ထိတ်လန့်ဖွယ်နတ်ဆိုးမျိုးနွယ်စစ်ဗိုလ်ချုပ်
Vol. 32 Ch. 413
ကျယ်ပြောသည့်နှင်းပြင်ထဲ၌
ဖြူလေး နှင်းတွေကိုကန်ယှက်ရင်း ပျော်ရွင်စွာ ပြေးလွားနေခဲ့သည်။
ယွဲ့မင်ကျူး၏ခန္ဓာကိုယ်လေး ယိမ်းယိုင်နေပြီး လေထဲမှာ လှပသည့်လှိုင်းတွေချန်ထားခဲ့၏။
ဂျန်ဖန်းပခုံးပေါ်ရှိ လီရှီချန်းမျက်ရည်စတွေကိုမြင်သည့်အခါ သူမမနေနိုင်ပဲ ပြောလိုက်သည်။
"ငါ ထင်တောင်ထင်မထားဘူး, နင်က လူကြီးလူကောင်းပုံစံနဲ့ မိန်းခလေးတွေကို ချော့တဲ့နေရာမှာ တကယ်တော်တာပဲ..."
"စကားလုံးအနည်းငယ်နဲ့ ရန်လိုနေတဲ့မိန်ကလေးတစ်ယောက်ကို ရင်ခွင်ထဲပစ်ဝင်လာစေတယ်..."
"ငါတို့ဂိုဏ်းတပည့်ကြီး ရှန်းလျိုရှူး မိန်းခလေးတွေနဲ့ပတ်သက်ရင် သူ့ကိုယ်သူဂုဏ်ယူနေတာ။ တကယ်တော့ နင့်လောက်တောင် မကျွမ်းကျင်ဘူးပဲ..."
လမ်း၌ ဂျန်ဖန်း သူနှင့်မြင့်မြတ်ဂိုဏ်းကြားအငြင်းပွားမှုကို ရှင်းပြခဲ့သည်။
ထိုအခါမှသာ ယွဲ့မင်ကျူး မြင့်မြတ်ဂိုဏ်းချုပ် ဂျန်ဖန်းကိုတားရခြင်း၏ အစစ်အမှန်ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။
သို့ပေမယ့် သူမစိုးရိမ်တာ မြင့်မြတ်ဂိုဏ်းချုပ်၏ သဘောထားသေးသိမ်မှုမဟုတ်ပေ။
ထိုအစား အစောပိုင်းဖြစ်ခဲ့သည့်မြင်ကွင်းကြောင့် အနည်းငယ် စိတ်ကောက်နေတာဖြစ်သည်။
ဂျန်ဖန်း ရှက်ကိုရှက်ကန်းပြုံးလိုက်၏။
"သူမဘာဖြစ်သွားလဲ ငါလည်း မသိဘူး..."
"ဒါပေမယ့် ရန်သူတစ်ယောက်တိုးတာထက် မိတ်ဆွေတစ်ယောက်တိုးတာ ပိုကောင်းတယ်မလား...."
ဒီအတိုင်းကျော်သွားချင်တာလား?...
ယွဲ့မင်ကျူး ဤကိစ္စနှင့်ပတ်သက်ပြီး အလွန်စိတ်ဝင်စားနေပြီး မရမကမေးမြန်နေခဲ့သည်။
"နင် အမှန်တိုင်းပြောစမ်းပါ...."
"ဒီနှစ်တွေအတွင်း မိန်းခလေးဘယ်လောက်များများ နင့်လှည့်ကွက်ထဲကျပြီးသွားပြီလဲ...."
ဂျန်ဖန်း ရယ်လည်းရယ်ချင် ဒေါသလည်းထွက်သွား၏။
"ငါ့စိတ်က အမြဲကျင့်ကြံရေးလမ်းပေါ်မှာပဲ။ လောကီရေးရာတွေနဲ့ ဘယ်တော့မှ အာရုံမပြန့်ဘူး...."
"မိန်းခလေးတွေကိုလှည့်စားဖို့ တကယ် အစွမ်းအစမရှိပါဘူး..."
