ဆရာဘယ်လိုကိုင်တွယ်မလဲစောင့်ကြည့်ပါ
Vol. 32 Ch. 411
ထိုအရာက ၇ရောင်ခြယ်မိုင်းတွင်းမှ အရေးကြီးစာဆိုတာကြားသည့်အခါ...
သူက ဒေါသကိုဖိနှိပ်ပြီး ပြောလိုက်သည်။
"ဖတ်ပြ..."
၇ရောင်ခြယ်မိုင်းတွင်းက မြင့်မြတ်ဂိုဏ်းဝင်ငွေ၏ ၃၀ရာခိုင်နှုန်းဟု ယူဆနိုင်၏။
၎င်းအပေါ်အာရုံစိုက်တာက အလွန်အကျွံ့မဟုတ်ပေ။
တပည့်ချက်ချင်းပဲ စာကိုဖွင့်ပြီး ကျယ်လောင်စွာဖတ်ပြလိုက်၏။
"ဂိုဏ်းချုပ်, ရှိုနန် ၇ရောင်ခြယ်မိုင်းတွင်းနဲ့ပတ်သက်တဲ့သတင်း ၂ခု အရေးတကြီးတင်ပြလိုက်ပါတယ်..."
"သတင်းကောင်းက, အဆိပ်မြူကိုဖယ်ရှားပြီးပါပြီ။ အဆိပ်အတောက်ဖြစ်သွားတဲ့သလင်းကျောက်အရေအတွက်ကိုကန့်သတ်ပြီးပါပြီ, ကြီးကြီးမားမားပြဿနာမရှိတော့ပါဘူး...."
ထိုစကားတွေကိုကြားသည့်အခါ...
တင်းကြပ်စွာတွန့်ခေါက်နေသည့် မြင့်မြတ်ဂိုဏ်းချုပ်၏မျက်ခုံးတွေ နောက်ဆုံးမှာပြေလျော့သွားပြီး သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။
အစောပိုင်းဒေါသတွေလည်းထိုသတင်းကောင်းအောက်မှာလုံးဝပျောက်ကွယ်သွားခဲ့သည်။
"ဟ...ဟ...ဟ..., ငါသိနေတယ်, အကြီးအကဲလုက အားကိုးရပါတယ်လို့...."
"ရက်အနည်းငယ်လေးနဲ့ ၇ရောင်ခြယ်မိုင်းတွင်းက ပြဿနာကြီးကို ဖြေရှင်းပြီးသွားပြီ...."
၇ရောင်ခြယ်အဆိပ်မြူပေါ်လာစဥ်က မြင့်မြတ်ဂိုဏ်းတစ်ခုလုံး ထိတ်ထိတ်ပျာပျာဖြစ်ခဲ့ရ၏။
မိုင်းတွင်းနယ်မြေကိုသာ စွန့်ပစ်လိုက်ရလျှင် အကျိုးဆက်က စိတ်ကူးကြည့်လို့မရပေ။
မြင့်မြတ်ဂိုဏ်း၏ဖွဲ့စည်းပုံကို နှစ်ပေါင်းတစ်ရာလောက်ထိ ထိခိုက်သွားစေနိုင်တယ်ဟုပြောလျှင်တောင် ချဲ့ကားရာမရောက်ပေ။
ယခု ထိုခြိမ်းခြောက်မှုကို ဖြေရှင်းပြီးသွားပြီဖြစ်သည်။
သူ ဘယ်လိုလုပ် မပျော်ပဲနေမည်နည်း။
"ဒုတိယသတင်းကဘာလဲ။ ဆက်ဖတ်...."
သူက ပြုံးပြီး ပြောလိုက်သည်။
တပည့် ဒုတိယသတင်းကိုဖတ်ဖို့ကြည့်လိုက်ရာ သူ့မျက်နှာ ရုတ်တရက် မဲမှောင်သွား၏။
အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး အချိန်အတော်ကြာတွေဝေလျှက် ဖတ်ပြဖို့ ကြောက်လွန်းနေခဲ့သည်။
"ငါမင်းကို ဖတ်ဖို့ပြောနေတယ်, မင်းအသွားတာလား...."
