ရေသူမအိမ်မွေးသားရဲ
Vol. 32 Ch. 418
အမ်?
နင့်ကို အခွင့်ရေးပေးလိုက်တယ်ဆိုတာ ဘာကိုဆိုလိုသနည်း။
ဂျန်ဖန်း စိတ်ထဲမှာစဥ်းစားလိုက်၏။
ယွဲ့မင်ကျူးပြောသည့်နည်းလမ်းက တကယ်ကြီးလား?
တစ်နာရီလောက်ကြာပြီးနောက်...
ပင်လယ်ညို့ဓာတ်၏မျက်လုံးတွေ တဖြည်းဖြည်း တုန်လှုပ်မှုမှ စိတ်ဓာတ်ကျမှုအဖြစ်ပြောင်းလဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တိုတောင်းသည့်အချိန်အတွင်း၌ ဒဏ်ရာအပြင်းအထန်ရထားသည့်ယွဲ့မင်ကျူး သူမမျက်စိရှေ့မှာပဲ အပြည့်အဝပြန်ကောင်းလာခဲ့သည်။
"နင်တို့လူသားကလန်မှာ တကယ်ပဲ ဒီလိုနတ်ဘုရားဆေးလုံးရှိတယ်ပေါ့..."
ပင်လယ်ညို့ဓာတ် လေးပင်စွာသက်ပြင်းချလိုက်သည်။
"ငါတို့နတ်ဆိုးမျိုးနွယ် လူသားကလန်ကိုကျူးကျော်တာ အကြံကောင်းမဟုတ်ဘူးပဲ..."
ဤဆေးလုံးက လူသားကလန်၌တောင် အတော်လေးရှားပါးတယ်ဆိုတာ ယွဲ့မင်ကျူးပြောမည်မဟုတ်ပေ။
ဂျန်ဖန်းနောက်လိုက်မှသာ သူမအနည်းငယ်ရနိင်တာဖြစ်သည်။
"ဟီ..ဟီ... တကယ်ကို ရင်သက်ရှုမောဖွယ်အလှလေးပါလား..."
ယွဲ့မင်ကျူး ဆောင့်ကြောင့်ထိုင်ပြီး ပင်လယ်ညို့ဓာတ်မေးစေ့ကိုကိုင်ကာ ရွတ်နှောက်နှောက်ဖြင့် ပြောလိုက်သည်။
"စောနကနင့်ကြောင့်သာမဟုတ်ရင် ငါ သွေးနဂါးကို အစောကြီးကတည်းကသတ်ပြီးနေပြီ..."
"ပြီးရင် ဘာထိခိုက်မှုမှမရှိပဲ ပြန်ဆုတ်ရုံပဲ..."
"နင် ငါ့ကိုပေးတဲ့ဒုက္ခက သွေးနဂါးထက် အများကြီးပိုဆိုးတယ်..."
ပင်လယ်ညို့ဓာတ် မြေပြင်၌ ခရမ်းဓားနှင့်စိုက်ခံထားရဆဲဖြစ်ပြီး မလှုပ်ရှားနိုင်ရာ တုံ့ပြန်ဖို့ဆိုရင်တော့ ပြောစရာကို မလိုတော့ပေ။
"သတ်မှာလား,ဖြတ်မှာလား နင်တို့ကြိုက်သလိုလုပ်..."
သူမက သာမန်ကိစ္စတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ မျက်လုံးတွေက အလွန်တည်ငြိမ်နေခဲ့သည်။
ယွဲ့မင်ကျူး နက်နက်ရှိုင်းရှိုင်း ပြုံးလိုက်သည်။
"သတ်တာက နင့်အပေါ်သက်ညှာရာရောက်လွန်းတယ်...."
ပင်လယ်ညို့ဓာတ်၏နူးညံ့သည့်မျက်နှာလေး နောက်ဆုံးမှာ အနည်းငယ်ပြောင်းလဲသွားပြီး လှပသည့်မျက်ခုံးတွေ အနည်းငယ်တွန့်ကွေးသွား၏။
"နင်တို့ငါ့ကိုခုမသတ်ရင် နောင်မှာ ဘေးအန္တရာယ်တစ်ခုဖြစ်လာမှာနော်...."
