← Chapters

ဆရာလည်းအတူတူပဲမဟုတ်ဘူးလား

Vol. 32 Ch. 412

ဆရာလည်းအတူတူပဲမဟုတ်ဘူးလား

Vol. 32 Ch. 412

အပြင်လူတွေအားလုံးပြောကြတာ ရမ္မက်ဂိုဏ်းက နှစ်မွာကျင့်ကြံပြီး အညစ်အကြေးတွေစုပုံတွေနေသည်ဟူ၍ပင်။

သို့ပေမယ့် မြင့်မြတ်ဂိုဏ်းချုပ် ကောင်းကောင်းသိ၏။

ထိုအရာက အပေါ်ယံသာဖြစ်သည်။

ရမ္မက်ဂိုဏ်းက စိတ်ကိုကျင့်ကြံသည့်ဂိုဏ်းဖြစ်ပြီး ယောက်ျားနှင့်မိန်းမကြားရှိပျော်ရွင်မှုက တပည့်အချို့လိုက်စားသည့်နည်းလမ်းသာဖြစ်သည်။

အကြီးအကဲ၊ ဂိုဏ်းချုပ်နှင့် မြင့်မြတ်အကြီးအကဲတွေက ပိုမြင့်သည့်ပျော်ရွင်မှုနောက်ကို လိုက်စားကြသည်။

အထူးသဖြင့် ရမ္မက်ဂိုဏ်းချုပ်ပင်။

ယနေ့ထိ ရမ္မက်ဂိုဏ်းချုပ်နှင့် မည်သည့်ယောက်ျားကြားမှ မသင့်တော်သည့်ဆက်ဆံရေးကောလဟာလတွေ သူ့နားထဲ ရောက်မလာဘူးပေ။

သန့်စင်မှုအရ သူမက စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ် ဂုန်ချိုင်းယီထက် မနိမ့်ပေ။

"မင်းပဲ, မတွေ့တာ ကြာပြီ..."

မြင့်မြတ်ဂိုဏ်းချုပ် အလျှင်အမြန်ပဲ ဒေါသကိုထိန်းကာ နွေးထွေးသည့်အမူအရာလုပ်ယူလိုက်၏။

"ငါတို့နောက်ဆုံးအကြိမ်တွေ့တာ လွန်ခဲ့တဲ့ ၃ နှစ်ကမလား..."

"မင်းအဆင်ပြေတယ်မလား..."

ယွဲ့မင်ကျူး လေးပင်စွာသက်ပြင်းချလိုက်သည်။

သူမကြောက်သည့်အရာက ဖြစ်လာခဲ့ပြီဖြစ်သည်။

သူမက သူ့ကိုပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်ပြီး ထူးမခြားနားစွာပြောလိုက်သည်။

"မြင့်မြတ်ဂိုဏ်းချုပ်က ဂျန်ဖန်းနဲ့ဘာလုပ်ချင်လို့လဲ..."

"ခုလိုသတ်ဖြတ်ချင်တဲ့ပုံစံနဲ့ဆိုတော့ ဂျန်ဖန်း မြင့်မြတ်ဂိုဏ်းကို တစ်ခုခုထိခိုက်အောင်လုပ်ထားလို့လား..."

"နင်ကိုယ်တိုင်တောင်လှုပ်ရှားလာတယ်...."

သူမအစောပိုင်းကပြောသည့် သူမမြင့်မြတ်ဂိုဏ်းချုပ်ကို မကြိုက်ဘူးဆိုတာ လိမ်ပြောတာမဟုတ်ပေ။

