ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲ
Vol. 32 Ch. 419
ပင်လယ်ညို့ဓာတ် အမိန့်ကိုခုခံဖို့ပြင်လိုက်၏။
ထိုအရာက နတ်ဆိုးအင်ပါယာ ၁၀နှစ်ကြာစောင့်ဆိုင်းနေခဲ့သည့် အဖိုးတန်ရတနာဖြစ်၏။
ဤတစ်ကြိမ် အမှားအယွင်းမရှိတာသေချာစေဖို့ ယုံကြည်ရသည့်စစ်ဗိုလ်ချုပ်နှစ်ယောက်ကိုတောင် စေလွတ်ခဲ့၏။
ဘယ်လိုလုပ် အပြင်လူကို ပေးသိနိုင်မည်နည်း။
သို့ပေမယ့် ခုခံမည့်အတွေးပေါ်လာစဥ်မှာပဲ...
စူးရှသည့်နာကျင်မှုတစ်ခု သူမဝိညာဥ်ထဲမှာ နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။
အစောပိုင်းကြောက်မက်ဖွယ်မှတ်ဉာဏ်က သူမကို နောက်တစ်ကြိမ်လွမ်းမိုးသွားပြီး ကြောက်ရွံ့သွားကာ အလျှင်အမြန်ပြောလိုက်သည်။
"ငါပြောပါ့မယ်, ငါပြောပါ့မယ်..."
"စောနကပေါ်လာတာက ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲပဲ..."
"ပုံမှန်ဆို အဲ့တာက နောက်သုံးရက်နေမှထွက်ပေါ်လာရမှာ။ ဒါပေမယ့် အစောပိုင်း သန္ဓေသားအဆောင်ရဲ့တိုက်ခိုက်မှုက အဲ့တာကို ကြီးမားတဲ့စွမ်းအင်တွေပေးလိုက်ပုံရတယ်...."
"ဒါကြောင့် စောပြီးထွက်ပေါ်လာတာ..."
ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲ?...
ဂျန်ဖန်း အတွေးနက်သွား၏။
ထိုအရာကို သူအရင်က တစ်နေနေရာမှာ ကြားဖူးသလိုပင်။
သူ့ဘေးရှီ ယွဲ့မင်ကျူး အံ့အားသင့်စွာပဲ ပင့်သက်ရှိုက်လိုက်သည်။
"ဘာ? ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲက တကယ်ရှိတယ်..."
"အဲ့တာက နတ်ဆိုးအင်ပါယာကို နတ်အသွင်ပြောင်းခြင်းအဆင့်ချိုးဖျက်စေနိုင်တဲ့ဒဏ္ဍာရီလာ ပစ္စည်းမလား..."
"လွန်ခဲ့တဲ့နှစ်တွေ နတ်ဆိုးမျိုးနွယ်ကိုစုစည်းခဲ့တဲ့ သန္ဓေသားနောင်းပိုင်းအဆင့် နတ်ဆိုးကျား သူ့တစ်ဘဝလုံး ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲကို ရှာနေပေမယ့် ဘယ်တုန်းကမှမတွေ့ခဲ့ဘူး...."
"ဒီနေရာမှာတစ်ခုရှိနေတယ်..."
သူမမျက်လုံးတွေက လေးနက်နေပြီး ပုံမှန်မဟုတ်သည့်လေးနက်မှုတွေရှိနေခဲ့သည်။
"ဒီခုံးကောင်ပုလဲကို ချန်ထားလို့မဖြစ်ဘူး...."
"မဟုတ်ရင် ငါတို့လူသားမျိုးနွယ် အကြီးအကျယ်ပျက်စီးမှုနဲ့ရင်ဆိုင်ရလိမ့်မယ်..."
"လမ်းပြ..."
နတ်ဆိုးမျိုးနွယ်မှ နတ်အသွင်ပြောင်းခြင်းအဆင့်တစ်ယောက်ထွက်ပေါ်လာလျှင် ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို သူမစိတ်ကူးမကြည့်နိုင်ပေ။
ဤပုလဲက နတ်ဆိုးမျိုးနွယ်လက်ထဲရောက်လို့လုံးဝမဖြစ်ပေ။
ဖျက်ကိုဖျက်ဆီးပစ်ရမည်ဖြစ်သည်။
ပင်လယ်ညို့ဓာတ် ကန့်ကွက်လိုက်၏။
"အဲ့တာကိုဖျက်ဆီးလို့မရဘူး။ ငါတို့နတ်ဆိုးမျိုးနွယ် သေချာပေါက် အဲ့တာကိုလိုအပ်..."