ယွဲ့မင်ကျူး သူမအင်္ကျီလက်ထဲကို တစ်ခဏလှန်လှောရှာလိုက်ရာ နောက်ဆုံး အိုဟောင်းသည့်သစ်သားသေတ္တာတစ်ခုကို တွေ့လိုက်သည်။
"နှစ်ပေါင်းဘယ်လောက်တောင်ကြာသွားပြီလဲ။ ဒါကို ဘယ်တော့မှမသုံးရဘူးလို့ ငါထင်ထားခဲ့တာ...."
"ရတနာတိုက်ထဲပစ်ထည့်ထားဖို့တောင် စီစဥ်ထားခဲ့တာ.."
"မမျှော်လင့်ပဲ ဒီနေ့ နောက်ဆုံးမှာတော့ အသုံးပြုလာရပြီ..."
သူမသစ်သားသေတ္တာကိုဖွင့်လိုက်သည့်အခါ ခြောက်သွေ့ဟောင်းနွမ်းသည့်လည်ပတ်တစ်ခုထွက်ပေါ်လာခဲ့သည်။
တစ်ချက်ကြည့်လိုက်လျှင် ၎င်းက လက်ဝတ်ရတာတစ်ခုဟုသာ ထင်ရနိုင်၏။
သို့ပေမယ့် လည်ပတ်အတွင်း၌ ဆူးချွန်လေးတွေအပြည့်ရှိနေခဲ့သည်။
ပိုပြီးအသေးစိတ်ပြောရလျှင် ၎င်းကညင်းပန်းနှိပ်စက်သည့်ပစ္စည်းတစ်ခုနှင့်ပိုတူ၏။
ပစ္စည်း၏ထိတ်လန့်ဖွယ်သဘာဝကိုခံစားမိသည့်အခါ ပင်လယ်ညို့ဓာတ်တုန်ယင်သွားပြီး ပြောလိုက်သည်။
"နင်ဘာလုပ်ချင်တာလဲ..."
ယွဲ့မင်ကျူး ပြန်ပြောလိုက်သည်။
"ဒါကို နတ်ဆိုးကံကြမ္မာလည်ဆွဲလို့ခေါ်တယ်...."
"လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုလောက်တုန်းက ငါတို့ဂိုဏ်းဘိုးဘေးတစ်ယောက်က တစ်ဘဝစာအားစိုက်မှုတွေနှင့် သွန်းလုပ်ခဲ့တာ..."
"တစ်ခါက သူတစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ပြီး သူမအတွက်တစ်ဘဝလုံးမြုပ်နှံခဲ့တာ။ ဒါပေမယ့် ဘာမှပြန်မရခဲ့ဘူး...."
"ဒီလိုနဲ့ သူ့ဒေါသတွေနဲ့ ဒီလည်ဆွဲကို ဖန်တီးခဲ့တာ...."
"သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ဝတ်ဆင်ပေးလိုက်တာနဲ့ သူတို့က တစ်သက်လုံး သူ့ကို နာခံလိမ့်မယ်..."
"နည်းနည်းလေးခုခံရင်တောင် လူမဆန်တဲ့ညင်းပန်းနှိပ်စက်မှုကို ခံရလိမ့်မယ်..."
"ဒါပေါ့, ဘိုးဘေးက တဖြည်းဖြည်းနဲ့ ဒီပစ္စည်းကို မသုံးချင်တော့ဘူး။ ငါတို့နောက်မျိုးဆက်တွေဆီလက်ဆင့်ကမ်းပေးတော့ လူသားမျိုးနွယ်ဆီမှာ ဘယ်တော့မှမသုံးဖို့ အပြင်းအထန်ကန့်သတ်ထားခဲ့တယ်..."
သူမ ပင်လယ်ညို့ဓာတ်၏ နှင်းလိုဖြူဖွေးကျော့မော့သည့်လည်တိုင်လေးကိုကြည့်ပြီး တခစ်ခစ်ရယ်လိုက်၏။
"ဆိုဒ်ကတော့ ကွက်တိပဲ..."
"နင့်အတွက်လုပ်ထားသလားမှတ်ရတယ်...."
နတ်ဆိုးကံကြမ္မာလည်ဆွဲအကြောင်းကိုကြားတော့ ပင်လယ်ညို့ဓာတ် လူသားကလန် နတ်ဆိုးသားရဲတွေကိုကျွန်ပြုဖို့အသုံးပြုခဲ့သည့် ဒဏ္ဍာရီလာ ကျွန်ပြုကွင်းအကြောင်းအမှတ်ရသွား၏။
ဤလည်ဆွဲက ကျွန်ပြုကွင်းနှင့်အတော်လေးဆင်တူ၏။
"ငါ့ကိုသတ်လိုက်။ နင်တို့လူသားကလန်ရဲ့ကျွန်တစ်ယောက်ဖြစ်လာမဲ့အစား ငါ အသေပဲခံလိုက်မယ်..."