ယွဲ့မင်ကျူး ဂရုတစိုက်တွေးလိုက်ပြီး သဘောတူလိုက်၏။
ဂျန်ဖန်းသာ မိန်းမလိုက်စားသူတစ်ယောက်ဆိုလျှင် သူမ ချောက်ကမ်းပါးထဲကျပြီး ဒဏ်ရာအပြင်းအထန်ရသတိလစ်နေချိန်....
သူ ဘယ်လိုလုပ် ဘာမှမလုပ်ပဲနေမည်နည်း။
ထိုအရာကိုတွေးပြီး အနည်းငယ်သက်သာယာရသွားခဲ့သည်။
ဂျန်ဖန်းအကျင့်စရိုက်ကို သံသယဝင်မိသည့်အတွက် သူမကိုယ်သူမ တိတ်တဆိတ် အပြစ်တင်လိုက်သည်။
"ဦးလေး, ဦးလေး..."
ငှက်တစ်ကောင်၏ချိုသာသည့်အသံကဲ့သို့ အသံတစ်ခု အလျှင်အမြန်ရောက်လာခဲ့သည်။
ထိုအရာက လှပပြီးဒေါင့်ကောင်းသည့်စိတ်ဝိညာဥ်မြင်းတစ်ကောင်ဖြစ်ပြီး အလျှင်အမြန်ပြေးလိုက်လာခဲ့သည်။
အပေါ်၌ အလွန်နူးညံ့လှပသည့်အမျိုးသမီးတစ်ယောက် ထိုင်နေခဲ့သည်။
သူမအလှက အချိန်ကိုတောင် ရပ်တန့်သွားစေသလိုပင်။
သူမက ပျော်ရွင်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ဦးလေးက အရင်ထွက်သွားတာမဟုတ်ဘူးလား..."
"ဘာလို့ ခုထိ ဒီမှာပဲရှိနေသေးတာလဲ...."
လိုက်မှီလာသည့်တစ်ယောက်က ရှချောင်ကောမှလွဲပြီး အခြားသူမဟုတ်ပေ။
ဂျန်ဖန်း အဝေးကြီးမရောက်သေးတာမြင်တော့ သူမ ပျော်ရွင်စွာပဲ နောက်မှလိုက်လာခဲ့သည်။
ဂျန်ဖန်း အကူအညီမဲ့စွာပြောလိုက်သည်။
"ကိစ္စတစ်ခုဖြစ်သွားလို့ နည်းနည်းကြန့်ကြာသွားတာ..."
ရှချောင်ကော ပျော်ရွင်စွာပြောလိုက်သည်။
"ဒါကောင်းတာပဲမလား, ကျွန်မတို့အတူတူသွား...."
သူမပြောလို့မပြီးသေးခင်မှာပဲ တိတ်ဆိတ်သွား၏။
အဘယ်ကြောင့်ဆိုသော် ဂျန်ဖန်းနောက်၌ ၁၈ နှစ်အရွယ် လှပသည့်မိန်းခလေးတစ်ယောက် ထိုင်နေတာကို သတိထားမိလိုက်သောကြောင့်ပင်။
မိန်းခလေးက သူမကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ရှချောင်ကော ပါးနပ်သည့်လူဖြစ်တာကြောင့် လျှာထုတ်ပြီး ပြောလိုက်သည်။
"တောင်းပန်ပါတယ်ဦးလေး, နင့်မှာ အမျိုးသမီးအဖော်ရှိတာ မသိလိုက်ဘူး..."
"ဒါဆို ငါသွားနှင့်ပြီ, နောက်မှတွေ့မယ်..."
ပြောပြီးနောက် အဖြူရောင်မြင်းကိုစီးပြီး အလျှင်အမြန်ပဲ ထွက်ခွာသွားခဲ့သည်။
သူမက အနည်းငယ်နှုတ်ခမ်းစူလိုက်၏။
"မအံ့သြတော့ပါဘူး...."
"ငါ အဖော်လိုက်ခဲ့မယ်ဆိုတော့ နင်က ငြင်းတယ်...."
"လက်စသတ်တော့ နင်နဲ့အတူအလှလေးတစ်ယောက်ရှိနေတာကိုး...."
