အကြီးအကဲအဆင့် ခွန်အားမရှိလျှင်...
မည်သူမှ သူ့ကို မသတ်နိုင်ပေ။
သို့ပေမယ့် သူမ ဘယ်တုန်းကမှ စိတ်ကူးမကြည့်ဖူးပေ။
ထိုလူက ဂျန်ဖန်းဖြစ်နေခဲ့သည်။
ဖြစ်နိုင်တာ ဂိုဏ်း ၉ ဂိုဏ်းတစ်ခုလုံး လူသတ်သမားအစစ်က ဂျန်ဖန်းဆိုတာ ခန့်မှန်းမိမည်မဟုတ်ပေ။
ဂျန်ဖန်းနှာမှုတ်လိုက်၏။
"ကျောက်စိမ်းအဆောင်ရရခြင်း တိုင်ပုပိုင် ပထမဆုံးလုပ်တဲ့ကိစ္စကို မင်းသိလား..."
"သူက ငါ့တို့တိမ်စိမ်းဂိုဏ်းကိုဖိအားပေးပြီး သလင်းကျောက် ၂ သန်း ငွေးညစ်တာပဲ...."
"သူမှမသေသင့်ရင် ဘယ်သူသေသင့်တာလဲ..."
ယွဲ့မင်ကျူး အနည်းငယ်နားလည်သွားခဲ့သည်။
ဂျန်ဖန်း အကြီးအကျယ်စွန့်စားပြီး လှုပ်ရှားခဲ့တာ မအံ့သြတော့ပေ။
ပိုက်ဆံက ဒုတိယဖြစ်ပြီး...
ဂိုဏ်းကိုခြိမ်းခြောက်ခြင်း, ထိုကဲ့သို့ကိစ္စက လူကို တကယ်ပဲ ဒေါသထွက်စေ၏။
ယွဲ့မင်ကျူးသာ ဂျန်ဖန်းနေရာမှာဆိုလျှင် တိုင်ပုပိုင်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်မည်ဖြစ်သည်။
ဤအခိုက်အတန့်၌...
သွေးနဂါးနှင့် ပင်လယ်ညို့ဓာတ် သူတို့ကိုယ်သူတို့ ခက်ခဲတဲ့အခြေအနေထဲရောက်နေတာ သိလိုက်ရသည်။
သွေးနဂါး ကြောက်ရွံ့မှုအပြည့်ဖြင့် ကျောက်စိမ်းအဆောင်ကိုကြည့်ပြီး ဆန္ဒမရှိစွာပြောလိုက်သည်။
"ကောင်စုတ်လေး, အဲ့ဒီမိန်းမကိုခေါ်ပြီး ဒီနေရာကထွက်သွား..."
"မဟုတ်ရင် ငါအချိန်မရွေးနောင်တရသွားနိုင်တယ်..."
ဤချိန်၌ သူ ပင်လယ်ညို့ဓာတ်အကြံဉာဏ်ကို နားမထောင်ခဲ့တာ အတော်လေး နောင်တရနေခဲ့သည်။
ဒီအတိုင်းငြိမ်ငြိမ်လေးနေပြီး ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲထွက်ပေါ်လာတာ စောင့်နေတာပိုမကောင်းဘူးလား။
အပြင်ကိုထွက်လာဖို့မလိုအပ်ပေ။
ရလဒ်အနေဖြင့်, ဘာမှမရပဲပြဿနာပဲဖြစ်သွားခဲ့သည်။
သို့ပေမယ့် ယွဲ့မင်ကျူးကိုထွက်သွားခိုင်းတာကပြဿနာမရှိပေ။
ယွဲ့မင်ကျူးစစ်ကူတွေခေါ်လာချိန် သူတို့က ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲကိုယူပြီး ထွက်ခွာသွားပြီးနေပြီဖြစ်သည်။
ပင်လယ်ညို့ဓာတ် အနည်းငယ်စိုးရိမ်နေခဲ့သည်။
ယခု သူတို့က ဂျန်ဖန်းနှင့်ယွဲ့မင်ကျူးကိုလွတ်ပေးချင်လားပြောရမည်မဟုတ်တော့ပေ။
ထိုအစား ဂျန်ဖန်း သူ့တို့ကိုလွတ်ပေးချင်လားမေးရမှာဖြစ်သည်။
ဂျန်ဖန်း ရှင်းလင်းစွာပဲ သူတို့ကို လွတ်ပေးဖို့ရည်ရွယ်ချက်မရှိပေ။
သူက ကျောက်စိမ်းအဆောင်ကိုထုတ်ယူပြီး လက်ဝါးထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။
ယွဲ့မင်ကျူးကို လက်တစ်ဖက်ကကိုင်ထားပြီး ကျန်တစ်ဖက်ဖြင့် သူ့တို့ကိုညွှန်ပြလိုက်သည်။
"ငါတို့ကိုသွားခိုင်းမယ်..."