ယွဲ့မင်ကျူး အေးအေးဆေးဆေးပဲ ပြောလိုက်သည်။
"နင်က သေဖို့ချည်းပြောနေတော့တာပဲ..."
"နတ်ဆိုးမျိုးနွယ်မှာ သတိရစရာဘာမှမရှိတော့သလိုနဲ့..."
ထိုစကားတွေက ပင်လယ်ညို့ဓာတ်မျက်လုံးတွေကို ပိုလို့တောင် တဆတ်ဆတ်တုန်ယင်သွားစေခဲ့သည်။
အမြဲလိုလိုတည်ငြိမ်နေသည့်သူမမျက်လုံးတွေထဲ၌ ဒေါသမီးတွေလိမ့်တက်လာခဲ့သည်။
"နင်က အတော်ကြောက်စရာကောင်းတဲ့မိန်းမပဲ..."
"ချီးကျူးမှုအတွက်ကျေးဇူးပါ..."
ယွဲ့မင်ကျူး ပခုံးတွန့်လိုက်ပြီး နတ်ဆိုးကံကြမ္မာလည်ဆွဲကို ဂျန်ဖန်းဆီပစ်ပေးလိုက်သည်။
"နင့်ရဲ့သွေးအနှစ်သာရနဲ့ ဝိညာဥ်စွမ်းအား ထည့်လိုက်..."
"အရင်ဆုံးဒီလည်ဆွဲကိုသန့်စင်ပြီး နောက်မှ သူမစိတ်ဝိညာဥ်ကို ထိန်းချုပ်ရမယ်..."
"သွေးအနှစ်သာရအတွက်ကတော့ တစ်စက်ဆိုရပြီ။ ဒါပေမယ့် ဝိညာဥ်စွမ်းအားကိုတော့ နင်ကပ်စေးမနှဲနဲ့ မဟုတ်ရင် သူမ နင့်ထိန်းချုပ်မှုကနေ ချိုးဖျက်သွားလိမ့်မယ်...."
ဂျန်ဖန်း နတ်ဆိုးကံကြမ္မာလည်ဆွဲကိုကိုင်ထားပြီး ဆွံ့အနေခဲ့သည်။
ဤပစ္စည်းသွန်းလုပ်ရသည့်မူလရည်ရွယ်ချက်ကကို အတော်လေး နတ်ဆိုးဆန်၏။
သင်ချစ်သည့်လူတစ်ယောက်ကိုမရနိုင်လျှင် သူတို့ကို ကျွန်ပြုနိုင်၏။
ကံကောင်းစွာပဲ ရမ္မက်ဂိုဏ်းဘိုးဘေး အသိပြန်ဝင်ခဲ့ပြီး သူ၏လူမဆန်သည့်ရည်ရွယ်ချက်ကို စွန့်လွတ်ခဲ့သည်။
နတ်ဆိုးသားရဲတွေပေါ်မှာသာ အသုံးပြုဖို့ ခွင့်ပြုခဲ့သည်။
၎င်းက နတ်ဆိုးသားရဲတွေအပေါ်၌သာဖြစ်၍ ဂျန်ဖန်း မည်သည့်ကန့်ကွက်ချက်မှမရှိပေ။
သူက ချက်ချင်းပဲ အနှစ်သာရသွေးတစ်စက်ချလိုက်သည်။
ဝိညာဥ်စွမ်းအားအတွက်တော့ သူကကပ်စေးမနှဲပေ။ ပြင်းထန်သည့်နာကျင်မှုကိုတောင့်ခံပြီး လည်ဆွဲထဲသို့ ဝိညာဥ်စွမ်းအင်တစ်မျှင်ပေါင်းစပ်လိုက်သည်။
သူ၏ဝိညာဥ်စွမ်းအားနှင့် သန္ဓေသားအဆင့်အောက်ရှိမည်သည့်နတ်ဆိုးသားရဲမှ ချိုးဖျက်ဖို့မျှော်လင့်ချက်ရှိမည်မဟုတ်ပေ။
အထူးသဖြင့် သူက သူမ၏စွမ်းအားအတော်များများကို ဖြတ်တောက်ထားခဲ့သည်။
အနာဂတ် ပင်လယ်ညို့ဓာတ်အသွင်းပြောင်းနိုင်ခဲ့လျှင်တောင် ထိန်းချုပ်မှုကိုချိုးဖျက်ဖို့ အချိန်အတော်ကြာအုန်းမည်ဖြစ်သည်။
"ရပြီ..."