သို့ပေမယ့် ဂျန်ဖန်း အမိန့်ပေးလိုက်သည်။
"လမ်းပြ..."
ပင်လယ်ညို့ဓာတ် နောက်ထပ်မခုခံနိုင်တော့ပဲ တစ်ဖက်လှည့်ကာ တိုင်ဟူရေကန်ထဲကူးခတ်သွားတော့သည်။
သူမနောက်ရှိလူနှစ်ယောက် မလှုပ်ရှားတာကိုသတိထားမိတော့...
ခေါင်းလှည့်ကြည့်လိုက်ရာ သူတို့ရေထဲဘယ်လိုဝင်ရမလဲတွေဝေနေတာ မြင်လိုက်၏။
ပင်လယ်ညို့ဓာတ်တစ်ခဏတွေဝေသွားပြီး ပါးစပ်ဟကာ ရေပူပေါင်းတစ်ခုထုတ်ကာ ဂျန်ဖန်းကို ဖုံးလွမ်းပေးလိုက်သည်။
သူမကပြောလိုက်သည်။
"ဒီရေပူပေါင်းက နင့်ကို ရေအောက်မှာ ၂ နာရီကြာအသက်ရူနိုင်အောင် ကူညီပေးလိမ့်မယ်..."
ထို့နောက် ရေထဲကို ငုံ့ဆင်းသွားခဲ့သည်။
ယွဲ့မင်ကျူး ဒေါသတကြီးရယ်လိုက်၏။
"နင့်ရဲ့စိတ်ထားက အပ်ပေါက်လောက်ပဲရှိတာပဲ.."
"ဂျန်ဖန်းကျွန်ဖြစ်လာလို့လား...."
"အဲ့တာကြောင့် ငါ့ကိုဒီလောက်ထိနာကျည်းနေတာလား..."
"စိတ်မကောင်းစရာပဲ, နင်မရှိတာနဲ့ပဲ ငါက ရေအောက်မဆင်းနိုင်တော့ဘူးတဲ့လား..."
သူမက အင်္ကျီလက်ထဲမှ ရေတွန်းကန်ပုလဲတစ်လုံးထုတ်ပြီး ပါးစပ်ထဲထည့်လိုက်သည်။
ဂျန်ဖန်းရေရွတ်လိုက်၏။
"မင်းမှာ တကယ်ကို ပစ္စည်းကောင်းတွေအများကြီးရှိတာပဲ..."
အင်္ကျီလက်ထဲသာမန်ရှာရုံဖြင့် အမြဲတမ်း ရှားပါးအဖိုးတန်သည့်ရတနာတွေ ထွက်ပေါ်လာခဲ့သည်။
ထိုအရာကိုကြားသည့်အခါ ယွဲ့မင်ကျူး မနေနိုင်ပဲ သူမလက်သီးလေးကိုဆုပ်ကာ သူ့ကို ခပ်ဖွဖွထိုးလိုက်သည်။
"ဒါကိုပြောဖို့ နင့်မှာ ဘယ်လိုတောင်မျက်နှာရှိတာလဲ...."
ကြုံရာကြာပန်းအခိုက်အတန့်တစ်ခု၌ သူက သန္ဓေသားအဆောင်တစ်ခုကို ထုတ်ယူလာခဲ့သည်။
ထို့နောက် စိတ်ဝိညာဥ်အဆင့်ခရမ်းရောင်ဓားလည်းရှိ၏။
တစ်ခုချင်းစီက သူမမနာလိုရသည့် ကမ္ဘာအဆင့်ရတနာတွေဖြစ်သည်။
ရိုးရိုးသားသားပြောရလျှင် ထိုအရာသာ အခြားတစ်ယောက်ဆိုလျှင် သူမ ရတနာတွေအတွက် အကြိမ်တစ်ရာလောက်သတ်ဖြတ်ပြီးနေပြီဖြစ်သည်။
ဂျန်ဖန်းမိုလို့သာ သည်းခံနေတာဖြစ်သည်။
"သွားစို့, နင့်ရဲ့ချစ်လှစွာသောသားရဲလေးက နင့်လိုက်မလာမှာကို စိုးရိမ်နေတယ်..."