စိတ်ထဲနည်းနည်းဝမ်းနည်းသွားပေမယ့် မြင်းကိုအမြန်နှင်ပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ယွဲ့မင်ကျူး ငွေရောင်သွားလေးတွေကို အံကြိတ်ပြီး ပြုံးလိုက်သည်။
"ဦးလေး.. ဦးလေး.. အတူတူသွားရအောင်..."
ရှချောင်ကောအသံကိုတုပပြီး သူမက လှောင်ပြောင်လိုက်၏။
"နင်က တကယ်ကို မိန်းမလှလေးတွေနဲ့ပတ်သက်ရင် နာမည်ကြီးတာပဲ..."
"နင့်ရဲ့ဂျူနီယာတူမတွေတောင် နင့်ကို ဒီလောက်ထိ ချစ်နေကြတယ်...."
"ဂျူနီယာတူမတစ်ယောက်က သူ့ဦးလေးနဲ့ဒီလောက်ရင်းနှီးနေတာ ငါတစ်ခါမှမမြင်ဘူးဖူး...."
ဂျန်ဖန်း ခေါင်းကိုက်သွား၏။
ရှင်းပြရမှာပြင်းလွန်း၍ သူက ခရီးကိုပဲအာရုံစိုက်လိုက်သည်။
သူတို့ မြောက်ပိုင်းနယ်မြေအနက်ပိုင်းကိုရောက်လေလေ....
ပတ်ဝန်းကျင်က ပိုပြီးတိတ်ဆိတ်လာလေလေဖြစ်သည်။
အဝေးကိုကြည့်လိုက်လျှင် နှင်းပြင်ကလွဲပြီး ဘာကိုမှမမြင်ရပေ။
နတ်ဆိုးသားရဲတွေ ဘာတွေစားလို့ ထိုမျှလောက်ကြီးလဲဆိုတာ သိချင်စရာပင်။
ရက်အနည်းငယ်အကြာ ခရီးပြင်းနှင်ပြီးနောက်....
သူတို့က နောက်ဆုံးမှာ ဒဏ္ဍာရီလာ တိုင်ဟူရေကန်ကို ရောက်လာခဲသည်။
ဂျန်ဖန်း၏ပင်ပန်းနေသည့်မြင်ကွင်းထဲ၌ သူ့မျက်လုံးတွေတောက်ပသွားစေမည့် မြင်ကွင်းတစ်ခုပေါ်လာခဲ့သည်။
အဆုံးမရှိကျယ်ပြောသည့် ကြီးမားသည့်ရေကန်ကြီးတစ်ခုပင်။
တကယ်ပင်....
ပတ်ဝန်းကျင်ကအေးခဲနေပေမယ့် သူတို့ရှေ့ရှိရေကန်ကတော့ လုံးဝကို အေးခဲမနေပေ။
ကန်ရေမျက်နှာပြင်ကတောက်ပနေပြီး ရောင်စုံဘဲတစ်ချို့ ရေထဲငုံ့လိုက်ပေါ်လိုက်နှင့် ငါးလိုက်ဖမ်းနေကြတာ လှိုင်းတွန့်လေးတွေဖြစ်ပေါ်နေခဲ့သည်။
မြောက်ပိုင်းနယ်မြေ၌ ရက်များစွာနေပြီးနောက်....
ဤအရာက သူတို့ သက်ရှိအငွေ့အသက်ကို ခံစားရတာ ပထမဆုံးအကြိမ်ဖြစ်သည်။
"မြောက်ပိုင်းနယ်မြေမှာ ဒီလိုနေရာမျိုး ရှိတယ်လား...."
ယွဲ့မင်ကျူးတောင် မနေနိုင်ပဲ လတ်ဆတ်သည့်လေကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ရာ သူမစိတ်အနည်းငယ် သက်တောင့်သက်သာဖြစ်သွားခဲ့သည်။
သို့ပေမယ့် ဂျန်ဖန်း ပြောလိုက်သည်။
"သတိထား, ဒါက အန္တရာယ်အရှိဆုံးအချိန်ပဲ...."