အကြောင်းအရင်းရှိ၏။

သူတို့ ငယ်ငယ်ကတည်းက မြင့်မြတ်ဂိုဏ်းချုပ် မနားတမ်း သူမကို လိုက်လံပိုးပမ်းခဲ့သည်။

အဓိကအကြောင်းပြချက်ကတော့ သူက စိတ်ဓာတ်ကျဥ်းမြောင်းတာပင်။

ပုံမှန်ဆို တပည့်တွေကြားရှိကိစ္စတွေကို သူတို့ကိုယ်တိုင်ဖြေရှင်းသင့်၏။

မဟုတ်လျှင် အကြီးအကဲတွေ ဝင်ပါနိုင်၏။

သို့ပေမယ့် ဤမြင့်မြတ်ဂိုဏ်းချုပ်က... မကြာခဏ သူ့တပည့်တွေကိုကာကွယ်ဖို့ ဝင်ပါတတ်၏။

ထိုအရာက သိပ်အရေးမပါသည့်ကိစ္စတွေကိုတောင် ပြဿနာကြီးတစ်ခုဖြစ်လာစေပြီး နှစ်ဖက်လုံးအတွက်မကောင်းပေ။

သူမက ရမ္မက်ဂိုဏ်းအကြီးအကဲတွေကို မကြာခဏမှာကြားထား၏။

သူမတို့တပည့်တွေကို မြင့်မြတ်ဂိုဏ်းပါရမီရှင်တွေနှင့် ဝေးဝေးနေဖို့ခိုင်းဖို့ပင်။

ထိုအခါမှ မြင့်မြတ်ဂိုဏ်းချုပ်ဝင်ပါနိုင်သည့် အငြင်းပွားမှုတွေကို ရှောင်ရှားနိုင်မှာဖြစ်သည်။

ထို့ပြင် ယခုလည်းကြည့်အုန်း။

မသိရသည့်အကြောင်းပြချက်အချို့ကြောင့် မြင့်မြတ်ဂိုဏ်းချုပ် ဂျန်ဖန်းကို တားခဲ့သည်။

ဂိုဏ်းချုပ်တစ်ယောက်ဆိုသည့် သူ့အထောက်အထားကိုတောင် လျစ်လျူရှူထားခဲ့သည်။

ဘယ်လိုလုပ် ယွဲ့မင်ကျူး ဤကဲ့သို့လူတစ်ယောက်ကို သဘောကျနိုင်မည််နည်း။

မြင့်မြတ်ဂိုဏ်းချုပ်မျက်နှာ တစ်ခဏတောင့်တင်းသွားပြီး ရယ်လိုက်၏။

"မင်းကဟာသတွေပြာနေပြန်ပြီ။ ငါ့လိုဂိုဏ်းချုပ်တစ်ယောက်က တပည့်လေးတစ်ယောက်ကို ဘယ်လိုလုပ်ပြဿနာရှာနိုင်မှာလဲ...."

ဂျန်ဖန်း သူ့ကို ထူးခြားသည့်အမူအရာဖြင့် ကြည့်လိုက်၏။

မင်းပြောနေတာ မင်းကော ယုံရဲ့လား....

မင်းတပည့်အနည်းငယ်ကိုအနိုင်ယူရုံနဲ့ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို တိုင်တာလေ...

သူက နှာခေါင်းပွတ်လိုက်ပြီး စိတ်ရှုပ်စွာ မေးလိုက်သည်။

"ဒါဆို မြင့်မြတ်ဂိုဏ်းချုပ်က ဘာလို့ ငါ့ကို တားတာလဲ..."

အစောပိုင်းသတ်ဖြတ်လိုသည့်အကြည့်က အတုအယောင်မဟုတ်ပေ။

မြင့်မြတ်ဂိုဏ်းချုပ် နေရာမှာပဲ တစ်ခဏကြောင်အစွာရပ်နေခဲ့သည်။

အသက်ပြင်းပြင်း၂ ကြိမ်လောက်ရှူသွင်းပြီးနောက် အကြံတစ်ခုရသွားကာ တစ်ဖက်လှည့်ပြီး အော်ပြောလိုက်၏။

"လီရှီချန်း, ဒီကိုလာခဲ့...."

ဟမ်?...

အဝေးမှာထိုင်ပြီး မြင်ကွင်းကို စိတ်လှုပ်ရှားစွာကြည့်နေသည့် လီရှီချန်း...