ယွဲ့မင်ကျူး ရှေ့နားမှာ နောက်ပြန်လှည့်ကြည့်နေသည့်ပင်လယ်ညို့ဓာတ်ကိုကြည့်ပြီး အနည်းငယ်မနာလိုဖြစ်သွား၏။
ဂျန်ဖန်း ဆွံ့အသွား၏။
နတ်ဆိုးသားရဲတစ်ကောင်ကို မနာလိုနေသည်လား။
ခေါင်းခါယမ်းလိုက်ပြီး ရေထဲကို ငုံ့ဆင်းသွားခဲ့သည်။
ခဏကြာပြီးနောက်...
ပင်လယ်ညို့ဓာတ်၏လမ်းညွှန်မှုဖြင့် သူတို့က ရေကန်အောက်ခြေရှိ နန်းတော်တစ်ခုကို ရောက်လာကြသည်။
၎င်းကခန်းမကြီးတစ်ခုဖြစ်ပြီး တံခါးထက်၌ ရေမှော်တွေဖုံးလွမ်းနေသည့် စာတစ်ကြောင်းရှိနေခဲ့သည်။
ဂျန်ဖန်း ကြည့်လိုက်ရာ အံ့အားသင့်သည့်အမူအရာတစ်ခုပြသလာ၏။
"ဒါတကယ် နတ်ဆိုးမျိုးနွယ်ဘာသာစကားပဲ...."
"ဒီရေအောက်နန်တော်က နတ်ဆိုးမျိုးနွယ်နဲ့ ပတ်သက်နေတာလား...."
သူ့ဘေးရှိ ယွဲ့မင်ကျူး နတ်ဆိုးမျိုးနွယ်ဘာသာစကားကိုသိပြီး ဖတ်လိုက်သည်။
"လီမီးတောက်ကောင်းကင်နန်းတော်..."
သူမ စုပ်သပ်လိုက်၏။
"ဒါက နတ်ဆိုးမျိုးနွယ်အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ နန်တော်က ခန်းမတစ်ခုဖြစ်လောက်တယ်..."
"အကြောင်းပြချက်တစ်ခုကြောင့် ဒီနေရာကို ကျလာတာ..."
နတ်ဆိုးမျိုးနွယ်အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်?....
ဂျန်ဖန်း ထိုအရာက ဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာ မသိပေ။
သို့ပေမယ့် ဤအထီးကျန်ခန်းမကြီးပတ်လည်ရှိ အကျွင်းအကြန်များစွာကို သူသတိထားမိ၏။
၎င်းက တစ်ခါက နန်းတော်ကြီးတစ်ခု၏အစိတ်အပိုင်းတစ်ခုဆိုတာ ညွှန်ပြနေခဲ့သည်။
ဤနေရာကိုပြုတ်ကျလာသည်ဟူသောအချက်ကိုလည်း ခိုင်မာစေ၏။
ဖြစ်နိုင်တာ တိုင်ဟူရေကန်က ဤနန်းတော်ကြီးပြုတ်ကျလာသည့်အရှိန်ကြောင့် ဖြစ်ပေါ်လာသည့်ချိုင့်ကြီးဖြစ်ပုံရသည်။
နောက်ပိုင်းအချိန်တွေကြာလာသည်နှင့် ရေတွေဝင်ရောက်လာပြီးခုလက်ရှိတိုင်ဟူရေကန်ဆိုတာဖြစ်လာခဲ့တာပင်။
"အဲ့တာက အထဲမှာ..."
ပင်လယ်ညို့ဓာတ် လမ်းကိုဦးဆောင်လိုက်သည်။
ဂျန်ဖန်း ချက်ချင်းလိုက်မသွားပဲ ကြေးပြား ၂ခုကို နောက်တစ်ကြိမ်ထုတ်ယူလိုက်သည်။
တစ်ခုကို သူ့ပါးစပ်ထဲထည့်ပြီး အချိန်မရွေးအသက်သွင်းဖို့ အသင့်ပြင်ထားလိုက်သည်။
နောက်တစ်ခုကိုတော့ ယွဲ့မင်ကျူးကိုပေးလိုက်သည်။
"အဲ့လိုစိတ်ဝိညာဥ်ပစ္စည်းမျိုးက နှစ်မရေမတွက်နိုင်အောင်တည်ရှိလာခဲ့တာဆိုတော့ အသိဉာဏ်ဖွံ့ဖြိုးနေလောက်ပြီ..."
"ပြီးတော့ နတ်ဆိုးမျိုးနွယ်ပစ္စည်းဆိုမှတော့ ငါတို့လူသားတွေကို ရန်သူလို့သတ်မှတ်နိုင်တယ်..."