လျိုချင်းရှန်နှင့် သူမအဖွဲ့ တိုင်ဟူရေကန်ကို ကင်းလှည့်နေရင်း ပျောက်သွားတာဖြစ်သည်။
ရှင်းလင်းစွာပဲ အန္တရာယ်က အနီးနားမှာပင်။
"ပျင်းစရာကြီး..."
ယွဲ့မင်ကျူး သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။
သူမလိုဂိုဏ်းချုပ်တစ်ယောက်ရှိနေတာ ဘာအန္တရာယ်ဖြစ်နိုင်မည်နည်း။
သို့ပေမယ့် သူမ ဂျန်ဖန်းနှင့်ပူးပေါင်းဆောင်ရွက်ပြီး နိုးကြားတက်ကြွချင်ယောင်ဆောင်လိုက်သည်။
သူတို့မသိတာက....
သူတို့ တိုင်ဟူရေကန်ကိုရောက်သည်နှင့်...
ရေကန်ထဲရှိ အပူတွေထုတ်လွတ်နေသည့်ရှေးဟောင်းနန်းတော်တစ်ခုအတွင်း...
ကြီးမားသည့်နတ်ဆိုးသားရဲကြီးနှစ်ကောင် တိတ်တဆိတ် သူတို့ရေ့ရှိ ကြီးမားသည့်သလင်းမျက်နှာပြင်ကို ကြည့်နေခဲ့သည်။
မျက်နှာပြင်၌ ပုံရိပ်တွေ ပေါ်နေခဲ့သည်။
ထိုအရာတွေက ဘဲတွေမှတဆင့်မြင်နေရတာဖြစ်သည်။
ပုံရိပ်တွေထဲ၌...
ဂျန်ဖန်းနှင့် ယွဲ့မင်ကျူးတို့ပုံရိပ်တွေ ရှင်းလင်းပြတ်သားစွာပေါ်နေခဲ့သည်။
"သွေးနဂါး, နင်လုပ်လိုက်တာကိုကြည့်စမ်း။ ငါပြောပါတယ်, အဲ့ကင်းစောင့်တဲ့တပည့်တွေကို မတိုက်ခိုက်ပါနဲ့လို့။ ဒါပေမယ့် နင်မှနားမထောင်တာ..."
"ခုကြည့်စမ်း, နင့်ကြောင့် ရမ္မက်ဂိုဏ်းချုပ် ဒီကိုရောက်လာပြီ..."
ယွဲ့မင်ကျူးမျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့်အခါ....
လှပသည့်ရေသူမသားရဲက လေးနက်သည့်အသံဖြင့် အပြစ်တင်လိုက်သည်။
သူမက အပေါ်ပိုင်းက လူသားခန္ဓာဖြစ်ပြီး အောက်ပိုင်းငါးအမြီးနှင့်ဖြစ်ကာ အလွန်အမင်းအားကောင်းသည့်အော်ရာတွေကို ထုတ်လွတ်နေခဲ့သည်။
သူမနှင့်ဆန့်ကျင်ဘက်၌ ကြမ်းကြုတ်သည့် ကြေးခွံနီတွေနှင့် ရေနတ်ဆိုးနဂါးတစ်ကောင် ထိုင်နေခဲ့သည်။
ကြေးခွံနီရေနတ်ဆိုးနဂါးတွေနှင့် ဆင်တူပေမယ့်....
သူဆီမှထုတ်လွတ်နေသည့်အော်ရာက အများကြီးပိုကြမ်းကြုတ်၏။
"ဂိုဏ်း ၉ ဂိုဏ်း ဂိုဏ်းချုပ်တစ်ယောက်လေးပါ, နင်က ဘာဖြစ်နေတာလဲ။ မဟာစစ်ဗိုလ်ချုပ် ၁၀ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မင်းလို ပင်လယ်ညို့ဓာတ်က သူမကို ကြောက်နေတာလား..."