ဂျန်ဖန်းဘယ်လိုအပြစ်ပေးခံရပြီး ဒူးထောက်ငိုယိုအသနားခံမှာကို မြင်ရဖို့စောင့်နေခဲ့သည်။

ဂိုဏ်းချုပ်အသံကိုကြားသည့်အခါ သူမတစ်ခဏကြောင်သွား၏။

ဤအသံ... အလွန်ကိုရင်းနှီးနေခဲ့သည်။

တွေဝေနေပြီး သတိထားလျှောက်သွားလိုက်ပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်..."

မြင့်မြတ်ဂိုဏ်းချုပ် သူမကို ပိတ်ကန်ပြီး မြေပြင်ပေါ်ဒူးထောက်ခိုင်းကာ ပြောလိုက်သည်။

"ငါ မင်းကို ဒီနေရာဘာလို့ခေါ်လာလဲ မင်းမသိဘူးလား..."

"မင်း ဂျန်ဖန်းကို ကြံစည်သွားပုတ်လေလွင့်ပြောခဲ့တာကို နောင်တမရတဲ့အပြင် ငါ့နာမည်နဲ့တောင်ခြိမ်းခြောက်ခဲ့တယ်...."

"အခုချက်ချင်း အရိုအသေပေးပြီး တောင်းပန်လိုက်...."

လီရှီချန်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။

နေပါအုန်း...

ဂျန်ဖန်းကိုအပြစ်ပေးတာကြည့်ဖို့ ဂိုဏ်းချုပ် ကျွန်မကို ဒီနေရာခေါ်လာတာမဟုတ်ဘူးလား...

ဒူးထောက်ပြီးတောင်ပန်းခိုင်းနေတာ ဘာကိုဆိုလိုတာလဲ...

"အဲ့မှာရပ်ပြီး ဘာလုပ်နေတာလဲ..."

မြင့်မြတ်ဂိုဏ်းချုပ် သူမခေါင်းကိုဖိပြီး ဦးသုံးကြိမ်ချခိုင်းလိုက်သည်။

ဤဖြစ်စဥ်အားလုံးက အရမ်းကိုရင်းနှီးနေခဲ့သည်။

အမြဲတမ်း သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်တွေနှင့် သူမအတွက် လက်စားချေပေးမယ်ပြောပြီး..

သူမဆီပဲ ဓားဦးပြန်လည့်နေခဲ့သည်။

သူမ နောက်ထပ် သည်းမခံနိုင်တော့ပေ။

မကျေနပ်ချက်မျက်ရည်တွေ ပါးပြင်မှာစီးကျလာပြီး စတင်ငိုတော့၏။

"ဝါး... ဝါး...."

မြင့်မြတ်ဂိုဏ်းချုပ် ဂျန်ဖန်းဘက်လှည့်ပြီး ပြောလိုက်သည်။

"ဂျန်ဖန်း မင်းလည်းမြင်တာပဲ...."

"သူမ ငိုနေပြီ။ တကယ်နောင်တရသွားတာဖြစ်ရမယ်...."

"ဒီတစ်ချိန်တော့ခွင့်လွတ်ပေးလိုက်ပါ။ သူမအပေါ် မကျေနပ်ချက်တွေမထားပါနဲ့...."

အာ....

ဂျန်ဖန်း သူ့နှာခေါင်းကိုပွတ်လိုက်ပြီး စိတ်ရှုပ်ထွေးသွား၏။

"ဒါ..ဒါက တကယ်မလိုအပ်ပါဘူး...."

"လက်ထောက်ခန်းမသခင်ယဲ့ သူမကို အပြစ်ပေးပြီးပါပြီ။ စီနီယာအကိုဟွာတောင် သူမကို ငါ့ဆီခေါ်လာပြီး တောင်းပန်ခိုင်းပြီးပါပြီ...."

"ခုလိုလုပ်ဖို့ တကယ်မလိုအပ်ပါဘူး..."