"မင်းဘာတွေတွေးနေတာလဲ...."
"ငါပြောပြီးသား, မင်းတို့အားလုံးသေရမယ်..."
သူတို့တွေ လျိုချင်းရှန်နှင့် ယွဲ့မင်ကျူးကိုထိခိုက်အောင်လုပ်တာကို မပြောလိုသေးပေ။ ထိုအရာက ဂျန်ဖန်းကို လုံးဝဒေါသထွက်စေပြီးပြီဖြစ်သည်။
ကျောက်စိမ်းအဆောင်ကို ထုတ်ပြလိုက်တာကို သူတို့တွေသေရမည်ဟုဆိုလိုနေ၏။
မဟုတ်လို့ သူတို့သာ လူသားကလန်ဆီသတင်းပျံ့စေလျှင် ပြဿနာအတော်ကြီးပြီဖြစ်သည်။
ထိုအခါ ဧရာမဂိုဏ်းက အရူးအမူးလက်စားချေမည်ဖြစ်ပြီး အဓိကအင်အားစုအားလုံးကလည်း သူ့လက်ထဲရှိကျောက်စိမ်းအဆောင်ကို လုယူကြတော့မည်ဖြစ်သည်။
သူက နေရက်တိုင်းတိမ်စိမ်းဂိုဏ်းမှာနေပြီး ဂိုဏ်းချုပ်နှင့် မြင့်မြတ်အကြီးအကဲတွေနောက်ပုန်းနေလျှင်တောင် အကူအညီဖြစ်မည်မဟုတ်ပေ။
သန္ဓေသားအဆောင်၏ဆွဲဆောင်မှုက ကြီးမားလွန်း၏။
ထို့ကြောင့်, ကျောက်စိမ်းအဆောင်ကို သုံးကိုသုံးရမည်ဖြစ်သည်။
"ပြေး..."
ပင်လယ်ညို့ဓာတ် မျှော်လင့်ချက်တွေကိုစွန့်လွတ်ပြီး နှင်းထုအဖြစ်ပြောင်းကာ နှင်းတွေတစ်လျှောက် သစ္ဆေတစ်ကောင်ကဲ့သို့ ပြေးတော့သည်။
သူမပြေးတာမြင်တော့ သွေးနဂါး ကြောက်ရွံ့သွားပြီး အလျှင်အမြန်ပဲ တိုင်ဟူရေကန်ဆီဦးတည်ပြေးတော့၏။
သန္ဓေသားအဆင့်တိုက်ခိုက်မှု၊ ထိုအရာက ဘယ်လိုကောင်းကင်ဖျက်ဆီးနိုင်သည့်စွမ်းအားမျိုးနည်း။
အောက်ခြေမရှိနက်ရှိုင်းသည့်တိုင်ဟူရေကန်ဆီထွက်ပြေးခြင်းကသာ သူ့အသက်ကယ်တင်နိုင်ဖို့ မျှော်လင့်ချက်ရှိမည်ဖြစ်သည်။
သို့ပေမယ့် ဂျန်ဖန်း သူတို့ကို ထွက်သွားခွင့်ပြုမည်မဟုတ်ပေ။
"ခု သေလိုက်ကြတော့..."
သူ့လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို တိတ်တဆိတ်အသက်သွင်းထားပြီးပြီဖြစ်သည်။