ဤနတ်ဆိုးသားရဲနှစ်ကောင်၏နောက်ခံက သာမန်မဟုတ်တာ သိသာ၏။
သူတို့၏ခွန်အားက ဂိုဏ်း ၉ ဂိုဏ်းမြင့်မြတ်အကြီးအကဲတွေနှင့် တန်းတူဖြစ်၏။
ပင်လယ်ညို့ဓာတ်၏မျက်နှာ မဲမှောင်သွား၏။
"ငါ ကြောက်တာမဟုတ်ဘူး...."
"ငါတို့စောင့်ရှောက်နေတဲ့ ကောင်ကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲကို သူမသတိထားမိသွားမှာစိုးတာ..."
နတ်ဆိုးသားရဲနှစ်ကောင်ကြား၌ ဧရာမရှေးဟောင်းခုံးကောင်ကြီးရှိနေခဲ့သည်။
၎င်းမှ ပူပြင်းသည့်အငွေ့အသက်တွေထုတ်လွတ်နေပြီး တိုင်ဟူရေကန်တစ်ခုလုံး ပျံ့နှံ့နေခဲ့သည်။
တိုင်ဟူရေကန် အေးခဲမသွားတာလည်း ဤအရာကြောင့်ဖြစ်ပြီး အထဲ၌ လောကကြီးတုန်လှုပ်သွားစေမည့် ပုလဲတစ်ခု ဖြစ်တည်နေခဲ့သည်။
သွေးနဂါး နာမှုတ်လိုက်၏။
"သိသွားတော့ကောဘာဖြစ်လဲ? သူ့ကိုသတ်လိုက်ရုံပဲမဟုတ်ဘူးလား..."
"မင်းနဲ့ငါပေါင်းရင် အမြုတေဖွဲ့စည်းခြင်းအဆင့် ၈ ဂိုဏ်းချုပ်တစ်ယောက် မလွတ်မြောက်နိုင်ပါဘူး...."
သူတစ်ယောက်တည်းဆိုလျှင်...
အစွမ်းထက်လူသားတစ်ယောက်နှင့်ရင်ဆိုင်ရတာ စိုးရိမ်ကောင်းစိုးရိမ်ရနိုင်၏။
သို့ပေမယ့် စစ်ဗိုလ်ချုပ်နှစ်ယောက်နှင့်ဆို ရမ္မက်ဂိုဏ်းချုပ်၌ မရေမတွက်နိုင်သည့်လှည့်ကွက်တွေရှိလျှင်တောင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ပင်လည်ညို့ဓာတ် အေးစက်စွာပြောလိုက်သည်။
"နောက်တော့ကော..."
"ပါရမီရှင်တပည့်များစွာပျောက်သွားတာက ဂိုဏ်းချုပ်တစ်ယောက်ကို ကိုယ်တိုင်လာစုံစမ်းစေတယ်...."
"ဂိုဏ်းချုပ်တစ်ယောက်သာသေသွားရင် နောက်ရောက်လာမယ့်လူက ဘယ်သူဖြစ်မယ် နင်ထင်လဲ..."
သွေးနဂါးအပြုံးတွေ ခဏအေးခဲသွား၏။
သို့ပေမယ့် မကြာခင်သက်သာယာရသွားပြီး လှောင်ပြောင်လိုက်သည်။
"သူမပျောက်သွားတာကို စုံစမ်းမိဖို့ဆို အနည်းဆုံး ၁၀ ရက်လောက်ကြာမှာ...."
"ပုလဲက အများဆုံးသုံးရက်ဆို ထွက်ပေါ်လာလိမ့်မယ်။ ဘာစိုးရိမ်စရာရှိလို့လဲ...."
ပင်လယ်ညို့ဓာတ်မျက်နှာ ထူးမခြားနားပင်။
"နင်ကိစ္စတွေကို ရှုပ်ထွေးအောင်မလုပ်ဖို့ ငါအကြံပေးတယ်...."
"မမေ့နဲ့, ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက သန္ဓေသားအဆောင်တစ်ခု ထုတ်ပေးထားတယ်ဆိုတာ...."
"အခု အဲ့တာက ဘယ်သူ့ဆီမှာလဲဆိုတာ ငါတို့သိတာမဟုတ်ဘူး...."