"သတိထားတာအကောင်းဆုံးပဲ..."
ယွဲ့မင်ကျူး ကြေးပြားကိုယူပြီး ပြောလိုက်သည်။
"နင်က အမြဲကို သတိထားနေတော့တာပဲ..."
"ငါလည်း နင့်ကိုသတိပေးမလို့ရှိသေးတယ်..."
ပင်လယ်ညို့ဓာတ် သူမတို့ကို ဤနေရာအား ဆန္ဒရှိရှိခေါ်လာသည်ဟု သူမမထင်ပေ။
အန္တရာယ်ရှိကြောင်းမပြောတာဟာ ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲသုံးပြီး သတ်ဖို့ကြံထားတာဖြစ်နိုင်၏။
ဂျန်ဖန်း သူမကို မျက်လုံးလှန်ကြည့်လိုက်သည်။
"ငါ့ကို သတိပေးမယ်..."
"ချောက်ကမ်းပါးအောက်ခြေ သန္ဓေသားဂူအိမ်တော်တုန်းကလိုသာ ပြဿနာမဖြစ်စေနဲ့..."
ပြောပြီးနောက် အထဲလျှောက်ဝင်သွားခဲ့သည်။
ယွဲ့မင်ကျူး အံ့ကြိတ်လိုက်၏။
"သူက အဲ့ကိစ္စကို ခုထိမှတ်ထားတုန်းပဲ..."
ထို့နောက် သူမလည်း ချက်ချင်း ခန်းမထဲကို လိုက်ဝင်လာခဲ့သည်။
ဤအထီးကျန်ခန်းမ၌ မည်သည့်အဖိုးတန်ပစ္စည်းမှမရှိပေ။
တစ်ခန်းလုံးအလွတ်ဖြစ်နေပြီး အရွယ်အစားသုံးပေလောက်ရှိသည့် ဧရာမခုံးကောင်ကြီးသာရှိနေခဲ့သည်။
၎င်းကို ခန်းမအလယ်၌ သံကြိုးကြီးကိုးခုဖြင့်ချည်နှောင်ထားရာ လှုပ်မရပေ။
ဟနေသည့်ကြားမှ ချော်ရည်ပူကဲ့သို့ပူပြင်းသည့်အပူရှိန်တွေ ထွက်ပေါ်နေခဲ့သည်။
အထဲ၌ အလွန်အမင်းပူပြင်းသည့်သံတုံးတစ်ခုကဲ့သို့ လက်သီးဆုပ်အရွယ်နီရဲနေသည့်အရာတစ်ခုရှိမြင်နေရ၏။
ဤလောက်ဝေးသည့်အကွာအဝေးမှတောင် ၎င်းမှထုတ်လွတ်နေသည့်အပူရှိန်ကြောင့် ဂျန်ဖန်းမနေနိုင်ပဲ ထိတ်လန့်သွားခဲ့သည်။
ဤပစ္စည်းနှင့်သာ သူ့ကိုထိမှန်လာလျှင် သံသယရှိစရာမလိုအောင် နေရာတင်ချက်ချင်း အငွေ့ပျံသွားမည်ဖြစ်သည်။
ပင်လယ်ညို့ဓာတ် နာခံစွာပဲ ဘေးဆုတ်ကာ တိတ်ဆိတ်နေခဲ့သည်။
သူမမျက်လုံးတွေထဲ၌ မျှော်လင့်ချက်အရိပ်အယာင်တွေ ပုန်းကွယ်နေခဲ့သည်။
အမြဲလိုလိုအကဲဆတ်သည့် ယွဲ့မင်ကျူး ရယ်ချင်စိတ်မရှိပဲ ပြုံးလိုက်၏။
"ဘာလဲ, ငါတို့ အဲ့တာကို တိုက်ခိုက်ဖို့မျှော်လင့်နေတာလား..."
"အဲ့လိုဆို အဲ့ဒါက ပြန်တိုက်ခိုက်မှာမလား..."
ပင်လယ်ညို့ဓာတ်အမူအရာ ထိတ်လန့်သွားပေမယ့် အလျှင်အမြန်ပဲ ပြန်ထိန်းလိုက်၏။
"နင်တို့ ဒါကိုဖျက်ဆီးတာပဲဖြစ်ဖြစ် ယူသွားတာပဲဖြစ်ဖြစ် နင်တို့ဆုံးဖြတ်ချက်ကို ငါကဝင်ပါနိုင်မှာလား..."