ဂျန်ဖန်း လည်ဆွဲကို ယွဲ့မင်ကျူးဆီပြန်ပေးလိုက်သည်။
"မလာနဲ့, ငါနဲ့ဝေးဝေးနေ..."
ပင်လယ်ညို့ဓာတ် စူးဝါးစွာအော်ဟစ်လိုက်၏။
ယွဲ့မင်ကျူး သူမလည်ပင်းကိုဆုပ်ကိုင်ပြီး အေးစက်စွာပြောလိုက်သည်။
"ငြိမ်ငြိမ်နေစမ်းပါ...."
"ဆက်အော်နေရင် ငါ နင့်အတွက် ရုပ်ဆိုးပြီးကာမလိုက်စားတဲ့သခင်တစ်ယောက်ရှာပေးလိုက်မှာ...."
"နင့်လိုလှပတဲ့ရေသူမတစ်ယောက်ကို ငါတောင် ဂရုဏာသက်မိတယ်။ အဲ့ဒီရာဂကြီးတဲ့ယောက်ျားတွေဆိုရင်တော့ပြောကိုမနေနဲ့တော့...."
ပင်လယ်ညို့ဓာတ်အမှန်တကယ်ကြောက်သွားပုံရပြီး တစ်ခဏရုန်းကန်မှုတွေရပ်သွား၏။
ဤအခွင့်အရေးကိုယူပြီ....
ယွဲ့မင်ကျူး အလျှင်အမြန်ပဲ သူမလည်ပင်းမှာ လည်ဆွဲကို တပ်ဆင်ပေးလိုက်သည်။
ပင်လယ်ညို့ဓာတ် အသိပြန်ဝင်လာသည့်အခါ လည်ဆွဲပေါ်ရှိဆူးချွန်တွေက သူမလည်ပင်းထဲစိုက်ဝင်နေပြီဖြစ်သည်။
အဆက်မပြတ်တင်းကြပ်နေပြီး ဖျစ်ညစ်နေခဲ့သည်။
ပင်လယ်ညို့ဓာတ်၏နာကျင်စွာအော်ဟစ်သံတွေအလယ်၌ ၎င်းက သူမအသားထဲကို ဆက်လက်စိုက်ဝင်နေပြီး နောက်ဆုံးမျက်စိနှင့်မမြင်ရတော့မှသာ ရပ်တန့်သွားခဲ့သည်။
ထိတ်လန့်ဖွယ်ကွင်းပုံသဏ္ဍာန်ပြတ်ရှရာတစ်ခုသာ ကျန်ခဲ့၏။
"နင်ဘာကြောင်ရပ်နေတာလဲ? နင့်ရဲ့အဖိုးတန်အိမ်မွေးသားရဲလေးအတွက် ပြန်လည်ရှင်သန်ဆေးထုတ်ပေးလိုက်လေ..."
"ဒီလိုလှပတဲ့ရေသူမလေးတစ်ကောင်ရဲ့လည်ပင်းမှာ အမာရွတ်ကြီးကျန်နေရင် ဝမ်းနည်းစရာကောင်းတယ်..."
ယွဲ့မင်ကျူး ဂျန်ဖန်းမှိန်မောနေတာမြင်တော့ ဘေးတိုက်တစ်ချက်ကြည့်လိုက်သည်။
ဂျန်ဖန်း သဘောတူလိုက်ပြီး ပြန်လည်ရှင်သန်ခြင်းဆေးတစ်လုံးထုတ်ယူလိုက်၏။
ပင်လယ်ညို့ဓာတ် သူမပါးစပ်ကိုတင်းကြပ်စွာပိတ်ထားပြီး သူ့ကို မုန်တီးစွာကြည့်လိုက်သည်။
"ငါနင့်ပစ္စည်းမလိုချင်ဘူး။ ငါနဲ့ဝေးဝေးနေ..."
ဂျန်ဖန်း မျက်မှောင်ကြုတ်သွား၏။
ဤနတ်ဆိုးကံကြမ္မာလည်ဆွဲက အလုပ်မဖြစ်ဘူးလား?....
သူက တင်းမာစွာအမိန့်ပေးလိုက်သည်။
"ပါးစပ်ဟ..."