မြင့်မြတ်ဂိုဏ်းချုပ် ပေါ့ပါးစွာ ဆူပူလိုက်၏။
သူက လုရှိုနန်၏အခြားသတင်းကောင်းကို ကြားရဖို့ စိတ်အားထက်သန်နေခဲ့သည်။
တပည့် အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖတ်ပြလိုက်၏။
"ဒုတိယသတင်းက... ရှိုနန် ရှက်ရွံ့စွာပဲ မြင့်မြတ်ဂိုဏ်းအကြီးအကျယ်ဆုံးရှုံးမဲ့ဆုံးဖြတ်ချက်တစ်ခု တစ်ဖက်သတ်လုပ်လိုက်မိပါတယ်...."
"ဒီနေရာကနေ ခွင့်လွတ်ပေးဖို့ တောင်းဆိုပါတယ်..."
ဟမ်....
မြင့်မြတ်ဂိုဏ်းချုပ် ပဟေဠိဖြစ်သွား၏။
"အကြီးအကဲလု ဒီလောက်ထိအကျိုးဆောင်ထား ဆုတောင်ခုထိမချရသေးဘူး...."
"ဘာလို့ အပြစ်တင်ရမှာလဲ..."
"ဆက်ဖတ်စမ်း..."
တပည့် တုန်ယင်စွာပဲ ဆက်ဖတ်လိုက်သည်။
"ရှိုနန် အဆိပ်ကျွမ်းကျင်သူ ၃ ယောက်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ပထမ ၂ ယောက်ကျရှုံးသွားပြီး အဆိပ်မြူတွေပေါက်ကွဲထွက်လာပါတယ်..."
"အဲ့မှာ ရွေးချယ်စရာမရှိတော့ပဲ ကျန်တစ်ယောက်ရဲ့ ကြီးမားတဲ့တောင်းဆိုမှုကို သဘောတူခဲ့ရပါတယ်...."
"အဲ့ကျွမ်းကျင်သူက စိတ်မပျက်စေပဲ အောင်အောင်မြင်မြင်ပဲ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်..."
"ရှိုနန်လည်း ကတိကိုဖြည့်ဆည်းပေးလိုက်ပါတယ်..."
"အဲ့ဒီတောင်းဆိုမှုက ကျွန်တော်တို့မြင့်မြတ်ဂိုဏ်းကို အန္တရာယ်အရှိဆုံးအခြေအနေထဲရောက်သွားစေနိုင်ပါတယ်..."
"ရှိုနန် အလွန်ကြောက်ပြီးအရှက်ရမိပါတယ်။ ကျွန်တော့်အပြစ်အတွက် ကျန်ရှိတဲ့တစ်ဘဝလုံး မိုင်းတွင်းထဲမှာနေဖို့ တောင်းဆိုပါတယ်..."
မြင့်မြတ်ဂိုဏ်းချုပ် တစ်ခဏ စဥ်းစားလိုက်၏။
အဆိပ်မြူပြဿနာဖြေရှင်းရတာ မလွယ်ကူမှန်း သူခန့်မှန်းထားပြီဖြစ်သည်။
ဖိတ်ခေါ်ထားသည့်အဆိပ်ကျွမ်းကျင်သူတွေ သင့်တော်သည့်တောင်းဆိုမှုတွေလုပ်တာလည်း ကျိုးကြောင်းဆီလျော်မှုရှိတယ်ဟု ခံစားရ၏။
အဆုံးမှာတော့, သူတို့က သူတို့အသက်တွေကို ဘာဆုလဒ်မှမရပဲ မြင့်မြတ်ဂိုဏ်းတွက် စွန့်စားနိုင်မည်မဟုတ်ပေ။
သို့ပေမယ့် စာက ချဲ့ကားပြောလွန်းနေသည်မဟုတ်လား။
တောင်းဆိုမှုတစ်ခုက မြင့်မြတ်ဂိုဏ်းကို ဘေးသင့်စေမည်?