ယွဲ့မင်ကျူး သူမကို ထိုးဖောက်မြင်ရသည့် အကြည့်တစ်ချက်ကြည့်လိုက်၏။
ခုံးကောင်ပုလဲကိုတိုက်ခိုက်တာက မဆင်မခြင်လုပ်လို့ရသည့်အရာမဟုတ်တာသိသာ၏။
မဟုတ်လျှင် အလွန်အမင်းအန္တရာယ်ရှိနိုင်၏။
သို့ပေမယ့် မဖျက်ဆီးပြန်လျှင်လည်း အနာဂတ်ဘေးအန္တရာယ်က ပိုလို့တောင်ကြောက်စရာကောင်းမည်ဖြစ်သည်။
ဝုန်း...
ရုတ်တရက်...
ဧရာမခုံးကောင်ကြီး စတင်တုန်ခါလာ၏။
ပိုပြီးတိတိကျကျပြောရလျှင် အထဲရှိခုံးကောင်ပုလဲ တုန်ခါလာတာဖြစ်သည်။
မယုံနိုင်လောက်အောင်ပူပြင်းသည့် အပူစီးကြောင်းတစ်ခု ကျဥ်းမြောင်းသည့်အဟကြားမှ စီးထွက်လာခဲ့သည်။
ဂျန်ဖန်းနှင့် ယွဲ့မင်ကျူးမျက်နှာ ပြောင်းလဲသွား၏။
သူတို့က အလျှင်အမြန်ပဲ ခန်းမထဲမှ ဆုတ်ခွာလိုက်၏။
သူတို့က နီရဲနေသည့်အပူစီးကြောင်းက ကန်ရေထုကိုသယ်ဆောင်ကာ လေဆင်နှာမောင်းတစ်ခုကဲ့သို့ ရေပြင်ပေါ်ထိုးတက်သွားတာ မြင်လိုက်ရ၏။
အစောပိုင်းလှိုင်းတွေက ဤအရာကြောင့်ဖြစ်တာပင်။
သို့ပေမယ့် ဤတစ်ချိန် ခုံးကောင်ပုလဲ၏တုန်ခါမှုက မရပ်တော့ပေ။
၎င်းက မရပ်တန့်နိုင်သည့်မီးတောင်တစ်ခုကဲ့သို့ အဆက်မပြတ်ပေါက်ကွဲထွက်နေခဲ့သည်။
အပူစီးကြောင်းပိုမိုပြင်းထန်လာသည်နှင့်အမျှ ပင်လယ်ညို့ဓာတ်တောင် ဆက်မနေရဲတော့ပေ။
သူမက တည်ကြည်လေးနက်စွာ ဂျန်ဖန်းဘေးကူးခတ်လာပြီး လှပသည့်မျက်လုံးတွေက တောက်ပနေခဲ့သည်။
"ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲ ထွက်ပေါ်လာတော့မယ်...."
ဘုန်း! ဘုန်း! ဘုန်း!
အဆက်မပြတ်စီးထွက်နေသည့်အပူစီးကြောင်းတွေနှင့်အတူ...
နောက်ဆုံး၌ ၎င်းက ဧရာမခုံးကောင်အခွံကြီး၏ ခံနိုင်အားအကန့်အသတ်ကိုရောက်ရှိသွားခဲ့သည်။
ထို့နောက် ဘန်းဆိုသည့်ကျယ်လောင်သည့်အသံကြီးနှင့် ခုံးကောင်အခွံကြီးနှစ်ခြမ်းဟသွားပြီး....
နှစ်ပေါင်းမရေမတွက်နိုင်အောင်ဖြစ်တည်နေခဲ့သည့် ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲ နောက်ဆုံးမှာ ထွက်ပေါ်လာခဲ့သည်။
၎င်းက လေထဲမှာပေါလောပေါ်နေပြီး မျက်နှာပြင်၌ ပြတ်တောင်းပြတ်တောင်းမီးတောက်တွေတောက်ပနေကာ စိတ်လှုပ်ရှားနေသည့်ကလေးတစ်ယောက်လိုပင်။
မီးတောက်တွေ၏အပူချိန်က ကြောက်စရာကောင်းလောက်အောင်ပြင်းထန်လှ၏။
ဂျန်ဖန်း ပတ်ဝန်းကျင်ရှိကန်ရေတွေ အကြီးအကျယ်အငွေ့ပျံလာတာကို ချက်ချင်းခံစားမိလိုက်၏။
တစ်ခဏအတွင်းမှာ ရေတွေဆူပွက်လာပြီး တိုင်ဟူရေကန်တစ်ခုလုံးက ရေနွေးအိုးကြီးတစ်လုံးလိုဖြစ်လာခဲ့သည်။
ထို့ပြင် ဤအလွန်အမင်းပူသည့်အပူချိန်အောက်၌ ရေမျက်နှာပြင်အလျှင်အမြန်ပဲ ကျဆင်းလာခဲ့သည်။
လက်ဖက်ရည်တစ်ခွက်စာလောက်အချိန်နှင့်...