သူက လီရှီချန်းကိုတောင် အနည်းငယ်သနားသွား၏။

ကိစ္စကလည်းပြီးသွားပြီဖြစ်ပြီး သူလည်း စိတ်ထဲမထားပေ။

သို့ပေမယ့် မြင့်မြတ်ဂိုဏ်းကလူတွေက လီရှီချန်းကို တောင်းပန်ဖို့ အတင်းဖိအားပေးနေခဲ့သည်။

မြင့်မြတ်ဂိုဏ်းချုပ် လေးနက်သည့်မျက်နှာဖြင့် ပြောလိုက်သည်။

"ဒါက သူမကိုဥပမာလုပ်ပြီး အခြားလူတွေကို သတိပေးဖို့ပါ..."

"လီရှီချန်းလုပ်ရပ်က ငါတို့ဂိုဏ်းဂုဏ်သတင်းကို ညှိုးနွမ်းစေရုံသာမကဘူး မြင့်မြတ်ဂိုဏ်းရဲ့ကျင့်ဝတ်တွေကိုပါချိုးဖောက်ရာရောက်တယ်...."

"ဘယ်လိုတောင်းပန်မှုမျိုးမှ လုံလောက်မှာမဟုတ်ဘူး...."

ဂျန်ဖန်း လီရှီချန်းကို မတ်တပ်ရပ်ဖို့ကူညီပေးပြီး ပြောလိုက်သည်။

"ကောင်းပါပြီ, ကောင်းပါပြီ... ခင်ဗျား သူမကို နောက်ထပ်ခက်ခဲအောင်လုပ်ဖို့ မလိုပါဘူး..."

"ကျွန်တော် အစောကြီးကတည်းက ဒီကိစ္စကို ခွင့်လွတ်ပြီးသားပါ...."

"သူမကို အနားယူဖို့ ပြန်ခေါ်သွားလိုက်ပါ..."

"ဦးချရလို့ သူမနဖူး သွေးထွက်နေပြီ..."

ပြောပြီးနောက် ဒဏ်ရာလိမ်းဆေးထုတ်ပြီး သူမနဖူးမှာလိမ်းပေးလိုက်သည်။

လီရှီချန်း ပိုလို့တောင် ငိုလာ၏။

သူမက ဂျန်ဖန်းရင်ခွင်ထဲသို့ သူမကိုယ်သူမ ပစ်သွင်းလိုက်၏။

"ဝါး...ဝါး... ဂျူနီယာမောင်လေးဂျန်..."

ဂိုဏ်းချုပ်နှင့် စီနီယာအကိုက သူမကို ဤလောက်ထိဆိုးဝါးစွာဆက်ဆံခဲ့၏။

သို့ပေမယ့် ရန်သူကတောင် သူမအတွက် စိုးရိမ်ပေးခဲ့သည်။

မဟုတ်ဘူး, သူက ဆက်ပြီး ရန်သူတစ်ယောက်မဟုတ်တော့ပေ။

ဂျန်ဖန်းက သူမကိုအစစ်အမှန်ဂရုစိုက်သည့်သူဖြစ်၏။

အာ...

ဂျန်ဖန်း အနည်းငယ်ပျာယာခတ်သွား၏။

သူက သူမပခုံးကိုပုတ်ပြီး စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးလိုက်၏။

ထို့နောက် ပြောလိုက်သည်။

"မြင့်မြတ်ဂိုဏ်းချုပ်, အခြားကိစ္စရှိသေးလား..."

"ငါနဲ့ ငါ့မိတ်ဆွေက ခရီးဆက်ရအုန်းမှာ။ ကြန့်ကြာလို့မရဘူး..."

မြင့်မြတ်ဂိုဏ်းချုပ် သက်ပြင်းချလိုက်သည်။

သူက ရမ္မက်ဂိုဏ်းချုပ်ကို စကားအနည်းငယ်ပိုပြောချင်သော်လည်း သူမက ဤနှစ်တွေတစ်လျှောက် သူ့ကိုရှောင်နေခဲ့သည်။

သူမကိုတွေ့ရဖို့တောင် ခက်ခဲ၏။

ကံကောင်းစွာပဲ, ယနေ့လုပ်ဆောင်မှုဖြင့် သူပုံရိပ်ကို ရမ္မက်ဂိုဏ်းချုပ်ရှေ့မှာ ပြန်ထိန်းသိမ်းနိုင်ခဲ့သည်။

"သွားလေ, လမ်းခရီးအဆင်ပြေပါစေ...."