"ဆက်ဖတ်, ဆက်ဖတ်..."
မြင့်မြတ်ဂိုဏ်းချုပ် စိတ်မရှည်စွာတိုက်တွန်းလိုက်သည်။
တပည့် ဆံထွေးမြိုချလိုက်ပြီး ဆက်ဖတ်လိုက်သည်။
"ဂိုဏ်းချုပ်ကို ဘာမှဖုံးကွယ်မထားရဲပါဘူး။ ကျွန်တော် ကျွန်တော်တို့ရဲ့မိုင်းတွင်းနယ်မြေတစ်ဝက်ပေးပြီး သဘောတူညီမှုကို ဖြည့်ဆည်းပေးခဲ့ပါတယ်..."
ဘာ?...
မြင့်မြတ်ဂိုဏ်းချုပ် ရုတ်တရက် ထရပ်လိုက်၏။
သူ့မျက်လုံးတွေက ကြေးခေါင်းလောင်းတွေကဲ့သို့ ပြူးကျယ်နေခဲ့သည်။
"အဲ့လူက ငါတို့မိုင်းတွင်းနယ်မြေတစ်ဝက်ကိုယူသွားတယ်...."
ဤပမာဏက မြင့်မြတ်ဂိုဏ်း သလင်းကျောက်အရင်းအမြစ်၏ ၁၅ ရာခိုင်နှုန်းဖြစ်သည်။
ထိုအရာက ဂိုဏ်း၏ခြေလက်တွေကို ရိုက်ချိုးလိုက်တာဟုပြောလျှင် ချဲ့ကားပြောရာမရောက်ပေ။
တပည့်မရပ်ရဲပဲ ဆက်ဖတ်လိုက်သည်။
နောက်အကြောင်းအရာတွေက အခြေအနေအသေးစိတ်အချက်အလက်တွေဖြစ်ပြီး ထိုအချိန်က အရေပေါ်အခြေအနေဖြစ်၍ မဖြစ်မနေ သဘောတူလိုက်ရကြောင်း ဖော်ပြထား၏။
"ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်, အခြေအနေမကောင်းတာကိုအခွင့်ကောင်းယူပြီး ငါတို့မြင့်မြတ်ဂိုဏ်းခေါင်းပေါ် တက်နင်းသွားတာပဲ...."
"ဂိုဏ်း ၉ ဂိုဏ်းမဟာမိတ်အတွင်းမှာ ဘယ်အချိန်က ဒီလိုရဲတင်းတဲ့တည်ရှိမှုမျိုးပေါ်လာတာလဲ မြင်ချင်သေးတယ်..."
မြင့်မြတ်ဂိုဏ်းမိုင်းတွင်းနယ်မြေတစ်ဝက်ကို တောင်းဆိုခြင်း...
ထိုကောင်က တကယ်ကို ပြောရဲ၏။
တကယ်ကို ပြောရဲ၏။
တပည့်ခေါင်းကျုံံ့လိုက်ပြီး ပြောလိုက်သည်။
"သူက တိမ်စိမ်းဂိုဏ်းတပည့် ဂျန်ဖန်းပါ..."
ခဏနေပါအုန်း...
ဘယ်သူ?
ဂျန်ဖန်း?....
မြင့်မြတ်ဂိုဏ်းပါရမီရှင်အားလုံးကိုအနိုင်ယူပြီး လီရှီချန်းကို တာဝန်ပယ်ဖျက်ခံရအောင်လုပ်သည့် ဂျန်ဖန်းလား....
သူက စာကိုဆွဲယူပြီး ဂရုတစိုက်ကြည့်လိုက်၏။
တကယ်ကိုဂျန်ဖန်းပင်။
"ဟ ဟ.... ဟ ဟ ဟ... ဟားဟားဟား...."