"ဒီရမ္မက်ဂိုဏ်းချုပ်မှာသာ အဲ့တာရှိနေရင် နင်နဲ့ငါပေါင်းရင်တောင် သေဘေးကမလွတ်မြောက်နိုင်ဘူး...."
ထိုအဆောင်စာရွက်က ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ရတနာတစ်ခုဖြစ်၏။
ထိုအရာက နတ်ဆိုးဘုရင် ၄ ယောက်နှင့် စစ်ဗိုလ်ချုပ် ၁၀ ယောက်ကို ဟန့်တားဖို့ လေလံအိမ်တွေဆီ တမင်ပို့ခဲ့တာဖြစ်သည်။
၎င်းတို့လူသားနယ်မြေမှာ အလွယ်တကူပေါ်မလာနိုင်အောင်ပင်။
"ဒါက...."
သွေးနဂါး ဤတစ်ချိန် အမှန်တကယ်ကြောက်သွား၏။
သူ့မျက်လုံးတွေက အချိန်အတော်ကြာ ဝေခွဲမရဖြစ်နေခဲ့သည်။
အဆုံးမှာတော့ သူ၏ရက်စက်သည့်သဘာဝကို မဖိနိုင်နိုင်ပဲ အပြင်းအထန်နှာမှုတ်လိုက်၏။
"အဲ့အဆောင်ကိုင်ထားတဲ့လူနဲ့တိုးရအောင် ငါတို့ အဲ့လောက်ကံမဆိုးလောက်ပါဘူး...."
"ဒါ့ပြင်, ငါသိထားတာအရ အဲ့အဆောင်ရသွားတာ ဧရာမဂိုဏ်းက မဟာအကြီးအကဲတဲ့..."
"သူက တိမ်စိမ်းဂိုဏ်းနဲ့ မြင့်မြတ်ဂိုဏ်းနယ်စပ်မှာသေသွားတာ..."
"အများဆုံးမှ အဆောင်က မြင့်မြတ်ဂိုဏ်းလက်ထဲမှာ အဆုံးသတ်သွားလောက်တယ်..."
(ရှေ့မှာတုန်းက ဧရာမဂိုဏ်းနဲ့တိမ်စိမ်းဂိုဏ်းနယ်စပ်တဲ့။ မူရင်းမှာမှားနေတာနဲ့တူတယ်။)
"မြင့်မြတ်ဂိုဏ်းချုပ်သာလာရင် ငါသတိထားမှာပါ...."
"ဒါပေမယ့် ရမ္မက်ဂိုဏ်းချုပ်ကတော့.... စိတ်မကောင်းပါဘူး, ငါ ဂိုဏ်းချုပ်တစ်ယောက်ကိုပထမဆုံးသတ်တဲ့ ဂုဏ်သတင်းကို မဆုံးရှုံးချင်ဘူး...."
ပြောပြီးနောက် ၎င်း၏ဧရာမအမြီးကြီးကို လှုပ်ယမ်းလိုက်ရာ ကန်ရေပြင်တစ်ခုလုံး တုန်ခါသွား၏။
ထို့နောက် ရှည်လျားသည့်သွေးရောင်အရိပ်တစ်ခုအဖြစ်ပြောင်းကာ ကန်ရေမျက်နှာပြင်ပေါ်သို့ ဦးတည်လိုက်၏။
ပင်လယ်ညို့ဓာတ် ဒေါသထွက်သွား၏။
"နင်က အရေးကြီးတဲ့အရာကို မခွဲခြားတတ်ဘူးပဲ...."
ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲအား လုံလုံခြုံခြုံပြန်ယူသွားတာနှင့်ယှဥ်လျှင် ဂိုဏ်းချုပ်တစ်ယောက်ကို သတ်တာက ဘာမှမဟုတ်ပေ။
သွေးနဂါးက တကယ်ပဲ သွေးရှာလွန်း၏။
၎င်းက လှုပ်ရှားပြီးနေပြီဖြစ်သည်။
ရမ္မက်ဂိုဏ်းချုပ်လွတ်မြောက်မသွားအောင် ပင်လယ်ညို့ဓာတ် ပူပေါင်းဆောင်ရွက်ဖို့သာ တတ်နိုင်တော့၏။