သူက ဂျန်ဖန်းနှင့် ယွဲ့မင်ကျူး ဖြူလေးကိုစီးပြီး ကျယ်ပြောသည့်နှင်းပြင်ထဲပျောက်ကွယ်သွားတာကို ကြည့်နေခဲ့သည်။

ထိုအချိန်မှသာ အသိပြန်ဝင်လာ၏။

တစ်ချိန်တည်းမှာပဲ ဟွာရှန်းချန်း ရေရွတ်တာကိုကြားလိုက်သည်။

"သေချာကြည့်တဲ့..."

"ဆရာလည်းကျွန်တော့်လိုပဲမဟုတ်ဘူးလား...."

ဖျစ်!

မြင့်မြတ်ဂိုဏ်းချုပ် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

ကောင်စုတ်လေးက ပြန်ပြောရဲသည်လား။

သို့ပေမယ့် သူမှာ ရင်ဆိုင်ဖို့မျက်နှာမရှိပဲ မကြာချင်ယောင်ဆောင်ကာ တိတ်တဆိတ်ပြန်သွားခဲ့သည်။

လီရှီချန်း မျက်ရည်တွေသုတ်ပြီး စကားတစ်ခွန်းမှမပြောပဲ နောက်ကလိုက်လာခဲ့သည်။

ဟွာရှန်ချန်း ချော့လိုက်၏။

"ဂျူနီယာညီမ, ဝမ်းမနည်းပါနဲ့...."

"ငါတို့ ဂျန်ဖန်းကိုဖြေရှင်းဖို့ နောက်တစ်နည်းရှာကြတာပေါ့..."

ထိုအရာကိုကြားသည့်အခါ...

လီရှီချန်း အလျှင်အမြန်အကွာအဝေးခြားလိုက်ပြီး ပြောလိုက်သည်။

"နင့်ဘာသာနင်သွား, ငါ့ကိုဆွဲမထည့်နဲ့..."

သူမ ကြောက်နေပြီဖြစ်သည်။

ဟွာရှန်ချန် ကို့ရို့ကားယားဖြင်ပြောလိုက်သည်။

"ဂျူနီယာညီမ, မင်း ငါနဲ့ ဆရာ့ကို အပြစ်တင်လိုမရဘူး..."

"ဒါတွေအားလုံး ဂျန်ဖန်းအမှား..."

သူပြောလို့မပြီးခင်မှာပဲ လီရှီချန်း ဖြတ်ပြောလိုက်သည်။

"ဂျူနီယာမောင်လေးဂျန် မကောင်းကြောင်းမပြောနဲ့...."

လီရှီချန်း သူ့ကို မကျေမနပ်စိုက်ကြည့်လိုက်၏။

ဟွာရှန်ချန် ကြောင်သွား၏။

နေပါအုန်း, ငါကမင်းဘက်က ပြောပေးနေတာလေ...

ဘယ်လိုလုပ် လူဆိုးဖြစ်သွားရတာလဲ...

"ဂျူနီယာညီမ, မင်းအခုလိုဖြစ်ရတာ ဂျန်ဖန်းကြောင့်ပဲ..."

ဟွာရှန်းချန် သူမကို အပြင်းအထန်သတိပေးလိုက်သည်။

လီရှီချန်း အသာအယာနှာမှုတ်လိုက်၏။

တစ်ခဏတွေဝေနေပြီးနောက်ပြောလိုက်သည်။

"တကယ်တော့... သေချာတွေးကြည့်ရင်, ဒါက ညီမအမှားပါ..."

"ညီမစောစောက တောင်းပန်ခဲ့သင့်တာ...."