မြင့်မြတ်ဂိုဏ်းချုပ် အံံကြိတ်ပြီး ဒေါသတကြီးရယ်လိုက်၏။
"ဂျန်ဖန်း...."
"မင်းအရမ်းများသွားပြီ..."
ဘန်း!
သူ့လက်ငါးချောင်းကိုဆုပ်လိုက်ရာ လက်ထဲရှိစာ အမှုန့်ဖြစ်သွား၏။
အစွမ်းထက်အော်ရာတစ်ခုလှိုင်းတစ်ခုကဲ့သို့လိမ့်တက်လာပြီး သူ့နောက်ရှိထိုင်ခုံ အစိတ်စိတ်အမွှာမွှာဖြစ်သွား၏။
ဒူးထောက်နသေည့် ဟွာရှန်းချန်နှင့် မျက်ရည်သုတ်နေသည့်လီရှီချန်းလည်း သစ်ရွက်တွေကဲ့သို့ လွင့်ထွက်သွားခဲ့သည်။
ထို့နောက်...
မြင့်မြတ်းဂိုဏ်းချုပ် သူ့ဝတ်ရုံကိုခါလိုက်ပြီး အရိပ်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
အဝေးမှ သူ၏ဒေါသတကြီးအော်သံတစ်ခုထွက်ပေါ်လာခဲ့သည်။
"မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့..."
"ငါ သူ့ကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ အနီးကပ်ကြည့်ကြ...."
ထိုစဥ်...
ဂျန်ဖန်း ဖြူလေးကိုစီးပြီး ချိန်းဆိုထားသည့်နေရာရောက်လာခဲ့သည်။
ယွဲ့မင်ကျူး လမ်းဘေးရှိသစ်သားတန်းတစ်ခုကိုမှီနေပြီး ဂျန်ဖန်းကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
"ငါ့ကို ဒီလောက်တောင်စောင့်ခိုင်းတယ်..."
"ငါက နင်ငါ့ကိုချန်ထားခဲ့ပြီး ထွက်ပြေးပြီထင်နေတာ..."
ဂျန်ဖန်း သူ့အောက်ရှိလေဟာနယ်ကျောက်စိမ်းဖြူနွားကိုပုတ်ပြလိုက်သည်။
"မင်းအထင် ဒီစိတ်ဝိညာဥ်သားရဲက ရဖို့လွယ်တယ်များထင်နေလား...."
ယွဲ့မင်ကျူး စစ်ဆေးလိုက်ရာ လေဟာနယ်ကျောက်စိမ်းဖြူနွား၏ ထူးခြားမှုကို သိလိုက်သည်။
"ဟမ်, ဒါ ဘယ်သူ့စိတ်ဝိညာဥ်သားရဲလဲ။ သာမန်လူမှာ မရှိနိုင်ဘူး..."
ဂျန်ဖန်း ဘာကြောင့်အရမ်းကြာနေလဲဆိုတာ သူမနောက်ဆုံးမှာ နားလည်သွားခဲ့သည်။
ဤကဲ့သို့အထူးစိတ်ဝိညာဥ်သားရဲရဖို့ တကယ်ပဲ အားစိုက်မှုအချို့လိုအပ်၏။
"ဘာလို့ ဒါတွေ ပြောနေမှာလဲ..."
"အပေါ်တက်ခဲ့...."
ဂျန်ဖန်း ထွက်ခွာဖို့ စိတ်အားထက်သန်နေခဲ့သည်။
ယွဲ့မင်ကျူး တွေဝေသွား၏။
"ငါတို့ နွားကျောပေါ်မှာသစ်သားအိမ်သေးသေးလေး ဆောက်လို့မရဘူးလား..."
"အနည်းဆုံး ထိုင်ခုံလေးဖြစ်ဖြစ်, တစ်ခုခုပေါ့..."