ပင်လယ်ညို့ဓာတ် ဆက်လက်ခုခံနေပြီး အံ့ကြိတ်ထားခဲ့သည်။
သို့ပေမယ့် ရုတ်တရက် ဓားတစ်ချောင်းနှင့်မွန်းနေသကဲ့သို့နာကျင်မှုက သူမစိတ်ဝိညာဥ်အနက်ပိုင်းမှထွက်ပေါ်လာခဲ့သည်။
၎င်းက ခန္ဓာကိုယ်နာကျင်မှုထက် အဆများစွာ ပိုပြင်းထန်၏။
သူမက တိုက်ပွဲရာချီတိုက်ဖူးပြီး သေခြင်းတရားနှင့်နာကျင်မှုကိုမကြောက်သည့်သည့် စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တာတောင်....
မနေနိုင်ပဲ မြေပြင်ပေါ်လူးလိမ့်ကာ နာကျင်စွာ အော်ဟစ်လိုက်ရ၏။
တစ်ခဏအတွင်းမှာပဲ...
တစ်ကိုယ်လုံးချွေးတွေစိုးဆွဲသွားပြီး မျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ဖြူဖျော့သွားခဲ့သည်။
သို့ပေမယ့် နာကျင်မှုက ပျောက်ကွယ်မသွားသည့်အပြင် ပိုလို့တောင်ပြင်းထန်လာခဲ့သည်။
တဖြည်းဖြည်းနှင့် သူမနောက်ထပ်တောင့်မခံနိုင်တော့ပေ။
အလျှင်အမြန်ပဲ ပြောလိုက်၏။
"ငါ.... ငါ ပါးစပ်ဟပါ့မယ်..."
ဤသို့ဖြင့် နှင်းဆီရောင်စွဲမက်ဖွယ်နှုတ်ခမ်းလေးတွေ ဖြည်းညင်းစွာပွင့်ဟလာခဲ့သည်။
သူမ ဂျန်ဖန်းစကားကိုနာခံသည်အခါ စိတ်ဝိညာဥ်ရှိမချိမဆံ့နာကျင်မှုက ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
သူမမျက်နှာ၌ ကြီးစွာသက်သာယာရမှုကို ပြသလာခဲ့သည်။
အစောပိုင်းကြုံတွေ့ခဲ့သည့် လူမဆန်သည့်နာကျင်မှုကို ပြန်တွေးမိတော့ သူမမျက်နှာ၌ ထိတ်လန့်သည့်အရိပ်အယောင်တွေပြသလာခဲ့သည်။
သေခြင်းတရားကပိုကောင်းသည်ဟူသည့်ဆိုလိုရင်းကို သူမအမှန်တကယ် နားလည်သွားခဲ့သည်။
ဂျန်ဖန်း ကြောင်သွား၏။
၎င်း၏စွမ်းအားက...ဤလောက်ထိတောင်လား?...
အစွမ်းထက်စစ်ဗိုလ်ချုပ်တစ်ယောက်ကိုတောင် အလွယ်တကူအညံ့ခံစေခဲ့သည်။
သူ့လက်ချောင်းတွေကို လှုပ်ရှားပြီးပြန်လည်ရှင်သန်ခြင်းဆေးလုံးကို သူမပါးစပ်ထဲထည့်ပေးလိုက်သည်။
ဆေးအာနိသင်ပြလာသည်နှင့်...
သူမလည်ပင်းရှိ ကြောက်မက်ဖွယ်ဒဏ်ရာကြီး မြင်သာသည့်အရှိန်ဖြင့် ပျောက်ကင်းလာခဲ့သည်။
ဂျန်ဖန်းအလျှင်အမြန်ပဲ ခရမ်းဓားကိုပြန်နှုတ်ကာ သူမအပြည့်အဝပြန်ကောင်းအောင်ခွင့်ပြုလိုက်၏။
ဤခရမ်းဓားကိုမြင်သည့်အခါ ယွဲ့မင်ကျူး မနာလိုမှုကိုခံစားလိုက်ရပြီး တင်းမာစွာသတိပေးလိုက်သည်။
"ဒီဓားကို နောက်တစ်ကြိမ်မသုံးနဲ့..."
"အဲ့နေ့ နင်တိုင်ပုပိုင်ကိုသတ်တုန်းက နင့်ရဲ့အထောက်အထားအစစ်အမှန်ပေါ်မသွားပေမယ့် ဒီခရမ်းဓားရှိနေခဲ့တယ်..."