"ညီမကြောင့်သာမဟုတ်ရင် ခုလိုတွေဖြစ်လာမှာမဟုတ်ဘူး...."

"ဒါ ဂျူနီယာမောင်လေးဂျန်ရဲ့ အမှားမဟုတ်ပါဘူး..."

"သူက လူကောင်းတစ်ယောက်ပါ။ တကယ်ကိုခင်ဖို့ကောင်းတဲ့လူတစ်ယောက်ပါ..."

အာ?...

ဟွာရှန်းချန် အံ့အားသင့်သွား၏။

ဒီတော့ ဂျန်ဖန်းက လူကောင်းဖြစ်သွားပြီပေါ့။

ဒါဆို ငါက လူဆိုးဖြစ်မသွားဘူးလား...

သူက တိုင်တန်းလိုက်၏။

"ဆရာ, ဂျူနီယာညီမပြောတာကြားလား...."

ရှေ့မှာလမ်းလျှောက်နေသည့် မြင့်မြတ်ဂိုဏ်းချုပ် ရပ်လိုက်ပြီး ခေါင်းလှည့်ကာ ပြောလိုက်သည်။

"ရှန်းချန်, အနာဂတ်မှာ မင်း ဂျန်ဖန်းနဲ့ မိတ်ဆွေဖြစ်အောင်ပေါင်းသင်းသင့်တယ်..."

ရမ္မက်ဂိုဏ်းချုပ် တာဝန်မှာ လူကိုယ်တိုင်ပါဝင်ပေးသည့်တပည့်တစ်ယောက်က သေချာပေါက် သူမတန်ဖိုးထားရသည့်လူဖြစ်ရမည်ပင်။

ရမ္မက်ဂိုဏ်းချုပ်၏ သဘာကျမှုကိုရဖို့...

သူက ဤလူငယ်နှင့်စတင်ရမည်ဖြစ်သည်။

ဟွာရှန်ချန် နောက်တစ်ကြိမ်ကြောင်သွား၏။

သူက ညတွင်းချင်း လောကကြီးအကြီးအကျယ်ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရ၏။

လီရှီချန်း အနည်းငယ်သံသယရှိသွား၏။

နောက်ဆုံးအကြိမ် ဟွာရှန်ချန်သဘောထား ရုတ်တရက်ပြောင်းလဲသွားတာက ဂျန်ဖန်းဘယ်လောက်သန်မာလဲဆိုတာ သိသွားပြီး သူမကို ဥပမာလုပ်ဖို့ ဆုံးဖြတ်လိုက်လို့ဖြစ်သည်။

ဤတစ်ချိန် ဂိုဏ်းချုပ်သဘောတရားကကော ဘာကြောင့်ပြောင်းလဲသွားရသနည်း။

သူမက နွားပေါ်ရှိအမျိုးသမီးကို တွေးမိသွားပြီ ရေရွတ်လိုက်သည်။

"ဖြစ်နိုင်တာ ဂိုဏ်းချုပ် ဂျန်ဖန်းအမျိုးသမီးကို မျက်စိကျသွားတာလား...."

အမျိုးသမီးတစ်ယောက်၏အလိုလိုသိစိတ်အရ ဂျန်ဖန်းနှင့် ထိုအမျိုးသမီးက သာမန်မိတ်ဆွေတွေမဟုတ်ဘူးဆိုတာ ခံစားမိ၏။

မြင့်မြတ်ဂိုဏ်းချုပ်နားတွေ တွန့်သွားပြီး နှလုံးသား ခုန်ပေါက်သွား၏။

သို့ပေမယ့် သူတို့၏ဝါစဥ်တွေကိုပြန်တွေးမိသည့်အခါ သူက ရယ်လိုက်၏။

"မင်းဘာတွေတွေးနေတာလဲ..."

"အဲ့ဒီအမျိုးသမီးက ရမ္မက်ဂိုဏ်းချုပ် ယွဲ့မင်ကျူးပဲ..."

"သူမက တပည့်လေးတစ်ယောက်နဲ့ ပတ်သက်နေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

All Chapters