နေဝင်မြို့၌ ဤကဲ့သို့ဂျန်ဖန်းနှင့်အတူရှိနေတာ သူမတကယ်ပဲ အများမမြင်စေချင်ပေ။
အစောပိုင်းကကို မြင့်မြတ်ဂိုဏ်းချုပ်နှင့် တွေ့မိလုနီးပါးပင်။
ဂျန်ဖန်း ဆွံ့အသွား၏။
"မင်းက ဘာလို့ ဒီလောက်ဂျီးများရတာလဲ..."
"လိုက်မှာလား မလိုက်ဘူးလား...."
"မလိုက်ရင်လည်း ငါဘာသာသွားမယ်..."
သူက ဘယ်လိုပဲဖြစ်ဖြစ် ဤခရီး၌ သူမကို ခေါ်မသွားချင်ပေ။
ယွဲ့မင်ကျူး တွန့်ဆုတ်စွာပဲ ခြေဆောင့်လိုက်သည်။
"နင်ဘာလို့ အလျှင်လိုနေတာလဲ..."
ပြောပြီးနောက် သူမ၏အိတ်ကိုကောက်ကာ နွားကျောပေါ်တက်ပြီး ဂျန်ဖန်းနောက်မှာနီးနီးကပ်ကပ်ထိုင်လိုက်သည်။
သူမက ခေါင်းကိုငုံ့ထားပြီး ဖြတ်သွားဖြတ်လာတွေသတိထားမိသွားမှာ ကြောက်နေခဲ့သည်။
ဂျန်ဖန်း ထူးဆန်းနေတာကိုသိသော်လည်း အများကြီးမတွေးပေ။
ခဏကြာပြီးနောက်....
ဖြူလေး နေဝင်မြို့မှ တစ်လှမ်းချင်းထွက်ခွာလာပြီး မြောက်ပိုင်းနှင်းနယ်မြေပေါ် ခြေချလိုက်သည်။
သူတို့က နောက်ဆုံးမှာ ခရီးစတင်ခဲ့ပြီဖြစ်သည်။
ဝှစ်! ဝှစ်! ဝှစ်!
ထိုအခိုက်အတန့်၌....
ပုံရိပ်များစွာ သူတို့ဆီ အရှိန်ဖြင့် ပြေးလာခဲ့သည်။
ရှေ့ဆုံးကလူက မြင့်မြတ်ဂိုဏ်းချုပ်မှလွဲပြီး အခြားသူမဟုတ်ပေ။
ဖြူလေးအရွယ်အစားက အလွန်ကြီးပြီး ထင်ရှားသောကြောင့် မြင့်မြတ်ဂိုဏ်းချုပ် ဂျန်ဖန်းတို့ကိုသတိမထားမိဖို့ကခက်၏။
"ဟွာရှန်းချန်, မင်းမျက်လုံးကိုကျယ်ကျယ်ဖွင့်ပြီး ငါမင်းဂျူနီယာညီမအတွက် ဘယ်လိုလက်စားချေမလဲဆိုတာ ကြည့်နေ..."
သူက နှာမှုတ်လိုက်၏။
သူ့မျက်နှာက ရေခဲကဲ့သို့အေးစက်နေပြီး လေဟာနယ်ကျောက်စိမ်းဖြူနွားရှေ့မှာ ဖျတ်ကနဲ ပေါ်လာခဲ့သည်။
ထို့နောက် လက်နှောက်ပစ်ထားပြီး ဂျန်ဖန်းကို အေးစက်စွာစိုက်ကြည့်နေခဲ့သည်။
"မတွေ့ရတာကြာပြီ, ဂျန်ဖန်း...."
ဂျန်ဖန်း အံ့အားသင့်သွားပြီး သူ့ရှေ့ကလူကိုမှတ်မိသွားကာ အလျှင်အမြန် နွားကျောပေါ်မှခုန်ဆင်းလိုက်၏။
သူက လက်ချင်းယှက်ပြီး အရိုအသေပေးလိုက်သည်။
"တပည့်ဂျန်ဖန်း မြင့်မြတ်ဂိုဏ်းချုပ်ကို အရိုအသေပေးပါတယ်...."