"ဧရာမဂိုဏ်းက ကျန်ဂိုဏ်းတွေကို အသိပေးပြီးပြီ။ ခရမ်းဓားအသုံးပြုတဲ့သိုင်းပညာရှင်တစ်ယောက်ကို ရှာတွေ့တဲ့ဘယ်သူမဆို ဆုလာဘ်ကြီးကြီးဆုချမယ်တဲ့...."
ဂျန်ဖန်း တုန်လှုပ်သွား၏။
ဒီတော့ ဧရာမဂိုဏ်းက တိုင်ပုပိုင်သေဆုံးမှုစုံစမ်းတာကို ဘယ်တုန်းကမှလက်မလျော့ခဲ့ပေ။
ကံကောင်းစွာဖြင့် သူကအမြဲသတိထားနေပြီး ခရမ်းဓားကို အဝတ်ဖြင့်ပတ်ထားခဲ့သည်။
သုံးသည့်အချိန်၌လည်း ပတ်ဝန်းကျင်၌ဘယ်သူမှမရှိတာ သေချာအောင်အတည်ပြု၏။
မဟုတ်လျှင် အချိန်အတော်ကြာကတည်းက ဧရာမဂိုဏ်းက သူ့ကို ရှာတွေ့သွားပြီဖြစ်သည်။
"ငါနာလည်ပြီ..."
ဂျန်ဖန်း ချက်ချင်းပဲ ခရမ်းဓားကို အဝတ်ဖြင့်ပတ်လိုက်သည်။
ယွဲ့မင်ကျူး သူမကောင်းကင်တောင်ထွဋ်ပိုးမျှင်ကိုကောက်လိုက်ပြီး မျက်နှာ၌ အနည်းငယ် ဝမ်းနည်းသည့်အမူအရာရှိနေခဲ့သည်။
ဤပစ္စည်းက နှစ်အတော်ကြာသူမအတွက် ရတနာတစ်ခုဖြစ်ခဲ့ပြီး သူမသက်တောင့်သက်သာအသုံးပြုနိုင်သည့်အရာလည်းဖြစ်၏။
ယခုတော့ လုံးဝပျက်စီးသွားပြီဖြစ်သည်။
"အဲ့တာဘာလဲ..."
ဂျန်ဖန်းမေးလိုက်သည်။
ယွဲ့မင်ကျူး ထိတ်လန့်သွားပြီး အလျှင်အမြန် ၎င်းကိုလိပ်ကာ အင်္ကျီလက်ထဲထိုးထည့်လိုက်၏။
"ဘာ...ဘာမှမဟုတ်ပါဘူး...."
ဂျန်ဖန်း သူမက ရမ္မက်ဂိုဏ်းကဆိုတာသိပြီး အရင်က ကောင်းကင်တောင်ထွဋ်ပိုးမျှင်သုံးတာမြင်ဖူး၏။
ထိုအရာကိုသာ ရှာတွေ့သွားလျှင် သူမအထောက်အထားပေါ်သွားမည်မဟုတ်လား။
တကယ်လား?..
ဒါဆို ဘာလို့ ခိုးကြောင်ခိုးဝှက်လုပ်နေရတာလဲ...
သံသယဖြင့် ဂျန်ဖန်း ရှေ့ကို လျှောက်လာခဲ့သည်။
ထိုအခိုက်အတန့်၌...
တိုင်ဟူရေကန်အလယ်ဗဟို၌ ရုတ်တရက် ပေရာချီမြင့်သည့်အနီရောင်လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ထိုလှိုင်းလုံးက ကြီးမားသည့်အပူလှိုင်းတစ်ခုကို သယ်ဆောင်လာခဲ့သည်။
၎င်းက ကန်အောက်ခြေမှမီးတောင်တစ်လုံးပေါက်ကွဲလာသကဲ့သို့ဖြစ်သည်။
ပင်လယ်ညို့ဓာတ် ထိတ်လန့်သွားပြီး အံ့အားသင့်စွာပြောလိုက်၏။
"ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲ စောပြီး..."
စကားတစ်ဝက်မှာပဲ သူမက ရုတ်ချည်းရပ်တန့်လိုက်ပြီး ဂျန်ဖန်း၏တုံ့ပြန်မှုကို သတိထားကြည့်လိုက်သည်။
သူမကို တုန်လှုပ်စွာပဲ ဂျန်ဖန်း သူမကို တိတ်တဆိတ်ကြည့်နေခဲ့သည်။
"ဆက်ပြော..."