တိုင်ဟူရေကန်ရှိရေတွေ ရေငွေ့ပျံသွားပြီး ဒူးဆစ်လောက်သာကျန်တော့၏။
"ဟစ်..."
ဂျန်ဖန်း အသက်ပြင်းပြင်းရူလိုက်သည်။
"ဒီပစ္စည်းကိုတိုက်ခိုက်ချင်တာ မင်းသေချာလား..."
၎င်းက တစ်ကန်လုံးရှိရေတွေကို အသာအယာအငွေ့ပျံသွားစေနိုင်၏။
ဤခုံးကောင်ပုလဲ၏စွမ်းအားက သူထင်ထားသည်ထက် အဆတစ်ရာ၊ အဆတစ်ထောင်ပိုကြောက်စရာကောင်းနေခဲ့သည်။
ယွဲ့မင်ကျူးလည်း ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ဂျန်ဖန်း၌ ရေပူပေါင်းအကာကွယ်ရှိ၍ အများကြီးမခံစားရပေ။
သို့ပေမယ့် ယွဲ့မင်ကျူး အလွန်ဝေးသည့်အကွာအဝေးမှတောင် တစ်ကိုယ်လုံးမခံမရပ်နိုင်သည့်အပူချိန်ကိုခံစားနေခဲ့ရသည်။
ဤပစ္စည်းသူမကိုတိုက်ရိုက်လာမှန်လျှင်တော့ ပြောစရာကိုမလိုတော့ပေ။
မီးပွားလေးတစ်ခုကတောင် သူမခန္ဓာကိုယ်ကို ကြီးမားသည့်အပေါက်ကြီးဖြစ်အောင် လောင်ကျွမ်းပစ်နိုင်တာပဲဖြစ်သည်။
ဤအရာက သေချာပေါက် သူမကိုင်တွယ်နိုင်သည့်အရာမဟုတ်ပေ။
"မြန်မြန်သွားရအောင်..."
ဤခုံးကောင်ပုလဲက အန္တရာယ်အရှိဆုံးတည်ရှိမှုဆိုတာ သူမရုတ်တရက် နားလည်လိုက်၏။
သွေးနဂါးနှင့် ပင်လယ်ညို့ဓာတ်ပေါင်းတာထက်တောင် ပိုကြောက်စရာကောင်း၏။
ဂျန်ဖန်းလည်း ထပ်တူနိုးကြားသွားပြီး တိတ်တိဆိတ်ပြန်ဆုတ်လာခဲ့သည်။
ထိုခုံးကောင်ပုလဲ သူတို့ကိုရန်သူအဖြစ်မသတ်မှတ်ရန် တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။
မဟုတ်လျှင် ဤအလွန်အမင်းအန္တရာယ်ကြီးသည့်ပစ္စည်းနှင့် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူမတွေးနိုင်ပေ။
သန္ဓေသားအဆင့်မှလွဲပြီး အခြားမည်သူမှ ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
သို့ပေမယ့်....
သူတို့လှုပ်ရှားလိုက်သည်နှင့်....
ကောင်းကင်လောင်ကျွမ်းခြင်းပုလဲ သူတို့ကိုခံစားမိသွားပြီး သူတို့ပတ်ပတ်လည်မှာလည်ပတ်နေလိုက်သည်။
ကြည့်ရတာ သူတို့ကို စစ်ဆေးနေပုံပင်။
အသက်ရူချိန်အနည်းငယ်လောက်ကြာပြီးနောက် သူတို့ကိုတုန်လှုပ်သွားစေသည့်စကားအချို့ ပုလဲဆီမှကြားလိုက်ရ၏။
"လူသားတွေ..."
"သခင်ကပြောတယ်, နတ်ဆိုးမျိုးနွယ်နန်းတော်၊ လူသားတွေကိုကန့်သတ်ထားတယ်...."
"ကျူးကျော်လာသူတွေ, သတ်..."
"ငါ သခင့်စကားနားထောင်ရမယ်...."