ဤလူက သူ့ကိုတိုင်ကြားခဲ့သော်လည်း ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်နေဆဲပင်။
ဂျူနီယာတစ်ယောက်အနေဖြင့် သင့်တော်သည့်လေးစားမှုပြရမည်ဖြစ်သည်။
ဘယ်လိုလုပ် မလေးမစားလုပ်ရဲမည်နည်း။
မြင့်မြတ်ဂိုဏ်းချုပ် ဂျန်ဖန်းကိုကြည့်လေလေ ဒေါသထွက်လေလေဖြစ်သည်။
ထိုကောင်က ဘယ်လိုတောင် မိုင်းတွင်းနယ်မြေတစ်ဝက်ကိုတောင်းရဲရသနည်း။
သဘောမတူလျှင်မိုင်းတွင်းတစ်ခုလုံးပျက်စီးရမည်ဖြစ်ပြီး သဘောတူလျှင်အနည်းဆုံး တစ်ဝက်တော့ရသေးသည်ဟု လုရှိုနန် ရှင်းပြထားသော်လည်း....
ဤကောင်လေးမိုင်းတွင်းတစ်ဝက်ယူသွားတာတွေးမိတိုင်း သူ့ဒေါသကို မထိန်းထားနိုင်ပေ။
သူက သဘောတူညီမှုကိုအသိအမှတ်ပြုပြီး မိုင်းတွင်းနယ်မြေတစ်ဝက်ကိုခွေးကျွေးလိုက်သည်ဟု ယူဆပေးနိုင်၏။
သို့ပေမယ့် ဂျန်ဖန်းကို သင်ခန်းစာပေးချင်ဆဲဖြစ်သည်။
"မြင့်မြတ်ဂိုဏ်းချုပ် ဘာများအမိန့်ပေးစရာရှိလို့လဲ မေးလို့ရမလား...."
ဂျန်ဖန်း ခန်းမှန်းမိ၏။
ဤအရာက လီရှီချန်းကိစ္စမဟုတ်လျှင် မိုင်းတွင်းနယ်မြေကိစ္စဖြစ်ရမည်ပင်။
သို့ပေမယ့် သူက နှစ်ခုလုံးအတွက် ကိုယ့်လိပ်ပြာကိုယ်လုံ၏။
မြင့်မြတ်ဂိုဏ်းချုပ် အပြစ်ရှာချင်လျှင်တောင် သူက အကြောင်းပြချက်တစ်ခုလိုအပ်၏။
သူကိုယ့်သူမေးကြည့်ရာ မည်သည့်အမှားမှမလုပ်ထားခဲ့ပေ။
မြင့်မြတ်ဂိုဏ်းချုပ် သူ့ကိုယ်သူလှောင်ပြောင်လိုက်၏။
"ဒီဂိုဏ်းချုပ်မင်းကိုလာတွေ့တာတောင် ဒီလောက်ထိတည်ငြိမ်တည်နေတယ်...."
"အပြစ်ပေးချင်တဲ့လူက အမြဲအကြောင်းပြချက်ရှာတွေ့တယ် ဆိုတဲ့စကား မင်းမကြားဖူးဘူးလား...."
ထိုစကားပြောလိုက်ချိန်မှာပဲ...
နွားကျောပေါ်မှာထိုင်နေသည့် အမျိုးသမီးတစ်ယောက်ကို မျက်လုံးထောင့်မှ ရိပ်ခနဲမြင်လိုက်၏။
သူမက ခေါင်းငုံ့ထားသော်လည်း...
နွားကျောကမြင့်လွန်းသောကြောင့် မြင့်မြတ်ဂိုဏ်းချုပ် သူမမျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်၏။
မှတ်မိသွားသည့်အခိုက်အတန့်၌...
သူ မနေနိုင်ပဲ တုန်ယင်သွားခဲ့သည်။
ရမ္မက်ဂိုဏ်းချုပ်?...